← Chapters

ရေကနက်ရှိုင်းစွာစီးဆင်းဆဲ

Vol. 4 Ch. 360

ရေကနက်ရှိုင်းစွာစီးဆင်းဆဲ

Vol. 4 Ch. 360

စိုရွှမ်သည် ရွှမ်ဆွေကျင့်စဉ် စွမ်းအားကို ထုတ်လွှတ် ထားလေသည်။ တန်ခိုးစွမ်းအား တစ်ခုလုံးသည် သူ၏ ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေပြီး ဟာကွက်လုံး၀ မတွေ့ရပေ။

"ရေက နက်ရှိုင်းစွာ စီးဆင်းဆဲ၊ လူ့လောကမှာ ဘယ်လောက်ပဲ ဆူညံပါစေ တောင်ပေါ် စမ်းချောင်းလေး ကတော့ တိတ်ဆိတ် ငြိမ်သက်မှုနဲ့ မွေ့လျော် နေလေတယ် ဆိုတဲ့ စကားလိုပါပဲ၊ ဒီကလေးက ရွှမ်ဆွေ ကျင့်စဉ်ကျမ်းကို ကျင့်ကြံထားတာပဲ၊ ကျော်ရှောင်ချင်းကို ရှုံးနိမ့်ခဲ့ပြီး တဲ့နောက် သူက တကယ့်ကို ကြိုးစားလာတာပဲ၊ မောင်လေးက ရှန်းစန်း ပြဒါးဆေးတွေကို ဒီညီအစ်ကို နှစ်ယောက်အတွက် အသုံးပြုလိုက်တာ အလကား မဖြစ်ဘူးပေါ့"

ကူးချိုင်ဝေ့က သူမ၏ လှပသည့် မျက်ဝန်းများဖြင့် စိုရွှမ်ကို လေ့လာနေရင်း ဆန်းလျန်ကို ပြောလိုက်လေသည်။

ဆန်းလျန်က ကူးချိုင်ဝေ့၏ စကားကြောင့် ပြုံးလိုက် မိလေသည်။

"ရေဆိုတာ သတ္တဝါ များစွာကို အကျိုးပြုသလို သတ္တဝါ များစွာကိုလည်း ဖျက်ဆီးနိုင်တယ် ၊ ရေဆိုတာ သိမ်မွေ့ပေမယ့် စွမ်းအားလည်းကြီးမားတယ် ၊ အရင်ပြိုင်ပွဲတွေတုန်းက ရော့ရှီက ပြိုင်ဘက်တွေကို အကြည့်တစ်ချက်ထဲနဲ့ လဲကျအောင် တိုက်ခိုက်နိုင်ခဲ့ပေမယ့် ဒီတစ်ယောက်ကိုတော့ အဲဒီလောက် လွယ်လွယ် တိုက်ခိုက်နိုင်မယ် မထင်ဘူး"

ဆန်းလျန် စိတ်ထဲမှ တွေးလိုက်မိခြင်း ဖြစ်လေသည်။

ရော့ရှီက စိုရွှမ်ကို စိုက်ကြည့်လိုက်ရင်း ...

"ဂိုဏ်းတူအစ်ကိုက တိုက်ခိုက်ဖို့ အတွက် ဘာလက်နက်ကိုမှ အသုံးမပြုဘူးလား"

စိုရွှမ်၏ ပုံစံက တည်ငြိမ် အေးဆေး နေလေသည်။ သူ၏တန်ခိုး စွမ်းအားများမှာ ရွှမ်ဆွေကျင့်စဉ် စွမ်းအားများနှင့် တစ်သားတည်း ကျနေလေသည်။

"ကျုပ်မှာ ကိုယ်ပိုင်ကျင့်စဉ် ရှိပါတယ်၊ လက်နက် အသုံးပြုစရာ မလိုပါဘူး၊ ဂိုဏ်းတူညီမလေး ဆန်းရော့ရှီက သင်ယူစရာ တွေရှိရင် သင်ပြပေးပါ"

