← Chapters

သူတို့အားလုံး စောင့်နေကြတယ်၊ မင်းရော လာရဲလား ၂

Vol. 51 Ch. 507

သူတို့အားလုံး စောင့်နေကြတယ်၊ မင်းရော လာရဲလား ၂

Vol. 51 Ch. 507

"နဂါးနန်းတော်ရဲ့ရေနေမျိုးနွယ်စုတွေက ချန်မိသားစု၊ ရုပ်သေးဂိုဏ်း၊ ချင်းဟိုင်စံအိမ်နဲ့ ရွှေယွဲ့ ကုန်သွယ်ရေးမဟာမိတ်အဖွဲ့တို့ အပါအဝင် ရေဘေးနဲ့ ကုန်းမြေနယ်မြေလေးခုကို ဖျက်ဆီးခဲ့ပါတယ်။"

"အဲ့ဒီထဲမှာ ချန်မိသားစုနဲ့ ချင်းဟိုင်စံအိမ်က တပည့်တွေဟာ အချိန်မီဆုတ်ခွာနိုင်ခဲ့လို့ အသေအပျောက် မရှိခဲ့ပါဘူး။ ရုပ်သေးဂိုဏ်းကတော့ လုံးဝအမြစ်ပြတ် ချေမှုန်းခံလိုက်ရပြီး ရွှေယွဲ့ မဟာမိတ်အဖွဲ့ရဲ့ ပျံလွှားကျွန်းကလည်း ဖျက်ဆီးခံခဲ့ရပါတယ်။ မဟာမိတ်ခေါင်းဆောင် ဝမ်ချိုးကျင်းက သတင်းကို ကြိုတင်ရရှိခဲ့တာကြောင့် အရေးကြီးတာတွေကို ယူဆောင်ပြီး ယန်မိသားစုထံမှာ ခိုလှုံခဲ့ပါတယ်။"

"နန်ဟုန်သားတော်ခုနစ်ပါး ကတော့... ဂိုဏ်းချုပ်ရှန်းရဲ့ သတင်းစကားကို စောင့်နေကြပါတယ်။"

မိမိတို့အရေးကို မိမိတို့သာ အသိဆုံးဖြစ်ပေသည်။ လီချင်းဖုန်းသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားခဲ့ပေ။

ယခုအခါ နန်ယန်ရတနာနယ်မြေတစ်ခုလုံးတွင် ဂိုဏ်းချုပ်ရှန်းကို ကူညီနိုင်မည့် တစ်ဦးတည်းသောသူမှာ သူ၏ရှေ့တွင် ရပ်နေသည့် ဤအကြီးအကဲသာ ရှိတော့သည်။

သူသည် နားလည်ရန် ခက်ခဲနေသည်မှာ "ဂိုဏ်းချုပ်ရှန်းရဲ့သတင်းစကားကို စောင့်နေတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ တကယ်လို့ နဂါးနန်းတော်က လှုပ်ရှားလာပြီဆိုရင်၊ သူတို့က လက်တုံ့ပြန်ဖို့အတွက် ဂိုဏ်းချုပ်ရှန်းရဲ့ အမိန့်ကို တကယ်ပဲ စောင့်နေကြတာလား" ဟု မေးလိုက်သည်။

လီချင်းဖုန်းသည် ရတနာနယ်မြေမှ ထွက်ခွာခဲသော်လည်း၊ ချင်းယွဲ့ဂိုဏ်းမှ စေလွှတ်သူများ ပြောပြချက်အရ ဟုန်ကျယ်သည် နဂါးနန်းတော်၏ နယ်မြေသတ်မှတ်ချက် ဖြစ်ကြောင်း သိထားသည်။

နန်ဟုန်သားတော်ခုနစ်ပါး အတူတကွ သေအတူရှင်အတူလက်တွဲနေကြခြင်းမှာ ရေနေမျိုးနွယ်စုများကို ပူးပေါင်းတွန်းလှန်ရန်နှင့် နန်ဟုန်တွင် ဘေးကင်းလုံခြုံသော နေရာတစ်ခု ရရှိရန် မျှော်လင့်ချက်ကြောင့်ပင်။

