← Chapters

အခန်း (၁၁၉၃-၁၁၉၄)

Vol. 69 Ch. 1193-1194

အခန်း (၁၁၉၃-၁၁၉၄)

Vol. 69 Ch. 1193-1194

အပိုင်း (၁၁၉၃)

ရှမ့်လန်သည် ရှေးဟောင်းအကျဉ်းထောင်မှ ထွက်ခွာပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ပြန်တက်လာခဲ့သည်။ သူသည် နုရှောင့်မြို့သို့ မပြန်ဘဲ မိစ္ဆာတြိဂံဒေသဆီသို့ ဦးတည်သွားလိုက်သည်။ တော်ဝင်ရန်အင်ပါယာသည် နုရှောင့်မြို့ကို မည်သို့သော တိုက်ခိုက်မှုမျိုး ပြုလုပ်မည်နည်း။

ဖြစ်နိုင်ခြေ တစ်ခုကတော့ နဂါးနောင်တများဖြင့် နုရှောင့်မြို့ကို မြေလှန်ဖျက်ဆီးပစ်ခြင်း ဖြစ်သည်။ သို့သော်ငြား မီးတောက်မြို့တော်သည် ဤတိုက်ခိုက်မှုမျိုးကို နှစ်ကြိမ်တိုင် လုပ်ဆောင်ပြီး စေတီတောင်နှင့် အမှောင်ရဲတိုက်ကြီးကို ဤလောကမြေပေါ်မှ လုံးဝ ဖယ်ရှားပစ်လိုက်ပြီး ဖြစ်သည်။

နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုကတော့ ဝေဟင်မှ တိုက်ခိုက်ခြင်း ဖြစ်သည်။ နှင်းလင်းယုန် တပ်တော်ကို အင်ပါယာ ကျန်းလီက ဥဖောက်မွေးမြူခဲ့ခြင်း ဖြစ်သည်။ သူသည် နှင်းလင်းယုန် တပ်တော် မွေးမြူရန် တောင်တန်းတစ်ခုလုံးကိုပင် အထူးသတ်မှတ်ပေးခဲ့သေးသည်။ သို့သော်ငြား ဤတပ်တော် မဖွဲ့စည်းခင်မှာပင် အင်ပါယာ ကျန်းလီ သေဆုံးသွားခဲ့ပြီး သူ၏ တပ်တော်သည် လောကပေါ်ရှိ အဖွဲ့အစည်း အသီးသီးကြား ခွဲဝေ ယူငင်ခံလိုက်ရ၏။

ဆယ်စုနှစ်ပေါင်းများစွာ မွေးမြူပြီးနောက် စေတီတောင်၌ နှင်းလင်းယုန် ထောင်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။ တော်ဝင်ရန်အင်ပါယာသည် နှင်းလင်းယုန် မွေးမြူရန် တောင်တန်းတစ်ခုလုံးကို သိမ်းပိုက် ထားသည်။

သို့သော်ငြား ဤအရာသည် ဘာမှ မဟုတ်သေးပေ။ ကြောက်စရာအကောင်းဆုံး သတင်းမှာ တွင်းနက်ကြီး ထဲရှိ ပျံသန်းသားရဲများ၏ အသိုက်သည် လုံးဝ ဗလာကျင်းနေသည်။ အထဲမှ ပျံသန်းသားရဲများ အားလုံးကို ယူဆောင်သွား ကြပြီ ဖြစ်သည်။

ရှမ့်လန်၏ ခန့်မှန်းချက်အရ ဤပျံသန်းသားရဲများကို ယူဆောင်သွားနိုင်သော အဖွဲ့အစည်း နှစ်ခုသာ ရှိသည်။ တစ်ခုက တော်ဝင်ရန်အင်ပါယာဖြစ်ပြီး နောက်တစ်ခုက ကျောက်စိမ်းဖြူမြို့တော် ဖြစ်သည်။ သို့သော်ငြား နှင်းဖုံးနေသော ဒေသများကို ကျောက်စိမ်းဖြူမြို့တော်က ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် တော်ဝင်ရန် အင်ပါယာက ယူဆောင်သွားရန် အလားအလာ အများဆုံး ဖြစ်သည်။

ဤပျံသန်းသားရဲများ တော်ဝင်ရန်အင်ပါယာလက်ထဲ ရောက်သွားပါက အင်အား မည်မျှတောင် ကြီးမားသွားမည်နည်း။ ရှမ့်လန် တွေးတောင် မတွေးရဲပေ။ မရေမတွက်နိုင်သော ပျံသန်းသားရဲများက ချန်နိုင်ငံကို တိုက်ခိုက်လာလျှင် မည်သို့ လုပ်မည်နည်း။ မည်သည့် တပ်တော်၊ မည်သည့် ရေတပ်ကမှ ပျံသန်းသားရဲ ထောင်ပေါင်းများစွာကို တပြိုင်နက် တားဆီးနိုင်မည် မဟုတ်ချေ။

ရှမ့်လန်၏ အထူးပျံသန်းရေး ခံတပ်ကြီးသည် နှင်းလင်းယုန်များ၊ ရှေးဟောင်းသိမ်းငှက်များနှင့် ရင်ဆိုင်ရလျှင် ပြဿနာ မရှိပေ။ သို့သော်ငြား ပျံသန်းသားရဲများနှင့် ရင်ဆိုင်ရလျှင်မူ လုံးဝ အသုံးဝင်မည် မဟုတ်ပေ။ ရှမ့်လန်က ဤတိုက်ပွဲကို သေချာပေါက် နိုင်မည်ဟု ပြောခဲ့ဖူးသည်။

အဆိုးဆုံး ရလဒ်မှာ တစ်ဖက်သတ် အနိုင်ရရှိမှု ပင်။ ဤသို့ဆိုလျှင် တစ်ဖက်သတ် အနိုင်ရရှိမှု ဆိုသည်မှာ အဘယ်နည်း။ တော်ဝင်ရန်အင်ပါယာသည် နုရှောင့်မြို့ကို ချက်ချင်း ဖျက်ဆီးပစ်ရန် အထူးနဂါးနောင်တကို သေချာပေါက် အသုံးပြုလိမ့်မည်။

ထို့နောက် သူတို့သည် ပင်လယ်ပြင်ပေါ်ရှိ ဦးခေါင်းခွံဂိုဏ်း၏ ရေတပ်ကို လုံးဝ သုတ်သင်ရန် မရေမတွက်နိုင်သော အသံလှိုင်း ပျံသန်းသားရဲများကို စေလွှတ်ကောင်း စေလွှတ်လိမ့်မည်။ လေ့ကျိုးကျွန်းစု ပေါ်ရှိ တပ်တော်များနှင့် သင်္ဘောကျင်းများကိုလည်း သုတ်သင်ပစ်လိမ့်မည်။ ကျင်းချန်ကျွန်းပေါ်ရှိ အလုပ်ရုံများနှင့် တပ်စွဲထားသော တပ်ဖွဲ့များကိုလည်း သုတ်သင်ပစ်လိမ့်မည်။

အတိုချုပ် ပြောရလျှင် ဤသုတ်သင်ရှင်းလင်းမှုသည် လုံးဝ သန့်စင်ပစ်လိုက်သကဲ့သို့ ဖြစ်ပေမည်။ နောက်ဆုံးတွင် သူတို့သည် ရည်မှန်းချက်တစ်ခုကို ရောက်ရှိသွားလိမ့်မည်။ ၎င်းမှာ ရှမ့်လန်၏ အင်ပါယာ ဆိုသည်ကို လောကမြေပေါ်မှ လုံးဝ ဖယ်ရှားပစ်ရန် ဖြစ်သည်။ ခြေရာလက်ရာ တစ်ခုမှ ကျန်ရစ်မည် မဟုတ်ပေ။

