ကွေရှမသေမျိုးချပ်ဝတ်
Vol. 51 Ch. 505
"ဪ... ဒီလိုကိုး။"
ရှန်းယီသည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ပြီးနောက်အခြေအနေကို အကြမ်းဖျင်း သဘောပေါက်သွားသည်။ ဤနေရာတွင် ကျောက်စိမ်းပြားများ သို့မဟုတ် စာအုပ်စာပေများ မရှိပေ။
သူထင်မှတ်ထားသကဲ့သို့ ကျမ်းစာတိုက်၏ လျှို့ဝှက်အခန်းမဟုတ်ဘဲ၊ ရွှမ်ချင်းတစ်ဦးတည်းအတွက်သာ သီးသန့်စီစဉ်ပေးထားသော ကိုယ်ပိုင်နေရာလေးတစ်ခု ဖြစ်နေပုံရသည်။
အကြီးအကဲ၏ တာအိုချပ်ပြားနှင့်ပင် ဤသစ်သားတံခါးကို မဖွင့်နိုင်သည်မှာ မဆန်းတော့ပေ။ တစ်ဖက်တွင်လည်း စီနီယာရွှမ်ချင်းသည် တပည့်ဘဝကတည်းက ဂိုဏ်းချုပ်၏အမိန့်အာဏာကို ပိုင်ဆိုင်ထားခဲ့ကြောင်း သိလိုက်ရ၏။
ရှန်းယီသည် ခေါင်းခါလိုက်၏။ တကယ်တော့ ဤသို့ဖြစ်နေခြင်းက သူ့အတွက် ပို၍ပင် လွယ်ကူသွားစေသည်။ ရွေးချယ်မှုများ လုပ်နေရမည့် အချိန်ကို သက်သာစေသည် မဟုတ်ပါလား။
သို့သော် ထိုသို့မလုပ်မီ သူရရှိထားသော အကျိုးအမြတ်များကို အရင်ဆုံး အစာခြေရန် လိုအပ်ပေသည်။
ဟင်းလင်းပြင်လျှောက်လှမ်းခြင်း အဆင့်ရှိ ရေနေနတ်ဆိုး ၁၂ ကောင်ထံမှ နတ်ဆိုးသက်တမ်း ငါးသိန်းနီးပါး ရရှိခဲ့ပြီး၊ နဂါးငါးအိုကြီးထံမှ နှစ်ပေါင်း နှစ်သောင်းကျော် ရရှိခဲ့သည်။
[လက်ကျန် နတ်ဆိုးသက်တမ်း: ၁၂၂၀၀၀၀ နှစ်။စုစည်းနိုင်သည်]
ရှန်းယီသည် ဦးစွာကျောက်တိုင်ခြောက်ခုကို စုစည်းလိုက်၏။ ထို့နောက် နဂါးငါးအိုကြီး၏ အလောင်းကိုသွေးပင်လယ်အဖြစ် ပြောင်းလဲကာ ကျောက်တိုင်များထဲသို့ လောင်းထည့်ရန် ကြိုးစားလိုက်သည်။
ထိုအခိုက်အတန့်တွင် သူ၏ မျက်ခုံးနှစ်ခုကြားရှိ တာအိုနန်းတော်ထံမှ ကြီးမားသော ခုခံမှုကို ခံစားလိုက်ရသည်။ ၎င်းမှာ တောင်တစ်တောင်တွင် ကျားနှစ်ကောင် အားပြိုင်နေသကဲ့သို့ပင်။
သေချာစွာ စစ်ဆေးကြည့်သောအခါ၊ တာအိုနန်းတော်အတွင်း၌ ပေါင်းစပ်ပြီးသားဖြစ်သော နဂါးငါးတိုင်ကြောင့် ဖြစ်နေကြောင်း သူတွေ့လိုက်ရသည်။ သူတို့သည် မိဘနှင့် သားသမီး တော်စပ်သော်ငြား၊ နဂါးငါးအိုကြီး၏ အလောင်းကို ရန်သူတော်ကြီးသဖွယ် သဘောထားနေခြင်းမှာ ထူးဆန်းလှပေသည်။
"..."
