လာပြီလား
Vol. 40 Ch. 424
ဘယ်အရာက ပြိုင်ဘက်ကင်း တာလဲ
ကျင့်ကြံမှုအဆင့်တူမှာ ပြိုင်ဘက်ရှာမရဘဲ အဆင့်ကျော်ပြီး တိုက်ခိုက်တဲ့အခါမှာလည်း အေးအေးဆေးဆေး ရင်ဆိုင်နိုင်တဲ့သူမျိုးကို လူတွေက ပြိုင်ဘက်ကင်း သူလို့ ခေါ်ဝေါ်သမုတ်ကြ၏။
သို့သော်လည်း ယနေ့ကျင်းပတဲ့ ချစ်ကြည်ရေးပွဲကတော့ လူတွေရဲ့ အသိဉာဏ်ကို အကုန်အစင် ပြောင်းလဲပစ်လိုက်ပြီ ဖြစ်သည်။
ကျင့်ကြံမှုအဆင့်တူတာက ဘာဖြစ်သလဲ လက်ဖျောက်တစ်ချက်တီးရုံနဲ့ ချက်ခြင်း အနိုင်ယူ လိုက်တာပဲ
အဆင့်ကျော်တာကရော ဘာဖြစ်သလဲ လက်ဖျောက် အကြိမ်အနည်းငယ် ပိုတီးရရုံသာ ရှိ၏။
နောက်ဆုံးမှာတော့ အဆင့်တစ်ခုလုံး ကွာခြားနေတဲ့ မြင့်မြတ် ရွှေအင်မော်တယ် အဆင့်က ရွှေအင်မော်တယ် အစောပိုင်း အဆင့်ရှိတဲ့ ထန်ထျန်းကို လာတိုက်တာတောင် လက်ဝှေ့ယမ်းရုံနဲ့တင် ချက်ခြင်း အနိုင်ယူ ခံလိုက်ရသည်။
ဤဖြစ်ရပ်က ပြိုင်ကွင်းရှိ ကျင့်ကြံသူအားလုံးနီးပါးရဲ့ အမြင်ကို ပြိုပျက်လုနီးပါး ဖြစ်စေခဲ့၏။
တစ်ဖက်လူတွေကလည်း သာမန်လူတွေ မဟုတ်ကြပေ
သူတို့က တပည့်ပေါင်း သန်းချီထဲကနေ ထိပ်ဆုံးကို တက်လှမ်းလာနိုင်တဲ့ ပါရမီရှင်တွေ ဖြစ်ကြသည်။
ဒါတောင်မှ ထန်ထျန်းရဲ့ ရှေ့မှာတော့ သူတို့က ဘာခွန်အားမျှမရှိတဲ့ သာမန်လူသားတွေလိုပဲ လက်ဖျောက်တီးရုံနဲ့ အမှုန်ဖြစ်သွားကြရ၏။
အစပိုင်းက ဖန်ကျဲ့နဲ့ စုန့်ယုံအန်း တို့ရဲ့ စွမ်းဆောင်ရည်ကြောင့် လူတွေ အံ့သြခဲ့ကြသလို ထျန်းဖူနန်းတော်ရဲ့ အုတ်မြစ် ကိုလည်း ချီးကျူးခဲ့ကြသည်။
သို့သော်လည်း နောက်မှတက်လာတဲ့ နံပါတ် ၈ ဖြစ်သူ ထန်ထျန်းကတော့ တကယ့်ကို ပါရမီရှင် တစ်ယောက် ပဲ
သူက လူတွေ နားလည်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နေခဲ့ပြီပင်။
ရွှေအင်မော်တယ် အစောပိုင်း အဆင့်ကနေ မြင့်မြတ် ရွှေအင်မော်တယ် ပါရမီရှင် တစ်ဦးကို ဘယ်လိုများ အနိုင်ယူလိုက်တာလဲ
သူတို့ ခေါင်းချင်းရိုက်ပြီး စဉ်းစားရင်တောင် ဒါက ဘယ်လိုဖြစ်နိုင်သလဲဆိုတာကို နားမလည်နိုင်ကြပေ။
