အခန်း (၇၅၁-၇၅၂)
Vol. 76 Ch. 751-752
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၅၁ + ၇၅၂
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
မင်းသမီးယွီကျိန်းသည် အသက်ဝိညာဉ်ကင်းမဲ့သွားပြီဖြစ်သော ကျန်းနန်နယ်စားမင်း ဆုန်ချွဲ၏ ရုပ်အလောင်းအား သွေးစွန်းကျန်ရစ်မှုမရှိစေရန် သန့်စင်ပေးလိုက်သည်။ ထို့နောက် သေဆုံးသူ၏ ဂုဏ်ကျက်သရေနှင့် လိုက်ဖက်မည့် သပ်ရပ်ခမ်းနားသော အဝတ်အစားများကို ကိုယ်တိုင်ကိုယ်ကျ ဝတ်ဆင်ပေးလေ၏။
ထိုသို့ ပြင်ဆင်ပေးနေစဉ်အတွင်း ဖခင်ဖြစ်သူ၏ ရင်ဘတ်ဘယ်ဘက်ခြမ်း နှလုံးသားနေရာတည့်တည့်၌ အမြဲတစေ ကပ်လျက်ရှိတတ်သော ကျောက်သလင်း အကာအကွယ်ကြေးမုံမှာ အရိပ်အယောင်မျှပင် မတွေ့ရဘဲ ပျောက်ဆုံးနေကြောင်း သူမ သတိပြုမိလိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် အခိုက်အတန့်မျှ အံ့အားသင့်မှုများ ဖြတ်ပြေးသွားခဲ့သော်လည်း ၊ ဆက်လက်၍ အာရုံစိုက်မနေတော့ချေ။
လက်ရှိအချိန်၌ သူမ၏ စိတ်အစဉ်သည် ဖခင်ဆုံးရှုံးရမှုကြောင့် အလွန်အမင်း ဝမ်းနည်းပူဆွေးမှု နွံထဲသို့ နစ်မြုပ်နေသည်။ ယခုကဲ့သို့သော အသေးအမွှားကိစ္စရပ်များအား တွေးတော ခွဲခြမ်းစိတ်ဖြာနေရန် သူမထံတွင် လုံလောက်သော အချိန်နှင့် စိတ်ခွန်အား မရှိနေပေ။
ထို့နောက်တွင်တော့ ကြီးမားသော သစ်တုံးများဖြင့် ထင်းစင်တစ်ခုအား တည်ဆောက်လိုက်ပြီး ၊ ယင်းအပေါ်သို့ မီးဆီများကို လောင်းချလိုက်လေ၏။ မင်းသမီးယွီကျိန်းသည် သူမ၏ လက်ဖြင့်ပင် မီးရှို့လိုက်သည်။ မှန်ပေသည် ၊ အသက်မဲ့နေသော ခန္ဓာကိုယ်အား တိုက်ရိုက်ပင် မီးသင်္ဂြိုဟ်လိုက်ခြင်း ဖြစ်လေ၏။
ဤကမ္ဘာလောက၏ ဓလေ့ထုံးတမ်းများအရ အရပ်ဘက်၌ မီးသင်္ဂြိုဟ်သည့် အလေ့အထဆိုသည်မှာ ရှားပါးလှ၏။ သို့သော် ယခုအချိန်သည် ရက်စက်ကြမ်းကြုတ်လှသော စစ်ပွဲကြီးတစ်ခု၏ အလယ်ဗဟို၌ ရပ်တည်နေရချိန်ဖြစ်သည်။ လေးလံလှသည့် ရုပ်အလောင်းကြီးအား တစ်ပါတည်း သယ်ဆောင်သွားရန်ဆိုသည်မှာ အိပ်မက်သက်သက်သာဖြစ်ပြီး ၊ လက်ရှိအရပ်၌ပင် ချက်ချင်း မြေမြှုပ်သင်္ဂြိုဟ်ရန်လည်း အခြေအနေက ခွင့်မပြုချေ။
ထို့ကြောင့် အရာအားလုံးကို မီးတောက်များထံ အပ်နှင်းကာ ပြာအဖြစ် ပြောင်းလဲပစ်ပြီးမှသာ အရိုးပြာကို မိမိနှင့်အတူ သယ်ဆောင်သွားနိုင်မည် ဖြစ်လေ၏။ အခန်းငယ်အတွင်း၌ ရှိနေကြသော လူအပေါင်း၏ ကျယ်လောင်သော ငိုကြွေးသံများသည် လေထုထဲတွင် ပဲ့တင်ထပ်နေ၏။
အချိန် နှစ်နာရီခန့် ကုန်လွန်သွားပြီးနောက်တွင်တော့ ၊ မင်းသမီးယွီကျိန်းသည် ဖခင်ဖြစ်သူ ဆုန်ချွဲ၏ အရိုးပြာအိုးအား ရင်ခွင်ထဲ၌ တင်းကျပ်စွာ ပွေ့ပိုက်လိုက်သည်။
ထို့နောက် သူမသည် အသက်ရှင်ကျန်ရစ်သည့် အကြွင်းအကျန် စစ်သည်အင်အား တစ်သိန်းနှင့်အတူ အနောက်ဘက်အရပ်ရှိ လွမ်ပရာဘွမ်နိုင်ငံဆီသို့ ဦးတည်ကာ လေးလံသော ခြေလှမ်းများဖြင့် ချီတက်သွားကြလေတော့၏။
ထိုသို့ ထွက်ခွာမည့်အချိန်တွင် မင်းသမီးနင်းချန်သည် မင်းသမီးယွီကျိန်းအနီးသို့ တိတ်တဆိတ် ချဉ်းကပ်လာခဲ့ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
"အမနဲ့အတူ သန်လုံစီရင်စုကို လိုက်ခဲ့ပါ။ ပြီးရင် တုပိုင်ဆီ ဆက်သွားကြမယ်။ ဒါ့အပြင်... ညီမရဲ့ အမေနဲ့ မောင်လေးကလည်း သန်လုံမြို့တော်မှာ ရှိနေကြတယ်လေ"
မင်းသမီးယွီကျိန်း၏ စိတ်အစဉ်သည် ဖခင်ဆုံးရှုံးရမှု ဟူသော ဝမ်းနည်းကြေကွဲမှု သမုဒ္ဒရာထဲတွင် လုံးလုံးလျားလျား နစ်မွန်းနေသည်။ သူမ၏ နှလုံးသားထဲမှ ပင်ကိုယ်ဆန္ဒအစစ်အမှန်ကိုသာ မေးမည်ဆိုလျှင်တော့ တုပိုင်ရှိရာ အရပ်ဆီသို့ သွားရောက်ခိုလှုံလိုစိတ်က ပြင်းပြနေသည်မှာ ငြင်းဆန်၍မရသော အမှန်တရားပင် ဖြစ်၏။