ရှန်းယီသည် အမျိုးအစားတူကျောက်တိုင်မှာ တစ်ခုသာ ရှိရမည်ကို သိထားသော်လည်း၊ တာအိုမဏ္ဍိုင်ဖြစ်သွားပြီးသား အရာကလည်း ထိုသို့ သတ်မှတ်ခံရမည်ဟု မထင်ထားခဲ့ပေ။ သူသည် ခပ်တိုးတိုး သက်ပြင်းချလိုက်မိသည်။
သို့သော် သူသိပ်တော့ စိတ်မပျက်ပေ။ ကျောက်စိမ်းကြံကျောက်တိုင် နှင့် ရိုက်သတ်ခံလိုက်ရသောအရာမှာ သိပ်တော့ ကောင်းလှမည် မဟုတ်ပေ။ မရှိလျှင်လည်း မရှိသလိုပင်။
ရှန်းယီသည် နည်းလမ်းပြောင်းကာ အလောင်းကို နဂါးငါးတိုင်ထဲသို့ လောင်းထည့်လိုက်၏။ အပေါ်ရှိ နဂါးငါးပုံစံများမှာ ဖြည်းဖြည်းချင်း ပြောင်းလဲလာပြီး၊ နဖူးပေါ်ရှိအဖုမှာ နဂါးဦးချိုအဖြစ်သို့ ချောမွေ့စွာပြောင်းလဲသွားကာ တာအိုမဏ္ဍိုင်၏အရည်အသွေးမှာ တစ်ဖန် မြင့်တက်လာခဲ့သည်။
သဘာဝ၏လက်ဆောင်ကို သူ လက်ခံရရှိပြီးသား ဖြစ်သော်လည်း၊ တာအိုနန်းတော် ပိုမိုခိုင်ခံ့လာခြင်းက သူ့အတွက် စိတ်သက်သာရာရစရာပင်။ နဂါးငါးအိုကြီး၏ နတ်ဆိုးဝိညာဉ်ကို သိမ်းထားခြင်းက ကျင့်စဉ်များကို ဖော်ထုတ်ရာတွင် အကူအညီ ရပေလိမ့်မည်။
နောက်တစ်ခိုက်တွင်၊ရှန်းယီသည် မျက်လုံးမှိတ်ကာ လက်စွပ်ထဲမှ ကျန်ရှိနေသော ရေနေနတ်ဆိုး အလောင်း ၁၂ လောင်းကို ထုတ်ယူလိုက်၏။ သူတို့မှာ တပ်ဖွဲ့တစ်ခုတည်းက ဖြစ်သောကြောင့် နဂါးငါးများမပါသော်လည်း မျိုးနွယ်တူ နတ်ဆိုးများမှာ နည်းပါးလှသည် မဟုတ်ပေ။
ခွဲခြားကြည့်ပြီးနောက် ကျောက်ရုပ် ၇ ခုကို စုစည်းရန် လုံလောက်သွားသည်။ ဤသည်မှာ သတင်းကောင်းဖြစ်သလို သတင်းဆိုးလည်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် နန်းတော်တက်လှမ်းခြင်း နည်းစနစ်မှာ မြင့်မားလာလေ ပိုမိုခက်ခဲလာလေ ဖြစ်သောကြောင့်ပင်။ တာအိုမဏ္ဍိုင်များ၏ အဆင့်အတန်းမှာ သဘာဝ၏လက်ဆောင်ကိုသာမက၊ ကျင့်ကြံသူတစ်ဦး မည်မျှအထိ ခရီးပေါက်နိုင်မည်ကိုပါ ဆုံးဖြတ်ပေးခြင်း ဖြစ်သည်။
