← Chapters

အခန်း (၃၄၄)

Vol. 34 Ch. 344

အခန်း (၃၄၄)

Vol. 34 Ch. 344

"နင်လို ရုပ်ဆိုးမက သူများ ဒုက္ခရောက်တာကို ဝမ်းသာနေတာပေါ့။ နင်လည်း ဒီ နတ်သမီးကံကြမ္မာမီးလျှံ စက်ကွင်းထဲကို ဝင်ရဲမှာ မဟုတ်ပါဘူး။ မဟုတ်ရင် နင့်ရဲ့ ရုပ်ဆိုးလှတဲ့ မျက်နှာက ဒီမီးလျှံလောင်ပြီး ငါ့မျက်နှာထက် အဆပေါင်းတစ်ထောင်မက ပိုရုပ်ဆိုးသွားမှာ သေချာတယ်"

သူမ၏မျက်နှာကို ကုသ၍မရနိုင်တော့ကြောင်း ကြားလိုက်ရချိန်တွင် ရွှမ်မိန်မိန်း၏ ပထမဆုံး တုံ့ပြန်မှုမှာ သူမ၏မိုက်မဲသော လုပ်ရပ်ကို နောင်တရရန်မဟုတ်ဘဲ ယွင်ရှန်းကို သူမရှေ့မှ အရင်ဝင်ခိုင်းရန် မေ့လျော့ခဲ့ခြင်းကိုသာ နောင်တရနေခြင်းပင်။

"မိန်မိန်း... တော်တော့။ အရင်ဆုံး ဆေးလိမ်းထားလိုက်ဦး။ ငါလည်း ဒီ ကံကြမ္မာမီးလျှံ စက်ကွင်းထဲကို ဝင်ပြီး စမ်းကြည့်ချင်တယ်"

ယွမ်ပုဖော်မှာမူ ရွှမ်မိန်မိန်း၏ ကြောက်မက်ဖွယ်ရာ အခြေအနေကြောင့် ကြောက်ရွံ့သွားခြင်း မရှိပေ။ မည်သည့် မှော်ဆရာမဆို အဆင့်မြင့်ဆုံး မီးဓာတ်စွမ်းအားဖြစ်သည့် နတ်သမီးကံကြမ္မာမီးလျှံကို တွေ့ရှိပါက မည်သည့်အဖိုးအခပေးရစေကာမူ စမ်းသပ်ကြည့်ချင်ကြသည်မှာ ဓမ္မတာပင်။

ယခုတစ်ခေါက်တွင် ယွမ်ပုဖော်အနေဖြင့် သင့်တော်သော တိုက်ပွဲဝင်တေးသံသားရဲကို ရှာမတွေ့ခဲ့သော်လည်း အကယ်၍ ဤနတ်သမီးမီးလျှံကိုသာ ရရှိခဲ့မည်ဆိုလျှင် ဤခရီးမှာ များစွာတန်ဖိုးရှိသွားမည်ဖြစ်သည်။

"မိန်းကလေး... ကျွန်တော် အရင်ဆုံး စမ်းကြည့်ပါရစေ"

ယွမ်ပုဖော်မှာ ရွှမ်မိန်မိန်းထက်များစွာ လူကြီးလူကောင်း ဆန်လှသည်။ ယွင်ရှန်းကလည်း လောဘမတက်ဘဲ စနစ်တကျရှိလှသဖြင့် သူမသည်လည်း အလျင်မလိုဘဲ ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။

ယွမ်ပုဖော်သည် နတ်သမီးကံကြမ္မာမီးလျှံ စက်ကွင်း၏ ဗဟိုသို့ လျှောက်လှမ်းဝင်ရောက်သွားသည်။ သူ ဝင်လိုက်သည်နှင့် ရွှမ်မိန်မိန်း ဝင်စဉ်ကနှင့် မတူဘဲ မှော်စက်ကွင်းအတွင်းမှ ကံကြမ္မာမီးလျှံ ဝိုင်းများ တဟုန်းဟုန်း ပွင့်ထွက်လာတော့သည်။ များပြားလှသော မီးလျှံများမှာ လျင်မြန်စွာပင် မီးကွင်းတစ်ခုအဖြစ် ပုံပေါ်လာပြီး ယွမ်ပုဖော်ကို အလယ်တွင် ဝိုင်းရံထားတော့သည်။