ရှမ့်လန်၏ တစ်ဖက်သတ် အနိုင်ရရှိမှု ဆိုသည်မှာ အထူးနဂါးနောင်တကို လေထဲတွင် ကြားဖြတ် ဟန့်တားခြင်း ဖြစ်သည်။ ပြီးနောက် သူက အထူးနဂါးနောင်တကို ပြန်လည် ပစ်လွှတ်ပြီး တော်ဝင်ရန် အင်ပါယာ၏ ကျူးကျော်တပ်တော် အားလုံးကို သုတ်သင်ပစ်လိုက်မည်။ သို့ဆိုလျှင် အထူးနဂါးနောင်တများသည် နုရှောင့်မြို့အထက် ကောင်းကင်ယံ၊ ပင်လယ်ပြင်နှင့် နေရာတိုင်းတွင် ပေါက်ကွဲကုန်ကြလိမ့်မည်။ တစ်ခု၊ နှစ်ခု မက၊ အများကြီး ဖြစ်ပေလိမ့်မည်။

သို့သော်ငြား အဓိကအချက်မှာ ရှမ့်လန်သည် ဤအထူးနဂါးနောင်တများကို မကုန်ဆုံးစေချင်ပေ။ သူက ဤအထူး နဂါးနောင်တများကို အနာဂတ်တွင် တော်ဝင်ရန်အင်ပါယာအား ဟန့်တားရန် မဟာဗျူဟာမြောက် လက်နက်အနေဖြင့် သိမ်းထားချင်ခြင်း ဖြစ်သည်။

ထို့အပြင် တော်ဝင်ရန်အင်ပါယာသည် အဘယ်ကြောင့် အထူးတာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်မှု များကို လုပ်ဆောင်နိုင်သနည်း။ သူတို့သည် ကီလိုမီတာ ထောင်ပေါင်းများစွာ အကွာအဝေးမှ အထူး နဂါးနောင်တ ကို ပစ်လွှတ်နိုင်ခြင်း မဟုတ်ပေ။

သူတို့က် နဂါးအရှိန်အဝါ ပစ်လွှတ်စင်ကို ပျံသန်းနိုင်သော အရာဝတ္ထုတစ်ခုခုပေါ်တွင် တပ်ဆင်ထားခြင်း ဖြစ်ရမည်။ ဤပျံသန်းနိုင်သော အရာဝတ္ထုသည် အမြင့်ပေ တစ်သောင်း၊ နှစ်သောင်းခန့်တွင် ရှိနေသဖြင့် လုံးဝ ထောက်လှမ်း၍ မရနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် တော်ဝင်ရန်အင်ပါယာက အထူးနဂါးနောင်တ ပစ်လွှတ်လိုက်တိုင်း ကောင်းကင်ဘုံမှ ကျဆင်းလာသကဲ့သို့ ဖြစ်နေခြင်းပင်။

လှပသော အနိုင်ရရှိမှု ဆိုသည်မှာ အဘယ်နည်း။ ရှမ့်လန်သည် တော်ဝင်ရန်အင်ပါယာ၏ အထူးနဂါး နောင်တများနှင့် အထူးနဂါးအရှိန်အဝါ ပစ်လွှတ်စင်များကို လုံးဝ သိမ်းပိုက်လိုခြင်း ဖြစ်သည်။ အကယ်၍ သူ မျှော်လင့်ထားသလို တော်ဝင်ရန်အင်ပါယာတွင် မရေမတွက်နိုင်သော အသံလှိုင်း ပျံသန်းသားရဲများ တကယ် ရှိနေလျှင် သူတို့အားလုံးသည် မိမိ၏ အင်အားစုများ ဖြစ်လာကြပေမည်။

ရှမ့်လန်က သူတို့ကို တတ်နိုင်သမျှ များများ ဖမ်းဆီးရန် နည်းလမ်းရှာရမည်။ ဤနည်းအားဖြင့် ရှမ့်လန်တွင် အထူးနဂါးနောင်တ အများအပြား ရှိလာမည့်အပြင် အထူးနဂါးအရှိန်အဝါ ပစ်လွှတ်စင်နှင့် ထိပ်တန်း လေကြောင်းတပ်တော် အများအပြားလည်း ရှိလာလိမ့်မည်။

အရာအားလုံး စုစည်းသွားသည့်အချိန်၌ သူ အိပ်မက် မက်ခဲ့သော မဟာဗျူဟာမြောက် ချိန်ခွင်လျှာကို တစ်ခဏချင်း ရရှိသွားပေလိမ့်မည်။ ဤအရာများနှင့်ဆိုလျှင် တော်ဝင်ရန်အင်ပါယာသည် ဝူ၊ ချောင်၊ ရွဲ့နှင့် ချင်နိုင်ငံတို့ကို တိုက်ခိုက်ရဲတော့မည် မဟုတ်ပေ။

ထို့ကြောင့် သူ လိုချင်သည်မှာ နိုင်ရုံသက်သက် မဟုတ်ဘဲ အစွန်းရောက် အနိုင်ရရှိမှု ပင် ဖြစ်သည်။ သူသည် မဟာဗျူဟာမြောက် ချိန်ခွင်လျှာ တစ်ခုလုံးကို အနိုင်ယူချင်ခြင်း ဖြစ်သည်။ အနိုင်ရခြင်းက ရန်မြို့တော်ကို နာကျင်စေပြီး သွေးအန်ချင်လောက်အောင် ဖြစ်စေလိမ့်မည်။

မဟာဗျူဟာမြောက် ချိန်ခွင်လျှာ ရရှိပြီ ဆိုသည်နှင့် ရှမ့်လန်တွင် နည်းပညာနှင့် ရှေးဟောင်းယဉ်ကျေးမှု ပေါင်းစပ်မှုကို ဆက်လက် ဖွံ့ဖြိုးတိုးတက်စေရန် လုံလောက်သော အချိန်ရရှိလာမည် ဖြစ်သည်။ သူ၏ ချန်နိုင်ငံ တပ်တော်ကို ဆက်တိုက် လေ့ကျင့်ပေး၍ ရနိုင်သည်။ ချန်နိုင်ငံ တပ်တော် သုံးသိန်း သို့မဟုတ် ငါးသိန်းခန့် ရှိလာသောအခါ သူသည် နောက်ထပ် မြောက်ပိုင်းစစ်ဆင်ရေးတစ်ခုကို စတင်နိုင်ပြီး အခြားနိုင်ငံအားလုံးကို သုတ်သင်ပစ်နိုင်ပေလိမ့်မည်။

ထို့ကြောင့် ယခုအချိန်ထိ အခြေအနေ မည်မျှပင် အန္တရာယ်များပါစေ ရှမ့်လန်သည် အထူးနဂါးနောင်တကို လေထဲတွင် ကြားဖြတ်ဟန့်တားနိုင်သည့် စွမ်းရည်ကို တစ်ခါမှ ထုတ်မပြခဲ့ချေ။

စေတီတောင်မှ ရှမ့်လန်ကို မောင်းထုတ်ပြီး သေလမ်းရှာခဲ့ကြခြင်း ဖြစ်၏။ သူ ဒေါသထွက်မိသော်လည်း တိတ်တဆိတ် ဝမ်းသာနေမိသည်။ စေတီတောင်မှ လူတိုင်းသာ သူ့အပေါ် သစ္စာစောင့်သိခဲ့လျှင် သူက စေတီတောင် ကို ကာကွယ်ပေးရမည့် တာဝန် ရှိလာပေလိမ့်မည်။ အကယ်၍ သူသာ အထူးနဂါးနောင်တကို လေထဲတွင် ကြားဖြတ်ဟန့်တားလိုက်လျှင် သူ၏ ဝှက်ဖဲသည် လုံးဝ ပေါ်သွားပေမည်။

… …

ဆယ်နာရီကျော် ပျံသန်းပြီးနောက် ရှမ့်လန်သည် မိစ္ဆာတြိဂံဒေသကို ထပ်မံ ဝင်ရောက်လာခဲ့သည်။ နောက်တစ်ကြိမ် သူ ဤလောကတံတိုင်းကို ရောက်ရှိလာပြီး ငရဲ၏ အနံ့အသက်ကို ထပ်မံ ခံစား လိုက်ရပြန်သည်။

