← Chapters

အခန်း (၃၆)

Vol. 3 Ch. 36

အခန်း (၃၆)

Vol. 3 Ch. 36

အခန်း(၃၆)

တိုက်မယ်… ။

ရန်သူ အညံ့မခံမချင်း တိုက်မယ်… ။

သီရှီထျန်သည် နောက်ထပ် စကားအပိုမပြောပေ။ သူ၏ အနောက်ခြေထောက်နှစ်ချောင်းကို မြေကြီးပေါ် ဆောင့်လိုက်သည်။ ကြီးမားသော သက်ရောက်အားနှင့်အတူ သူ၏ ထွားကြိုင်းသန်မာသော ခန္ဓာကိုယ်က လေထဲသို့ လွှားခနဲ ပျံတတ်သွားသည်။ သူက မည်သည့်မိစ္ဆာစွမ်းအားမှ အသုံးမပြုပေ။ အဘယ့်ကြောင့်ဆိုသော် သူက သူ့ကိုယ်ပိုင်ရုပ်ခွန်အား သို့မဟုတ် မျောက်ဝံဘုရင်၏ ရုပ်ခွန်အားကို စမ်းသပ်ချင်သည်။

ကျားလက်သည်းနှစ်ခုက မျောက်ဝံဘုရင်ထံသို့ ဦးတည်သွားသည်။ ကျားလက်သည်း၏ အလွန်ထက်ရှမှုကြောင့် လေထဲမှာ “ ကျီ ကျီ ”ဟူသော မြည်သံပင် ထွက်ပေါ်လာသည်။ ယင်းတို့က မျောက်ဝံဘုရင်၏ မျက်နှာတည့်တည့်ပေါ်သို့ ကျဆင်းသွားကြသည်။

“ ဂါး… ဂါး… ”

မျောက်ဝံဘုရင်သည်လည်း လှုပ်ရှားလိုက်သည်။ ရွှေရောင်လက်သည်းနှစ်ခုက သူ၏ ရင်ဘက်အရှေ့မှာ မြန်ဆန်စွာ ရွေ့လျားသွားသည်။ ယင်းတို့က အလွန်မြန်ဆန်လေရာ သူ၏ ခန္ဓာကိုယ်ပေါ်မှာ လက်အများကြီး ရှိနေသည့်အလား အောက်မေ့ရ၏။ ချွန်ထက်သော လက်သည်းအလင်းတန်းများက သီရှီထျန်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

“ ဘန်း… ဘန်း… ဘန်း… ”

ခပ်အုပ်အုပ် မြည်သံများ တရစပ် ထွက်ပေါ်လာသည်။ သားရဲဘုရင်နှစ်ပါးကြားမှ ပြင်းထန်သော တိုက်ပွဲက ချိုင့်ဝှမ်းထဲမှာ ချက်ချင်း ဖြစ်ပေါ်လာသည်။

သီရှီထျန်၏ အကြည့်က စူးရှသည်။ သူ၏ ကျားလက်သည်းများထဲမှာ သူ့ကိုယ်ပိုင် လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါ ကိန်းအောင်းနေသည်။ သူ၏ လက်သည်းကို ဝှေ့ယမ်းလိုက်သည့်အခါတိုင်း အစွမ်းထက်သော လျှို့ဝှက်အင်အားတစ်ခု ပေါ်လျှိုးလာဟန် ရ၏။ ယင်းက သူ့အရှေ့မှ အရာအားလုံးကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်နိုင်စွမ်းရှိသည်။ ဤအခိုက်အတန့်မှာ သူ၏ တစ်ကိုယ်လုံးက ထက်ရှသော လက်နက်တစ်ခုသဖွယ် ပြောင်းလဲသွားသည်။ သူ၏ ဧရာမခန္ဓာကိုယ်က ဝင်ဆောင့်ခြင်း၊ ဖိနှိပ်ခြင်းကို ဆက်တိုက် ပြုလုပ်နေသည်။ သူ၏ ကျားပါးစပ်က ချွန်ထက်သော သွားအစွယ်များကို ဖော်ထုတ်ပြလိုက်သည်။ သူ၏ ကျားအမြှီးသည် မြွေတစ်ကောင်ပမာ လျှင်မြန်သွက်လက်ပြီး မဖြစ်နိုင်သော ထောင့်များမှ ကြမ်းတမ်းစွာ လွှဲရိုက်နေသည်။