အင်မော်တယ်နန်းတော် မဟာ အကြီးအကဲပင်လျှင် ကြောင်အလျက် မယုံနိုင်စရာ ကောင်းလှတဲ့ မျက်နှာပေးမျိုး ဖြစ်နေခဲ့သည်။
ထန်ထျန်းရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်ပဲ ဖြစ်နေပါစေ သူသုံးသွားတာကတော့ ရွှေအင်မော်တယ် အစောပိုင်း အဆင့် ခွန်အား အစစ်အမှန်ပင်။
ဒါ့အပြင် တစ်ဖက်လူရဲ့ အရိုးသက်တမ်းကလည်း ၁၈ နှစ်ပဲ ရှိသေး၏
ဘာလက်နက် အကူအညီမျှ မယူဘဲ တာအိုနိယာမတွေအပေါ် နားလည်မှုသက်သက်နဲ့တင် အင်မော်တယ်နန်းတော်ရဲ့ ပါရမီရှင်အားလုံးကို အလဲထိုးသွားတဲ့ လုပ်ရပ်ကတော့ တကယ့်ကို ကောင်းကင်ကို ဆန့်ကျင်တဲ့ စွမ်းရည်ပင်။
လက်မခံချင်ရင်တောင် မဟာ အကြီးအကဲကတော့ ထန်ထျန်းရဲ့ ခွန်အားကြောင့် အကြီးအကျယ် တုန်လှုပ်သွားရသည်။
" တာအိုမိတ်ဆွေ မင်ရွှမ်..."
"ဒါက တကယ်ပဲ မင်းတို့ ထျန်းဖူနန်းတော်ရဲ့ နံပါတ် ၈ တပည့်လား"
သူက တိုးတိုးလေး ရေရွတ်လိုက်မိ၏။
မင်ရွှမ်အင်မော်တယ်အရှင်က ခေတ္တမျှ မှင်တက်သွားသော်လည်း စိတ်ထဲမှာ အလွန် အံ့သြနေသည်ကို ဖုံးကွယ်လျက် တည်ငြိမ်စွာပင် ဖြေလိုက်သည်။ "ဟုတ်တယ်"
"ငါ ဒီတစ်ခေါက် ခေါ်လာတဲ့ တပည့်တွေထဲမှာ သူ့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ခွန်အားက နံပါတ် ၈ အဆင့်မှာပဲ ရှိတာပါ။"
"တခြား တပည့်တွေက ထန်ထျန်းထက် ပိုပြီး သန်မာကြတယ်"
ထိုစကားကို ကြားသောအခါ ထျန်းဖူနန်းတော်မှ တပည့်အချို့မှာ ချက်ချင်း ခေါင်းငုံ့သွားကြသည်။
အရှင်... ကြွားတာလည်း ကြည့်ကြွားပါဦး၊ ကျွန်တော်တို့ကို ဆွဲမထည့်ပါနဲ့။
အကယ်၍ ထန်ထျန်းကသာ စိတ်ထဲမှတ်ထားရင် အကြီးစား အောင်မြင်မှု အဆင့်ရှိတဲ့ အဆင့်မြင့် အင်မော်တယ် ကျင့်စဉ် ဒါဇင်ပေါင်းများစွာနဲ့ အဆက်မပြတ် ဗုံးကြဲခံရမယ့် အဖြစ်ကို သူတို့ လုံးဝ မကြုံချင်ကြပေ။
သို့သော် မဟာ အကြီးအကဲကတော့ အများကြီး မစဉ်းစားမိဘဲ သက်ပြင်းတစ်ချက်ကိုသာ လေးလေးပင်ပင် ချလိုက်၏။
"ထျန်းဖူနန်းတော်က... တကယ်ကို အားကောင်းလှပါပေတယ်။"
"အင်မော်တယ်နန်းတော်က မယှဉ်နိုင်ပါဘူး..."
