← Chapters

အခန်း (၃၉)

Vol. 3 Ch. 39

အခန်း (၃၉)

Vol. 3 Ch. 39

အခန်း(၃၉)

“ တတိယဦးလေး… ဒုတိယဦးလေး… ချန်းအာက ဦးလေးတို့ရဲ့ ညွှန်ကြားမှုအတိုင်း မင်းသမီးချူယွမ်ရဲ့ တောင်းဆိုမှုကို သဘောတူလိုက်ပါတယ်… မင်းသမီးချူယွမ်က တောင်တန်းဒေသထဲမှာ မိစ္ဆာဖြစ်တဲ့အထိ ကျင့်ကြံထားနိုင်တဲ့ ကျားနက်တစ်ကောင်ကို ဝိညာဉ်သားရဲအဖြစ် ဖမ်းဆီးချင်နေပါတယ် ”

လီသွမ့်ချန်းက သူတို့နှစ်ယောက်ကို ရိုသေလေးစားစွာ တင်ပြသည်။

သူ့စကားကို ကြားသောအခါ ဘယ်ဘက်မှ သက်လတ်ပိုင်းအမျိုးသားက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။ သူက ခေါင်းညိတ်လိုက်ပြီး အသိအမှတ်ပြုလိုက်သည်။

“ သွမ့်ချန်း… မင်းလုပ်တာ တော်တယ်… မှတ်ထားပါ… ကျားနက်ကို ဖမ်းဆီးတာက ကိစ္စသေးသေးလေးပဲ… အရေးကြီးတာက မင်း ချူတော်ဝင်မိသားစုနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ပဲ… မင်းသမီးချူယွမ်ရဲ့ နှလုံးသားကို မင်းသိမ်းပိုက်နိုင်မယ်ဆိုရင် အကောင်းဆုံးပဲ… အဲ့ဒါက ငါတို့လီမိသားစုကို အကျိုးအမြတ်အများကြီး ရှိစေလိမ့်မယ် ”

“ ချန်းအာ… မင်းရဲ့ ဒုတိယဦးလေးပြောတာ မှန်တယ် ”

ထိုစဉ် အခြားတစ်ဖက်မှ သက်လတ်ပိုင်းအမျိုးသားက မျက်လုံးဖွင့်လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ ငါတို့လီမိသားစုရဲ့ ဘိုးဘေးက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူဖြစ်ပြီး လီမိသားစုက ပထမတန်းစား ကျင့်ကြံခြင်းမိသားစုဆိုပေမဲ့ ချူတော်ဝင်မိသားစုနဲ့ နှိုင်းယှဉ်ရင် ငါတို့က ဆင်အရှေ့က ပုရွက်ဆိတ်လေးပဲ… မင်းသာ ချူတော်ဝင်မိသားစုရဲ့ မင်းသမီးလေးနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်မယ်ဆိုရင် ငါတို့လီမိသားစုရဲ့ အဆင့်အတန်းက မြင့်တတ်သွားလိမ့်မယ်… ဒါ့အပြင် အနာဂတ်မှာ လီမိသားစုက ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကိုတောင် မွေးထုတ်ပေးနိုင်လောက်တယ် ”

“ သွမ့်ချန်း နားလည်ပါပြီ ”

လီသွမ့်ချန်းက မျက်လုံးဝင်းလက်သွားပြီး အမြန်သဘောတူလိုက်သည်။ ထို့နောက် သူက ရိုသေလေးစားစွာ ပြောသည်။

“ မနက်ဖြန်ကျရင် တောင်တန်းဒေသထဲ ဝင်ပြီး ကျားနက်ကို ဖမ်းဆီးပေးမယ်လို့ မင်းသမီးချူယွမ်ကို ချန်းအာ ကတိပေးခဲ့ပါတယ်… သူတို့ပြောပုံအရဆို အဲ့ဒီကျားနက်က သာမန်မဟုတ်နိုင်ပါဘူး… ဒုတိယဦးလေးနဲ့ တတိယဦးလေးရဲ့ အကူအညီကို ကျွန်တော်လိုအပ်မှာ စိုးရိမ်မိပါတယ် ”