သီရှီထျန်၏ လက်ရှိ ခွန်အားအရ သူ၏ ကျားအမြှီးရိုက်ချက်က တောရိုင်းဝက်ဝံတစ်ကောင်ကို တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်စွမ်းရှိသည်။ တစ်စုံတစ်ယောက်က သူ၏ ကျားအမြှီးဖြင့် အရိုက်ခံရမည်ဆိုလျှင် အဆုံးသတ်ကောင်းလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း မျောက်ဝံဘုရင်သည် သာမညောင်ညစွမ်းရည်ဖြင့် ဤနေရာမှာ ဘုရင်လုပ်နေခြင်း မဟုတ်ပေ။ သူ၏ ခန္ဓာကိုယ်က အလွန်လျှင်မြန်သည်။ သူက သီရှီထျန်၏ ခန္ဓာကိုယ်တစ်ဝိုက်၌ မြန်ဆန်စွာ ရွေ့လျားနေသည်။ သူလှုပ်ရှားလိုက်သည့်အခါတိုင်း လေထဲမှာ ရွှေရောင်ပုံရိပ်များ ကျန်နေခဲ့လိမ့်မည်။ သူ၏ လက်သည်းရိုက်ချက်များသည်လည်း အလွန်မြန်ဆန်သည်။

သီရှီထျန်က လက်သည်းတစ်ချက် ထုတ်ဖော်လိုက်စဉ် မျောက်ဝံဘုရင်က အနည်းဆုံး လက်သည်းသုံးချက်ကို ချက်ချင်း ထုတ်ဖော်လိမ့်မည်။ လျှင်မြန်သွက်လက်မှုပိုင်းတွင် မျောက်ဝံဘုရင်က အမှန်တကယ် ထူးချွန်သည်။

“ အဲ့ဒီကောင်လေးက တကယ်စိတ်ဝင်စားဖို့ ကောင်းတယ်… ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်နေရတာ မဟုတ်ရင် အဲ့ဒါကို ယုံကြည်နိုင်မှာ မဟုတ်ဘူး… မိစ္ဆာမဖြစ်လာသေးတဲ့ ကျားနက်တစ်ကောင်က လက်အောက်ငယ်သားတွေကို ခေါ်ယူချင်ပြီး သူ့ကိုယ်ပိုင်အင်အားစုတစ်ခု တည်ဆောက်ချင်နေတယ်လား… အဲ့ဒီကျားနက်ရဲ့ အသိဉာဏ်က အရမ်းမြင့်တယ်… အဲ့ဒါက ဝိညာဉ်အသိဉာဏ်ဖွင့်ဖြိုးပြီးတဲ့ တိရိစ္ဆာန်တွေ လုပ်ဆောင်နိုင်တဲ့အရာ မဟုတ်ဘူး ”

ထိုအခိုက်အတန့်မှာ မျောက်များနေထိုင်သော ချိုင့်ဝှမ်းနှင့် မနီးမဝေးမှ တောင်ထွတ်တစ်ခုပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက မတ်တတ်ရပ်နေသည်။ သူက ခေါင်းငုံ့ထားပြီး ချိုင့်ဝှမ်းထဲမှ တိုက်ပွဲကို ကြည့်ရှုနေသည်။ သူ၏ နှလုံးသားထဲမှ အံ့ဩမှုက ပိုပြီးကြီးမားလာသည်။

သီရှီထျန်၏ လုပ်ဆောင်မှုများက ဝိညာဉ်အသိဉာဏ်ရှိသော သားရဲများနှင့် လုံးဝ ကွဲပြားခြားနားသည်။ ပုံမှန်အားဖြင့် တိရိစ္ဆာန်များသည် ဝိညာဉ်အသိဉာဏ်ဖွင့်ဖြိုးပြီးလျှင်ပင် ဉာဏ်ထုံထိုင်းကြဆဲပင်။ သူတို့ဆီမှာ လူသားတစ်ယောက်ကဲ့သို့ တွေးတောစဉ်းစားနိုင်စွမ်း မရှိပေ။ သူတို့က နေနှင့်လ၏ အနှစ်သာရကို မည်သို့စုပ်ယူနိုင်ကြောင်းသာ သိကြသည်။ ယင်းက သူတို့၏ ပင်ကိုယ်ဗီဇတုံ့ပြန်မှုလည်း ဟုတ်၏။ သူတို့က ကိုယ့်ဘာသာ ကျင့်ကြံရန် မစဉ်းစားနိုင်ကြပေ။ မိစ္ဆာတစ်ကောင်ဖြစ်လာပြီးမှသာလျှင် သူတို့က လူသားများကဲ့သို့ တွေးတောစဉ်းစားနိုင်ကြလိမ့်မည်။