သို့သော် လောကကြီးသည် ဆန္ဒရှိတိုင်း ဖြစ်မလာတတ်ပေ။ ဖခင်ဖြစ်သူ ကျန်းနန်နယ်စားမင်းကြီးက သူ၏ နောက်ဆုံးထွက်သက် မတိုင်မီတွင် သူမအား ဧကရာဇ်ယုံချန်အပေါ် သစ္စာစောင့်သိရန် တင်းကြပ်စွာ မှာကြားသွားခဲ့သည်။ ထိုစကားသည် သူမအတွက် ကျောက်စိုင်ကျောက်ခဲကဲ့သို့ လေးလံလှ၏။
သူမအနေဖြင့် ဖခင်၏ နောက်ဆုံးဆန္ဒကို မည်သို့ ဖီဆန်ရက်မည်နည်း။ အထူးသဖြင့် ဖခင်ဖြစ်သူ ဆုန်ချွဲ၏ အရိပ်အာဝါသ ကင်းမဲ့သွားချိန်တွင် သူမက ကျေးဇူးကန်းပြီး သစ္စာမရှိသော ၊ မိဘစကားကို မြေဝယ်မကျ နားမထောင်သည့် သမီးမိုက်တစ်ယောက်အဖြစ် သမိုင်းတွင်ခံသင့်ပါသလား။ ဤအတွေးများက သူမကို အချဉ်းနှီး နှိပ်စက်နေ၏။
မိဖုရားနင်းချန်က သူမ၏ တွေးတောနေမှုများကို ဖြတ်တောက်ကာ ပြတ်သားသောအသံဖြင့် ဆိုလေသည်။
"ဧကရာဇ်ယုံချန်က အမတို့ရဲ့ စစ်တပ်အာဏာကို သိမ်းယူပြီး စစ်တပ်နဲ့အတူ ထွက်ပြေးချင်နေတာ သိသာလွန်းတယ်။ အန်နမ်နိုင်ငံကို စွန့်လွှတ်လိုက်ပေမဲ့ ၊ အပြစ်ကင်းတဲ့ ပြည်သူတွေဆီ စစ်မီးမကူးစက်စေချင်ဘူးလို့ သူက တမင်သက်သက် ဆင်ခြေလှလှလေး ပေးနေတာပဲ။"
"တကယ်တော့ သူက စစ်တပ်ကို ခေါ်ပြီး အနောက်ဘက်ကို သွားတာဟာ အန်နမ်နိုင်ငံကို တစ်ခါတည်း စတေးပစ်ဖို့ ရည်ရွယ်ထားတာ သေချာတယ်။ ဘေးဒုက္ခကို သူများဆီ လွှဲချင်နေတာလေ။ ဒါမှ အမျိုးသမီးဧကရာဇ် မိုဟန်ရဲ့ စစ်တပ်က အန်နမ်နိုင်ငံကို အလွယ်တကူ သိမ်းပိုက်နိုင်ပြီး တုပိုင်ကို အမြန်ဆုံး အချိန်အတွင်း တိုက်ခိုက်နိုင်မှာပေါ့"
ထိုစကားများကြောင့် မင်းသမီးယွီကျိန်းမှာ လျှပ်စစ်စီးကြောင်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ အံ့အားသင့်တုန်လှုပ်သွားရ၏။ ယခုအခါ သူမ၏ စိတ်အာရုံများမှာ ပင့်ကူမျှင်များလို အလွန်တရာ ရှုပ်ထွေးပွေနေသည်။
မူလကတည်းက သူမသည် ဖြောင့်မတ်မှန်ကန်သော စိတ်သဘောထားကို ပိုင်ဆိုင်ထားပြီး ၊ သူမ၏ သွေးကြောများထဲတွင် သူရဲကောင်းဆန်သော စိတ်ဓာတ်များ အပြည့်အဝ စီးဆင်းနေသူ ဖြစ်သည်။ ထို့ကြောင့်ပင် အစောပိုင်းကာလများက တုပိုင်တစ်ယောက် သေရေးရှင်ရေး အန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် ၊ သူတို့နှစ်ဦးကြား မည်သည့် ပတ်သက်မှုမှ မရှိသေးလျှင်တောင်မှ သူမက ချက်ချင်းပင် ဓားဆွဲထုတ်ကာ အသက်စွန့် ကူညီပေးခဲ့ခြင်း ဖြစ်၏။
ထို့ထက်ပို၍ ခွေးအိမ်သခင်ကြီး ဖန်တီးခဲ့သော စိတ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင်ကမ္ဘာထဲတွင်လည်း ၊ ယွီကျိန်းသည် တုပိုင်ကို ကာကွယ်ပေးရန်အတွက် သူမကိုယ် သူမ စတေးရန် မျက်တောင်တစ်ခတ်မျှပင် တွန့်ဆုတ်မနေခဲ့ပေ။
ထိုအချက်များကို ကြည့်လျှင်ပင် သူမသည် အကြံအစည်ကြီးမားပြီး ဉာဏ်နီဉာဏ်နက်များဖြင့် လှည့်စားတတ်သော လူစားမျိုး လုံးဝ မဟုတ်ကြောင်း ထင်ရှားလှပေသည်။
သို့သော် အခြားတစ်ဖက်တွင်လည်း ဧကရာဇ်ယုံချန် ပြောခဲ့သော စကားများက အပေါ်ယံကြည့်လျှင် ယုတ္တိတန်လှသည်ဟု ထင်ရပေသည်။ ယခုလက်ရှိ အခြေအနေတွင် အရှေ့ဘက် ပြည်ထောင်စုနှင့် ရုပ်သေးဧကရာဇ် ယုံတယ်တို့က မဟာမိတ်ဖွဲ့ကာ ပူးပေါင်းကြံစည်ထားကြ၏။
ထို့ကြောင့် အရှေ့ဘက် ပြည်ထောင်စု၏ အဓိက ပစ်မှတ်မှာ ဧကရာဇ်ယုံချန်သာ ဖြစ်နေပြီး ၊ သူ မည်သည့်အရပ်သို့ပဲ သွားသွား စစ်မီးလျှံများကလည်း ထိုနေရာသို့ အနီးကပ် ကူးစက်လောင်ကျွမ်းသွားမည်သာ ဖြစ်သည်။
ထိုသို့ဆိုလျှင် အပြစ်ကင်းသော ပြည်သူပြည်သားများ စစ်ပွဲ၏ သားကောင်ဖြစ်ရခြင်းမှ ကာကွယ်ရှောင်ရှားနိုင်ရန်အတွက် ဧကရာဇ်ယုံချန်က သူ၏ စစ်တပ်ကို ဦးဆောင်ကာ အနောက်ဘက်သို့ ဆုတ်ခွာရမည်ဆိုသည်မှာလည်း ဖြစ်သင့်သည့်ကိစ္စတစ်ခု ဖြစ်နေသည်။