“ ဘာမှမစိုးရိမ်နဲ့… မင်းဒုက္ခရောက်တဲ့အခါ တတိယဦးလေးနဲ့ ငါက မင်းကို ကယ်ဆယ်ဖို့ ထွက်လာမယ် ”

“ ကျေးဇူးတင်ပါတယ်… ဒုတိယဦးလေးနဲ့ တတိယဦးလေး ”

လီသွမ့်ချန်းက ရိုသေလေးစားစွာ ဦးညွတ်ပြီးလျှင် သစ်သားအိမ်ထဲမှ ပြန်ထွက်သွားသည်။

မင်းသမီးချူယွမ်နေထိုင်သော သစ်သားအိမ်ထဲတွင် ထူးဆန်းသော အမူအရာက မင်းသမီး၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက တဲအိမ်အပြင်ဘက်သို့ ငေးကြည့်နေရင်း တီးတိုးရေရွတ်လိုက်သည်။

“ အစက တစ်စုံတစ်ယောက်ကို စေလွှတ်ပြီး ငါ့မိသားစုဆီကနေ အကူအညီတောင်းမယ်လို့ စဉ်းစားထားခဲ့တာ… ဒါပေမဲ့ အဲ့ဒါက တခြားမိသားစုတွေကို သတင်းပေးသလို ဖြစ်သွားလိမ့်မယ်… ပြီးတော့ ငါအန္တရာယ်ကြုံခဲ့ရတာကို သူတို့သိသွားရင် နောက်တစ်ကြိမ် ငါ့ကို အပြင်ပေးထွက်တော့မှာ မဟုတ်ဘူး… အခု လီမိသားစုနဲ့ ငါတွေ့ဆုံသွားပြီ… သူတို့က ငါ့ကို သေချာပေါက် ကူညီပေးကြလိမ့်မယ်… လီမိသားစုကို အသုံးချပြီး အဲ့ဒီကျားနက်ကို ငါဖမ်းဆီးမယ် ”

သူက စကားပြောနေရင်း လက်သီးဆုပ်လိုက်ပြီး အကြိမ်ရေအနည်းငယ် ဝှေ့ယမ်းလိုက်သည်။ ဉာဏ်နီဉာဏ်နက်များသော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက နူးညံ့စွာ ပြောသည်။

“ ကျားနက်… နင်မလွတ်မြောက်နိုင်ဘူး… နင်ပိုပြီး အစွမ်းထက်လေ ငါနင့်ကို ပိုပြီးလိုချင်လေပဲ… နင့်ကို ဖမ်းဆီးပြီး ငါ့ရဲ့ ဝိညာဉ်သားရဲဖြစ်အောင် သေချာပေါက် လုပ်ပစ်မယ် ”

တော်ဝင်မိသားစု၏ အမျိုးသမီးတစ်ယောက်အနေဖြင့် သူ့ကို သာမန်အမျိုးသမီးတစ်ယောက်၏ စံနှုန်းများဖြင့် မတိုင်းတာနိုင်ပေ။ သူက ကျားနက်ကို အလွယ်တကူ လက်လျော့ရန် မစဉ်းစားထားပေ။

… … …

ဝံပုလွေဘုရင်၏ ဦးဆောင်မှုနောက်တွင် သူတို့က နှစ်နာရီကြာ မရပ်မနား ပြေးလွှားပြီးနောက် မတ်စောက်သော တောင်ထွတ်တစ်ခု၏ အရှေ့သို့ ရောက်ရှိသွားကြသည်။

“ ဘယ်လောက်အန္တရာယ်များလိုက်တဲ့ တောင်ထွတ်လဲ ”

သီရှီထျန်သည် တောင်အောက်မှာ ရပ်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ တောင်ထွတ်ကို မြင်လိုက်သည်နှင့် ထိုအတွေးက သူ၏ စိတ်ထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။