သို့သော်လည်း ထိုကျားနက်က ထူးခြားသည်။ သူက သူ့ဘာသာ မည်သို့ကျင့်ကြံရမည်ဖြစ်ကြောင်း သိသည်။ ထို့ပြင် သူက တောင်တန်းဒေသထဲမှ ဝိညာဉ်အသိဉာဏ်ရှိသော တခြားသားရဲဘုရင်များကို သိမ်းသွင်းရန်လည်း ကြံစည်နေသည်။ ယင်းက ဝိညာဉ်အသိဉာဏ်ရှိသော သာမန်တိရိစ္ဆာန်များ လုပ်ဆောင်နိုင်သောအရာ မဟုတ်ပေ။ အကယ်၍ သူတို့က မိစ္ဆာဖြစ်လာလျှင်ပင် သူတို့၏ ကိုယ်ပိုင်နယ်မြေကိုသာ ကာကွယ်စောင့်ကြပ်ကြလိမ့်မည်။ သူတို့ထဲမှ အနည်းစုသာ ထွက်သွားကြလိမ့်မည်။

“ ကြည့်ရတာ ငါက မသေမျိုးကျင့်ကြံခြင်းလောကမှာ မကြာခင် ထွန်းတောက်လာမယ့် ငါ့ရဲ့ အမျိုးအနွယ်တစ်ယောက်ကို မမျှော်လင့်ဘဲ တွေ့ဆုံသွားတဲ့ပုံပဲ ”

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက နှုတ်ခမ်းဖိကိုက်လိုက်ပြီး သိမ်မွေ့စွာ ပြုံးသည်။ သူက နောက်ထပ် မပြောပေ။ သူက ချိုင့်ဝှမ်းထဲမှ ပြင်းထန်သော တိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေသည်။

ထိုအခိုက်အတန့်မှာ ချိုင့်ဝှမ်းထဲမှ တိုက်ပွဲက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

“ ဂရောင်း ”

လွှမ်းမိုးဗိုလ်ကျသော ဟိန်းသံက သီရှီထျန်၏ ပါးစပ်မှ ထွက်ပေါ်လာသည်။ သူက ကျားဟိန်းသံအတတ်ကို အသုံးမပြုခဲ့သော်လည်း သူ၏ ဟိန်းသံထဲမှာ ကြောက်မက်ဖွယ်ကောင်းသော သားရဲဘုရင်အရှိန်အဝါက သဘာဝအလျောက် ကိန်းအောင်းနေသည်။ ထို့ကြောင့် ကျားဟိန်းသံ ထွက်ပေါ်လာသည့်အခိုက် သူ၏ ဘေးပတ်ပတ်လည်မှာ မြန်ဆန်စွာ ရွေ့လျားနေသော မျောက်ဝံဘုရင်၏ ခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်သွား၏။ ယင်းက တဒင်္ဂမျှသာ ဖြစ်သော်လည်း သီရှီထျန်အတွက် လုံလောက်ပေသည်။

သူက အနက်ရောင်ကျားအမြှီးကို လေထဲသို့ မြှောက်တင်လိုက်ပြီး မျောက်ဝံဘုရင်ပေါ်သို့ ကြမ်းတမ်းစွာ ရိုက်ချလိုက်သည်။

“ ဘန်း ”

မျောက်ဝံဘုရင်က ကျားဟိန်းသံကြောင့် ရပ်တန့်သွားစဉ် ဟာကွက်က သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။ သီရှီထျန်က ယင်းကို ကြိုတင်တွက်ဆထားသောကြောင့် သူ၏ ကျားအမြှီးက အချိန်ကိုက် ထွက်ပေါ်လာသည်။ မျောက်ဝံဘုရင် ရပ်တန့်သွားသည်နှင့်တစ်ပြိုင်နက် ကျားအမြှီးက သူ့ဘေးမှာ ထွက်ပေါ်လာသည်။ မျောက်ဝံဘုရင်သည် ရှောင်တိမ်းချင်လျှင်ပင် မရှောင်တိမ်းနိုင်ပေ။ ပြင်းထန်သော ရိုက်ချက်ကြောင့် မျောက်ဝံဘုရင်၏ ခန္ဓာကိုယ်က အဝေးသို့ လွင့်စင်သွားပြီး မြေကြီးပေါ်သို့ ကြမ်းတမ်းစွာ ပြုတ်ကျသွားသည်။ သူက မြေကြီးပေါ်မှာ လှိမ့်လိုက်ပြီး ပြန်ရပ်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ထိုကြာပွတ်ရိုက်ချက်က အဆုံးသတ်မဟုတ်သေးပေ။ သီရှီထျန်၏ ကျားအမြှီးက မျောက်ဝံဘုရင်၏ ခြေထောက်ကို ထပ်မံ ရိုက်ချလိုက်သည်။

