← Chapters

အခန်း (၈၇-၈၈)

Vol. 5 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 5 Ch. 87-88

​အခန်း (၈၇) - မေပယ်မြို့၏ ပန်းပွဲတော်

​အရိပ်ဝံပုလွေကို ဆေးပြားအချို့ ထပ်မံတိုက်ကျွေးပြီးနောက် လင်းကျင်းသည် သူ့ကို တစ်ယောက်တည်း ထားခဲ့လိုက်သည် ။ ယခုအချိန်တွင် သူ လိုအပ်သည်မှာ အနားယူရန်နှင့် အားအင်များ ပြန်လည်စုဆောင်းရန် ငြိမ်သက်သော ပတ်ဝန်းကျင်တစ်ခုသာ ဖြစ်သည် ။

​ဤကုသမှုကို အောင်မြင်စွာ လုပ်ဆောင်ပြီးနောက် လင်းကျင်းသည် သွေးကြောရှာဖွေခြင်း အတတ်ပညာအပေါ် နားလည်မှု ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိသွားသည် ။

​သို့သော်လည်း ပြတိုက်တွင် သားရဲအကဲဖြတ်ခြင်း နည်းလမ်းများစွာ ရှိနေသော်လည်း ၊ အပ်စိုက်နည်းပညာတစ်ခုကိုပင် ဆုလာဘ်အဖြစ် ချီးမြှင့်ခဲ့သော်လည်း ၊ ထိုဗဟုသုတများ မည်မျှပင် အံ့ဩစရာကောင်းနေပါစေ သင်ယူသူအနေဖြင့် ၎င်းတို့ကို ဆက်လက် အသုံးချနေရန် လိုအပ်သည် ။

​လက်တွေ့လေ့ကျင့်ပြီး ပွတ်သပ်မှသာလျှင် ထိုအရည်အချင်းများကို အမှန်တကယ် ချေဖျက်ပြီး ကျွမ်းကျင်နိုင်မည် ဖြစ်သည် ။

​ဤသည်မှာ ငြင်းချက်ထုတ်၍မရသော အမှန်တရားပင် ဖြစ်သည် ။

​နောက်ထပ်အနေဖြင့် လင်းကျင်းသည် အသင်းချုပ်သို့ သွားရောက်ကာ ပတ်ဝန်းကျင်ကို ကြည့်ရှုရန် စီစဉ်လိုက်သည် ။

​အခြားအကြောင်းကြောင့် မဟုတ်ဘဲ ထိုနေရာမှ လူများက သူ့အကြောင်းကို အတင်းအဖျင်း ပြောနေကြဆဲလားဆိုသည်ကို သိချင်ရုံသာ ဖြစ်သည် ။

​သူတို့ သေချာပေါက် ပြောနေကြပေလိမ့်မည်။ သို့သော် ၎င်းမှာ ဆိုးဝါးသော အတင်းအဖျင်းမျိုး မဟုတ်တော့ပေ ။ သူ့အပေါ် အထင်ကြီး လေးစားမှုများသာ ဖြစ်ပေလိမ့်မည် ။

​လင်းကျင်းသည် မိမိကိုယ်ကိုယ် ဂုဏ်ယူနိုင်မည့် ဤအခွင့်အရေးကို လက်လွတ်မခံချင်ပေ ။ ယခင်ကတော့ သူ ရရှိခဲ့သမျှမှာ ကဲ့ရဲ့ရှုံ့ချမှုများသာ ဖြစ်သည် ။ ယခုအခါ အခက်အခဲများစွာကြားမှ သူ တောက်ပလာနိုင်ပြီ ဖြစ်ရာ ဘာလို့ မသွားဘဲ နေရမှာလဲ ။ သူ အသင်းချုပ်သို့ ပြန်သွားရမည် ဖြစ်သည် ။ ထိုနေရာတွင် လမ်းလျှောက်နေရုံနှင့်ပင် တန်ဖိုးရှိလှသည် ။

​သို့သော် သူ အိမ်မှ မထွက်ခွာမီမှာပင် ဇူချန်းက သူ့ကို တားဆီးလိုက်သည် ။

​“အစ်ကိုလင်း... ဒီနေ့ ခင်ဗျား တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ”

ထင်ရှားသော မိသားစုတစ်ခုမှ သခင်လေး ဖြစ်သော်လည်း ဇူချန်းသည် မာန်မာန မထောင်လွှားပေ ။ ထို့ပြင် သူသည် လင်းကျင်းနှင့် အထူးပင် ရင်းနှီးသဖြင့် သူတို့နှစ်ဦးမှာ ယခုအခါ နီးကပ်သော သူငယ်ချင်းများ ဖြစ်နေကြပြီ ဖြစ်သည် ။ သို့မဟုတ်ပါက ဇူချန်းသည် သူ၏ ဖခင်ဖြစ်သူကို ယနေ့နံနက်က လင်းကျင်းအား အားပေးရန် အတင်းအဓမ္မ ခေါ်လာခဲ့မည် မဟုတ်ပေ ။

​ပို၍ အရေးကြီးသည်မှာ သူ၏ ဖခင်ဖြစ်သူသည် အစပိုင်းတွင် ဤကိစ္စကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့သော်လည်း အခု အိမ်အပြန်လမ်းတွင်မူ ဇူချန်းအား လင်းကျင်းနှင့် ဆက်ဆံရေးကောင်းကို ထိန်းသိမ်းထားရန် လေးနက်စွာ အကြံပေးခဲ့သည် ။

​ဇူထျန်းဟုန်းပင်လျှင် လင်းကျင်း၏ အလားအလာမှာ မည်မျှအထိ ကြီးမားပြီး အကန့်အသတ်မဲ့သလဲဆိုသည်ကို သတိပြုမိသွားခဲ့သည် ။ ဤကဲ့သို့သော အလားအလာရှိသူနှင့် ရင်းနှီးအောင် မကြိုးစားသူမှာ ဦးနှောက်မကောင်းသူသာ ဖြစ်ပေလိမ့်မည် ။

​“အစ်ကိုဇူ... ရောက်လာပြီလား... လာလာ... ကျုပ်နဲ့အတူ အသင်းချုပ်ကို လိုက်ခဲ့ပါဦး”

