← Chapters

အခန်း (၃၀၁-၃၀၃)

Vol. 21 Ch. 301-303

အခန်း (၃၀၁-၃၀၃)

Vol. 21 Ch. 301-303

Overpower system book 21 (301-315)

(301) နျူလက်နက်၏အဖျက်အား

နျူလက်နက်ထားရှိရာတပ်ရင်း၌ စစ်သည်တော်များသည် ပျော်နေကြ၏။ ယနေ့သည် ဘုရင့်သမီး(အယ်မလီလေး)၏မွေးနေ့ဖြစ်သောကြောင့် များစွာ အရသာရှိလှပါသော စားသောက်ဖွယ်ရာများကို စားသုံးနိုင်သောကြောင့် ဖြစ်၏။ တပ်ထဲ၌ ဘုရင့်သမီးမွေးနေ့အတွက် အစားအသောက်မျိုးစုံပါရှိသော စားပွဲ တန်းကြီးကို အရှည်လိုက်ခင်းကျင်းပေးထားသောကြောင့် ထိုစားပွဲ တန်း၌စစ်သည်များ ပျော်ရွှင်စွာ စားသောက်နေကြ၏။ ရုတ်တရက်ဆိုသလို.... "အရေးပေါ်အမိန့်...ဘယ်လတ္တီကျူ.....နဲ့ဘယ်...လောင်တျီကျူ...နေရာသို့ နျူ လက်နက်ပစ်ခတ်ရန်..ဘုရင်မှအမိန့်ပေးခြင်းကို ပြန်လည်ဆင့်ကဲပြောကြားသူ အတိုင်ပင်ခံဖယ်" ထိုအမိန့်ထွက်လာသောကြောင့် စားသောက်နေသော စစ်သည်တော်များ ခေတ္တ မျှ ဆွံအသွား၏။နောက်မှ ပြန်လည်သတိရလာပြီး "ဟိုးလီးရှစ်...ဒီနေ့ကြီးဘာတွေဖြစ်ကုန်တာတုံးဟ" "မသိဘူး ...ကြည့်ရတာ..ဘုရင်ကို..တစ်ယောက်ယောက်ရန်စသွားပြီထင် တယ်.." "သူပြောတာ ငါထောက်ခံတယ်" စားသောက်နေရင်းမှ ချက်ချင်းပင် အမိန့်ညွှန်ကြား ချက်ကို ဆောင်ရွက်ရန် ပြေးလွှားသွားကြ၏။ဆောင်ရွက်ရန်မလိုသော စစ်သည်များကလည်း လိုက်လာကြ၏။အကြောင်းမှာ နျူ လက်နက်၏ပေါက်ကွဲအားကို သိလိုသောကြောင့်ဖြစ်၏။ ပါးစပ်၌အစားသောက်များပလုတ်ပလောင်းစားရင်းနဲ့ လက်နက်ထိန်းချုပ် ရေးစင်တာခန်းမသို့ စစ်သည်တော်မှ ဝင်ရောက်လိုက်၏။ထို့နောက် လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်လိုက်၏။ကျန်သော စစ်သည်များလည်း မိမိိတို့လုပ်စရာရှိသည့်အတိုင်း ဆောင်ရွက်လိုက်၏။ "တီ......" နျူလက်နက်ဒုံးကျည်မှာ.. ပစ်ခတ်ရန် အသက်ဝင်လာ၏။။ထိုအခါ ပစ်ခတ်ရ မည့်စစ်သည်တော်မှာ ပစ်ခတ်ရမည့်တည်နေရာကို ထည့်သွင်းလိုက်ပြီးလျှင် နျူလက်နက်ပစ်ခတ်ရန်အတွက်လိုသော လျှို့ဝှက်ကုတ်များကို ထည့်သွင်း လိုက်၏။ ထိုအခါနောက်ဆုံးခလုတ်တစ်ခုသာကျန်ရှိလေတော့၏။ "ကဲကွာ" ....တီ... ထိုအခါ နျူလက်နက်ဖြစ်သော ဒုံးကျည်မှာ "ဝုန်း...." ကောင်းကင်သို့ မြန်ဆန်စွာ အားကောင်းသောပေါက်ကွဲမှုဖြင့် ကောင်းကင် ပေါ်သို့ ထိုးတက်သွားလေတော့၏။ကောင်းကင်သို့ ရောက်သောအခါ သတ်မှတ်ပေးထားသောတည်နေရာဆီသို့ ပြင်းထန်မြန်ဆန်သောအရှိန်ဖြင့် ဦးတည်သွားလေတော့၏။ ထိုဒုံးကျည်ထွက်သွားပြီးသည်နဲ့ တစ်စုံတစ်ခုကလည်း လိုက်ပါပျံသန်းသွား လေ၏။ "ဟ မြင်ရတယ်ဟ...ငါတို့တွေဒီနေ့ကံကောင်းတာလားပဲ" "အေ..ဟုတ်တယ်..အစားကောင်းလည်းစားရတယ်..