အခန်း (၃၅)
Vol. 3 Ch. 35
အခန်း(၃၅)
လင်းတအုပ်စုနေထိုင်သော တောင်တန်း၏ အနီးနားတွင် တောင်ကြားတစ်ခု ရှိသည်။ ထိုတောင်ကြားထဲမှာ မရေမတွက်နိုင်သော မြွေများ နေထိုင်ကြသည်။ ပုံမှန်အားဖြင့် ထိုတောင်ကြားသည် တားမြစ်ဧရိယာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တောင်ကြားထဲသို့ ဝင်ရောက်သွားသော မည်သူမှ အသက်ရှင်လျက် ပြန်မထွက်လာနိုင်သောကြောင့်ပင်။ ထိုမြွေများထဲတွင် မြွေဘုရင်ရှိသည်။ ၎င်းက တစ်ကိုယ်လုံး ဖြူဖွေးဆွတ်သော ဧရာမမြွေတစ်ကောင် ဖြစ်သည်။
လင်းတများနှင့် မြွေများသည် သဘာဝရန်သူများ ဖြစ်ကြသည်။ သူတို့က မျက်နှာချင်းဆိုင်တွေ့သည်နှင့် အသေအကြေ တိုက်ခိုက်ကြသည်။ အထူးသဖြင့် သူတို့၏ တည်နေရာက သိပ်မကွာဝေးလေရာ မျိုးနွယ်စုနှစ်ခုကြားမှ တိုက်ပွဲသည် မည်သည့်အခါမှ မရပ်စဲသွားပေ။ သူတို့သည် သုံးရက်ကြာသွားတိုင်း တိုက်ပွဲငယ်ကို ကျင်းပလေ့ရှိပြီး ငါးရက်ကြာသွားတိုင်း တိုက်ပွဲကြီးကို ကျင်းပလေ့ရှိသည်။ လင်းတဘုရင်နှင့် မြွေဘုရင်သည် အကြိမ်ပေါင်းများစွာ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ သူတို့ကြားမှာ တစ်ခါမှ အနိုင်အရှုံး မသဲကွဲခဲ့ပေ။
သုံးရက်အတွင်းမှာ ဝံပုလွေဘုရင်၏ လက်အောက်ငယ်သားများက ထိုနေရာများကိုသာ ရှာဖွေနိုင်ခဲ့ကြသည်။ ထို့ပြင် ဤကျားရဲတောင်တန်းဒေသထဲမှာ ဝိညာဉ်အသိဉာဏ်ရှိသော သားရဲဘုရင်သုံးပါး တည်ရှိနေခြင်းက သီရှီထျန်အတွက် အလွန်အံ့ဖွယ်ကောင်းသောအရာ ဖြစ်သည်။
“ မျောက်ဝံဘုရင်… လင်းတဘုရင်… မြွေဘုရင် ”
စက်ကရာသည် ဝံပုလွေဘုရင်၏ တင်ပြမှုကို တိတ်တဆိတ် နားထောင်နေသည်။ ထို့နောက် သူက မျက်လုံးဝင်းလက်သွားသည်။ ဝိညာဉ်အသိဉာဏ်ရှိသော သားရဲဘုရင်များက အလွန်အမင်း ရှားပါးကြသည်။ ဤတောင်တန်းဒေသထဲမှာ ဝိညာဉ်အသိဉာဏ်ရှိသော သားရဲဘုရင်သုံးပါးကို ရှာဖွေနိုင်ခြင်းက သူ့ကို လွန်စွာ စိတ်ကျေနပ်စေသည်။ သူက တည်ငြိမ်စွာ ပြောသည်။
“ ကောင်းပြီ… ဒီကိစ္စက နှောင့်နှေးလို့ မဖြစ်ဘူး… ပိုင်ယွဲ့… မင်း အရှေ့ကနေ လမ်းပြပါ… အရင်ဆုံး မျောက်ဝံဘုရင်ကို သွားရှာမယ်… ဒီဘုရင်က တခြားသားရဲဘုရင်တွေကို အမြန်ဆုံး သိမ်းသွင်းချင်တယ်… ပြီးကျရင် ဒီတောင်တန်းဒေသကနေ ငါတို့ထွက်သွားကြမယ် ”