မည်သည့်အချိန် လာရောက်သည်ဖြစ်စေ မိစ္ဆာတြိဂံဒေသသည် အမြဲတမ်း ပုံစံတူပင် ဖြစ်သည်။ မိုင်ခြောက်ထောင်၊ ခုနစ်ထောင်ခန့် ရှည်လျားပြီး ကောင်းကင်နှင့် မြေကြီးကို ဆက်စပ်ပေးထားသည့် ထူထဲသော အမှောင်မြူခိုးများ ရှိနေသည်။ မရေမတွက်နိုင်သော လေဆင်နှာမောင်းများနှင့် လျှပ်စီးများသည် ကျပန်း ထွက်ပေါ်နေသလို ထင်ရသော်လည်း အားလုံးက ပုံသေနိယာမတစ်ခုကို လိုက်နာနေကြခြင်း ဖြစ်၏။

အမှန်တကယ်တွင် ပြီးခဲ့သည့် နုရှောင့်မြို့ တိုက်ပွဲကာလ၌ မင်းသမီး နင်ဟန်က ပျက်သုဉ်းခြင်းရေတပ်ကို ဦးဆောင်ပြီး နုရှောင့်မြို့ကို တိုက်ခိုက်စဉ်ကပင် ရှမ့်လန်သည် မိစ္ဆာတြိဂံဒေသမှ ကြောက်မက်ဖွယ် ပင်လယ် မွန်းစတားတပ်တော်ကို စည်းရုံးချင်ခဲ့ဖူးသည်။

သို့သော်ငြား သူ ထိန်းချုပ်ထားခဲ့သည်။ နုရှောင့်မြို့တိုက်ပွဲ နှစ်ကြိမ်စလုံးတွင် သူ ဤကဲ့သို့ စိတ်ကူးမရှိခဲ့သလို သူ့၏ အဖိုးတန် သမီးလေးကိုလည်း သူ့အတွက် စွမ်းအင် အလွန်အကျွံ မသုံးစွဲစေချင်ပေ။ သို့သော်ငြား ဤတစ်ကြိမ် တော်ဝင်ရန်အင်ပါယာ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ ရှမ့်လန်သည် နောက်ဆုံး၌ ပျောက်ဆုံးနိုင်ငံ၏ ကြောက်မက်ဖွယ် မွန်းစတားတပ်တော်ကို စည်းရုံးချင်လာခဲ့ပြီ ဖြစ်သည်။ သို့သော်ငြား ဤတစ်ကြိမ်၌လည်း သူ့သမီးလေးကို မခေါ်လာခဲ့ချေ။

မိစ္ဆာတြိဂံဒေသ အတွင်းမှာမူ အိပ်မက်ဆန်ပြီး လှပနေဆဲပင်။ ပင်လယ်ရေပြင်က မှန်တစ်ချပ်လို ကြည်လင် နေပြီး မိုင်ထောင်ချီ ရှည်လျားသည့် မြို့တော်၏ တစ်ဝက်က ရေပေါ်တွင်၊ ကျန်တစ်ဝက်က ရေအောက်တွင် ရှိနေသည်။ ပင်လယ်မွန်းစတား တစ်ကောင်မှ မတွေ့ရပေ။

ရှမ့်လန် အော်ဟစ်လိုက်သည်။ “ပျောက်ဆုံးမိစ္ဆာမယ်တော်... ကျိန်စာဘုရင်မ... ကျုပ် ရောက်လာပြန်ပြီ။”

မည်သည့်တုံ့ပြန်မှုမှ မရှိချေ။ သူမ သူ့ကို တကယ် ဂရုမစိုက်ချင်ပုံ ရသည်။ ယခင်က ရှမ့်လန် နဂါးဓား လာတောင်းစဉ်ကလည်း ဤပျောက်ဆုံးမိစ္ဆာမယ်တော်သည် သူ့ကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ သူမက ဝိညာဉ်ရေးရာ ပုံရိပ်ယောင်ကို သုံးပြီး သူ့ကို လှည့်စားကာ ထွက်သွားစေချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား ရှမ့်လန်က ရိပ်မိပြီး နဂါးဓားကို အောင်မြင်စွာ ယူဆောင်နိုင်ခဲ့သည်။ ပျောက်ဆုံ မိစ္ဆာမယ်တော် သည် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမ မည်မျှပင် စွမ်းအားကြီးပါစေ၊ သဘောထား သေးသိမ်ပြီး သေချာပေါက် အငြိုးထားတတ်၏။

ရှမ့်လန်က ထပ်ပြောလိုက်သည်။ “ပျောက်ဆုံးမိစ္ဆာမယ်တော််... ကျုပ် ရောက်နေပြီလေ။ ဘာလို့ ထွက်မလာတာလဲ။”

တစ်ဖက်မှ ဘာတုံ့ပြန်မှုမှ မရှိသေးပေ။ ရှမ့်လန် အသံဝင်အောင် အော်နေလျှင်တောင် သူမ ထွက်လာမည့်ပုံ မပေါ်ချေ။

ရှမ့်လန် ပြုံးပြီး ပြောလိုက်၏။ “ပြီးခဲ့တဲ့တစ်ခေါက် ကျုပ် နဂါးဓား လာတောင်းတုန်းက ခင်ဗျား လုံးဝ မပေါ်လာခဲ့ဘူး။ ဘာကြောင့်လဲ။”

မည်သူမှမဖြေပေ။

ရှမ့်လန် ဆက်ပြောလိုက်သည်။ “ပျောက်ဆုံးနိုင်ငံရဲ့ စိတ်စွမ်းအင်က ကျုပ်တို့ လူသားတွေထက် အများကြီး ပိုသန်မာတယ်။ ဒါကြောင့် ဒဏ္ဍာရီတွေထဲမှာ ဘုရင်မ မီဒူဆာက အကြည့် တစ်ချက်တည်းနဲ့ လူတစ်ယောက်ကို ကျောက်ဖြစ်သွားစေနိုင်တယ်လို့ ဆိုကြတာ။”

ပျောက်ဆုံးမိစ္ဆာမယ်တော်် က သူ့ကို မဖြေကြားသေးပေ။

ရှမ့်လန် ဆက်ပြောလိုက်သည်။ “ပျောက်ဆုံးမိစ္ဆာမယ်တော်် ... ခင်ဗျားလည်း အရမ်း စွမ်းအားကြီးပါတယ်။ ခင်ဗျားက နှစ်ပေါင်း ထောင်ချီ အသက်ရှင်ခဲ့ပြီး လတ်ဆတ်တဲ့ လူသားတွေရဲ့ ခန္ဓာကိုယ်ကို အမြဲတမ်း ပူးကပ်ခဲ့တယ်။ ပြီးတော့ ရေဘဝဲကြီးရဲ့ ခန္ဓာကိုယ်ကို ပူးကပ်ခဲ့တယ်။

ခင်ဗျားရဲ့ အားကောင်းတဲ့ စိတ်စွမ်းအင်က ပျောက်ဆုံးနိုင်ငံရဲ့ အပျက်အစီး တစ်ခုလုံးကို လွှမ်းခြုံနိုင်တယ်။ ကျုပ်တို့လူသားတွေက အဲဒါကို မလုပ်နိုင်ပါဘူး။ ကျုပ်တို့ရဲ့ဝိညာဉ်က ခန္ဓာကိုယ်ထဲက ထွက်တာနဲ့ ပျက်စီးသွားနိုင်တယ်။ ဒါကြောင့် ကျုပ်တို့ရဲ့ပူးကပ်ခြင်းက သရဲမြို့တော်လို အထူးပတ်ဝန်းကျင်မှာပဲ လုပ်ဆောင်နိုင်တာပါ။”

ပျောက်ဆုံးမိစ္ဆာမယ်တော် က သူ့ကို လျစ်လျူရှုထားဆဲပင်။

ရှမ့်လန်က ဆက်ပြောသည်။ “အရှင်မ... ပျောက်ဆုံးမိစ္ဆာမယ်တော်... ပြီးခဲ့တဲ့တစ်ခေါက် ပျောက်ဆုံးနိုင်ငံ အပျက်အစီးမှာတုန်းက ကျုပ် ခင်ဗျားရဲ့ ရေဘဝဲကြီးကို ဖောက်ခွဲပစ်လိုက်တော့ ခင်ဗျားရဲ့ လက်ခံခန္ဓာကိုယ် ပျောက်ဆုံးသွားခဲ့တယ်။