နျူလက်နက်ပြင်းအား လည်းကြည့်ရတယ်" စစ်သည်တော်များသည် ကြီးမားသောပရိုဂျက်တာကဲ့သို့ပုံကိုဖော်ပြပေးနေ သောအရာရှေ့၌ရပ်ကြည့်ကာပြောဆိုနေကြ၏။သူတို့ကြည့်နေသောအရာ သည် တခြားမဟုတ် သူတို့ပစ်လွတ်လိုက်သော နျူကလီးယားဒုံးကျည် သာ ဖြစ်လေ၏။ထိုသို့မြင်နေရသည်ကလည်း ထိုဒုံးကျည်နောက်ကို ထပ်ကြပ်မ ကွာလိုက်သွားသော မောင်းသူမဲ့လေယာဥ်ငယ်လေးကြောင့်ဖြစ်၏။ မောင်းသူမဲ့လေယာဥ်ကိုပါ လွတ်တင်ပေးလိုက်ရခြင်း၏ရည်ရွယ်ချက်သည် နျူကလီးယားဒုံးကျည် ၏အဖျက်ပြင်းအားမမြင်ဖူးသေးသော စစ်သည် တော်တို့ မြင်သာစေရန်ဖြစ်၏။ တစ်ခါတစ်လေ အာပေါက်အောင်ပြောသည်ထက် လက်တွေ့တစ်ခေါက်က ပိုမိုထိရောက်သည်လည်းဖြစ်၏။ ထိုမောင်းသူမဲ့လေယာဥ်ငယ်လေးသည် ဂရိတ်စစ်သည်တော်တို့မြင်ရအောင် လိုက်ပါရိုက်ကူးပြီးပြန်လည်ထုတ်လွင့်ပြသပေး၏။ထိူလေယာဥ်ငယ်လေး သည် သေးငယ်သော်လည်း အရှိန်မှာ လွန်စွာမြန်ဆန်ပေ၏။ထို့ကြောင့် မြန် ပါသည်ဟူသော နျူကလီးယားဒုံးကျည်နောက်ကို လိုက်နိုင်ခြင်းလည်း ဖြစ်၏။ "ဟ မြန်လိုက်တာ..ဘယ်လောက်မှမကြာသေးဘူး..ငါတို့တိုင်းပြည်က ထွက် သွားပြီဟ" ဒုံးကျည်၏မြန်ဆန်သောအရှိန်ကို စစ်သည်တော်များ အံသြနေကြ၏။ နောက်ထပ်သုံးမိနစ်ကြာသောအခါ စစ်သည်တော်များသည် ကြီးမားခမ်းနား လှသော မြို့ကြီးကို မြင်လိုက်ရလေ၏။ "ကြည့်ရတာ အဲ့မြို့ပဲထင်ပါတယ်.." ထိုအထုခံရမည့်မြို့အတွက် စစ်သည်တော်များ နှစ်စက္က န့်မျှ ငြိမ်သက် ပေးလိုက်ကြ၏။ထိုမြို့သည် ကျားရဲဂိုဏ်း ၏ပိုင်နက်တွင်ရှိသော မြို့ဖြစ်၏။ နှစ်မြို့ဖြစ်ပြီး ထိုမြို့နှစ်မြို့၏အရှင်သခင်နှစ်ယောက်သည် ဂျိတ်ကို အထင်မြင် သေးခဲ့ပါသော လန်စီလော့နဲ့ဆိုဘာတို့ပင်ဖြစ်၏။ စစ်သည်တော်များ၏မြင်ကွင်း၌ နျူကလီးယားဒုံးကျည် သည် ထိုမြို့နှစ်မြို့ထဲ သို့ မြန်ဆန်စွာပျံသန်းကျဆင်းသွား၏။ ကျဆင်းပြီးခေတ္တ ၌..... ......ဂျိန်းးးး....ဝုန်း..." ကြီးမားသော မှိုပွင့်ပုံစံရှိသော ပေါက်ကွဲမှုကြီးဖြစ်ပေါ်လာ၏။ထို့နောက် ထိုမှို ပွင့်ပုံစံပေါက်ကွဲမှု နောက်ထပ်သော ပေါက်ကွဲမှုက ပြန့်ကားပေါက်ကွဲသွား တော့၏။ "ဟိုးလီးရှစ်.... ငါမြင်တာမှားသွားတာလား" "ဟ...အဲ့လောက်ထိကြမ်းတာလား" .ဂရိတ်စစ်သည်တော်များ လုံးဝဆွံအသွား၏။ထိုနျူကလီးယားဒုံးကျည်သည် ထိုမျှအထိ ကြမ်းတမ်းကြောင်း သူတို့မထင်မိခဲ့သည်မှာ အမှန်ပင်ဖြစ်၏။ မောင်းသူမဲ့လေယာဥ်လေးက ကောင်းကင်၌ရှိနေပြီ ပေါက်ကွဲမှုမှလွတ်ကင်း သောနေရာ၌ ပျံသန်းကာမြင်ကွင်းကို ပြသပေးနေ၏။ပေါက်ကွဲသွားသောပုံစံ ကို အသေးစိတ်အထိ ကြည်လင်ပြတ်သားစွာ ပြသနိုင်မှုကြောင့် ဂရိတ် စစ်သည်များသည် သေချာရှင်းလင်းစွာမြင်လိုက်ကြ၏။ "ဂလု.." မနည်းလှသည့် အဖျက်ပြင်းအားပေတကား။သူတို့ဘုရင်သည် ထိုလို လက်နက်များအား ဘယ်မှာရလာသနည်းကို မတွေးတတ်ပေ။နျူလက်နက် ကျသွားရာ မြို့သည် ယခုအခု၌ အမှုန့်အဖြစ်လုံးဝပြောင်းလဲ သွားခဲ့ပြီလည်း ဖြစ်၏။ တစ်ခုတည်းတောင် ပြင်းထန်နေပါက ဂရိတ်တိုင်းပြည်တစ်ခုလုံး၌ချထား သောလက်နက်များဆိုပါက စစ်သည်များ အားတက်သွား၏။မိမိတို့တိုင်းပြည် သည် လွန်စွာအင်အားကြီးနေပြီမဟုတ်ပါလား။ ပေါက်ကွဲမှုပြီးသွားသောအခါ ကျန်ရစ်ခဲ့သော မြင်ကွင်းကိုလည်း လေယာဥ် ငယ်လေးမှ ဆက်လက်ပြသပေးနေ၏။ထို့ကြောင့် နျူလက်နက်ပေါက်ကွဲပြီး ကျန်ရစ်ခဲ့သောအရာများကိုလည်း စစ်သည်တော်များသေချာမြင်နေရ၏။ "ကျန်ရစ်သူမရှိ...ကျန်ရစ်တဲ့အရာဘာဆိုဘာမှကိုမရှိပါလားဟ.." တွေ့လိုက်ရသည့်နေရာတိုင်းက လုံးဝစုတ်ပျက်ပြီးပုံဖော်၍ပင် မရသောအရာ များသာဖြစ်၏။ ထိုအဖြစ်ပျက်များကို ပြသပြီးသည်နဲ့ မောင်းသူမဲ့လေယာဥ်ငယ်လေးသည် လည်း ဂရိတ်တိုင်းပြည်သို့ပြန်လာခဲ့တော့၏။ "ဟက်ချိုး...." ဆိုဘာနဲ့လန်စီလော့ တစ်ပြိုင်တည်း နာချေလိုက်ကြ၏။နာချေရုံတင်မဟုတ် သူတို့၏မျက်ခုံးများကလည်း အဆက်မပြတ်လှုပ်နေ၏။ "ဘာလားဟ" နှစ်ယောက်လုံး အံသြ သွားကြ၏။သူတို့သည် မာစတာအဆင့်ပင် ရောက်ရှိ သောကြောင့် ထိုသို့ဖြစ်ရန်လုံးဝခက်ခဲ၏။ဤသည်ကို အဘယ်ကြောင့် နှာချေ ပြီးမျက်ခုံးများ လှုပ်နေသည်ကို နားမလည်နိုင်ပေ။ ............ ကျားရဲဂိုဏ်း၌.... "အကြီးကဲတို့ ကုန်ပါပြီ...ကုန်ပါပြီဗျာ" ကျားရဲဂိုဏ်းသားတစ်ယောက်မှ အသားကုန်ပြေးကာ အော်ဟစ်လာ၏။ "ဟိုကောင်ဘာဖြစ်လာတာလဲ" ပြေးလာသောသူ၏ဆရာဖြစ်သူမှ ပြေးလာသူမှ မိမိတပည့်ဖြစ်ကြောင်း သိသ ဖြင့် မေးလိုက်၏။ထိုအခါမှ ပြေးလာသော တပည့်သည် ဆရာထံ တည့်မှန်စွာ ပြေးလာလေ၏။ "ဆရာ..သတင်းဆိုး...သတင်းဆိုး...ဗျ" "ဘာသတင်းဆိုးလဲ" "ဂိုးဒင်းနှစ်မြို့ပျက်စီးသွားပြီဆရာ.... ပြာပဲကျန်တယ်" ထိုစကားကို ကြားလိုက်ရသူတိုင်း ကြောက်လန့်တုန်လှုပ်သွားကြ၏။ "ငါ့တပည့် ဒါကနောက်စရာမဟုတ်ဘူးနော်" ဆရာဖြစ်သူမှ တပည့်ဖြစ်သူနောက်နေသည်ထင်ကာ ထပ်မေး၏။ "ဒါဆို ဒါကိုကြည့်လိုက်ပါ ကျနော်ကိုယ်တိုင်ဖမ်းယူလာတာ" တပည့်မှ ဆရာအား ရုပ်သံဖမ်းကျောက်တုံးပေးလိုက်၏။ထိုရုပ်သံဖမ်း ကျောက်တုံးအနားသို့ အစောပိုင်း၌ ကြားလိုက်ကြရသော ဂိုဏ်းသားတိုင်းက သိလိုသောကြောင့် စုဝေးလာကြ၏။ ဆရာဖြစ်သူကလည်း ထိုကျောက်တုံးကို ဖွင့်လိုက်၏။ "ဟာ...ဘယ်လိုဖြစ်တာလဲ" မြင်သူတိုင်း..ကြောက်လန့်တုန်လှုပ်သွားကြ၏။သူတို့မြင်နေရသည်ကား မီးခိုးငွေ့ထွက်ပြီးမဲနက်နေသော ပြာများသာရှိသော အမဲရောင်ပျက်စီး နယ်မြေကိုသာဖြစ်၏။ထိုနေရာသည် ဂိုးဒင်းနှစ်မြို့ဟု ထင်စရာအကြောင်း ပင်မရှိချေ။ ထိုနှစ်မြို့ပျက်စီးသွားခြင်းက ကျားရဲဂိုဏ်း၌အတော်ပင် ပွက်လောထ ရိုက်ခတ်သွားတော့၏။

(302) ကြိုတင်အသင့်ပြင်ခြင်း

