← Chapters

ဆက်ခံသူတပည့်

Vol. 4 Ch. 351

ဆက်ခံသူတပည့်

Vol. 4 Ch. 351

ဖန်းယန်ယင်းက ဆန်းလျန်ပြောသည့် စကားကို နားလည်လိုက်သည်။ ထိုအဖြူရောင်ဝတ် လူသည် တန်ခိုးစွမ်းအား မြင့်မားသည့် အပြင် သေခြင်းတရားကို ကာကွယ်နိုင်သည့် စွမ်းရည်များလည်း ရှိလေသည်။

ထိုအဖြူရောင်ဝတ် ကဲ့သို့သောသူ တစ်ယောက် နှစ်ယောက်သာ ရှိလျှင် ပြဿနာ မရှိပေ။ သို့သော် အဖြူရောင်ဝတ် လူကဲ့သို့သော လူများ အုပ်စုလိုက် ရှိနေမည်လား ဆိုသည်ကိုတော့ ဆန်းလျန် မသိနိုင်ပေ။ တကယ်တမ်းတွင် အဖြူရောင်ဝတ် လူပိုင်ဆိုင်သည့် စွမ်းအားများသည် ကျောရိုးထဲထိ စိမ့်အောင် ကြောက်ရွံ့သွားစေနိုင်သည့် တန်ခိုးစွမ်းအားများပင် ဖြစ်လေသည်။

လက်ရှိအချိန်တွင် ဆရာဦးလေး ရှိနေသည့် အတွက် ဖန်းယန်ယင်းကလည်း မကြောက်လန့်ခြင်း ဖြစ်လေသည်။ သို့သော်... ဆရာဦးလေးသည် သူမအနားတွင် အမြဲတမ်း နေနိုင်မည် မဟုတ်ပေ။ ဆရာဦးလေးသည် ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ် တစ်ယောက်ဖြစ်ပြီး ချင်းရွှမ်နတ်တံခါးမှ တပည့်များကိုလည်း သင်ကြား ပြပေးရဦးမည် ဖြစ်လေသည်။

ဆန်းလျန်က သူမကို ပြုံးပြလိုက်လေသည်။ ဆန်းလျန်၏ မျက်ဝန်းအစုံမှာ နွေးထွေးမှုများဖြင့် ပြည့်နက်နေပြီး ဖန်းယန်ယင်း၏ အတွေးများကို ထိုးဖောက် သိမြင်နေသကဲ့သို့ ဖြစ်လေသည်။

"ကျုပ်နဲ့ ချင်းရွှမ်ကို လိုက်ခဲ့ပါ"

ဆန်းလျန်က ပြောလိုက်သည်။

ဆန်းလျန်စကားကြောင့် ဖန်းယန်ယင်မှာ အံ့သြ မှင်တက်သွားရလေသည်။

"ဒါဖြင့် သေစေခြင်း ကျောင်းတော်ကို ဘယ်လိုလုပ်ရမလဲ"

သေစေခြင်း ကျောင်းတော်မှာ သူမ၏ဆရာ တည်ထောင်ခဲ့သည့် ကျောင်းတော်တစ်ခု ဖြစ်လေသည်။ ထို့ပြင် သူမ၏ ဂိုဏ်းတူ အစ်ကိုများကိုလည်း မြှုပ်နှံ သင်္ဂြိုဟ်ထားရာ နေရာ ဖြစ်လေသည်။ ဆရာဖြစ်သူ ချန်ကျန့်မေ၏ တပည့်တစ်ယောက် အနေဖြင့် သေစေခြင်း ကျောင်းတော်ကို စောင့်ရှောက်ရန် သူမတွင် တာဝန်ရှိလေသည်။

"မင်းအသက်ရှင်နေသရွေ့ သေစေခြင်း ကျောင်းတော်က ရှင်သန်နေမှာပါ"