ဒါပေမဲ့ ခင်ဗျားက စွမ်းအားကြီးနေတုန်းပါပဲ။ ခင်ဗျားရဲ့ ဝိညာဉ်ကို အားကိုးပြီး မိုင်တစ်သောင်း၊ နှစ်သောင်းလောက် ထွက်ပြေးပြီး မိစ္ဆာတြိဂံဒေသကြီးကို ရောက်လာခဲ့တယ်။ ခင်ဗျားရဲ့ စိတ်ဝိညာဉ်က တကယ်ပဲ အကန့်အသတ်မရှိ စွမ်းအားကြီးမားပါတယ်။ မီဒူဆာနဲ့ မယှဉ်နိုင်ပေမယ့် လုံးဝ အံ့မခန်းပါပဲ။”

တစ်ဖက်လူက သူ့ကို လျစ်လျူရှုထားဆဲပင်။

ရှမ့်လန်က ဆက်၍ ဆွပေးလိုက်သည်။ “ဒါပေမဲ့ ခင်ဗျားရဲ့ စိတ်စွမ်းအင်က တကယ်ပဲ သိပ်အားကောင်းလွန်းလို့ ခင်ဗျား တစ်ယောက်ယောက်ကို ပူးကပ်ချင်ရင်တောင် ခန္ဓာကိုယ် ရှာလို့ မရနိုင်ပါဘူး။ ပြီးခဲ့တဲ့တစ်ခေါက် ခင်ဗျား ဟီလာရဲ့ အမေကို ပူးကပ်တုန်းက သူ့ရဲ့ ဦးနှောက်က ခင်ဗျားရဲ့ ဝိညာဉ်ကို မခံနိုင်လို့ အထူးရေဘဝဲခန္ဓာကိုယ်ကို ယူဖို့ လိုအပ်ခဲ့တာ။ ဒါကြောင့် မိစ္ဆာတြိဂံဒေသကို ရောက်ပြီးနောက်ပိုင်း ခင်ဗျားမှာ ခန္ဓာကိုယ် မရှိတာ နှစ်အနည်းငယ် ရှိပြီ မဟုတ်လား။”

လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး တစ်စုံတစ်ယောက် ဒေါသထွက်သွားကြောင်း သိသာနေ၏။

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားမှာ ခန္ဓာကိုယ် မရှိတော့ ခင်ဗျားရဲ့ဝိညာဉ်က လေထဲမှာ လွင့်မျောနေလို့ မရဘူး။ အဲဒါက တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မယ်။ ဒါဆို ခင်ဗျား ဘာလုပ်သင့်သလဲ။”

ရုတ်တရက် မိစ္ဆာတြိဂံဒေသရှိ သာယာသော ရာသီဥတုသည် လောကပျက်တော့မည့်အလား ချက်ချင်း မဲမှောင် သွားခဲ့သည်။ သေချာသည်မှာ ဤသည်က ပျောက်ဆုံးမိစ္ဆာမယ်တော် ဒေါသထွက်သွား သောကြောင့် ဖန်တီးလိုက်သော ပုံရိပ်ယောင်တစ်ခု ဖြစ်၏။

ရှမ့်လန်က ပြောလိုက်သည်။ “မိစ္ဆာတြိဂံဒေသမှာ ရုပ်တုတွေ မရေမတွက်နိုင်အောင် ရှိတယ်။ ဒါပေမဲ့ အဲဒါတွေက ရုပ်တုအစစ်တွေ မဟုတ်ဘူး။ ကျောက်ဖြစ်ရုပ်ကြွင်းတွေပဲ။ ဘုရင်မမီဒူဆာရဲ့ အကြည့်ကြောင့် ကျောက်ဖြစ်သွားပြီး နှစ်ပေါင်း တစ်သောင်းလောက် ရပ်တည်နေခဲ့ကြတာ။

အဲဒီတုန်းက ရှေးဟောင်းလူသား ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုတည်းက ခင်ဗျားရဲ့ စိတ်ဝိညာဉ်ကို လက်ခံထားနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ရှေးဟောင်းလူသား ကျောက်ဖြစ်ရုပ်ကြွင်း သောင်းပေါင်း များစွာကတော့ လက်ခံနိုင်ပါတယ်။ ဒီနှစ်တွေတစ်လျှောက် ခင်ဗျားရဲ့ စိတ်ဝိညာဉ်က ဒီမရေမတွက်နိုင်တဲ့ လူသား ကျောက်ဖြစ် ရုပ်ကြွင်းတွေထဲမှာ နေထိုင်ခဲ့ရတာ။ ခင်ဗျားအတွက် ခက်ခဲခဲ့မှာပဲ။”

ဤစကား ပြောပြီးသည်နှင့် ပုံရိပ်အားလုံး ပြောင်းလဲသွားခဲ့သည်။ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် ခေါင်းပေါ်တွင် မဲမှောင်နေသော တိမ်တိုက်များ အုပ်ဆိုင်းနေသည့် လောကပျက်မည့် မြင်ကွင်းသည် လုံးဝ ပြီးဆုံးသွားခဲ့သည်။ ထို့နောက် သောင်းချီသော လူသား ကျောက်ဖြစ်ရုပ်ကြွင်း ရုပ်တုများသည် ပင်လယ်ရေ မျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့သည်။ ၎င်းတို့သည် တစ်နေရာတည်းတွင် စုဝေးနေခြင်း မဟုတ်ဘဲ နေရာအနှံ့ ပြန့်ကျဲနေကြ၏။

စောဏကတင် ၎င်းတို့ အားလုံး ကိုယ်ပျောက်နေခဲ့ကြသည်။ သေချာသည်မှာ စစ်မှန်သော ကိုယ်ပျောက်ခြင်း မဟုတ်ဘဲ ပျောက်ဆုံးမိစ္ဆာမယ်တော် ဖန်တီးထားသည့် ဝိညာဉ်ရေးရာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်မည်။

ရှေးဟောင်းလူသား ကျောက်ဖြစ်ရုပ်ကြွင်းတိုင်းသည် အသက်ဝင်နေသကဲ့သို့ ရှိသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် တစ်ခဏအတွင်း အေးခဲသွားခဲ့ကြသောကြောင့် ဖြစ်သည်။ လူတိုင်း၏ မျက်နှာထားသည် နာကျင်မှု သို့မဟုတ် ကြောက်ရွံ့မှု မဟုတ်ဘဲ မှုန်ဝါးပြီး မိန်းမောနေကြသည်။ သိသာထင်ရှားစွာပင် ဤသည်မှာ ဧကရီ မီဒူဆာကို နောက်ဆုံး မြင်တွေ့လိုက်ရစဉ်က သူတို့၏ မျက်နှာထား ဖြစ်သည်။

ဤအရာအားလုံးသည် ရှေးဟောင်းအင်ပါယာ၏ တပ်တော် ဖြစ်သည်။ ဤသည်မှာ မည်သည့် အဓိပ္ပာယ်နည်း။

၎င်း၏ အဓိပ္ပာယ်မှာ ရှေးဟောင်းလောကကြီး မပျက်သုဉ်းမီ ရာစုနှစ်ပေါင်းများစွာသည် အရှေ့လောကနှင့် အနောက်လောကတို့ အဆက်မပြတ် တိုက်ခိုက်နေကြသော စစ်ပွဲကာလ ဖြစ်ခဲ့၏။

ရှေးဟောင်း အရှေ့လောကသည် အစပိုင်းတွင် အားသာချက် ရှိခဲ့သော်လည်း အိမ်ရှေ့စံ ကျန်းရှဲ့၏ သစ္စာဖောက်မှုနှင့် မဟာဗျူဟာမြောက် သတင်းအချက်အလက်များကို ဘုရင်မ မီဒူဆာထံ ပေးပို့ လိုက်ခြင်းကြောင့် စစ်ပွဲအခြေအနေ ပြောင်းလဲသွားခဲ့ကြောင်း ရှမ့်လန် အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။