ပထမ အဆင့်သုံးဆင့်မှာ ကောင်းကင်နန်းတော်များ ဖြစ်ကြသည်။ ရှန်းယီသည် ခရမ်းရောင်ဟုန့်မုန့်ချီ၏ အကျိုးကျေးဇူးကို သိထားပြီးဖြစ်ရာ ဤအရာမှာ များလေ ကောင်းလေပင်။ သို့သော်ကျောက်တိုင် ၁၂ ခုလုံးကို စုစည်းနိုင်လျှင်ပင် နတ်ဆိုးသက်တမ်းမှာ လုံလောက်လိမ့်မည် မဟုတ်ပေ။
စိတ်ကိုစုစည်းကာ ရှန်းယီသည် နတ်ဆိုးသက်တမ်းကို အသုံးပြု၍ နတ်ဆိုးမူလ ကို စတင်စုစည်းလိုက်၏။
[လက်ကျန် နတ်ဆိုးသက်တမ်း: ၄၅၀၀၀၀ နှစ်]
စနစ်၏ ပြောင်းလဲမှုများ ရပ်တန့်သွားချိန်တွင် သူ၏အသိစိတ်ပင်လယ်အတွင်း၌ ထင်ရှားလှသော နတ်ဆိုးကျောက်တိုင် ၇ ခု ပေါ်လာသည်။
တစ်ခုချင်းစီကို တိုင်းတာကြည့်ရာ ရွှေရောင်အလင်းတန်းများမှာ သူ၏အမြင်အာရုံကို လွှမ်းမိုးသွား၏။ အားလုံးမှာ ဒုတိယအဆင့် တာအိုမဏ္ဍိုင်များဖြစ်ကြပြီး၊ အားအကောင်းဆုံးအရာများမှာ ကျောက်စိမ်းကြံ့ကျောက်တိုင်ထက် အနည်းငယ်သာ နိမ့်ကျပေသည်။
အခြားကျင့်ကြံသူများအတွက် တစ်သက်လုံး ကြိုးစားအားထုတ်ရမည့် အရာဖြစ်သော်လည်း၊ ရှန်းယီအတွက်မူ ခရီးသွားရင်း ရရှိလာသော မမျှော်လင့်ထားသည့် အကျိုးအမြတ်တစ်ခုသာ ဖြစ်သည်။
ကျောက်တိုင် ၆ ခုကို ရွေးချယ်ကာ နန်းတော်တက်လှမ်းခြင်းနည်းစနစ်ကို တစ်ဖန် ပြန်လည်အသုံးပြုလိုက်သည်။
အတန်ကြာပြီးနောက်၊ အနန္တအင်ပါယာနတ်ဆိုး နန်းတော်အတွင်း၌ နောက်ထပ် ခမ်းနားလှသော နန်းဆောင်တစ်ခု ခိုင်မာစွာ ထပ်မံပေါ်ပေါက်လာခဲ့၏။
ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၅
သူ့ပတ်ဝန်းကျင်ရှိထူထပ်လှသော မြူဖြူများမှာ ခရမ်းရောင်အရှိန်အဝါများအဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲလာ၏။ အစီအရင်ဖြင့် ပိတ်ထားသော်လည်း သဘာဝတရားက သူ၏ လက်ဆောင်ကို အချိန်မှန်ပေးအပ်ခဲ့သည်။ ကံမကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် ကြည့်ရှုသူမှာ အသိစိတ်မဲ့နေသော အဘိုးအို၏ ပုံရိပ်ယောင်သာ ရှိတော့သည်။
အဘိုးအိုကတော့ ပြုံးမြဲပြုံးလျက် ရွှမ်ချင်း ဘာသင်ယူချင်သလဲဆိုသည်ကို စောင့်ဆိုင်းနေပြီး၊ ငါးထပ်မြင့်သော နတ်ဆိုးဧကရာဇ်နန်းတော်ကြီးကို လုံးဝ သတိမထားမိပုံရသည်။
"..."
