← Chapters

လိကျင်းယောင်

Vol. 12 Ch. 119

လိကျင်းယောင်

Vol. 12 Ch. 119

ပျားရည်နယ်မြေသည် ဝိညာဉ်ဂိုဏ်း တည်ရှိရာ နယ်မြေဖြစ်ပြီး နယ်မြေ ဆယ်ခုအတွင်းမှ တခု ဖြစ်သည်။ မြေမျက်နှာသွင်ပြင် အနေအထားမှာ ထူးခြားလှသည်။ ထိုနယ်မြေ၏ မြေသားမှာ အပေါက်ထောင်ချီ ပါဝင်သည့် ကျောက်အလွှာများဖြစ်၏ ။ ထိုထောင်ချီသည့် အပေါက်များ၏ အောက်အတွင်းတွင် ‌ချိုင့်ခွက်များနှင့် အဆုံ့မရှိသည့် တွင်းနက်များ ရှိနေသည်။ ထိုတွင်းပေါက်များ၌ ပြည်နယ်တခု၏ အကျယ်အဝန်းဖြင့် တူညီသည့် အကျယ်အဝန်းပမာဏ ရှိသော နေရာများလည်း ရှိသေးသည်။

ထိုမြေအောက်၌ အလင်းရောင် မရှိဘဲ ယင်စွမ်းအင် သိပ်သည်းလှသည့်အတွက် မြေပြင်ထက်၌ မမြင်ရသည့် ဆေးပင်များနှင့် ရတနာများအား တွေ့နိုင်သည်။ ထိုနည်းတူပင် အန္တရာယ်များလှသော သတ္တဝါများ ဖြစ်သည့် ကန္တာရ ဝိညာဉ်များ၊ ဇွန်ဘီများနှင့် အရိုးခြောက်များလည်း ရှိနေသည်။ ထိုသို့သော အကြောင်းများကြောင့် ဝိညာဉ်ဂိုဏ်းက ဌာနချုပ်အား ပျားရည်နယ်မြေသို့ ရွေ့ပြောင်းခဲ့သည်။

သို့သော်လည်း ထိုအရာများမှ လက်ရှိ ကိုယ်စားလှယ်များ၏ အာရုံစိုက်မှု မဟုတ်နေပေ။ ပျားရည်နယ်မြေမှု ချင်ပြည်နယ်ဖြင့် မိုင်ထောင်ချီ အလှမ်းဝေးသည်။ ရှေးဟောင်းမြို့တော်က ပျားရည်နယ်မြေ၌ ပေါ်လာခြင်းမှာ အကွာအဝေး မည်မျှသို့ သွားနိုင်ကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။

အကုန်လုံးက ဖြစ်နိုင်ချေအား တွေးဆမိသွားကြသည်။ ထို့နောက် ကာမသုတြာဂိုဏ်း၏ အကြီးအကဲ မုဟွမ်နှင့် ကျောက်စိမ်းမျှော်စင် အကြီးအကဲတို့က ရှေးဟောင်းမြို့၏ သတင်းကို ထပ်ပြောကြသေးသည်။ ထိုဂိုဏ်းနှစ်ခု၏ သတင်းကွန်ယက်မှ အချက်အလက်များအရ ရှေးဟောင်းမြို့သည့် ယွမ်ပြည်နယ်နှင့် လျန်ပြည်နယ်တို့တွင်လည်း ပေါ်လာသေးသည်။ ရှေးဟောင်းမြို့ ပေါ်လာခဲ့သည့် နေရာများသို့ သွားရောက် စုံစမ်းရာတွင် လူသားများ ပျောက်ဆုံးသွားသည်ကို သိခဲ့ရသည်။

"ဘယ်လိုတောင် ပြောင်းရွေ့နေတာပါလိမ့်…"

ထိုအချက်အလက်များကြောင့် ဂိုဏ်းအသီးသီး၏ ကိုယ်စားလှယ်များ နားလည်ရခက်နေကြသည်။

………

ပုံသွင်းကောင်းကင် ရဲတိုက်ရှိ ဆန်းကြယ် ကျောင်းတော်အား နေရာချထားသည့် အဆောက်အဦးတွင် ဖြစ်သည်။

အလုပ်ရှုပ်နေသူဖြစ်သည့် တန်ရော်ဝေက တခြားသူများကဲ့သို့ အဆောက်အဦး အပြင်သို့ ထွက်ကာ အကြောဆန့်၍ အသက်ပြင်းပြင်းရှူသွင်းသည်။

သူမ၏ နှာခေါင်းအတွင်းတွင် ယမ်းနံများ ပြည့်နေသည်။ သို့သော်လည်း အလုပ်ရှုပ်နေခြင်းဖြင့် ယှဉ်ပါက သာလွန်ကောင်းမွန်သည်ဟု ဆိုရပေမည်။ ဦးနှောက်အား တရက်ကြာ အလုပ်ပေးပြီးချိန်တွင် သူမ၏ ဦးနှောက်က မူးဝေကာ ရောင်ရမ်းနေသည့်အလား ဖြစ်လာသည်။

ခဏကြာပြီးချိန်၌ တန်ရော်ဝေက အခန်းပြန်၍ အနားယူရန် ကြံလိုက်သည်။ သူမက အကြီးအကဲရှု၏ ညွှန်ကြားမှုအရ တွက်ချက်မှုနှင့် သုံးသပ်မှုများအား ကူညီရသူ ဖြစ်၏ ။ သို့သော်လည်း ဆန်းကြယ် ကျောင်းတော်၏ နည်းလမ်းများကြောင့် သူမအနေဖြင့် များစွာ အသိအမြင်တိုးပွားရသည်။

