← Chapters

ဝမ်းနည်းဖွယ် သတင်း(၁)

Vol. 12 Ch. 112

ဝမ်းနည်းဖွယ် သတင်း(၁)

Vol. 12 Ch. 112

အဆက်မပြတ် မြည်ဟီးနေသည့် ခေါင်းလောင်းသံများကလည်း သက်ရောက်မှု ပေးလာသည်။ စိတ်ဝိညာဉ် တိုက်ခိုက်မှုအား ခုခံနိုင်စွမ်း မရှိတော့သည့် တပည့်တချို့က လှုပ်ရှားမှု ရပ်တန့်သွားကြသည်။

"သတ်ကြ…"

ထိုတပည့်များက ခေါင်းငိုက်စိုက်ကြကာ ရေရွတ်လာကြ၏ ။

"ကျောက်စိမ်း ဧကရာဇ်ကို သတ် ဒေဝါနိုင်ငံတော်ကို ပြန်တည်ထောင်ရမယ်…"

"သတိဝင်ကြစမ်း…'

အကြီးအကဲလျိုက အော်ဟစ် သတိပေးသော်လည်း မကောင်းဆိုးဝါးများက စတင်တိုက်ခိုက်နေပြီ ဖြစ်သည်။ ထို့ကြောင့် အခြေအနေအရ နောက်ဆုတ်လိုက်ရကာ တပည့်များအား ငေးကြည့်ရုံသာ စွမ်းနိုင်တော့သည်။

ခေါင်းလောင်းသံက ပိုမိုလျင်မြန်လာကာ မီးကြာပန်းသည်လည်း ပျက်စီးသွားတော့သည်။ ထိုဖြစ်ရပ်ကြောင့် အကြီးအကဲလျိုပင် အောင့်သက်သက်ခံစား မိသွားသည်။ တပည့်များအား ကာကွယ်ရန် မဆိုထားဘိ ကိုယ်တိုင်ပင် ဆိုးဝါးသည့် အခြေအနေတွင် ရောက်ရှိနေသည် မဟုတ်လော။

ထိုခဏ၌ ဓားအလင်းတန်းတခု ပေါ်လာကာ တပည့်များအား ဝိုင်းရံထားသည့် ဓားအစီအရင်အား ဖျက်ဆီးပစ်၏ ။

"အကြီးအကဲလျို…'

ရုပ်ရန် ခန့်ညားသည့် သက်လတ်ပိုင်းအရွယ် လူတဦးက ဆေဘာဓားတလက်ဖြင့် ပေါ်လာသည်။

"အဆင်ပြေကြရဲ့လား…"

"စီနီယာယွဲ့…"

ထိုသူအား မြင်ရချိန်၌ အကြီးအကဲလျို၏ မျက်လုံးများ ဝင်းလက်သွားသည်။ ယခုရောက်ရှိလာသူမှာ ပုံသွင်းကောင်းကင် ရဲတိုက်၏ စစ်ရေးအင်အားစု ကိုယ်စားပြုသူ တဖြစ်လဲ ဂိုဏ်းခေါင်းတောင် ယွဲ့ချန်းလျန်၏ အစ်ကိုကြီး ယွဲ့ချန်းရန် ဖြစ်သည်။

"ဘယ်လို ရောက်လာတာတုံး… ဂိုဏ်းခေါင်းဆောင် လွှတ်လိုက်တာများလား…"

"အာ ငါက ချန်းလျန်အတွက် လိုတာတွေ ရှာနေတာ… သတင်းကြားလို့ အပြန်လမ်း ဝင်ခဲ့တာ ဒီမြင်ကွင်းတွေ့တာပဲ…"

ယွဲ့ချန်းရန်က အကြီးအကဲလျို ရှိရာသို့ ပျံသန်းလာသည်။

"လာ ငါအပြင်ခေါ်ထုတ်ပေးမယ်…"

"တပည့် တော်တော်များများတော့ အဖမ်းခံလိုက်ရပြီ…"

အကြီးအကဲလျိုက ရင်နာနာဖြင့် ပြောပြသည်။

"အခုတော့ ငါတို့ ဘာမှ မတတ်နိုင်သေးဘူး… အရင် နောက်ဆုတ်ကြတာပေါ့…'

ယွဲ့ချန်းရိန်က ဘေးဘီသို့ ကြည့်လိုက်ရာ မျက်နှာပျက်သွားသည်။

အမှောင်ထု အတွင်း၌ အနက်ရောင် မကောင်းဆိုးဝါး နှစ်ကောင် ထွက်လာသည်။ ခေါင်းတွင် ဦးချိုများ ရှိနေပြီး လက်ထဲ၌ မှော်လက်နက်များ ရှိ၏ ။ ကိုယ်မှ ထွက်ပေါ်နေသည့် စွမ်းအားမှာ နတ်အသွင်ပြောင်းအဆင့် ဖြစ်သည်။ ထိုနှစ်ဦး၏ အနောက်တွင် ရှိနေသော ရွှေအမြုတေ အဆင့် မကောင်းဆိုးဝါး ထောင်ချီကိုလည်း မြင်နေရသေးသည်။ မကောင်းဆိုးဝါးများက တပည့်များ ထွက်ပြေးကြမည့် လမ်းအား ပိတ်ဆို့ထားနေသည်။

