← Chapters

အမှန်တရား လမ်းစဉ်နှင့် နတ်ဆိုးလမ်းစဉ်တို့ ပူးပေါင်းကြခြင်း

Vol. 12 Ch. 113

အမှန်တရား လမ်းစဉ်နှင့် နတ်ဆိုးလမ်းစဉ်တို့ ပူးပေါင်းကြခြင်း

Vol. 12 Ch. 113

ဟွမ်ဖုဖိန်က မျက်နှာသုန်မှုန်စွာဖြင့် ပုံသွင်းကောင်းကင်ရဲတိုက်သို့ ရောက်လာသည်။ ဂိတ်တံခါးသို့ ရောက်ချိန်၌ တံဆိပ်ပြားပြသလိုက်ရာ ဂိုဏ်းခေါင်းဆောင် ရှိရာသို့ သွားရောက်ရန် တပည့်တဦးမှ လမ်းပြပေးသည်။

အခန်းအတွင်း၌ လူအများစု နေရာယူပြီး ဖြစ်၏ ။ ဟွမ်ဖုဖိန်က အခန်းအတွင်စသို့ ဝေ့ကြည့်လိုက်ရာ ဂိုဏ်းခေါင်းဆောင် ယွဲ့ချန်းလျန်အပါအဝင် အမှန်တရားလမ်းစဉ်မှ ရာထူးမြင့်များကို မြင်လိုက်ရသည်။ ဆန်းကြယ်ကျောင်းတော်မှ အကြီးအကဲ ရှုရွှယ်လင်၊ ကောင်းကင်စစ်တပ်၏ မဟူရာတပ်မှ တပ်မှူး ကျန်းရွေ့ဖေး၊ ကျောက်စိမ်းမျှော်စင်မှ အကြီးအကဲ တန်ချင်းလျိုနှင့် သူတော်စင် လီပိန်ဖေးတို့ ရှိနေကြသည်။သို့‌သော်လည်း ဟွမ်ဖုဖိန်၏ မျိုးဆက်တူများ ရှိမနေကြပေ။ အကြောင်းမှာ အမှန်တရားလမ်းစဉ်မှ ကျင့်ကြံသူများမှာ ကျင့်ကြံမှုနှုန်း နှေးကွေးသည့်အတွက် မျိုးဆက်တူ ကျင့်ကြံသူများ အနေဖြင့် တံခါးပိတ် ကျင့်ကြံနေခြင်းကြောင့် ဖြစ်၏ ။

…ယွဲ့ချန်းတောက်‌လည်း ကောင်းကင်ကပ်ဘေးအဆင့် ရောက်ဖို့ မဝေးတော့ဘူးပဲ…

ဟွမ်ဖုဖိန်က သက်ပြင်းရှိုက်ကာ အခန်းအတွင်းသို့ ဝင်လိုက်သည်။

နတ်ဆိုး မဟာမိတ်အဖွဲ့အစည်းမှ အကြီးအကဲ ရောက်လာခြင်းကြောင့် အခန်းရှိ လူများက မျက်နှာအမူအရာ ပြောင်းသွားကြသည်။ဆန်းကြယ် ကျောင်းတော်မှ အကြီးအကဲရှု၏ မျက်ဝန်း၌ စူးစမ်းလိုစိတ်များ ထက်သန်နေသည်။ သူ၏ မျက်ဝန်းအကြည့်အရ တဖက်သူအား အစိတ်စိတ်ပိုင်းဖြတ်ကာ စူးစမ်းလိုပုံပင်။ ကျန်းရွေ့ဖေးမှာ တိုက်ခိုက်လိုစိတ် အပြည့်ဖြင့် ကြည့်နေသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းဖြင့် ဆက်ဆံရေး ဆိုးဝါးသော ကျောက်စိမ်းမျှော်စင်မှ အကြီးအကဲလီက ရွံရှာဖွယ်အား မြင်နေရသကဲ့သို့ ကြည့်‌နေပေသည်။

ဟွမ်ဖုဖိန်က ထိုသူများအား လျစ်လျူရှုထားကာ ယွဲ့ချန်းလျန်ရှိရာသို့ သွား၍ စကားစသည်။

"ကောင်လေးယွဲ့… အကြီးကောင်ယွဲ့…"

"ရပါတယ်… ကျွန်တော် သိထားပြီးပြီ…'

ယွဲ့ချန်းလျန်က စိတ်အားထက်သန်နေပုံ မရသော်လည်း တည်ငြိမ်စွာ ပြန်ဖြေပေးသည်။

"ထိုင်ပါဦး… အစ်ကို ဟွမ်ဖုလည်း ရောက်လာပြီ‌ဆိုတော့ ချီမင်ဓားဂိုဏ်း၊ သူတော်စင် ဗုဒ္ဓဂိုဏ်း၊ ကာမသုတြာဂိုဏ်းနဲ့ ဝိညာဉ်ဂိုဏ်းပဲ ကျန်တော့တယ်…"

"စိတ်အေးအေးထား ကောင်ငယ်လေးယွဲ့ရေ… ချီမင်ဓားဂိုဏ်းကနေ ဓားခေါင်းဆောင် ရောက်လာမယ့်ပုံပဲ…'

ဟွမ်ဖုဖိန်က တဖက်သူအား အားပေးစကား ပြောသည်။

"သူ့လို လူအိုကြီးရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် အကြီးကောင်ယွဲ့ကို ကယ်နိုင်မှာပါ…"