သူမက အနားယူရန်အတွက် ပုံသွင်းကောင်းကင် ရဲတိုက်မှ စီစဉ်ပေးထားသည့် အခန်းသို့ ဦးတည်လိုက်သည်။ သို့သော်လည်း ထိုအချိန်၌ အနောက်မှ အသံကို ကြားလိုက်ရသည်။

"ဂျူနီယာ ညီမလေးရေ…"

တန်ရော်ဝေက နောက်လှည့်ကြည့်ရာ မြင်ကွင်းကြောင့် မင်သက်မိသွား၏ ။ စကားဆိုလာသူမှာ သူမကဲ့သို့ပင် လှပသည့်ဘမိန်းကလေးတဦးတည်း။ ထိုမိန်းကလေးက ပန်းထိုးများ ပါဝင်သည့် အနီရောင် ဝတ်စံအား ဝတ်ဆင်ထားသည်။ မျက်ဝန်းအစုံမှာ ကြည်လဲ့ ရွှန်းစိုနေကာ အနက်ရောင် ဆံနွယ်များသည်လည်း ရေလှိုင်းအလား ထင်မှတ်ရပြီး ခန္ဓာကိုယ် ကောက်ကြောင်းလည်း လှပလွန်းသည်။ သူမ၏ မျက်နှာမှာ စုရှန်းရွှယ်ကဲ့သို့ ညှို့အား မပြင်းသော်လည်း လှပနေသေးသည်။

စကားဆိုလာသူ မိန်းကလေးအား စိုက်ကြည့်နေရာမှ တန်ရော်ဝေက တုံ့ဆိုင်းနေမိသည်။

"စီနီယာ အစ်မက…"

"ကောင်းကင် နတ်ဆိုးဂိုဏ်းကပါ… မင်းလိုပဲ တို့လည်း အကူအညီပေးဖို့ ရောက်လာတာ… နာမည်က လိကျင်းယောင်…"

ထိုမိန်ကလေးက မိတ်ဆက်စကား ဆိုလာသည်။

"ကြည့်နေတာ ကြာပြီ… ဒိတခေါက်တော့ မိန်းကလေးဆိုလို့ ငါတို့နှစ်ယောက်ပဲ ရှိတာ ပဲ့တာကြောင့် နင့်ဆီ လာပြီး မိတ်ဆက်စကားပြောတာပေါ့…"

"အာ ဟုတ်ကဲ့ပါ…'

တန်ရော်ဝေက ဟွမ်ဖုဖိန်အား အန္တရာယ် မရှိသူဟု မြင်ထားဖူးသည်။ ထို့ကြောင့် တဖက်သူမှာ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ တပည့်ဟု ကြားရချိန်၌ ရန်လိုသည့် တုံ့ပြန်မှု မပြုလိုက်မိပေ။

"မင်္ဂလာပါ အစ်မလီ ချီမင်ဓားဂိုဏ်းရဲ့ တန်ရော်ဝေပါ… ငါက… နှစ်ဆယ့်လေးနှစ် လက်ရှိတော့ အခြေတည်အဆင့်ပဲ…"

ကျင့်ကြံမှု လမ်းကြောင်းထက်သို့ ရောက်ရှိချိန်၌ အချိန်အား သိမြင်မှုမှာ ဝေဝါးလာ၏ ။ လက်တလော၌ တန်ရော်ဝေက သူမ၏ အသက်အား မှတ်မိရုံသာ ရှိတော့သည်။ သူမအနေဖြင့် ချီမင်ဓားဂိုဏ်းသို့ ဝင်ရောက်မှု မပြုလျှင် ကလေးနှစ်ဦးခန့် မွေးဖွားပြီးလောက်သည့် အရွယ်ပင်။

"နှစ်ဆယ့်လေးနှစ် ဒါပေမယ့် အခြေတည်အဆင့်တဲ့လား…"

လိကျင်းယောင်က နီးစပ်မှုအား ခံစားလိုက်ရကာ ပြုံးမိသွားသည်။

"အဆင့်တက်နှုန်းက ငါနဲ့ နီးစပ်တာပါလား… ညီမလေးတန်က သာမန်တပည့်တော့ မဟုတ်ပုံဘဲ… ဆရာက ဘယ်သူများလဲ…"

"ဟုတ်တယ် သာမန်တော့ မဟုတ်ဘူး…"

တန်ရော်ဝေ၏ မျက်လုံးများလည်း လင်းလက်သွားတော့သည်။

"ချီမင်ဓားဂိုဏ်းမှာ… မဟုတ်သေးဘူး အမှန်တရား မဟာမိတ်အဖွဲ့အစည်း တခုလုံးမှာ တပည့်က အခြေတည်အဆင့် ရောက်ပြီး ဆရာက ချီသန့်စင်ခြင်း အဆင့်မှာ ရှိတာ ညီမတ‌ယောက်ထဲပဲ…"

"ချီသန့်စင်ခြင်း အဆင့်…"

လိကျင်ယောင်က မင်သက်နေရာမှာ အံ့ဩတကြီး ရေရွတ်လာသည်။

"ညီမလေးတန်က ချီမင်ဓားဂိုဏ်းရဲ့ ဓားခေါင်းဆောင်ကို ပြောချင်တာများလား…"

All Chapters