တောင်ပေါ်တွင် ထူးဆန်းသော ကျောက်တုံးများနှင့် မတ်စောက်သော အငူအစွန်းများ ရှိသည်။ သိုင်းပညာရှင်တစ်ယောက်သည်ပင် ထိုသို့တောင်ထွတ်ကို တတ်ရန် ခက်ခဲလိမ့်ပေမည်။ အကယ်၍ တစ်စုံတစ်ယောက်က သေချာသတိမထားလျှင် တောင်ပေါ်မှ ပြုတ်ကျပြီး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားနိုင်သည်။ ယင်းက အတော်လေး ထိတ်လန့်ချောက်ချားဖွယ်ကောင်း၏။

ထို့ပြင် တောင်ထွတ်က ဟာလာဟင်းလင်းဖြစ်နေသည်။ ထိုနေရာမှာ မည်သည့်အပင်မှ မရှိပေ။ ကြည့်ရသည်မှာ တောင်ထွတ်က အသက်မဲ့နေဟန် ရ၏။ တစ်စုံတစ်ယောက်က တောင်အနားသို့ ချဉ်းကပ်သွားလျှင် မွန်းကျပ်မှုကို သေချာပေါက် ခံစားရလိမ့်မည်။

သို့သော်လည်း တောင်နံရံပေါ်တွင် အရွယ်အစားစုံလင်သော လှိုဏ်ဂူပေါက်အများအပြား ရှိသည်။ မျက်စိစူးရှသူဆိုလျှင် ပုံရိပ်များက ထိုလှိုဏ်ဂူပေါက်များထဲမှာ ရွေ့လျားနေကြောင်း မြင်ရလိမ့်မည်။

“ အရှင်… အဲ့ဒါက လင်းတအုပ်စု နေထိုင်တဲ့နေရာပါ ”

ဝံပုလွေဘုရင်သည် ဘေးဘီကို စစ်ဆေးကြည့်လိုက်ပြီး သီရှီထျန်ကို ပြောသည်။

အမှန်မှာ စက်ကရာသည် ထိုတောင်က မည်မျှအန္တရာယ်များကြောင်း ခံစားမိသည်။ ထို့ပြင် လင်းတများသည် များသောအားဖြင့် မတ်စောက်သော တောင်နံရံများပေါ်မှာ နေထိုင်ကြလေ့ရှိသည်။ လင်းတများသည် တောင်နံရံပေါ်မှာ လှိုဏ်ဂူတူးခြင်းဖြင့် သူတို့ဘာသာ အသိုက်ပြုလုပ်နိုင်ကြသည်။ ယင်းက သူတို့ကို ဘေးကင်းလုံခြုံမှုပေးသည်။ မတ်စောက်သော တောင်နံရံများက လင်းတများ အသိုက်ဖွဲ့နေထိုင်ရန် အသင့်တော်ဆုံးနေရာဖြစ်သည်ဟု ဆိုကြသည်။

ဘေးပတ်ဝန်းကျင်က အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်နေသည်။

“ ဟူး ”

သီရှီထျန်သည် ကျောက်တုံးကြီးတစ်ခုပေါ်သို့ ခုန်တတ်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ နဖူးပေါ်တွင် ခရမ်းရောင်ဘုရင်စာလုံးက မီးတောက်တစ်ခုနှယ် သက်ဝင်လှုပ်ရှားလာသည်။ သူက ပါးစပ်ဟလိုက်ပြီး ကမ္ဘာမြေတုန်ဟီးစေမည့် ဟိန်းသံကို ထုတ်လွှတ်လိုက်သည်။

“ ဝေါင်း ”

သီရှီထျန်၏ ဟိန်းသံက တိတ်ဆိတ်နေသော တောင်ထွတ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ယင်းက ရုတ်တရက် ထွက်ပေါ်လာသော မိုးခြိမ်းသံပမာ မိုးမြေကို တုန်လှုပ်စေသည်။ ကျားဟိန်းသံက အချိန်အတော်ကြာသည်အထိ ဆက်လက် ပဲ့တင်ထပ်နေသည်။ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါနှင့် သားရဲဘုရင်အရှိန်အဝါက မိုးမြေတစ်လျှောက် ပျံ့နှံ့သွားသည်။ ယင်းက သက်ရှိများကို သူ့အရှေ့မှာ ဒူးထောက်စေရန် ဖိအားပေးနေသည်။ ကျားဟိန်းသံထဲမှာ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါသာမက စိန်ခေါ်သော အရိပ်အမြွက်လည်း ပါရှိ၏။

