← Chapters

နတ်မိစ္ဆာ စစ်သည်တစ်သိန်း

Vol. 4 Ch. 349

နတ်မိစ္ဆာ စစ်သည်တစ်သိန်း

Vol. 4 Ch. 349

နတ်ဆိုးစစ်သည်တော်များ မည်သည့်နေရာမှ ရောက်ရှိလာသည်ကို ဖန်ယန်ယင်း မသိပါ။

ထိုမျှလောက် များပြားလှသည့် နတ်မိစ္ဆာများ နောက်ကွယ်တွင် နတ်မိစ္ဆာ ဘုရင်တစ်ပါး ရှိရမည်ကို သူမ ရိပ်မိလိုက်သည်။

နတ်မိစ္ဆာဘုရင်က ပြင်ပ အကူအညီကို ရယူကာ နတ်မိစ္ဆာများကို အကန့်အသတ်မရှိ ပုံပြောင်းပေးထားခြင်း ဖြစ်လေသည်။

သို့သော် ထိုမျှ များပြားသော နတ်မိစ္ဆာများကို ပုံပြောင်း ပေးထားနိုင်သည်ကို ကြည့်ခြင်းအားဖြင့် ထိုနတ်မိစ္ဆာဘုရင်မှာ မည်မျှ တန်ခိုးစွမ်းအား ကြီးမားကြောင်း ခန့်မှန်း ကြည့်နိုင်လေသည်။

ဆန်းလျန်က ဖန်းယန်ယင်းကို မေးလိုက်သည်။

"မင်း ကြောက်နေလား"

ဖန်းယန်ယင်းက ဆန်းလျန်ကို လှမ်းကြည့်လိုက်သည်။

ဆန်းလျန်သည် အေးအေးဆေးဆေးပင် နံရံကိုမီကာ ရပ်နေဆဲဖြစ်လေသည်။ သူ၏ ပုံစံက နတ်မိစ္ဆာ ပေါင်းများစွာသည် သူ့အတွက် အချည်းအနှီး တန်ဖိုးမရှိကြောင်း ပြသနေလေသည်။

"ဆရာဦးလေး ရှိနေရင် ကျွန်မ မကြောက်ပါဘူး"

ဖန်းယန်ယင်းက ပြန်ဖြေလိုက်သည်။

ဖန်းယန်ယင်း စိတ်သက်သာရာ ရသွားလေသည်။

အတိတ် တစ်ချိန်တုန်းက ဆရာဖြစ်သူနှင့် အတူ နတ်မိစ္ဆာ ပေါင်းများစွာကို သူမ မြင်တွေ့ဖူးလေသည်။ နတ်မိစ္ဆာအားလုံးသည် ဆရာဖြစ်သူ၏ ဓားချက်အောက်တွင် သေဆုံး ကုန်ကြရစမြဲ ဖြစ်လေသည်။

ယခုတစ်ကြိမ် မရေမတွက်နိုင်သည့် နတ်မိစ္ဆာများ ရောက်လာသည့်တိုင် ပုရွက်ဆိတ် များသည် သစ်ပင်ကြီး တစ်ပင်ကို အဘယ်သို့လဲကျအောင် လုပ်နိုင်ပါမည်နည်း။

သူမ၏ ဆရာဦးလေးသည် မိုးနှင့်မြေတွင် ရှားပါးလွန်းသည့် သစ်ပင်ကြီး တစ်ပင်ကဲ့သို့ပင် ဖြစ်ကြောင်း သူမ သိလေသည်။

ဆန်းလျန်၏ မျက်ဝန်းများသည် ကြယ်စင်များကဲ့သို့ တလက်လက် တောက်ပနေလေသည်။

အနက်ရောင် တိမ်တိုက်ကြီးသည် နံနက်ခင်း နေရောင်ခြည်ကို ဖုံးကွယ်သွားပြီး သေစေခြင်း ကျောင်းတော် တစ်ခုလုံးကို မှောင်မိုက် သွားစေလေသည်။ သို့သော် ဆန်းလျန်၏ မျက်ဝန်းများဆီမှ ကြယ်စင်ကဲ့သို့ တောက်ပမှုသည် အမှောင်ထု တစ်ခုလုံးကို ဖြိုခွင်းလိုက်လေသည်။