ယခုအချိန်တွင် သူမ၏ စိတ်အာရုံတို့သည် ဝေခွဲမရသော ရှုပ်ထွေးမှု လှိုင်းတံပိုးများကြား၌ နစ်မွန်းနေပြီး ၊ အမှားနှင့် အမှန်ဟူသော လမ်းခွဲကို မည်သို့ ရွေးချယ်ရမည်မှန်း မသိအောင် အခိုက်အတန့်မျှ တွေဝေငေးမောနေမိသည်။
မိဖုရားနင်းချန်သည် မင်းသမီးယွီကျိန်းကြောင့် တစ်ရက်ကျော်ကြာမျှ အချိန်နှောင့်နှေးပြီးသားဖြစ်၏။ လက်ရှိအချိန်တွင် သူမအား မည်သို့မျှ ဖျောင်းဖျ၍ မရနိုင်တော့မှန်း သိလိုက်ရသဖြင့် ၊ ဒေါသတကြီး မတ်တတ်ရပ်လိုက်ပြီး လူကိုပင် ဆွဲရိုက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်သွားလေ၏။
"ငါ နင့်ကို ဒီတစ်ရက်ပဲ ထပ်စောင့်ပေးနိုင်တော့မယ်။ တကယ်လို့ နင် ငါနဲ့ မလိုက်ဘူးဆိုရင် နင့်ကိစ္စကို ငါ ဘာမှ ဝင်မစွက်ဖက်တော့ဘူး" မိဖုရားနင်းချန်က ပြတ်သားစွာ ပြောလိုက်သည်။ "မနက်ဖြန်ကျရင် မြောက်ဘက်က သန်လုံမြို့တော်ကို ငါ ထွက်သွားမယ်။ အဲဒီကနေမှတစ်ဆင့် တုပိုင်ဆီကို ဆက်သွားမယ်"
**--**--**--**--**--**--**--**
နောက်တစ်နေ့သို့ ရောက်သောအခါ မိဖုရားနင်းချန်သည် သူမနှင့်အတူ တုပိုင်ထံသို့ သွားရောက်ခိုလှုံရန် မင်းသမီးယွီကျိန်းအား နောက်ဆုံးအကြိမ်အဖြစ် ထပ်မံ ဖျောင်းဖျကြည့်လေသည်။ သို့သော် မင်းသမီးယွီကျိန်းကမူ ခေါင်းမာစွာပင် ထပ်မံငြင်းဆန်ခဲ့ပြီး ဧကရာဇ်ယုံချန်၏ နောက်တော်ပါးမှ အနောက်ဘက်အရပ်သို့ ဆက်လက် လိုက်ပါသွားလေ၏။
နောက်ထပ် တစ်ရက်မျှ ခရီးဆက်ခဲ့ကြပြန်သည်။
အသက်ရှင်ကျန်ရစ်သည့် အကြွင်းအကျန် စစ်သည်အင်အား တစ်သိန်းသည် အန်နမ်နိုင်ငံ၏ မြို့နယ်ငယ်လေးတစ်ခုအတွင်းသို့ ဝင်ရောက်လာကြလေ၏။ သူတို့သည် မနက်ဖြန်တွင် အန်နမ်နိုင်ငံ၏ ပိုင်နက်နယ်မြေမှ အပြီးတိုင် ထွက်ခွာပြီး လွမ်ပရာဘွမ်နိုင်ငံအတွင်းသို့ ဝင်ရောက်ကြမည် ဖြစ်သည်။
ဧကရာဇ်ယုံချန်သည် ပြတင်းပေါက်ကို ဆွဲဖွင့်ကာ ကောင်းကင်ယံထက်၌ သာယာတောက်ပနေသော လမင်းကြီးကို မော့ကြည့်လိုက်သည်။ သူ၏ ရင်ထဲ၌မူ အာဏာမက်မောမှုနှင့် ကြီးမားလှသော ရည်မှန်းချက် အိပ်မက်များက လှိုင်းလုံးများပမာ ရိုက်ခတ်ပြည့်နှက်နေလေ၏။
ဟွေမြို့တော် ကျဆုံးသွားခြင်းက လီချန်ဘုရင်နှင့် ကျန်းနန်နယ်စားမင်းတို့အတွက် ကြီးမားသော ကပ်ဘေးကြီး တစ်ခု ဖြစ်ခဲ့သော်လည်း ၊ ဧကရာဇ်ယုံချန်အတွက်မူ မမျှော်လင့်ထားသော ကြီးမားသည့် အကျိုးအမြတ်တစ်ခု ဖြစ်လာသည်။
ယခုမူ စစ်တပ်အင်အား တစ်သိန်းသည် သူ၏ လက်အောက်သို့ အလုံးစုံ ကျရောက်လာခဲ့ပြီ ဖြစ်သည်။
ဧကရာဇ်တစ်ပါး၏ အသက်သွေးကြောနှင့် အရေးအကြီးဆုံးသော အရာမှာ အင်အားတောင့်တင်းသည့် ကိုယ်ပိုင် စစ်တပ်တစ်ခုကို ပိုင်ဆိုင်ထားရန်ပင် မဟုတ်ပါလော။
နောက်တစ်ဆင့်အနေဖြင့် ၊ အရှေ့ဘက် ပြည်ထောင်စုသည် မိုးကြိုးကဲ့သို့ ပြင်းထန်သော အင်အားများကို အသုံးပြုကာ တုပိုင်နှင့် ဧကရာဇ်ကျန်းဝူတို့ကို အပြတ်အသတ် ချေမှုန်းပစ်မည် ဖြစ်သည်။
ထိုအချိန်သို့ ရောက်လျှင် ၊ အနောက်တောင်ပိုင်း တစ်ခုလုံးတွင် ကြီးမားလှသော အာဏာလစ်ဟာမှုကြီးတစ်ခု ပေါ်ပေါက်လာလိမ့်မည်။ သူသည် သူ၏ စစ်တပ်ကို ဦးဆောင်ကာ လွမ်ပရာဘွမ်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ မြောက်ပိုင်းကို ဝင်ရောက်တိုက်ခိုက်မည် ဖြစ်ပြီး ၊ ထိုလစ်ဟာနေသော နယ်မြေများကို သိမ်းပိုက်ကာ တုပိုင်၏ ပိုင်နက်နယ်မြေကိုပါ သူ၏ လက်အောက်သို့ သွတ်သွင်းမည် ဖြစ်သည်။
အရှေ့ဘက် ပြည်ထောင်စုက တုပိုင်ကို တိုက်ခိုက်မည် ဖြစ်သော်လည်း ၊ ဧကရာဇ်ယုံချန်ကိုမူ တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။
