← Chapters

ဝေ့ချန်း ဘုန်းတော်ကြီး(၁)

Vol. 12 Ch. 117

ဝေ့ချန်း ဘုန်းတော်ကြီး(၁)

Vol. 12 Ch. 117

တရက်တာ ဆွေးနွေးမှု ပြီးဆုံးချိန်၌ ဂိုဏ်းကြီးများမှ သဘောတူညီချက် ရရှိနိုင်ခဲ့သည်။ ဂိုဏ်းအသီးသီးမှ သတင်းကွန်ယက် ဖြန့်ကျက်ကြမည်ဖြစ်ပြီး သူတော်စင် ဗုဒ္ဓဂိုဏ်းသို့လည်း လူလွှတ်၍ အသိပေးမည် ဖြစ်၏ ။ သတိကပ်ထားကြကာ ရှေးဟောင်းမြို့အား အာရုံစိုက်ထားကြမည် ဖြစ်သည်။ သို့ဖြစ်ရာ နန်လင်နိုင်ငံ အနီး၌ ရှေးဟောင်းမြို့ ပေါ်လာခြင်းကြောင့် ဝေ့ချန်း ဘုန်းတော်ကြီးမှ အဖွဲ့အစည်းသို့ ‌သတင်းပို့ကာ စောင့်ကြပ်နေခြင်း ဖြစ်သည်။

ဝေ့ချန်း ဘုန်းတော်ကြီး၏ သတင်းစကားအရ ပိုင်ချူးရန်သည်လည်း နန်လင်နိုင်ငံသို့ သုတ်ခြေတင်လာခဲ့သည်။

ထိုနေရာမှာ မြို့ဖြင့် အလှမ်းဝေးသည့် မြစ်တစင်းအနီးမှ ရွာငယ် တခုဖြစ်သည်။ တောအတွင်းရှိ သားရဲများကြောင့် ရွာသူရွာသားများက အပြင်ထွက်ခြင်း နည်းပါးကြသည်။ ထို့အပြင် နန်လင်နိုင်ငံ၏ အုပ်ချုပ်ရေးဖြင့်လည်း ထိတွေ့မှု အလွန်နည်းသည်။ အခွန်ငွေကောက်ခံရန် အမှုထမ်းများ လာရောက်သည်ကလည်း တစ်နှစ်တွင် တကြိမ်သာဖြစ်၏ ။ ထို့ကြောင့် ရွာငယ် အနီးတွင် ရှေးဟောင်းမြို့ ပေါ်လာချိန်၌ သတင်းပြန့်မသွားခြင်း ဖြစ်သည်။

ရွာငယ် အနီးသို့ ရောက်သွားချိန်၌ ပိုင်ချူးရန်က ရွာသားများ ရွေ့ပြောင်းသွားသည်ကို သိလိုက်သည်။ သူတော်စင် ဗုဒ္ဓဂိုဏ်းမှ တပည့်များ ကျန်နေသည်။ ထိုတပည့်များက ဘုန်းတော်ကြီးများသာ ဖြစ်သည့်အတွက် သတိထားမိလောက်သူများ ဖြစ်၏ ။

ဝေ့ချန်း ဘုန်းတော်ကြီးက ရွာအဝင်ပေါက်အနီး၌ တရားထိုင်နေသည်။ သို့သော်လည်း ပိုင်ချူးရန် ရောက်လာခြင်းကို အာရုံခံမိချိန်၌ တရားဖြုတ်၍ ထကာ နှုတ်ဆက်စကား ဆိုသည်။

ဝေ့ချန်း ဘုန်းတော်ကြီးမှ ဘုန်းကြီးတပါး ဖြစ်သော်လည်း ဇန်အကြောင်း ပို့ချသူဖြင့် မတူလှပေ။ ဦးခေါင်း၌ ဆံပင်နည်းပါးကာ မျက်နှာသည်လည်း ပြည့်ဖြိုးနေသည်။ ထို့အပြင် စိတ်ဒေါသကြီးသူဟု ထင်မှတ်ရပြီး ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်သည်။ ဘုန်းတော်ကြီး ဝတ်ရုံသည်ပင် ကြွက်သားများဖြင့် ထိကပ်နေသေး၏ ။

ထိုဘုန်းတော်ကြီးမှာ သင်ယူထားသည့် ကျမ်းစာများနှင့် ကျမ်းဂန်လာ ရုပ်ပုံတချို့အား ဆေးမင်ထိုးထားသေးသည်။ ဒေါသပြင်း‌လှသည့် ငရဲဘုရင်၏ ပုံရိပ်သည်လည်း လက်မောင်း၌ မြင်သာနေသေး၏ ။ ဘုန်းတော်ကြီး ချန်ချန်၏ မျက်နှာထားမှာ ခက်ထန်လွန်းသည်ဖြစ်ရာ ဝရမ်းပြေး တဦးအလား ထင်မှတ်ရလောက်သည်။

"ဓားခေါင်းဆောင် မင်္ဂလာပါ…"

ဘုန်းတော်ကြီးက ပိုင်ချူးရန်အနီးသို့ ရောက်လာကာ လက်အုပ်ဖြင့် ဂါဝရပြုသည်။

"ဝေ့ချန်း မတွေ့ရတာ ကြာပေါ့…'