ဆန်းလျန်၏ အသံသည် လေပြည်လေးအလား ဖန်းယန်ယင်း၏ နားတွင်းသို့ စီးဆင်း ဝင်ရောက် လာပြန်လေသည်။

"ယန်ယင်း၊ တောင်ပေါ်မှာ သစ်တောတွေ အများကြီးရှိတယ်၊ မင်းအဲဒီ နေရာတွေကို ကြောက်သလား"

"မကြောက်ပါဘူး"

ဖန်းယန်ယင်းက ပြန်ဖြေလိုက်လေသည်။

"ဘာလို့ မကြောက်တာလဲ"

ဆန်းလျန်၏ အမေးကို ဖန်းယန်ယင်းသည် မည်သို့ ပြန်ဖြေရမှန်း မသိပေ။ သူမတွင် အကြောက်တရား ကင်းမဲ့ခြင်း အတွက် အကြောင်းပြချက် မရှိပေ။

"ဘာလို့လဲဆိုတော့ အဲဒီသစ်တောတွေက မင်းကို အန္တရာယ် မပေးနိုင်ဘူး ဆိုတာ မင်းသိလို့ပဲပေါ့၊ ဒါကြောင့် မင်း မကြောက်တာလေ၊ ဒီနတ်မိစ္ဆာတွေကတော့ အန္တရာယ်ပေးနိုင်တယ်၊ ဒါပေမဲ့ မင်းကမကြောက်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်က ကာကွယ်ပေးမယ်လို့ မင်း ယုံကြည်ထားလို့ပဲ၊ မင်းက အန္တရာယ် မရှိတဲ့အတွက် မကြောက်တာပဲ၊ ဒါပေမဲ့ ကျုပ်တို့လို ကျင့်ကြံသူတွေ ဆိုတာက ကောင်းကင်ဘုံကိုတောင် ဆန့်ကျင် နေကြတဲ့ သူတွေပဲ၊ ကောင်းကင်ဘုံထက် စွမ်းအား ကြီးမားတဲ့အရာ ဘယ်ရှိမှာလဲ၊ ကောင်းကင်ဘုံက စွမ်းအားကြီးမားပြီး ကျုပ်တို့က စွမ်းအား နည်းပါးတယ်ဆိုရင်တောင်မှ မင်းအနေနဲ့ ကြောက်သင့်တယ်လို့ ထင်သလား"

ဆန်းလျန်၏ စကားကြောင့် ဖန်းယန်ယင်း စိတ်များ ရှုပ်ထွေးသွားရသည်။ သူမဘဝတွင် ထိုသို့သော စကားမျိုးကို တစ်ခါမှ ကြားခဲ့ဖူးခြင်း မရှိပေ။

ဆန်းလျန်က ဆက်ပြောလိုက်သည်။

"ပညာရှိ တစ်ယောက်က ပြောခဲ့ဖူးတယ်၊ 'ငါသွားရာလမ်းမှာ လူတစ်သောင်း တားဆီးပါစေ၊ တရားမျှတမှု လမ်းကို ငါလိုက်မယ်' တဲ့၊ ကျင့်ကြံသူတွေ အတွက်လည်း အတူတူပဲ၊ 'တာအို ကျင့်စဉ်လမ်း အဆုံးထိ လျှောက်လှမ်းဖို့ လူတစ်သောင်းပင် တားဆီးပါစေ၊ အဲဒီကို ရောက်အောင် လျှောက်လှမ်းမယ်' လို့ ခံယူချက်ထားရမယ်"