ကျားရဲဂိုဏ်း၏ပိုင်နက်ထဲမှ မြို့နှစ်မြို့ပျက်စီးသွားခြင်းသည် ကြီးမားသော သတင်းကြီးတစ်ခုဖြစ်၏။ထိုသတင်းကို ကျားရဲဂိုဏ်းမှ ဖုံးဖိနိုင်စွမ်းမရှိသော ကြောင့် ကျန်သောဂိုဏ်းများကလည်း ကြားလိုက်၏။ မြို့နှစ်မြို့သည် ခေတ္တ အတွင်းပျက်စီးပျောက်ကွယ်သွားခြင်းက လွန်စွာပင် ကြောက်မက်ဖွယ်ကောင်းလှပေ၏။ထိုဖြစ်ရပ်ဆိုးကြောင့် ကျန်သောဂိုဏ်း များကလည်း အနည်းငယ်ထိတ်လန့်တုန်လှုပ်သွားလေ၏။ ဤသို့ဖြစ်ရခြင်းသည် ဆိုဘာ၏စကားကြောင့်ဖြစ်ပျက်ခဲ့သည်ကိုတော့ မသိ ကြပေ။ဆိုဘာသာ ထိုထက်အနည်းငယ်စကားဆက်လက်ကျွံသည်ဖြစ်စေ အယ်မလီ ငိုမိအောင်လုပ်မိသည်ဖြစ်စေပါက ဂျိတ်သည် တစ်ခါတည်း အသက်ပျောက်အောင်လုပ်မိမှာ အမှန်ပင်ဖြစ်၏။ ရက်အနည်းငယ်ကြာပြီးနောက် လန်စီလော့နဲ့ဆိုဘာသည် မိမိတို့၏ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာ၏။ထိုအခါ ကျားရဲဂိုဏ်းမှ မိမိတို့၏စံအိမ်ရှိရာ မြို့ နှစ်မြို့သည် ပြာအတိဖြစ်သွားကြောင်းကို ကြားသိလိုက်ရ၏။ ထိုအခါ လန်စီလော့သည် ဒေါသထွက်သွားပြီး ဆိုဘာကတော့ ဒေါသကြီး လွန်းသောကြောင့် သွေးများပင် အန်ထုတ်ရသည်အထိဖြစ်သွားလေ၏။ "တောက် ဟို ဘုရင်အနူစုတ်လေးလက်ချက်ပဲနေမှာ" ဆိုဘာသည် ဖြစ်ရပ်များကိုဆက်စပ်ပြီး ဆဲရေးလိုက်၏။ ဂျိတ်၏တိုင်းပြည် ကံကြမ္မာအားသည် လွန်စွာကောင်းသောကြောင့် ဟိတ်ဟန်သာပြပြီး ပြန်လာခဲ့ ကြခြင်းဖြစ်၏။သို့သော် ဂျိတ်မှ အတည်ဆော်သွားသောကြောင့် ဒေါသများ ပေါက်ကွဲသွား၏။ ဒေါသမထွက်ပဲ နေနိုင်ရိုးလား။မိမိတစ်သက်ရှာဖွေစုစည်းထားသမျှအရာများ နဲ့ အပိုင်စားရသည့်မြို့သည် လုံးဝပြာအတိကျသွားသောကြောင့်ဖြစ်၏။ဘာဆို ဘာမှကို မရရှိလိုက်ပေ။ "ဟိုကောင်တွေတော့ သွေးတော်တော်ဆောင့်တက်သွားလောက်တယ်" ထိုစကားကိုပြောနေကြသူကတော့ ဂရိတ်စစ်သည်တော်များဖြစ်၏။သူ တို့သည် နျူလက်နက်၏အဖျက်အားကို မျက်ဝါးထင်ထင် မြင်လိုက်ရသော သူများဖြစ်၏။ ထိုလုပ်ဆောင်ချက်ကြောင့် ကျားရဲဂိုဏ်းမှ မိမိတို့အား လာတိုက်မည် ဖြစ်ကြောင်းပါ သိထားကြ၏။ထိုသို့လာမည်ကိုလည်း စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။လာမှသာ မိမိတို့သည် တိုက်ပွဲဆင်နွှဲနိုင်မည် ဖြစ်သောကြောင့်လည်း ဖြစ်၏။ သူတို့၏ဆုတောင်းစကားပြည့်ဝသည်ဟု ဆိုရပေမည်။ဂရိတ်တိုင်းပြည်ကို တိုက်ပွဲဆင်နွှဲကြောင်း ကျားရဲဂိုဏ်းမှ အမိန့်ထုတ်ပြန်လိုက်၏။ ထိုအမိန့် ကြောင့် ကျန်သောသုံးဂိုဏ်းသည် အံသြ သွားကြ၏။ ကျားရဲဂိုဏ်း သည် သူတို့၏မြို့နှစ်မြို့ ပျက်စီးရခြင်းသည် ဂရိတ်တိုင်းပြည် ကြောင့်ဟုအကြောင်းပြပြီး တိုက်ပွဲဆင်နွှဲသည်လည်းဖြစ်၏။ ကျားရဲဂိုဏ်းမှ ရှိမျှသော အင်အားတစ်ရပ်လုံးစုစည်းကာ ဂရိတ်တိုင်းပြည်ဆီ သို့ ချီတက်လာလေ၏။ကျားရဲဂိုဏ်း၌ရှိသမျှသော လူဦးရေ၏ တစ်ဝက်မျှ အထိ ခေါ်ဆောင်လာ၏။ ထိုကြောင့်လည်း ကျားရဲဂိုဏ်းသည် စစ်သည်အင်အားသိန်းသုံးဆယ်အထိ ပါဝင်လာ၏။ "ငလူးပဲဟေ့......