ဆန်းလျန်က ရိုးရှင်းစွာပင် ပြောလိုက်သည်။

ဆန်းလျန်၏ စကားကြောင့် ဖန်းယန်ယင်းမှာ တိတ်ဆိတ် ငြိမ်သက် သွားလေသည်။ ဆရာချန်ကျန့်မေနှင့် ဆရာဦးလေး ဆန်းလျန်တို့ မရှိလျှင် သူမအနေဖြင့် မည်သည့် အန္တရာယ်ကိုမှ ကာကွယ်နိုင်မည် မဟုတ်ပေ။ သေစေခြင်း ကျောင်းတော်ကို သူမ တစ်ယောက်တည်း မည်သို့ စောင့်ရှောက် နိုင်ပါမည်နည်း။

ဆန်းလျန်ပြောသည့် စကားအဓိပ္ပာယ်မှာလည်း အလွန်ရှင်းလင်း လေသည်။ သူမသည် ချန်ကျန့်မေ၏ ကျင့်စဉ်လမ်းကို ဆက်ခံသူ တစ်ယောက် ဖြစ်သည့်အတွက် သူမ အသက်ရှင်နေသရွေ့ သေစေခြင်း ကျောင်းတော်က မပြောင်းမလဲ တည်ရှိနေမည် ဖြစ်လေသည်။

သေစေခြင်းကျောင်းတော်ကြီး ဖျက်ဆီးခံလိုက် ရလျှင်တောင်မှ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုသာ ဖြစ်ပြီး ပြန်လည် တည်ဆောက်၍ ရနိုင်လေသည်။

သို့သော်.... ဂိုဏ်းတူအစ်ကိုများ၏ အရိုးပြာများက ကျောင်းတော် ပရဝုဏ်တွင် မြှုပ်နှံထားပြီး ဖြစ်နေလေသည်။ သူမက ထိုအရိုးပြာများကို တူးယူသွားရမည်လား၊ ဒီအတိုင်း ထားခဲ့ရမည်လား ဝေခွဲမရ ဖြစ်နေရလေသည်။

နောက်ဆုံးတော့ သူမက ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။

"ကျွန်မရဲ့နှလုံးသားက ဒီနေရာမှာပဲ တည်ရှိပါတယ်၊ ဒီကနေ တခြားနေရာကို မသွားလိုပါဘူး"

သူမ၏ စိတ်ထားက ရိုးရှင်းပါသည်။ သူမ၏ ဆရာချန်ကျန့်မေသည် ချင်းရွှမ်မှ ထွက်ခွာလာခဲ့ပြီ ဖြစ်သည့် အတွက် ချင်းရွှမ်းနှင့် ပတ်သက်သည့် သူတစ်ယောက် မဟုတ်တော့ပေ။ ဆရာဖြစ်သူသည် ချင်းရွှမ်နတ်တံခါးမှထွက်ခွာလာခဲ့ပြီးသည့်နောက် တစ်ခါမှ ချင်းရွှမ်သို့ ပြန်ခဲ့ခြင်း မရှိပေ။

သူမသည် ဆရာချန်ကျန့်မေ၏ အတော်ဆုံး တပည့်မဟုတ်သည့်တိုင် ဆရာဖြစ်သူ၏ ဆုံးဖြတ်ချက်ကို ပျက်ယွင်းခံပြီး ချင်းရွှမ်နတ်တံခါးသို့ လိုက်ပါသွားလိုခြင်း မရှိပေ။

ဖန်းယန်ယင်း၏ ခိုင်မာသော ဆုံးဖြတ်ချက်သည် အခြားသူများ၏ အမြင်တွင်တော့ ရယ်စရာ ကောင်းပြီး တုံးအလွန်းသည့် ဆုံးဖြတ်ချက် ဖြစ်လေသည်။

အကယ်၍ သူမသာ ဆန်းလျန်နှင့်အတူ ချင်းရွှနတ်တံခါးသို့ လိုက်သွားခဲ့လျှင် နောင်ဆယ်နှစ် ကြာသည့်အချိန်တွင် ချန်ကျန့်မေကဲ့သို့ လေကတစ်ခွင်ကို ကိုင်လှုပ်နိုင်သည့် ဓားတန်ခိုးရှင်တစ်ပါး ဖြစ်ကောင်း ဖြစ်လာနိုင်လေသည်။