ရှန်းယီသည် တာအိုနန်းတော်ကို ပြန်သိမ်းကာ မတ်တတ်ရပ်လိုက်ပြီး အဘိုးအိုထံသို့ လျှောက်သွား၏။ သူသည် အကျင့်အတိုင်း ဦးညွှတ်ကာ "ကျွန်တော်က ကောင်းကင်ဘုံဖီးနစ် ထာဝရမူလခန္ဓာကိုယ်ကို ပြီးပြည့်စုံအောင် တတ်မြောက်ထားပြီး၊ ထျန်းယန် ၄၉ နဲ့လည်း ဖြည့်စွက်ထားပါတယ်။ ခန္ဓာကိုယ်လှုပ်ရှားမှုကလည်း ကောင်းကင်ဘုံသို့နဂါးကခုန်းခြင်းရှိပါတယ်။ ကျွန်တော့်ရဲ့ ခွန်အားကို ထပ်မြှင့်ချင်ရင် ဘယ်ဘက်ကနေ စသင့်ပါသလဲ" ဟု မေးလိုက်သည်။
"မင်းရဲ့ပါရမီနဲ့ဆိုရင် ကျောက်စိမ်းဖြူမြို့တော် အောက်မှာ ထျန်းယန် ၄၉ ကို ကျွမ်းကျင်ဖို့ပဲ လိုပါတယ်" ဟု အဘိုးအိုက ညင်သာစွာ အကြံပေးသည်။
"ဟူး။" ရှန်းယီ သက်ပြင်းချကာ ရိုးသားစွာဝန်ခံလိုက်၏။ "ကျွန်တော့် ပါရမီက သာမန်ပါပဲ။"
တကယ်တမ်းတွင် သူ၏ပါရမီမှာ ကိုယ့်အားကိုယ်ကိုးလျှင် ကနဦးအဆင့်ကိုပင် ကျော်ဖြတ်ရန် ခက်ခဲပြီး၊ ကံကောင်းခြင်းများ ရှိလျှင်ပင် ကျောက်စိမ်းအဆင့်သို့ ရောက်ရန် မသေချာသော အခြေအနေမျိုး ဖြစ်သည်။
သို့သော် ဤအဘိုးအိုမှာ ကနဦးအဆင့်နှင့် ကျောက်စိမ်းအဆင့်ဆိုသည်ကို သိချင်မှ သိပေလိမ့်မည်။
"သာမန်ပါရမီ" အဘိုးအို၏ ကျန်ရှိသော အတွေးစများတွင် ဤစကားအတွက် အဖြေမရှိပုံရသည်။
အတန်ကြာတိတ်ဆိတ်သွားပြီးနောက် သူက ခေါင်းစဉ်ကို တိုက်ရိုက်ကျော်လိုက်၏။
"မင်းက အဓိကအားဖြင့် အနီးကပ်တိုက်ခိုက်ရေးသမားဖြစ်နေတော့၊ မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုမြှင့်တင်ဖို့ အစီအရင်ကို သုံးရင် ဘယ်လိုလဲ"
"ဘာလို့ တိုက်ရိုက် စိတ်ဝိညာဉ်ခန္ဓာကိုယ်နည်းစနစ်ကို မကျင့်တာလဲ" ရှန်းယီ မျက်မှောင်ကြုတ်လိုက်၏။
အဘယ်ကြောင့် ကိစ္စများကို ရှုပ်ထွေးအောင် လုပ်နေသနည်း။
"မင်း ဝေခွဲမရဖြစ်နေပြီ ရွှမ်ချင်း... မင်းဆရာဆီမှာ အဲဒါ မရှိလို့ပေါ့" ဟု အဘိုးအိုက ခေါင်းခါရင်း လက်ဖြင့် ညွှန်ပြလိုက်၏။
ချက်ချင်းပင်ယင်ကောင်များကဲ့သို့ သေးငယ်သော စာလုံးများစွာ ဝဲပျံလာပြီး၊ ပတ်ဝန်းကျင်တစ်ခုလုံးကို ထူထပ်စွာ ဖုံးလွှမ်းသွားသည်။