ငလူးပဲ......" စွန်ရဲအင်ပါယာဘုရင် ပေါက်ကွဲနေ၏။ကျားရဲဂိုဏ်းသည် မိမိမျက်နှာကို မ ထောက်ထားပဲ လုပ်ဆောင်နေသည်ဖြစ်၏။ထိုသို့လုပ်ဆောင်ချက်ကြောင့် သူ၏သြဇာအာဏာမှာ ကျဆင်းရ၏။ မိမိနယ်မြေထဲသို့ စစ်သည်သိန်းသုံးဆယ်ကြီးဖြင့် ဝင်ချလာမှုက ကြောက်မက် ဖွယ်ရာပင်ဖြစ်၏။ထိုအင်အားကြီးဖြင့်ဝင်ချလာမှုကမိမိကိုပင် ထိတ်လန့် ကြောက်ရွံစေခဲ့၏။သို့သော်လည်း သူတို့၏ဦးတည်မှုသည် ဂရိတ်တိုင်းပြည် ဖြစ်သောကြောင့် စွန်ရဲအင်ပါယာသည် ဝင်ရောက်ဖက်စွပ်ခြင်းမရှိပေ။ "အို....ဘုရင်အိုကြီးက..တယ်ကြောက်သကိုး" ဂျိတ်မှ တစ်ကိုယ်တည်းရေရွတ်လိုက်၏။မိမိတိုင်းပြည်ဆီသို့ အင်အားသိန်း သုံးဆယ်စုစည်းပြီး ကျားရဲဂိုဏ်းသည် ချီတက်လာကြောင်း စနစ်မှ အသိပေး မှုရရှိထား၏။ စွန်ရဲအင်ပါယာဘုရင်သည် ထိုကိစ္စ၌လည်း ပါဝင်ပတ်သက်ခြင်းမရှိပေ။သူ သည်လည်း မိမိတိုင်းပြည်ကို ပျက်စီးလိုစိတ်များနေကြောင်း သိပြီးသား ဖြစ်၏။ ပြောရလျှင် စွန်ရဲအင်ပါယာဘုရင်သည် မိမိတိုင်းပြည်ကို အငှားလက်ဖြင့် လူသတ်စေလိုသောပုံစံရှိ၏။ထို့ကြောင့်လည်း ကျားရဲဂိုဏ်းမှ သူ၏နယ်န မိတ်ထဲ အလုံးရင်းဖြင့် ဝင်ရောက်လာခြင်းကို တစ်ချက်မျှပင် တားဆီးခြင်းမ ရှိသည်လည်းဖြစ်၏။ စစ်သည်သိန်းသုံးဆယ်ဟူသော ပမာဏကလည်း နည်းနည်းနောနောမဟုတ် ပေ။ထိုစစ်သည်သိန်းသုံးဆယ်လုံးသည် အနည်းဆုံးပင် ရွှေအဆင့်မှစတင် ကြရာ လွန်စွာပင်ကြောက်မက်စရာကောင်း၏။ ထိုကိစ္စသည် ပြသနာမရှိချေ။မိမိတို့တိုင်းပြည်ကို ရောက်ရန် အနည်းဆုံးတော့ တစ်လတော့ အချိန်ယူရမည်ဖြစ်ကြောင်း သိထားပြီးဖြစ်၏။ထိုကာလ အတွင်း၌ ဂရိတ်တိုင်းပြည်သည် အဆင့်တစ်အဆင့်မှ ပြီးစီးအောင်မြင်ပြီး ဖြစ်၏။ "လက်ရှိအခြေနေကလဲ ငါ့မှာ coc(clash of clans)ဆော့နေတာကျနေတာ ပဲ" ဟုတ်ပေသည်။မိမိက မိမိစခန်းကို မြင့်အောင်ဆောက်လိုက် ရန်သူက လာ တိုက်လိုက်လိုဖြစ်နေ၏။ "လာခဲ့စမ်းပါ လက်နက်မျိုးစုံကို နောက်ထပ်စမ်းသုံးကြတဲ့ ငါ့စစ်သည်တော် တွေ အတွေ့ကြုံရတာပေါ့ကွာ" ဂျိတ်မှ ပြုံးမိ၏။ "ပြောနေတာကြာပါတယ် အခုပဲ အသင့်ပြင်ခိုင်းလိုက်တာကောင်းမယ်" ဂျိတ်မှ သူ၏လက်ထဲမှ ခလုတ်ကို နှိပ်လိုက်၏။ ထိုသို့နှိပ်လိုက်သည်နဲ့ ဂရိတ်တိုင်းပြည်နေရာအနှံ၌ရှိနေသော တပ်များနဲ့ တာဝန်မစ်ရှင်ပေးရာ အဆောက်ဦးတိုင်းရှိ နာရီများ စတင်မည်လာကုန်၏။ "ဒေါင်....ဒေါင်.....ဒေါင်" "ဝိုး........စောင့်နေတာကြာပြီပဲ...အခုတော့..ရောက်လာပြီပဲ" ထိုနာရီများကို တိုက်ပွဲခေါ်သံဟု နာမည်ပေးထားကြ၏။ထိုနာရီများသည် ကြီးမားပြီး ရွှေရောင်ပုံစံအဆင်တန်ဆာဖြင့် ဆင်ယင်ထား၏။ ထိုနာရီများသည် သူတို့၏နာမည်အတိုင်းပင် တိုက်ပွဲတစ်ခုတိုက်ခိုက်ရတော့မည်ဟု အချိန်ကျလာတိုင်းအသံမည်နေမည် ဖြစ်၏။ ယခုအသံမည်ခြင်းသည် ပထမဆုံးသောအကြိမ်လည်းဖြစ်၏။ ထိုအသံမည်သော တိုက်ပွဲနာရီ၏မျက်နှာတွင်လည်း ထိုစစ်သည်သိန်းသုံး ဆယ်မှ လာရန်ကျန်ရှိနေသော အချိန်များကိုလည်း ရေတွက်ပြသပေးနေ သေး၏။ "တာဝန်သစ်ထုတ်ပြန်ခြင်း...