စိုရွှမ်က ပြန်ပြောလိုက်လေသည်။

"ကောင်းပြီလေ၊ တိုက်ခိုက်ဖို့ လက်နက် အသုံးမပြုဘူး ဆိုရင် ရှုံးသွားရင်တော့ ကျွန်မကို အပြစ်မတင်နဲ့နော်"

ရော့ရှီက ပုံမှန် လေသံဖြင့်ပင် ပြောလိုက်လေသည်။

သူမက စိုရွှမ်၏ ရွှမ်ဆွေကျင့်စဉ် တန်ခိုးစွမ်းအား များကို ထိတ်လန့်ခြင်း အလျဉ်းမရှိပေ။

စိုရွှမ်က ရော့ရှီကို စကားပြန် မပြောတော့ပါ။

"မင်းရှုံးရင်သာ ဂိုဏ်းချုပ်နဲ့ တိုင်မပြောဖို့ မျှော်လင့်ပါတယ်"

ဟု စိတ်ထဲမှပင် ပြောလိုက်မိလေသည်။

စိုရွှမ်က စိတ်အာရုံကို စူးစိုက်လိုက်ပြီး ရွှမ်ဆွေတန်ခိုး စွမ်းအားဖြင့် ရေအလွှာများကို ဖန်ဆင်းလိုက်လေသည်။

ရော့ရှီ၏ လက်ထဲတွင် ဓားတိုတစ်လက်ကို ကိုင်ထားလေသည်။

ထိုဓားတိုမှာ နှစ်ပေခန့်သာ ရှည်လေသည်။ ဓားသွားမှာ ဖန်သားအလားပင် ကြည်လင်ဖြူစင် နေလေသည်။

ချင်းရွှမ်နတ်တံခါးမှ တပည့်တစ်ယောက် ဖြစ်သည့်အတွက် စိုရွှမ်မှာ ဗဟုသုတဖြင့် ပြည့်ဝသူ ဖြစ်လေသည်။

"ဓားချက် တစ်ချက်တိုင်းမှာ တန်ခိုးစွမ်းအား သုံးဆပါဝင်တယ်၊ စွမ်းအား တစ်ဝက်ခန့် အသုံးပြုလျှင် တောင်မှ စွမ်းအားအပြည့်ထက် ကျော်လွန်သည်ဟု ခံစားရနိုင်တယ်၊ ထိုဓား၏အမည်မှာ မှော်ဝင်မိစ္ဆာဓား ဖြစ်တယ်"

ဆိုသည့်စာပိုဒ်ကို ချက်ချင်း သတိရလိုက် မိလေသည်။

မှော်ဝင်မိစ္ဆာ ဓားသည် အလွန် နာမည်ကြီးပြီး အန္တရာယ် များလွန်းသည့် ဓားတစ်လက် ဖြစ်လေသည်။ ထိုဓားကို ချီကျင်းတောင်မှ သံဖြူနှင့် ရော်ရဲ့စမ်းချောင်းမှ ကြေးနီကို အသုံးပြုကာ အဂ္ဂိရတ် မဟာပညာရှင်က ဖိုထိုးကာ ပြုလုပ်ထားခဲ့ခြင်း ဖြစ်လေသည်။

မိုးကောင်းကင်မှ မိုးကြိုးပစ်ချသည့် အပြစ်ဒဏ် စီရင်မှုကို ခံခဲ့ရပြီးမှာ မိုးနှင့်မြေ၏ အနှစ်သာရကို စုပ်ယူကာ ထိုဓားကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်လေသည်။

