← Chapters

အခန်း (၁၁၉၅-၁၁၉၆)

Vol. 69 Ch. 1195-1196

အခန်း (၁၁၉၅-၁၁၉၆)

Vol. 69 Ch. 1195-1196

အပိုင်း (၁၁၉၅)

ပျောက်ဆုံးမိစ္ဆာမယ်တော်က ပြောလိုက်၏။ “ကျွန်မ ရှင့်ကို လေကြောင်းရေခူ တပ်တော် တစ်ထောင်နဲ့ ပျံသန်းနိုင်တဲ့ လျှပ်စီးမြွေ တပ်တော် သုံးထောင် ငှားပေးနိုင်ပါတယ်။”

ရှမ့်လန်က ဝမ်းသာအားရ ပြောလိုက်သည်။ “ကောင်းလိုက်တာ။ တော်ဝင်ရန်အင်ပါယာရဲ့ ကျိကလန်ကို အကြီးအကျယ် ရှုံးနိမ့်သွားအောင် လုပ်မယ်လို့ ကတိပေးပါတယ်။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ဆိုလိုက်၏။ “ဒါပေမဲ့ ကျွန်မမှာ အခြေအနေ တစ်ခု ရှိတယ်။ ရှင် သဘောတူရင် ကျွန်မ တပ်တော် ငှားပေးမယ်။”

… …

အခြေအနေ.. မည်သည့်အခြေအနေနည်း။

ခန့်မှန်းပြီးသား ဖြစ်သော်လည်း ရှမ့်လန် ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။

‘တကယ်ပါပဲ ပျောက်ဆုံးမိစ္ဆာမယ်တော်... ခင်ဗျားက ဘာလို့ လုံးဝ ရက်ရောမှု၊ မြင့်မြတ်မှု မရှိရတာလဲ။ ကျုပ်တို့က မဟာမိတ်တွေလေ။ ပြီးတော့ ကျုပ်သမီးမှာ ဘုရင်မ မီဒူဆာရဲ့ ဝိညာဉ်အမွေအနှစ် ရှိတယ်။ ကျုပ်ကို တပ်တော် ငှားပေးတာ ဘာမှားလို့လဲ။’

ပျောက်ဆုံးမိစ္ဆာမယ်တော်က ပြောလိုက်၏။ “မိတ်ဆွေဖွဲ့တာလား။ အရှင် ရှမ့်လန်... ကျေးဇူးပြုပြီး ရှင်းရှင်းလင်းလင်း သိထားပါ။ ကျွန်မက ရှေးဟောင်း ပျောက်ဆုံးနိုင်ငံနဲ့ ခေတ်ပြိုင် မဟုတ်သလို ရှင် နဲ့ အိမ်ရှေ့စံ ကျန်းရှဲ့ ကလည်း ခေတ်ပြိုင် မဟုတ်ပါဘူး။ ကျွန်မတို့ကြားမှာ ထူးခြားတဲ့ ဆက်ဆံရေး ရှိသလိုမျိုး မပြောပါနဲ့။ မိတ်ဆွေဖွဲ့တာထက် အရောင်းအဝယ် အကြောင်း ပြောကြရအောင်။”

‘သောက်ကျိုးနည်း... ခင်ဗျားရဲ့ စိတ်ဖတ်တဲ့ စွမ်းရည်က တကယ် အထင်ကြီးစရာပဲ။’

သူမက ရှမ့်လန် ဘာတွေးနေသနည်း ဆိုသည်ကို ခန့်မှန်းနိုင်ရုံသာမက ရှမ့်လန် ပါးစပ်မှ ဘာပြောမလဲ ဆိုသည်ကိုပါ ကြိုသိနေသည်။

ရှမ့်လန်က မေးလိုက်သည်။ “ဘာအခြေအနေလဲ။ ပြောပါ။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ပြောလိုက်၏။ “ကျွန်မမှာ ခန္ဓာကိုယ် မရှိလို့ ရှင် စောစောက လှောင်ပြောင်ခဲ့တယ် မဟုတ်လား။ ကျွန်မက လူသား ကျောက်ဖြစ်ရုပ်ကြွင်း ထောင်ပေါင်းများစွာကို ပူးကပ်နေရလို့ ရှင် လှောင်ပြောင်ခဲ့တယ် မဟုတ်လား။ ရှင် ကျွန်မအတွက် ခန္ဓာကိုယ်တစ်ခု ရှာပေးသရွေ့ တပ်တော်ကို ငှားပေးမယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “အစ်မကြီး မိစ္ဆာမယ်တော်... ဒါက... နည်းနည်း ခက်ခဲတယ်။ ခင်ဗျား ကိုယ်တိုင်တောင် ရှာမတွေ့ရင် ကျုပ်လည်း ဘယ်လိုလုပ် ရှာတွေ့မှာလဲ။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ဆိုလိုက်၏။ “အရှင် ရှမ့်လန်... ရှင်သာ ကျွန်မရဲ့ ဒီအားနည်းချက်ကို မမြင်ခဲ့ရင် ကျွန်မဆီ ယုံကြည်မှုရှိရှိနဲ့ တပ်တော် လာတောင်းပါ့မလား။”

သူမက အရမ်းဉာဏ်ကောင်းလွန်းသည်။ သူမနှင့် သမားရိုးကျ စကားပြောဖို့ နည်းလမ်း မရှိပေ။ ရှမ့်လန်က သဘောတူလိုက်သည်။ “ကောင်းပြီလေ... ကျုပ် ခင်ဗျားအတွက် ခန္ဓာကိုယ်တစ်ခု ရှာပေးမယ်။ ဒါပေမဲ့ အနည်းဆုံးတော့ သဲလွန်စတစ်ခု ပေးရမယ်။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ပြောလိုက်၏။ “ရှင်က သိပ်ဉာဏ်ကောင်းတဲ့လူပဲ။ ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။”

ရှမ့်လန်က ခန့်မှန်းလိုက်သည်။ “ခင်ဗျားရဲ့ ခန္ဓာကိုယ်က ပျောက်ဆုံးနိုင်ငံရဲ့ အပျက်အစီးတွေထဲမှာ ရှိတာလား။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ပြောလိုက်၏။ “တွေ့လား... ကျွန်မ ပြောသားပဲ။ ရှင်က သိပ် ဉာဏ်ကောင်းပါတယ်လို့။ ဆက်ပြောပါအုံး။ ပျောက်ဆုံးနိုင်ငံ အပျက်အစီးတွေထဲက ဘယ်နေရာမှာ ကျွန်မရဲ့ ခန္ဓာကိုယ် ရှိတာလဲ။”

ရှမ့်လန်က ဖြေလိုက်သည်။ “နှင်းဖုံးနေတဲ့ တောင်ထိပ်ပေါ်က ပိရမစ်ထဲမှာလား။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ချီးကျူးလိုက်၏။ “အရှင် ရှမ့်လန်... ရှင့်ရဲ့ ဉာဏ်ပညာက အကန့်အသတ်မဲ့ပါပဲ။”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါပေမဲ့ အဲဒါက အရမ်းဝေးလွန်းတယ်။ မိုင်နှစ်သောင်းလောက် ရှိတယ်။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က သတိပေးလိုက်၏။ “ဒါကြောင့် ရှင် မြန်မြန်လုပ်မှ ရမယ်။ မဟုတ်ရင် အချိန်မီမှာ မဟုတ်ဘူး။”