ရုပ်သေးဧကရာဇ် ယုံတယ်သည် နာမည်ပျက်နေပြီဖြစ်ရာ ၊ သူ့ကို မည်သူကမျှ အစားထိုးနိုင်မည် မဟုတ်ချေ။ ဒုတိယအချက်အနေဖြင့် ၊ အရှေ့ဘက် ပြည်ထောင်စုသည်လည်း ယုံတယ်အား တာ့နင်အင်ပါယာ၏ တစ်ပါးတည်းသော ဧကရာဇ်အဖြစ် ထီးနန်းပေါ်၌ မြင်တွေ့ရသည်ကို သဘောကျမည် မဟုတ်ပေ။
ယခင်က သူသည် ရှုမင်းသားအိမ်တော်ရှိ အာဏာမရှိသော အပယ်ခံသားတစ်ယောက်သာ ဖြစ်ခဲ့ပြီး ၊ ဝက်များ မွေးမြူထားသကဲ့သို့ သူ၏ ကိုယ်ပိုင်နယ်မြေထဲတွင်သာ ပိတ်လှောင်ခံထားခဲ့ရသည်။ ထိုစက်ဆုပ်ဖွယ် ဘဝကို သူ လုံလောက်အောင် ခံစားခဲ့ရပြီ ဖြစ်၏။
ထို့ကြောင့်ပင် သူသည် သိုင်းပညာကို အသည်းအသန် လေ့ကျင့်ကာ ၊ ကမ္ဘာအနှံ့ ခရီးလှည့်လည်ခဲ့ပြီး ၊ ရလာသော အခွင့်အရေးတိုင်းကို လက်လွတ်မခံဘဲ အရယူခဲ့ခြင်း ဖြစ်လေသည်။
ယခုမူ ၊ သူသည် မကြာမီအချိန်အတွင်း အမြင့်ဆုံးနေရာသို့ ရောက်ရှိတော့မည် ဖြစ်သည်။ ဧကရာဇ်ယုံချန်က ကောင်းကင်ယံရှိ လမင်းကြီးကို ငေးကြည့်ကာ တိုးတိတ်စွာ ရေရွတ်လိုက်သည်။
"တုပိုင်... မင်းရဲ့ အလောင်းကောင်ကို နင်းပြီး အမြင့်ဆုံးနေရာကို ငါ တက်လှမ်းပြမယ်။ မင်းရေးခဲ့တဲ့ ကဗျာလေးကတော့ တကယ်ကို အသက်ဝင်ပါတယ်။ 'လူတွေ အသက်ရှည်ရှည် နေနိုင်ကြဖို့ မျှော်လင့်ပါတယ်' တဲ့လား... အခုချိန်ဆို မင်းလည်း ငါ့လိုပဲ ဒီလမင်းကြီးကို ငေးကြည့်နေလောက်မလားပဲ"
"အရှင်မင်းမြတ်"
အပြင်ဘက်မှ မင်းသမီးယွီကျိန်း၏ အသံ ထွက်ပေါ်လာ၏။ ဧကရာဇ်ယုံချန်၏ ရင်ခုန်သံများ အရှိန်ပြင်းလာပြီး ၊ သူ၏ အသက်ရှူသံများလည်း မြန်ဆန်လာသည်။
သူ့ဘဝတွင် မိန်းမများစွာကို ပိုင်ဆိုင်ခဲ့ပြီး ၊ မင်းသမီးယွီကျိန်းကဲ့သို့ လှပသော မိန်းမမျိုးကိုပင် ကြုံဖူးခဲ့သည်။
သို့သော် ၊ မင်းသမီးယွီကျိန်းကဲ့သို့ အလွန်တရာ လှပသော ရုပ်ဆင်းအင်္ဂါနှင့် ရင်သပ်ရှုမောဖွယ် ကိုယ်လုံးကိုယ်ပေါက် နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထားသော မိန်းမမျိုးကိုမူ သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
မင်းသမီးယွီကျိန်း၏ ကိုယ်လုံးကိုယ်ပေါက်မျိုးမှာ အနောက်တိုင်း ဗိုက်ကင်းမြို့တော်တွင်ပင် အလွန် ရှားပါးလှပေသည်။
အားလုံးသိသည့်အတိုင်းပင် ဗိုက်ကင်းမြို့တော်တွင် ကမ္ဘာ့အလှဆုံး အမျိုးသမီးများ ရှိနေကြသည်။ ထို့အပြင် အနောက်တိုင်း အမျိုးသမီးများ၏ ခန္ဓာကိုယ် အချိုးအစားက အရှေ့တိုင်း အမျိုးသမီးများထက် မွေးရာပါ ပိုမို ဆွဲဆောင်မှု ရှိကြလေ၏။
မင်းသမီးယွီကျိန်း၏ ခန္ဓာကိုယ် ကောက်ကြောင်းများမှာမူ ယောက်ျားသားတို့၏ နှလုံးသားကို ညှို့ယူဖမ်းစားနိုင်သော မိစ္ဆာတစ်ကောင်ပမာ ဆွဲဆောင်မှု ပြင်းပြလွန်းလှပြီး ၊ ဖန်ဆင်းရှင် ကိုယ်တိုင် အချိန်ယူ ထုဆစ်ထားသည့် အကောင်းဆုံး လက်ရာတစ်ခု ဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ထိုကဲ့သို့ ပေါက်ကွဲထွက်မတတ် ဆွဲဆောင်မှုရှိသော စွမ်းအင် ၊ ထိုကဲ့သို့ ပြည့်ဖြိုးလှသော ခန္ဓာကိုယ် ကောက်ကြောင်းများတို့သည် အမျိုးသားတိုင်း အိပ်မက်မက်ကြရသော ပြိုင်ဘက်ကင်း ဆွဲဆောင်မှုအရှိဆုံး မိန်းမလှလေး တစ်ဦးပင် ဖြစ်လေ၏။
"ဝင်လာခဲ့ပါ" ဧကရာဇ်ယုံချန်က ပြောလိုက်သည်။
တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် ၊ မင်းသမီးယွီကျိန်း လျှောက်ဝင်လာလေ၏။
ယနေ့တွင် သူမသည် ထူးထူးခြားခြားပင် အနီရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး မျက်နှာတွင်လည်း ပါးနီများ ခြယ်သထားလေသည်။
သူမသည် ဤကဲ့သို့သော ဂါဝန်မျိုးကို လုံးဝ ဝတ်ဆင်လေ့မရှိသလို ၊ မိတ်ကပ်လိမ်းခြယ်ခြင်းမျိုး ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။