ထို့ကြောင့် မျောက်ဝံဘုရင်သည် မတ်တတ်ပြန်ရပ်ရန် ကြိုးစားလိုက်စဉ် သူ၏ ညာခြေထောက်ထံမှ စူးရှသော နာကျင်မှုကို ခံစားမိသွားသည်။ သူက အစောနကကဲ့သို့ လျှင်မြန်စွာ မရွေ့လျားနိုင်တော့ပေ။

“ ဝေါင်း ”

ထိုအခိုက်အတန့်မှာ သီရှီထျန်က မျောက်ဝံဘုရင်ကို နောက်ထပ် အခွင့်အရေးမပေးဘဲ အရှေ့သို့ ခုန်အုပ်လိုက်သည်။ သူ၏ အားကောင်းသန်မာသော ကျားလက်သည်းနှစ်ခုက မျောက်ဝံဘုရင်၏ လက်မောင်းနှစ်ဖက်ပေါ်သို့ ချက်ချင်း ဖိကျလာသည်။ သူ၏ သန်စွမ်းသော ခွန်အားကြောင့် မျောက်ဝံဘုရင်က မည်သို့ရုန်းကန်ပါစေ သီရှီထျန်၏ လက်ထဲမှ မလွတ်မြောက်နိုင်ပေ။

ထို့နောက် ကျားအစွယ်များ ထွက်ပေါ်နေသော ဧရာမပါးစပ်က မျောက်ဝံဘုရင်၏ မျက်လုံးအရှေ့မှာ ထွက်ပေါ်လာသည်။ ချွန်ထက်သော သွားအစွယ်များက သူ၏ လည်ပင်းကို အချိန်မရွေး ကိုက်ပစ်နိုင်၏။

“ အညံ့ခံမလား… အသေခံမလား ”

သီရှီထျန်၏ အသံက ဖော်မပြနိုင်အောင် အေးစက်နေသည်။ တောအုပ်ထဲတွင် သနားညှာတာမှုမရှိပေ။ ခွန်အားကြီးမားသူသည် ရိုသေလေးစားခံရမည်။ ယခု သူက မျောက်ဝံဘုရင်ကို အနိုင်ရသွားလေရာ တစ်ဖက်လူကို အညံ့ခံစေရန် ဖိအားပေးနိုင်သွားသည်။

“ ဂါး… ဂါး ”

မျောက်ဝံဘုရင်၏ မျက်လုံးထဲမှာ ဝိညာဉ်အလင်း ထွက်ပေါ်လာသည်။ သူက နှစ်ကြိမ်အော်ပြီးလျှင် ဖြည်းဖြည်းချင်း ခေါင်းငုံ့လိုက်သည်။ မည်သည့်ဝိညာဉ်သားရဲမဆို သေရမည်ကို ကြောက်ကြသည်။ ထို့ပြင် သီရှီထျန်က သူ့ကိုယ်ပိုင်ခွန်အားဖြင့် သူ့ကို အနိုင်ယူခဲ့သည်။ သို့ဖြစ်လေရာ သီရှီထျန်ကို အညံ့ခံခြင်းက သူ့အတွက် ခက်ခဲသောကိစ္စ မဟုတ်ပေ။

“ အရှင်… ဒီငယ်သားက အညံ့ခံပါတယ် ”

မျောက်ဝံဘုရင်၏ အညံ့ခံမှုကို မြင်သောအခါ သီရှီထျန်က သူ၏ ကျားလက်သည်းများကို ပြန်ရုပ်သိမ်းလိုက်သည်။

“ ဂီး… ”

