← Chapters

အဆင့်မြင့် နတ်ဆိုးချီ

Vol. 12 Ch. 115

အဆင့်မြင့် နတ်ဆိုးချီ

Vol. 12 Ch. 115

"မဖြစ်နိုင်တာ…"

ပိုင်ချူးရန်က မှတ်ချက်စကား ပြောမိသည်။

"အခု ငါတို့က ရှေးဟောင်းမြို အကြောင်း မသိရသေးဘူး ဘယ်လို လုပ်ဆောင်တာကော ဘယ်အချိန် ဘယ်နေရာမှာ ပေါ်လာမယ်ဆိုတာကောပေါ့… ဘယ်လို ပျောက်သွားမလဲ လူတွေကို ဘယ်လိုပြောင်းပစ်တာလဲကောပဲ… ဒါတွေကို ငါတို့ သေချာ မသိနေရသေးဘူး… အချက်အလက်တွေ ထပ်လိုသေးတယ်…"

စုရှန်းရွှယ်၊ ဝိညာဉ်အိုကြီးနှင့် ဟွမ်ဖုဖိန်တို့က တယောက်ကိုတယောက် ကြည့်မိကြသည်။ ထို့နောက် စုရှန်းရွှယ်က စကားစလာသည်။

"ဒီကို လာနေတုန်းမှာ သတင်းကွန်ယက်ကို အင်အားပြည့်သုံးပြီး စုံစမ်းဖို့ ပြင်ဆင်ထားတယ်… ရှေးဟောင်းမြို့ ပေါ်လာတာနဲ့ အမြန်ဆုံး သိရလိမ့်မယ်…"

"ငါတို့ဂိုဏ်းမှာလည်း သတင်းစုဆောင်းဖို့ ပြင်ဆင်ထားတယ်…'

ကျောက်စိမ်း မျှော်စင်နှင့် ကောင်းကင်စစ်တပ်မှ ကိုယ်စားပြုများက ဝင်ပြောကြသည်။

မဟာမိတ်အဖွဲ့အစည်း နှစ်ခု၌ ကျောက်စိမ်းမျှော်စင်နှင့် ကာမသုတြာဂိုဿ်းတို့၏ သတင်းကွန်ယက်များမှ အကောင်းဆုံးဟု သတ်မှတ်နိုင်သည်။ လောက၌ ကုန်သည်များမှာ သတင်းစုံသူများ မဟုတ်လော။ ထို့အပြင် ကုန်သည်များကဲ့သို့ စီးပွားရေး လုပ်ဆောင်သူများတွင် ကာမသုတြာဂိုဏ်းကဲ့သို့ အပျော်အပါးလုပ်ငန်းများမှာ ပို၍ပင် သတင်းစုံကြသေးသည်။ ဆွဲဆောင်မှုအား ပြင်းလှသည့် တပည့်များအပြင် ဝိုင်တခွက်နှစ်ခွက်မော့ခြင်းပါ ထပ်ပေါင်းပါက သတင်းအစုံ ဖွင့်ဟကြပေလိမ်ပမည်။

"ဒါဆိုရင်တော့ ပြဿနာ ရှိမှာ မဟုတ်ဘူး…'

ပိုင်ချူးရန်က စုရှန်းရွှယ်အား ကြည့်ကာ မှတ်ချက်ပေးသည်။

"ရှေးဟောင်းမြို့ ပေါ်လာရင် လူတိုင်းသွားပြီး ကြည့်လို့ မရတာတော့ မှတ်ထားကြ… စည်းမျဉ်းတွေ ချထားဖို့တော့ လိုမယ်…"

"သိပါပြီ…"

စုရှန်းရွှယ်က ဖြေပေးသည်။

ထိုအခိုက်အတန့်၌ အကုန်လုံးက ပိုင်ချူးရန်နှင့် စုရှန်းရွှယ်တို့အား အကဲခတ်ကြသည်။ ပိုင်ချူးရန်မှ ကျန်နေသူများအား အာရုံစိုက်လာချိန်၌ အခြေအနေအား မသိနေသည်ဟူသော အမူအရာများ ပြကြ၏ ။

"နောက်ထပ် အကြီးအကဲရှု ဟွမ်ဖုဖိန်နဲ့ ငါယူလာတဲ့ မှတ်တမ်းကို လေ့လာတာ ထူးခြားပြီလား…'

ပိုင်ချူးရန်က ဆန်းကြယ်ကျောင်းတော်မှ အကြီးအကဲရှုအား စိုက်ကြည့်၍ မေးခွန်းထုတ်သည်။

"မှတ်တမ်း ရကတည်းက အကြီးအကဲတွေ အကုန် လေ့လာနေကြပါတယ် ဒါပေမယ့် မသရသေးပါဘူး…"

အကြီးအကဲရှုက ခေါင်းရမ်းလိုက်သည်။

"ဒါပေမယ့် အစီအရင်ကိုတော့ မှန်းဆလို့ရထားပြီ… ဂိုဏ်းခေါင်းဆောင်က မူလချီသုံးပြီး အစီအရင်ကို ပြန်အသက်သွင်းထားနိုင်တယ်… အစီအရင်မှာ ဆန့်ကျင်ဘက် ဉပဒေသနှစ်ခုကို ပေါင်းစပ်ထားတာ‌က အံ့ဩစရာပဲ…'

"ငါတို့ဘက်မှာတော့ ရှောင်လင်းယွမ်ကို တာဝန်ပေးပြီး နတ်ဆိုးဂိုဏ်းအကုန် ပူးပေါင်း လေ့လာခိုင်းထားတယ်…"