ထန်ထျန်းရဲ့ စွမ်းရည်က သူ့ကို အကြီးအကျယ် ရိုက်ခတ်သွားသဖြင့် သူ၏ အကြည့်များပင် မှေးမှိန်သွားခဲ့ရ၏။
၎င်းကို မြင်သောအခါ မင်ရွှမ်အင်မော်တယ်အရှင်က အလျင်အမြန် စကားပြောလိုက်သည်။"လောကမှာရှိတဲ့ ကျင့်ကြံသူတွေဆိုတာ မိသားစုတစ်ခုတည်းသားတွေပဲလေ၊ ငါ မင်း ခွဲခြားနေဖို့ မလိုပါဘူး။"
"အခုဆိုရင် ကမ္ဘာကြီးရဲ့ အခြေအနေက တဖြည်းဖြည်း ဆိုးရွားလာနေပြီ"
"ငါတို့အားလုံး စည်းစည်းလုံးလုံးနဲ့ ဒီခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်ရမှာ။"
"အကယ်၍ အင်မော်တယ်နန်းတော်က တပည့်တွေသာ ပြည့်စုံတဲ့ ကောင်းကင် တာအိုနိယာမတွေအောက်မှာ နေရမယ်ဆိုရင် သူတို့ရဲ့ ပါရမီနဲ့ဆိုရင် ပိုပြီး မြင့်မားတဲ့ အောင်မြင်မှုတွေ ရရှိနိုင်မယ်လို့ ငါ ယုံကြည်တယ်"
ဤစကားက မဟာ အကြီးအကဲကို အချိန်အတော်ကြာ နှုတ်ဆိတ်သွားစေသည်။
နောက်ဆုံးတွင် သူက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။
"ဒီကိစ္စပြီးရင် ငါတို့ ဆက်ပြီး ဆွေးနွေးကြတာပေါ့။"
မင်ရွှမ်အင်မော်တယ်အရှင်က ပြုံးလိုက်ပြီး "တာအိုမိတ်ဆွေ စီစဉ်တဲ့အတိုင်းပါပဲ"
ထို့နောက် သူက ပြိုင်ကွင်းပေါ်မှာ ရပ်နေဆဲဖြစ်တဲ့ ထန်ထျန်းကို အံ့သြမှု၊ ချီးကျူးမှုတွေနဲ့ ကြည့်လိုက်မိ၏။
ထန်ထျန်းကြောင့် ဒီတစ်ခေါက် ချစ်ကြည်ရေးပွဲရဲ့ ရလဒ်က မျှော်လင့်ထားတာထက် အများကြီး ပိုပြီး ထိရောက်သွားခဲ့ပြီ။
နောက်ထပ် ဆွေးနွေးမှုတွေကတော့ ပိုပြီး ချောမွေ့တော့မှာ အသေအချာပင်...
.....
စိတ်လှုပ်ရှားစရာ ကောင်းလှတဲ့ တပည့်ချင်း ချစ်ကြည်ရေးပွဲဟာ ထန်ထျန်းရဲ့ အနိုင်ယူမှုနဲ့အတူ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ထန်ထျန်းအတွက်ကတော့ ဒါက တကယ်ကို ပျော်စရာ ကောင်းလှပေသည်၊ ဒီလိုမျိုး လူတွေကို နှိပ်စက်ရတာ မကြုံရတာ ကြာပြီ မဟုတ်လား။
သို့သော်လည်း ပြိုင်ကွင်း ပေါ်မတက်လိုက်ရတဲ့ တပည့် ၇ ယောက်အတွက်ကတော့ ရင်ထဲမှာ တစ်ခုခု ကျန်နေခဲ့သလို ခံစားနေရ၏။
"သခင်လေးထန်... ဒါကတော့ မတရားဘူးလေ။"
"အင်မော်တယ်နန်းတော်က တပည့်တွေကို အကုန်လုံး ချက်ခြင်း အနိုင်ယူ လိုက်တော့ ငါလည်း စင်ပေါ်တက်ပြီး စွမ်းရည်ပြချင်သေးတာပေါ့"
မုရွှင်က မကျေမနပ် ပြောလိုက်သည်။