လင်းကျင်းက သူ့ကို တက်ကြွစွာ ကြိုဆိုလိုက်သည် ။ ဇူချန်းသည် သူ့ကို အားပေးရန် လူများ ခေါ်လာပေးခဲ့သဖြင့် လင်းကျင်းက သူ့ကို သူငယ်ချင်းအဖြစ် ဆက်ဆံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည် ။

​“မလိုက်တော့ဘူး”

ဇူချန်းက ချက်ချင်းပင် လက်ကာပြလိုက်၏ ။

“ကျုပ် အရေးကြီးတဲ့ ကိစ္စတစ်ခုအတွက် လာတာ အစ်ကိုလင်း...လာပါ... ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါဦး”

​ထိုသို့ ပြောပြီးနောက် သူသည် လင်းကျင်းကို သားရဲအကဲဖြတ်မှူး အသင်းချုပ်သို့ မဟုတ်သော အခြားလမ်းတစ်ခုဆီသို့ အတင်းအဓမ္မ ဆွဲခေါ်သွားတော့သည် ။

​လမ်းခရီးတွင် ဇူချန်းထံမှ သူတို့သည် ‘မေပယ်ပန်းပွဲတော်’ ဟု ခေါ်သော ပွဲတစ်ခုသို့ သွားနေခြင်း ဖြစ်ကြောင်း လင်းကျင်း သိလိုက်ရသည် ။

​“ကျုပ် စိတ်မဝင်စားဘူး”

လင်းကျင်းက မသွားချင်ကြောင်း အတင်းငြင်းဆိုလိုက်သည် ။ အသင်းချုပ်သို့ ပြန်သွားပြီး ဂုဏ်ယူပြနေရတာက ပိုကောင်းသည် မဟုတ်ပါလား ။

​ဇူချန်းက သူ့ကို အမြန်ပင် ပြန်ဆွဲလိုက်၏ ။

“အစ်ကိုလင်း... ဒီမေပယ်ပန်းပွဲတော်ဆိုတာ ဘယ်သူမဆို တက်ရောက်နိုင်တာ မဟုတ်ဘူးနော် ၊ အဲဒီပွဲကို တက်ရောက်ချင်ပေမဲ့ အခွင့်အရေး မရတဲ့လူတွေ အများကြီးပဲ... အဲဒီပွဲကို တက်ရောက်နိုင်တဲ့သူတွေက မေပယ်မြို့ရဲ့ အထက်တန်းလွှာတွေနဲ့ ဂုဏ်သရေရှိ လူကြီးမင်းတွေပဲ ဖြစ်ကြတာ”

​“နောက်ပြီး ကျုပ်တိုအက ပန်းကြည့်ဖို့ သွားတာ မဟုတ်ပါဘူး ၊ ကျုပ်တည်း အဲဒါကို စိတ်မဝင်စားဘူး... အဓိက စိတ်ဝင်စားစရာက အဲဒီပွဲမှာ သားရဲလေလံပွဲတစ်ခု ရှိနေတာပဲ... ကျုပ်မိသားစုအကြောင်း ခင်ဗျား သိပါတယ်... ကျုပ်တို့ အိမ်မှာ လူတွေ အများကြီး ရှိတော့ သားရဲတွေ အများကြီး လိုအပ်တယ်လေ... အလားအလာရှိတဲ့ သားရဲတချို့ကို ဝယ်ယူဖို့ ကျုပ်တို့ ကြိုးစားနေတာ ၊ အဲဒါကြောင့် သားရဲတွေကို အကဲဖြတ်တဲ့ နေရာမှာ အစ်ကိုလင်းထက် ပိုကောင်းတဲ့လူ မရှိဘူးလို့ ကျုပ်တွေးမိတာနဲ့ ခင်ဗျားကို အရှက်မရှိ တောင်းပန်နေရတာပါ... ကျုပ်တို့က သူငယ်ချင်းတွေပဲလေ... ခင်ဗျား ကျုပ်ရဲ့ တောင်းဆိုမှုကို ငြင်းမှာ မဟုတ်ဘူးမလား"

​ဇူချန်းသည် လင်းကျင်း မလိုက်မှာကို စိုးရိမ်နေသည် ။ သားရဲလေလံပွဲ ရှိမည်ဟူသော စကားကို ကြားလိုက်ရသောအခါ လင်းကျင်းသည် နောက်ဆုံးတွင် စိတ်ပြောင်းသွားတော့သည် ။

​သေချာသည်မှာ ရှားပါးသားရဲများကို မြင်တွေ့ရမည် ဖြစ်သောကြောင့်ပင်။ အကယ်၍ သူတို့အားလုံးကို သားရဲပြတိုက်ထဲတွင် မှတ်တမ်းတင်နိုင်ခဲ့လျှင် လင်းကျင်းသည် သားရဲစွမ်းအင်ဖွဲ့စည်းခြင်း ဒုတိယပိုင်းကို ရရှိရန် ခြေတစ်လှမ်း ပိုနီးစပ်သွားပေလိမ့်မည် ။

​“ကျုပ်တို့က သူငယ်ချင်းတွေ ဖြစ်နေလို့ပဲ ခင်ဗျားကို ကျုပ်ကူညီပါ့မယ်”

လင်းကျင်းက ရက်ရက်ရောရော ပြန်ဖြေလိုက်၏ ။

​ဇူချန်းသည် အလွန်ပင် ဝမ်းသာသွားရသည် ။ သူက ရှေ့မှ ဦးဆောင်ခေါ်သွားသဖြင့် မကြာမီမှာပင် သူတို့သည် အုတ်နီတံတိုင်း မြင့်မြင့်များ ရှိသော ကျယ်ဝန်းသည့် လမ်းမတစ်ခုသို့ ရောက်ရှိလာကြသည် ။ ထိုနေရာမှာ အတော်လေးကို ခန့်ညားလှပေသည် ။

​“ဒါက ကျင့်ကြံသူများအသင်းရဲ့ နယ်မြေဖြစ်တဲ့ နွေဦးဥယျာဉ်ပဲ... ဒီ​နေရာကို ပုံမှန်အချိန်တွေမှာ လူထုကို ဖွင့်ပေးလေ့မရှိဘဲ နှစ်စဉ် နွေဦးနဲ့ ဆောင်းဦးကာလမှာ နှစ်ကြိမ်ပဲ ဖွင့်ပေးတာ... အခုကတော့ ဆောင်းဦး ပန်းကြည့်ပွဲတော်အတွက် ဖွင့်ပေးထားတာ"