ရှမ့်လန်က ပြောလိုက်သည်။ “ပိရမစ်ပေါ်က ဆန်းကြယ်တဲ့ အင်အားစုက အရမ်းကြောက်စရာ ကောင်းတယ်။ အရမ်းရှေးကျလွန်းတယ်။ ကျုပ် နည်းနည်း ကြောက်တယ်။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ဆိုလိုက်၏။ “ရှင် ကြောက်သင့်ပါတယ်။”

ရှမ့်လန်က မေးလိုက်သည်။ “ပိရမစ်ရဲ့ အဲဒီဆန်းကြယ်တဲ့ စွမ်းအားရဲ့ သမိုင်းကြောင်းက ဘယ်လောက် ကြာပြီလဲ ဆိုတာ မေးလို့ ရမလား။”

ပျောက်ဆုံးမိစ္ဆာမယ်တော်က ဖြေလိုက်၏။ “ကျွန်မ မသိဘူး။ ဘာပဲဖြစ်ဖြစ် သမိုင်းကြောင်းက ကျွန်မထက် ပိုကြာတယ်။”

ဤအချက်က ရှမ့်လန်ကို တကယ် ကြောက်လန့်သွားစေသည်။ ဘုရင်မ မီဒူဆာသည် ပျောက်ဆုံးသွားသော လောက၏ နံပါတ်တစ် အင်ပါယာ ဖြစ်သည်။ ထိုခေတ်သည် လွန်ခဲ့သော နှစ်ပေါင်း မရေမတွက်နိုင် လောက်အောင် ကြာခဲ့သည့် ရှေးဟောင်းခေတ် ဖြစ်သည်။

ပျောက်ဆုံးမိစ္ဆာမယ်တော်သည် ဒုတိယ ပျောက်ဆုံးနိုင်ငံဖြစ်ပြီး သမိုင်းကြောင်း နှစ်ပေါင်း သုံးထောင်ကျော် ရှိသည်။ ထို့ကြောင့် ပျောက်ဆုံးမိစ္ဆာမယ်တော်က သူမနှင့် ဘုရင်မ မီဒူဆာတို့သည် ခေတ်ပြိုင် မဟုတ်ကြောင်း အမြဲ ပြောနေခြင်း ဖြစ်၏။

တိတိကျကျ ပြောရလျှင် ပျောက်ဆုံးမိစ္ဆာမယ်တော်သည် ရှေးဟောင်း ပျောက်ဆုံးနိုင်ငံ၏ မျိုးဆက်တစ်ခု ဖြစ်သည်။ သူမ တည်ထောင်ခဲ့သော ဒုတိယ ပျောက်ဆုံးနိုင်ငံသည် တကယ်တော့ ပျောက်ဆုံးနိုင်ငံ၏ အပျက်အစီးများပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။

ပထဝီဝင် တည်နေရာအရ ထပ်တူကျမှုအချို့ ရှိသော်လည်း ဒုတိယ ပျောက်ဆုံးနိုင်ငံ၏ ယဉ်ကျေးမှုသည် များစွာ နောက်ကျကျန်နေခဲ့သည်။ ဤသို့ဆိုလျှင် ပျောက်ဆုံးမိစ္ဆာမယ်တော်သည် မည်သည့် မျိုးစိတ် ဖြစ်သနည်း။ ရှမ့်လန် မသိပေ။

ထို့အပြင် သူမ၏ ဒုတိယ ပျောက်ဆုံးနိုင်ငံ မည်သို့ ကျဆုံးသွားသနည်း။ ရှမ့်လန် မသိသလို သူမကလည်း ရှမ့်လန်ကို ပြောပြမည် မဟုတ်ပေ။ သို့သော်ငြား ပျောက်ဆုံးနိုင်ငံ အပျက်အစီးများပေါ်ရှိ မြင့်မားသော နှင်းတောင်ထိပ်က ပိရမစ်တွင် နှစ်ပေါင်း သုံးထောင်ကျော် သမိုင်းကြောင်း ရှိနေသည်။ ဤအချက်သည် တကယ်ပင် တုန်လှုပ်စရာ ကောင်းပြီး ရှမ့်လန်၏ ယခင် ဆုံးဖြတ်ချက်ကို ပြောင်းလဲသွားစေခဲ့၏။

ရှမ့်လန်သည် ထိုနက်နဲဆန်းကြယ်သော အင်အားစုအား လွန်ခဲ့သည့် အချိန်ကာလ ကြာမြင့်စွာကပင် သတိထားမိခဲ့သည်။ သူသည် ပျောက်ဆုံးနိုင်ငံ အပျက်အစီးများကြားတွင် ရှိနေစဉ်က ထိုပိရမစ်ကြီး လင်းလက် တောက်ပလာသည်ကို မကြာခဏ မြင်တွေ့ခဲ့ရဖူးသည် မဟုတ်ပါလား။

ရှမ့်လန်သည် ဤပိရမစ်ကြီးမှာ အနောက်လောက၏ ဘိုးဘေးဖြစ်လိမ့်မည်ဟု အစတည်းက ခန့်မှန်းမိခဲ့၏။ ထို့အပြင် ဒုတိယမြောက် ပျောက်ဆုံးအင်ပါယာ ပျက်သုဉ်းပြီးနောက် ကျွမ်းကျင်သူအချို့သည် ပျောက်ဆုံး အင်ပါယာ အပျက်အစီးများကြားမှ ရတနာမြေကို ရှာဖွေတွေ့ရှိခဲ့ကြပြီး တောင်ထိပ်ပေါ်ရှိ ပိရမစ်ကို သိမ်းပိုက်ကာ နက်နဲသော အင်အားစုတစ်ခု ဖြစ်လာခဲ့ကြသည်။

သို့သော်ငြား ၎င်းတို့သည် ဒုတိယမြောက် ပျောက်ဆုံးအင်ပါယာ မတိုင်မီကပင် တည်ရှိနေခဲ့ကြခြင်း ဖြစ်သည်။ ဤအချက်မှာ အလွန်တရာ တုန်လှုပ်ဖွယ်ရာ ကောင်းလှပေသည်။ ထို့အပြင် ၎င်းတို့သည် ယခင်က တစ်စုံတစ်ခုကို ပြုလုပ်ခဲ့ဖူး၏။

ဦးခေါင်းခွံဂိုဏ်းအဖွဲ့ဝင်များ ပျောက်ဆုံးအင်ပါယာ အပျက်အစီးများထဲသို့ ဝင်ရောက်လာချိန်တွင် လုံးဝ ပိတ်မိသွားခဲ့ကြ၏။ ဦးခေါင်းခွံဂိုဏ်းအဖွဲ့ခေါင်းဆောင် အိန်ဂျလာသည် ၎င်းတို့ကို ကယ်တင်ရန် တောင်ထိပ်ပေါ်ရှိ ပိရမစ်ထံသို့ သွားရောက်ကာ အကူအညီ တောင်းခံခဲ့ဖူးသည်။

တစ်ဖက်လူက သူမအား ခရုသင်းအား ရွေးချယ်ရန် လမ်းနှစ်သွယ် ပေးခဲ့၏။ နောက်ဆုံး၌ သူမသည် ပင်လယ်မွန်းစတားကောင်ကြီး၏ ဝမ်းဗိုက်ထဲတွင် သေဆုံးခဲ့ရပြီး ပျောက်ဆုံးမိစ္ဆာမယ်တော်၏ ခန္ဓာကိုယ်အဖြစ်သို့ ရောက်ရှိသွားခဲ့ရသည်။ ဤရှုထောင့်မှ ကြည့်လျှင် နှင်းတောင်ထိပ်ရှိ နက်နဲသော ပိရမစ်၏ အခန်းကဏ္ဍမှာ သိပ်ပြီး ဂုဏ်ယူဖွယ်ရာတော့ မဟုတ်ချေ။