"ဟင်း။" ရှန်းယီ မှင်တက်ကာ ငေးကြည့်နေမိသည်။ ဤအရာမှာကျင့်စဉ်တစ်ခုဖြစ်သည်ဟု စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။ သူသည် ထိုစာလုံးသေးလေးများဖြင့် ခင်းထားသော လမ်းမကြီးပေါ်တွင်ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားသည်။
ထိုလမ်းမှာ အဆုံးမရှိသကဲ့သို့ပင်။ တစ်ဖက်မှ အခြားတစ်ဖက်သို့ လျှောက်ရန် သုံးရက်တိတိ ကြာသွားသည်။
စနစ်၏သတိပေးချက် ရောက်လာမှသာ သူ သတိပြန်ဝင်လာတော့သည်။
[ဟင်းလင်းပြင်လျှောက်လှမ်းခြင်း (စိတ်ဝိညာဉ်) - ကွေရှမသေမျိုးချပ်ဝတ် အစီအရင် : မစတင်ရသေး]
ဤသည်မှာ နည်းစနစ်ပေါင်းစုံကို ကျွမ်းကျင်ထားခြင်း၏ အကျိုးကျေးဇူးပင်။ ရှန်းယီသည် သူ၏ စိတ်ထဲတွင် ပေါ်လာသော စာလုံးပေါင်းများစွာကို ခံစားကြည့်ပြီးနောက်၊ ၎င်းတို့ကို အစီအရင် ပုံကြမ်းအဖြစ် ပြောင်းလဲရန် ကြိုးစားလိုက်သည်။
ထိုဖြစ်စဉ်မှာ အလွန်နှေးကွေးသော်လည်း သူ နားလည်နိုင်သော အရာဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်။ ၎င်းမှာ ထျန်းယန် ၄၉ ထက် များစွာ ပိုကောင်းပေ၏။
ရှန်းယီသည် အဘိုးအိုကို တစ်ဖန် ဦးညွှတ်ကာ သစ်သားတံခါးအပြင်ဘက်သို့ ထွက်လာခဲ့သည်။
သူသည် ကျမ်းစာတိုက်မှ ထွက်လာပြီး ဂိုဏ်းတည်ထောင်သူဘိုးဘေးခန်းမသို့ အမြန်ရောက်ရှိသွား၏။
"အကြီးအကဲရွှမ်ချင်း... ကွေရှမသေမျိုးချပ်ဝတ် ဆိုတာကို ကြားဖူးလား" ရှန်းယီက အပိုစကားမပြောဘဲ တရားထိုင်ဖျာပေါ်တွင် ထိုင်ကာ မေးလိုက်သည်။
"ဟွတ်... ဟွတ်။" ရွှမ်ချင်းသည် သူ၏ မျက်နှာကို ဘိုးဘေး၏ ဖိနပ်မှ အမြန်ခွာလိုက်၏။ ဤဂိုဏ်းချုပ်သည် တစ်ခါတလေ အခြားသူများ၏ ခံစားချက်ကို လုံးဝ ထည့်မတွက်တတ်ပေ။
"ကျွန်တော် နည်းနည်းတော့ သိပါတယ်" ဟု ရွှမ်ချင်းက ပြန်ဖြေ၏။ ရှန်းယီသည် သူ၏ စိတ်ထဲတွင် ပေါ်လာသော အသိဉာဏ်အသစ်များကို အစာခြေလိုက်သည်။
ရွှမ်ချင်း၏ မှတ်ဉာဏ်မှာလည်း အပေါ်ယံသာ ရှိပြီး သူက အလွယ်တကူ လက်လျှော့ခဲ့ပုံရသည်။
"ကျေးဇူးပဲ အကြီးအကဲ။ ဒီပစ္စည်းတွေကို စာရင်းစစ်ဖို့ ကူညီပေးပါဦး။" ရှန်းယီသည် ရွှေယွဲ့ မဟာမိတ်အဖွဲ့မှ ရရှိလာသော သိုလှောင်အိတ်ကို ပေးလိုက်သည်။
ရှန်းယီသည် ဘိုးဘေးခန်းမမှ ထွက်လာခဲ့သည်။ သူ၏အစွမ်းထက်လိုစိတ်မှာ ရုတ်တရက် ပိုမိုပြင်းပြလာခဲ့သည်။