"ဒါပေမယ့်…"

ဆန်းကြယ်ကျောင်းတော်မှ အကြီးအကဲရှုက စကားဆိုပြန်သည်။

"ဓားခေါင်းဆောင် လာမယ်ဆိုရင် သူ့အမြန်နှုန်းနဲ့ဆို ရောက်နေပြီးပြီ မဟုတ်လား… ထင်ကြေးပေးနေတာများလား…"

ထိုခဏ္ဌ၌ ကျန်းရွေ့ဖေးက ချောင်းဟန့်သည့်အတွက် အကြီးအကဲလီမှ စကားဆိုသူအား ခြေထောက်နင်းကာ သတိပေးလိုက်သည်။

"လူအိုကြီးလီ ငါ့ကို တက်နင်းမနေနဲ့… ငါအမှန်ပြောတာ…"

ဆန်းကြယ် ကျောင်းတော်မှ အကြီးအကဲသည် ဆက်ဆံရေး အားနည်းသူ ဖြစ်သည့်အတွက် အခြေအနေအား မသိဘဲ ပြန်မေးလေတော့သည်။

"ဘာလို့ဆိုတော့ ကျန်တဲ့သူတွေကို သတင်းပေးနေလို့လေ…"

အကြီးအကဲရှု၏ မေးခွန်းအား ဖြေပေးသံ ကြားလိုက်ရသည်။ ထို့နောက် တံခါးပွင့်လာကာ ပိုင်ချူးရန်ဝင်လာ၏ ။ အနောက်၌ ပုဝါစ လွှမ်းခြုံထားသည့် စုရှန်းရွှယ်နှင့် ဝတ်ရုံခြုံထားသူ တဦးလည်း ဝင်လာကြသည်။

"ဒီတခေါက် သူတော်စင် ဗုဒ္ဓဂိုဏ်းရဲ့ ကိုယ်စားပြုက ဝေ့ချန်း ဘုန်းတော်ကြီးပဲ… သူက ငါတို့နဲ့အတူ သတင်းစုံစမ်းမှာ ဒါပေမယ့် ဒီတခေါက် ငါနဲ့အတူ မလိုက်ချင်ဘူး… ဒီမှာ ဆွေးနွေးပြီးရင် သွားတွေ့ကြတာပေါ့…"

ပိုင်ချူးရန်က လူအုပ်ကြီးအား ဝေ့ကြည့်ကာ ယွဲ့ချန်းလျန်အား ရုတ်တရက် ဦးညွတ်လိုက်၏ ။

"ကောင်းငယ်လေးယွဲ့ ငါတောင်းပန်ပါတယ်…"

ပိုင်ချူးရန်၏ စကားကြောင့် အခန်းတွင်းမှ မိတ်ဆွေများ ထိတ်လန့်သွားကြ၏ ။ ယွဲ့ချန်းလျန်သည်လည်း ပိုင်ချူးရန် ဦးညွတ်သည်ကို ရှောင်ရှားရန် ထိုင်ခုံနေရာမှ ခုန်ထွက်သွားသည်။

"ဓားခေါင်းဆောင် ဘာလို့များ ပြောတာပါလဲ…"

"ဒီတခေါက် ဖြစ်ရပ်ကိုတော့ ငါကပဲ တာဝန်ယူရမှာပါလေ… မင့်အစ်ကို ယွဲ့ချန်းရိန် ပျောက်တာကော အကြီးအကဲလျို ပြင်းပြင်းထန်ထန် ဒဏ်ရာရတာကောပေါ့…"

ပိုင်ချူးရန်က ခါးပြန်မတ်ကာ အကြောင်းစုံအား ပြန်ရှင်းပြသည်။ သူနှင့် ဟွမ်ဖုဖိန်တို့ နှစ်ဦးသား တောရိုင်းအတွင်းမှ ကျောက်တိုင်အား တွေ့ခဲ့သည့် အဖြစ်အပျက်အား ရှင်းပြခြင်းတည်း။

"ငါကပဲ ဟွမ်ဖုဖိန်ကို လမ်းပြခိုင်းခဲ့တာပေါ့… ကျောက်တိုင်ကို အသက်မသွင်းခဲ့မိရင် ရှေးဟောင်းမြို့ ပေါ်လာမှာ မဟုတ်ဘူး အဲ့တာကြောင့်မို့ ငါကပဲ တာဝန်ယူရမယ်လေ… ဖြေရှင်းဖို့လည်း ငါအကောင်းဆုံး ကြိုးစားပါ့မယ်…"

"ဓားခေါင်းဆောင်ကတော့ တာဝန်ယူလွန်းနေပါပြီလေ…"

ယွဲ့ချန်းလျန်က ခေါင်းရမ်းကာ ရေရွတ်လာသည်။

"အခု ကျောက်တိုင်က အင်အားစုနေတာပဲ အနှေးနဲ့အမြန် အသက်ဝင်လာမှာ… ဓားခေါင်းဆောင် သွားတာနဲ့က တိုက်ဆိုင်သွားတာပါပဲ… တာဝန်ယူဖို့တော့ မလိုပါဘူး… ဒါပေမယ့် ကျွန်တော် ယွဲ့ချန်းလျန်က အစ်ကိုကြီးနဲ့ တခြားတပည့်တွေကို ကယ်ပေးဖို့ တောင်းဆိုချင်ပါသေးတယ်…

All Chapters