ဆန်းလျန်ဆိုလိုသည့် အဓိပ္ပါယ်ကို ဖန်းယန်ယင်းမှာ ချက်ချင်းနားလည် သွားလေသည်။ တာအို ကျင့်စဉ်လမ်း ဆိုသည်က မလျှော့သော ဇွဲလုံ့လဖြင့် မဆုတ်မနစ် ကြိုးစား ကျင့်ကြံရသည့် လမ်းစဉ် ဖြစ်လေသည်။

တာအိုကျင့်ကြံသူ ဆိုသည်က ကြောက်စိတ် ကင်းမဲ့ပြီး အရာရာတိုင်းကို လွယ်ကူစွာ ရင်ဆိုင်နိုင်သည်။

သူမ၏ ဆရာသည် မည်သည့် ရန်သူကိုမဆို ဓားတန်ခိုးစွမ်းအားဖြင့် အနိုင်ယူ သုတ်သင်နိုင်သည့် အကြောင်းရင်းကို သူမ နားလည်လာခဲ့သည်။

ထို့ပြင် မိုးပြိုလျှင်ပင် ထိတ်လန့် တုန်လှုပ်ခြင်း မရှိသည့် ဆရာဦးလေး၏ စိတ်နေ စိတ်ထားကိုလည်း သူမ နားလည် လာခဲ့သည်။

သူတို့တွင် သူတို့၏ ကိုယ်ပိုင် ကျင့်စဉ်လမ်းကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်သည့် အတွက် လောကတွင် ဖြစ်ပျက်သမျှ အရာရာတိုင်းသည် သူတို့၏ စိတ်နှလုံးကို တုန်လှုပ် ချောက်ချားစေနိုင်မည် မဟုတ်ပေ။

နတ်မိစ္ဆာ စစ်သည်များကို ခေါ်ဆောင်လာသည့် တိမ်တိုက်ကြီးမှာ ပြိုကွဲသွားပြီး အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက် ကောင်းကင်ထက်တွင် ပေါ်လာလေသည်။ နတ်မိစ္ဆာ စစ်သည်တော်များမှာ သူတို့နောက်တွင် ရပ်တန့် နေကြလေသည်။

အမျိုးသားမှာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင် ထားလေသည်။ ထိုသူက လက်ပိုက်ထားပြီး နက်ရှိုင်းသည့် မျက်ဝန်းများဖြင့် ဆန်းလျန်ကို စိုက်ကြည့်နေလေသည်။

အမျိုးသမီးက အပြာရောင် ဝတ်စုံကို ဝတ်ဆင် ထားလေသည်။ သူမ၏ နှုတ်ခမ်းထောင့်တွင် မှဲ့အနီ တစ်လုံးရှိလေသည်။

အမျိုးသမီးက မြေပြင်ထက်ဆီမှ ဆန်းလျန်ကို ငုံ့ကြည့်လိုက်ပြီး....

"ကျွန်မတို့ရဲ့ နတ်ဘုရားသခင်က ဆန်းကျန်းရန်ဆီကို နတ်မိစ္ဆာ တစ်သိန်း ပို့ခိုင်းလိုက်ပါတယ်၊ သူက ဆန်းကျန်းရန်ရဲ့ လူသတ်လိုတဲ့ အငွေ့အသက်တွေ ထွက်ပေါ်လာဖို့ အတွက် ဒီနတ်မိစ္ဆာ တစ်သိန်းကို သတ်ရမယ်လို့ ဆိုပါတယ်"

နတ်ဘုရားသခင် ဆိုသူမှာ အခြားသူ မဟုတ်။ ချန်ပေသို ဖြစ်ကြောင်း ဆန်းလျန် သိရှိလိုက်လေသည်။ ချန်ပေသိုသည် တကယ်ပင် အကြင်နာတရား ကင်းမဲ့သူ ဖြစ်ကြောင်း ဆန်းလျန် တွေးမိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်၏ လူသတ်လိုသော အငွေ့အသက်ကို မြင်တွေ့ချင်သည့် အတွက် နတ်မိစ္ဆာစစ်သည် တစ်သိန်းကို ရက်စက်စွာ အသုံးချခဲ့သောကြောင့် ဖြစ်လေသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ချန်ပေသိုသည် ဆန်းလျန်ကို စိတ်ဝင်စားနေဟန် ရှိလေသည်။