အကြီးအကဲရှု၏ စကားအဆုံး၌ ဟွမ်ဖုဖိန်က ပြောသည်။

"တိုက်တိုက်ဆိုင်ဆိုင်ပါပဲ တိုက်ခိုက်တဲ့ နည်းလမ်းကို လေ့လာတာက ဘာမှ မသိရသေးဘူး ဒါပေမယ့် စွမ်းအင်ရဲ့ သဘာဝကိုတော့ သရုပ်ခွဲနိုင်တယ်…"

"ဘယ်လို စွမ်းအင်များလဲ…"

အကြီးအကဲရှုက စူးစမ်းလိုစိတ် ပြင်းပြနေသည်။

"ငါတို့ ခွဲခြမ်း သုံးသပ်မှု မှန်ရင် အင်မော်တယ်အဆင့် ရောက်သွားတဲ့ နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူရဲ့ အင်မော်တယ်ချီ ပါနေတယ်… ပြောရရင် မင်းတို့ တက်လှမ်းခြင်းပြီးတာနဲ့ မူလချီက အင်မော်တယ်ချီ ပြောင်းသွားသလိုပေါ့…"

ဟွမ်ဖုဖိန်က လေးနက်စွာ ရှင်းပြသည်။

"ငါတော့ စွမ်းအင်ကို ပြန်ဖွဲ့စည်းကြည့်လိုက်တယ်… ကျင့်စဉ်ကြောင့် နည်းနည်းကွဲနေပေမယ့် အခြေခံတူနေတယ်… အဲ့တာကြောင့် ဓားခေါင်းဆောင် ပြောဖူးတဲ့ မြေအင်မော်တယ်ဆိုတာ အဓိပ္ပာယ် မရှိတာ မဟုတ်ဘူးလို့ မြင်လာတယ်…"

"အဲ့တာက အင်မော်တယ် အစစ်ဖြစ်မယ် မဟုတ်ရင်လည်း ဒီလောကမှာ နေခဲ့ဖူးတဲ့ အင်မော်တယ်လို တည်ရှိမှု တခုပဲ…"

ထိုစကားကြောင့် ယွဲ့ချန်းလျန်အပါအဝင် ကျန်နေသူများ မျက်နှာပျက်သွားကြသည်။

အမှန်တရား မဟာမိတ်အဖွဲ့နှင့် နတ်ဆိုး မဟာမိတ်အဖွဲ့တို့ ပူးပေါင်းပါက အင်မော်တယ်ကိုပင် အနိုင်ယူနိုင်မည် ဖြစ်သည်။ သို့သော်လည်း ရှေးဟောင်းမြို့တွင် ရှိနေသည့် မြေအင်မော်တယ်၏ စွမ်းအားအမှန်ကို မသိနေရသည် မဟုတ်လော။

လောက၌ အင်အားကောင်းကာ ရက်စက်လှသည့် ရန်သူမှာ ကြောက်မက်ဖွယ်ကောင်းသည့် အရာမဟုတ်ပေ။ ထို့အစား မသိနေရသည့် ရန်သူကသာ ကြောက်စရာ အကောင်းဆုံးဖြစ်သည်။

"ဟုတ်ပြီလေ ဒါကို သိပ်မတွေးကြနဲ့ဦး…"

ပိုင်ချူးရန်က လက်ခုပ်တီးလိုက်ကာ စိတ်ခွန်အားပေးသည့် စကားဆို၏ ။

"ရှေးဟောင်းမြို့က ငါတို့ကို တိုက်ရိုက် မတိုက်ခိုက်သေးဘူး မဟုတ်လား အဲ့တော့ သူတို့က ငါတို့လို အားမကောင်းသေးဘူး ဆိုလိုတာပဲ မဟုတ်ရင်တောင် ငါတို့ကို မနိုင်နိုင်သေးဘူးပေါ့… အင်အားရှိမယ်ဆိုရင်တော့ ငါတို့ကို တိုက်ရိုက်တိုက်လာမှာလေ… သူတို့ ဘာလုပ်မလဲဆိုတာကို ကြည့်ကြတာပေါ့…"

"အဓိပ္ပာယ်ရှိတယ်…"

ကျိုးယန်ဖေးက ပြောလာသေးသည်။

"နောက်ပြီး သူတို့က တိုက်ခိုက်နိုင်ရင်တောင် ငါတို့က ငြိမ်ခံနေမယ့်သူတွေလား… အနည်းဆုံးတော့ နောက်ဆုံးအထိ ခုခံကြမှာပဲ မဟုတ်ရင်တော့ ဟာသပြောစရာကြီး ဖြစ်နေမယ်…"

"အာ ဒါပေမယ့်လည်း ငါတို့တွေ ရန်သူကို အထင်မသေးသင့်ဘူး…"

ပိုင်ချူးရန်က ထပ်မံဖြည့်စွက်ပြောသည်။

"သူတို့တွေက ငါတို့ မသိထားတဲ့ အချိန်နေရာတွေကနေ လာတာ သူတို့ရဲ့ စွမ်းရည်၊ မှော်စွမ်းအင် ၊အစီအရင် ဒါတွေကို ဘာမှ မသိထားနေသေးဘူး… အဲ့တာမို့ အလောတကြီး မလုပ်တာကောင်းမယ်… အရင်ဆုံး သတင်းကွန်ယက်ကနေ စောင့်ကြည့်တာပေါ့… တခုခုသိရတာနဲ့ အဖွဲ့ဖွဲ့ကြီး စစ်ဆေးမယ် ပြီးရင်တော့… ပြန်မလာနိုင်ခဲ့ရင်တောင် ခွဲခြမ်းစိတ်ဖြာပြီးလေ့လာဖို့ အချက်အလက်ပေးနိုင်ဖို့ အနည်းဆုံးထားပြီး သေချာအောင် စီမံကြတာပေါ့… အဆင်ပြေတယ် မဟုတ်လား…"

All Chapters