← Chapters

အခန်း (၄၅)

Vol. 3 Ch. 45

အခန်း (၄၅)

Vol. 3 Ch. 45

အခန်း(၄၅)

“ မိစ္ဆာကောင်… အတင့်ရဲလှချည်လား ”

ကျားလက်သည်းအောက်မှာ လီသွမ့်ချန်း အသက်ဆုံးရှုံးတော့မည့်အချိန် ကျယ်လောင်သော အော်သံက အနောက်မှ တောအုပ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအော်သံထဲမှာ ဖော်မပြနိုင်သော ဒေါသဖြင့် ပြည့်နှက်နေသည်။ ထိုအော်သံ၏ အနောက်တွင် အလွန်သန်စွမ်းသော အရှိန်အဝါက ဒီရေသဖွယ် လိုက်ပါလာပြီး တိုက်ပွဲဖြစ်နေသော ဧရိယာကို ဖုံးလွှမ်းသွားသည်။ ရဲရဲနီတောက်ပသော အလင်းတန်းတစ်ခုက လီသွမ့်ချန်း၏ ဦးခေါင်းပေါ် ကျဆင်းသွားတော့မည့် စက်ကရာ၏ ကျားလက်သည်းအရှေ့မှာ ထွက်ပေါ်လာသည်။

“ ဘန်း ”

အနီရောင်အလင်းတန်း၏ အလျင်က အလွန်မြန်ဆန်သည်။ သူ၏ ကျားလက်သည်းနှင့် မတွေ့ဆုံသွားခင်အထိ ထိုအလင်းတန်းက မည်သည့်အရာဖြစ်ကြောင်း စက်ကရာ ရှင်းလင်းစွာ မမြင်နိုင်ခဲ့ပေ။ ထိုအလင်းတန်းနှင့် တွေ့ဆုံသွားသည့်အခိုက် အံ့ဩထိတ်လန့်မှုက စက်ကရာ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

အဘယ့်ကြောင့်ဆိုသော် သူ၏ ကျားလက်သည်းက အနီရောင်ရဲရဲတောက်သည်အထိ မီးဖုတ်ခံထားရသော သံမဏိချောင်းတစ်ခုအပေါ်သို့ ကျဆင်းသွားကြောင်း သူခံစားမိသောကြောင့်ပင်။ သံမဏိချောင်းက မအက်ကွဲသွားသည့်အပြင် ပြင်းထန်သော မီးတောက်တစ်ခုက သံမဏိချောင်းထဲမှ ပေါ်လျှိုးလာပြီး သူ၏ ကျားလက်သည်းကို လောင်မြိုက်ပစ်လိုက်သည်။

“ ဟွန့်… ဘယ်ကောင်ပဲ ရောက်လာရောက်လာ… ဒီနေ့ ငါလူသတ်တာကို ဘယ်သူမှ မတားဆီးနိုင်ဘူး ”

သီရှီထျန်သည် ရုတ်တရက် အပြောင်းအလဲကြောင့် မရပ်တန့်သွားပေ။ ယင်းအစား သူ၏ မျက်လုံးက ပိုပြီးအေးစက်လာသည်။ ကျားလက်သည်းတစ်ခုက သူ့အရှေ့မှာ တားဆီးခံထားရစဉ် သူက တုံ့ဆိုင်းမနေဘဲ တခြားကျားလက်သည်းကို ဆန့်ထုတ်လိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာ အနက်ရောင်အရိပ်က လီသွမ့်ချန်း၏ လည်ပင်းအရှေ့မှာ ဖြတ်သန်းသွားသည်။

“ ရွှီး ”

စူးရှသော မြည်သံနှင့်အတူ လီသွမ့်ချန်း၏ ဦးခေါင်းက ဘောလုံးတစ်လုံးနှယ် အဝေးသို့ လွင့်စင်သွားသည်။ “ ဒုတ် ဒုတ် ”ဟူသော မြည်သံဖြင့် ဦးခေါင်းက မြေကြီးပေါ်မှာ အကြိမ်ရေအနည်းငယ် လှိမ့်သွားသည်။ သူ၏ မျက်လုံးနှစ်လုံးက ကျွတ်ထွက်လုနီးပါး ပြူးနေလေရာ သူက မသေခင် အလွန်ထိတ်လန့်ခဲ့ကြောင်း မြင်သာပေသည်။

