လိကျင်းယောင်(၁)
Vol. 12 Ch. 120
တန်ရော်ဝေက ခဏကြာ စဉ်းစားရာ ခေါင်းညိမ့်လိုက်သည်။
"ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ အကြီးအကဲ ငါတွေ့ဖူးတဲ့ နတ်ဆိုးကြီးကလည်း ဆရာ့ကို အဲ့လို ခေါ်တာပဲ… အစ်မကော ဆရာ့ကို သိနေတာလား…"
"အို ငါတို့ နတ်ဆိုး မဟာမိတ်အဖွဲ့မှာ ဂိုဏ်းသေးသေးလေးတွေပဲ ဓားခေါင်းဆောင်ကို မသိကြတာ… ပြောရရင်တော့ ရှင်သန်ဖို့ သိထားကြတာပေါ့… နတ်ဆိုးဂိုဏ်းမှ တပည့်အသစ်ရောက်လာရင် ပထမဆုံး သင်ရတာက ဓားခေါင်းဆောင် အကြောင်းပဲ… ငါတို့ တပည့်တွေက အမှန်တရားလမ်းစဉ်ရဲ့ ချီသန့်စင်ခြင်းအဆင့်ကို အထင်မသေးရဲဘူး…"
လိကျင်းယောင်က ပြောပြောဆိုဆိုဖြင့် ရယ်လိုက်ကာ…
"ဆရာက ငါ့ကို တပည့်လက်ခံကတည်းက ချီမင်ဓားခေါင်းဆောင်ကို ပစ်မှတ်ထားခိုင်းတာ… တနေ့ကျရင် ငါက သူ့ကို ကျော်နိုင်ရမယ်ဆိုပြီးတော့ပေါ့…"
"ကြည့်ရသလောက် အစ်မလီက ပါရမီရှင်ပဲကိုး…"
တန်ရော်ဝေက စူးစမ်းလိုက်၏ ။
"ဒါဆိုရင် အစ်မက အနာဂတ်မှာ ဆရာ့ကို ကျော်နိုင်မယ် ထင်ထားလား…"
"ဘယ်အပိုင်းကို ပြောချင်လဲဆိုတဲ့အပေါ် မူတည်တာပေါ့… ကျင့်ကြံခြင်းအဆင့်မှာ ငါသူ့ကို ကျောက်တက်ပြီးခဲ့တာတော့ ထားပါတော့လေ အိမ်မှု ကိစ္စဖြစ်တဲ့ အချက်အပြုတ်နဲ့ အလျှော်အဖွတ်မှာတော့ သူ့ထက်သာတယ်ဆိုတာ သေချာတယ်…"
လိကျင်းယောင်က ရယ်မောကာ အဖြေပေးသည်။
"အချက်အပြတ်နဲ့ အလျှော်အဖွတ်တဲ့လား…"
တန်ရော်ဝေက မင်သေသွားတော့သည်။
"ဒါပေမယ့် အင်အား၊ စိတ်ပိုင်းဆိုင်ရာနဲ့ တခြားတွေမှာတော့… ငါအထင် ငါ့သူကို မယှဉ်နိုင်သေးဘူး…"
လိကျင်းယောင်က ပြုံးကာ စကားဆက်နေသေးသည်။
"ပြောရရင် သူက ချီသန့်စင်ခြင်း အဆင့်မှာ တစ်နေတာ နှစ်သုံးထောင်ကျော်ပြီ မဟုတ်လား… ဒါတောင် အဆင့်တက်ဖို့ ဇွဲမလျော့သေးဘူး… ငါတော့ သူ့လောက် ဇွဲမကောင်းဘူးဆိုတာ သေချာတယ်… တခေါက်ကဆို နှစ်နှစ်ကနေ သုံးနှစ်အတွင်း အဆင့်မတက်ရင် ကျင့်ကြံမှုကို လက်လျော့မယ် အိမ်ပြန်ပြီး တယောက်ယောက်ကို လက်ထပ်မယ်လို့ တွေးဖူးတယ်…"