“ ဒီတောင်တန်းဒေသထဲမှာ သုံးရက်ကြာအောင် ဆက်နေတာကတင် ငါ့ကို စိတ်မသက်မသာ ခံစားရစေတယ်… အန္တရာယ်တစ်စုံတစ်ရာ ကျရောက်လာတော့မယ်လို့ ငါခံစားနေမိတယ် ”
ဆိုးရိုးစကားတစ်ခု ရှိ၏။ ညတာရှည်ခြင်းက အိမ်မက်အများကြီး မက်စေသည်။ ယခု သူက တခြားသားရဲဘုရင်များ၏ တည်နေရာကို ရှာတွေ့သွားမှတော့ နောက်ထပ် အချိန်ဆွဲနေစရာ အကြောင်းမရှိပေ။ ယခု သူက တခြားသားရဲဘုရင်များကို တစ်ကောင်ပြီးတစ်ကောင် အမြန်ဆုံး သိမ်းသွင်းရန် ဆောင်ရွက်ချင်သည်။ သို့မှသာ သူက အနာဂတ် သူ၏ လက်အောက်ငယ်သားများကို ခေါ်ဆောင်၍ ဤနေရာမှ အမြန်ဆုံး ထွက်သွားနိုင်လိမ့်မည်။
စက်ကရာသည် ထူထဲသော တောအုပ်ထဲမှာ မြန်ဆန်စွာ ရွေ့လျားနေသည်။ အရွယ်အစားကြီးမားသော ရှေးဟောင်းသစ်ပင်များက သူတို့နှစ်ယောက်၏ အနောက်မှာ ကျန်နေခဲ့ကြသည်။ ဝံပုလွေသည် အစကတည်းက အလွန်မြန်ဆန်သော တိရိစ္ဆာန် ဖြစ်သည်။ ထုံးစံအားဖြင့် ဝံပုလွေဘုရင်က သာမန်ဝံပုလွေတစ်ကောင်ထက် အများကြီး ပိုမြန်ဆန်သည်။ သူက အားကုန်သုံး၍ ပြေးနေလေရာ အဖြူရောင်ပုံရိပ်က တောအုပ်ထဲမှာ ကျန်နေခဲ့သည်။ သို့သော် မည်မျှသူမြန်ဆန်ပါစေ သီရှီထျန်က သူ့အနောက်မှ တစ်ဖဝါးမှမခွာဘဲ လိုက်လာနိုင်နေဆဲပင်။
သီရှီထျန် တစ်ချက်ခုန်လိုက်တိုင်း ကြမ်းတမ်းသော လေပြင်းက တောအုပ်ထဲမှာ ထွက်ပေါ်လာသည်။
သူတို့၏ ပြေးလွှားမှုက အချိန်တစ်ခုအထိ ကြာမြင့်သွားသည်။ နောက်ဆုံးမှာ ဝံပုလွေဘုရင်က ချိုင့်ဝှမ်းတစ်ခု၏ အရှေ့၌ ရပ်လိုက်သည်။
သူက ခေါင်းငုံ့လိုက်ပြီး ရိုသေလေးစားစွာ ပြောသည်။
“ အရှင်… အရှေ့က ချိုင့်ဝှမ်းက မျောက်အုပ်စုနေထိုင်တဲ့ ချိုင့်ဝှမ်းပါ… မျောက်ဝံဘုရင်က ချိုင့်ဝှမ်းထဲမှာ ရှိပါတယ် ”
သီရှီထျန်သည် ချိုင့်ဝှမ်း၏ အရှေ့မှာ ရပ်လိုက်ပြီး အထဲသို့ လှမ်းကြည့်လိုက်သည်။ အကြည့်တစ်ချက်ဖြင့်ပင် စိတ်ထဲမှာ သူမချီးကျူးဘဲ မနေနိုင်ပေ။ ချိုင့်ဝှမ်းသည် အမှန်တကယ်ပင် နေရာကောင်းတစ်နေရာ ဖြစ်သည်။ ချိုင့်ဝှမ်းထဲမှာ သစ်သီးပင်အများအပြား တည်ရှိကြသည်။ အများစုက မက်မွန်ပင်များ ဖြစ်ကြသည်။ သစ်တော်သီးပင်များနှင့် ငှက်ပျောပင်များလည်း ရှိကြသည်။ ထူထဲသော မက်မွန်ကိုင်းများပေါ်တွင် လက်သီးဆုပ်အရွယ်ခန့်ရှိသော အနီရောင်မက်မွန်သီးများက ပြွတ်သိပ်စွာ သီးနေကြသည်။ ငှက်ပျောပင်များပေါ်တွင် ငှက်ပျောခိုင်များက ပြွတ်သိပ်နေကြသည်။ ထို့ကြောင့် ချိုင့်ဝှမ်းထဲမှာ သစ်သီးပေါင်းစုံ၏ မွှေးရနံ့က လှိုင်လှိုင်သင်းပျံ့နေသည်။