ချန်ကျန့်မေ၏ တပည့်သည် ထိုသို့ အောင်မြင်မှုများကို ရရှိလျှင် မည်မျှ အံ့အားသင့်ဖွယ် ကောင်းမည်နည်း။ သို့သော်... ထိုအရာသည် ဆရာချန်ကျန့်မေ ဖြစ်စေချင်သည့် ဆန္ဒနှင့် ထပ်တူညီပါမည်လား ဆိုသည်ကို ဖန်းယန်ယင်း သေသေချာချာ မသိပေ။

တကယ်တမ်းတွင် သူမက ဆရာဖြစ်သူ ချန်ကျန့်မေကို လေးစားသကဲ့သို့ ဆရာဦးလေး ဆန်းလျန်ကိုလည်း လေးစားသူ ဖြစ်လေသည်။ သို့သော်... သူမသည် ချန်ကျန့်မေ၏ တပည့် ဖြစ်လာသည့် အတွက် ချန်ကျန့်မေ၏ ဆန္ဒကို ပိုပြီး အလေးထားရမည် ဖြစ်လေသည်။

ဆန်းလျန်က ဖန်းယန်ယင်းနှင့် အငြင်းအခုံ လုပ်မနေတော့ပါ။ သူမသည် ချန်ကျန့်မေကဲ့သို့ တန်ခိုးစွမ်းအား မပြည့်ဝသေးသည့်တိုင် ချန်ကျန့်မေကဲ့သို့ပင် အလွန်မာနကြီးသူ တစ်ယောက် ဖြစ်လေသည်။

ချန်ကျန့်မေသည် ဆရာသခင် ကျန်းရော့ရွှီး၏ စကားကိုနားထောင်ပြီး ချင်းရွှမ်တွင် ဆယ်နှစ်ကြာမျှ အထီးကျန်ဆန်စွာ ကျင့်ကြံနေခဲ့ခြင်းမှာ သဏ္ဌာန်မဲ့ ဓားသိုင်းကို သေသေချာချာ နားမလည် သေးသောကြောင့် ဖြစ်လေသည်။

သို့သော်... ဖန်းယန်ယင်းကတော့ ချန်ကျန့်မေ၏ ဘေးတွင်နေထိုင်ကာ ဆရာဖြစ်သူ၏ သင်ပြပေးမှုများကို နေ့ညမပြတ် ကြားနေရသည့် အတွက် သဏ္ဌာန်မဲ့ ဓားသိုင်းပညာကို ကျေကျေညက်ညက် နားလည်နေပြီ ဖြစ်လေသည်။

ထို့ကြောင့် သူမ အနေဖြင့် ချင်းရွှမ်သို့ လိုက်ပါသွားခြင်း မရှိသည့်တိုင် သဏ္ဌာန်မဲ့ ဓားသိုင်းကိုတော့ ဆက်လက် လေ့ကျင့်နိုင်မည် ဖြစ်လေသည်။

စိတ်ပိုင်းဆိုင်ရာ ခံယူချက်တူညီသည့် ဆက်ခံသူ တပည့်တစ်ယောက်ကို ရှာထားနိုင်သည့် အတွက် ဆန်းလျန်မှာ ချန်ကျန့်မေကို အနည်းငယ်ပင် မနာလို ဖြစ်သွားမိသည်။ သို့သော်... သူ့အနေဖြင့် ဖန်းယန်ယင်း တစ်ယောက်တည်းကို ငဲ့ညှာပြီး သေစေခြင်း ကျောင်းတော်တွင် နေပေးရန်မှာ မဖြစ်နိုင်ပေ။ ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ် တစ်ယောက် ဖြစ်သည့်အတွက် ချင်းရွှမ် နတ်တံခါးသို့ ပြန်ရမည် ဖြစ်လေသည်။