နတ်ဘုရားသားရဲ ဆွမ်းနီက ဘေးမှနေ၍ အကဲခတ်ရင်း စိတ်ထဲမှ တွေးတောနေမိသည်။

ဒီလူငယ်က အရင်ကလာခဲ့တဲ့ ပုရွက်ဆိတ်လူသားတွေထက် အများကြီး ပိုအစွမ်းထက်တာပဲ။ ဒါပေမဲ့... စိတ်ဓာတ်ပိုင်းဆိုင်ရာ သန့်စင်မှုကတော့ နည်းနည်း လိုနေသေးတယ်။

ယွမ်ပုဖော်သည် ကံကြမ္မာမီးလျှံနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် သူ၏အရေပြားမှာ လောင်မြိုက်မတတ် ပူပြင်းလာသည်ကို ခံစားလိုက်ရသည်။ သူသည် ဟုန်မြို့တော် ယွမ်မျိုးနွယ်စု၏ ဤမျိုးဆက်တွင် အထူးချွန်ဆုံး ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူသည် မှော်ဆရာတစ်ဦး ဖြစ်သော်လည်း သူ၏မိဘများနှင့် မျိုးနွယ်စုမှ လူကြီးများက ငယ်စဉ်ကတည်းက သူ့အပေါ် အလွန်တင်းကျပ်သော လိုအပ်ချက်များ ထားရှိခဲ့ကြသည်။

သူတို့သည် သူ့ကို မှော်အတတ်ပညာနှင့် ဧကရာဇ်၏တေးသံကို လေ့ကျင့်စေသည့်အပြင် တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ် ကြံ့ခိုင်မှုကိုပါ လေ့ကျင့်စေခဲ့သည်။ ဤအချက်သည်ပင် ဟုန်မြို့တော်နှင့် တိုက်ကြီးပေါ်ရှိ အခြားနေရာများ၏ ကွာခြားချက် ဖြစ်သည် ကောင်းမွန်သော ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် မှော်ဆရာများအတွက် မှော်စွမ်းအား ကျင့်ကြံရာတွင် ပိုမိုကောင်းမွန်သော ဖွဲ့စည်းပုံနှင့် အားသာချက်များကို ဆောင်ကြဉ်းပေးနိုင်သည်ဟု သူတို့က ယုံကြည်ကြသည်။

ထို့ကြောင့် ယွမ်ပုဖော်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ သာမန်စစ်သည်တစ်ဦးနှင့် ရင်ဘောင်တန်းနိုင်သည့် အဆင့်တွင် ရှိနေသည်။ သို့သော်လည်း ကံကြမ္မာမီးလျှံ၏ လောင်မြိုက်မှုကို ခံရခြင်းမှာ အလွန်အမင်း နာကျင်လှသည်။ ထိုမီးလျှံသည် ကောက်ကျစ်လှပြီး အရေပြားထဲသို့ တဖြည်းဖြည်းချင်း ထိုးဖောက်ဝင်ရောက်ကာ ခန္ဓာကိုယ်အတွင်းရှိ သွေးများကို ခန်းခြောက်သွားအောင် လောင်ကျွမ်းပစ်တော့မည့်အလား ခံစားရစေသည်။

ယွမ်ပုဖော်သည် ချက်ချင်းပင် ရေငတ်မတတ် ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ပေါက်ကွဲတော့မည့်အတိုင်း ဖြစ်လာသည်။ သို့သော် သူသည် ထိတ်လန့်သွားခြင်းမရှိဘဲ မီးကွင်းအတွင်း၌ တင်ပလ္လင်ခွေ ထိုင်လိုက်သည်။ သူ၏ခါးကြားမှ ခရမ်းရောင်ပလွေကို ဆွဲထုတ်လိုက်သည်။

သူ၏နှုတ်ခမ်းများက ပလွေပေါက်များကို ပိတ်လိုက်သည်နှင့် ငြိမ့်ညောင်းသာယာသော ပလွေသံစဉ်များ လွင့်ပျံ့ထွက်ပေါ်လာတော့သည်။ ထိုပလွေသံမှာ ဆွဲဆောင်မှုရှိလှပြီး နားထောင်နေသူများနှင့် ဆွမ်းနီကြီး၏ နားထဲသို့ နတ်ဘုရားတို့၏ တေးသံကဲ့သို့ စီးဝင်သွားသည်။