ဂရိတ်တိုင်းပြည်သို့ ကျားရဲဂိုဏ်းမှ အင်အား သိန်းသုံးဆယ်စုစည်းပြီး တိုက်ခိုက်ရန်ချီတက်လာပါပြီ...ထိုအင်အားစုကြီး ဂရိတ်တိုင်းပြည်သို့ ရောက်ရှိရန် တစ်လမျှလိုပါသည်။..ထိုအင်အားစုကို သတ်ဖြတ်ပါ..သတ်ဖြတ်နိုင်သလောက် အမှတ်ရရှိပါမည်။...တစ်ယောက်ချင်း သတ်တိုင်း သူတို့၏ကျင့်ကြံမှူအပေါ်မှုတည်ပြီး ရမှတ်များပေးသွားမည်..ဖြစ် ပါသည်။..နောက်ပြီး ယခုချိန်မှစ၍ ရမှတ်ဖြင့်ဝယ်ယူနိုင်သော ပစ္စည်းများကို 30%တိတိ စျေး လျော့ပေးမည်ဖြစ်ပါသည်။လျော့စျေးကာလသည် ထိုအင်အားစုကို သုတ်သင်ပြီး နောက်နှစ်ပတ်ကာလထိဖြစ်၏။" ထိုကြေညာချက်သည် တပ်ထဲရှိစစ်သည်တော်တိုင်းနဲ့ဂရိတ်တိုင်းပြည်နဲ့ တွဲဖက်လုပ်ကိုင်နေသော လုပ်ကြံသူများနဲ့စစ်သည်တော်အဆင့်ရှိသူတိုင်း အတွက် ထုတ်ပြန်ကြေညာခြင်းလည်းဖြစ်ပေ၏။ "ဝိုးး...." ကြားလိုက်သော စစ်သည်တော်တိုင်းနဲ့လုပ်ကြံသူတိုင်း၏မျက်လုံးများ တောက်ပလာသလို သူတို့၏သွေးများဆူပွက်လာလေ၏။ "30%လျော့စျေးဆိုပါလား" ထိုကြေညာချက်ကြောင့် စစ်သည်တော်များနဲ့လုပ်ကြံသူများသည် ဆာလောင် မွတ်သိပ်လာသလိုခံစားလိုက်ကြ၏။ဖြစ်နိုင်လျှင် ချက်ချင်းပင် ထိုစစ်သည် အင်အားသိန်းသုံးဆယ်(သုံးသန်း)ကို လာစေချင်လိုက်ကြ၏။ ထိုအင်အားကြီးသည် ကြောက်မက်ဖွယ်ရာကောင်းလွန်းသော်လည်း ကြေညာချက်ကြောင့် သူတို့၏မျက်စိထဲတွင်တော့ မိမိတို့အား အလကားလာ ပေးနေသော ရမှတ်များသာလျှင် ဖြစ်ပေနေတော့၏။ "နောက်ပြီး...တိုက်ပွဲ၌လိုအပ်သည်များ ပြန်လည်ဖြည့်တင်းနိုင်ရန် အတွက်.တိုက်ပွဲဝင်မည့်သူတိုင်း အကြောင်းကြားပေးပါ ရန်...အကြောင်းကြားပေးသောသူတိုင်း..ရမှတ်နှစ်ထောင်ပမာဏကို အလကားပေးမည်ဖြစ်ပြီး ရမှတ်သုံးထောင်အထိကို ချေးငှားယူနိုင်သည်။ တိုက်ပွဲ ပြီးမှသာ ပြန်လည်ဆပ်နိုင်ပါသည်" နောက်ထပ်သော ကြေညာချက်ကတော့ မီးလောင်နေသောထင်းပုံထဲသို့ ဓာတ်ဆီပုံးလိုက် လောင်းချလိုက်သလိုပင် ဖြစ်၏။ထိုကြေညာချက်ကြောင့် စစ်သည်တော်နဲ့လုပ်ကြံသူတိုင်း အကြောင်းကြားပြီး ရမှတ်နှစ်ထောင်ကိုယူ ကာ မိမိတို့လိုအပ်သော နေရာ၌ဝယ်ယူလိုက်ကြ၏။တစ်ချို့ကတော့ ရမှတ်သုံး ထောင်လုံးချေးငှားယူကာ ပိုပိုလျှံလျှံပြင်ဆင်ထားလိုက်ကြလေ၏။ အကြောင်းကြားသောလူတိုင်းသည် လက်ပတ်တစ်ခုစီရရှိလိုက်ကြ၏။ထို လက်ပတ်များသည် မိမိဖြစ်ကြောင်း သက်သေလည်းဖြစ်သလို မိမိသည်မည် မျှအဆင့်ရှိသော စစ်သည်တော်များကို သတ်ဖြတ်ကြောင်းနဲ့မည်မျှအထိ သတ်ဖြတ်ထားကြောင်းကို အာရုံခံပေးသွားမည်ဖြစ်၏။ အထူးခြားဆုံးသော တစ်ချက်ကတော့ အသက်အန္တရာယ်ဖြင့်လုံးဝကြုံတွေ့နေ ပါသည်ဟု ထိုလက်ပတ်မှယူဆသောအခါ ထိုလက်ပတ်မှအလိုလိုအသက် သွင်းပြီး ပိုင်ရှင်ကို ဂရိတ်တိုင်းပြည်ထဲသို့ တယ်လီပို့လုပ်ဆောင်ပေးလိုက် မည်ဖြစ်၏။ တယ်လီပို့လုပ်ပေးလိုက်ပါက အသက်အန္တရာယ်မှလွတ်မြောက်သွားမည်ဖြစ် သော်လည်း မိမိသတ်ဖြတ်ခဲ့သော လူအရေတွက်၏30% ရမှတ်များကို ဆုံးရှုံးသွားမည်ဖြစ်၏။ ထိုသို့သော လက်ပတ်၏အကြောင်းကို ကြားသိသောအခါ စစ်သည်တော်များ နဲ့လုပ်ကြံသူများသည် ပိုမိုပြီးပင် တက်ကြွလာလေတော့၏။မိမိ၏အသက်မ သေနိုင်မှန်းသိပါက ပိုမိုသတ်ဖြတ်နိုင်ကြတော့မည်ဖြစ်၏။

(303)စောင့်ဆိုင်းနေကြပြီ

စစ်ပွဲလာတော့မည်ဖြစ်သောကြောင့် ဂရိတ်တိုင်းပြည်သည် အရေးပေါ် ကြေညာချက်များထပ်မံနှိုးဆော်လိုက်၏။ထိုနှိုးဆော်ချက်ကြောင့် ဂရိတ် တိုင်းပြည်၏မြို့ရိုးများအနီး နေထိုင်နေကြသော ပြည်သူပြည်သားများသည် မြို့ရိုး များထဲသို့ ဝင်ကြရလေ၏။ "ရန်သူတွေလာတိုက်မယ်တဲ့ ဝင်ကြဝင်ကြ..." ပြည်သူပြည်သားများကလည်း မိမိတို့၏နေအိမ်များမှ ထွက်ခွာကာ မြို့ရိုး အတွင်းသို့ ဝင်ရောက်လိုက်ကြ၏။ပြည်သူပြည်သားများအကုန်ဝင်ရောက် ပြီးသည်ဆိုသည်နဲ့ "...ဂျိန်း." မြို့ရိုးရှိမြို့ဝင်ပေါက်ဂိတ်တံခါးများသည် လုံးဝပိတ်ချလိုက်တော့၏။ဂျိတ်၏အ မိန့်ပြန်မကျမချင်း ထိုဂိတ်တံခါးများသည် လုံးဝပွင့်ထွက်လာတော့မည်လည်း မဟုတ်ပေ။ ပြည်သူပြည်သား စုစုပေါင်းဆယ့်နှစ်သန်းအတွက် ပြောင်းလဲပြုပြင်ထား သော ဂရိတ်တိုင်းပြည်အသစ်က နေရာထိုင်ခင်းလုံလုံလောက်လောက်ပေး စွမ်းနိုင်ရုံသာမက ပိုပင်ပိုသေး၏။ ဂရိတ်တိုင်းပြည်၏ပြည်သူပြည်သားများ၏စားဝတ်နေရေးအတွက် မည်သို့ ဖြေရှင်းမည်နည်း။အဖြေကားရှိ၏။ နေထိုင်ရေးအတွက် ယခင်က သာမန်အိမ်များအစား အထပ်များစွာပါသော တိုက်များက နေရာယူကာ ယခင်ထက်များသောနေရာများစွာကိုလျော့ချနိုင်ခဲ့ ပြီး လူဦးရေ ပိုမိုနေထိုင်နိုင်ပြီလည်းဖြစ်၏။ တိကျစွာပြောရပါလျှင် ဂရိတ်တိုင်းပြည်၏အဆောက်ဦး98%အထိ သည် လက်ရှိ21ရာစုကျွနိုပ်တို့နေထိုင်ရာအဆင့်တန်းထိ ရှိနေပြီဖြစ်၏။ မြေအောက်တွင်လည်း အထပ်ပေါင်းများစွာပါရှိသောအဆောက်ဦးများ လည်း ဆောက်လုပ်ထား၏။အဆောက်ဦးများ ဆောက်လုပ်ပြီးစီးသောအခါ ထိုအဆောက်ဦးနေရာ၌ ယခင်ကနေထိုင်ခဲ့သော လူများ(မြေခြံအိမ်ပိုင်ရှင် များ)ကို ထိုအဆောက်ဦ၏တစ်ဝက်ကို ပြန်လည်ပေးအပ်ထား၏။ကျန် တစ်ဝက်ကိုတော့ ဂရိတ်တိုင်းပြည်မှ ပိုင်ဆိုင်လေ၏။ဤသည်ကလည်း ထိုအ ဆောက်ဦးဆောက်လုပ်ရခြင်း၏ကုန်ကျတန်ဖိုးပမာဏကြောင့်ဖြစ်၏။ ထိုလူများကလည်း ကျေနပ်ကြလေ၏။မိမိနေထိုင်ခဲ့ရသောအိမ်ထက် အဆင့် တန်းမြင့်မြင့်နေထိုင်နိုင်သည့်အပြင် မိမိမြေနေရာ၌ အဆောက်ဦးဆောက်သ ည့်အတွက် တိုင်းပြည်မှပေးအပ်သော လျော်ကြေးငွေပမာဏကလည်း