ထန်ထျန်းကတော့ ပုခုံးတွန့်ပြကာ မတတ်သာတဲ့ ပုံစံမျိုး လုပ်နေ၏။
"ငါလည်း မတတ်နိုင်ဘူးလေ၊ အရှင်မင်ရွှမ်က အဲဒီလို စည်းကမ်းသတ်မှတ်ထားတာကိုး။"
"ငါက သူတို့ကို တမင် အရှုံးပေးလို့မှ မရတာ၊ အဲဒီတော့ တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူ လိုက်ရုံပဲ ရှိတာပေါ့"
မုရွှင်က မျက်လုံးပြူးသွားသည်။
မင်းပြောတဲ့စကားက လူပြောတဲ့ စကား ဟုတ်ရဲ့လား
သူက ခေါင်းကို ခါယမ်းလိုက်ပြီး..."အရင်က တပည့်တွေရဲ့ အဆင့်သတ်မှတ်ချက်ကို ဘယ်လိုများ သတ်မှတ်ခဲ့တာလဲ မသိဘူး။"
"သခင်လေးထန်ရဲ့ ခွန်အားနဲ့ဆိုရင် ဘယ်လိုလုပ်ပြီး နံပါတ် ၈ အဆင့်မှာ ရှိနေရတာလဲ"
"ဘာပဲဖြစ်ဖြစ် ငါကတော့ မင်းထက် မသာတာ သေချာတယ်၊ မင်းက ငါ့ထက် အဆင့်အများကြီး ပိုမြင့်သင့်တာ"
ထန်ထျန်းကတော့ ရယ်ရုံသာ ရယ်ပြီး ဘာမှ ပြန်မပြောပေ။
ဒီလို အဆင့်တွေကို ဘယ်လိုများ သတ်မှတ်လိုက်လဲဆိုတာ သူလည်း မသိပေ။
ခဏအကြာမှာတော့ သူတို့အားလုံး နေထိုင်ရာ ပန်းခြံသို့ ပြန်ရောက်လာကြသည်။
မုရွှင်က ပြိုင်ကွင်း ပေါ်မတက်ရသော်လည်း အလွန် စိတ်လှုပ်ရှားနေဆဲပင် ဖြစ်ရာ ရှီးရှီး ကို ဒီသတင်း သွားပြောဖို့ ချက်ချင်း ပြေးထွက်သွားတော့သည်။ သူ ကြွားဦးမှာကတော့ အသေအချာပင်။
ပန်းခြံထဲက အဆောင် လေးအောက်မှာတော့ ထန်ထျန်းနဲ့ မိုရှု နှစ်ယောက်တည်း ကျန်ရစ်ခဲ့၏။
"သခင်လေးထန်က ဒီတစ်ခေါက်မှာ ထျန်းဖူနန်းတော်ရဲ့ နာမည်ကို အကြီးအကျယ် ကျော်ကြားစေခဲ့တာပဲ၊ ဒါက နေလအင်မော်တယ်နန်းတော်ကို သိမ်းသွင်းဖို့အတွက် အကြီးမားဆုံးသော အကျိုးကျေးဇူးပဲ"
မိုရှုက ပြုံးလျက် ပြော လိုက်သည်။
ထန်ထျန်းက နှာခေါင်းရှုံ့လိုက်ပြီး "ဒီလောက်အထိလည်း မဟုတ်ပါဘူး။"
"ချစ်ကြည်ရေးပွဲဆိုတာ အပြင်ပန်း အပေါ်ယံပဲလေ၊ တကယ့် ကိစ္စတွေ အောင်မြင်ဖို့ကတော့ အထက်လူကြီးတွေရဲ့ ဆွေးနွေးမှုအပေါ်မှာပဲ မူတည်တာပါ"
မိုရှုက လက်ခါပြကာ "မဟုတ်ပါဘူး။"
"ချစ်ကြည်ရေးပွဲကလည်း အရမ်း အရေးကြီးပါတယ်၊ ကျွန်မ တို့ အပြတ်အသတ် နိုင်လိုက်တဲ့အတွက် နောက်ပိုင်း ဆွေးနွေးမှုတွေမှာ အသာစီး ရသွားတာပေါ့။"
"အခု သခင်လေးထန်ကြောင့် ဒီရလဒ်က အဆပေါင်းများစွာ ပိုပြီး ထိရောက်သွားတာ။ "