ဧကရာဇ်၏တေးသံမှာ အမှန်တကယ်ပင် ရှားပါးလှသော လက်ရာမွန်တစ်ခု ဖြစ်သည်။ ၎င်း၏ အကျိုးသက်ရောက်မှုကြောင့် ကံကြမ္မာမီးလျှံ၏ လောင်မြိုက်ပူလောင်မှုမှာ သိသိသာသာ လျော့ပါးသွားသည်။ ယွင်ရှန်း လှမ်းကြည့်လိုက်သောအခါ မှော်စက်ကွင်းတစ်ခုလုံးရှိ မီးလျှံများမှာပင် အနည်းငယ် ငြိမ်သက်သွားပုံပင်။

"လူငယ်လေး... မင်းက ပလွေသံကိုသုံးပြီး ကံကြမ္မာမီးလျှံကို မောင်းထုတ်ဖို့ သိနေတာပဲ"

ဆွမ်းနီကြီးက ဘေးမှကြည့်ကာ ၎င်း၏ ဧရာမဦးခေါင်းကြီးကို အသိအမှတ်ပြုသည့်အနေဖြင့် ခါယမ်းလိုက်သည်။

သို့သော် ယွမ်ပုဖော်က ဤစက်ကွင်းကို သူထိန်းချုပ်နိုင်ပြီဟု ထင်လိုက်သည့် ခဏမှာပင်... မှော်စက်ကွင်းအတွင်းမှ မီးလျှံများမှာ ရုတ်တရက် ဝုန်းခနဲ မြင့်တက်လာပြီး ယွင်ရှန်း၏ မီးလျှံပေါက်ကွဲမှုထက်မနည်းသော မီးတောက်ကြီးတစ်ခုက ယွမ်ပုဖော်ထံသို့ တဟုန်ထိုး ပြေးဝင်လာတော့သည်။

ယွမ်ပုဖော်၏ လက်ထဲမှ ခရမ်းရောင်ပလွေသံမှာ ခေတ္တရပ်တန့်သွားပြီးသူသည် ဗီဇစိတ်အရ စက်ကွင်းအပြင်ဘက်သို့ အမြန်ဆုံး ခုန်ထွက်လိုက်မိသည်။ ယွမ်ပုဖော်သည် ဟန်ချက်ပျက်လျက် အပြင်သို့ ရောက်လာပြီး သူ၏မျက်နှာတွင် ထိတ်လန့်မှုရိပ်များ ထင်ဟပ်နေတော့သည်။

"နှမြောစရာပဲ... မင်းက ပထမအဆင့် စမ်းသပ်မှုကိုပဲ အောင်မြင်ခဲ့တယ်။ မင်းမှာ ဖြောင့်မတ်တဲ့ စိတ်ထားရှိပေမဲ့ ကံကြမ္မာမီးလျှံ အပေါ်ထားတဲ့ မင်းရဲ့ ကြောက်ရွံ့စိတ်ကိုတော့ မင်း မကျော်လွှားနိုင်ခဲ့ဘူး"

ဆွမ်းနီကြီးက သက်ပြင်းချရင်း ပြောလိုက်သည်။

နတ်သမီးကံကြမ္မာမီးလျှံ ဆိုသည်မှာ အသိဉာဏ်ရှိသော အရာဖြစ်သည်။ ၎င်းသည် သူ့အား အကြွင်းမဲ့ လက်ခံနိုင်စွမ်းရှိသော သခင်မျိုးကိုသာ လိုလားခြင်း ဖြစ်သည်။

စောစောက ရွှမ်မိန်မိန်း ကြုံတွေ့ခဲ့ရသော ကြောက်မက်ဖွယ်မြင်ကွင်းကြောင့် ယွမ်ပုဖော်၏ စိတ်အစဉ်တွင် ကံကြမ္မာမီးလျှံ အပေါ် စိုးရိမ်ကြောက်ရွံ့စိတ် အနည်းငယ် ကိန်းအောင်းနေခဲ့သည်။ ဤသည်ကပင် သူ၏ကြိုးပမ်းမှုကို ရည်မှန်းချက်မပြည့်မီဘဲ ဖြစ်စေခဲ့ခြင်းဖြစ်သည်။