အချိန်အများစုတွင် ၊ သူမသည် စပါးကြီးမြွေရေခွံဖြင့် ပြုလုပ်ထားသော ကိုယ်ကျပ်ဝတ်စုံနှင့် သံချပ်ကာအင်္ကျီကိုသာ ဝတ်ဆင်လေ့ရှိသည်။
လက်ရှိအချိန်တွင် အနီရောင်ဂါဝန်ကို ဝတ်ဆင်ကာ မျက်နှာတွင် မိတ်ကပ်များ လိမ်းခြယ်ထားသော သူမကို မြင်လိုက်ရသဖြင့် ယုံကြည်နိုင်ရန် ခက်ခဲနေလေ၏။
သူမသည် မျက်စိကျိန်းမတတ် လှပလွန်းနေပြီး ၊ တကယ့်ကို ရင်သပ်ရှုမောဖွယ် ကောင်းနေသည်။
ဤဂါဝန်မှာ မူလက သာမန် ဂါဝန်တစ်ခုသာ ဖြစ်သော်လည်း ၊ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်လိုက်ချိန်၌မူ ခါးနေရာလေးမှာ လက်တစ်ဆုပ်စာမျှ သေးသွယ်သွားပြီး ၊ ရင်ဘတ်နှင့် ခါးအောက်ပိုင်းရှိ ဆွဲဆောင်မှုအရှိဆုံး နေရာနှစ်ခုမှာ ကွဲထွက်သွားမတတ် ပြည့်ဖြိုးတင်းရင်းနေ၏။
ထိုကဲ့သို့သော ကိုယ်လုံးကိုယ်ပေါက်က မြင်တွေ့ရသူ ယောကျ်ားသား တစ်ယောက်ကို ပေါက်ကွဲထွက်ချင်စိတ် ပေါက်သွားစေနိုင်သည်။ သူမက အဘယ်ကြောင့် ဤမျှ လှလှပပ ဝတ်ဆင်ထားရသနည်း။ မိန်းမဟူသည် မိမိကို မြတ်နိုးသူအတွက် အလှပြင်တတ်ကြသည် မဟုတ်ပါလား။
"အရှင်မင်းမြတ်... ကျွန်တော်မျိုးမကို ခေါ်ခိုင်းတယ်ဆိုလို့ပါ" မင်းသမီးယွီကျိန်း၏ အသံမှာ တုန်ရီနေပြီး ၊ သူမ၏ မျက်နှာအမူအရာမှာလည်း အနည်းငယ် တောင့်တင်းနေကာ အလွန်တရာ စိုးရိမ်ထိတ်လန့်နေသည့်ဟန် ပေါ်လွင်နေလေ၏။
ဧကရာဇ်ယုံချန်က နှစ်သိမ့်သော လေသံဖြင့် ပြောသည်။ "ဟုတ်တယ်... ကျန်းနန်နယ်စားမင်း ကွယ်လွန်သွားပြီးတဲ့နောက် စစ်ရေးကိစ္စတွေက ရှုပ်ထွေးနေတော့ ကိုယ်တော် မင်းနဲ့ သေသေချာချာ မပြောဖြစ်ခဲ့ဘူး။ အခုတော့ စကားတစ်ခွန်းပဲ ပြောနိုင်ပါတော့မယ်... တောင်းပန်ပါတယ်"
မင်းသမီးယွီကျိန်းမှာ အနည်းငယ် ကြက်သေသေသွားပြီး အသက်ရှူမြန်လာကာ ပြန်ပြော၏။ "ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"ထိုင်ပါ" ဧကရာဇ်ယုံချန်က ပြောသည်။
မင်းသမီးယွီကျိန်းသည် စားပွဲတစ်ဖက်တွင် ဝင်ထိုင်လိုက်ရာ ၊ သူမ၏ ခါးနှင့် တင်ပါး ကောက်ကြောင်းများက ရုတ်တရက် မြင်ရသူ၏ အမြင်အာရုံကို ပေါက်ကွဲထွက်သွားစေမတတ် ဖြစ်သွားစေသည်။ ဂါဝန်မှာ တကယ်ပင် ပြဲထွက်သွားတော့မည့်ပုံ ပေါ်နေသည်။
ဧကရာဇ်ယုံချန်သည် သူ၏ တုန်ရီနေသော အသက်ရှူသံကို အသည်းအသန် မျိုသိပ်ဖိနှိပ်ထားလိုက်ရ၏။
ထို့နောက် သူသည် မင်းသမီးယွီကျိန်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး ၊ အရက်ခွက်ကို ယူကာ မင်းသမီးယွီကျိန်းအတွက် တစ်ခွက် ငဲ့ပေးလိုက်ပြီး သူ၏ ကိုယ်ပိုင်ခွက်ထဲသို့လည်း တစ်ခွက် ငဲ့လိုက်လေသည်။
"ယွီကျိန်း... ကိုယ်တော်က စစ်တပ်ကို ဦးဆောင်ပြီး လွမ်ပရာဘွမ်နိုင်ငံထဲကို ဝင်သွားမယ် ၊ မင်း ဘယ်လိုထင်လဲ" ဧကရာဇ်ယုံချန်က မေးသည်။
မင်းသမီးယွီကျိန်းက တည်ငြိမ်စွာ ဖြေ၏။ "ကျွန်မမှာ ဘာသဘောထားမှ မရှိပါဘူး။ အားလုံးက အရှင်မင်းမြတ်ရဲ့ အလိုတော်အတိုင်းပါပဲ"
ဧကရာဇ်ယုံချန်က အရက်ခွက်ကို ကောက်ကိုင်လိုက်ပြီး မင်းသမီးယွီကျိန်းဘက်သို့ လှည့်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်လေ၏။
မင်းသမီးယွီကျိန်းမှာလည်း အလောတကြီးဖြင့် အရက်ခွက်ကို ကောက်ကိုင်ကာ တစ်ကျိုက်တည်း အကုန် မော့သောက်လိုက်လေ၏။
မင်းသမီးယွီကျိန်း အရက်သောက်လိုက်သည်ကို မြင်လိုက်ရသဖြင့် ဧကရာဇ်ယုံချန်မှာ အလွန် ဝမ်းသာအားရ ဖြစ်သွားလေ၏။
ထို့နောက် သူက သူ့အတွက် နောက်တစ်ခွက် ထပ်ငဲ့လိုက်ပြီး ၊ မင်းသမီးယွီကျိန်းအတွက်လည်း တစ်ခွက် ထပ်ငဲ့ပေးလိုက်လေ၏။
"ဒီတစ်ခွက်က မေတ္တာတရားကြီးမားပြီး ကြီးမြတ်လှတဲ့ လီချန်ဘုရင်ကို ဂါရဝပြုတာပါ" ဧကရာဇ်ယုံချန်က ပြောလိုက်ပြီးနောက် မော့သောက်လိုက်လေ၏။