အဂ္ဂိရတ် မဟာပညာရှင်က မှော်ဝင် မိစ္ဆာဓား ငါးလက်ကို ပြုလုပ်ခဲ့လေသည်။

ထိုဓားများကို ပြုလုပ်သည့်အခါ ဝိညာဉ်များ၊ တစ္ဆေသရဲ များနှင့် နတ်ဘုရားများ ငိုကြွေးခဲ့ကြ သလို ကောင်းကင်ထက်မှ သွေးမိုးများလည်း ရွာသွန်းခဲ့လေသည်။ သွေးမိုးများ ရွာသွန်းမှုမှာ သုံးရက်သုံးည ကြာခဲ့လေသည်။

အဂ္ဂိရတ် မဟာပညာရှင်သည် မိမိကိုယ်ကို စတေးခံပြီး အသက်အဆုံးခံ လိုက်တော့မှသာ သွေးမိုးများဆဲ သွားခဲ့လေသည်။ ထို့နောက်တွင်တော့ မှော်ဝင်မိစ္ဆာဓား ငါးလက်မှာ လောကမှ ပျောက်ကွယ် သွားခဲ့လေသည်။

ထိုမှော်ဝင် မိစ္ဆာဓား ငါးလက်မှ ဓားတစ်လက်ကို ရော့ရှီ ပိုင်ဆိုင်ထား လိမ့်မည်ဟု စိုရွှမ် မျှော်လင့် မထားခဲ့မိပေ။

ကူးချိုင်ဝေ့က ဆန်းလျန်ကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။ သူမက ထိုမှော်ဝင်ဓားကို ဆန်းလျန်က ရော့ရှီကို ပေးထားခြင်း များလားဟု တွေးနေမိလေသည်။

ဆန်းလျန်က ကူးချိုင်ဝေ့ကို ခေါင်းခါယမ်းပြလိုက်သည်။

ရော့ရှီကို ထိုမှော်ဝင်ဓား ပေးအပ်ခဲ့သူမှာ နတ်ဘုရား အဘိုးအိုသာလျှင် ဖြစ်နိုင်လေသည်။

ရော့ရှီသည် အိပ်မက် လိပ်ပြာကျင့်စဉ်ကို နတ်ဘုရား အဘိုးအိုထံမှ သင်ယူခဲ့သည့် အတွက် သူမသည် နတ်ဘုရား အဘိုးအို၏ ဆက်ခံသူ တပည့်တစ်ယောက် အဖြစ် သတ်မှတ်၍ ရလေသည်။

စိုရွှမ်သည် မှော်ဝင်မိစ္ဆာဓားကို တွေ့လိုက်ရသည်နှင့် သူ၏ ရွှမ်ဆွေတန်ခိုး စွမ်းအားမှာ ထိုဓားကို မည်သို့မျှ မယှဉ်နိုင်တော့ကြောင်း သဘောပေါက်လိုက်လေသည်။

သို့သော် သူက ဆုံးဖြတ်ချက် ခိုင်မာသည့် လေသံဖြင့် ပြောလိုက်သည်။

"ဂိုဏ်းတူ ညီမလေး ဆန်းရော့ရှီ ၊ ညီမလေးကို တိုက်ခိုက်ရမှာ တောင်းပန်ပါတယ်"

စိုရွှမ်ဆီမှ ရေလှိုင်း ရိုက်ခတ်သံများ ထွက်ပေါ်လာပြီး ရေစက်များသည် ရော့ရှီထံသို့ ပျံသန်းသွားလေသည်။

ရေစက်များသည် ကြီးမားသော မိုးရေများကဲ့သို့ ရော့ရှီကို မျောပါသွားအောင် တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။

ရော့ရှီက မှော်ဝင် မိစ္ဆာဓားဖြင့် ရေစက်များကို ခုခံတိုက်ခိုက် လိုက်လေသည်။ သူမ၏ အနက်ရောင် မျက်ဝန်းများတွင် သွေးနီရောင်များ တောက်ပနေပြီး သူမ၏ပုံစံက တည်ငြိမ် လွန်းလှလေသည်။ သူမ၏ မှော်ဝင်မိစ္ဆာ ဓားသွားထိပ်ဖျားတွင် စိုရွှမ်၏ ရွှမ်ဆွေတန်ခိုး စွမ်းအားများ အားလုံးမှာ ရပ်တန့် သွားရလေသည်။