"ဒီမြိုအရှင်က ငါတို့ကို ထွက်ခွင့် မပေးချင်ပုံပဲ…"

ယွဲ့ချန်းရိန်က ဓားအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ…

"အကြီးအကဲလျို အပြင်ထွက်ဖို့ လမ်းရအောင် လုပ်ပေးမယ်… ဘာပဲဖြစ်ဖြစ် ချန်းလျန်ကို ဒီမြို့အကြောင်း သတင်းပေးဦး…"

………

ချီမင်တောင်တန်း၏ ကြယ်ခုနှစ်ခု တောင်ထွဋ်တွင် ဖြစ်၏ ။ ပိုင်ချူးရန်က ပုံရိပ်ကျောက်တုံးအား လေ့လာမှု ပြုနေသည်။ မူလပုံရိပ်ကျောက်တုံးနှင့် စွမ်းအင်ကျောက်တုံးအား ဆန်းကြယ်ကျောင်းတော်သို့ ပို့ဆောင်ထားပြီး ဖြစ်သော်လည်း ချူးရန်၏ လက်၌ ဆင့်ပွားတခု ကျန်နေသေးသည်။ သူ့အနေဖြင့် အဆင့်တက်ရန် အခွင်ြအရေးရမည်လောဟု စူးစမ်းလိုနေသည်။

ပိုင်ချူးရန်က အစီအရင်အား သုံးသပ်နေချိန်၌ တပည့်ဖြစ်သူ၏ စကားသံကို ကြားလိုက်ရသည်။

"ဆရာ မကောင်းတော့ဘူး…"

တန်ရော်ဝေက ခွန်လင်ဓားပျံဖြင့် ပျံသန်းလာကာ အလောတကြီး အော်ပြောနေသည်။

"ဘာကိစ္စများလဲ…'

ပိုင်ချူးရန်က တပည့်ဖြစ်သူအား တချက်ကြည့်ကာ ပြောလေသည်။

"ရင်သားကြီးလာတာလား…"

"နည်းနည်းတော့ ကြီးလာသလိုပဲ… မဟုတ်သေးပါဘူး အခုက အဲ့ဒါတွေ ပြောရမယ့် အချိန်မဟုတ်နေဘူး…"

တန်ရော်ဝေက ဆရာဖြစ်သူအား စာတစောင် ထုတ်ပေးသည်။

"ဆရာကိုယ်တိုင်သာ ကြည့်တော့ ဒါ အကြီးအကဲတွေ ပို့လိုက်တာ…"

ပိုင်ချူးရန်က စာအိတ်အား ဖွင့်ဖောက် ကြည့်သည်။

စာရွက်ပေါ်၌ ရေးသားထားသည်မှာ…

"ချင်ပြည်နယ်၌ ရှေးဟောင်းမြို့တခု ပေါ်လာ၏ ။… ပုံသွင်းကောင်းကင် ရဲတိုက်မှ တပည့်များ စူးစမ်းလေ့လာရန် သွားသော်လည်း ပျောက်ဆုံးသွားသည်။ ကယ်တင်ပေးရန် သွားခဲ့သည့် ဓားတထောင်ကောင်းကင် အမည်ရသည့် ယွဲ့ချန်းရန်လည်း အပါအဝင်ပင်။ အကြီးအကဲလျို တဦးတည်းသာ ဒဏ်ရာများဖြင့် ပြန်လာကာ သတိမရှိဘဲ ဖြစ်နေသည်။

………

ချင်ပြည်နယ်ရှိ ပုံသွင်းကောင်းကင် ရဲတိုက်၏ ဂိုဏ်းဌာနချုပ်တွင် ဖြစ်သည်။

ပြည်နယ်ကိုးခု၏ ကျော်ကြားသော လက်နက်သန့်စင်ဂိုဏ်း ဖြစ်‌သော ပုံသွင်းကောင်းကင်ဂိုဏ်းက သန့်စင်ရေး ကိရိယာများအား အင်အားပြည့်သုံးနိုင်ရန် မီးတောင်တခုအား ဗဟိုပြု၍ ဂိုဏ်းတည်ထားသည်။ နှစ်ထောင်ချီကြာ ပြုပြင်ပြောင်းလဲမှုများနှင့် ဂိုဏ်း၏ ဉာဏစွမ်းရည်များကြောင့် မီးတောင်ရှင်သည်လည်း သန့်စင်ရေး မီးဖိုအဖြစ်သို့ ပြောင်းလဲသွားသည်။

များပြားလှသည့် အလုပ်ရုံများနှင့် သန့်စင်ရေး အဆောက်အအုံများ ရှိသော်လည်း ပုံသွင်းကောင်းကင် ရဲတိုက်၏ ဌာနချုပ်မှာ ရဲတိုက်တခုဖြင့် သဏ္ဍာန်တူလှသည်။ သို့သော်လည်း ရဲတိုက်၏ ဘေးပတ်လည်၌ စီးဆင်းနေသည့် ချော်ရည်များ ရှိနေသည်။

All Chapters