ချိုင့်ဝှမ်း၏ ဧရိယာက အလွန်ကျယ်ပြောသည်။ ချိုင့်ဝှမ်းထဲ၌ သစ်သီးပင်များကို မျက်စိတစ်ဆုံး မြင်တွေ့နိုင်ပေသည်။ ထို့ကြောင့် ယင်းက သစ်သီးခင်းနှင့် ပိုပြီးဆင်တူသည်။
ယခု သူက မိစ္ဆာလမ်းစဉ်ပေါ်သို့ လျှောက်လှမ်းပြီးပြီဖြစ်လေရာ လောက၏ အပြောင်းအလဲများကို ယခင်ကထက် ပိုပြီးအာရုံခံနိုင်သွားသည်။ သူက လေကို တစ်ချက်ရှူသွင်းလိုက်သည့်အခါ ဤချိုင့်ဝှမ်းထဲမှ ဝိညာဉ်စွမ်းအားက တခြားနေရာများထက် အများကြီး ပိုသိပ်သည်းနေကြောင်း ရှာတွေ့သွားသည်။ အကယ်၍ ဤနေရာမှာ သူကျင့်ကြံနိုင်မည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းက ပုံမှန်ထက် ပိုပြီးမြန်ဆန်သွားလိမ့်မည်။ ဝိညာဉ်စွမ်းအား ထိုသို့သိပ်သည်းနေသော ဤချိုင့်ဝှမ်းက ကျင့်ကြံရန် နေရာကောင်းတစ်နေရာဖြစ်သည်မှာ သံသယရှိရန် မလိုပေ။
“ ကွီ… ကွီ… ကွီ ”
သီရှီထျန်၏ နားရွက်က လှုပ်ခါသွားသည်။ မျောက်အော်သံများက ချိုင့်ဝှမ်းထဲမှ ဆက်တိုက် ထွက်ပေါ်လာနေကြောင်း သူကြားသည်။ အကယ်၍ သူက ချိုင့်ဝှမ်းကို သေချာဂရုတစိုက် ကြည့်မည်ဆိုလျှင် အရွယ်အစားစုံလင်သော မျောက်များက သစ်သီးပင်များပေါ်မှာ တွဲလောင်းရှိနေကြကြောင်း မြင်ရလိမ့်မည်။ မျောက်များသည် သွားဖြီးထားလျက် သူတို့၏ ခန္ဓာကိုယ်အနှံ့ကို ကုတ်နေကြသည်။ သူတို့ထဲမှ တချို့က အနီရောင်မက်မွန်သီးများကို ကိုက်စားနေကြသည်။ သူတို့က တစ်ကိုက်နှစ်ကိုက် ကိုက်စားပြီးလျှင် သစ်သီးကို မြေကြီးပေါ်သို့ ပစ်ချလိုက်ကြသည်။ သူတို့က ချိုင့်ဝှမ်းထဲမှာ ဝမ်းသာပျော်ရွှင်စွာ ပြေးလွှားဆော့ကစားနေကြသည်။
ရန်သူများသည်ပင် ချိုင့်ဝှမ်းထဲမှ ထိုမျောက်များ၏ ပျော်ရွှင်မှုကို ဖျက်ဆီးပစ်ရန် တုံ့ဆိုင်းနေကြလိမ့်မည်။
“ ဒီနေရာက မျောက်တွေနေထိုင်တဲ့ ချိုင့်ဝှမ်းပဲ… ဒီနေရာက အရမ်းကောင်းတယ်… တကယ်လို့ ငါသာ ကျားရဲတောင်တန်းဒေသကနေ မထွက်သွားဖြစ်ဘူးဆိုရင် ဒီနေရာမှာ နေထိုင်တာက ငါ့ရဲ့ ကျင့်ကြံခြင်းကို ပိုပြီးအကျိုးရှိစေလိမ့်မယ် ”
သီရှီထျန်က တိတ်တဆိတ် တွေးတောလိုက်သည်။ ထို့နောက် သူ၏ အကြည့်က မြန်ဆန်စွာ လေးနက်သွားသည်။
“ ဝေါင်း ”