ရွှေရောင်မျောက်ဝံသည် မြေကြီးပေါ်မှာ ပြန်ထရပ်လိုက်သည်။ သူက အနောက်လှည့်လိုက်ပြီး ချိုင့်ဝှမ်းထံသို့ ဟိန်းအော်လိုက်သည်။ ချက်ချင်းဆိုသလိုပင် အရွယ်အစားစုံလင်သော မျောက်တစ်ထောင်ကျော်က ချိုင့်ဝှမ်းထဲမှ အမြန်ပြေးထွက်လာကြသည်။ သူတို့၏ မျက်လုံးထဲမှာ ကြောက်ရွံ့မှုတစ်စွန်းတစ်စ ရှိနေသေးသော်လည်း သူတို့က မျောက်ဝံဘုရင်၏ အနောက်မှာ မြန်ဆန်စွာ စုဝေးလိုက်ကြသည်။

“ အရှင်သခင်ကို အရိုအသေပေးပါတယ် ”

မျောက်ဝံဘုရင်သည် မျောက်အုပ်စုကို ဦးဆောင်၍ သီရှီထျန်ကို ရိုသေလေးစားစွာ ဦးညွတ်လိုက်သည်။

“ ကောင်းတယ် ”

သီရှီထျန်က ခေါင်းညိတ်လိုက်ပြီး မျောက်ဝံဘုရင်ကို ကြည့်လိုက်သည်။

“ ဒီနေ့ကစပြီး မင်းက ဒီအရှင်ရဲ့ လက်အောက်က ဒုတိယမြောက် သားရဲဘုရင်ဖြစ်သွားပြီ… မင်းက မျောက်ဝံဖြစ်တယ်… မျောက်ဝံတွေက ယွမ်မျိုးရိုးနာမည်ကို ခံယူသင့်တယ်… မင်းရဲ့ လက်သည်းတွေက ချွန်ထက်တယ်… အနာဂတ်မှာ မင်းရဲ့ ခွန်အားက ကောင်းကင်ကို ဆုတ်ဖြဲပစ်နိုင်တဲ့အထိ သန်မာလာရမယ်… ဒါကြောင့် ငါမင်းကို ယွမ်ထျန်းလို့ နာမည်ပေးမယ်… ဒီအရှင်က သီရှီထျန်… ”

သူက မျောက်ဝံဘုရင်ကို သူ၏ လက်အောက်ငယ်သားတစ်ယောက်အဖြစ် သတ်မှတ်လိုက်သည်။ ထိုသို့ဆိုမှတော့ သူ့မှာ နာမည်တစ်ခုရှိသင့်သည်။

မျောက်ဝံဘုရင်သည် ဝိညာဉ်အသိဉာဏ်ဖြင့် မွေးဖွားလာသူ ဖြစ်သည်။ ယခု သူ့မှာ ကိုယ်ပိုင်နာမည်ရှိသွားကြောင်း ကြားသောအခါ သူက အလွန်ပျော်ရွှင်သွားသည်။ သူက လက်သည်းဖြင့် ခေါင်းကုတ်လိုက်ပြီး မြေကြီးပေါ်မှာ ခုန်ပေါက်လိုက်သည်။

သူက ပိုပြီးရိုသေလေးစားသော လေသံဖြင့် ပြောသည်။

“ ဒီငယ်သားကို နာမည်အပ်နှင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင် ”

သူက ထိုသို့ပြောပြီးနောက် နောက်တစ်ကြိမ် ခေါင်းကုတ်လိုက်ပြီး ပြောသည်။

“ အရှင်… ကျေးဇူးပြုပြီး ကျွန်တော့်အနောက်ကို လိုက်ခဲ့ပါ ”

သူက စကားဆုံးသည်နှင့် မျောက်အုပ်စုကို ခေါ်၍ ချိုင့်ဝှမ်း၏ အနက်ပိုင်းထဲသို့ ဦးတည်သွားသည်။

သီရှီထျန်သည် ဝံပုလွေဘုရင်ပိုင်ယွဲ့ကို ခေါ်ဆောင်၍ ချိုင့်ဝှမ်းထဲသို့ ယွမ်ထျန်း၏ အနောက်မှ လိုက်သွားသည်။