သာမန် တပည့်များသည် သူမ၏ တိုက်ကွက်ကို သိမြင်နိုင်ခြင်း မရှိကြပါ။ သို့သော် ဆရာသခင်များ ကတော့ သူမ၏ ဓားစွမ်းကို ကြည့်ကာ အံ့သြမိန်းမော ကုန်ကြလေသည်။

စိုရွှမ်၏ မြင့်မားလှသည့် ရွှမ်ဆွေတန်ခိုး စွမ်းအားကို ရော့ရှီသည် ဓားတစ်ချက် ဝှေ့ယမ်းကာ အားတစ်ချက်ပင် မစိုက်ဘဲ ပြန်လည်တိုက်ခိုက် လိုက်နိုင်လေသည်။ သူမ၏ ဓားချက်အောက်တွင် ကြမ်းတမ်းလွန်းသည့် လူသတ်လိုသည့် အငွေ့အသက်များ ကိန်းအောင်း နေကြလေသည်။

စိုရွှမ်မှာ ရော့ရှီကို ဆက်လက် တိုက်ခိုက်နိုင်ခြင်း မရှိတော့ဘဲ ရော့ရှီ၏ ဓားချက်များမှ သူ့ကိုသူပင် မနည်းကာကွယ် နေရလေတော့သည်။

သို့သော် ဓားချက်များက သူ့ကို လွှမ်းမိုးလာသည် နှင့်အမျှ စိုရွှမ်သည် မည်သို့ ကာကွယ်ရမည် ကိုပင် မသိနိုင်တော့အောင် ဖြစ်လာရလေသည်။

ထိုအချိန်မှာပင် ရော့ရှီ၏ ဓားသည် စိုရွှမ်၏ သွေးကြောဆုံချက် နေရာများကို အဆက်မပြတ် ဝင်ရောက် လာလေသည်။ စိုရွှမ်မှာ ချက်ချင်းပင် အားအင်များ လျော့နည်း သွားသလို ခံစားလိုက်ရပြီး တန်ခိုးစွမ်းအား များကိုလည်း ထုတ်ဖော်၍ မရတော့ပေ။ သူသည် တိမ်လွှာကွင်းပြင် အလယ်တွင် လဲကျ သွားရလေတော့သည်။

ထိုအခါမှ ရော့ရှီက သူမ၏ဓားကို ပြန်သိမ်းလိုက်လေသည်။

အရက်သမား တာအိုဆရာသည် ရော့ရှီ၏ ဓားသိုင်းကို သေသေချာချာ လေ့လာ နေခဲ့လေသည်။ ရော့ရှီ၏ ဓားသိုင်းသည် မှော်ဝင်မိစ္ဆာ ဓားကြောင့် အစွမ်း ထက်မြက်နေခြင်း မဟုတ်ပေ။ ရော့ရှီ၏ ဓားတန်ခိုး စွမ်းအားက မြင့်မားနေခြင်း ဖြစ်လေသည်။

သူမ၏ ဓားသိုင်းပညာသည် ရှင်းလင်းပြီး မြင့်မားသလို နက်ရှိုင်းမှုလည်း ရှိလေသည်။ သူမ၏ ဓားသိုင်းပညာသည် ယင်နှင့် ယန်၏ လျှို့ဝှက် ဆန်းကြယ်မှုများကို ဖော်ထုတ် အသုံးပြုနိုင်လေသည်။

အရက်သမား တာအိုဆရာသည် ကျီဖူတောင်ထိပ်ကို ငေးကြည့် နေခဲ့လေသည်။ မဆုံးနိုင်သည့် တိမ်ခိုးများကြားတွင် ခရမ်းရောင်ဝတ် မိန်းမပျို တစ်ယောက်ကို တွေ့မြင်လိုက်ရလေသည်။

ခရမ်းရောင်ဝတ် မိန်းမပျို သူမသည် အလွန်မှ ရင်သပ် ရှုမောဖွယ်ရာ လှပလွန်း လှလေသည်။

သူက သက်ပြင်းတစ်ချက် ချလိုက်ရင်း ...