သူက မောက်မာထောင်လွှားစွာ ခေါင်းမော့လိုက်ပြီး လွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံကို ထုတ်လွှတ်လိုက်သည်။ အသံသည် အရှိန်အဟုန်ကို ကိုယ်စားပြုသည်။ ထိုဟိန်းသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကျားရဲအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ဒီရေသဖွယ် ပေါ်လျှိုးလာပြီး ချိုင့်ဝှမ်းတစ်လျှောက် ဖုံးလွှမ်းသွားသည်။
ဧရာမကျားနက်က ချိုင့်ဝှမ်း၏ အရှေ့မှာ မတ်တတ်ရပ်နေစဉ် သားရဲဘုရင်အရှိန်အဝါက လွှမ်းမိုးဗိုလ်ကျစွာ ထွက်ပေါ်လာသည်။
“ ကွီ… ကွီ… ကွီ ”
သီရှီထျန်၏ ကျားဟိန်းသံက နေ့ခင်းဘက် ရုတ်တရက် မိုးကြိုးပစ်ချလိုက်ခြင်းနှင့် ဆင်တူသည်။ ချိုင့်ဝှမ်းထဲမှာ ပျော်ရွှင်စွာ ဆော့ကစားနေကြသော မျောက်များသည် ရုတ်တရက် ပေါ်လျှိုးလာသော ကျားရဲအရှိန်အဝါကြောင့် ထိတ်လန့်ချောက်ချားသွားကြသည်။ မျောက်တစ်ကောင်ပြီးတစ်ကောင်က မြေကြီးပေါ်သို့ လဲကျသွားကြသည်။ သူတို့က ထူးဆန်းသော အော်သံကို ထုတ်ဖော်လိုက်ပြီး ကြောက်လန့်တကြား ထွက်ပြေးကြသည်။
လူအများပြောကြသည်မှာ တောအုပ်ထဲမှာ ကျားမရှိလျှင် မျောက်များသည် တောဘုရင်များ ဖြစ်ကြသည်။
သို့သော်လည်း သားရဲဘုရင်၏ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက သူတို့ကို သဘာဝအလျောက် ကြောက်ရွံ့စေသည်။ ထို့ပြင် သီရှီထျန်၏ ကျားဟိန်းသံက သာမန်ကျားတစ်ကောင်ထက် အဆပေါင်းများစွာ ပိုပြီးအားကောင်းသည်။ ယင်းက လူသားများ၏ ရဲစွမ်းသတ္တိကိုပင် ဖြိုချပစ်နိုင်၏။
“ ဂရား… ဂရား ”
ထိုစဉ် တခြားမျောက်များထက် ပိုပြီးကျယ်လောင်သော အော်သံက ချိုင့်ဝှမ်း၏ အနက်ပိုင်းထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ အော်သံသည် ချိုင့်ဝှမ်းထဲမှ မြန်ဆန်စွာ ပျံ့လွင့်လာသည်။
သီရှီထျန်သည် ချိုင့်ဝှမ်း၏ အရှေ့မှာ ကြီးကျယ်မြင့်မြတ်စွာ ရပ်နေသည်။ ချိုင့်ဝှမ်းဆီသို့ သူစိုက်ကြည့်လိုက်လေရာ သူ၏ ကျားမျက်လုံးက အရောင်တောက်ပသွားသည်။ အထူးသဖြင့် ထိုအော်သံကို သူကြားလိုက်သည့်အခါ သူ၏ မျက်လုံးထဲမှ အလင်းက ပိုပြီးတောက်ပသွား၏။
ထို့နောက် ရွှေရောင်အလင်းက သူ၏ အရှေ့မှာ ထွက်ပေါ်လာကြောင်း သီရှီထျန် မြင်သွားသည်။ လူသားတစ်ယောက်၏ လက်ဖဝါးသဏ္ဍာန်ရှိသော လက်သည်းတစ်ခုသည် ရက်စက်ကြမ်းကြုတ်သော သားရဲအရှိန်အဝါကို သယ်ဆောင်လျက် သီရှီထျန်၏ ဦးခေါင်းပေါ်သို့ တန်းမတ်စွာ ကျဆင်းလာသည်။ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက သူ့အပေါ်သို့ သက်ရောက်လာသည်။