မင်းသမီးယွီကျိန်းမှာ အံ့အားသင့်သွားပြီးနောက် အကုန် မော့သောက်လိုက်ပြန်လေ၏။ ဧကရာဇ်ယုံချန်သည် နောက်ထပ် အရက်တစ်ခွက် ထပ်ငဲ့လိုက်ပြန်လေ၏။
"ဒီတတိယမြောက် တစ်ခွက်ကတော့ ရဲရင့်ပြီး သစ္စာရှိတဲ့ ကျန်းနန်နယ်စားမင်းကို ဂါရဝပြုတာပါ" ဧကရာဇ်ယုံချန်က ပြောလိုက်ပြီးနောက် သောက်လိုက်လေ၏။
မင်းသမီးယွီကျိန်း၏ လှပသော မျက်ဝန်းများမှာ နီရဲလာပြီး သူမလည်း မော့သောက်လိုက်လေ၏။
အရက်သုံးခွက် သောက်ပြီးနောက်တွင် ၊ မင်းသမီးယွီကျိန်း၏ ပါးပြင်လေးများမှာ နီမြန်းလာပြီး သူမကို ပိုမို လှပကာ ဆွဲဆောင်မှု ရှိလာစေသည်။ သူမ၏ လှပသော မျက်ဝန်းများထဲတွင် မျက်ရည်များ ရစ်ဝဲလာပြီး သူမ၏ အကြည့်များကို ပို၍ပင် ရီဝေေဝဖြစ်သွားစေ၏။
အရက်သောက်ထားသောကြောင့် ခန္ဓာကိုယ်မှာ ပူနွေးလာပြီး ဆွဲဆောင်မှုရှိသော ရနံ့သင်းသင်းလေးတစ်ခု ထွက်ပေါ်လာ၏။ ထိုရနံ့က ဧကရာဇ်ယုံချန်ကို စိတ်လှုပ်ရှားယစ်မူးသွားစေပြီး တကယ်ပင် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်အောင် ဖြစ်သွားရသည်။
ထို့နောက် ဧကရာဇ်ယုံချန်က သူ့အတွက် နောက်တစ်ခွက် ထပ်ငဲ့လိုက်ပြီး ၊ မင်းသမီးယွီကျိန်းအတွက်လည်း နောက်တစ်ခွက် ထပ်ငဲ့ပေးလိုက်ပြန်၏။
"ယွီကျိန်း... မိဖုရားနင်းချန်က လွန်ခဲ့တဲ့ နှစ်ရက်က သန်လုံစီရင်စုကို ပြန်သွားဖို့ မင်းကို သူမနဲ့အတူ လိုက်ခဲ့ဖို့ ခေါ်ခဲ့တယ်လေ။ မင်းက ဘာလို့ မလိုက်သွားဘဲ ကိုယ်တော့်နောက်ကို လိုက်လာရတာလဲ" ဧကရာဇ်ယုံချန်က ညင်သာစွာ မေးလိုက်သည်။
မင်းသမီးယွီကျိန်းက ပြန်ဖြေ၏။ "မိဖုရားနင်းချန်က သာမန်မိန်းမတစ်ယောက်ပါ။ ကျွန်မကတော့ စစ်သည်တစ်ယောက်လေ"
"မှန်တယ်" ဧကရာဇ်ယုံချန်က စိတ်ခံစားမှုအပြည့်ဖြင့် ပြောလေသည်။ "ကိုယ်တော်တို့ စစ်တပ်ကို ဦးဆောင်ပြီး အန်နမ်နိုင်ငံကနေ ထွက်သွားမှသာ သန်လုံစီရင်စုက လုံခြုံနိုင်မှာ။ ပြီးတော့ မိဖုရားနင်းချန်လည်း လုံခြုံနိုင်မှာလေ။ ဧကရာဇ်တစ်ပါးအနေနဲ့ ကိုယ်တော်က ကမ္ဘာ့ပြည်သူတွေအတွက် စတေးခံဖို့ ကံကြမ္မာပါလာပြီးသားပါ။ စစ်သည်တစ်ယောက်အနေနဲ့ မင်းလည်း အတူတူပါပဲ။ စတေးခံဖို့အတွက်၊ ကမ္ဘာ့ပြည်သူတွေအတွက်... သောက်ကြရအောင်"
ထို့နောက် ဧကရာဇ်ယုံချန်က တစ်ကျိုက်တည်း အကုန် မော့သောက်လိုက်၏။
မင်းသမီးယွီကျိန်းလည်း လိုက်သောက်လိုက်လေသည်။
ဤသည်က တကယ်ကို ရယ်စရာကောင်းလှပေသည်။ သူသည် စစ်တပ်အင်အား တစ်သိန်းကို ခေါ်ဆောင်ကာ အနောက်ဘက်ရှိ လွမ်ပရာဘွမ်နိုင်ငံဆီသို့ ဦးတည်သွားခဲ့သည်။ ထို့ကြောင့် အမျိုးသမီးဧကရာဇ် မိုဟန်က ချက်ချင်းပင် လိုက်လံချေမှုန်းခြင်းကို ရပ်တန့်လိုက်ပြီး ၊ သူမ၏ စစ်တပ်သည် ဦးတည်ရာကို အမြန်ပြောင်းလဲကာ သန်လုံစီရင်စုဆီသို့ တိုက်ခိုက်ရန် ချီတက်သွားခဲ့ပြီ ဖြစ်၏။
ထို့နောက် ဧကရာဇ်ယုံချန်၏ မျက်ဝန်းများမှာ ကြင်နာယုယမှုများဖြင့် ပြည့်နှက်လာပြီး ညင်သာစွာ ပြော၏။ "ယွီကျိန်း... မင်းက စစ်သည်တစ်ယောက်ဆိုပေမဲ့ မိန်းမသားတစ်ယောက်လည်း ဖြစ်သေးတယ်လေ"
မင်းသမီးယွီကျိန်း၏ နုနယ်သော ခန္ဓာကိုယ်လေးမှာ တုန်ရီသွားပြီး ခေါင်းငုံ့သွားလေသည်။
ဧကရာဇ်ယုံချန်က ပြောသည်။ "ကျန်းနန်နယ်စားမင်း မကွယ်လွန်ခင်က မင်းကို ကိုယ်တော့်ဆီ အပ်နှံသွားခဲ့တာ... မင်း သိလား"
မင်းသမီးယွီကျိန်းက တုန်ရီစွာဖြင့် ပြန်ဖြေ၏။ "ကျွန်တော်မျိုးမ သိပါတယ်"
ဤအချိန်တွင် သူမ၏ လှပသော မျက်ဝန်းများက စားပွဲမျက်နှာပြင်ပေါ်သို့သာ စိုက်ကျနေပြီး ၊ ဧကရာဇ်ယုံချန်၏ အကြည့်များကို လုံးဝ ရှောင်လွှဲထားလေ၏။