ပျောက်ဆုံးနိုင်ငံသည် အရှေ့လောကကို ဆက်လက် ဖိအားပေးခဲ့ပြီး မြို့တော်ကို အနောက်မှ အရှေ့သို့ ရွှေ့ပြောင်းရန်ပင် စတင်ခဲ့၏။

ဘုရင်မ မီဒူဆာသည် စစ်မြေပြင်၏ ရှေ့တန်းတွင် ရှိနေခဲ့ပြီး ဤစစ်ပွဲသည် အချိန် ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပေမည်။

သို့သော်ငြား အကြောင်းတစ်ခုခုကြောင့် ရှေးဟောင်း အရှေ့အင်ပါယာသည် အံ့မခန်း တိုးတက်ပြောင်းလဲလာခြင်း သို့မဟုတ် သေစေနိုင်သော လက်နက်တစ်ခု ရရှိသွားခြင်းတို့ကြောင့် မူလက ရှုံးနိမ့်နေသော စစ်ပွဲသည် အခြေအနေ ပြောင်းလဲသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် မရေမတွက်နိုင်သော ရှေးဟောင်းလူသား တပ်တော်သည် မိစ္ဆာတြိဂံဒေသထဲသို့ ဝင်ရောက် လာခဲ့သောကြောင့်ပင်။ ဤနေရာသည် ပျောက်ဆုံးနိုင်ငံ၏ မြို့တော်သစ်ဖြစ်ပြီး လူသား တပ်တော် သည် မြို့တော်သို့ အမှန်တကယ် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ယခုအချိန်တွင် ရှမ့်လန် မြင်တွေ့ နေရသော ရှေးဟောင်းလူသား ကျောက်ဖြစ်ရုပ်ကြွင်းများသည် ထိုအချိန်က ပျောက်ဆုံးနိုင်ငံကို တိုက်ခိုက် ခဲ့သည့် လူသားတပ်တော်၏ အစိတ်အပိုင်း အနည်းငယ်မျှသာ ဖြစ်သည်။

အပိုင်း (၁၁၉၄)

ရှမ့်လန်က ပြောလိုက်သည်။ “ပျောက်ဆုံးမိစ္ဆာမယ်တော်... ခန္ဓာကိုယ် ပျောက်ဆုံးသွားရတဲ့ ခံစားချက်က အရမ်း မကောင်းဖြစ်မှာပဲ။ အထူးသဖြင့် ခင်ဗျားရဲ့ ဝိညာဉ်က မရေမတွက်နိုင်တဲ့ လူသား ကျောက်ဖြစ်ရုပ်ကြွင်းတွေကြား ပြန့်ကျဲနေတဲ့အခါပေါ့။ ဒီခံစားချက်က အရမ်းအထီးကျန်ဆန်မှာပဲ မဟုတ်လား။

ကျုပ်လည်း စမ်းကြည့်ဖူးတယ်။ နာရီအနည်းငယ်လောက် ကြာရင် ကျုပ် သည်းမခံနိုင်တော့ဘူး။ ဒါပေမဲ့ ခင်ဗျားက နှစ်ပေါင်းများစွာ တောင့်ခံနိုင်ခဲ့တယ်။ ပြီးခဲ့တဲ့တစ်ခေါက် ကျုပ် မိစ္ဆာတြိဂံဒေသကို လာတုန်းက ခင်ဗျား လုံးဝ မပေါ်လာခဲ့ဘူး။ ဖြစ်နိုင်တာက ကျုပ် ခင်ဗျားကို မတွေ့စေချင်လို့ နေမှာပါ။”

အချိန်အတော်ကြာမှ ပျောက်ဆုံးမိစ္ဆာမယ်တော်၏ အသံ ထွက်ပေါ်လာခဲ့၏။ “ပြောစရာ ရှိရင် ပြောပါ။”

ရှမ့်လန်က မေးလိုက်သည်။ “ပျောက်ဆုံးမိစ္ဆာမယ်တော်... ပျောက်ဆုံးနိုင်ငံမှာ လေကြောင်း တပ်တော် ရှိသလား။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ဖြေလိုက်၏။ “ရှိတာပေါ့။”

ရှမ့်လန်က ပြောလိုက်ပြန်သည်။ “ဒါပေမဲ့ ကျုပ် တစ်ခါမှ မမြင်ဖူးဘူး။ ကျုပ် မိစ္ဆာတြိဂံဒေသကို လာတိုင်း မရေမတွက်နိုင်တဲ့ ပင်လယ်မိစ္ဆာတွေကို တွေ့ရတယ်။ ရဲတိုက်ထက် ကြီးမားတဲ့ ပင်လယ်မိစ္ဆာတွေကိုတောင် တွေ့ရတယ်။ ဒါပေမဲ့ လေကြောင်းတပ်တော်ကိုတော့ တစ်ခါမှ မမြင်ဖူးဘူး။”

သူ စကားမဆုံးခင်မှာပင် ချက်ချင်း ပါးစပ်ပိတ်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကြီးမားသော ပင်လယ်မွန်းစတားကြီး တစ်ကောင်သည် ကောင်းကင်ယံသို့ တိုက်ရိုက် ပျံတက်သွားသောကြောင့် ဖြစ်သည်။

ရှမ့်လန် လုံးဝ ကြောင်အသွားခဲ့ရသည်။ နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကြီးမားသော ရေခူကြီးတစ်ကောင် ပင်လယ်ထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ ပျံတက်သွားခဲ့၏။

မည်မျှ ကြီးသနည်း။ ၎င်း၏ အချင်းသည် မီတာ ၃၀၀ ကျော် ရှိပြီး စတုရန်းမီတာ ၁၀၀,၀၀၀ ခန့် ရှိသည်။ ၎င်းသည် မီတာသောင်းချီ မြင့်မားသော ကောင်းကင်ယံသို့ အလွယ်တကူ ပျံတက်သွားခဲ့သည်။

သို့သော်ငြား ဤမျှ ကြီးမားသော ရေခူကြီးတွင် မည်ကဲ့သို့သော တိုက်ခိုက်မှုမျိုး ရှိသနည်း။

“ဘုန်း...”

ထို့နောက် ၎င်းသည် တိုက်ရိုက် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်သည်။ အဆုံးမဲ့ အဆိပ်ဓာတ်ငွေ့များသည် တစ်ခဏချင်း လေထုထဲတွင် ပြည့်နှက်သွားခဲ့သည်။ ပေါက်ကွဲမှု အချင်းဝက်သည် မီတာ ၃,၀၀၀ ကျော် ရှိသည်။

ရှမ့်လန်တွင် ရှေးဟောင်းဘုရင်လက်စွပ် ရှိသောကြောင့် ထိခိုက်မှု မရှိပေ။ ရေခူ၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုသည် မည်မျှ ပြင်းထန်ကြောင်း သူ မသိနိုင်ပေ။

ပျောက်ဆုံးမိစ္ဆာမယ်တော်က ပြောလိုက်၏။ “သူ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီးနောက် ထွက်လာတဲ့ အာရုံကြော အဆိပ်ဓာတ်ငွေ့က ဘယ်ရန်သူကိုမဆို ဖျက်ဆီးပစ်နိုင်တယ်။ ရှေးဟောင်း သံချပ်ကာ ဘယ်လောက်ပဲ ကောင်းကောင်းပေါ့။ အရှေ့နဲ့ အနောက် စစ်ပွဲတုန်းက သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုကြောင့် လေကြောင်း တပ်တော်သား ဘယ်လောက် သေဆုံးခဲ့သလဲ ကျွန်မ မသိဘူး။”

ရှမ့်လန်က မေးလိုက်သည်။ “ဒါဆို သူက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး သေသွားတာလား။”

ပျောက်ဆုံးမိစ္ဆာမယ်တော် ခဏမျှ တိတ်ဆိတ်နေပြီး ပြောလိုက်၏။ “ရှင့်မှာ သိစိတ် နည်းနည်းတော့ ရှိသားပဲ။”