"လက်ထပ်မယ်…"
တဖက်သူ၏ စကားကြောင့် တန်ရော်ဝေက ကြောင်သွားရပြန်သည်။
လိကျင်ယောင်မှာ နှစ်နှစ်မှ သုံးနှစ်အတွင်း အဆင့်မတက်ပါက အိမ်ပြန်၍ လက်တပ်မည်ဟု ဆိုလိုသည် မဟုတ်လော။ သို့သော်လည်း လက်တလောတွင် သူမအား မြင်နေရသေးသည်။ သို့ဖြစ်ရု လက်ရှိအဆင့်အထိ ကျင့်ကြံမှုတွင် အဆင့်တစ်ခုစီတွင် သုံးနှစ်သာ အချိန်ယူခဲ့ရသည်ဟု ဆိုလိုသည် မဟုတ်လော။
ထို့အပြင် တန်ရော်ဝေသည် အစ်မလိ၏ ကိုယ်မှ မူလချီက တည်ငြိမ်၍ အားကောင်းသည်ကို ခံစားမိနေသည်။ ဆိုလိုသည်မှာ နတ်ဆိုးကျင့်ကြံမှုအား လျင်မြန်စွာ အဆင့်တက်ခြင်း မဟုတ်ဘဲ အဆင့်တစ်ခုစီတွင် သေချာ လေ့ကျင့်ထားခြင်းဟု ဆိုလိုသည်။
တနည်းအားဖြင့် တန်ရော်ဝေ၏ ဆရာကဲ့သို့ပင် သာမန်ထက် ကျော်လွန်နေသူ တဦးပင်။
တန်ရော်ဝေက တဖက်သူ၏ အခြေအနေအား တွေးဆမိကာ ထိတ်လန့်မိသွားသည်။
သို့သော်လည်း လိကျင်ယောင်က တုံ့ပြန်မှု မပြုပေ။ ထို့အစား ခေါင်းညိမ့်၍ ပြုံးပြကာ စကားဆိုပြန်သည်။
"ဟုတ်တယ် လက်ထပ်မှာပေါ့… ယောက်ျားကောင်း တယောက်တွေ့ပြီး သူနဲ့ မိသားစုဘဝ ဖြတ်သန်းတာက မကောင်းဘူးလား… ပြောရရင်လည်း နတ်ဆိုးလမ်းစဉ်က အင်မော်တယ်အဆင့် ရောက်မရောက် မသေချာဘူးလေ… စကားမစပ် ပြောရဦးမယ် ညီမလေး ရော်ဝေရေ… အခွင့်အရေးရရင် ညီမရဲ့ ဆရာ ဓားခေါင်းဆောင်နဲ့ ငါ့ကို မိတ်ဆက်ပေးပါလား… "
"ဘာလို့များလဲ…"
တန်ရော်ဝေက မေးခွန်းထုတ်မိသည်။
"ကြည့်ရသလောက်တော့ အစ်မက အကူအညီမလိုပါဘူး… ဒါနဲ့ သူ့ကို ဘာလို့ တွေ့ချင်တာများလဲ…"
"ငါနဲ့ သင့်တော်တဲ့သူ ဟုတ်မဟုတ် ကြည့်မို့ပေါ့…"
လိကျင်းယောင်က မျက်စိမှိတ်ကာ အဖြေပေးသည်။
"ငါ့ စိတ်ကူး ခင်ပွန်းသည်က အခြေအနေတခုတော့ ရှိတယ်… ပထမဆုံး ငါ့ထက် အားကောင်းရမယ် … ဒါမှာ အနာဂတ်မှာ ငါနဲ့ မိသားစုကို ကာကွယ်နိုင်မှု… ဒုတိယအချက်ကတော့ ငါ့ထက် ကျင့်ကြံမှု ကွာနေလို့ မဖြစ်ဘူး မဟုတ်ရင် နောက်ကျ သူ အထက်လောက တက်သွားတာနဲ့ တယောက်တည်း ကျန်နေရမှာ… ဒါတွေကို တွေးကြည့်ရင် ဓားခေါင်းဆောင်က အခြေအနေ နှစ်ခုစလုံးနဲ့ ကိုက်ညီတယ်လေ… ငါကတော့ သူသင့်တော်လား မသင့်တော်ဘူးလား မြင်ချင်ပါသေးတယ်…"