အထူးသဖြင့် နန်ယန်ဂိုဏ်း ပျက်စီးသွားရခြင်းမှာ သူထင်သလောက် မရိုးရှင်းကြောင်း သတိပြုမိသွားခြင်းကြောင့် ဖြစ်သည်။
သူသည် မိမိ၏ တောင်ထိပ်သို့ ပြန်လာကာ တရားထိုင်ပြီးအစီအရင်အသစ်ကို စတင်ဖော်ထုတ်လိုက်၏။
[ပထမနှစ်တွင်၊ သင်သည် စိတ်ထဲမှ အသိဉာဏ်များကို အစာခြေလိုက်သည်။ ထိုခမ်းနားလှသော အစီအရင်ကြီးကို သင် ထပ်မံမြင်တွေ့ရပြန်သည်။ ၎င်းနှင့်ယှဉ်လျှင် သင်တွေ့ဖူးသမျှ အရှုပ်ထွေးဆုံး အစီအရင်မှာပင် ခပ်ညံ့ညံ့ပန်းချီကားတစ်ချပ်ကဲ့သို့ပင် ဖြစ်နေတော့သည်။]
ကံကောင်းသည်မှာ ရှန်းယီသည် ဤလမ်းစဉ်တွင် ကျွမ်းကျင်သူဖြစ်နေခြင်းပင်။ သူသည် ထျန်းယန် ၄၉ ကို ဖော်ထုတ်စဉ်ကကဲ့သို့ သနားစရာကောင်းသော အခြေအနေမျိုးကို မရောက်တော့ပေ။
ထိုစဉ်မှာပင်၊ ရှန်းယီသည် အချိန်အတော်ကြာ မပြောင်းလဲဘဲရှိနေသော သူ၏ နတ်ဝိညာဉ် မှာ မြင်သာသောနှုန်းဖြင့် ထူထပ်လာသည်ကို သတိပြုမိလိုက်သည်။ စနစ်၏ သတိပေးချက်များတွင် အဖြေရှိနေ၏။
[နှစ်ပေါင်းလေးထောင်ကိုးရာတွင်၊ သင်သည် အစီအရင်ပုံကြမ်းကို ပြီးပြည့်စုံအောင် မဆွဲနိုင်သေးပေ။ ဤမျှကျယ်ပြောလှသော အစီအရင်ကို တာအိုဝိညာဉ်၏ ခန္ဓာကိုယ်ပေါ်တွင် ရေးထွင်းရန်မှာ နတ်ဝိညာဉ်အတွက် အလွန်ကြီးမားသော စိန်ခေါ်မှုပင်။]
နှစ်ပေါင်းများစွာ ကြာပြီးနောက်၊ ရှန်းယီ၏ ကြည်လင်သောမျက်လုံးများထဲတွင် ရှုပ်ထွေးလှသော အစီအရင် ပုံကြမ်းတစ်ခု ပေါ်လာသည်။
ပြင်းထန်လှသော စိတ်ဝိညာဉ်အရှိန်အဝါများမှာ သူ၏ မျက်ခုံးကြားမှ လျှံထွက်လုနီးပါး ဖြစ်နေ၏။
[နှစ်ပေါင်း နှစ်သောင်းသုံးထောင်တွင်၊ သင်သည် စိတ်ဝိညာဉ်အစီအရင်၏ တစ်စိတ်တစ်ပိုင်းကို နောက်ဆုံးတွင် တတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။]
[ဟင်းလင်းပြင်လျှောက်လှမ်းခြင်း (စိတ်ဝိညာဉ်) - ကွေရှမသေမျိုးချပ်ဝတ် အစီအရင်: အခြေခံအဆင့်]
ရှန်းယီသည် သူ၏ မင်ရောင်ဝတ်ရုံကို ချွတ်လိုက်ရာ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ် ထွက်ပေါ်လာ၏။ သူ၏ လက်ချောင်းထိပ်များမှ ရွှေရောင်ချည်မျှင်များ ထွက်ပေါ်လာပြီး၊ ၎င်းတို့သည် မြွေများကဲ့သို့ သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားသည်။