"ဘာလို့လဲဆိုတော့ အဲ့ဒါက နဂါးနန်းတော်ရဲ့ အလိုဆန္ဒ မဟုတ်နိုင်လို့ပဲ။"

လီရွှမ်ချင်းက တည်ငြိမ်စွာ ခေါင်းခါယမ်းလိုက်ပြီး "သူတို့က မင်းကိုခြောက်လှန့်ဖို့ ကြိုးစားနေရုံပဲ။ ဟုတ်တယ်၊ သတင်းပို့တဲ့သူက ရာထူးသိပ်မကြီးလို့ ကြောက်လန့်ပြီး တစ်စုံတစ်ယောက်ရဲ့လက်ကိုင်တုတ် ဖြစ်သွားတာလည်း ဖြစ်နိုင်တယ်။" ဟု အကြံပေးလိုက်သည်။

"နဂါးနန်းတော်ရဲ့ အမိန့်ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နန်ဟုန်သားတော်ခုနစ်ပါးကို တကယ် နှိမ်နင်းဖို့ဆိုရင် တောင်ပိုင်းနဂါးနန်းတော် အင်အားတစ်ခုတည်းနဲ့ မလုံလောက်ဘူး၊ အနည်းဆုံး နောက်ထပ် အင်အားစုတစ်ခု ထပ်ပါရလိမ့်မယ်။ အကယ်၍ အဲ့ဒီလိုသာဆိုရင် နန်ယန်ဂိုဏ်းကို ဘာသတိပေးချက်မှ ရောက်လာမှာ မဟုတ်ဘူး။"

၎င်းမှာ နားဝင်ခါးစေသော်လည်း လက်တွေ့အရှိတရားပင်။ အကယ်၍ စစ်မှန်သော သေရေးရှင်ရေး အကျပ်အတည်းနှင့် ကြုံလာပါက လက်ရှိ နန်ယန်ဂိုဏ်းမှာ လုံးဝ အသုံးမဝင်ပေ။

"ဒါဆို ကျွန်တော် ထင်ထားသလောက် မစိုးရိမ်ရဘူးပေါ့" လီချင်းဖုန်းသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်တော့သည်။

သို့သော် အကြီးအကဲရွှမ်ချင်းက ခေါင်းထပ်ခါသည်ကို မြင်လိုက်ရပြန်၏။ "နန်ယန် တစ်ခုတည်းအတွက် ဆိုရင်တော့ မင်းထင်တာထက် ပိုပြီးစိုးရိမ်ရနိုင်တယ်။ နဂါးနန်းတော်ရဲ့အလိုဆန္ဒ မဟုတ်ရင်တောင်၊ အဲ့ဒါက နဂါးနန်းတော်ထဲက နတ်ဆိုးတစ်ကောင်ကောင်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။"

သတင်းစကားထဲတွင် ပါဝင်သော အင်အားစု လေးခုစလုံးမှာမကြာသေးခင်ကမှ ဂိုဏ်းချုပ်ရှန်းနှင့် ဆက်သွယ်ထားသည့်သူများချည်း ဖြစ်သည်။

အကယ်၍ ဤပြဿနာကို မဖြေရှင်းနိုင်ပါက အင်အားစု၁၈၂ခုကို ပြန်လည်ရယူရန် ကြိုးစားအားထုတ်မှုများမှာ အချည်းနှီး ဖြစ်သွားလိမ့်မည်မှာ အဖြေထွက်ပြီးသားပင်။ ဤကဲ့သို့သော အရာများကို စီစဉ်နိုင်သူမှာ သေချာပေါက် ကျောက်စိမ်းဖြူမြို့တော်ကျင့်ကြံသူတစ်ဦး ဖြစ်ရမည်။