သူမ တစ်ကိုယ်လုံးမှာ အလွန်တရာ သဘာဝမကျဖြစ်နေပြီး ၊ အလွန် စိုးရိမ်တကြီးနှင့် ဂဏာမငြိမ် ဖြစ်နေပုံရသည်။
"မကြောက်ပါနဲ့" ဧကရာဇ်ယုံချန်က ချော့မော့ပြောဆို၏။ "ကိုယ်တော်က ဘေးဒုက္ခပေးမယ့်သူမှ မဟုတ်တာ။ အခု ကျန်းနန်နယ်စားမင်းလည်း ကွယ်လွန်သွားခဲ့ပြီ၊ မင်းရဲ့ မိခင်နဲ့ မောင်လေးကလည်း သန်လုံမြို့တော်မှာ ရှိနေကြပြီဆိုတော့ မင်းအတွက် တစ်ဦးတည်းသော ဆွေမျိုးက ကိုယ်တော်ပဲ ရှိတော့တာလေ။ မင်းကို ကိုယ်တော့်ရဲ့ ဧကရီ ဖြစ်စေချင်တယ်။ မင်း သဘောတူလား"
မင်းသမီးယွီကျိန်းမှာ ဘာစကားမှ မဆိုဘဲ ခေါင်းငုံ့နေခဲ့ပြီးနောက် ၊ ခေါင်းမော့လာကာ တိုးညှင်းစွာ မေးလိုက်သည်။ "အရှင်မင်းမြတ်ရဲ့ လက်မှာ ဒဏ်ရာရထားတာလား။ ခုနကမှ ထပ်ပြီး ဒဏ်ရာရသွားတာများလား"
ဧကရာဇ်ယုံချန်က သူ၏ လက်များကို ပွင့်ပွင့်လင်းလင်း ဖြန့်ပြကာ ပြော၏။ "ဘာမှမဖြစ်ပါဘူး။ ကိုယ်တော်လည်း တိုက်ပွဲမှာ ပါဝင်ဆင်နွှဲချင်တာလေ။ ဒီလောက် ဒဏ်ရာအသေးအမွှားလေးက ဘာလုပ်လို့ရမှာလဲ"
မည်သို့ပင်ဖြစ်စေ ကျန်းနန်နယ်စားမင်း ဆုန်ချွဲ၏ ကျောက်သလင်း အကာအကွယ်ကြေးမုံကို သူ လွှင့်ပစ်လိုက်ပြီ ဖြစ်၏။
ဧကရာဇ်ယုံချန်သည် မင်းသမီးယွီကျိန်း၏ လှပသော မျက်နှာလေးနှင့် မိစ္ဆာတစ်ကောင်ကဲ့သို့ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ် ကောက်ကြောင်းများကို ကြည့်လိုက်မိ၏။ သူ၏ စိတ်အာရုံတစ်ခုလုံး ပူလောင်လာပြီး ၊ တစ်ကိုယ်လုံးလည်း ပူနွေးလာခဲ့လေသည်။
သူက မင်းသမီးယွီကျိန်းကို ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။ "ယွီကျိန်း... အခုကစပြီး မင်းကို ကိုယ်တော် ပြုစုစောင့်ရှောက်ပါရစေ။ ရမလား"
မင်းသမီးယွီကျိန်းမှာ သူမ၏ လက်နှစ်ဖက်ကို အသည်းအသန် လိမ်ယှက်နေမိပြီး ဘာစကားမှ မဆိုဘဲ မြေပြင်ကိုသာ လုံးလုံးလျားလျား ငုံ့ကြည့်နေလေ၏။
ဘာစကားမှ မဆိုဘဲ တိတ်တဆိတ် သဘောတူလက်ခံနေခြင်းဖြစ်မည်ဟု တွေးကာ ဧကရာဇ်ယုံချန်မှာ ရင်ထဲတွင် ပြုံးလိုက်မိလေသည်။
အရက်သောက်ထားခြင်းနှင့် မင်းသမီးယွီကျိန်း၏ ကြောက်ရွံ့ရှက်ရွံ့နေသော အသွင်အပြင်တို့က ဧကရာဇ်ယုံချန်၏ စိတ်အာရုံကို လုံးလုံးလျားလျား လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားလေ၏။ သူက ရုတ်တရက် ထုတ်ပြောလိုက်သည်။ "ယွီကျိန်း... ဒီည ကိုယ်တော်နဲ့ အတူအိပ်ကြမလား။ ငါတို့ မြန်မြန် ကလေးယူကြတာပေါ့။ ဒါမှ ကျန်းနန်နယ်စားမင်းရဲ့ ကောင်းကင်ဘုံက ဝိညာဉ်ကိုလည်း နှစ်သိမ့်ပေးနိုင်မှာလေ"
ဤစကားများ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ၊ ဧကရာဇ်ယုံချန်မှာ နောင်တမရဘဲ မနေနိုင်တော့ချေ။ အလွန် ရိုင်းပျလွန်းသွားခဲ့ပြီ။
သို့သော် အရက်နှင့် အလှတရား၏ ဆွဲဆောင်ဖြားယောင်းမှုအောက်တွင် သူ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ ရုတ်တရက် ပြောထွက်သွားခဲ့ခြင်းပင်။
သို့သော် မင်းသမီးယွီကျိန်းသည်တော့ ခေါင်းငုံ့ထားဆဲဖြစ်ပြီး ဘာမှ မပြောခဲ့ချေ။ သူမ၏ တစ်ကိုယ်လုံးသည်လည်း အနည်းငယ် တုန်ရီလာခဲ့လေ၏။
ဧကရာဇ်ယုံချန်မှာ အလွန် ဝမ်းသာအားရ ဖြစ်သွားလေသည်။
ဤသည်က ဆန်စိမ်းကို ထမင်းဖြစ်အောင် ချက်ချင်း ချက်ပြုတ်ပစ်ရန် တစ်သက်မှာ တစ်ခါသာ ရနိုင်မည့် အခွင့်အရေးကြီးပင် ဖြစ်၏။
မင်းသမီးယွီကျိန်းကဲ့သို့သော မိန်းမမျိုးက သူ့အပေါ် တစ်ခါ ပုံအပ်ပြီးသွားလျှင် သေချာပေါက် သေသည်အထိ သစ္စာရှိသွားမည် ဖြစ်သည်။
ယခုမှစ၍ ၊ ဤလှပသော မိန်းမလှလေး ၊ ဤလှပသော ခန္ဓာကိုယ်လေးက ယုံချန် ပိုင်ဆိုင်သွားပြီ ဖြစ်ပြီး ၊ စစ်တပ်ရော ၊ မိန်းမလှလေးကိုပါ တစ်ပြိုင်နက်တည်း အပိုင်ရသွားပြီ ဖြစ်လေ၏။