ထို့နောက် ပျောက်ဆုံးမိစ္ဆာမယ်တော်က ဆက်ပြောလိုက်သည်။ “သူ မသေပါဘူး။ သူ့ခန္ဓာကိုယ်က သိပ်သေးတယ်။ လက်သီးဆုပ်လောက်ပဲ ရှိတာ။ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီးတာနဲ့ သူ့ခန္ဓာကိုယ်က ပင်လယ်ထဲ ပြုတ်ကျပြီး ဆက်လက် ကြီးထွားလာလိမ့်မယ်။ ဒီလောက် ပြန်ကြီးလာပြီး နောက်တစ်ကြိမ် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖို့ ဆယ်နှစ်ကျော် ကြာလိမ့်မယ်။”

ရှမ့်လန်က ဆိုလိုက်၏။ “တခြားနည်းနဲ့ ပြောရရင် ခုဏက သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုကို ပြသဖို့အတွက် ရေခူတစ်ကောင်ရဲ့ အချိန် ဆယ်နှစ်ကို ဖြုန်းတီးလိုက်တာပေါ့။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ပြောလိုက်သည်။ “ကျွန်မတို့မှာ အချိန်တွေ အများကြီး ရှိပါတယ်။ ကျွန်မတို့က ဘုရင်မ ပြန်လာမှာကို စောင့်နေတာ မရေမတွက်နိုင်တဲ့ နှစ်တွေ ကြာခဲ့ပြီ။ ဆယ်နှစ်ဆိုတာ ဘာမို့လို့လဲ။ ပွဲတော်ရက်တွေမှာ ဒီလေကြောင်းရေခူတွေက ကောင်းကင်ပေါ် ပျံတက်ပြီး အပျော်သဘော ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲကြတာ။”

“ဟမ်...”

ရှမ့်လန်က မေးလိုက်၏။ “ကောင်းကင်ပေါ် ပျံတက်ပြီး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတဲ့ ရေခူတွေအပြင် တခြား လေကြောင်းတပ်တော် ရှိသေးလား။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ဖြေလိုက်သည်။ “ရှိတာပေါ့။ ဒါပေမဲ့ ရှင် အဆင်သင့် ဖြစ်ပြီလား။ ဒီလေကြောင်း တပ်တော်ရဲ့ စွမ်းအားက အံ့မခန်းပဲ။”

‘ဘာများ ကြောက်စရာ ရှိလို့လဲ။’

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် အဆင်သင့် ဖြစ်ပါပြီ။ သူတို့ကို ထွက်လာခိုင်းပြီး ကျုပ်ရဲ့ အမြင်အာရုံကို ကျယ်ပြန့်ပါစေအုံး။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က အမိန့်ပေးလိုက်၏။ “ထွက်လာခဲ့။”

ချက်ချင်းပဲ ပင်လယ်ပြင် တစ်ခုလုံး ဆူပွက်လာခဲ့သည်။ ရှမ့်လန် တစ်ချက် ကြည့်လိုက်ရုံဖြင့် ကျောချမ်း သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ပင်လယ်ပြင်တွင် ပင်လယ်မြွေများ ပြည့်နှက်နေသောကြောင့် ဖြစ်သည်။ တစ်ကောင်စီသည် မီတာ ဒါဇင်ပေါင်းများစွာ ရှည်လျားပြီး အချင်း နှစ်မီတာခန့် ရှိသည်။

အစပိုင်းတွင် သူတို့သည် ပင်လယ်ထဲတွင် လူးလိမ့်နေကြ၏။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

ထို့နောက် ပင်လယ်မြွေများသည် ရုတ်တရက် ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။ သူတို့တွင် အတောင်ပံများ ပါရှိပြီး အလွန် လျင်မြန်စွာ ပျံသန်းကြသည်။

ကောင်းကင်ယံသို့ ရောက်သည်နှင့် သူတို့သည် ပျံသန်းနေခြင်း မဟုတ်ဘဲ ရော့ကတ်ဖြင့် ပစ်လိုက်သကဲ့သို့ ခုန်ထွက်သွားကြခြင်း ဖြစ်သည်။ မီတာ ဒါဇင်ပေါင်းများစွာ ရှည်လျားသော သူတို့၏ ခန္ဓာကိုယ်များသည် ရုတ်တရက် ကွေးညွတ်သွားပြီး လျှပ်စီးကဲ့သို့ လျင်မြန်စွာ ခုန်ထွက်သွားကြ၏။

မျက်တောင်တစ်ခတ်အတွင်း ထောင်ပေါင်းများစွာသော ပင်လယ်မြွေများသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ဝဲပျံနေကြသည်။ ပင်လယ်မြွေတိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထား ရှိကြသည်။ သူတို့၏ လည်ပင်းတွင် ဆူးများ ပါရှိပြီး အတောင်ပံများသည် ဆူးတောင်များနှင့် ပိုတူသည်။ အရေးအကြီးဆုံးမှာ သူတို့၏ ပါးစပ်ထဲတွင် ဓားမြှောင်ကဲ့သို့ ထက်ရှသော သွားများ အပြည့် ရှိနေခြင်း ဖြစ်သည်။

ရှမ့်လန်က ပြောလိုက်သည်။ “သူတို့ ကြည့်ရတာ အရမ်း ကြမ်းတမ်းပြီး စွမ်းအားကြီးပုံ ရပါတယ်။ ဒါပေမဲ့...”

သူ စကားမဆုံးခင်မှာပင် ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။ ပင်လယ်မြွေများသည် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ဤအရာသည် ပျောက်ဆုံးမိစ္ဆာမယ်တော် ဖန်တီးထားသည့် ပုံရိပ်ယောင် မဟုတ်ပေ။ ဤပင်လယ်မြွေများက လုံးဝ ကိုယ်ပျောက်သွားကြခြင်း ဖြစ်သည်။

‘သောက်ကျိုးနည်း... ပုတ်သင်ညို မျိုးရိုးဗီဇတွေ ရှိနေတာလား။ သူတို့က ကိုယ်ပျောက်တောင် ဖြစ်နိုင်သေးတာလား။ ကောင်းလိုက်တာ...။ ဒါပေမဲ့ သူတို့က ကိုယ်ပျောက်နိုင်ရင်တောင် အသံလှိုင်း ပျံသန်းသားရဲတွေကို နိုင်မှာ မဟုတ်ပါဘူး။ အသံလှိုင်း ပျံသန်းသားရဲတွေရဲ့ အားသာချက်က တာဝေးပစ် တိုက်ခိုက်နိုင်တာနဲ့ အသံလှိုင်း ပစ်လွှတ်နိုင်တာတွေလေ။’

ရှမ့်လန်၏အတွေး မဆုံးခင်မှာပင် သူ့မျက်စိရှေ့တွင် ဖြစ်ပေါ်လာသော မြင်ကွင်းကြောင့် သူ လုံးဝ ကြောင်အ သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဤပင်လယ်မြွေများ၏ ပါးစပ်မှ မီတာရာပေါင်းများစွာ ရှည်လျားသော လျှပ်စီးများ ရုတ်တရက် ထုတ်လွှတ်လိုက်သောကြောင့် ဖြစ်သည်။ ဗို့အားနှင့် လျှပ်စီးကြောင်းသည် အံ့သြဖွယ် ကောင်းလှ၏။

ရှမ့်လန် ပါးစပ်ဟသွားပြီး ပြန်မပိတ်နိုင်တော့ချေ။ ‘သောက်ကျိုးနည်း... ဒါက အရမ်းကောင်းလွန်းတယ်။ အထူး လျှပ်စစ်ငါးရှဉ့်များလား။ ဒါက ဘယ်လို ပျံသန်းနိုင်တဲ့ မြွေတပ်တော်လဲ။ ပင်လယ်မြွေက ပျံသန်းနိုင်တယ်၊ ခုန်ထွက်နိုင်တယ်။ ပုတ်သင်ညို မျိုးရိုးဗီဇက ကိုယ်ပျောက်နိုင်ပြီး လျှပ်စစ်ငါးရှဉ့်လို လျှပ်စီးလည်း ပစ်လွှတ် နိုင်သေးတယ်။’