တစ်ဖက်လူသည် လူကိုယ်တိုင် ထွက်လာစရာ မလိုသလို၊ နတ်ဆိုးများထံမှ အကူအညီ တောင်းစရာလည်း မလိုပေ။ သတင်းအချက်အလက် အချို့ကို ထုတ်ဖော်လိုက်ရုံဖြင့် နန်ယန်ဂိုဏ်းကို ဒူးထောက်သွားအောင် လုပ်နိုင်ပေသည်။

ဟုတ်ပေသည် ထွက်ပေါက်တစ်ခုတော့ ကျန်ပါသေး၏။ ၎င်းမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက တံခါးလာခေါက်ခဲ့သည့် မသေမျိုးဂိုဏ်းခြောက်ဂိုဏ်းချန်ထားခဲ့သော သတင်းစကားဆီသို့ ပြန်သွားရန်ပင် ဖြစ်သည်။

ထိုဂိုဏ်း ခြောက်ဂိုဏ်း၏ တံခါးများသည် ရှန်းယီအတွက် ပွင့်နေဆဲ ဖြစ်သည်။ ခေတ္တမျှ စဉ်းစားပြီးနောက် လီရွှမ်ချင်းသည် တာအိုချပ်ပြားတစ်ခုကို ထုတ်ယူကာ ဖြစ်ကြောင်းကုန်စင်ကို အသေးစိတ် ရေးသားလိုက်ပြီး "ယန်မိသားစုဆီ သွားရှာလိုက်ပါ၊ အခြေအနေကို လှည့်ပြောင်းဖို့ အခွင့်အရေး ရှိနိုင်ပါသေးတယ်။" ဟု ထပ်လောင်းပြောကြားလိုက်၏။

ယန်မိသားစုသည် တစ်ချိန်က နန်ယန်၏ လက်အောက်ခံဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ချင်းယွဲ့ဂိုဏ်း၏ လက်အောက်သို့ ရောက်ရှိသွားခဲ့သည်။

အင်အားစု ၁၈၂ခုရှိ ထိပ်တန်း အင်အားစု လေးခုအနက်တစ်ခုဖြစ်ပြီး ထိုနေရာတွင် ကျောက်စိမ်းဖြူမြို့တော် ကျင့်ကြံသူတစ်ဦး အခြေစိုက်ထားသည်။

နောက်တစ်ခိုက်တွင် လီချင်းဖုန်းသည် ရုတ်တရက် မော့ကြည့်လိုက်သည်။ ဂိုဏ်း၏ အစီအရင်ကြီး ပွင့်သွားပြီးနောက် အနက်ရောင်ဓားပျံကို စီးနင်းထားသည့်ပုံရိပ်တစ်ခုမှာ ဂိုဏ်းအတွင်းမှ လျင်မြန်စွာ ပျံထွက်သွားသည်ကို သူ မြင်လိုက်ရသည်။

ခုနကမှ လူစုကွဲသွားသော ချန်မိသားစုနှင့် ချင်းဟိုင်စံအိမ်မှ လူအုပ်ကြီးသည် ပြန်လည် စုရုံးလာကြပြီး ဝေခွဲမရစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်ကာ "ဘာတွေ ဖြစ်နေတာလဲ" ဟု မေးမြန်းနေကြ၏။

မသေမျိုးအရှင်ရှန်းသည် ဤတစ်ကြိမ် အပြင်ထွက်သည့်အခါ အကူအညီပေးရန် မည်သူ့ကိုမျှ မလိုအပ်တော့ခြင်းလော။

လီချင်းဖုန်းသည် ခန်းမအပြင်ဘက်ရှိ လူများကို ရှုပ်ထွေးသောမျက်နှာပေးဖြင့် ကြည့်လိုက်ပြီး ဤအခြေအနေကို သူတို့အား အသိပေးသင့်၊ မပေးသင့် ဝေခွဲမရ ဖြစ်နေသည်။

ချန်မိသားစုကို ခေတ္တထားဦး၊ ချင်းဟိုင်စံအိမ်သည် နန်ယန်ဂိုဏ်းသို့ တပည့်များကို တကယ်ပင် စေလွှတ်နေသော်လည်း သူတို့ မရောက်ရှိသေးပေ... လမ်းခရီးတွင် မည်သည့် မတော်တဆမှုများ ဖြစ်ပွားနိုင်မည်ကို မည်သူ သိနိုင်မည်နည်း။