ရှမ့်လန်က မေးလိုက်၏။ “မိစ္ဆာမယ်တော်... ဒီပိရမစ်ထဲက လူတွေက ဘယ်သူတွေလဲ။ ခင်ဗျားရဲ့ ခန္ဓာကိုယ်က ဘာလို့ သူတို့လက်ထဲ ရောက်နေရတာလဲ။”

မိစ္ဆာမယ်တော်သည် ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ ပြန်လည်ဖြေကြားသည်။ “သူတို့က အရမ်း အင်အားကြီးလွန်းလို့ ကျွန်မရဲ့ခန္ဓာကိုယ် သူတို့လက်ထဲ ရောက်သွားရတာပါ။”

ဤအဖြေက ရှမ့်လန်အား အံ့အားသင့်သွားစေခဲ့၏။ မိစ္ဆာမယ်တော်သည် အလွန် အင်အားကြီးမားသူ ဖြစ်သော်လည်း သူမ၏ ခန္ဓာကိုယ်မှာ ထိုနက်နဲသော ပိရမစ်လက်ထဲသို့ ကျရောက်ခဲ့ရသည်လား။ ထိုသို့ဆိုလျှင် တဖက်လူမှာ မည်မျှ စွမ်းအားကြီးမားလိုက်မည်နည်း။

ရှမ့်လန်က ဆက်မေးလိုက်၏။ “ခင်ဗျားက ထာဝရအသက်ရှင်ချင်ပေမယ့် ခန္ဓာကိုယ်က သေဆုံးသွားမှာ မို့လို့ ခန္ဓာကိုယ်အသစ်တွေကို ဆက်တိုက် လဲလှယ်နေတာမျိုး မဟုတ်ဘူးလား။”

မိစ္ဆာမယ်တော်က ဖြေလိုက်သည်။ “ကျွန်မက လူသားမဟုတ်ဘူး။ ကျွန်မကို လူသားတစ်ယောက်လို မထင်ပါနဲ့။ ကျွန်မတို့ရဲ့ မျိုးပွားပုံနဲ့ မျိုးဆက် ဆက်ခံပုံတွေက ရှင် ထင်ထားတာနဲ့ လုံးဝ ကွာခြားပါတယ်။ ဒါပေမဲ့ အခုချိန်မှာ ရှင် သိပ်ပြီး သိထားဖို့ မလိုပါဘူး။ ရှင်က ကျွန်မရဲ့ ခန္ဓာကိုယ်ကို သွားယူပေးဖို့ပဲ လိုတာပါ။”

ရှမ့်လန်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်၏။ “ဒါဆို နှင်းတောင်ထိပ် ပိရမစ်ထဲက နက်နဲတဲ့ အင်အားစုတွေကရော လူသားတွေပဲလား။”

မိစ္ဆာမယ်တော်က ငြင်းဆန်လိုက်သည်။ “မှတ်ချက် မပေးလိုပါဘူး။ တိတိကျကျ ပြောရရင် ကျွန်မ မပြောပြချင်တာ မဟုတ်ဘူး။ ပြောပြလို့ မရတာပါ။ ရှင်က ကျွန်မရဲ့ ခန္ဓာကိုယ်ကို သွားယူပေးရုံပါပဲ။ ဒါ ဆိုရင် ကျွန်မရဲ့ စစ်တပ်ကို ငှားပေးပါ့မယ်။”

ရှမ့်လန်က မေးလိုက်၏။ “ပြီးခဲ့တဲ့တခေါက် ကျုပ် နဂါးဓား လာယူတုန်းက ဘာလို့ ဒီအကြောင်း မပြောခဲ့တာလဲ။”

မိစ္ဆာမယ်တော်က ဖြေလိုက်သည်။ “ဟိုတုန်းက ဟိုတုန်းကလေ၊ အခုက အခုပဲ။ ရှင် ပြောင်းလဲသွားပြီ မဟုတ်လား။”

ရှမ့်လန်၌ မည်သည့်အရာများ ပြောင်းလဲသွားခဲ့သနည်း။ သူသည် တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ်အမွေအနှစ် ကို လက်ခံရရှိခဲ့သောကြောင့်လား။

ရှမ့်လန်က မေးလိုက်၏။ “ဒါဆို သူတို့က ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ပေးပါ့မလား။”

မိစ္ဆာမယ်တော်က ဖြေသည်။ “ကျွန်မ မသိဘူး။”

“မသိဘူးဆိုတာ ဘာသဘောလဲ။”

မိစ္ဆာမယ်တော်က ရှင်းပြလိုက်၏။ “အကယ်၍ သူတို့က ကျွန်မရဲ့ခန္ဓာကိုယ်ကို ပေးလိုက်ရင် အချိန်တန်ပြီလို့ ဆိုလိုတာပဲ။ မပေးဘူးဆိုရင်တော့ အချိန်မတန်သေးဘူးပေါ့။”

စကားများမှာ ပိုမို၍ နက်နဲရှုပ်ထွေး လာခဲ့သည်။ ထို့နောက် မိစ္ဆာမယ်တော်က ဆက်ပြောလိုက်သည်။ “အရှင် ရှမ့်လန်... ရှင် ဒီအခြေအနေတွေ အားလုံးကို ခန့်မှန်းပြီးသား ဖြစ်မှာပါ၊ ဒါမှမဟုတ်ရင် ရှင် ဒီလောက် ယုံကြည်မှုရှိရှိနဲ့ ကျွန်မဆီ ရောက်လာမှာ မဟုတ်ဘူး။ ကျွန်မဆီကနေ လျှို့ဝှက်ချက်တွေ ထပ်ပြီး နှိုက်ထုတ်ဖို့ မကြိုးစားပါနဲ့တော့။ ကျွန်မသာ ရှင်ဆိုရင် ချက်ချင်း သွားလိုက်မိမှာပဲ။ ဘာပဲပြောပြော ခရီးက အရမ်း ဝေးတယ်လေ။”

ကြည့်ရသည်မှာ သူမထံမှ မည်သည့် သတင်းအချက်အလက်မှ ရနိုင်တော့မည် မဟုတ်မှန်း သိသာလှပေသည်။ ရှမ့်လန်က ပြတ်သားစွာပင် နှုတ်ဆက်လိုက်၏။

“သွားတော့မယ်။” ထို့နောက် သူသည် တချောင်ကို စီးနင်းကာ အရှေ့ဘက်အရပ်ဆီသို့ ပျံသန်း ထွက်ခွာလာခဲ့သည်။

......