ဇူချန်းက လင်းကျင်းကို အသေးစိတ် ရှင်းပြနေသည် ။

​နွေဦးဥယျာဉ်၏ ဂိတ်တံခါးဝသို့ လူများစွာ ဆက်တိုက် ရောက်ရှိလာကြသည် ။ လာရောက်သူ အများစုမှာ မြင်းလှည်းများဖြင့် လာကြသလို အချို့မှာမူ သူတို့၏ သားရဲများကို စီးနင်းလာကြသည် ။ သူတို့သည် မြင့်မြတ်စွာ ဝတ်ဆင်ထားကြပြီး သာမန်လူများနှင့် မတူကြပေ ။

​လုယွန်ဟယ်မှာ ကျင့်ကြံသူများအသင်း၏ အသင်းဝင် ဖြစ်ကြောင်း လင်းကျင်း သတိရလိုက်သည် ။ ထိုလူမှာ လူငယ်ကျင့်ကြံသူများထဲတွင် ထူးချွန်သူတစ်ဦးအဖြစ်ပင် သတင်းကြီးနေသူ ဖြစ်သည် ။

​ဤနေရာတွင် လုယွန်ဟယ်နှင့် တွေ့ဆုံနိုင်မလားဟု လင်းကျင်း တွေးတောနေမိသည် ။

​ဂိတ်တံခါးဝသို့ ရောက်သောအခါ အစောင့်များက ဇူချန်းကို ပြုံးရွှင်စွာဖြင့် ကြိုဆိုကြသည် ။ ဘာပဲဖြစ်ဖြစ် ဇူချန်းမှာ ဇူမိသားစု၏ သခင်လေးဖြစ်သဖြင့် ထူးခြားသော အဆင့်အတန်း ရှိသူ ဖြစ်သည် ။ သို့သော် သူ၏ အနားတွင် ရှိနေသော လင်းကျင်းကို မြင်သောအခါ သူတို့က သူ့ကို ရပ်တန့်ရန် အချက်ပြလိုက်ကြသည် ။

​“သခင်လေးဇူ... သူကရော ပွဲအတွက် ဖိတ်စာ ပါရဲ့လားခင်ဗျာ”

အစောင့်က မေးလိုက်၏ ။

​လင်းကျင်းမှာ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသဖြင့် ဂုဏ်သရေရှိ လူကြီးမင်းတစ်ဦးနှင့် မတူပေ ။

​ဇူချန်း၏ အဖြေမှာ ချက်ချင်း ထွက်လာသည် ။

“ဒါက သားရဲအကဲဖြတ်မှူး အသင်းချုပ်က အကဲဖြတ်မှူးလင်းပဲ... သူက ငါ့ရဲ့ သူငယ်ချင်းလည်း ဟုတ်တယ်”

​အစောင့်က ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်၏ ။

“သခင်လေးဇူ... ကျွန်တော့်ကို အခက်အခဲ ဖြစ်အောင်မလုပ်ပါနဲ့ ဖိတ်စာမပါဘဲ ဘယ်သူမှ အတွင်းထဲကို ဝင်လို့မရဘူးဆိုတဲ့ စည်းကမ်းကို သခင်လေး သိတာပဲ မဟုတ်လား”

​‘ဒီလို စည်းကမ်းမျိုးတောင် ရှိတာလား’

​လင်းကျင်း မှင်တက်သွားရသည် ။ ဇူချန်း၏ ရှက်ကိုးရှက်ကန်း ဖြစ်နေသော မျက်နှာကို ကြည့်ခြင်းဖြင့် ဇူချန်းသည် အလွန် ပေါ့ဆသွားကြောင်း သူ သိလိုက်သည် ။ ဇူချန်းသည် ဤကဲ့သို့ ဖြစ်လာမည်ကို ထည့်မစဉ်းစားဘဲ သူ၏ ဇူမိသားစု သခင်လေး အဆင့်အတန်းဖြင့် သူငယ်ချင်းတစ်ယောက်ကို ခေါ်လာနိုင်လိမ့်မည်ဟုသာ ယူဆထားပုံရသည် ။

​သို့သော်လည်း စည်းကမ်းမှာ စည်းကမ်းပင် ဖြစ်သည် ။ သူ မဝင်ရလျှင်လည်း ထားလိုက်ပါတော့ ၊ ဘာမှ မဖြစ်ပေ ။

​မိမိကို အလေးမထားဟု ခံစားလိုက်ရသဖြင့် ဇူချန်းသည် အစောင့်များကို ဆုံးမရန်အတွက် အင်္ကျီလက်များကို လိပ်တင်တော့မည် ပြုသည် ။ သူ မလုပ်နိုင်ခင်မှာပင် လင်းကျင်းက သူ့ကို ဘေးသို့ ဆွဲခေါ်သွားသည် ။

​“အစ်ကိုဇူ... သူ့ကို အခက်တွေ့အောင် မလုပ်ပါနဲ့... ကျုပ်မှာ တကယ်ပဲ ဖိတ်စာ မပါလာတော့ ခင်ဗျားနဲ့အတူ ဝင်လို့မရတော့ဘူး ထင်တယ်”

လင်းကျင်းအတွက်မူ ၎င်းမှာ အသေးအဖွဲ ကိစ္စသာ ဖြစ်သဖြင့် ပြဿနာ ရှာစရာ မလိုပေ ။

​နောက်ဆုံးတော့ သူ သားရဲအကဲဖြတ်မှူး အသင်းချုပ်ဆီ ပြန်ပြီး လမ်းလျှောက်လို့ ရပြီ မဟုတ်ပါလား ။

​ဇူချန်းမှာ မကျေမနပ် ဖြစ်နေပြီး ရှက်ရွံ့နေသော်လည်း လင်းကျင်းက ထိုသို့ ပြောလိုက်သဖြင့် သူ ဘာထပ်ပြောနိုင်ဦးမှာလဲ ။ ထို့ပြင် လင်းကျင်း၏ ဆွဲအားမှာ အလွန်ပင် ပြင်းထန်လှသဖြင့် သူ မရုန်းထွက်နိုင် ဖြစ်နေသည် ။

​“အစ်ကိုလင်း... ပိုင်ရှင်နဲ့ သေချာ မပြောထားမိတာ ကျုပ်အမှားပါ... ကျုပ် ထင်တာက...”

