← Chapters

အမှန်တရား လမ်းစဉ်နှင့် နတ်ဆိုးလမ်းစဉ်တို့ ပူးပေါင်းကြခြင်း(၁)

Vol. 12 Ch. 114

အမှန်တရား လမ်းစဉ်နှင့် နတ်ဆိုးလမ်းစဉ်တို့ ပူးပေါင်းကြခြင်း(၁)

Vol. 12 Ch. 114

ပိုင်ချူးရန်က အမှန်တရား မဟာမိတ်အဖွဲ့မှ ကိုယ်စားလှယ်များ၏ အနောက်သို့ သွားရပ်သည်။ ထိုအချိန်တွင် စုရှန်းရွှယ်နှင့် ဝတ်ရုံနက်ရှင်တို့က ဟွမ်ဖုဖိန်၏ အနောက်သို့ ရောက်သွား၏ ။ ယွဲ့ချန်းလျန်က ထိုနှစ်ဦးအတွက် နေရာစီစဉ်ပြီးနောက်တွင် ဆွေးနွေးမှု စတင်ကြသည်။

"ပထမဆုံး ‌မတော်တဆမှု အကြောင်းပြောတာပေါ့…'

ယွဲ့ချန်းလျန်က မသိလိုက်ဘဲ မေးစေ့အား ပွတ်သပ်ကာ စကားစလာသည်။

"လွန်ခဲ့တဲ့ လဝက်တုန်းကဖြစ်မယ်… ဓားခေါင်းဆောင်နဲ့ ညီအစ်ကို ငွမ်ဖုဖိန် တောရိုင်းထဲသွားပြီး ရက်နည်းနည်းကြာတော့ တုန်လင်နိုင်ငံ အနောက်မြောက်ဘက်မှာ ရှေးးဟောင်းမြို့တခုပေါ်လာတယ်… ဘေးနားပတ်လည်က လူတွေကတော့ စူစမ်းကြတာပေါ့… အဲ့နားက ဂိုဏ်းတွေ အဖွဲ့အစည်းတွေက လူလွှတ်ပြီး အထဲဝင်ကြတယ်… စစ်သည်ငါးထောင် အခြေတည်အဆင့် ဆယ့်ခြောက်ယောက်နဲ့ ရွှေအမြုတေအဆင့် နှစ်ယောက်က အထဲဝင်ပြီး စူးစမ်းကြတယ်… ဘာဖြစ်တယ်ဆိုတာတော့ သေချာ မသိရဘူး… တုန်လင်ဧကရာဇ်က လူပျောက်လို့ အကူညီတောင်းခံတယ်… အကြီးအကဲလျိုနဲ့ တပည့်တွေ လွှတ်လိုက်တဲ့ အချိန်မှာပဲ ရှီလင်နိုင်ငံကနေ သတင်းပို့လာတာ… အစ်ကိုကြီး ယွဲ့ချန်းရန်က သတင်းကြားပြီး လိုက်သွားတော့တာပဲ… နောက်ကျ ရှေးဟောင်းမြို့ထဲ ရောက်ကြတာပေါ့… အကြီးအကဲလျို တယောက်တည်းပဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး ပြန်လာနိုင်တယ်…"

"စီနီယာ လျိုချန်းလား…"

ကျောက်စိမ်းမျှော်စင်မှ အကြီးအကဲလီက မေးလာသည်။

"သူက အပြန်မှာ သတိလွတ်နေပြီးပြီ… ဂိုဏ်းရောက်လာတာကိုက ဒဏ်ရာတွေနဲ့ သတိမေ့နေတာ…"

ယွဲ့ချန်းလျန်က ဖြေပေးသည်။

"ဒါပေမယ့်လည်း ကံကောင်းတာက ပုံရိပ်ကျောက်တုံး ဆောင်ထားတတ်တာပဲ… သူ့ရဲ့ ပုံရိပ်ကျောက်တုံးကနေ အသုံးဝင်မယ့်ဟာတွေ ရခဲ့တယ်…"

ပြောပြောဆိုဆိုဖြင့် ယွဲ့ချန်းလျန်က ပုံရိပ်ကျောက်တုံးအား ထုတ်ကာ အခန်းအတွင်း၌ အဖြစ်အပျက် မှတ်တမ်းအား စတင်ပြသသည်။

ပုံရိပ်ကျောက်တုံးမှ ပေါ်လာသည့် မြင်ကွင်း၌ တပည့်များအား ဦးဆောင်ကာ ရှေးဟောင်းမြိုအတွင်းသို့ သွားနေသည့် အကြီးအကဲလျိုအား မြင်နေရသည်။ မြင်ကွင်းအဆုံး၌ ချိုနှစ်ခုဖြင့် မကောင်းဆိုးဝါး ဦးဆောင်ထားသည့် ရွှေအမြုတေအဆင့် မကောင်းဆိုးဝါးများစွာက တပည့်များထံသို့ ဦးတည်လာသည်ကို မြင်ရသည်။ ထိုမြင်ကွင်းကြောင့် အခန်းအတွင်း ရှိနေသူများ နှုတ်ဆိတ်သွားကြ၏ ။

အချိန်တခု ကြာပြီးနောက်တွင် စုရှန်းရွှယ်က သက်ပြင်းချကာ စကားစလာသည်။

'အကုန်လုံးပဲ… အခုက ပူးပေါင်းရမယ့် အခြေအနေ ရောက်ပုံပဲ…"