မိစ္ဆာတြိဂံနယ်မြေမှ ပျံသန်းထွက်ခွာလာပြီးနောက် ရှမ့်လန်သည် အလွန်ရှည်လျားသော ပင်လယ်ဖြတ်ကျော် ခရီးစဉ်ကို စတင်ခဲ့ရသည်။ ဤနေရာသည် ပျောက်ဆုံးနိုင်ငံတော် အပျက်အစီးများနှင့် ကီလိုမီတာ နှစ်သောင်းကျော် ကွာဝေး၏။

ထိုစဉ်က မင်းသမီးဟယ်လင်သည် ပျောက်ဆုံးနိုင်ငံတော်၏ ရေအောက်စင်္ကြံလမ်းမှတဆင့် တိုက်ခိုက် ဖောက်ထွက်ခဲ့ရဖူးသည်။ သူမသည် မိစ္ဆာတြိဂံနယ်မြေမှ ပျောက်ဆုံးနိုင်ငံတော် အပျက်အစီးများဆီသို့ သွေးစွန်းသော လမ်းခရီးကို ဖြတ်သန်းခဲ့ရသည်။

ကံကောင်းစွာဖြင့် ရှမ့်လန်၌ တချောင် ရှိနေသည်။ သို့မဟုတ်ပါက သင်္ဘောဖြင့် သွားလျှင် အနည်းဆုံး တစ်လခန့် ကြာမြင့်ပေလိမ့်မည်။ သို့သော်ငြား တချောင်အတွက်မူ သုံးရက်သာ ကြာမြင့်သည်။ သုံးရက်နှင့် သုံးည တိတိ ကြာမြင့်ပြီးနောက်။ နောက်ဆုံး၌ ရှမ့်လန်သည် တချောင်ကို စီးနင်းလျက် ပျောက်ဆုံးနိုင်ငံတော် အပျက်အစီးများ ၏ အထက် ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

လေးနှစ်ခွဲ ကြာပြီးနောက် ရှမ့်လန်သည် ဤနေရာသို့ တဖန် ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က သူသည် ဤနေရာ၌ ဦးခေါင်းခွံဂိုဏ်းအဖွဲ့ဝင်များကို ကယ်တင်ခဲ့ပြီး မိစ္ဆာမယ်တော် ရှိနေခဲ့သည့် ရေဘဝဲကောင်ကြီးကို ဖောက်ခွဲပစ်ခဲ့ဖူးသည်။ တကယ်ပင် တစ်ရက်ခန့်သာ ကုန်ဆုံးသွားသကဲ့သို့ ခံစားရသည်။

ဤဒေသသို့ ရောက်ရှိလာချိန်တွင် ပထမဆုံး မြင်လိုက်ရသည်မှာ နှင်းတောင်ထိပ် ဖြစ်၏။ ပင်လယ်ရေ မျက်နှာပြင်အထက် မီတာ တစ်သောင်းကျော် မြင့်မားကာ ဧဝရတ်တောင်ထက်ပင် ပို၍မြင့်ပြီး ကောင်းကင်ကို ထိုးဖောက်မတတ် ရှိနေ၏။

လွန်ခဲ့သည့် တစ်ခေါက်က ရှမ့်လန်သည် နှင်းတောင်ထိပ်ရှိ ပိရမစ်ကို မြင်တွေ့ခဲ့စဉ်က ရန်လိုစိတ် အနည်းငယ် ရှိခဲ့သော်လည်း သိပ်ပြီး လေးစားမှု မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုအရာနှင့် ပတ်သက်ပြီး များများစားစား မသိခဲ့သောကြောင့် ဖြစ်သည်။ သို့သော်ငြား ယခုအကြိမ်တွင်မူ နှင်းတောင်ထိပ်ရှိ ပိရမစ်ကြီးမှာ သူ့မျက်လုံးထဲ၌ ပိုမို နက်နဲဆန်းကြယ်နေခဲ့ပြီ ဖြစ်သည်။

မင်းသမီးဟယ်လင်သည် စွန့်စားမှုကို နှစ်သက်သူ ဖြစ်သည်။ သူမသည် မည်သည့်နေရာကိုမဆို သွားရဲပြီး သေမင်းကို စိန်ခေါ်ရဲသည့် စိတ်ဓာတ်မျိုး ရှိသူဖြစ်သည်။ သို့သော်ငြား လွန်ခဲ့သည့် နှစ်အနည်းငယ်က ပျောက်ဆုံးနိုင်ငံတော် အပျက်အစီးများထဲသို့ ခြေချခဲ့စဉ်က သူမသည် နှင်းတောင်ထိပ်သို့ တက်ရောက်ခြင်း မပြုခဲ့သလို ပိရမစ်ဆီသို့လည်း သွားရောက်လည်ပတ်ခြင်း မရှိခဲ့ချေ။

အဘယ်ကြောင့်နည်း။ သူမ၏စိတ်အာရုံထဲတွင် မွေးရာပါ ကြောက်ရွံ့လေးစားစိတ်များ ပြည့်နှက်နေပြီး အချိန်မတန်သေးဟု ခံစားမိသောကြောင့် ဖြစ်တန်ရာ၏။ သူမ သွားရောက်၍ မဖြစ်သေးကြောင်း ခံစားခဲ့ရပေလိမ့်မည်။

ယခုအချိန်တွင် ပိရမစ်ကြီးမှာ လင်းလက်တောက်ပနေဆဲ ဖြစ်၏။

ထို့အပြင် တချောင်၏ တုံ့ပြန်မှုမှာလည်း အတော်အတန် ထူးဆန်းနေသည်။ ၎င်းသည် ကြောက်ရွံ့ပြီး တုန်လှုပ်နေပုံ ရသည်။ တချောင်ပင်လျှင် ကြောက်ရွံ့နေသည်လား။ ယခင်က ဥပဒေမဲ့ပြီး ကြောက်ရွံ့ခြင်း အလျဉ်းမရှိသော သတ္တဝါကြီးသည် ယခုအခါ ဤပိရမစ်ကို ကြောက်ရွံ့နေသည်လား။

အတွင်း၌ မည်သည့်အရာများ ရှိနေသနည်း။ မည်သို့သော လူပုဂ္ဂိုလ်များ ရှိနေသနည်း။

ရှမ့်လန်သည် တချောင်၏ လည်ပင်းကို ပုတ်ကာ အမိန့်ပေးလိုက်၏။ “သွားစမ်း။”

တချောင်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ပိရမစ်ရှိရာဆီသို့ ပျံသန်းသွားခဲ့သည်။

......

ခေတ္တမျှ ကြာပြီးနောက် တချောင်သည် ပိရမစ်ရှေ့ရှိ မြေပြင်ညီပေါ်သို့ ဆင်းသက်လိုက်၏။ ဤပိရမစ်ကြီး သည် အလျား မီတာတစ်ထောင်၊ အမြင့် မီတာတစ်ထောင်ခန့် ရှိပြီး လောကမြေပေါ်ရှိ မည်သည့် ပိရမစ်ထက်မဆို ကြီးမားသည်။ ထို့အပြင် ၎င်းကို ကျောက်တုံးများဖြင့် တည်ဆောက်ထားခြင်း မဟုတ်ဘဲ တစ်ဆက်တည်း ဖြစ်နေသည်။ ယခုအချိန်တွင် ပိရမစ် တံခါးကြီးမှာ ပိတ်ထားလျက် ရှိ၏။

ရှမ့်လန်က အော်ဟစ်လိုက်သည်။ “အရှေ့လောက၊ တော်ဝင်ချန်အင်ပါယာက ရှမ့်လန် လာရောက် ဂါရဝပြုပါတယ်။”

ပိရမစ် အတွင်းမှ မည်သည့် တုံ့ပြန်မှုမှ မရှိချေ။ ရှမ့်လန်က ထပ်ပြောလိုက်သည်။ “အနောက်ရှီလွန် မင်းဆက်ရဲ့ ဒုတိယအင်ပါယာ ဟယ်လင်ရဲ့ မောင်လေး လာရောက် ဂါရဝပြုပါတယ်။”

အပိုင်း (၁၁၉၆)