“ ဖူး ”

သွေးသည် သူ၏ လည်ပင်းမှ ရေပန်းသဖွယ် ပန်းထွက်လာပြီး အမြင့်တစ်နေရာအထိ မြှောက်တတ်သွားသည်။

“ ဗုန်း ”

ခန္ဓာကိုယ်တောင့်တင်းနေပြီး ဦးခေါင်းမဲ့နေသော အလောင်းက မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။ လီသွမ့်ချန်းက ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်က ချီသန့်စင်ခြင်းနယ်ပယ် သတ္တမအဆင့်မှာသာ ဖြစ်သည်။ သူက ချီသန့်စင်ခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ပင် မရောက်ရှိသေးလေရာ ဝိညာဉ်နတ်သူငယ်ကို မည်သို့ဖွဲ့စည်းနိုင်ဦးမည်နည်း။ သို့ဖြစ်၍ သူ၏ ခန္ဓာကိုယ် ဖျက်ဆီးခံရခြင်းက အပြီးတိုင် သူသေဆုံးသွားခြင်း မည်၏။

မည်သူမှ ဦးခေါင်းအဖြတ်ခံရပြီးလျှင် အသက်မရှင်နိုင်ပေ။ ချွင်းချက်အနေဖြင့် ဝိညာဉ်သန္ဓေတည်နယ်ပယ်သို့ ရောက်ရှိနေကြသော ကျွမ်းကျင်ပညာရှင်များသည် ရုပ်ခန္ဓာကိုယ်ဖျက်ဆီးခံရလျှင်ပင် အသက်ရှင်နိုင်ကြလိမ့်မည်။ သူတို့က ခန္ဓာကိုယ်ကို စွန့်လွှတ်၍ ဝိညာဉ်နတ်သူငယ်ဖြင့် အသက်ဆက်ရှင်နိုင်ကြသည်။ ထို့ပြင် သူတို့က ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနည်းလမ်းဖြင့် ပြန်လည်မွေးဖွားနိုင်ကြသည်။

ကံမကောင်းစွာပင် လီသွမ့်ချန်းက ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူမဟုတ်ပေ။ ထို့ကြောင့် သူက သီရှီထျန်၏ ကျားလက်သည်းအောက်မှာ အမှန်တကယ် သေဆုံးသွားသည်။

“ အား… မိစ္ဆာကောင်… မင်း ချန်းအာကို သတ်ရဲတယ်… မင်းအသက်ကို ပြန်ပေးစမ်း ”

ဝမ်းနည်းကြေကွဲသော စိတ်ခံစားချက် ပါဝင်နေသည့် ဒေါသတကြီး အော်သံများက ကောင်းကင်ယံသို့ မြှောက်တတ်သွားသည်။ တစ်စုံတစ်ယောက်သည် ထိုအော်သံ ထွက်ပေါ်လာရာ အရပ်ဆီသို့ လှမ်းကြည့်လျှင် သက်လတ်ပိုင်းအမျိုးသားနှစ်ယောက်က မြန်ဆန်သော အလျင်ဖြင့် ပျံသန်းလာနေကြောင်း မြင်ရလိမ့်မည်။

လီသွမ့်ချန်း၏ သေဆုံးမှုကို မျက်မြင်တွေ့လိုက်ရသည့်အခါ သူတို့၏ ခန္ဓာကိုယ်ထဲမှ အသည်းနှလုံးက ဆုတ်ပြဲသွားသည်ဟု ခံစားမိသွားကြသည်။ အလွန်ဒေါသထွက်သောကြောင့် သူတို့၏ မျက်လုံးက နီရဲလာပြီး ပြူးကျယ်လာသည်။ သူတို့က လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်လက်ဟန်သင်္ကေတများကို ဖွဲ့စည်းလိုက်ကြသည်။ ထိုစဉ် အစိမ်းရောင်အလင်းက သူတို့၏ လက်ထဲမှ ထွက်ပေါ်လာသည်။ အစိမ်းရောင်အလင်းတန်းသည် သီရှီထျန်ပေါ်သို့ တန်းမတ်စွာ ကျဆင်းသွားသည်။