“ ဖျပ် ဖျပ် ”

ကျားဟိန်းသံက တောင်ထွတ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ယင်းက တောင်နံရံပေါ်မှ လင်းတအုပ်စုကို ထိတ်လန့်ချောက်ချားစေသည်။ လင်းတများသည် ကျားဟိန်းသံထဲမှ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါကို ခံစားမိသွားကြသည်။ သူတို့က လှိုဏ်ဂူအပြင်သို့ အလန့်တကြား ထွက်လာကြပြီး အရပ်မျက်နှာအသီးသီးဆီသို့ ပျံပြေးသွားကြသည်။ သူတို့က အောက်သို့ ငုံ့ကြည့်လိုက်ပြီး ဧရာမကျားနက်ကို မြင်သွားသောအခါ ကြောက်လန့်သွားကြသည်။

“ အူး… ”

ထိုစဉ် စူးရှသော အော်မြည်သံက ကောင်းကင်ယံမှာ ထွက်ပေါ်လာသည်။ ထိုအော်သံက စက်ကရာ၏ ဟိန်းသံကဲ့သို့ မကျယ်လောင်သော်လည်း အလွန်စူးရှဆဲပင်။ ထိုအော်သံကို ကြားသောအခါ ကောင်းကင်ပေါ်၌ အလန့်တကြား ပျံပြေးနေကြသော လင်းတများက တည်ငြိမ်သွားကြသည်။ ဤသည်မှာ သူတို့က ကျောထောက်နောက်ခံကို ရှာတွေ့သွားသည့်အလားပင်။ လင်းတတစ်ကောင်ပြီးတစ်ကောင်သည် တောင်ထွတ်၏ အမြင့်ဆုံးနေရာဆီသို့ မော့ကြည့်လိုက်ကြသည်။

“ ဝှစ် ”

လေပြင်းတိုက်ခတ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ တစ်စုံတစ်ယောက်သည် ခေါင်းမော့လိုက်လျှင် ပုံမှန်လင်းတတစ်ကောင်ထက် ဆယ်ဆပိုကြီးမားသော ဧရာမလင်းတတစ်ကောင်ကို မြင်ရလိမ့်မည်။ ထူးခြားချက်အနေဖြင့် ၎င်း၏ ဦးခေါင်းထိပ်ပေါ်မှ ငှက်မွှေးအစုက ရွှေရောင်ဖြစ်သည်။ ၎င်း၏ မျက်လုံးများက မြားတစ်စင်းသဖွယ် ချွန်ထက်သည်။ ဤသည်မှာ ၎င်း၏ အကြည့်က အရာအားလုံးကို ထိုးဖောက်နိုင်သည့်အလားပင်။

၎င်း၏ ခန္ဓာကိုယ်အောက်ပိုင်းမှ လက်သည်းနှစ်ခုက ကြောက်မက်ဖွယ်ကောင်းသော အေးစက်စက်အလင်းကို ထုတ်လွှတ်နေသည်။ တစ်စုံတစ်ယောက်၏ ဦးခေါင်းကို ထိုလက်သည်းဖြင့် ကုတ်ဆွဲလျှင် ဦးခေါင်းက ဇာကာပေါက်ဖြစ်သွားနိုင်သည်။ သို့မဟုတ် ဦးခေါင်းက အပိုင်းပိုင်းအစစ ဆုတ်ပြဲသွားနိုင်သည်။ မည်သို့ဖြစ်ပါစေ ထိုလက်သည်းများက အလွန်အန္တရာယ်များသည်။ နှစ်ခါစဉ်းစားရန် မလိုပေ။ ၎င်းက လင်းတအုပ်စု၏ အရှင်သခင် လင်းတဘုရင် ဖြစ်သည်။