ချန်ပေသိုနှင့် ဘယ်အချိန်တွင် ဆုံတွေ့ခွင့်ရမည်ကို ဆန်းလျန် မသိနိုင်ပေ။

သို့သော်... အချိန်တန်လျှင်တော့ သူ့ကိုယ်သူ နတ်ဘုရားသခင်ဟု ဝင့်ကြွားနေသည့် ချန်ပေသိုနှင့် မလွဲမသွေ ရင်ဆိုင်ရမည်ပဲ ဖြစ်လေသည်။ ထိုအချိန်သို့ ရောက်လျှင်တော့ ဆန်းချန်က ချန်ပေသိုကို ရင်ဆိုင်ရန် တွန့်ဆုတ် နေမည့်သူမျိုး မဟုတ်ပေ။

ချန်ပေသိုသည် ဆန်းလျန်ကို ပြိုင်ဘက် တစ်ယောက်ဟု သတ်မှတ်ကာ စိတ်ဝင်စားနေခြင်း ဖြစ်လေသည်။ ချန်ပေသို သ့ကို စိတ်ဝင်စားရသည့် အကြောင်းရင်းကိုလည်း ဆန်းလျန်က ရိပ်မိထားသည်။

ချန်ပေသိုသည် သူ၏ ဓားသိုင်းပညာကို အဆင့်မြှင့်တင်ရန် အတွက် နတ်ဘုရား နှိမ်နင်းခြင်း အင်းကွက်ကို ရယူရန် မင်ဝမ်ဝတ် ကျောင်းတော်ကို ဖျက်ဆီးပစ်ခဲ့သူ ဖြစ်လေသည်။

သူ၏ ရည်မှန်းချက်မှာ တစ်ချိန်က ဓားသူတော်စင်ကျီဝေး၏ ကိုယ်ပျောက် ဓားဝိညာဉ်ကို ရှုံးနိမ့်ခဲ့ရသည့် အတွက် လက်တုံံ့ပြန်ရန် ဖြစ်လေသည်။

ဆန်းလျန်မှာ ကိုယ်ပျောက် ဓားဝိညာဉ်ဟုခေါ်သည့် "ရှိခြင်း မရှိခြင်းဓားဝိညာဉ်" ကို ဆရာစူးထံမှ သင်ယူခဲ့ရသူ ဖြစ်လေသည်။

ထို့ကြောင့် ဆန်းလျန်၏ လူသတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်လာကာ ဓားစွမ်း တိုးတက်လာရန် အတွက် ချန်ပေသိုက နတ်မိစ္ဆာတစ်သိန်းကို စေလွှတ်ကာ သတ်ဖြတ်စေခဲ့ခြင်း ဖြစ်လေသည်။

ကြည့်ရသည်မှာ ချန်ပေသိုသည် ဆန်းလျန်ကို သူ၏ ဓားသိုင်းပညာ အဆင့်တက်နိုင်ရန် အတွက် အသုံးချလိုခြင်း ဖြစ်ဟန်ရှိလေသည်။ ဆန်းလျန်ကိုသာ အနိုင်ရလျှင် ချန်ပေသိုအနေဖြင့် ဓားသူတော်စင် ကျီဝေးကိုအနိုင်ရရန်လည်း နီးစပ်မည် ဖြစ်လေသည်။

သို့သော်... ဤသည်မှာဆန်းလျန်၏ ခံယူချက်သာ ဖြစ်ပြီး ချန်ပေသို၏ သဘောထားအမှန်ကို သူ့အနေဖြင့် အတည်မပြုနိုင်ပေ။

ထို့ကြောင့် ဆက်လက် စဉ်းစားမနေတော့ဘဲ ဆန်းလျန်သည် ချင်းရွှမ်နတ်တံခါးသို့ ပြန်ခဲ့လေတော့သည်။

ချင်းရွှမ်သို့အပြန်လမ်းတွင် ဆန်းလျန်ကို မည်သူမျှ မနှောင့်ယှက်ကြသလို ချင်းရွှမ် နတ်တံခါးတွင်လည်း အေးအေးဆေးဆေးပင် ရှိနေလေသည်။