တုံ့ပြန်မှု မရှိသေးချေ။

ရှမ့်လန် ထပ်အော်လိုက်ပြန်သည်။ “ဦးခေါင်းခွံဂိုဏ်းခေါင်းဆောင် လိုကီရဲ့ သား လာရောက် ဂါရဝပြုပါတယ်။”

“ကျန်းလီရဲ့ သား လာရောက် ဂါရဝပြုပါတယ်။”

“ရှေးဟောင်း ကျန်းတော်ဝင်မိသားစု၊ ကျန်းရှဲ့ရဲ့ မျိုးဆက် လာရောက် ဂါရဝပြုပါတယ်။”

ရှမ့်လန်သည် သူ၏ ဂုဏ်ပုဒ်အားလုံးကို ထုတ်ဖော် ပြောကြားလိုက်သော်လည်း ပိရမစ်အတွင်းမှ လူမရှိသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်၏။

“ကျင်းမူလန်ရဲ့ ခင်ပွန်း လာရောက် ဂါရဝပြုပါတယ်။”

“တရုတ်ပြည်က နာမည်ကြီး ဆရာဝန် ရှမ့်လန် လာရောက် ဂါရဝပြုပါတယ်။”

“ပေကျင်း တတိယဆေးရုံက မဟာပညာရှင် ရှမ့်လန် လာရောက် ဂါရဝပြုပါတယ်။”

“ကုလသမဂ္ဂ ဆေးဘက်ဆိုင်ရာ အဖွဲ့ရဲ့ အာဖရိက ဒုတိယအဖွဲ့ခေါင်းဆောင် ရှမ့်လန် လာရောက် ဂါရဝပြု ပါတယ်။”

‘သောက်ကျိုးနည်း... ဘာ ပေါက်ကရ စကားတွေလဲ။ ခင်ဗျားပြောတာကို ဘယ်သူက နားလည်မှာလဲ။’

ပိရမစ်အတွင်းမှ မည်သည့် တုံ့ပြန်မှုမှ မရှိသေးချေ။ ဘာတွေ ဖြစ်နေသနည်း။ ထို့နောက် ရှမ့်လန်သည် ပိရမစ် တံခါးဝသို့ သွားရောက်ကာ လက်ဗွေရာ သို့မဟုတ် လက်စွပ် ချိုင့်ခွက်များ ရှိမရှိ ရှာဖွေကြည့်ရှုလိုက်သည်။ ရှေးဟောင်း အပျက်အစီးများထဲသို့ ဝင်ရောက်သကဲ့သို့ ပိရမစ်ထဲသို့ ဝင်ရောက်ချင်မိသည်။

သို့သော်ငြား တံခါးကြီးမှာ ကျောက်စိမ်းကဲ့သို့ ချောမွတ်နေပြီး မည်သည့် ချိုင့်ခွက်၊ မည်သည့် ပန်းပုလက်ရာမှ မရှိချေ။ မည်သို့ လုပ်ရမည်နည်း။ မိစ္ဆာမယ်တော်က သူ့အား ခန္ဓာကိုယ် သွားတောင်းခိုင်းသော်လည်း သူသည် ပိရမစ်ထဲသို့ပင် ဝင်ရောက်၍ မရနိုင် ဖြစ်နေ၏။

ရှမ့်လန်သည် X-ray အမြင်ဖြင့် ပိရမစ်ကို စကင်န်ဖတ်ကြည့်သော်လည်း မည်သည့်အရာကိုမှ မတွေ့ရှိရချေ။ ထို့နောက် သူသည် စွမ်းအင်ဝဲကတော့ တစ်ခုကို ထုတ်လွှတ်ကာ ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ သူသည် တံခါးကို အင်အားသုံး၍ ဖွင့်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သော်လည်း ဖျက်ဆီး၍ မရနိုင်သော စွမ်းအင် ဝဲကတော့ကြီး ပိရမစ် တံခါးကို ထိမှန်သွားချိန်တွင် လက်ခနဲ ဖြစ်သွားပြီး အစအနမကျန် ပျောက်ကွယ် သွားခဲ့သည်။

ဘာဆက်လုပ်ရမည်နည်း။ ရုတ်တရက် ရှမ့်လန်သည် တစ်စုံတစ်ခုကို သတိရသွားပြီး ပြောလိုက်၏။ “ကျောက်စိမ်းဖြူမြို့ သခင်ကြီးရဲ့ မြေးတော် ရှမ့်လန် လာရောက် ဂါရဝပြုပါတယ်။”

‘ဒီဂုဏ်ပုဒ်ကတော့ လုံလောက်ပြီ မဟုတ်လား။ တံခါးဖွင့်ပေးသင့်ပြီလေ။’

ဆရာလန်ကတော့ တကယ့် လူပင်။ ရောက်သည်နှင့် ကျုပ်အဖေက ကျန်းလီ၊ ကျုပ်အဘိုးက ကျောက်စိမ်းဖြူ မြို့သခင်ကြီး၊ ကျုပ်ဘိုးဘေးက ကျန်းရှဲ့ ဆိုပြီး တန်းပြောတော့သည်။ “ကျုပ်အဖေက အကောင်ကြီး” ဆိုသည့် စကားနှင့် အတော်လေး ဆင်တူလှသည်။

သို့သော်ငြား အသုံးမဝင်သေးချေ။ ပိရမစ်ကြီးက သူ့ကို လျစ်လျူရှုထားဆဲ ဖြစ်သည်။ ထိုသို့ဆိုလျှင် ရှမ့်လန်သည် ဉာဏ်ကုန်ပြီး လမ်းဆုံးနေပြီလား။ မဟုတ်ချေ။ သူသည် လမ်းမှား လျှောက်နေမိခြင်းသာ ဖြစ်၏။ သူ့ရင်ထဲတွင် အဖြေရှိပြီးသား ဖြစ်သော်လည်း ဝန်မခံချင် ဖြစ်နေခြင်းသာ။

ရှမ့်လန်သည် မိစ္ဆာမယ်တော်အား မေးခဲ့ဖူးသည်။ “ပြီးခဲ့တဲ့တစ်ခေါက် ကျုပ် လာတုန်းက ဘာလို့ ဒီပိရမစ်ဆီ လာပြီး ခန္ဓာကိုယ် တောင်းဖို့ မခိုင်းခဲ့တာလဲ။”

ထိုစဉ်က မိစ္ဆာမယ်တော်က ရှင် ပြောင်းလဲသွားပြီ ဟု ပြောခဲ့သည် မဟုတ်ပါလား။

ဤကာလအတွင်း ရှမ့်လန်၌ မည်သည့်အရာများ ပြောင်းလဲခဲ့သနည်း။ သူသည် တော်ဝင်ကပ်ဘေး ဉာဏ်ပညာ ဘုရင်၏ ဝိညာဉ်အမွေအနှစ်ကို ရရှိခဲ့ခြင်းပင်။

ရှမ့်လန်သည် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ “နောက်ဆုံးသော တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင် ရှမ့်လန် လာရောက် ဂါရဝပြုပါတယ်။”

ထိုအခါမှ ပိရမစ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာခဲ့၏။ “ကြိုဆိုပါတယ် အရှင်”

ထင်ထားသည့်အတိုင်းပင်။ ဤဂုဏ်ပုဒ်ကိုသာ အသိအမှတ်ပြုသည်။ ပိရမစ်၏ နက်နဲသော အင်အားစုသည် တော်ဝင်ကပ်ဘေး ဘုရားကျောင်းနှင့် ဆက်စပ်နေသည်လား။ အနည်းငယ် ထူးဆန်း မနေဘူးလား။ နက်နဲမှုနှင့် စွမ်းအားပိုင်းတွင် ကျောက်စိမ်းဖြူမြို့က တော်ဝင်ကပ်ဘေး ဘုရားကျောင်းထက် သာလွန်သည် မဟုတ်ပါလား။