ချိုင့်ဝှမ်း၏ အပြင်ဘက်မှ ခံစားချက်နှင့် ချိုင့်ဝှမ်း၏ အတွင်းဘက်မှ ခံစားချက်က လုံးဝ ကွဲပြားခြားနားသည်။ မွှေးပျံ့သော သစ်သီးရနံ့က လေထဲမှာ ပျံ့နှံ့နေသည်။ လေကို ရှူသွင်းလိုက်သည့်အခါတိုင်း သစ်သီးရနံ့က သူ၏ နှာခေါင်းထဲသို့ တိုးဝင်လာပြီး အဆုတ်ထဲသို့ ဝင်ရောက်သွားသည်။ ချိုင့်ဝှမ်းထဲမှာ အလွန်ပေါကြယ်ဝသော ဝိညာဉ်စွမ်းအားဖြင့် ပြည့်နှက်နေ၏။ ယင်းက သက်ရှိများကို အလိုအလျောက် စိတ်ရွှင်လန်းစေပြီး ဝမ်းသာပျော်ရွှင်စေသည်။

သူတို့က လမ်းလျှောက်နေရင်း ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။ ဤနေရာက အမှန်တကယ်ပင် ရှားပါးရတနာကုန်းမြေတစ်ခု ဖြစ်သည်။ သစ်သီးပင်များက တောအုပ်တစ်ခုသဖွယ် အစုလိုက်အပြုံလိုက် စုဝေးရှိနေကြသည်။ တောအုပ်ထဲတွင် အေးမြကြည်လင်သော ရေကန်တစ်ကန် ရှိသည်။ ရေကန်၏ အပေါ်ယံရေက မအေးသော်လည်း ရေကန်အောက်ခြေမှ ရေက အရိုးခိုက်ခိုက်တုန်အောင် အေးသည်။ ယင်းက ရေကန်၏ အံ့ဖွယ်ကောင်းသော အချက်တစ်ချက် ဖြစ်သည်။

သစ်သီးပင်တောအုပ်ကို ဖြတ်ကျော်သွားပြီးနောက် သူတို့၏ အရှေ့မှာ ရုတ်တရက် လမ်းပွင့်သွားသည်။

ယင်းက မြေကွက်လပ်တစ်ခု ဖြစ်သည်။ မြေကွက်လပ်၏ အရှေ့တွင် လှိုဏ်ဂူကြီးတစ်ခု ရှိသည်။ လှိုဏ်ဂူ၏ အရှေ့တွင် အရပ်ရှည်သော မျောက်ဝံတချို့က စောင့်ကြပ်နေကြသည်။ ထိုမျောက်ဝံများ၏ အကြည့်က စူးရှသည်။ သူတို့က သတိကြီးစွာထား၍ နေရာတိုင်းကို အစဉ်မပြတ် စောင့်ကြည့်နေကြသည်။ မည်သည့်အရာမှ သူတို့၏ မျက်လုံးအောက်မှ မလွတ်မြောက်နိုင်ဟန် ရ၏။

မျောက်ဝံဘုရင်ယွမ်ထျန်းက သီရှီထျန်နှင့် တခြားလူများကို ခေါ်ဆောင်လာကြောင်း သူတို့မြင်သွားသောအခါ ကြောက်ရွံ့သော အရိပ်အယောင်က သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သားရဲဘုရင်အပေါ် သူတို့၏ ကြောက်စိတ်ကို အလွယ်တကူ မဖယ်ရှားနိုင်ပေ။

“ အရှင်… ကျေးဇူးပြုပြီး လှိုဏ်ဂူထဲ လိုက်ခဲ့ပါ ”

မျောက်ဝံဘုရင်က လှိုဏ်ဂူထဲသို့ ဦးဆောင်ဝင်သွားသည်။ စိတ်လှုပ်ရှားသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သီရှီထျန်က အနောက်မှ လိုက်သွားသည်။

“ အမ်… ဘယ်လောက်မွှေးလိုက်တဲ့ ဝိုင်အနံ့လဲ ”

လှိုဏ်ဂူထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း သီရှီထျန်က နှာတရှုပ်ရှုပ် လုပ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် မွှေးပျံ့သော ဝိုင်အနံ့က သူ၏ နှာခေါင်းဝထဲသို့ တိုးဝင်လာသည်။ အသက်ပြင်းပြင်းရှူသွင်းလိုက်သည့်အခါ သူ၏ စိတ်က ချက်ချင်း ကြည်လင်လန်းဆန်းသွားသည်။ သူက ထိုသို့မွှေးပျံ့သော ဝိုင်အနံ့ကို ယခင်က တစ်ခါမှ မရဖူးပေ။ ဝိုင်အနံ့က အလွန်ထူးဆန်းသည်။ ဤအခိုက်အတန့်မှာ သူ၏ မျက်လုံးက ဝင်းလက်သွားပြီး အတွေးတစ်ခုက သူ့စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။

All Chapters