ဆန်းလျန်က ချန်ကျန့်မေ၏ ဝိညာဉ်မီးအိမ် ထွန်းလင်းနေခြင်း ရှိမရှိ ကြည့်ရှုခဲ့လေသည်။ ချန်ကျန့်မေ၏ ဝိညာဉ်မီးအိမ်မှာ ထွန်းလင်းနေဆဲ ဖြစ်လေသည်။ ဝိညာဉ်မီးအိမ် လင်းလက် နေသေးခြင်းမှာ ချန်ကျန့်မေ အသက်ရှင် နေသေးသည့် အဓိပ္ပာယ်ဖြစ်သည့် အတွက် ဆန်းလျန်မှာ အနည်းငယ် စိတ်အေးသွားရလေသည်။

ထို့ပြင် သူက ဖန်းယန်ယင်း၏ ကိုယ်ပေါ်တွင်လည်း သင်္ကေတတစ်ခု ချန်ထားခဲ့လေသည်။

မိန်းကလေးငယ်သည် မာနကြီးသည့်တိုင် ကျင့်စဉ်လမ်းအတွက် အလားအလာ ရှိသူတစ်ယောက် ဖြစ်လေသည်။ ဆန်းလျန်အနေဖြင့် သူမ တစ်ခုခုဖြစ်မည်ကို မလိုလားပေ။

သို့သော်... ဆန်းလျန် ချင်းရွှမ် နတ်တံခါးသို့ ပြန်ရောက်လာသည့် အခါတွင်တော့ အံ့သြစရာ ဖြစ်ရပ်တစ်ခုက စောင့်ကြိုနေခဲ့လေသည်။

ချိုးရှီးသည် ဟိုင်သန်းအဆင့်ကို တက်ရောက် သွားခဲ့ခြင်း ဖြစ်လေသည်။

ချိုးရှီသည် ပြင်ပပြဒါးရှင်ကို အသုံးပြုကာ ဟိုင်သန်းအဆင့်ကို ပုံပြောင်းအဆင့် ရှစ်ဆင့်ဖြင့် တက်ရောက်ခဲ့သူ ဖြစ်လေသည်။ မည်သို့ပင်ဖြစ်စေ နောက်ဆုံးတော့ ချိုးရှီသည် ဟိုင်သန်းအဆင့် ကျင့်ကြံသူ ဆရာသခင်တစ်ပါး ဖြစ်လာခဲ့ပြီ ဖြစ်လေသည်။ မည်သို့ပင်ဖြစ်စေ သက်တမ်း ရှစ်ရာအထိ အနည်းဆုံး နေထိုင်နိုင်ပြီး နတ်ဘုရားတစ်ပါး ဖြစ်လာရန်အတွက် မျှော်လင့်ချက်ကတော့ ရှိလာပြီဖြစ်လေသည်။

ဟိုင်သန်း အဆင့်တက်ရောက်ပြီးမှ ချိုးရှီသည် ပို၍ ခန့်မှန်းရခက်လာသည်။

ထို့ပြင် လူ့လောကတွင် ဝိညာဉ်စွမ်းအား ပစ္စည်းများရှာဖွေရန် တပည့်များကို စေလွှတ်ခဲ့စဉ်က သူ့အပေါ်တွင် ဆန်းလျန် သက်ရောက်စေခဲ့သည့် နတ်ဘုရားဉာဏ်စဉ် ကိုလည်း ချိုးရှီးက အာရုံခံမိကာ သိရှိသွားလေသည်။

သို့သော် ချိုးရှီက ဘာမှ မပြုလုပ်ခဲ့ပါ။

သို့သော် ချိုးရှီမှာ ဟိုင်သန်း အဆင့်ရောက်ပြီ ဖြစ်သည့်အတွက် ဆန်းလျန်ကသူ၏ နတ်ဘုရား ဉာဏ်စဉ်ဖြင့် စောင့်ရှောက် ပေးထားခြင်းကို ရုပ်သိမ်းလိုက်လေသည်။