"ကျေးဇူးတင်ပါတယ် ကျန်းနန်နယ်စားမင်း... လောကကြီးမှာ ဒီလို သစ္စာရှိတဲ့ အမတ်မျိုး ရှိနေသေးတာပဲ၊ ဟားဟား" ဧကရာဇ်ယုံချန်မှာ ရင်ထဲတွင် အောင်ပွဲခံကာ ရယ်မောလိုက်လေ၏။
ထို့နောက် သူသည် မင်းသမီးယွီကျိန်းကို စိုက်ကြည့်ရင်း ၊ သူ၏ အဝတ်အစားများကို တစ်လွှာချင်း ချွတ်ပစ်လိုက်သည်။
ဤသည်က သိမ်းပိုက်ခြင်း လုပ်ငန်းစဉ်တစ်ခု ဖြစ်၏။ တစ်ချက်က သူ၏ ခမ်းနားတောင့်တင်းသော ခန္ဓာကိုယ်ကို ပြသရန်ဖြစ်ပြီး ၊ အခြားတစ်ချက်မှာ တစ်ဖက်လူ၏ တုံ့ပြန်မှုကို ကြည့်ရှုရန် ဖြစ်သည်။
တားဆီးခြင်း မရှိဘူးဆိုလျှင် သဘောတူလက်ခံသည်ဟု ဆိုလိုခြင်းပင်။
လုပ်ငန်းစဉ် တစ်ခုလုံးတွင် မင်းသမီးယွီကျိန်းမှာ ဧကရာဇ်ယုံချန်ကို မော့မကြည့်ဘဲ မြေပြင်ကိုသာ ငုံ့ကြည့်နေခဲ့လေ၏။ သူမ တစ်ကိုယ်လုံးမှာ ပို၍ပို၍ ပြင်းထန်စွာ တုန်ရီလာပြီး မျက်ဝန်းများမှ မျက်ရည်များပင် စီးကျလာသည်။
မကြာမီတွင် ၊ ဧကရာဇ်ယုံချန်သည် သူ၏ အဝတ်အစားများကို အကုန်ချွတ်ပစ်လိုက်ပြီး မင်းသမီးယွီကျိန်းဆီသို့ လျှောက်လာ၏။ ဤအချိန်တွင် သူသည် ရမ္မက်ဆန္ဒများဖြင့် လုံးလုံးလျားလျား မူးယစ်တွေဝေနေပြီး ညင်သာစွာ ပြောလိုက်သည်။ "ယွီကျိန်း... မကြောက်ပါနဲ့။ ကိုယ်တော် ညင်ညင်သာသာလေး လုပ်မှာပါ"
ထို့နောက် သူက မင်းသမီးယွီကျိန်း၏ ပခုံးကို ဖက်ရန် လက်လှမ်းလိုက်လေ၏။
"ရွှီး..."
ဧကရာဇ်ယုံချန်၏ လက်က မင်းသမီးယွီကျိန်း၏ ပခုံးကို မထိရသေးခင်မှာပင် ၊ သူ၏ မျက်စိရှေ့တွင် အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်သွားသည်ကို ခံစားလိုက်ရသည်။
ထိုခဏ၌ပင် သူ၏ ပေါင်ခြံကြားမှ ရုတ်တရက် အေးစက်သွားပြီး ၊ ပူနွေးသော သွေးစိမ်းရှင်ရှင်များက ပန်းထွက်လာလေ၏။
"ဟမ်..."
သူ... သူ သင်းကွပ်ခံလိုက်၏။ ယောကျ်ားမာန်အပြည့်ဖြင့် လောင်ကျွမ်းနေသော သူ့အား အရှင်လတ်လတ် လုံးလုံးလျားလျား သင်းကွပ်ပစ်လိုက်ခြင်းပင် ဖြစ်သည်။
ထိုအချိန်တွင် မင်းသမီးယွီကျိန်း ခေါင်းမော့လာသည်။ သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များဖြင့် ပြည့်နှက်နေပြီး ၊ သူမ၏ လှပသော မျက်ဝန်းများထဲတွင်မူ အရိုးထဲထိ စွဲလောက်အောင် နက်ရှိုင်းလှသော အမုန်းတရားများ ပြည့်နှက်နေလေတော့၏။
"အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး"
**--**--**--**--**--**--**--**
ထိုအချိန်တွင် ကွေ့လင်စီရင်စုရှိ တုပိုင်သည် စစ်ကြေညာစာတစ်စောင်ကို လက်ခံရရှိသည်။
ယင်းမှာ ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသော အမျိုးသမီးဧကရာဇ် မိုဟန်ထံမှ ပေးပို့လာသည့် ကြောက်မက်ဖွယ် စစ်ကြေညာစာပင် ဖြစ်၏။
"အန်နမ်နိုင်ငံ မိုမင်းဆက်ရဲ့ ဧကရီ မိုဟန် ငါကိုယ်တော်က နင့်ကို ပိုင်ဆယ်နဲ့ ဝမ်ရှန်း ဒေသတွေကို မိုအန်နမ်နိုင်ငံဆီ ခြွင်းချက်မရှိ ချက်ချင်း ပေးအပ်ဖို့ အမိန့်ပေးတယ်။ ဒီလိုမှမဟုတ်ရင် ငါ့ရဲ့ ရေတပ်က ကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ နင့်နေရာတွေကို ချက်ချင်း ဖျက်ဆီးပစ်မယ်။ ပြီးတော့ ငါ့ရဲ့ စစ်တပ်က နင့်ရဲ့ အနောက်တောင်ပိုင်းကို အပြတ်အသတ် ချေမှုန်းပစ်မယ်"
"သခင်... အမျိုးသမီးဧကရာဇ် မိုဟန်ရဲ့ ရေတပ်က မြောက်ဘက်ကို ဦးတည်ပြီး ကျွန်တော်တို့ရဲ့ အနောက်တောင်ပိုင်းဆီကို ဦးတည်လာနေပါပြီ။ ရေနွေးငွေ့သုံး သံချပ်ကာ စစ်သင်္ဘောကြီး သုံးစင်းနဲ့၊ ရေနွေးငွေ့သုံး သံချပ်ကာ ခရူဇာသင်္ဘော လေးစင်းတို့နဲ့ ဦးတည်လာနေပါပြီ"
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၅၁ + ၇၅၂ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team