သာမန်အားဖြင့် လျှပ်စစ်ငါးရှဉ့်များသည် နှစ်မီတာခန့်သာ ရှည်ပြီး အလေးချိန် ၂၀ ကီလိုဂရမ်ခန့်သာ ရှိသည်။ သူတို့သည် လျှပ်စစ်ဗို့အား ၈၀၀ ထုတ်လွှတ်နိုင်ပြီး လူတစ်ယောက်ကို ချက်ချင်း သတိလစ်သွားစေနိုင်သည်။ သို့သော်ငြား သူ့ရှေ့ရှိ ပျောက်ဆုံးသွားသော ပျံသန်းသည့် မြွေများသည် လျှပ်စစ်ငါးရှဉ့်များထက် အဆတစ်ရာကျော် ပိုစွမ်းအားကြီးသည်။

သူတို့က မီတာ ဒါဇင်ပေါင်းများစွာ ရှည်လျားပြီး တန်ပေါင်းများစွာ လေးလံသည်။ သူတို့ ထုတ်လွှတ်သည့် ဗို့အားမှာ သောင်းချီ ရှိလောက်သည်။ ဤသည်မှာ အထူးဗို့အားမြင့် လျှပ်စစ်ပင်။ လျှပ်စစ်ငါးရှဉ့်များသည် ရေထဲ၌သာ လျှပ်စစ် ထုတ်လွှတ်နိုင်သော်လည်း ဤပျောက်ဆုံးသွားသော ပျံသန်းသည့် မြွေများကမူ လေထဲတွင် လျှပ်စီး တိုက်ရိုက် ထုတ်လွှတ်နိုင်၏။

အသံလှိုင်း ပျံသန်းသားရဲများသည် မီတာရာပေါင်းများစွာ အထိ အသံလှိုင်း ထုတ်လွှတ်နိုင်သလို ပျံသန်းသည့် မြွေများကလည်း မီတာရာပေါင်းများစွာ အထိ လျှပ်စီး ထုတ်လွှတ်နိုင်၏။ သို့သော်ငြား အသံလှိုင်း မည်မျှ မြန်မြန်၊ လျှပ်စီးထက်တော့ မမြန်နိုင်ပေ။

ရှမ့်လန်အတွက် အံ့ဩစရာအကောင်းဆုံးအချက်မှာ ထိုပျံသန်းသည့်မြွေများ ထုတ်လွှတ်သော လျှပ်စီး စွမ်းအားပင် ဖြစ်သည်။ ထိုလျှပ်စီးသည် အသံလှိုင်းပျံသန်းသားရဲများကို ချက်ချင်း အသက်မသေစေ နိုင်သော်လည်း ခေတ္တ သတိလစ်သွားစေရန်အတွက်တော့ လုံလောက်လှသည်။

ဤသည်မှာ ရှမ့်လန်အတွက် အလွန်ပင် ပြီးပြည့်စုံသော အနေအထား ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် ထိုသားရဲများမှာ တချောင်၏ ညီအစ်ကိုမောင်နှမများကဲ့သို့ ဖြစ်နေသဖြင့် သူသည် ၎င်းတို့ကို မသတ်လိုဘဲ အရှင်သာ ဖမ်းဆီးလိုသောကြောင့်ပင်။

အကယ်၍ သူသာ ပျောက်ဆုံးနိုင်ငံ၏ ပျံသန်းသည့်မြွေတပ်တော်နှင့် လေကြောင်းရေခူတပ်တော်ကို ငှားရမ်း အသုံးပြုနိုင်မည် ဆိုပါက တော်ဝင်ရန်အင်ပါယာနှင့် ရင်ဆိုင်ရမည့် ပထမဆုံးတိုက်ပွဲတွင် လှလှပပနှင့် အပြတ်အသတ် အနိုင်ရရှိမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ထိုအင်အားစုကို ပိုင်ဆိုင်လိုစိတ်မှာ ရှမ့်လန် အတွက် သွားရည်ကျမိလောက်အောင် ပြင်းထန်၏။

မိစ္ဆာတြိဂံဒေသတွင် ရဲတိုက်ကြီးများသဖွယ် ကြီးမားသော ပင်လယ်မိစ္ဆာများရှိကြောင်း သူ သိထားသော်လည်း ယခုကဲ့သို့ ထူးဆန်းအံ့မခန်းသော လေကြောင်းတပ်တော်များပါ ရှိနေလိမ့်မည်ဟု တစ်ခါမှထင်မထားခဲ့မိပေ။

ယခင်က ရှေးဟောင်းအရှေ့အင်ပါယာသည် အစပိုင်းတွင် အဆင်သင့်မဖြစ်ဘဲ အရေးနိမ့်ခဲ့ရခြင်းမှာလည်း ဤကဲ့သို့သော အင်အားစုများကို မမျှော်လင့်ဘဲ ရင်ဆိုင်ခဲ့ရခြင်းကြောင့်ဖြစ်မည်ဟု ရှမ့်လန် နားလည်သွား တော့သည်။

သို့သော်ငြား ပျောက်ဆုံးနိုင်ငံတွင်လည်း အားနည်းချက်များ ရှိသည်။ ယင်းမှာ ပုံမှန် ပင်လယ်အင်ပါယာတစ်ခု ဖြစ်သည့်အတွက် ပင်လယ်ပြင်တွင် ပြိုင်ဘက်ကင်းသော်လည်း ကုန်းတွင်းပိုင်းသို့ နက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်ရန် ခက်ခဲခြင်းပင်။ ထို့ကြောင့် ပျောက်ဆုံးနိုင်ငံက ရာစုနှစ်ပေါင်းများစွာ အနိုင်ရနေခဲ့သော်လည်း ရှေးဟောင်း အရှေ့အင်ပါယာကို မဖျက်ဆီးနိုင်ခဲ့သလို ကုန်းတွင်းပိုင်း မြို့ကြီးများကိုလည်း မသိမ်းပိုက်နိုင်ခဲ့ပေ။ ဤပျံသန်းသည့် မြွေတပ်တော်သည်ပင် ပင်လယ်ပြင်နှင့် အချိန်အကြာကြီး ခွဲခွာနေ၍ ရမည်မဟုတ်ချေ။

ရှမ့်လန် ချက်ချင်း မျက်နှာချိုသွေးပြီး ပြောလိုက်၏။ “အစ်မကြီး မိစ္ဆာမယ်တော်...”

တစ်ဖက်လူက လှောင်ပြောင်လိုက်သည်။ “ဟမ့်”

ရှမ့်လန် ထပ်ပြောလိုက်၏။ “အစ်မကြီး ကျိန်စာဘုရင်မ...”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ပြောလိုက်သည်။ “အရှင် ရှမ့်လန်... ကျွန်မက ရှင့်ထက် အသက်ထောင်ပေါင်းများစွာ ပိုကြီးတယ် ဆိုတာ မမေ့ပါနဲ့။ ဒုတိယအချက် ကျွန်မတို့က ရန်သူတွေပါ။ ရှင်က ကျွန်မရဲ့ ရေဘဝဲကြီး ခန္ဓာကိုယ် ကို ဖျက်ဆီးခဲ့တာ။”

ရှမ့်လန်က ပြန်ပြောလိုက်၏။ “အစ်မကြီး မိစ္ဆာမယ်တော်... အရေးကြီးဆုံးက ရှေ့ကို ကြည့်ဖို့ပါ။ ကျုပ်မှာ ရန်သူ တစ်ယောက် ရှိခဲ့ဖူးတယ်၊ သူ့နာမည်က စုနန်တဲ့။ ကျုပ်တို့က သေမျိုးရန်သူတော်တွေ ဖြစ်ခဲ့ကြပြီး ကျုပ် သူ့ရဲ့မျိုးနွယ်စု တစ်ခုလုံးကို ဖျက်ဆီးခဲ့တယ်။ အခု ဘာဖြစ်သွားသလဲ ခန့်မှန်းကြည့်ပါအုံး။ သူက ကျုပ်ရဲ့ လက်အောက်ငယ်သား ဖြစ်လာပြီး ကျုပ်အတွက် ရေထဲဆင်းရဆင်းရ၊ မီးထဲရဲရဲတိုးရတိုးရ လုပ်ပေးမဲ့ သစ္စာရှိ လက်အောက်ငယ်သား ဖြစ်လာတယ်။”