"ချင်းရွှမ် နတ်တံခါးရဲ့ ကံတရားမှာ ထိုက်ရွှီး နည်းဗျူဟာကို ကျင့်ကြံသူတွေက လွှမ်းမိုးခွင့် ရခဲ့ပြီပဲ"

ရော့ရှီ၏ ဓားသိုင်းပညာမှာ ကျောက်စစ်မင်၏ ဓားသိုင်းပညာ ထက်ပိုပြီး နူးညံ့ သိမ်မွေ့သည်ဟု ထင်ရသည့်တိုင် ကျောက်စစ်မင်၏ ဓားသိုင်းထက် သာလွန်လေသည်။

ရော့ရှီ လက်ထဲမှ မှော်ဝင်မိစ္ဆာ ဓားသွားသည် မှော်ဆန်စွာဖြင့် တုန်ခါနေလေသည်။

ထို့နောက် ရော့ရှီ၏ ခြေဖဝါးအောက်တွင် အဖြူရောင် တိမ်တိုက်တစ်ခု ဖြစ်ပေါ်လာပြီး ရော့ရှီသည် ဆန်းလျန်နံဘေးသို့ ပျံသန်း သွားလိုက်လေသည်။

ဆန်းလျန်က သူမကို စိုက်ကြည့်လိုက်ရင်း ...

"မှော်ဝင် မိစ္ဆာဓားကို ဦးလေးကိုပေးစမ်း"

ရော့ရှီသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှာ သူမ၏ ဓားကို ဦးလေးဖြစ်သူ ထံသို့ ကမ်းပေးလိုက်လေသည်။

ဆန်းလျန်သည် မှော်ဝင် မိစ္ဆာဓားကို ရော့ရှီ၏ လက်ထဲမှ လှမ်းယူလိုက်လေသည်။ ဓားသွားဆီမှ အေးစက်နေသည့် တန်ခိုး စွမ်းအားတစ်ခုသည် ဆန်းလျန်၏ လက်မှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ စီးဆင်း ဝင်ရောက်လာလေသည်။ ဆန်းလျန်က မှော်ဝင် မိစ္ဆာဓားမှ မိစ္ဆာ အငွေ့အသက် များကို သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ဖယ်ရှားလိုက်လေသည်။

ထို့နောက် မှော်ဝင် မိစ္ဆာဓားကို သူ၏ အင်္ကျီလက်ထဲသို့ ထည့်ကာ သိမ်းဆည်း ထားလိုက် လေတော့သည်။

"ဒီမှော်ဝင် မိစ္ဆာဓားက မိစ္ဆာစွမ်းအား တွေက ထင်ထားတာထက် တောင်ပိုပြီး အားကောင်း နေသေးတယ်၊ ဘာလို့ ဆရာဘိုးဘိုးက ဒီဓားကို ရော့ရှီကို ပေးခဲ့ပါလိမ့်"

ဆန်းလျန်က တွေးတောရင်း ရော့ရှီကို လှမ်းကြည့် လိုက်လေသည်။

ထိုအခါ သူ့ကို ပြန်ငေးကြည့်နေသည့် ရော့ရှီ၏ မျက်ဝန်းများနှင့် အကြည့်ချင်း ဆုံသွားလေသည်။

မိန်းကလေးငယ်၏ အကြည့်များသည် ကြည်လင်ပြီး အပြစ်ကင်းစင် လွန်းလှလေသည်။ မှော်ဝင် မိစ္ဆာဓား၏ မိစ္ဆာစွမ်းအား များသည် ရော့ရှီကို လွှမ်းမိုးနိုင်စွမ်း ရှိပုံမရပေ။

***

All Chapters