ချိုးရှီသည် ဆန်းလျန်၏ နတ်ဘုရား ဉာဏ်စဉ်ကိုပင် အာရုံခံနိုင်ခဲ့သည့် အတွက် အခြားသော လျှို့ဝှက်ချက်များ ရှိနေဦးမည်ကို ဆန်းလျန် သိလိုက်လေသည်။

လူတိုင်းတွင် လျို့ဝှက်ချက်ကိုယ်စီ ရှိကြစမြဲ ဖြစ်လေသည်။ ဆန်းလျန်သည် တပည့်များ၏ ကိစ္စရပ်တိုင်းတွင် လိုက်လံ ပတ်သက်နေရန် ရည်ရွယ်ချက်မရှိပေ။

ချိုးရှီသည် လျှို့ဝှက်ချက်များရှိသည့်တိုင် ချင်းရွှမ်နတ်တံခါးကို ဒုက္ခပေးမည့် အလုပ်များကို လုပ်မည်မဟုတ်ကြောင်း ဆန်းလျန်ယုံကြည်လေသည်။

လူ့လောကသို့ သုံးနှစ်တိုင်တိုင် ဝိညာဉ် စွမ်းအား ပစ္စည်းများ သွားရောက် ရှာဖွေခဲ့ကြသည့် ချင်းရွှမ်နတ်တံခါးမှ တပည့်များတွင် အချို့သူများမှာ တန်ခိုးစွမ်းအားများ သိသိသာသာ တိုးတက် လာကြပြီး အချို့သူများက ထူးမခြားနားပင် ဖြစ်လေသည်။

အသက်ဆုံးခဲ့သည့် တပည့်သုံးဦးမှလွဲပြီး ကျန်ရှိသည့် တပည့်များ အားလုံးမှာ ချင်းရွှမ် နတ်တံခါးသို့ အန္တရာယ်ကင်းကင်းနှင့် ပြန်ရောက် လာကြလေသည်။ လူ့လောကသို့ သုံးနှစ်တာ ခရီးသည် သူတို့ဘဝကို ပြောင်းလဲ စေခဲ့သည်ကတော့ အမှန်ပင် ဖြစ်လေသည်။

ထို့ပြင် လူ့လောကမှ ပြန်လာကြသည့် တပည့်များတွင် ပြန်လည်ဝေမျှရန် အတွေ့အကြုံ ဇာတ်လမ်းများလည်း ပါလာကြလေသည်။

ချန်ကျန့်မေသာ ပျောက်မသွားခဲ့လျှင် ချင်းရွှမ်နတ်တံခါးမှာ ပို၍ပင် အင်အားကြီးမား လာမည်ဟု ဆန်းလျန် တွေးနေမိလေသည်။

ထိုအချက်ကြောင့်ပင် ဆန်းလျန်သည် ပိုပြီး စိတ်မကောင်းဖြစ်ရခြင်း ဖြစ်လေသည်။ ချင်းရွှမ်နတ်တံခါး ယိုယွင်းနေသည့် အချိန်တွင် ချန်ကျန့်မေ၏ အောင်မြင်မှုက များစွာ အထောက်အပံ့ ဖြစ်စေခဲ့လေသည်။

ထို့ကြောင့် ချန်ကျန့်မေသာ နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရောက်နိုင်ခဲ့ပါက ချင်းရွှမ်နတ်တံခါးသည်ပို၍ အင်အား ကြီးမားလာမည် ဖြစ်လေသည်။

ဆန်းလျန်နှင့် ချန်ကျန့်မေ လောက နတ်ဘုရား နှစ်ပါးနှစ်ပါးသာ ရှေ့ဆင့်နောက်ဆင့် ပေါ်ထွက်လာလျှင် ကျင့်ကြံသူလောကသည် ချင်းရွှမ်နတ်တံခါးကို စိတ်ဝင်စား လာကြပေလိမ့်မည်။

သို့သော်...ချန်ကျန့်မေ ပျောက်ကွယ် သွားသည့်အတွက် အရာအားလုံးသည် မသေချာ မရေရာ ဖြစ်သွား ရလေတော့သည်။

***

All Chapters