ယင်းကို စက်ကရာမြင်သောအခါ သူ၏ နှလုံးက တည်ငြိမ်သွားသည်။ သူက အနောက်မဆုတ်သွားသလို ခန္ဓာကိုယ်ကို မလှုပ်ရှားပေ။ သူက ကျားလက်သည်းကို ရိုးရှင်းစွာ မြှောက်တင်လိုက်သည်။ ဤတိုက်ခိုက်မှုတွင် မည်သည့်မိစ္ဆာစွမ်းအားကိုမှ သူအသုံးမပြုပေ။ သူက ရုပ်ခွန်အားသီးသန့်ကိုသာ အသုံးပြုထားသည်။ သူက တစ်ခဏ အံ့ဩသွားသော်လည်း ရွှေရောင်လက်သည်း၏ အရှေ့မှာ အမှန်တကယ် ထွက်ပေါ်လာသည်။
“ ဘန်း ”
ကျားလက်သည်းနှင့် ရွှေရောင်လက်သည်းတို့ အပြန်အလှန် ထိပ်တိုက် တွေ့ဆုံသွားကြသည်။ ထို့နောက် ကြီးမားသော အင်အားက လေထဲမှာ တိုက်ရိုက် ပေါက်ကွဲသွားသည်။ စက်ကရာ၏ ခန္ဓာကိုယ်သည် နေရာမှ လုံးဝ မရွေ့သွားပေ။ သူ၏ ခြေထောက်များသည်ပင် မတုန်ခါသွားပေ။ သူက တောင်ကြီးတစ်တောင်ပမာ နေရာမှာ မြဲမြံနေသည်။ တစ်ဖက်မှာတော့ သူ့အပေါ်သို့ ခုန်ဝင်လာသော ရွှေရောင်ပုံရိပ်က ပြင်းထန်သော သက်ရောက်အားကြောင့် အနောက်သို့ လွင့်စင်သွား၏။
“ ဘယ်လောက်သန်မာလိုက်တဲ့ ခွန်အားလဲ ”
စက်ကရာ၏ မျက်နှာအမူအရာက လုံးဝ မပြောင်းလဲသွားပေ။ သူက တစ်ဖက်လူ၏ တိုက်ခိုက်မှုကို အလွယ်တကူ ခုခံကာကွယ်နိုင်ခဲ့ဟန် ရ၏။ သို့တိုင် သူ၏ စိတ်ထဲမှာ အနည်းငယ် အံ့ဩသွားသည်။ တစ်ဖက်လူ၏ ခွန်အားသည် သူ့ထက် အနည်းငယ်မျှသာ အားနည်းသည်။ တစ်ခုသိထားရမည်မှာ မိစ္ဆာလမ်းစဉ်ကို သူလျှောက်လှမ်းပြီးသည့်နောက်တွင် သူ၏ ခန္ဓာကိုယ်က မိစ္ဆာစွမ်းအား၏ အားဖြည့်ပေးမှုကြောင့် ဖြည်းဖြည်းချင်း ပိုပြီးသန်စွမ်းလာသည်။
သူ၏ ခန္ဓာကိုယ်သော်လည်းကောင်း သို့မဟုတ် ရုပ်ခွန်အားသော်လည်းကောင်း ယခင်ကထက် အများကြီး ပိုသန်မာလာသည်။ သူကိုယ်တိုင်သည်ပင် ကွာခြားမှုက မည်မျှကြီးမားကြောင်း မသိပေ။ သို့သော်လည်း ယခု သူက ရုပ်ခွန်အားတွင် သူ့ကို ယှဉ်ပြိုင်နိုင်သော တိရိစ္ဆာန်တစ်ကောင်ကို အမှန်တကယ် ရှာတွေ့သွား၏။ သို့ဖြစ်လေရာ သူမအံ့ဩဘဲ မနေနိုင်ပေ။
အစောနက လက်သည်းချက်၏ ခွန်အားအရ တစ်ဖက်လူ၏ ရုပ်ခွန်အားက သူ့ထက် အများကြီး အားမနည်းကြောင်း သီရှီထျန် နားလည်သွားသည်။ ပိုပြီးအံ့ဩစရာကောင်းသည်မှာ တစ်ဖက်လူ၏ ရုပ်ခွန်အားထဲမှာ မည်သည့်မိစ္ဆာစွမ်းအားမှ မပါရှိပေ။ ယင်းက ရုပ်ခွန်အားချည်းသက်သက် ဖြစ်၏။
“ ဂရား… ဂရား ”