ယွမ်ပုဖော်သည် ကိုယ်ကိုကြိယ် ရှက်ရွံကာ အားမလိုအားမရ ဖြစ်သွားရသည်။

"ဒါပေမဲ့ လူငယ်လေး... သိပ်ပြီး စိတ်ဓာတ်မကျပါနဲ့။ မင်းရဲ့ ပါရမီက အတော်လေး ကောင်းမွန်တာ ငါမြင်ပါတယ်။ မင်းရဲ့ ဧကရာဇ်တေးသံကိုသာ ဆက်လက်လေ့ကျင့်သွားမယ်ဆိုရင် အနာဂတ်မှာ မင်းဟာ မင်းရဲ့ဘိုးဘေးတွေထက် မနိမ့်ကျတဲ့သူ တစ်ယောက်ဖြစ်လာမယ်လို့ ငါယုံကြည်တယ်"

နှစ်ပေါင်းသောင်းချီ အသက်ရှင်လာခဲ့သော ဆွမ်းနီကြီးသည် ဟုန်မြို့တော်ကို စတင်တည်ထောင်ခဲ့သော လင်မယားနှစ်ဦးကိုပင် တစ်ခါက တွေ့ဖူးခဲ့သူ ဖြစ်သည်။

"ငါတို့ ဆုံတွေ့ရတာဟာ ကံတရားတစ်ခုပဲ။ မင်း ဒီကမ္ဘာမြေအူတိုင် ချော်ရည်ဂူကနေ ထွက်သွားပြီး ရေခဲနှင့်မီး ချောက်ကမ်းပါးကို သွားလိုက်ပါ။ အဲဒီမှာ မင်းနဲ့ ထိုက်တန်တဲ့ စစ်သီချင်းသားရဲ တစ်ကောင်ကို မင်းတွေ့လိမ့်မယ်"

ဆွမ်းနီကြီး၏ စကားကြောင့် စိတ်ဓာတ်ကျနေသော ယွမ်ပုဖော်မှာ ချက်ချင်းပင် စိတ်ဓာတ်များ ပြန်လည်တက်ကြွလာတော့သည်။

နတ်ဘုရားသားရဲ ဆွမ်းနီကိုယ်တိုင် ညွှန်ပြပေးသော သားရဲမှာ သေချာပေါက် ထူးခြားနေမည်

ဖြစ်သည်။ သူ၏ ယခုခရီးစဉ်မှာ အမှန်တကယ်ပင် တန်ဖိုးရှိသွားခဲ့သည်။

"ကဲ... အခု မင်းတစ်ယောက်ပဲ ကျန်တော့တယ်။ ရှေ့ကလူနှစ်ယောက်ရဲ့ အခက်အခဲတွေနဲ့ သူတို့ရဲ့ ကံကြမ္မာကို မင်းမြင်ပြီးပြီပဲ။ မင်းရော စမ်းကြည့်ချင်သေးရဲ့လား"

ဆွမ်းနီကြီးက ယွင်ရှန်းကို ကြည့်ကာ မေးလိုက်သည်။

အမှန်စင်စစ်တွင် ဆွမ်းနီကြီးသည် ယွင်ရှန်းကို အမျှော်လင့်ဆုံး ဖြစ်နေခြင်းပင်။ ဤမှော်ဆရာမလေးသည် သုံးဦးထဲတွင် ကျင့်ကြံမှုအဆင့် အနိမ့်ဆုံးဟု ထင်ရသော်လည်း ရှေ့ကလူနှစ်ဦး၏ ရှုံးနိမ့်မှုများကို သူမက ဘာမျှမဖြစ်သကဲ့သို့ လျစ်လျူရှုထားနိုင်စွမ်း ရှိနေသည်။

ယွင်ရှန်းက ခေါင်းငြိမ့်ပြလိုက်သည်။ သူမသည် အသက်ကို ပြင်းပြင်းတစ်ချက်ရှူကာ သူမ၏ မှော်လှံတံကို တင်းတင်းဆုပ်ကိုင်လျက် နတ်သမီးကံကြမ္မာမီးလျှံ စက်ကွင်းအတွင်းသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းဝင်ရောက်သွားသည်။

ယွင်ရှန်း စက်ကွင်းထဲသို့ ခြေချလိုက်သည်။ မထင်မှတ်ထားသည်မှာ... မှော်စက်ကွင်းမှာ မည်သည့်တုံ့ပြန်မှုမျှ မရှိဘဲ ငြိမ်သက်နေခြင်းပင်။