တစ်ချိန်တည်းမှာ သီရှိထျန်၏ ကျားလက်သည်းကို ဟန့်တားထားသော အနီရောင်အလင်းက အပေါ်သို့ မြန်ဆန်စွာ မြှောက်တတ်သွားပြီး သူ၏ လည်ပင်းကို ပိုင်းဖြတ်လိုက်သည်။

“ ဂရား ”

သီရှီထျန်သည် လီသွမ့်ချန်းကို သတ်ပစ်ပြီးသော်လည်း သတိလက်လွတ်မနေပေ။ ဒေါသတကြီး အော်သံများကို ကြားသောအခါ ပိုပြီးအစွမ်းထက်သော မသေမျိုးကျင့်ကြံသူများ ရောက်ရှိလာကြောင်း သူသိလိုက်သည်။ အကယ်၍ သူ၏ အတွေးသာ မမှားလျှင် သူတို့က အခြေတည်နယ်ပယ် ကျင့်ကြံသူများ ဖြစ်ရမည်။

သူသေချာကြည့်လိုက်သည့်အခါ အစိမ်းရောင်အလင်းက သစ်သားပေတံတစ်ချောင်းကို ရစ်ပတ်ထားကြောင်း မြင်တွေ့သွားသည်။ သစ်သားပေတံပေါ်တွင် ရှုပ်ထွေးနက်နဲသော မှော်သင်္ကေတများက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။ ပေတံသည် သီရှီထျန်၏ ဦးခေါင်းပေါ်သို့ ရိုက်ချလိုက်သည်။

အနီရောင်ရဲရဲတောက်နေသော သံမဏိအချောင်းသည် သုံးလက်မ သို့မဟုတ် လေးလက်မခန့် ရှည်လျားသော ကြက်သွေးရောင်ဓားမြှောင် ဖြစ်သည်။ ယင်းတို့က မသေမျိုးကျင့်ကြံသူများ၏ လက်ထဲမှာ များသောအားဖြင့် မြင်တွေ့ရလေ့ရှိသော ဓမ္မလက်နက်များ ဖြစ်ကြသည်။ ဓားမြှောင်သည် မီးဒြပ်စင်အထူးပြု လက်နက်တစ်ခုဖြစ်သည်။ အနီရောင်မီးတောက်က ဓားမြှောင်၏ မျက်နှာပြင်ပေါ်မှာ တဟုန်းဟုန်း လောင်မြိုက်နေသည်။

အလွန်ပြင်းထန်သော အပူကြောင့် ဘေးပတ်ဝန်းကျင်မှ အပူချိန်က တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ အကယ်၍ ထိုဓားမြှောင်သာ သီရှီထျန်၏ လည်ပင်းကို ပိုင်းဖြတ်သွားလျှင် သူက တမလွန်သို့ ချက်ချင်း ရောက်ရှိသွားလိမ့်မည်။

“ ရွှတ် ”

ထိုစက္ကန့်ပိုင်းလေးတွင် စက်ကရာသည် သူ့ဆီသို့ ဦးတည်လာနေသော သစ်သားပေတံနှင့် ဓားမြှောင်ကို ယာယီလျစ်လျူရှုလိုက်သည်။ သူက ကျားလက်သည်းကို မြင့်မြင့်မြှောက်၍ မိစ္ဆာစွမ်းအားကို သူ၏ လက်သည်းထဲသို့ ထည့်သွင်းလိုက်သည်။ ထို့နောက် သူက လက်သည်းကို အောက်သို့ ရိုက်ချလိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာ ချွန်ထက်သော အနက်ရောင်လက်သည်းပုံရိပ်တစ်ခုက လေထဲမှာ ဖြတ်သန်းသွားပြီး သူ့အား ချုပ်နှောင်ထားသော နွယ်ပင်ပေါ်သို့ တန်းမတ်စွာ ကျဆင်းသွားသည်။

ထိုကျားလက်သည်းထဲမှာ မိစ္ဆာစွမ်းအားက ကိန်းအောင်းနေသည်။ မိစ္ဆာစွမ်းအား၏ ပေါင်းစပ်မှုကြောင့် ထိုကျားလက်သည်းက ပုံမှန်ထက် အဆပေါင်းများစွာ ပိုပြီးသန်စွမ်းသည်။ ယင်းက လေထဲမှာ အတားအဆီးများစွာနှင့် တွေ့ဆုံခဲ့သော်လည်း လက်သည်းတစ်ချက်တည်းဖြင့် ထူထဲတုတ်ခိုင်သော နွယ်ပင်ကို အပိုင်းပိုင်း ချိုးဖြတ်လိုက်နိုင်ဆဲပင်။