စုရှန်းရွှယ်က ဘေးဘီသို့ ဝေ့ကြည့်လိုက်ကာ…

"ဒီတခေါက် အမှန်တရား မဟာမိတ်အဖွဲ့နဲ့ နတ်ဆိုး မဟာမိတ်အဖွဲ့ ပူးပေါင်းရမယ့်ပုံပါလား… တခြားသူတွေကော ဘယ်လိုမြင်လဲ…"

စုရှန်းရွှယ်၏ စကားမှာ အရွဲ့တိုက်ခြင်းဖြင့် ဆင်တူနေသော်လည်း လက်ရှိအခြေအနေဖြင့် ဆီလျော်သည့် စကားသာ ဖြစ်သည်။

ပုံရိပ် ကျောက်တုံးမှ မြင်ကွင်းများအရ ရှေးဟောင်းမြို့နှင့် မကောင်းဆိုးဝါးများမှာ ရင်ဆိုင်ရန် ကောင်းမွန်သည့် အရာများ မဟုတ်ကြချေ။ ပြည်နယ်ကိုးခုနှင့် နယ်မြေဆယ်ခုမှ မဟာမိတ်အဖွဲ့အစည်းကြီး နှစ်ခုအနေဖြင့် စည်းလုံးရမည့် အခြေ‌အနေသို့ ရောက်ရှိနေသည်။ အဖွဲ့နှစ်ခု၌ အဆင်မပြေမှုများ ရှိသော်လည်း နယ်မြေအား ကာကွယ်ရန် ပေါင်းစည်းကြရပေလိမ့်မည်။

စုရှန်းရွှယ်၏ စကားအဆုံး၌ နတ်ဆိုး မဟာမိတ် အဖွဲ့အစည်းမှ နှစ်ဦးက တုံ့ပြန်ပြောလာသည်။ ဟွမ်ဖုဖိန်မှာ ပျောက်ဆုံးနေသော ယွဲ့ချန်တောက်၏ မိတ်ဆွေပင်။ သို့ဖြစ်ရာ ရပ်ကြည့်နေမည် မဟုတ်ပေ။

"ဂိုဏ်းသခင်စုပြောတာ ဆီလျော်တယ်… ဝိညာဉ်အိုကြီးရေ မင်းကော ဘာပြောချင်သေးလဲ…"

ဝိညာဉ်ဂိုဏ်း၏ ကိုယ်စားပြုဖြစ်သည့် ဝိညာဉ်အိုကြီး အမည်ရသူက အက်ရှရှ အသံဖြင့် ပြောလာသည်။

"ပြောစရာ မရှိနေဘူး…'

"ငါတော့ ဂိုဏ်းသခင်စုရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတယ်…"

အမှန်တရား မဟာမိတ်အဖွဲ့မှ ပိုင်ချူးရန်က ဦးစွာ စကားစသည်။ ထို့နောက် ကျန်နေသူ သုံးဦးအား ဝေ့ကြည့်ကာ…

"မင်းတို့ သုံးယောက်ကကော…"

"ကန့်ကွက်စရာတော့ မရှိနေဘူး…"

ဆန်းကြယ်ကျောင်းတော်မှ အကြီးအကဲရှုက ချက်ချင်းဖြေကြားသည်။

"မမြင်ဘူး မကြားဘူးတာတွေကို လေ့လာရမယ်ဆိုတာက ငါတို့ ဆန်းကြယ်ကျောင်းတော် အတွက်တော့ ပျော်စရာပါပဲ…"

"ငါလည်း ကန့်စရာ မရှိဘူး…"

ဗိုလ်မှယး ကျန်းရွေ့ဖေးက ဝင်ပြောသည်။

"ကောင်းကင် စစ်တပ်ရဲ့ တာဝန်က ပြည်နယ်ကိုးခုနဲ့ နယ်မြေဆယ်ခုက လူသားတွေကို ကာကွယ်ဖို့ပဲလေ…"

သူတော်စင် လီပိန်ဖေးကလည်း ဘေးသို့ ဝေ့ကြည့်၍ သက်ပြင်းချလိုက်ကာ…

"သေလိုက်ပါတော့ မင်းတို့တွေ အကုန်လုံးက ပြောလို့ကောင်းတာတွေ ပြောပြီးကြပြီပဲ… ငါဘာပြောရဦးမလဲ… ကျောက်စိမ်းမျှော်စင်က သဘောမတူဘူးဆိုရင် ရောက်လာစရာ အကြောင်းကို ရှိမနေဘူး…'

"ဒါဆို ကန့်ကွက်စရာ မရှိရင် စလိုက်ကြတာပေါ့…'

ပိုင်ချူးရန်က အကြုံပြုပေးသည်။

"ရှောင်ယွဲ့ ဒီပုံရိပ် ကျောက်တုံးအပြင် အကြီးအကဲလျိုဆီကနေ ဘာအချက်အလက်တွေ ရထားသေးလဲ…"

"မရှိနေပါဘူး…"

ယွဲ့ချန်းလျန်က ခေါင်းရမ်းပြသည်။

"အကြီးအကဲလျို ပြန်ရောက်ကတည်းက သတိလစ်နေတာ… တကယ်တော့ သူက ဂိုဏ်းတံခါးပေါက် ခပ်လှမ်းလှမ်းမှာ လဲကျနေခဲ့တာပေါ့… ပြန်လာတဲ့ တပည့်တယောက်က တွေ့ပြီးတော့ ပြန်ခေါ်လာပေးလို့ ပြန်ရောက်လာတာပါပဲ…"

All Chapters