ပိုင်ချူးရန်က စကားပြန်လိုက်ကာ…

"ထုံတမ်းစဉ်လာတွေ အသာထားဦး အခြေအနေက အရေးကြီးတယ်… ဓလေ့ထုံးတမ်းတွေ ဘေးဖယ်ထားတော့… ဒီမှာ အခြေအနေ ဘယ်လိုလဲ…"

"ဟုတ်ကဲ့…'

ဝေ့ချန်း ဘုန်းတော်ကြီးက ခေါင်းညိမ့်ကာ ပိုင်ချူးရန်အား ရွာအတွင်းသို့ ဦးဆောင်သွားသည်။

'ဒီလမ်း သွားကြတာပေါ့… ငါတို့တော့ လာတဲ့ လမ်းတလျှောက်မှာ ဗုဒ္ဓ အဆုံးအမတွေ လိုက်နာခဲ့တယ်… သတိပေးတာကနုတော့ လမ်းတဝက်မှာ သိလိုက်ရတယ်လေ… ပြီးတော့ ဒီမှာ ထူးဆန်းတာ ဖြစ်တာကို သတိထားမိသေးတယ် မြူထုကြီး ရှိနေတာပေါ့… ငါလည်း တပည့်တွေနဲ့ သွားကြည့်လိုက်တယ်… ဒီလာတဲ့ လမ်းမှာ တွေ့တဲ့ မုဆိုးတယောက် ပြောတာတော့ မြို့က မြစ်ပေါ်မှာ ပေါ်လာတာ… ငါတို့ ဒီရောက်လာတော့ ရွာထဲမှာ ဘယ်သူမှ မရှိတော့ဘူး…"

"မုဆိုးကော ဒီမှာ ရှိနေသေးလား…"

ပိုင်ချူးရန်က မေးခွန်းထုတ်လိုက်သည်။

"ရှိတာပေါ့… ရွာက ဒီအခြေအနေ ရောက်နေတော့ သူ့ကိုလည်း နေခိုင်းထားတယ်…"

ဝေ့ချန်း ဘုန်းတော်ကြီးက ရှင်းပြပေးသည်။

"သူ‌ကတော့ ရွာထဲမှာ ရှိတယ်… သူ့ကို စောင့်ရှောက်ဖို့ တပည့်တယောက် နှစ်ယောက်တော့ လွှတ်ထားတယ်…"

"တခြားသူတွေ ရောက်လာဖို့ အချိန်ကြာဦးမယ်… သူ့ကို သွားမေးကြည့်တာပေါ့…"

ပိုင်ချူးရန်က အကြံပြုလိုက်သည်။

'ငါတော့ သူ့ကို မေးမြန်းကြည့်ထားပြီးပြီး… ဓားခေါင်းဆောင် မေးချင်ရင်လည်း သွားကြတာပေါ့…"

ဝေ့ချန်းဘုန်းတော်ကြီးက ပြောပြောဆိုဆိုဖြင့် ဦးဆောင် လမ်းပြပေးသည်။

"ဒီလမ်းပါပဲ…"

"မင်းမျက်နှာက ခက်ထန်လွန်းတော့ မုဆိုးက ကြောက်ပြီး ဘာမှမပြောမှာပဲ စိုးရိမ်မိတယ်…"

ပိုင်ချူးရန်က ပြက်လုံးထုတ်လိုက်သေးသည်။

ဝေ့ချန်းက ထိုစကားအား နဖူးပေါ် လက်တင်၍ သုံးသပ်လိုက်၏ ။ ထိုစကားမှာ ဖြစ်နိုင်ချေ ရှိသည့် အရာပင် မဟုတ်လော။

ခဏကြာပြီးချိန်၌ ပိုင်ချူးရန်က မုဆိုးရှိရာသို့ ရောက်သွားသည်။ မေးခွန်းတချို့ ပြီးဆုံးပြီးနောက်တွင် အခြေအနေကို နားလည်မိသွားသည်။

ထိုသူမှာ သာမန်မုဆိုး တဦးသာ ဖြစ်၏ ။ ပိုင်ချူးရန်တို့က စိတ်ဝိညာဉ် စစ်ဆေးကြည့်သော်လည်း တဖက်သူ၏ ကိုယ်၌ စွမ်းအင်များ မတွေ့ရပေ။ မုဆိုး၏ စကားအရ ယု‌န်ထောင်နေစဉ်တွင် ရွာရှိရာ အရပ်မှ မြူများ တွေ့ခဲ့ရသည်။ ထို့နောက် မြူများ ကွယ်ပျောက်သွားကာ မြစ်အထက်၌ ရှေးဟောင်းမြို့ ပေါ်လာခြင်း ဖြစ်သည်။

သို့သော်လည်း ရွာအတွင်းမှ အဖြစ်အပျက်များအား ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်း မရှိပေ။ ထို့နောက်တွင် တပည့်များဖြင့် ရောက်လာသည့် ဝေ့ချန်း ဘုန်းတော်ကြီးဖြင့် ဆုံခဲ့သည်။ သို့သော်လည်း ရှေးဟောင်းမြို့ကြီးမှာ မြူထုနည်းတူ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

All Chapters