နတ်မိစ္ဆာ စစ်သည်တစ်သိန်းကို သတ်ဖြတ်လိုက်ပါက ဆန်းလျန်၏ ဓားသိုင်းပညာသည် ကြောက်မက်ဖွယ်ရာ ကောင်းအောင် မြင့်မားသွားမည် ဖြစ်လေသည်။

သို့သော်... ထိုအရာက ဆန်းလျန် လိုချင်သည့်အရာ မဟုတ်ပါ။

"ကျုပ်က မသတ်ဘူး ဆိုရင်ရော"

ဆန်းလျန်က ပြန်ပြောလိုက်လေသည်။

လက်ပိုက်ပြီး ရပ်နေသည့် အမျိုးသားကတော့ အလွန်မှ မောက်မာပုံရလေသည်။

"မင်းက သူတို့ကိုမသတ်ရင် သူတို့က မင်းကိုသတ်မှာပေါ့"

"ကျုပ်က သူတို့ကို မသတ်ဘူး၊ မင်းကိုပဲသတ်မှာ"

ဆန်းလျန်က အေးအေးဆေးဆေးပင် ပြန်ပြောလိုက်လေသည်။

ဆန်းလျန်က သူ၏ စန္ဒကူးဓားကို ဆွဲထုတ်လိုက်ကာ ထိုအမျိုးသားကို ချိန်ရွယ် ထားလိုက်လေသည်။ သို့သော် ဆန်းလျန်ထံမှ လူသတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်နေခြင်း မရှိပေ။

ဆန်းလျန်ကိုင်ထားသည့်ဓားမှာ သာမန် သစ်သား ဓားတစ်လက်ဟုသာ ထင်မှတ်ရလေသည်။ ရွှေရောင် အလင်းတန်းများ ဖြာထွက်နေသည်က လွဲပြီး မည်သည့် ထူးခြားချက်မှ မရှိပေ။

ထို့ပြင် အမျိုးသားကို ချိန်ရွယ်ထားသည့် ဓားဦးချွန်မှာလည်း အမျိုးသားနှင့် အလွန်မှ အလှမ်းဝေး လေသည်။

ထို့ကြောင့် အမျိုးသားက ဆန်းလျန်၏ စကားမှာ ခြိမ်းခြောက်မှု သက်သက်ဟုသာ ထင်မှတ် လိုက်လေသည်။

သူက ဆန်းလျန်ကို လှောင်ပြောင်ရန် ကြံရွယ် လိုက်စဉ်မှာပင် စန္ဒကူးဓားသည် သူ့အနားတွင် ရုတ်တရက် ပေါ်လာလေသည်။

ကြောက်စရာကောင်းဝည့် ဓားဝိညာဉ်သည် သူ၏ မျက်လုံးများဆီသို့ ရုတ်တစ်ရက် ဝင်ရောက် လာကာသူ၏ ညာဘက် မျက်လုံးကို ထိုးဖောက် လိုက်လေသည်။

သူ၏ ဦး နှောက်အတွင်းမှ ပေါက်ကွဲသံကိုလည်း ကြားလိုက်ရလေသည်။

သူက သူ၏ ဦးခေါင်းထဲသို့ စိုက်ဝင်နေသည့် ဓားသွားကို လက်ဖြင့် ဖမ်းဆုပ်လိုက်ပြီး ဓားသွားကို ဖယ်ထုတ် လိုက်လေသည်။

ထို့နောက် သူ၏ မျက်လုံးများကို လက်ဖြင့် တစ်ချက် သပ်လိုက်ပြီး ဦးနှောက်ကိုလည်း သူ့နေရာသူ ပြန်ပို့ ပေးလိုက်လေသည်။