အမှန်စင်စစ် ချင်းဟိုင်စံအိမ်သည် ၎င်းတို့၌ ရှိသမျှ ကျင့်ကြံသူအားလုံးနီးပါးကို နန်ယန်ဂိုဏ်းသို့ တမန်တော်များအဖြစ် စေလွှတ်ထားခြင်း ဖြစ်သည်။

လင်းယွင်ဂိုဏ်း

ဂိုဏ်းတစ်ခုလုံးရှိ တပည့်များသည် ဘာဖြစ်ပျက်နေသည်ကို မသိကြသော်လည်း ပတ်ဝန်းကျင် အခြေအနေမှာ ထူးဆန်းစွာ တင်းမာလာနေသည်ကို ခံစားနေရ၏။ အပြင်စည်းမှ အကြီးအကဲများနှင့် အထောက်တော်များသည် ရုတ်တရက် အပြုံးများ ပျောက်ကွယ်သွားပြီး အားလုံးက တည်ကြည်သော မျက်နှာပေးများကို ဖော်ပြနေကြသည်။

ပုံမှန်ရက်များတွင် ရံဖန်ရံခါ မြင်တွေ့ရတတ်သော တိုက်ရိုက်တပည့်များသည် ယခုအခါ ၎င်းတို့၏ ဂူများအတွင်းသို့ ပြန်ဝင်သွားကြကာ တံခါးပိတ်လျက်တစ်စုံတစ်ခုကို စောင့်ဆိုင်းနေကြပုံရသည်။

နောက်ဆုံးတွင် ရွှေချည်ထိုး အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် ကောင်းကင်ကို ဖြတ်ပျံသွား၏။ အံ့သြသံများနှင့် သံသယများ ပြည့်နှက်နေသော တပည့်များစွာ၏ စောင့်ကြည့်မှုအောက်တွင် ထိုဂိုဏ်းချုပ်၏ တိုက်ရိုက်တပည့်သည် ဂိုဏ်းအတွင်းမှ တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။

"စီနီယာယွမ်ကျိုး တောင်ပေါ်ကနေ ဆင်းသွားပြီလား"

အတွင်းစည်းတပည့်များသည် စူးစမ်းချင်ရုံမျှသာ ဖြစ်သော်လည်း ဂူများအတွင်း ရှိနေကြသော တိုက်ရိုက်တပည့်များနှင့် အကြီးအကဲများသည် မျက်မှောင်ကြုတ်လိုက်ကြသည်။ ဤကိစ္စသည် လင်းယွင်ဂိုဏ်းနှင့် မည်သို့မျှ မပတ်သက်သည်မှာ သေချာသည်။

သို့သော် ၎င်းတို့သည် အကျိုးကျေးဇူးများကို ခံစားရမည်မှာ အသေအချာပင်။ ထိုကဲ့သို့သော အချိန်တွင် ဝေယွမ်ကျိုးက မမျှော်လင့်ဘဲ လှုပ်ရှားလာခဲ့သည်။

သူက နန်ယန်ဂိုဏ်းကို ကူညီမည်လော သို့မဟုတ် နန်ယန်ဂိုဏ်းကို ဒုက္ခပေးရန်ရည်ရွယ်ခြင်းလော။ ထင်ပေါ်သူမှာ အမုန်းခံရတတ်သလို သစ်ပင်ကြီးလေ လေတိုက်လေပင် ဖြစ်သည်။

သူ မည်မျှသော လူများကို စိတ်ဆိုးအောင် လုပ်မိမည်ကို မည်သူ သိနိုင်မည်နည်း။ ၎င်းမှာ ဆင်ခြင်တုံတရားရှိသော လုပ်ရပ်တစ်ခု မဟုတ်ပေ။