“ ဘုတ် ”

နွယ်ပင်၏ ချုပ်နှောင်မှုမှ လွတ်မြောက်သွားပြီးနောက် သူက မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။ သီရှီထျန်သည် မြေကြီးပေါ်သို့ ပြန်ကျဆင်းသွားသော်လည်း စိတ်မအေးသွားပေ။ ယင်းအစား သူ၏ ကျားမျက်လုံးက ပိုပြီးအေးစက်လာသည်။ တိုက်ခိုက်မှုနှစ်ခုက မြန်ဆန်စွာ ကျရောက်လာသည်။ သူ့ကို နားချိန်မပေးပေ။ တစ်ခုက သူ၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာနေစဉ် အခြားတစ်ခုက ပိုပြီးရက်စက်ကြမ်းကြုတ်သည်။ ယင်းက သူ၏ လည်ပင်းကို တိုက်ရိုက် လှီးဖြတ်ချင်သည်။ ဤအခိုက်အတန့်မှာ သူက ထိုတိုက်ခိုက်မှုနှစ်ခုထဲမှ တစ်ခုကိုသာ ခုခံကာကွယ်နိုင်တော့သည်။ ကျန်တစ်ခုက သေချာပေါက် သူ၏ ခန္ဓာကိုယ်ပေါ် ကျရောက်လာလိမ့်မည်။

“ ဝေါင်း ”

သီရှီထျန်သည် နောက်ထပ် တွေးတောမနေဘဲ လွှမ်းမိုးဗိုလ်ကျသော ဟိန်းသံကို ကျယ်လောင်စွာ ထုတ်ဖော်လိုက်သည်။ သူက လျှပ်စီးပမာ အလျှင်ဖြင့် ကျားလက်သည်းကို မြှောက်တင်လိုက်ပြီး သူ၏ လည်ပင်းထံသို့ ဦးတည်နေသော ကြက်သွေးရောင်ဓားမြှောင်ပေါ်သို့ ရိုက်ချလိုက်သည်။

အလွန်အားကောင်းသော မိစ္ဆာစွမ်းအားက ကျားလက်သည်းထဲမှ တိုက်ရိုက် ထွက်သွားပြီး လေထဲ၌ အနက်ရောင်ကျားလက်သည်းကို ဖွဲ့စည်းလိုက်သည်။ ယင်းက မိစ္ဆာစွမ်းအားမှ ဖွဲ့စည်းသွားသော ကျားလက်သည်း ဖြစ်သည်။ အနက်ရောင်ကျားလက်သည်းသည် မိစ္ဆာအရှိန်အဝါကို ထုတ်လွှတ်လျက် ကြက်သွေးရောင်ဓားမြှောင်နှင့် တွေ့ဆုံသွားသည်။ တစ်ချိန်တည်းမှာ ကျားလက်သည်းက အနောက်မှ နီးကပ်စွာ လိုက်ပါလာသည်။

“ ဘန်း ”

မိစ္ဆာစွမ်းအားမှ ဖွဲ့စည်းသွားသော အနက်ရောင်ကျားလက်သည်းသည် လေထဲမှ ဓားမြှောင်ကို ရိုက်ချလိုက်သည်။ အနီရောင်အလင်းသည် ဓားမြှောင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး အနက်ရောင်ကျားလက်သည်းနှင့် တွေ့ဆုံသွားသည်။ ထိုတွေ့ဆုံမှုက အသက်ရှူချိန်အနည်းငယ်အထိ ကြာမြင့်သွား၏။ ထို့နောက် ထက်ရှသော ဓားအလင်းက မိစ္ဆာစွမ်းအားမှ ဖွဲ့စည်းသွားသော အနက်ရောင်ကျားလက်သည်းကို ဖျက်ဆီးလိုက်သည်။ ထို့ပြင် ဓားမြှောင်၏ အရှိန်အဟုန်က မရပ်တန့်သွားပေ။ ယင်းက သီရှီထျန်၏ ကျားလက်သည်းနှင့် ထပ်မံ တွေ့ဆုံသွားသည်။

“ ဒန် ”