ဇူချန်း၏ လေသံထဲတွင် အားနာမှုအချို့ ပါဝင်နေသည် ။

​လင်းကျင်းက သူ့ကို ပြုံးပြရင်း လက်ကာပြလိုက်သည် ၊ ၎င်းမှာ စိတ်ထဲ မထားကြောင်း ပြသခြင်း ဖြစ်သည် ။

​သူ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အမျိုးသမီးတစ်ဦး၏ စူးရှသော အသံက ထွက်ပေါ်လာသည် ။

“ဖိတ်စာ မပါဘဲနဲ့ မေပယ်ပန်းပွဲတော်ကို လာရဲသေးတယ်ပေါ့ ၊ တကယ့်ကို အရှက်မရှိတာပဲ... လင်းကျင်း... နင်ကတော့ အရင်အတိုင်း စုတ်ပြတ်နေတုန်းပဲနော်”

​ဟမ်...

​လှည့်ကြည့်လိုက်သောအခါ လင်းကျင်းသည် မြင်းလှည်းပေါ်မှ ဆင်းလာသော အလွန်အမင်း တန်ဖိုးကြီးစွာ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည် ။ သူမ၏ အနောက်တွင် လည်ဆံမွေးပါသော ဂျာကေးသားရဲတစ်ကောင် ပါလာသည် ။

​သို့သော်လည်း အနိုင်ကျင့်တတ်ပုံရသော ထိုကောင်မှာ လင်းကျင်း၏ အနောက်တွင် ရှိနေသော ရှောင်ဟော့ကို မြင်လိုက်ရသည်နှင့် ကြောင်ကို မြင်သော ကြွက်ကဲ့သို့ ရှေ့သို့ မတိုးရဲဘဲ နောက်သို့ ဆုတ်သွားတော့သည် ။

​သေချာသည်မှာ ၎င်းက ထိုအမျိုးသမီးကို စိတ်အနှောင့်အယှက် ဖြစ်စေပြီး သူမက တိုးတိုးလေး “အသုံးမကျတာ” ဟု ရေရွတ်လိုက်၏ ။

​လင်းကျင်းသည် ဤအမျိုးသမီးက မည်သူလဲဆိုသည်ကို အသည်းအသန် စဉ်းစားလိုက်ရသည် ။ သူ မှတ်မိသလောက်ဆိုလျှင် သူမ၏ အမည်မှာ ချန်ယွမ်ယွမ် ဖြစ်သည် ။ လင်းကျင်း၏ ယခင် ခန္ဓာကိုယ်ပိုင်ရှင်မှာ ချန်ဆေးတိုက်မှ သခင်မလေးနှင့် စေ့စပ်ထားခဲ့ဖူးသည် ။ လွန်ခဲ့သော ရက်အနည်းငယ်က သူမကို ချန်ဆေးတိုက်တွင် တွေ့ခဲ့ရပြီး သူမသည် စည်းကမ်းမရှိဘဲ အဓိပ္ပါယ်မရှိသော မိန်းမပျိုတစ်ဦးအဖြစ် လင်းကျင်းကို အထင်ပေးခဲ့သည် ။

​အမှန်စင်စစ် လင်းကျင်းသည် ဤအမျိုးသမီးကို မသိပေ ။ သူမသည် ယခင် မူလကိုယ်နှင့် စေ့စပ်မှုကို ဖျက်သိမ်းခဲ့ပြီး ဖြစ်သဖြင့် သူတို့မှာ သီးခြားစီ ဖြစ်သွားသင့်ပြီ ဖြစ်သည် ။ ဘာလို့ သူမက သူတို့ လမ်းဆုံသည့် အခါတိုင်း တမင်တကာ လှောင်ပြောင်ပြီး နှိမ်ချနေရတာလဲ ။

​တကယ့်ကို ထူးဆန်းတဲ့ လူပဲ ။

​ယခင် လင်းကျင်းက သူမနဲ့ အိပ်ခဲ့ဖူးတာလား ။

​လင်းကျင်းသည် သူ၏ မှတ်ဉာဏ်များကို အမြန်ပင် လှန်လှော ကြည့်ရှုလိုက်သည် ။

​မဟုတ်ပေ...

​ဒါဆို ဒီသခင်မလေးက သူ့ဆီက ဘာလိုချင်နေတာလဲ ။

​ဇူချန်း၏ မျက်နှာပေါ်တွင် ချက်ချင်းပင် မျက်မှောင်ကြုတ်မှုတစ်ခု ပေါ်လာသည် ။

“ချန်ယွမ်ယွမ်... မင်းက ပညာတတ်ပြီး ယဉ်ကျေးမှုကို သင်ယူထားတဲ့ ထင်ရှားတဲ့ မိသားစုတစ်ခုက သခင်မလေးပဲ... ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ရိုင်းစိုင်းနိုင်ရတာလဲ”

​သူသည် ချန်ယွမ်ယွမ်နှင့် လင်းကျင်းတို့၏ အတိတ်ကို မသိပေ ။

​ချန်ယွမ်ယွမ်သည် ဇူချန်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် အနည်းငယ် ထိန်းလိုက်သော်လည်း ဆက်လက်၍ ကဲ့ရဲ့စကား ဆိုလိုက်သည် ။

“ဇူချန်း... ရှင်က ဇူမိသားစုရဲ့ သခင်လေးဖြစ်ပြီး ငါက ဇူမိသားစုကို မစော်ကားရဲပါဘူး... ဒါပေမဲ့ ဇူမိသားစုရဲ့ သခင်လေးက သူငယ်ချင်းတွေကို သေချာ မစစ်ထုတ်ဘဲ အမှိုက်ကောင် တစ်ယောက်ကိုမှ အစ်ကိုလို့ ခေါ်နေတာက တကယ့်ကို ထူးဆန်းပြီး ရယ်စရာ ကောင်းတယ်"

​သူမသည် လင်းကျင်းကို တကယ်ပဲ မုန်းတီးနေပုံ ရသည် ။

​အခန်း (၈၈) - သူ့ကို လက်မထပ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်

​“နင်...”