ပျောက်ဆုံးမိစ္ဆာမယ်တော် လှောင်ပြောင်လိုက်သည်။ “ဟုတ်လား။ ဒါဆို သူက တကယ် သဘောထားကြီးတာပဲ။”

ရှမ့်လန်က ဆိုလိုက်၏။ “ကျုပ် ခင်ဗျားကို တစ်ခါမှ မတွေ့ဖူးပေမယ့် ခင်ဗျားက ပိုပြီး သဘောထား ကြီးမယ်လို့ ကျုပ် ထင်ပါတယ်။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ပြောလိုက်သည်။ “စိတ်မကောင်းပါဘူး။ ကျွန်မက သဘောထား သေးသိမ်တယ်။”

“ဟမ်...”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်က အိမ်ရှေ့စံ ကျန်းရှဲ့ရဲ့ မျိုးဆက်ပါ။ ကျုပ်တို့က လူသားတွေ ဖြစ်ပေမဲ့ ပျောက်ဆုံးနိုင်ငံဘက်မှာ ရပ်တည်နေပါတယ်။ ကျုပ်တို့က မိတ်ဆွေတွေပါ... မိတ်ဆွေတွေ...”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ပြောလိုက်သည်။ “အိမ်ရှေ့စံ ကျန်းရှဲ့က ရှေးဟောင်းလူသားတွေရဲ့ သစ္စာဖောက် လေ။ ခင်ဗျားကရော လူသားတွေရဲ့ သစ္စာဖောက်လား။”

ရှမ့်လန် အလေးအနက် ပြောလိုက်၏။ “ဖြစ်နိုင်ပါတယ်။ ခင်ဗျားသာ ကျုပ်ကို ပျံသန်းနိုင်တဲ့ မြွေတပ်တော်နဲ့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတဲ့ ရေခူတပ်တော် ငှားပေးမယ်ဆိုရင် ကျုပ် လူသားတွေကို သစ္စာဖောက်ပြီး ပျောက်ဆုံးနိုင်ငံ ရဲ့ စခန်းထဲ အချိန်မရွေး ဝင်ရောက်နိုင်ပါတယ်။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ပြောလိုက်သည်။ “အိမ်ရှေ့စံကျန်းရှဲ့က ရှေးဟောင်းလူသားတွေကို သစ္စာဖောက်ခဲ့တာက သူ့ရဲ့ နက်ရှိုင်းတဲ့ တရားမျှတမှုနဲ့ ချစ်ခြင်းမေတ္တာကြောင့်ပါ။ ရှင်ကတော့ လုံးဝ အရှက်မဲ့တာပဲ။”

ရှမ့်လန်က ပြောလိုက်၏။ “အစ်မကြီး မိစ္ဆာမယ်တော်... ကြည့်ပါအုံး။ ဒီကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတဲ့ ရေခူတွေနဲ့ ပျံသန်းနိုင်တဲ့ မြွေတပ်တော်က မိစ္ဆာတြိဂံဒေသထဲမှာ နေရတာ အရမ်းပျင်းစရာ ကောင်းနေမှာ။ သူတို့က အပျော်သဘော ကိုယ့်ကိုယ်ကိုယ်တောင် ဖောက်ခွဲနေရတယ်။ ကျုပ် သူတို့ကို လောကကြီးကို ကြည့်ဖို့ ခေါ်ထုတ်သွားတာ ပိုကောင်းမယ်။ ပြင်ပလောကကြီးက အရမ်းစိတ်ဝင်စားစရာ ကောင်းပါတယ်။ စိတ်မပူပါနဲ့။ အများဆုံး တစ်လနေရင် ကျုပ် သူတို့ကို ပြန်ခေါ်လာခဲ့ပါ့မယ်။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ပြောလိုက်သည်။ “ရှင်က စစ်သည်ငှားနေတာ သိသိသာသာကြီးကို သူတို့ကို ကစားဖို့ ခေါ်ထုတ်သွားမယ်လို့ ပြောနေသေးတယ်။ အိမ်ရှေ့စံကျန်းရှဲ့မှာ ဒီလောက် အရှက်မဲ့တဲ့ မျိုးဆက် ရှိသလား။”

ရှမ့်လန်က မေးလိုက်၏။ “အစ်မကြီး မိစ္ဆာမယ်တော်... ရှေးဟောင်း ကျိကလန်ကို သိလား။ ကျန်းကလန်ရဲ့ ထီးနန်းကို ခိုးယူသွားတဲ့ ကလန်လေ။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ဖြေလိုက်သည်။ “သိတာပေါ့။ အဲဒီတုန်းက ပျောက်ဆုံးနိုင်ငံကို တိုက်ခိုက်ခဲ့တဲ့ တပ်တော်က ရှေးဟောင်း ကျိမင်းဆက်ရဲ့ တပ်တော်ပဲ။ ရှင် မြင်နေရတဲ့ ဒီလူသား ကျောက်ဖြစ်ရုပ်ကြွင်းတွေ အားလုံးက ကျိကလန်က လူတွေပဲ။”

ရှေးဟောင်း ကျိကလန်က ဤမျှလောက် စွမ်းအားကြီးသည်လား။ ဟုတ်ပေသည်။ လက်ရှိ ကျိကလန် ကလည်း အရမ်းစွမ်းအားကြီးမားသည်။

ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျား မသိပါဘူး အစ်မကြီး မိစ္ဆာမယ်တော်... ဒီတစ်ခါ ကျုပ်ရဲ့ နုရှောင့်မြို့ကို တိုက်ခိုက်နေတာလည်း တော်ဝင်ရန်အင်ပါယာရဲ့ ကျိကလန်ပါပဲ။ သူတို့က ခင်ဗျားရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းက ရန်သူတွေပါ။ အဲဒီတုန်းက သူတို့က ပျောက်ဆုံးနိုင်ငံကို တိုက်ခိုက်ခဲ့တယ်။ အခု သူတို့က ကျုပ်ရဲ့ နုရှောင့်မြို့ကို တိုက်ခိုက်နေကြတယ်။ ဒါက သည်းခံလို့ မရနိုင်ပါဘူး။ ကျုပ်တို့ ဘေးချင်းယှဉ် တိုက်ခိုက်သင့်ပါတယ်။

အစ်မကြီး မိစ္ဆာမယ်တော်... ကျုပ်ကို လေကြောင်းရေခူ တပ်တော်နဲ့ ပျံသန်းနိုင်တဲ့ မြွေတပ်တော် ငှားပေးပါ။ ကျုပ် သူတို့ကို သတ်မယ်လို့ ကတိပေးပါတယ်။ ကျိကလန်အင်ပါယာ သွေးအန်သွားအောင် လုပ်မယ်လို့ ကတိပေးပါတယ်။ ပျောက်ဆုံးနိုင်ငံအတွက် လက်စားချေပေးမယ်လို့ ကတိပေးပါတယ်။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ပြောလိုက်သည်။ “ရှမ့်လန်... ရှင် တွန့်ဆုတ်နေတာ ကြာပြီ။ မိစ္ဆာတြိဂံဒေသကို ပထမအကြိမ် လာတုန်းက ရှင် စစ်သားငှားချင်ပေမယ့် မငှားခဲ့ဘူး။ ဒုတိယအကြိမ်မှာလည်း မငှားခဲ့ဘူး။ ဒီတစ်ခါတော့ ရှင် နောက်ဆုံး ပြောထွက်လာပြီ။ လုံးဝ မဖြစ်မနေ လိုအပ်မှသာ ရှင်က ပျောက်ဆုံးနိုင်ငံရဲ့ တပ်တော်ကို မိစ္ဆာတြိဂံဒေသကနေ ထွက်ခွာစေချင်တာ။ ပြီးတော့ သူတို့ကို လူသားတွေရဲ့ ပင်လယ်ထဲ မဝင်ရောက်စေချင်တာ။”

ရှမ့်လန်က ပြန်ပြောလိုက်သည်။ “အဲဒါ မဟုတ်လို့လား။ လုံးဝ မဖြစ်မနေ မလိုအပ်ရင် ဘယ်သူက အစ်မကြီး မိစ္ဆာမယ်တော်ကို ဒုက္ခပေးရက်မှာလဲ။”

All Chapters