"ဟားဟား... ကြည့်စမ်း။ ငါ့တုန်းကလိုပဲ။ နတ်သမီးကံကြမ္မာမီးလျှံက နင့်ကို အဖက်တောင် မလုပ်ပါဘူး"

မျက်နှာတွင် ဆေးများလိမ်းထားရသော ရွှမ်မိန်မိန်းက ဘေးမှနေ၍ လှောင်ပြောင်လိုက်သည်။

သို့သော် သူမ၏ အပြုံးမှာ မျက်နှာပေါ်တွင်ပင် အေးခဲသွားတော့သည်။

ခဏချင်းအတွင်းမှာပင် မှော်စက်ကွင်းကြီးသည် တစ်စုံတစ်ဦးက ဓာတ်ဆီလောင်းချလိုက်

သကဲ့သို့ ဝုန်းခနဲ တောက်လောင်လာပြီး စက်ကွင်းတစ်ခုလုံးမှာ ဧရာမ မီးဖိုကြီးတစ်ခုအလား အလင်းတောက်လျက် နိုးထလာတော့သည်။

ယွင်ရှန်း၏ အလှည့်တွင် ထွက်ပေါ်လာသော မီးလျှံများမှာ စောစောက ယွမ်ပုဖော် ဝင်စဉ်ကထက် ဆယ်ဆမျှ ပိုမိုပြင်းထန်နေတော့သည်။

"သူတော့ သေပြီ... သေမှာ သေချာသွားပြီ"

ရွှမ်မိန်မိန်းက ဘေးမှနေ၍ ရက်ရက်စက်စက် ကျိန်ဆဲလိုက်သည်။

သို့သော် ယွင်ရှန်း၏ မျက်နှာအမူအရာမှာ အနည်းငယ်မျှ ပြောင်းလဲသွားခြင်းမရှိသလို သူမ၏ မှော်လှံတံကိုပင် မြှောက်၍ ခုခံခြင်းမပြုချေ။ မီးလျှံများသည် ခြောက်သွေ့သော မြက်ခင်းပြင်ကို တောမီးလောင်သကဲ့သို့ သူမ၏ ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။

ထိုမီးတောက်များက ယွင်ရှန်း၏ အသားအရေကို ဝါးမြိုနေပြီး အရေပြားများမှာ အဖတ်လိုက် ကွဲအက်ကာ တစ်ကိုယ်လုံးရှိ သွေးကြောများ ပေါက်ထွက်မတတ် ခံစားရစေသည်။ ဤမျှပြင်းထန်သော နာကျင်မှုမျိုးမှာ သာမန်လူတစ်ဦးကို စိတ်ဓာတ်ပြိုလဲသွားစေရန် လုံလောက်လှသည်။ သို့သော် ထိုသို့သော အခြေအနေမျိုးတွင်ပင် ယွင်ရှန်းသည် ပြုံးလျက်သားပင် ရှိနေပြီး မီးလျှံများ၏ ဝါးမြိုမှုကို ငြိမ်သက်စွာ ခံယူနေတော့သည်။

နတ်ဘုရားသားရဲ ဆွမ်းနီ၏ မျက်ဝန်းများထဲတွင် ထူးခြားသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။

"သူ... သူက ဘာလုပ်နေတာလဲ"

ယွမ်ပုဖော်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ ချောမောသော မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ထင်ဟပ်နေသည်။

"ဟဲဟဲ... တော်တော်ပါးနပ်တဲ့ ကောင်မလေးပဲ။ သူက မင်းဆီကနေ သင်ခန်းစာယူလိုက်တာ။ ကံကြမ္မာမီးလျှံကို ဘာခုခံမှုမှမလုပ်ဘဲ အကြွင်းမဲ့ လက်ခံလိုက်တာပဲ။ မီးလျှံရဲ့ ဗတ္တိဇံကို တစ်

ကိုယ်လုံးနဲ့ ခံယူဖို့ ဆုံးဖြတ်လိုက်ပုံပဲ။ ဒါပေမဲ့... ပထမလှိုင်း စမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်ရုံနဲ့တော့ မလုံလောက်သေးဘူး"