ဇူချန်းသည် ဒေါသထွက်လာတော့သည် ။

​သူသည် သူ၏ ညီမဖြစ်သူ ဇူရင်းရင်းနှင့် အမြဲတမ်း အဆင်မပြေဖြစ်လေ့ရှိသော ဤမိန်းကလေး ချန်ယွမ်ယွမ်ကို သိသည် ။ သူမမှာ ချန်ဆေးတိုက်မှ ချန်ဝမ်လင်း၏ သမီးဖြစ်သည် ။ သူမသည် တစ်ဘဝလုံး အလိုလိုက်ခံထားရသဖြင့် မာန်မာနကြီးပြီး စိတ်အလိုလိုက်တတ်သော စရိုက် ရှိနေခြင်း ဖြစ်သည် ။

​ချန်ဆေးတိုက်အကြောင်း ပြောရလျှင် သူတို့သည် မေပယ်မြို့ရှိ ဇူမိသားစု သို့မဟုတ် ကောင်းမိသားစုကဲ့သို့ ထင်ရှားသော မိသားစုကြီးများကို မယှဉ်နိုင်သော်လည်း အလွန်အမင်း နောက်ကျကျန်နေသည်တော့ မဟုတ်ပေ ။

​ပိုင်ဆိုင်မှု ရှုထောင့်မှကြည့်လျှင် ချန်ဆေးတိုက်မှာ ပတ်ဝန်းကျင်တွင် အကြီးဆုံး ဆေးဆိုင်ဖြစ်ပြီး အတော်လေးလည်း ချမ်းသာကြသည် ။ သူတို့တွင် ချို့တဲ့နေသည်မှာ မြင့်မြတ်သော မျိုးရိုးနောက်ခံ တစ်ခုသာ ဖြစ်သည် ။

​ဘာပဲဖြစ်ဖြစ် ချန်မိသားစု၏ ဘိုးဘေးများမှာ ဆင်းရဲသားများ ဖြစ်ခဲ့ကြပြီး ချန်ဝမ်လင်း၏ အရည်အချင်းကြောင့်သာ မိသားစုစီးပွားရေးမှာ ယနေ့ကဲ့သို့ ကြီးထွားလာခြင်း ဖြစ်သည် ။

​လူအများအပြားက ဝိုင်းကြည့်နေကြသည် ။ ယောက်ျားတစ်ယောက်အနေဖြင့် ဇူချန်းသည် ချန်ယွမ်ယွမ်ကဲ့သို့သော အမျိုးသမီးတစ်ဦးနှင့် လူပုံအလယ်တွင် ငြင်းခုံခြင်း မပြုချင်သဖြင့် လက်ကို ခါယမ်းကာ အကြည့်လွှဲလိုက်၏ ။

“မင်းလို ရိုင်းစိုင်းတဲ့လူမျိုးနဲ့ ငါ စကားမပြောချင်ဘူး”

​ထိုသို့ ပြောပြီးနောက် ဇူချန်းက လင်းကျင်းကို တိုးတိုးလေး မေးလိုက်သည် ။

“အစ်ကိုလင်း... ခင်ဗျား သူမနဲ့ ရန်ငြိုးရှိလို့လား”

​သူ၏ မှတ်ဉာဏ်များကို ခဏမျှ ပြန်လည် ရှာဖွေကြည့်ပြီးနောက် လင်းကျင်းက ခေါင်းခါပြလိုက်သည် ။ ထိုစဉ်က ချန်ဝမ်လင်းကသာ သူတို့အတွက် အောင်သွယ်တော်အဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည် ။ စေ့စပ်မှုကို ဖျက်သိမ်းခဲ့သည်မှာလည်း ချန်မိသားစုသာ ဖြစ်သည် ။ အကယ်၍ တစ်စုံတစ်ယောက်က ရန်ငြိုးထားရမည်ဆိုလျှင် သူ၏ ယခင် ခန္ဓာကိုယ်ပိုင်ရှင်သာ ဖြစ်သင့်သည် ။

​“ဒါဆိုရင် အစ်ကိုလင်းက သူမနဲ့ ဘယ်လိုလုပ်ပြီး သိနေတာလဲ”

ဇူချန်းက ဇဝေဇဝါ ဖြစ်နေသည် ။

​၎င်းမှာ လင်းကျင်းအတွက် ရှင်းပြရန် ခက်ခဲလှသည် ။ အမှန်အတိုင်း ပြောရလျှင် ထိုကိစ္စများမှာ သူနှင့် ဘာမှ မသက်ဆိုင်ပေ ။

​“သွားကြစို့”

လင်းကျင်းသည် ဤမိန်းကလေးမှာ ဦးနှောက်မကောင်းသူ သို့မဟုတ် အရူးတစ်ယောက် ဖြစ်လိမ့်မည်ဟု ခံစားနေရသည် ။ တစ်နည်းအားဖြင့် အရူးတစ်ယောက်ကို အကျိုးအကြောင်းပြ ရှင်းပြနေခြင်းမှာ အချိန်ကုန်ရုံသာ ရှိပေလိမ့်မည် ။ လုပ်ဆောင်ရမည့် တစ်ခုတည်းသော အရာမှာ သူမနှင့် ဝေးဝေးတွင် နေရန်သာ ဖြစ်သည် ။

​သို့သော်လည်း ချန်ယွမ်ယွမ်က ကိစ္စများကို ဤမျှနှင့် အဆုံးသတ်ရန် ခွင့်မပြုပေ ။

​“လင်းကျင်း... အဲဒီမှာ ရပ်လိုက်စမ်း... ပြီးခဲ့တဲ့ အခေါက်က နင့်ရဲ့ သားရဲက ငါ့ရဲ့ 'ဝိရောဓိစစ်သူကြီး' ကို ဘာလုပ်လိုက်တာလဲဆိုတာ ရှင်းပြစမ်း... အဲဒီအချိန်ကတည်းက ငါ့ရဲ့သားရဲက စိတ်ဓာတ်တွေ ကျနေပြီး အသံနည်းနည်းကြားတာနဲ့တင် ထိတ်လန့်နေတော့တာပဲ... သူက အစားလည်း ကောင်းကောင်းမစား ၊ အိပ်လို့လည်း မရတော့ဘူး ၊ နင် တစ်ခုခု လုပ်လိုက်တာ မဟုတ်လား... နင် ဘာမှမပြောဘဲ နေလိုက်ရင် ဒီကိစ္စက ပြီးသွားမယ်လို့ ထင်နေတာလား... ငါ့ကို ရှင်းပြချက် မပေးဘဲနဲ့တော့ ထွက်သွားဖို့ မစဉ်းစားနဲ့”