စိန်ခေါ်သော အရိပ်အမြွက်ပါရှိသည့် ကျားဟိန်းသံကို ကြားပြီးနောက် လင်းတဘုရင်က အံ့ဩထိတ်လန့်သွားသည်။

ထိုသို့စိန်ခေါ်မှုကို သားရဲဘုရင်အနေဖြင့် သူငြင်းဆန်လိမ့်မည် မဟုတ်ချေ။ သို့မဟုတ်လျှင် မျိုးနွယ်စုထဲမှာ သူ၏ ဂုဏ်သိက္ခာကို ဆုံးရှုံးသွားလိမ့်မည်။ ထို့နောက် သူက မျိုးနွယ်စု၏ ဘုရင်အဖြစ် သတ်မှတ်ခံရတော့မည်မဟုတ်ချေ။

“ အူး… ”

လင်းတဘုရင်သည် လေထဲမှာ သူ၏ ဧရာမအတောင်ပံများကို ဖြန့်လိုက်ပြီး အကြိမ်ရေအနည်းငယ် တဖျပ်ဖျပ်ခတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ သူက ခန္ဓာကိုယ်ကို အောက်သို့ ကွေးညွတ်လိုက်ပြီး ချွန်ထက်သော ငှက်လက်သည်းများကို အရှေ့သို့ ဆန့်ထုတ်လိုက်သည်။ သူက တုံ့ဆိုင်းမနေဘဲ သီရှီထျန်ဆီသို့ တန်းမတ်စွာ ထိုးဆင်းသွားသည်။

ထိုတိုက်ခိုက်မှုက မည်သည့်သတိပေးမှုမှမပါဘဲ ရုတ်တရက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရှင်းလင်းစွာပင် လင်းတဘုရင်က သီရှီထျန်ကို တစ်ချက်တည်း သတ်ပစ်ရန် ကြံရွယ်နေသည်။

တောအုပ်ထဲမှ တိုက်ပွဲများတွင် သနားကြင်နာမှုဟူသော စကားလုံး မရှိပေ။ လူကောင်းနှင့် လူဆိုးဟူ၍ ခွဲခြားမှုလည်း မရှိပေ။ လူဆိုးများက မကောင်းဆိုးဝါးများဖြစ်ကြပြီး လူဆိုးက လူကောင်းကို မည်သည့်အခါမှ အနိုင်မရဘူးဟူသော သဘောတရားသည်လည်း ဤနေရာမှာမရှိပေ။ ယင်းတို့အားလုံးက ပေါက်ကရစကားများ ဖြစ်ကြသည်။ ရန်လိုမှုနှင့် စိန်ခေါ်မှုကို အပြီးသတ်ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ ထိုသူကို သတ်ပစ်ရန် ဖြစ်သည်။

“ ကောင်းတယ် ”

သီရှီထျန်က မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက ဤတောအုပ်၏ အသန်မာဆုံး သားရဲများအနက် တစ်ကောင်ဖြစ်သော်လည်း သူက လေပေါ်မှာ မပျံသန်းနိုင်ပေ။ သူက တိုက်ခိုက်ရေးပညာရပ်တွင် “ ကျားဟိန်းသံအတတ် ”တစ်ခုတည်းကိုသာ တတ်ကျွမ်းပေသည်။ ကျားဟိန်းသံအတတ်မှလွဲလျှင် ကျန်တိုက်ခိုက်ရေးနည်းလမ်းများက သူ့ဘာသာ သင်ယူထားခြင်း ဖြစ်သည်။

လင်းတသည် ဝေဟင်ထက်မှ ဘုရင်ဖြစ်ပြီး သူက ကုန်းမြေပေါ်မှ ဘုရင်ဖြစ်သည်။ အကယ်၍ လင်းတဘုရင်သာ အောက်သို့ မဆင်းလာလျှင် သူ့ကို အနိုင်ယူရန် ကျားဟိန်းသံအတတ်ကို သူအသုံးပြုနိုင်လိမ့်မည် မဟုတ်ချေ။