စက်ကရာ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားသည်။ မိစ္ဆာလမ်းစဉ်ကို သူလျှောက်လှမ်းခဲ့သည့်အချိန်မှစ၍ သူ၏ ခန္ဓာကိုယ်က မိစ္ဆာစွမ်းအား၏ အားဖြည့်ပေးမှုအောက်မှာ အဆက်မပြတ် ပိုပြီးသန်စွမ်းလာသည်။ သာမန်ဓားလှံများသည် သူ၏ ခန္ဓာကိုယ်ကို လှီးဖြတ်ရန်မဆိုထားနှင့် သူ၏ အရေပြားပေါ်မှာ ခြစ်ရာတစ်ခုကျန်ရန်ပင် မပြုလုပ်နိုင်ပေ။

ယခု မိစ္ဆာစွမ်းအား၏ ပေါင်းစပ်မှုအောက်မှာ သူ၏ ကျားလက်သည်းက သံမဏိကျောက်တုံးအလား မာကျောသွားပြီး အနက်ရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ ဓားမြှောင်နှင့် ကျားလက်သည်းတို့ ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ သတ္ထုမြည်သံ ထွက်ပေါ်လာသည်။ ဤသည်မှာ သတ္ထုတုံးနှင့် ကျောက်တုံးက အပြန်အလှန် ပွတ်တိုက်သွားသည့်အလားပင်။

ထက်ရှသော ဓားအလင်းသည် ကျားလက်သည်းကို မချိုးဖြတ်နိုင်ပေ။

“ ဘန်း ”

သို့သော်လည်း ထိုအခိုက်အတန့်မှာ အစိမ်းရောင်သစ်သားပေတံက စက်ကရာ၏ ဦးခေါင်းပေါ်သို့ ကြမ်းတမ်းစွာ ရိုက်ချသွားသည်။ စက်ကရာ၏ ခန္ဓာကိုယ်ပေါ်မှ မိစ္ဆာအရှိန်အဝါက တအိအိလှုပ်ခတ်သွားသည်။ အစိမ်းရောင်အလင်းသည် သစ်သားပေတံထဲမှ ပေါ်လျှိုးလာပြီး မိစ္ဆာစွမ်းအင်အလွှာကို ချိုးဖြတ်လိုက်သည်။ ထို့ကြောင့် ပေတံက ကျားနက်၏ ဦးခေါင်းကို အကြမ်းပတမ်း ရိုက်ချသွားသည်။

“ ဂရား ”

သီရှီထျန်သည် ပြင်းထန်သော နာကျင်မှုကို ခံစားမိသွားသည်။ ဤသည်မှာ သူ၏ ဦးခေါင်းက မိုးကြိုးပစ်ချခံလိုက်ရသည့်အလားပင်။ အစိမ်းရောင်ပေတံထဲမှာ ကိန်းအောင်းနေသော အင်အားကြောင့် သီရှီထျန်က သုံးပေအဝေးသို့ လွင့်စင်သွားသည်။

“ မိစ္ဆာကောင်… မင်းကများ ငါ့ရဲ့ တူကို သတ်ရဲတယ်… ဒီနေ့ ငါမင်းကို အရေခွံဆုတ်ပြီး မင်းရဲ့ အကြောတွေကို ဆွဲထုတ်ပစ်မယ် ”

ဒေါသတကြီးအော်သံက အသက်ပိုကြီးသော သက်လတ်ပိုင်းအမျိုးသားထံမှ ထွက်ပေါ်လာသည်။ ဒေါသက သူ၏ ငယ်ထိပ်သို့ပင် ရောက်နေ၏။

ထိုနှစ်ယောက်သည် လီသွမ့်ချန်း၏ ဦးလေးများ ဖြစ်ကြသည်။ အစတွင် သူတို့က အနောက်မှသာ လိုက်လာခဲ့ကြပြီး ကျားနက်ကို အများကြီး အလေးမထားခဲ့ကြပေ။ သူတို့တွေးထင်ခဲ့သည်မှာ ထိုကျားနက်က ဝိညာဉ်အသိဉာဏ်ရှိသော တိရိစ္ဆာန်တစ်ကောင်ထက် မပိုနိုင်ပေ။ အကယ်၍ သူတို့ဝင်မပါလျှင်ပင် အန္တရာယ်ကြီးကြီးမားမား မရှိနိုင်ပေ။ သို့သော်လည်း စက်ကရာက ထိုမျှရက်စက်ကြမ်းကြုတ်မည်ဟု မည်သူမျှော်လင့်ထားမည်နည်း။