တစ်ချိန်တည်းမှာပင်... ချင်းယွဲ့ဂိုဏ်းအတွင်း၌ လျိုချန်းယွင်နှင့် အခြားသူများ ရှိနေဆဲ ဖြစ်သော်လည်း၊ ဤတစ်ကြိမ်တွင် အလယ်၌ ဝန်းရံခြင်း ခံထားရသူမှာ ခါးသက်သော မျက်နှာပေးနှင့် ယန်ဝမ်ချန့် ပင် ဖြစ်သည်။

"ဂျူနီယာမောင်လေးယန်၊ နင့်ရဲ့ မိသားစုက ဘာပြောလိုက်လဲ၊ သူတို့ နင့်ရဲ့စာကို ပြန်စာပို့ပြီလား" လျိုချန်းယွင်သည် သိသိသာသာ စိုးရိမ်ပူပန်နေ၏။

အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော အချိန်တွင် ဂိုဏ်း၏အကြီးအကဲတစ်ဦးဖြစ်သူ သူမ၏ ဖခင်ပင်လျှင် ဝင်ရောက် စွက်ဖက်ရန် ခက်ခဲနေပုံရသည်ကို သူမ သဘောပေါက်လိုက်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သုံးလအကြာတွင် သားတော်ခုနစ်ပါး ညီလာခံ ကို ကျင်းပရန် သဘောတူခဲ့ကြသည်။

ထိုအချိန်မှစ၍ တစ်လပင် မပြည့်သေးသော်လည်း တစ်စုံတစ်ယောက်ကမူ ငြိမ်ငြိမ်မနေနိုင်တော့ပုံရသည်။

"သူတို့ ပြန်စာပို့တယ်။"

ယန်ဝမ်ချန့်သည် ထိုအမျိုးသမီး နှစ်ဦးကို ကြည့်ကာ ခါးသက်သက် ပြုံးလိုက်ပြီး "မရေမရာနဲ့ ဝေဝေဝါးဝါးပါပဲ၊ ဘာမှ အတိအကျမပြောဘူး... အနည်းဆုံးတော့ သူတို့က တခြား မိသားစုသုံးခုထက် ပိုကောင်းပါသေးတယ်။ လောလောဆယ်တော့ သူတို့က ရွှေယွဲ့ ကုန်သွယ်ရေးမဟာမိတ်အဖွဲ့က လူတွေကို ကယ်တင်ထားပေးတယ်။"

၎င်း၏ မိသားစုက ဤမျှအထိ ဝင်ရောက်စွက်ဖက်ပေးခြင်းမှာ သူက ဂိုဏ်းချုပ်ရှန်းနှင့် ပတ်သက်သည့် အချို့ကိစ္စများကို စာရေးပြီး အသိပေးထားသောကြောင့် ဖြစ်သည်။

"သွားကြစို့ သွားကြည့်ကြရအောင်"

ကျန်းချန် က သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်၏။ သူမအနေဖြင့် များစွာ မကူညီနိုင်သော်လည်း ဂိုဏ်းထဲတွင် ဒီအတိုင်း ထိုင်စောင့်နေရခြင်းက သူမကို ရူးသွပ်စေတော့မည်။

"ကောင်းပြီ၊ ကျွန်တော်လည်း ကျွန်တော့်ရဲ့ ဦးလေးနဲ့ လူကိုယ်တိုင် စကားပြောချင်တယ်။" ယန်ဝမ်ချန့်သည် ခေါင်းငြိမ့်ပြကာ ကျန်းချန်၏ နောက်မှ ချင်းယွဲ့ဂိုဏ်းအတွင်းမှ ထွက်ခွာလာခဲ့သည်။

မတူညီသော အတွေးကိုယ်စီဖြင့် နန်ဟုန်သားတော်ခုနစ်ပါး၏ နယ်မြေအတွင်းမှ ပုံရိပ်များသည် ရွှေယွဲ့ ကုန်သွယ်ရေး မဟာမိတ်အဖွဲ့ ရှိရာအရပ်သို့ အသီးသီး ဦးတည်သွားကြတော့သည်။

All Chapters