​လင်းကျင်းသည် ပြီးခဲ့သည့်အကြိမ်က တွေ့ဆုံစဉ်တွင် အမှန်တကယ်ပင် ဘာမှ မလုပ်ခဲ့ပေ ။ ခဏမျှ စဉ်းစားကြည့်ပြီးနောက် ရှောင်ဟော့သည် သူ၏ အဆင့် ၃ သားရဲသခင်၏ ဟန့်တားခြင်း အာနုဘော်ကို အသုံးပြုကာ အသွင်အပြင်သာ ကြောက်စရာကောင်းသော ထိုဂျာကေးကို ခြောက်လှန့်လိုက်ခြင်း ဖြစ်မည်ဟု လင်းကျင်း သဘောပေါက်လိုက်သည် ။

​သို့သော် ၎င်းမှာ ထိုအမျိုးသမီးက သူမ၏ သားရဲကို သူ့အား နာကျင်အောင် လုပ်ရန် ခိုင်းစေခဲ့၍သာ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည် ။

​သူက ထိုနေရာတွင် ငြိမ်ရပ်နေပြီး သားရဲ၏ အကိုက်ခံရမှုကို အသာတကြည် ခံနေရမှာလား ။

​ဤအမျိုးသမီးမှာ သူ့ကို မရပ်မနား ရန်စနေသဖြင့် လင်းကျင်းသည်လည်း အလျှော့ပေးမည့်သူ မဟုတ်ပေ ။

​မှန်ပါသည် ၊ သူမမှာ အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ၎င်းမှာ သူမအနေဖြင့် အဓိပ္ပါယ်မရှိသော စကားများကို အဆုံးမရှိ ပြောဆိုနိုင်သည်ဟု မဆိုလိုပေ ။

​လင်းကျင်းသည် ဤစိတ်မမှန်သော အမျိုးသမီးနှင့် မငြင်းခုံချင်ခြင်းမှာ သူမကို ကြောက်ရွံ့နေ၍ မဟုတ်ပေ ။

​“ချန်ယွမ်ယွမ်... မင်းကမာန်မာနကြီးပြီး အကျိုးအကြောင်း မရှိတဲ့သူ ဖြစ်နေလို့ မင်းရဲ့သားရဲကို လွှတ်ပြီး ငါ့ကို တိုက်ခိုက်ခိုင်းခဲ့တာပဲ... ဒါပေမဲ့ မင်းရဲ့ အသုံးမကျတဲ့ သားရဲက ငါ့ကို မတိုက်ခိုက်နိုင်ရုံတင်မကဘဲ ငါ့သားရဲရဲ့ အရှိန်အဝါကြောင့်ပါ ကြောက်လန့်သွားရတာလေ... အဲဒါ ဘယ်သူ့ကို အပြစ်တင်ရမှာလဲ. . အခုထိလည်း မင်းက သင်ခန်းစာ မရသေးဘဲ ဒီနေရာမှာ ရပ်ပြီး ငါ့ကို ရန်စနေတုန်းပဲ... ငါ မင်းကို တိုက်ရိုက်ပဲ အကြံပေးလိုက်မယ်... အချိန်မနှောင်းခင် အခုကတည်းက ရပ်တန့်လိုက်... မင်းရဲ့ အမှားတွေကို ထပ်ပြီး မပုံမိစေနဲ့တော့”

​သူ၏ ခေါင်းကို မြင့်မြင့်ထားကာ သူ၏ ကိုယ်နေဟန်ထားနှင့် လေသံမှာ လင်းကျင်းသည် လူငယ်တစ်ယောက်ကို ဆုံးမနေသကဲ့သို့ ဖြစ်နေသည် ။

​သူသည် ၎င်းကို တမင်တကာ လုပ်ဆောင်နေခြင်း ဖြစ်သည် ။

​သို့မဟုတ်ပါက သူမနှင့် အတူတူ လိုက်ပြီး ငြင်းခုံနေရမှာလား ။

​သူမသည် သူ၏ အာရုံစိုက်မှုကို ထိုမျှအထိ ရရှိရန် ထိုက်တန်သူလား ။

​သေချာသည်မှာ သူ ထိုသို့ လုပ်လိုက်သောအခါ ချန်ယွမ်ယွမ်မှာ ချက်ချင်းပင် ဒေါသ ပေါက်ကွဲသွားတော့သည် ။

​“လင်းကျင်း... နင်က ငါ့ကို ဆုံးမရအောင် ဘယ်သူမို့လို့လဲ... ဝိရောဓိစစ်သူကြီး... သူ့ကို ကိုက်စမ်း”

ချန်ယွမ်ယွမ်သည် သူမ၏ သားရဲကို ရှေ့တန်းသို့ နောက်တစ်ကြိမ် လွှတ်လိုက်ပြန်သည် ။ သို့သော် ဝိရောဓိစစ်သူကြီးမှာ ရှောင်ဟော့နှင့် တွေ့ဆုံခဲ့ရသည့် အဖြစ်အပျက်ကြောင့် စိတ်ဒဏ်ရာ ရနေဆဲ ဖြစ်သည် ။ ထိုအဖြစ်အပျက် ဖြစ်ပွားခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေးပြီး အခု နောက်တစ်ကြိမ် တိုက်ခိုက်ရန် အမိန့်ပေးခံရပြန်ပြီလား ။ ဝိရောဓိစစ်သူကြီးသည် တိုက်ခိုက်ရန် သတ္တိကို ဘယ်ကနေ ရှာရမည်နည်း ။

​ထို့ကြောင့် ချန်ယွမ်ယွမ် မည်မျှပင် အမိန့်ပေးပါစေ ၊ ဂျာကေးသားရဲမှာ ငြိမ်သက်စွာသာ နေနေသည် ။

​ချန်ယွမ်ယွမ်မှာ ဒေါသများ တောက်လောင်လာတော့သည် ။ ဝိရောဓိစစ်သူကြီးသည် သူမကို တမင်တကာ အရှက်ခွဲနေသည်ဟု ယူဆကာ သူမသည် ကြိမ်လုံးတစ်ချောင်းကို ထုတ်ယူပြီး သူမ၏ သားရဲကို ရက်စက်စွာ ရိုက်နှက်တော့သည် ။

​“အသုံးမကျတဲ့ကောင်... သူ့ကို ကိုက်စမ်း ။ အခုချက်ချင်း ထစမ်း ၊ ထစမ်း”