ကျားနက်သည် စလှုပ်ရှားသည်နှင့် လျှပ်စီးပမာ အလျင်ဖြင့် ရန်သူကို အကြင်နာမဲ့စွာ တိုက်ခိုက်လိုက်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်က စက်ကရာကို အချိန်မီ မတားဆီးနိုင်ခဲ့ကြပေ။ မျက်စိတစ်မှိတ်အတွင်းမှာ လီသွမ့်ချန်းက သူတို့၏ မျက်စိအရှေ့မှာတင် အသတ်ခံလိုက်ရသည်။

ယင်းက ကြီးကြီးမားမား အစော်ကားခံလိုက်ရခြင်းပင်။

ထို့ကြောင့် ဒေါသက ဖော်မပြနိုင်အောင် ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်မှာ သူတို့က မည်သည့်အရာကိုမှ ဂရုမစိုက်တော့ပေ။ သူတို့က ကျားနက်ကို သတ်ပစ်ရန် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ကြသည်။ သီရှီထျန်က သူတို့၏ တိုက်ခိုက်မှုများကို ခုခံကာကွယ်နိုင်ခဲ့ကြောင်း မြင်သောအခါ သူတို့က နောက်ထပ် တုံ့ဆိုင်းမနေကြပေ။ အတွေးတစ်ချက်၏ စေခိုင်းမှုအောက်မှာ အစိမ်းရောင်ပေတံနှင့် ကြက်သွေးရောင်ဓားမြှောင်က သီရှီထျန်ဆီသို့ လျှပ်စီးပမာ အလျင်ဖြင့် နောက်တစ်ကြိမ် ပျံသန်းသွားသည်။

“ အဲ့ဒါက အခြေတည်နယ်ပယ် ကျင့်ကြံသူရဲ့ စွမ်းအားပဲ… ဘယ်လောက် သန်မာလိုက်လဲ… ငါ့ရဲ့ ရုပ်ခန္ဓာကိုယ်သာ မိစ္ဆာစွမ်းအားရဲ့ အားဖြည့်ပေးမှုကြောင့် အရင်ကထက် အဆပေါင်းများစွာ ပိုပြီးမသန်မာနေရင် အဲ့ဒီပေတံရိုက်ချက်ကြောင့် တစ်ခါတည်း ငါအသက်ဆုံးရှုံးသွားနိုင်တယ်… မဖြစ်ဘူး… သူတို့ကို ဒီအတိုင်း ဆက်တိုက်ခိုက်နေလို့ မဖြစ်ဘူး… အခု ငါ့မှာ တိုက်ခိုက်ရေးနည်းလမ်းတွေက အရမ်းနည်းပါးနေတယ်… အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်ဖို့ ငါ့မှာ နည်းလမ်းမရှိသေးဘူး… ကျားဟိန်းသံအတတ်ကပဲ ဒီအခြေအနေကို ပြောင်းပြန်လှန်နိုင်လိမ့်မယ် ”

အခြေတည်နယ်ပယ် ကျင့်ကြံသူနှစ်ယောက်၏ ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် စက်ကရာ၏ ခန္ဓာကိုယ်က ပေပေါင်းဒါဇင်ခန့်အဝေးသို့ လွင့်စင်သွားသည်။ သို့သော်လည်း သူက သတိမမေ့သွားပေ။ သူက မြေကြီးပေါ်မှာ မြန်ဆန်စွာ ထရပ်လိုက်သည်။ သူက မူးဝေနေသော သူ၏ ဦးခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး အသိစိတ်ကို ကြည်လင်စွာထားလိုက်သည်။

အခြေတည်နယ်ပယ် ကျင့်ကြံသူများကို ရင်ဆိုင်တိုက်ခိုက်ခြင်းက လက်ရှိ သူလုပ်ဆောင်နိုင်သောအရာ မဟုတ်ကြောင်း စက်ကရာ သိသည်။ ထို့ကြောင့် သူက နောက်ထပ် တုံ့ဆိုင်းမနေဘဲ သူ၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည်။

All Chapters