ဆွမ်းနီကြီးက စိတ်ဝင်တစားဖြင့် ၎င်း၏အမြီးကို ခါယမ်းရင်း ပြောလိုက်သည်။

ဆွမ်းနီကြီး၏ စကားပင် မဆုံးသေးမီမှာပင် မှော်စက်ကွင်းအတွင်းရှိ မီးလျှံများမှာ ရုတ်တရက် စုစည်းသွားတော့သည်။ မကြာမီမှာပင် ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်နှင့် နီရဲသော ဆံနွယ်များရှိသည့် မီးနတ်သမီးဝိညာဉ်တစ်ဦး စက်ကွင်းအလယ်တွင် ပေါ်လာပြီး သူမ၏ ခန္ဓာကိုယ်ထံမှ ပြင်းထန်သော မီးတောက်များ ထွက်ပေါ်နေသည်။ ထိုမီးဝိညာဉ်သည် တစ်ကိုယ်လုံးတွင် ကောင်းမွန်သော အသားအရေဟူ၍ မကျန်တော့သည့် ယွင်ရှန်းကို စိုက်ကြည့်လိုက်သည်။

"အသိဉာဏ်မဲ့တဲ့ ပုရွက်ဆိတ်မ... ငါ့ရဲ့ အိပ်စက်ခြင်းကို နှောင့်ယှက်ရဲတယ်ပေါ့။ ဒါအတွက် မင်းရဲ့ အသက်နဲ့ ပြန်ပေးဆပ်ရမယ်"

ထွားကျိုင်းလှသော မီးဝိညာဉ်က သူမ၏ လက်နှစ်ဖက်ကို ဖြန့်လိုက်ရာ လက်ဖဝါးများအတွင်းမှ မီးနဂါး အများအပြား ပေါ်ထွက်လာပြီး ယွင်ရှန်းထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

၎င်းမှာ ယွင်ရှန်းကို တစ်လုပ်တည်းဖြင့် ဝါးမြိုပစ်တော့မည့်အလားပင်။

ဘေးတွင် ရပ်ကြည့်နေသော ယွမ်ပုဖော်မှာ ရင်တထိတ်ထိတ်ဖြင့် ကြောက်လန့်နေမိသည်။

ဒီမှော်ဆရာမလေးမှာ ဘာကြောင့် မရှောင်တာလဲ။ သူမ သေမှာကို မကြောက်ဘူးလား။

မီးလျှံမျိုးစေ့တစ်ခုအတွက်နဲ့ အသက်ကို စတေးရလောက်အောင် တန်လို့လား။

ယွင်ရှန်းသည် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း ညဉ့်မီးနဂါးကို မြင်လိုက်ရချိန်တွင် သူမ၏ ရင်ထဲ၌လည်း ထိတ်လန့်မှု အနည်းငယ် ရှိနေသည်။ သူမသည် မီးနဂါး၏ တိုက်ခိုက်မှုကို ရှောင်ရမလား မရှောင်ရမလား ဝေခွဲမရဖြစ်နေစဉ်မှာပင်... ယီပိုင်မင်း၏ နက်ရှိုင်းသော အသံမှာ သူမ၏ စိတ်အာရုံထဲသို့ တိုးဝင်လာတော့သည်။

သူတို့နှစ်ဦးကြားရှိ အသိအမြင်ချင်း ဆက်သွယ်မှုပြုလုပ်ရန် အချိန်ကျရောက်လာခြင်းပင်။ ယီပိုင်မင်းသည်လည်း ယွင်ရှန်းအနေဖြင့် တစ်ရက်အတွင်းမှာပင် ယခင်ကထက် အဆပေါင်းများစွာ ပိုမိုအန္တရာယ်ကြီးသော အခြေအနေနှင့် ရင်ဆိုင်နေရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"တောကြောင်မလေး... မင်းရဲ့ မှော်ဝိညာဉ်ကို တိတ်တဆိတ် စုစည်းထားလိုက် လုံးဝ မရှောင်နဲ့နော်"

ယီပိုင်မင်းက ယွင်ရှန်းကို သတိပေးလိုက်သည်။

ထိုစကားကို ကြားလိုက်ရသဖြင့် ယွင်ရှန်းသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ မရှောင်တော့ဘဲ ဆုံးဖြတ်လိုက်သည်။ သူမသည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ မှော်ဝိညာဉ်ကို တိတ်တဆိတ် စတင်လှုံ့ဆော်လိုက်တော့သည်။

All Chapters