​ကြိမ်လုံးသံများမှာ ဆက်တိုက် ထွက်ပေါ်နေပြီး မကြာမီမှာပင် သူမ၏ သားရဲမှာ ဒဏ်ရာများဖြင့် ပြည့်နှက်သွားတော့သည် ။

​ဘေးပတ်ဝန်းကျင်မှ ကြည့်နေသူများမှာ ဤမြင်ကွင်းကြောင့် စိတ်မသက်မသာ ဖြစ်လာကြသည် ။ လင်းကျင်းပင်လျှင် ဤသားရဲမှာ ဤမျှ ရက်စက်သော ပိုင်ရှင်နှင့် ဆုံတွေ့ရခြင်းမှာ ကံဆိုးလှပေသည်ဟု တွေးရင်း ခေါင်းခါယမ်းနေမိသည် ။ နှမြောစရာ ကောင်းသည်မှာ ထိုဂျာကေးသားမှာ သာမန် အင်အားသာ ရှိပြီး ရှားပါးသားရဲ မဟုတ်သဖြင့် သွေးကတိကဝတ်ကို မိမိဘာသာ ဖျက်သိမ်းနိုင်စွမ်း မရှိခြင်းပင် ဖြစ်သည် ။ သူသည် သနားစရာ ကောင်းလောက်အောင်ပင် အလုံးလေးတစ်ခုကဲ့သို့ ကွေးနေရရှာသည် ။

​“သွားကြစို့”

လင်းကျင်းသည် ဤမြင်ကွင်းကို ဆက်ကြည့်ရန် စိတ်မရှည်တော့ပေ ။

​ရုတ်တရက် ချန်ယွမ်ယွမ်သည် သူမ၏ ကြိမ်လုံးကို ဘေးသို့ ပစ်ချလိုက်ပြီး လင်းကျင်းဘက်သို့ လှည့်ကာ အော်ဟစ်လိုက်၏ ။

“လင်းကျင်း... နင်လို အသုံးမကျတဲ့ကောင်... အဲဒီတုန်းက ငါတို့ ချန်မိသားစုက စေ့စပ်မှုကို ဘာလို့ ဖျက်သိမ်းခဲ့လဲဆိုတာ နင် သိလား... ဘာလို့လဲဆိုတော့ ငါက နင့်ကို ဘာမှမဟုတ်ဘူးလို့ ထင်လို့ပဲ... နင်က သားရဲအကဲဖြတ်မှူး ဖြစ်နေပေမဲ့ အလေးမထားခံရဘူး ၊ အားနည်းတယ် ၊ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လည်း မလုပ်ဘူး... တကယ်လို့ ငါသာ နင့်ကို လက်ထပ်ခဲ့ရင် ငါက လှောင်ပြောင်စရာ တစ်ခု ဖြစ်လာမှာပဲ... ငါ ချန်ယွမ်ယွမ် အလိုရှိတဲ့ လင်ယောက်ျားဆိုတာ ငါ့အတွက် ဂုဏ်သရေနဲ့ ကျော်စောမှုတွေကို ယူဆောင်ပေးနိုင်တဲ့သူ ၊ ငါတို့ ချန်မိသားစုကို အောင်မြင်အောင် ဦးဆောင်နိုင်တဲ့သူမျိုးပဲ... နင်ကတော့ တကယ့်ကို အသုံးမကျတဲ့ ရှုံးနိမ့်သူ တစ်ယောက်ပဲ”

​သူမ၏ သွားများကို ကြိတ်ကာ ကြမ်းတမ်းသော မျက်နှာထားဖြင့် ပြောနေသော ဤအမျိုးသမီးမှာ သေချာပေါက် စိတ်မမှန်ပေ ။

​သူမ ထိုသို့ လုပ်ခြင်းမှာ မိမိကိုယ်ကိုယ်လည်း ထိခိုက်စေသည် မဟုတ်ပါလား ။

​လူအများအပြား၏ ရှေ့တွင် ဤကဲ့သို့သော ပုဂ္ဂိုလ်ရေး ကိစ္စများကို ထုတ်ဖော် ပြောဆိုနေရအောင် သူမ၏ ဦးနှောက်ထဲတွင် ဘယ်နှချက်လောက် ချောင်နေရသလဲ ။

​သို့သော်လည်း ဤလုပ်ရပ်မှာ အမှန်တကယ်ပင် ထိခိုက်မှု ရှိလှပေသည် ။ အကယ်၍ ယခင် လင်းကျင်းသာ ဆိုလျှင် ဒေါသထွက်လွန်းသဖြင့် သွေးများပင် အန်ထွက်သွားနိုင်သည် ။ ဘာပဲဖြစ်ဖြစ် ရည်စားဟောင်း တစ်ယောက်က လူပုံအလယ်တွင် မိမိအား အသုံးမကျသူ ၊ အရည်အချင်း မရှိသူဟု ခေါ်ကာ ကဲ့ရဲ့ရှုံ့ချနေခြင်းကို ကမ္ဘာပေါ်တွင် စိတ်ရှည်ဆုံးသူပင်လျှင် တုံ့ပြန်မှု မရှိဘဲ သည်းခံနိုင်မည် မဟုတ်ပေ ။

​လက်ရှိ လင်းကျင်းပင်လျှင် စိတ်အနှောင့်အယှက် ဖြစ်သွားရသည် ။

​လက်ရှိ လင်းကျင်းမှာ သူဖြစ်ပြီး သူသည်လည်း လင်းကျင်းပင် ဖြစ်သည် ။

​ရုတ်တရက် မွှေးပျံ့သော ရနံ့တစ်ခုနှင့်အတူ တစ်စုံတစ်ယောက်က ရောက်ရှိလာပြီး လင်းကျင်း၏ လက်မောင်းကို တွဲလိုက်ကာ ပြောလိုက်၏ ။

“အစ်ကိုလင်း... ကျွန်မကို စောင့်ပါ့မယ်လို့ ပြောပြီးတော့ ဘာလို့ အရင် ရောက်နေတာလဲ”

​၎င်းကို မြင်သောအခါ ဇူချန်း၏ မျက်လုံးများမှာ ပြူးကျယ်သွားရပြီး လင်းကျင်းပင်လျှင် မှင်တက်သွားရသည် ။