လင်းတဘုရင်၏ ငှက်လက်သည်းများက အလွန်အမင်း ထက်ရှသည်။ လင်းတဘုရင် ဝေဟင်ထက်မှ ထိုးဆင်းလာနေစဉ် သူ၏ လက်သည်းများထဲမှာ အဝါရောင်သတ္ထုအလင်း ထွက်ပေါ်လာသည်။ လက်သည်းများ ဖွင့်ဟသွားသည့်အခါ ထက်ရှသော အရှိန်အဝါက ပေါ်လျှိုးလာသည်။ ယင်းတို့က လေကို ဖောက်ထွင်း၍ အောက်သို့ မြန်ဆန်စွာ ထိုးဆင်းလာနေသည်။

စက်ကရာ၏ ခန္ဓာကိုယ်က ကြီးကျယ်မြင့်မြတ်သော ကျားအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သားရဲဘုရင်ဟူသော ဂုဏ်သိက္ခာကြောင့် ထိုမျှရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုဖြင့် သူရင်ဆိုင်နေရသည့်တိုင် မျက်တောင်တစ်ချက်မခတ်သွားပေ။ သူက ကြောက်မက်ဖွယ်ကောင်းသော ထိုငှက်လက်သည်းများကို သူ၏ ဦးခေါင်းထက်မှာ ထွက်ပေါ်လာရန် ခွင့်ပြုပေးလိုက်သည်။ ကြမ်းတမ်းသော လေပြင်းတိုက်ခတ်မှုကြောင့် သူ၏ အမွှေးအမျှင်များက တအိအိလှုပ်ခတ်သွားပြီး ထောင်မတ်သွားသည်။ သူ၏ နဖူးပေါ်တွင် ခရမ်းရောင်ဘုရင်စာလုံးက ခရမ်းရောင်မီးတောက်တစ်ခုပမာ လှုပ်ယမ်းသွားသည်။

“ ဝေါင်း ”

သူက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေရာ အန္တရာယ်ရှိသော အလင်းရောင်က သူ၏ မျက်လုံးများထဲမှာ ထွက်ပေါ်လာသည်။ ကျယ်လောင်သော ဟိန်းသံနောက်တွင် မဟူရာမိစ္ဆာစွမ်းအင်အလွှာက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး သူ၏ ဦးခေါင်းထက်တွင် အကာအကွယ်အလွှာတစ်ခုအဖြစ် သိပ်သည်းသွားသည်။

“ ဒုန်း ”

မိစ္ဆာစွမ်းအားက အချိန်ကိုက် ထွက်ပေါ်လာသည်။ မိစ္ဆာစွမ်းအား ထွက်ပေါ်လာသည်နှင့်ချက်ချင်း လင်းတဘုရင်၏ လက်သည်းနှစ်ခုက မိစ္ဆာစွမ်းအားမှ ဖွဲ့စည်းသွားသော အနက်ရောင်မြူခိုးပေါ်သို့ ကြမ်းတမ်းစွာ ကျဆင်းသွားသည်။ အနက်ရောင်မြူခိုးက တအိအိလှုပ်ခတ်သွားသည်။ ယင်းက ဝါဂွမ်းကဲ့သို့ နူးညံ့ပျော့ပျောင်းသော်လည်း လင်းတဘုရင်၏ လက်သည်းများထံမှ ချွန်ထက်သော တိုက်ခိုက်မှုကို အပြည့်အဝ ဟန့်တားနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာ သီရှီထျန်က သူ၏ ကျားလက်သည်းကို မြှောက်လိုက်ပြီး လင်းတဘုရင်ကို ကုတ်ဆွဲလိုက်သည်။

“ ဝှစ် ”

မဟူရာမိစ္ဆာအလင်း သယ်ဆောင်ထားသော ကျားလက်သည်းက လေထုကို ဆုတ်ဖြဲသွားပြီး လင်းတဘုရင်၏ ညာဘက်အတောင်ပံပေါ်သို့ တန်းမတ်စွာ ကျဆင်းသွားသည်။

All Chapters