"အာ မဖြစ်ဘူးနော်… ဒါက…"
တန်ရော်ဝေက မည်သို့ အဖြေပေးရမည်ကို မသိဘဲ ဖြစ်နေသည်။ လိကျင်းယောင်မှာ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အနာဂတ် ခေါင်းဆောင်ဖြစ်သည်က မြင်သာလှသည်။ သို့သော်လည်း လက်ထပ်ထိမ်းမြားရေးကိုသာ စိတ်ကူးယဉ်နေ၏ ။ ထို့အပြင် တန်ရော်ဝေက ယခုထက်တိုင် အပျိုစင် ဖြစ်နေသေးသည့် ကာမသုတြာဂိုဏ်းခေါင်းဆောင် စုရှန်းရွှယ်ကိုလည်း မြင်ယောင်မိပြန်သည်။
…နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူ အကုန်လုံးက ဒီလို ထူးဆန်းကြတာလား…
တန်ရော်ဝေက သူမ၏ ဘဝအား ပြောင်းလဲရန် ခန္ဓာပြောင်းအတတ်အား အားစိုက်ထုတ်သည့် ဖြစ်စဉ်ကို မေ့လျော့နေသည်။ ထိုလုပ်ရပ်သည်လည်း တခြားသူများ၏ အမြင်၌ ထူးဆန်းဖွယ် ဖြစ်နေပေလိမ့်မည်။
တန်ရော်ဝေက ခဏကြာ စဉ်းစားလိုက်ကာ…
"အစ်မလိရေ အစ်မ ဆရာသာ ဒီအစီအစဉ်ကို သိသွားရင် သဘောတူမှာ မဟုတ်ဘူးနော်…"
"ဒါပေါ့ သူဘယ်သဘောတူပါ့မလဲ ဒါပေမယ့်လည်း အရေးမကြီးပါဘူး… နှစ်နှစ်ရာလောက် စောင့်ရုံပေါ့ အဲ့အချိန်ကျရင် ဆရာက ငါ့ပြိုင်ဘက်တောင် မဟုတ်တော့ဘူးလေ…"
လိကျင်းယောင်က တောက်ပစွာ ပြုံးလိုက်သည်။
"ဆရာ့ကို အနိုင်ကျင့်ပြီး ဘိုးဘေးတွေကိုပါ ဖျက်ဆီးပစ်ဖို့ကတော့ ပြဿနာကြီးပဲ… ဘာပဲ ဖြစ်ဖြစ်ပါ ဒါကတော့ ငါတို့ရဲ့ ဆောင်ပုဒ်အတိုင်း လုပ်တာပဲပေါ့…"
တန်ရော်ဝေက တဖက်သူမှာ စိတ်ပိုင်းဖြတ်ထားသည်ကို မြင်နေရသည်။ ထို့နောက် သူမက ပိုင်ချူးရန်၏ အနှောင့်အယှက် ဖြစ်ဖွယ် ကောင်းလွန်းသည့် ပုံစံအား မြင်ယောင်ကာ စကားပြန်လိုက်သည်။
"ဟုတ်ပါပြီ ဆရာအားရင် မိတ်ဆက်ပေးပါ့မယ်… ဒါပေမယ့် တခုတော့ ကြိုပြောထားမယ်နော်… ဆရာက အပြောမတတ်ဘူး… သည်းမခံနိုင်ရင်တောင် မတိုက်ခိုက်တာ ကောင်းမယ်… အစ်မ သူ့ကို နိုင်မှာ မဟုတ်ဘူးလေ…"