"ရှီး.." သူသည် ရုတ်တရက် အံကြိတ်ကာ ထိုထိတ်လန့်ဖွယ် ခံစားချက်ကို ဖိနှိပ်လိုက်၏။ အစီအရင်ကိုခန္ဓာကိုယ်ပေါ်တွင် ရေးထွင်းပြီး တစ်ကိုယ်လုံးရှိအရှိန်အဝါများကို တာအိုဝိညာဉ်၏ ကိုယ်တွင်းအင်္ဂါများနှင့် ဆက်သွယ်လိုက်ခြင်းက ချက်ချင်းပင် ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။
ရွှေရောင်ချည်မျှင်များသည် အသားထဲသို့ ဖြည်းဖြည်းချင်း နစ်ဝင်သွားပြီး မမြင်နိုင်လုနီးပါး သေးငယ်သောမျဉ်းကြောင်းလေးများ ကျန်ရစ်ခဲ့သည်။ အမှတ်တစ်ခုချင်းစီတွင် စုတ်ချက်ပေါင်း သောင်းနှင့်ချီ၍ ပါဝင်နေပေသည်။
ပတ်ဝန်းကျင်ရှိ သဘာဝ စွမ်းအင်များကိုပါ အဆက်မပြတ် စုပ်ယူလိုက်သဖြင့် နန်ယန်ဂိုဏ်း၏ အတွင်းစည်းတပည့်များပင် စွမ်းအင်များ လျော့နည်းသွားသည်ကို သိသိသာသာ ခံစားလိုက်ရသည်။
ရှန်းယီ၏ ရင်ဘတ်တွင် အနက်ရောင်မြူခိုးများ ရောယှက်နေသော ရွှေရောင်အစီအရင်တစ်ခု ပေါ်လာ၏။ ၎င်းမှာ နေနှင့်လ အပြန်အလှန် လည်ပတ်နေသကဲ့သို့ ရှိသော်လည်း၊ သေချာကြည့်လျှင်အရာအားလုံး ဆုံးရှုံးသွားရခြင်းဟူသော ခံစားချက်ကို ပေးစွမ်းနေသည်။
ရှန်းယီသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ရင်ဘတ်ပေါ်ရှိ အစီအရင်ကို အသက်သွင်းလိုက်သည်။ ၎င်းသည် ရုတ်တရက် အပြင်ဘက်သို့ ရောင်ပြန်ဟပ်ကာကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး တောင်နှင့် မြစ်များအကြားသို့ ဆင်းသက်သွားသည်။
ပြင်းထန်လှသော သေမင်းအရှိန်အဝါများမှာ သူ၏ ထံသို့ စုစည်းလာခဲ့၏။
ပြာလဲ့လဲ့အဖြူရောင် မြူခိုးများသည် မပြည့်စုံသောချပ်ဝတ်တန်ဆာတစ်ခုအဖြစ် လျင်မြန်စွာ ပျစ်ခဲသွားပြီး၊ ညာဘက် ပုခုံးနှင့် လက်မောင်းကိုသာ ဖုံးအုပ်ထားသည်။ ၎င်းအပေါ်ရှိ ပုံစံများမှာ ထူးဆန်းပြီးအဓိပ္ပာယ်မဲ့ပုံရသော်လည်း ကြည့်ရှုသူ၏ အသိစိတ်ကို ဆွဲငင်သွားစေနိုင်သော အစွမ်းရှိသည်။
"..."
ရှန်းယီသည် သူ၏ လက်သီးကို ဖြည်းဖြည်းချင်း အားပါပါ ဆုပ်လိုက်၏။ ထက်ရှလှသော လက်မောင်းကာမှာ သူ၏ အသားနှင့် တစ်သားတည်း ဖြစ်သွားသည်။
ထိုအခိုက်အတန့်တွင် ထိတ်လန့်ဖွယ်ကောင်းလှသောအရှိန်အဝါများသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဘာမျှမဟုတ်သော အရာများအဖြစ်သို့ ပြောင်းလဲသွားစေတော့သည်။