သီရှီထျန်က ခေါင်းမော့လိုက်ပြီး အရှေ့သို့ စိုက်ကြည့်လိုက်သည်။ သူ့အရှေ့မှ ပုံရိပ်ကို သေချာမြင်သွားသည့်အခိုက် သူက မျက်လုံးဝင်းလက်သွားသည်။
သူနှင့် မနီးမဝေးတွင် လူရွယ်တစ်ယောက်ခန့် မြင့်မားသော ရွှေရောင်မျောက်ဝံတစ်ကောင် ရပ်နေသည်။ ထိုမျောက်ဝံ၏ တစ်ကိုယ်လုံးပေါ်မှ အမွှေးအမျှင်များက ရွှေရောင်ဖြစ်သည်။ သူ၏ မျက်လုံးထဲမှာ သတိကြီးစွာထားသော အရိပ်အယောင်ရှိ၏။ ထို့ပြင် သာမန်တိရိစ္ဆာန်များဆီမှာ မရှိသော ဝိညာဉ်အသိဉာဏ်က သူ့မှာ ရှိသည်။ ရံဖန်ရံခါ လူသားသဘာဝ၏ စိတ်ခံစားချက်အလင်းက သူ၏ မျက်လုံးထဲမှာ လင်းလက်သွားသည်။ သူ၏ လက်မောင်းများက လူသားတစ်ယောက်၏ လက်မောင်းထက် နှစ်ဆသုံးဆ ပိုပြီးတုတ်ခိုင်သန်မာသည်။
“ မျောက်ဝံဘုရင်… ငါအရှင်ရဲ့ လက်အောက်မှာ အညံ့ခံပါ… တကယ်လို့ မင်းသဘောမတူရင် ဒီချိုင့်ဝှမ်းထဲက မျောက်တွေအားလုံး အသတ်ခံရမယ် ”
သီရှီထျန်က သူ၏ ဆန္ဒကို မျောက်ဝံဘုရင်အား တိုက်ရိုက် ပြောသည်။
တောအုပ်ထဲတွင် သွယ်ဝိုက်ပြောနေရန် မလိုပေ။ အကောင်းဆုံး နည်းလမ်းက သူ၏ ရည်ရွယ်ချက်ကို တိုက်ရိုက် ဖော်ပြရန် ဖြစ်သည်။
မျောက်ဝံဘုရင်က မျက်လုံးဝင်းလက်သွားသည်။ သူက မျောက်မျိုးနွယ်စု၏ ဘုရင်ဖြစ်သည်။ သာမန်ကျားများကို သူက မျက်လုံးထဲ မထည့်ပေ။ မည်သို့ဖြစ်ပါစေ သူ၏ ရုပ်ခွန်အားဖြင့်ဆိုလျှင် အရွယ်ရောက် သာမန်ကျားတစ်ကောင်ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်နိုင်စွမ်းရှိ၏။
“ ငါ့ကို အညံ့ခံစေချင်ရင် မင်းငါ့ကို အရင်အနိုင်ရမှ ဖြစ်မယ် ”
မျောက်ဝံဘုရင်က စူးရှသော အသံဖြင့် အော်လိုက်သည်။ တောအုပ်ထဲတွင် ခွန်အားကြီးမားသူက ရိုသေလေးစားခံရမည်။ အကယ်၍ သူ့ကို အညံ့ခံစေချင်လျှင် အရင်ဦးစွာ သူ့ကို အနိုင်ယူရမည်။ သို့မှသာ သူက သီရှီထျန်ကို စိတ်ရောကိုယ်ပါ အညံ့ခံလိမ့်မည်။
မှန်ပေသည်။ အညံ့ခံခြင်းက သစ္စာရှိမည်ဟု မဆိုလိုပေ။ အကယ်၍ သူ့ကို သစ္စာရှိစေချင်သည်ဆိုလျှင် သီရှီထျန်၏ နည်းလမ်းများကို အနာဂတ်မှာ သူစောင့်ကြည့်ရဦးမည်။
“ ဝေါင်း”
သီရှီထျန်က ကောင်းကင်ကို မော့ကြည့်၍ ဟိန်းဟောက်လိုက်သည်။ တစ်ဖက်လူကို သူအနိုင်မယူလျှင် မျောက်ဝံဘုရင်က သူ့ကို အညံ့ခံလိမ့်မည် မဟုတ်ကြောင်း သူသိသည်။ သူ့ကို အနိုင်ယူခြင်းကသာ သိမ်းသွင်းနိုင်လိမ့်မည်။ သူက တောအုပ်၏ အရှင်သခင်ဖြစ်သည်။ မျိုးနွယ်စုများ၏ ဘုရင်များသည်ပင် သူ့ကို အညံ့ခံရလိမ့်မည်။