​လင်းကျင်း၏ လက်ကို တွဲထားသော ဤအမျိုးသမီးမှာ ချိုသာသော အသံနှင့် ယဉ်ကျေးသော ရုပ်ရည် ရှိသည် ။ သူမမှာ အလှအပတွင် ချန်ယွမ်ယွမ်ထက် များစွာ သာလွန်လှပြီး သူမမှာ အခြားသူမဟုတ်ဘဲ လုရှောင်ယုပင် ဖြစ်သည် ။

​လင်းကျင်းမှာ ကြက်သီးများပင် ထသွားရသည် ။

‘ခဏလေး ရှောင်ယု... မင်း ဘာတွေ လုပ်နေတာလဲ’

​သို့သော် လုရှောင်ယု၏ လှပသော မျက်လုံးဝိုင်းဝိုင်းလေးများထဲတွင် ကောက်ကျစ်သော အရိပ်အယောင်အချို့ ပါဝင်နေသည်ကို သူ သတိပြုမိရန် အချိန်အတော်ကြာ မယူလိုက်ရပေ ။

​‘နားလည်ပြီ’

​လင်းကျင်းက ပြုံးလိုက်ပြီး သူမ၏ လုပ်ရပ်ကို တည်ငြိမ်စွာပင် လက်ခံလိုက်သည် ။

​ထို့နောက် လုရှောင်ယုသည် ပါးစပ်အဟောင်းသား ဖြစ်နေသော ချန်ယွမ်ယွမ်ကို ဂုဏ်ယူစွာ ကြည့်လိုက်ပြီး ပြောလိုက်၏ ။

“အချို့လူတွေကတော့ တကယ့်ကို အမြင်မရှိဘဲ နောက်ဆုံးမှာ အခွင့်အရေးတွေ လက်လွှတ်လိုက်ရတာပဲ... ကျွန်မရဲ့ အစ်ကိုလင်း ဘယ်လောက်တောင် အောင်မြင်နေပြီလဲဆိုတာကို နင် မနာလို ဖြစ်နေတာ မဟုတ်လား... နင် သူနဲ့ ပြန်အဆင်ပြေချင်နေတာ မဟုတ်လား... နင် ဘယ်လောက်ပဲ ကြိုးစားပါစေ သူ့ရဲ့ ချစ်ခြင်းမေတ္တာကို မရနိုင်တော့တဲ့အတွက် အခုလို လူပုံအလယ်မှာ အရှက်မရှိဘဲ လျှောက်ပြောနေတာပဲ ဖြစ်မှာပါ... လင်းကျင်းက အသုံးမကျဘူးလို့ နင် ပြောလိုက်တာလား... ကျွန်မရဲ့ လင်းကျင်းက အခုဆိုရင် အဆင့် ၂ သားရဲအကဲဖြတ်မှူး ဖြစ်နေပြီ ၊ သူ့ရဲ့ အနာဂတ်ကလည်း အလွန်ကို တောက်ပနေတာ... နင် ဘယ်လောက်ပဲ လိုချင်နေပါစေ သူ့ရဲ့ အရှိန်အဝါကိုတောင် မှီမှာ မဟုတ်တော့ဘူး”

​၎င်းကို ကြားလိုက်ရသောအခါ ဇူချန်းမှာ အသက်ရှူပင် မှားသွားရသည် ။ လင်းကျင်းနှင့် အကြည့်ချင်း ဖလှယ်လိုက်သောအခါ အမျိုးသား နှစ်ဦးစလုံးမှာ တစ်ဦး၏ မျက်လုံးထဲမှ အမှန်တရားကို တစ်ဦးက နားလည်လိုက်ကြသည် ။

​‘မိန်းကလေးတွေရဲ့ ရန်ပွဲက တကယ့်ကို ကြောက်စရာ ကောင်းတာပဲ... ဘုရားရေ... ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်သလဲ’

​ချန်ယွမ်ယွမ်၏ မျက်နှာမှာ ဒေါသကြောင့် ဖြူဖျော့သွားရသည် ။ ထို့နောက် သူမက နှာခေါင်းရှုံ့လိုက်၏ ။

“ဘယ်က ရောက်လာတဲ့ အပေါစား မိန်းမလဲ ၊ ဘာတွေ လျှောက်ပြောနေတာလဲ... လင်းကျင်းကလား... အဆင့် ၂ အကဲဖြတ်မှူး ဖြစ်ရမယ်လို့... သူ့ရဲ့ မပြည့်စုံတဲ့ အရည်အချင်းနဲ့လား... နေက အနောက်ဘက်က ထွက်ပြီး ဝက်တွေ ပျံနိုင်မှ ဖြစ်လိမ့်မယ်"

​လုရှောင်ယု၏ မျက်နှာထားမှာ တင်းမာသွားပြီး သူမသည် ရှေ့သို့ တိုးကာ ချန်ယွမ်ယွမ်၏ ပါးကို ဖြတ်ခနဲ ရိုက်လိုက်သည် ။

​ထိုပါးရိုက်သံမှာ ကျယ်လောင်ပြီး တိကျလှပေသည် ။

​ချန်ယွမ်ယွမ်မှာ ကြောင်အသွားရသည် ။

​“နင့်ရဲ့ ပါးစပ်ကို ဆပ်ပြာနဲ့ ဆေးလိုက်ဦး... လင်းကျင်းက ယောက်ျားတစ်ယောက် ဖြစ်လို့ နင်လို မိန်းမမျိုးကို မတုံ့ပြန်ချင်တာ ၊ ဒါပေမဲ့ နင်က အခုလို ဆက်ပြီး လျှောက်ပြောနေဦးမယ်ဆိုရင် နင့်ရဲ့ လည်ချောင်းကို ငါ ဆွဲဖြဲလိုက်မိလိမ့်မယ်နော် ၊ သတိထားဦး”

​အေးစက်သော မျက်နှာထားဖြင့် လုရှောင်ယုသည် အသားစား သစ်ကျားမတစ်ကောင်ကဲ့သို့ ဖြစ်နေသည် ။

​“နောက်ပြီး လင်းကျင်းကိုယ်စား နင့်ကို တစ်ခု ပြောလိုက်မယ်... သူက နင့်ကို မယှဉ်နိုင်တာ မဟုတ်ဘူး ၊ နင်ကသာ သူ့ကို မယှဉ်နိုင်တာ... နောက်ဆုံးအနေနဲ့ နင် လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် ငါ နင့်ကို ကျေးဇူးတင်ပါတယ်... သူ့ကို လက်မထပ်ဘဲ အခွင့်အရေး ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်”

All Chapters