သူ၏မျက်နှာ တစ်ခုလုံးမှာ အကောင်းအတိုင်း ပြန်ဖြစ်သွားပြီး သူက ဆန်းလျန်ကို စိုက်ကြည့် နေလိုက်လေသည်။

ဆန်းလျန်လက်ထဲမှ စန္ဒကူး ဓားထိပ်တွင် သွေးများ စီးကျနေလေသည်။ အမျိုးသားဖြစ်သူ၏ သွေးများ ဖြစ်လေသည်။

ဓားသွားပေါ်မှ သွေးများကိုသာ မတွေ့ရလျှင် ဆန်းလျန် တိုက်ခိုက်ခဲ့သည်ကို မည်သူမျှ သိမည် မဟုတ်ပေ။

ဆန်းလျန်သည် နံရံကို မီပြီး ရပ်နေဆဲပင် ဖြစ်လေသည်။ သူ့ကြည့်ရသည်မှာ မည်သည့် အဖြစ်အပျက်မှ ဖြစ်ပျက်ခဲ့ခြင်း မရှိသလို အေးအေးဆေးပင် ဖြစ်နေလေသည်။

"မင်းက ကျုပ်ကို တိုက်ခိုက်ရဲတယ်လား၊ ကျုပ်ဘယ်သူလဲ ဆိုတာ သိလို့လား"

"သိစရာ မလိုဘူး"

ဆန်းလျန်က အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။

ထိုအချိန်မှာပင် အမျိုးသမီး၏ မျက်ဝန်းများဆီတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ထွက်ပေါ်လာလေသည်။

အဘယ်ကြောင့်ဆိုသော် အမျိုးသား၏ ခန္ဓာကိုယ်မှ ပိုးချည်မျှင်လေးများကဲ့သို့ မရေမတွက် နိုင်သည့် အဖြူရောင် အလင်းတန်းများ ဖြာထွက် လာသောကြောင့် ဖြစ်လေသည်။

အမျိုးသား၏ ခန္ဓာကိုယ်ထက်တွင် ထောင်ပေါင်းများစွာသော အပေါက်ငယ်များကို တွေ့လိုက်ရလေသည်။

အမျိုးသမီးမှာ ကြောက်ရွံ့ ထိတ်လန့် သွားလေသည်။

"ဓားက ပိုးချည်မျှင်တွေလို အသွင်ပြောင်းသွားတာပဲ"

ပိုးချည်မျှင်ကဲ့သို့သော အဖြူရောင် ရောင်ခြည်တန်းများမှာ ဆန်းလျန်၏ ဓားဝိညာဉ်များ ဖြစ်လေသည်။

အမျိုးသားထံမှ နာကျင်စွာ အော်ဟစ်လိုက်သည့် အော်သံနက်ကြီးကို သူမ ကြားလိုက် ရလေသည်။

အမျိုးသမီးက အမိန့် ပေးလိုက်သည့် အတွက် နတ်မိစ္ဆာ စစ်သည်တော်များသည် လက်နက်များကို ကိုင်ဆောင်ကာ ဆန်းလျန်ရှိရာသို့ ချီတက်လာကြလေသည်။

နတ်မိစ္ဆာများမှာ နွားဦးခေါင်းနှင့်လူများ၊ ကျားဦးခေါင်းနှင့် လူများ စသည်ဖြင့် ဖြစ်ကြ လေသည်။ သူတို့အားလုံးမှာ ခန္ဓာကိုယ်များ ကြီးထွား ကြလေသည်။

ဆန်းလျန်က သူ၏ ဓားကို သိမ်းဆည်း လိုက်လေသည်။

သူက တင်ပျဉ်ခွေ ထိုင်လိုက်ပြီး သူ၏ ပေါင်ပေါတွင် ဗျပ်စောင်း တစ်လက် ပေါ်လာလေသည်။

သူပြောခဲ့သည့် စကားအတိုင်းပင် သူက ထိုနတ်မိစ္ဆာများကို သတ်မည် မဟုတ်ပေ။

***

All Chapters