"ချစ်ကြည်ရေးပွဲ ပြီးတာနဲ့ မဟာ အကြီးအကဲရဲ့ မျက်နှာ ဘယ်လို ဖြစ်သွားလဲ ရှင် မမြင်လိုက်ဘူးလား၊ သူက အရှင် မင်ရွှမ်နဲ့ အရှင် ရှုကျဲ့တို့ကို ချက်ချင်း ပြန်ပြီး ဖိတ်ကြားပြီး ဆွေးနွေးနေပြီလေ၊ အခြေအနေတွေက အများကြီး မြန်ဆန်လာမှာပါ"
ထန်ထျန်းကတော့ အော်... ဒီလိုကိုး လို့ တွေးမိသွားသည်။
ဒါဆိုရင်တော့ သူက တကယ်ပဲ အကျိုးပြုလိုက်တာပေါ့။
"ကောင်းပြီလေ၊ ဒါဆိုရင် အားလုံး အဆင်ပြေပါစေလို့ပဲ ဆုတောင်းရမှာပဲ"
ထန်ထျန်းက ပြုံးလျက် ပြော လိုက်သည်။
ထို့နောက် သူတို့နှစ်ဦး အဆောင် အောက်မှာ အေးအေးဆေးဆေး စကားပြောနေကြစဉ်မှာပင် မုရွှင်က အဝေးကနေ အလောတကြီး ပျံသန်းလာခဲ့သည်။
သူ၏ မျက်နှာမှာ စိုးရိမ်ပူပန်မှုတွေဖြင့် ပြည့်နှက်နေ၏။
မြေပြင်ပေါ် ဆင်းဆင်းချင်းမှာပင် သူက အော်ပြောလိုက်သည်။ "စီနီယာအစ်မ... မကောင်းတော့ဘူး"
"ရှီးရှီး တစ်ခုခု ဖြစ်သွားပြီ"
မိုရှုက ချက်ချင်း မျက်နှာပျက်သွားကာ မတ်တပ်ရပ်လိုက်ပြီး "ဘာဖြစ်တာလဲ"
ဒီရက်ပိုင်းအတွင်း သူမက ရှီးရှီးလေးကို တကယ် ချစ်ခင်သွားခဲ့ပြီ ဖြစ်ရာ မုရွှင်ရဲ့ စကားကြောင့် စိုးရိမ်သွားခြင်း ဖြစ်သည်။
"အင်မော်တယ်နန်းတော်က လူတွေ သူမကို ဖမ်းသွားကြပြီ။"
"သူမက တိတ်တဆိတ် ငါတို့ဘက်ကနေ အားပေးနေတာကို သူတို့ သိသွားလို့ စည်းကမ်းထိန်းသိမ်းရေး ခန်းမ ကို ဖမ်းခေါ်သွားတာတဲ့"
"အဲဒီနေရာက အကြီးအကဲတွေကလွဲရင် စီနီယာအစ်မပဲ ဝင်လို့ရတာ"
မုရွှင်က အလောတကြီး ပြောလိုက်သည်။
"သောက်ကျိုးနည်း"
မိုရှုက မျက်မှောင်ကြုတ်လိုက်၏၊ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြပေ။
"ငါ့ကို အဲဒီကို ခေါ်သွားပါ၊ ရှီးရှီးလေးကို သူတို့ အထိခိုက် မခံနိုင်ဘူး"
"သခင်လေးထန်... ကျွန်မတို့နဲ့ အတူတူ သွားမလား"
ထန်ထျန်းက ခွက်ကို ကိုင်ထားတဲ့ လက်ကို ခေတ္တမျှ ရပ်တန့်လိုက်ပြီးမှ ပြောလိုက်သည်။ "ထားလိုက်ပါ၊ မင်းပဲ သွားလိုက်တော့။"
"ဘာပဲဖြစ်ဖြစ် မင်းပဲ ဝင်လို့ရတာဆိုတော့၊ မြန်မြန်သွားပြီး မြန်မြန် ပြန်လာခဲ့"
မိုရှုက ခေါင်းညိတ်ပြပြီး မုရွှင်နဲ့အတူ ပန်းခြံထဲကနေ အလျင်အမြန် ထွက်ခွာသွားကြတော့သည်။
ထန်ထျန်း တစ်ယောက်တည်း အဆောင် အောက်မှာ ကျန်ရစ်ခဲ့ပြီး ခွက်ထဲက အင်မော်တယ် ဝိုင်ကို တိတ်တဆိတ် သောက်နေလိုက်၏။
"ပုန်းမနေနဲ့တော့။"
"ထွက်လာခဲ့တော့"
သူက အေးအေးဆေးဆေး ပြောလိုက်လေသည်။