ပိရမစ်ထဲမှ အသံက ဆက်ပြောလိုက်သည်။ “အရှင်... ဘာကိစ္စ ရှိပါသလဲ။”

ရှမ့်လန်က ပြန်ဖြေလိုက်၏။ “ပျောက်ဆုံးနိုင်ငံတော်ရဲ့ ဒုတိယမြောက် ဧကရီ၊ ကျိန်စာသင့် ဧကရီ၊ မိစ္ဆာမယ်တော်ရဲ့ ခန္ဓာကိုယ်ကို လာယူတာပါ။”

ပိရမစ်ထဲမှ အသံက ဆိုသည်။ “သူ့ကို သိပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်က ကျုပ်တို့ဆီမှာ ရှိနေတာ အမှန်ပါပဲ။”

ရှမ့်လန်က ဆက်ပြော၏။ “ဒါဆို သူ့ရဲ့ ခန္ဓာကိုယ်ကို ပေးနိုင်မလား။”

ပိရမစ်ထဲမှ အသံသည် တိတ်ဆိတ်သွားပြီးမှ ပြန်ပြောသည်။ “အရှင်... တကယ်တော့ အချိန်မတန်သေးပါဘူး၊ ခင်ဗျား လာတာ စောလွန်းနေပါတယ်။”

ရှမ့်လန်က တုန့်ပြန်လိုက်၏။ “စောတာ နောက်ကျတာက ခင်ဗျားမှာ ဆုံးဖြတ်ချက် ရှိသလို ကျုပ်မှာလည်း ကျုပ် ဆုံးဖြတ်ချက် ရှိပါတယ်။”

ပိရမစ်ထဲမှ အသံက ဆိုပြန်သည်။ “စောနေပါသေးတယ်။ အနည်းဆုံးတော့ ခင်ဗျားက တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်ရဲ့ ဝိညာဉ်အကြောင်း ဘာမှ မသိသေးဘူး မဟုတ်လား။ မဟုတ်ရင် ခင်ဗျား အခုလို ပြုမူမှာ မဟုတ်သလို အခုချိန် ဒီကို ရောက်နေမှာလည်း မဟုတ်ပါဘူး။”

ဤစကားထဲတွင် သတင်းအချက်အလက်များစွာ ပါဝင်နေသဖြင့် ရှမ့်လန် အတွေးထဲ နစ်မြှုပ်သွားရပြန်သည်။ ခေတ္တမျှ ကြာပြီးနောက် ရှမ့်လန်က မေးလိုက်၏။

“ကိစ္စရပ်တိုင်း ပြီးမြောက်ဖို့အတွက် သတ်မှတ်ထားတဲ့ အဆင့်တွေ၊ အစီအစဉ်တွေအတိုင်း တစ်ဆင့်ပြီး တစ်ဆင့် သွားရမယ်လို့ ဆိုလိုတာလား။”

ပိရမစ်ထဲမှ အသံသည် တိတ်ဆိတ်နေပြီးမှ ဖြေကြားသည်။ “အဲဒီအရာတွေကို ဆုံးဖြတ်လို့ မရပါဘူး၊ ဘာလို့လဲဆိုတော့ မဖြစ်လာသေးလို့ပါ၊ ကောင်းသလား ၊ ဆိုးသလား ဆိုတာ ကျုပ်တို့ မသိနိုင်ပါဘူး၊ အသက်ရှင်ခြင်းလား ၊ သေဆုံးခြင်းလား ဆိုတာလည်း မသိနိုင်ပါဘူး။”

‘အဲဒီလောက်တောင် အရေးကြီးသလား။ ကျုပ် စောရောက်လာတာက အသက်ရှင်ခြင်းလား၊ သေဆုံးခြင်းလား ဆိုတာ ဖြစ်သွားနိုင်တယ်ပေါ့။’

ထပ်မံ၍ တိတ်ဆိတ်သွားပြီးနောက် ပိရမစ်ထဲမှ အသံ ထွက်ပေါ်လာပြန်၏။ “ဒါပေမဲ့ အစီအစဉ်အတိုင်း သွားမယ်ဆိုရင်တော့ ကျရှုံးဖို့ များပါတယ်။ ဘာလို့လဲဆိုတော့ လောကကြီးမှာ အရာအားလုံးက ပြောင်းလဲ နေတယ်လေ။ မပြောင်းလဲတဲ့ တစ်ခုတည်းသော အရာကတော့ ပြောင်းလဲခြင်း တရားပါပဲ။”

ရှမ့်လန်က မေးလိုက်သည်။ “ဒါဆို ကျုပ် ဒီပိရမစ်ဆီ ရောက်လာတာက မိစ္ဆာမယ်တော်ရဲ့ ခန္ဓာကိုယ်ကို ရယူတာထက် ပိုပြီး အရေးကြီးတယ်။ အများကြီး ပိုအရေးကြီးတယ်ပေါ့ ဟုတ်လား။”

ပိရမစ်ထဲမှ အသံက ဖြေ၏။ “မှန်ပါတယ် အရှင်”

ရှမ့်လန်က ဆက်မေးလိုက်သည်။ “ဒီတော့ ကျုပ် စောစော ရောက်လာတာက ခင်ဗျားတို့ စိတ်ကူးထားတဲ့ အချိန်မျဉ်းကို ပြောင်းလဲသွားစေပြီး အနာဂတ်က ပိုလို့တောင် နက်နဲသွားတယ်ပေါ့။”

“မှန်ပါတယ် အရှင်”

“ဒါဆို ဒီပြောင်းလဲမှုက ကောင်းလား ၊ ဆိုးလား။”

“မသိပါဘူး။”

ပိရမစ်ထဲမှ အသံက ဆို၏။ “ဒါပေမဲ့ မကောင်းတဲ့ဘက်ကို ဦးတည်ပုံ ရပါတယ်။”

“ဒါဆို မိစ္ဆာမယ်တော်ရဲ့ ခန္ဓာကိုယ်ကို ပေးမှာလား။”

“ပေးပါမယ်။ ဒါပေမဲ့ အခြေအနေ တစ်ခုတော့ ရှိပါတယ်။”

နောက်ထပ် အခြေအနေ တစ်ခုလား။ ရှမ့်လန် မျက်မှောင်ကြုတ်သွား၏။ မိစ္ဆာမယ်တော်က အခြေအနေ တစ်ခုဟု ပြောစဉ်က သူမ ဘာလိုချင်သည်ကို ရှမ့်လန် သိခဲ့သည်။ သို့သော်ငြား ပိရမစ်ထဲမှ လူက ပြောလာသောအခါ ရှမ့်လန် မသိတော့ချေ။

“အရှင် အထင်မလွဲပါနဲ့။ အခုလို တောင်းဆိုရတာက ခင်ဗျားဆီက ဘာမှ လိုချင်လို့ မဟုတ်ပါဘူး။ ခင်ဗျား ဘယ်အဆင့်ကို ရောက်နေပြီလဲ ဆိုတာကို အတည်ပြုချင်လို့ပါ။”

“ပြောပါ။ ဘာအခြေအနေလဲ။”

“ကျုပ်တို့က စာလုံးတစ်လုံး ရေးပြမယ်၊ ခင်ဗျားက အဲဒီစာလုံးကို မှတ်မိရင် ရပါပြီ။”

ရှမ့်လန် အံ့သြသွားရသည်။ ရိုးရှင်းလှချည်လား။ သို့သော်ငြား လောကကြီးတွင် ရိုးရှင်းလေ ပိုခက်ခဲလေ ဖြစ်ကြောင်း သူ နားလည်ထား၏။

“ကောင်းပြီ၊ စလိုက်ကြတာပေါ့။”

မကြာမီ ရှမ့်လန်၏ ရှေ့တွင် အဖြူရောင် အခိုးအငွေ့တစ်ခု ပေါ်လာပြီး ထူးခြားသော အက္ခရာစာလုံး တစ်လုံးအဖြစ် ပုံဖော်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် ရှမ့်လန် လုံးဝ မသိသော စာလုံး ဖြစ်နေ၏။

‘ဒါ... ဒါက စာလုံးတဲ့လား။’

၎င်းသည် အဆက်မပြတ် ပြောင်းလဲနေ၏။ သိမ်မွေ့သော်လည်း နေရာတိုင်းတွင် အပြောင်းအလဲများ လှုပ်ရှားနေသည်။ ဤလောကလောကရှိ မည်သည့် ဘာသာစကားနှင့်မှ မတူသလို ကမ္ဘာမြေရှိ ဘာသာ စကားများနှင့် လည်း မတူညီချေ။

ရှမ့်လန်သည် ဤကဲ့သို့သော စာလုံးမျိုးကို ယခင်က မြင်ဖူးခဲ့သည်။ ရှေးဟောင်း ထောင်ဝင်းကြီးအတွင်းရှိ တတိယမြောက် အကျဉ်းခန်း နံရံပေါ်တွင် ဖြစ်သည်။ နံရံပေါ်ရှိ စာလုံးများသည် လုံးဝ ကွဲပြားခြားနားသော ယဉ်ကျေးမှုတစ်ခု၏ ယုတ္တိဗေဒကို ကိုယ်စားပြုနေ၏။

အကြိမ်တိုင်းတွင် ရှမ့်လန်သည် ထိုစာလုံးများထဲ၌ အပြည့်အဝ နစ်မြုပ်သွားလေ့ရှိပြီး သတိမထားမိလိုက်ပါက နာရီပေါင်းများစွာ ကြာမြင့်သွားတတ်သည်။ သို့သော်ငြား အဓိကအချက်မှာ နာရီပေါင်းများစွာ နစ်မြုပ် နေခဲ့သော်လည်း စာလုံးတစ်လုံးကိုမှ သူ မမှတ်မိခဲ့ခြင်းပင်။

သူသည် ထိုစာလုံးများ၏ ထူးခြားသော ယုတ္တိဗေဒကိုသာ သဘောပေါက် နားလည်ခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား ရှေးဟောင်း အကျဉ်းထောင် နံရံပေါ်ရှိ စာလုံးများမှာ ပြောင်းလဲခြင်း မရှိပေ။ ယခု သူ့ရှေ့မှ စာလုံးကမူ အဆက်မပြတ် ပြောင်းလဲနေ သည်။

ပိရမစ်ထဲမှ အသံက ဆိုလာ၏။ “အရှင်... ကျုပ်တို့က ခင်ဗျားကို အခက်တွေ့အောင် လုပ်နေတာ မဟုတ်ပါဘူး။ ခင်ဗျား ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာ တွက်ချက်ချင်ရုံ သက်သက်ပါ။ ခင်ဗျားက ကျုပ်တို့ စီစဉ်ထားတာထက် စောရောက်လာတာက အံ့သြစရာ ကောင်းနေပါပြီ။ ဒါပေမဲ့ ကျုပ်တို့က ခင်ဗျားရဲ့ ခေါ်သံကို တုံ့ပြန်လိုက်ပြီ ဆိုတည်းက ခင်ဗျားရဲ့ တောင်းဆိုမှုကို တိုက်ရိုက် ငြင်းပယ်ဖို့ ခက်သွားပါပြီ၊ အနည်းဆုံးတော့ ခင်ဗျားရဲ့ အနိမ့်ဆုံး စံချိန်မီမှုကို တွက်ချက်ဖို့ လိုပါတယ်။”

‘ခင်ဗျား ပြောပုံက ကျုပ်ကို ဆူနေသလိုပါလား။’

ပိရမစ်ထဲမှ အသံက ဆက်ပြောသည်။ “အရှင်... ကျုပ်တို့ရဲ့ တွက်ချက်မှု တိကျစေဖို့အတွက် ခင်ဗျားမှာ ဖြေဆိုခွင့် တစ်ကြိမ်ပဲ ရှိပါတယ်။ မိစ္ဆာမယ်တော်ကို ခင်ဗျား လာတောင်းရတဲ့ ရည်ရွယ်ချက်ကို ကျုပ်တို့ ခန့်မှန်းလို့ ရပါတယ်။ ပျောက်ဆုံးနိုင်ငံရဲ့ စစ်တပ်ကို ငှားပြီး ရန်သူကို ချေမှုန်းချင်တာ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျုပ်တို့ကို ယုံကြည်ပါ။ ခင်ဗျား ကျုပ်တို့နဲ့ လာဆက်သွယ်ရမဲ့ အဓိကကိစ္စနဲ့ ယှဉ်လိုက်ရင် ဒီကိစ္စက ဘာမှ မဟုတ်ပါဘူး။ လုံးဝကို အသေးအဖွဲလေးပါ။”

ရှမ့်လန်က ပြန်ပြောလိုက်၏။ “ကျုပ်က တစ်လှမ်းလှမ်းလိုက်ရင် သုံးလေးလှမ်းလောက် ကြိုမြင်ရတာကို နှစ်သက်တယ်။ ဒါပေမဲ့ အဲဒါက ရန်သူနဲ့ ကစားတဲ့ ပွဲပါ။ အနာဂတ် ရည်မှန်းချက်နဲ့ ပတ်သက်ရင်တော့ ကျုပ်က အမြော်အမြင် နည်းတယ်လို့ ပြောနိုင်ပါတယ်။ ကျုပ်ဘဝရဲ့ စံပြစိတ်ကူးကတော့ ဘယ်တော့မှ မပြောင်းလဲပါဘူး။ လောကကြီးမှာ ရန်ငြိုးမရှိစေရ ဆိုတာပါပဲ။”

ပိရမစ်ထဲမှ အသံမှာ အနည်းငယ် ခါးသက်သွားပုံ ရသည်။ “လောကကြီးမှာ ရန်ငြိုးမရှိစေရ ဟုတ်လား။ အဲဒီ စိတ်ကူးက တော်တော် ကောင်းတာပဲ။”

‘သောက်ကျိုးနည်း... ခင်ဗျားလေသံက ရိုးရိုးပြောတာလား၊ ရွဲ့တာလားတောင် ကျုပ် မသိတော့ဘူး။’

သို့သော်ငြား ရှမ့်လန်လည်း ခံစားမိနေသည်။ သူ တကယ်ပင် စောရောက်လာခဲ့ခြင်း ဖြစ်၏။ သို့သော်ငြား ရောက်နေပြီ ဖြစ်ရာ ပြန်ပြင်၍ မရတော့သလို မရောက်ဖူးသကဲ့သို့လည်း ဟန်ဆောင်၍ မရတော့ချေ။ သူသည် ရည်မှန်းချက် အောင်မြင်ရန် ကြိုးစားရုံသာ ရှိတော့၏။

ရှမ့်လန်သည် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး တွေးတောဆင်ခြင်ခြင်း၊ သုတေသနပြုခြင်းနှင့် ဉာဏ်အလင်းပွင့်ခြင်း အဆင့်သို့ ဝင်ရောက်လိုက်သည်။ ယခုအချိန်တွင် လှည့်ကွက်များနှင့် ခန့်မှန်းချက်များကို အားကိုး၍ မရတော့ချေ။ သူသည် ဉာဏ်အလင်းကိုသာ အားကိုးရပေမည်။

သူ့ရှေ့မှ စာလုံးသည် မျက်စိရှေ့တွင်ပင် ဆင့်ကဲပြောင်းလဲနေဆဲ ဖြစ်သည်။ ၎င်းသည် ဖော်ပြချက် သက်သက်သာ မဟုတ်ဘဲ စွမ်းအင် ပုံသဏ္ဍာန် တစ်မျိုးလည်း ဖြစ်နေသည်။ ရှမ့်လန်သည် ဦးစွာ မျက်လုံးဖြင့် ဆင်ခြင် သုံးသပ်သည်။ ထို့နောက် နှလုံးသားဖြင့်၊ နောက်ဆုံးတွင် ဝိညာဉ်ဖြင့် အပြည့်အဝ နစ်မြုပ်သွား ခဲ့သည်။

ပထမဆုံး ခံစားလိုက်ရသည်မှာ ကောင်းကင်ပြာ၊ အကန့်အသတ်မဲ့ လွတ်လပ်မှုနှင့် ပျံသန်းခြင်းတို့ ဖြစ်သည်။ ထို့နောက် ဒေါသ၊ ပေါက်ကွဲထွက်တော့မည့် မီးတောင်ကဲ့သို့ ကြီးမားသော ဒေါသတရား၊ နောက်ဆုံး ခံစားလိုက်ရသည်မှာ ပျက်သုဉ်းခြင်းနှင့် မီးတောက်များ ဖြစ်သည်။ လောကကြီးကို ဖျက်ဆီးပစ်နိုင်သော လောကပျက် မီးတောက်များ .....။

နဂါးနောင်တ ပေါက်ကွဲမှုနှင့် တူသော်လည်း ပို၍ ကြောက်မက်ဖွယ် ကောင်းပြီး ပို၍ ပြင်းထန်သည်။ နဂါးနောင်တ ပေါက်ကွဲသော မီးတောက်များသည် ဤစာလုံးထဲရှိ မရေမတွက်နိုင်သော ပစ်ဇယ် အစိတ်အပိုင်းလေး တစ်ခုမျှသာ ဖြစ်ပုံရသည်။ စာလုံးတစ်လုံးတည်း ဖြစ်သော်လည်း သမိုင်းတစ်ခုလုံးကို ကိုယ်စားပြုနေသကဲ့သို့ပင်။

ခမ်းနားလှသည်။ စာလုံးတစ်လုံးတည်းနှင့် သမိုင်းတစ်ခုလုံးကို သူ မြင်တွေ့နိုင်သည်လား။ အမှန်စင်စစ် ရှမ့်လန် မြင်တွေ့နေရသည်မှာ ပင်လယ်ထဲမှ ရေတစ်စက်၊ အစွန်းအစလေး တစ်ခုမျှသာ ရှိပေသေးသည်။

သို့သော်ငြား ပေးဆပ်လိုက်ရသော ဝိညာဉ်စွမ်းအင် ပမာဏမှာ အဆုံးအစ မရှိသကဲ့သို့ပင်။ ဤစာလုံးကို နားလည်သဘောပေါက်ရန် ကြိုးစားခြင်းသည် ကွန်ပျူတာတစ်လုံးက ပစ်မှတ်တစ်ခုကို တွက်ချက်ရာတွင် CPU အရင်းအမြစ်များကို အကုန်အစင် သုံးစွဲလိုက်ရသကဲ့သို့ ဖြစ်နေ၏။

ယခင် ရှမ့်လန်သာ ဆိုလျှင် မစတင်မီကပင် မူးမေ့လဲကျသွားပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤစာလုံး ထဲတွင် ပါဝင်သော သတင်းအချက်အလက် ပမာဏမှာ များပြားလွန်းသောကြောင့် ဖြစ်သည်။ တော်ဝင် ကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ်အမွေအနှစ်ကို ရရှိပြီးမှသာ ဤစာလုံးကို နားလည်နိုင်စွမ်း ရှိလာခြင်း ဖြစ်သည်။

တကယ်တမ်း သူ စတင်လေ့လာပြီး မကြာမီမှာပင် အဖြေကို သိရှိခဲ့ပြီး ဖြစ်၏။ သို့သော်ငြား ချက်ချင်း ရပ်တန့်မပစ်ဘဲ ဆက်လက် လေ့လာနေခဲ့ခြင်းသာ ဖြစ်သည်။ သူ ယခု နားလည်လိုက်သည်မှာ အလွန် ယေဘုယျဆန်သော သမိုင်းကြောင်းသာ ဖြစ်သေးသည်။ အကယ်၍ ဆက်လက် နက်ရှိုင်းစွာ တူးဆွနိုင်ပါက သူသည် အထူး စွမ်းအင် နည်းလမ်းများ၊ ဖျက်ဆီးခြင်း မီးတောက်များ၏ အစ၊ ဖြစ်စဉ်နှင့် အဆုံးသတ်တို့ကိုပါ နားလည် သဘောပေါက်လာနိုင်ပေ၏။

‘ဒါဟာ စစ်မှန်တဲ့ အဆင့်မြင့် ယဉ်ကျေးမှု တစ်ခုလား။ စာလုံးတစ်လုံးတည်းနဲ့ ဒီလောက်များပြားတဲ့ သတင်းအချက်အလက်တွေကို ဖော်ပြနိုင်တယ်တဲ့လား။’

ဤစာလုံး၏ အသုံးဝင်မှုနှုန်းက ရှမ့်လန် သိထားသမျှ ဘယ်စာလုံးထက်မဆို သာလွန်နေခဲ့သည်။ စာလုံးများသည် ယဉ်ကျေးမှု တစ်ခု၏ အခြေခံအုတ်မြစ် ဖြစ်သည်။ လောကမြေ၏ သမိုင်းကြောင်းတွင် သင်္ချာဆိုင်ရာ ကိန်းဂဏန်းများစွာ ရှိခဲ့ဖူးသည်။ ဥပမာ ဒွိကိန်း၊ ရှစ်လုံးတွဲကိန်း၊ ဒသမကိန်း စသည်ဖြင့်။ သို့သော်ငြား စဉ်းစားကြည့်ပါ။ အကယ်၍ အာရပ်ကိန်းဂဏန်းများသာ မရှိခဲ့လျှင် သင်္ချာယဉ်ကျေးမှု၏ ဖွံ့ဖြိုးတိုးတက်မှုသည် မည်သို့ ဖြစ်လာမည်နည်း။

ရှမ့်လန်သည် ဤစာလုံးကို ဆက်လက် လေ့လာနေမိ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အလွန် အရေးကြီးလွန်းသောကြောင့် ဖြစ်သည်။ ဤစာလုံးမှတဆင့် သူသည် နဂါးနောင်တ၏ ဖွဲ့စည်းပုံ မူလ သဘောတရားကိုပင် နားလည်လာနိုင်ပေသည်။

All Chapters