များပြားသောကြောင့်ဖြစ်၏။ လူတိုင်းအတွက် အဆောက်ဦးများဆောက်လုပ်ပေးထားသောကြောင့် အနည်းဆုံး နေစရာမရှိသူပင် ခြံပါသော အိမ်ငယ်လေးတစ်လုံး သို့မဟုတ် အ ဆင့်မြင့်သော တိုက်၌ တိုက်ခန်းတစ်လုံးပိုင်ဆိုင်ကြ၏။ ထိုသို့သော အဆောက်ဦးများဆောက်ခြင်းဖြင့် မြေနေရာများစွာယူဆောင်မှု ကို ယခင်ကထက် လျော့ချနိုင်ခဲ့သလို နေထိုင်စရာမရှိသော ဆင်းရဲသောလူ ဦးရေကိုလည်း လျော့ချနိုင်ခဲ့၏။ဤနည်းဖြင့် ဂျိတ်သည် ဂရိတ် တိုင်းပြည်၏ပြည်သူပြည်သားများအတွက် နေထိုင်ရေးကို ဖြေရှင်းပေး ခဲ့၏။ စားသောက်ရေးအတွက်လည်း ဖြေရှင်းပြီးဖြစ်၏။အရည်သွေးကောင်းမွန်း သော စိုက်ခင်းများနဲ့မွေးမြူရေးခြံများကိုလည်း ပြင်ဆင်ထားပြီးဖြစ်၏။ထို နေရာများမှ အရည်သွေးမြင့်သော အသားငါးနဲ့ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို စျေးနှုန်းချိုသာစွာ ဝယ်ယူနိူင်မည်လည်းဖြစ်၏။ ထိုသို့ စားသောက်ရေးနဲ့ကျန်သောကိစ္စအဝ ဝအတွက် သုံးနိုင်ရန် ငွေကြေး အတွက်လည်း များစွာသောအလုပ်များစွာရှိသေး၏။ ဦးနှောက်နဲ့ကိုယ်ခန္ဓာဖွံဖြိုးရေးအတွက်လည်း စာကြည့်တိုက်များ၊သတင်းစာ များနဲ့ အားကစားကွင်းများအားကစားနည်းများလည်းရှိသေး၏။ ဤသို့ဖြင့် အဘက်ဘက်မှ ပြည့်စုံအောင် ဖန်တီးပြီးသားဖြစ်၏။ထိုသို့ လုပ်ဆောင်ထားရာ ဘယ်တိုင်းပြည်သူပြည်သားက ထွက်ချင်နေမည်နည်း။ အချိန်တစ်လပြည့်သွားသောအခါ.... "ပထမအဆင့်အား မြင့်တင်ပြီးပါပြီ" ထိုအသံနဲ့အတူ ဂရိတ်နန်းတော်အောက်မှ အရာတစ်ခုက အော်လာလေ၏။ထို အရာသည် ထူးဆန်းသော အက္ခရာများစွာဖြင့် ပြည့်နှက်နေသော အိမ်တစ် အိမ်စာ ပမာဏာရှိသော ကုဗတုံးဖြစ်၏။ ထိုသို့အသံမြည်ပြီးသည်နဲ့ ထိုကုဗတုံးမှ လှိုင်းများထုတ်လွှတ်လိုက်၏။ထို လှိုင်းများသည် ဂရိတ်တိုင်းပြည်တစ်ခုလုံးကို ပြန့်နှံသွား၏။ ထိုကုဗတုံးကို ဂျိတ်က မှော်ကုဗတုံးဟုခေါ်၏။ထိုကုဗတုံးသည် အလွန် အစွမ်းထက်၏။သူ၏လုပ်ဆောင်ချက်သည် ကျနော်တို့ဆော့သော ဂိမ်းထဲ၌ မြို့တော်နှလုံးသားဟုခေါ်နိုင်သော အချက်အချာတစ်ခုဟု ဆိုလျှင်လည်း မမှား ပေ။ သူ၏လုပ်ဆောင်ချက်ကို တ်ိတိကျကျရှင်းပြရသော် ဂရိတ်တိုင်းပြည်တစ်ခု လုံး၏ကာကွယ်ရေးကိုလုပ်ဆောင်ပေးနိုင်သလို ခုခံမှုမြင့်တင်နိုင်စွမ်းရှိ၏။ ကုဗတုံးမှနေ၍ ဂရိတ်တိုင်းပြည်ကို ချုပ်ကိုင်ချယ်လှယ်နိုင်စွမ်းရှိလေ၏။ ယခင်ကဂျိတ်သည် ပုံရိပ်ယောင်ပုံစံဖန်တီးကာ ပြောင်းလဲခဲ့ဖူးသေး၏။ ယခုမှာကား အတည်တကျဖြစ်စေပြီး ထိုမှော်ကုဗတုံးကို ညဏ်ရည်တုဖြင့် လည်း ချိတ်ဆက်သွယ်ထားသေး၏။ ကုဗတုံးမှ လှိုင်းများပြန့်နှံပြီးသော ဂရိတ်တိုင်းပြည်၏အိမ်များအဆောက်ဦး များ၏ အရည်သွေးသည် လုံးဝပြောင်းလဲသွားတော့၏။အပြင်ပိုင်းပုံစံမ ပြောင်းလဲသော်လည်း အရည်သွေးမှာ နှစ်ဆတိုးတက်လာလေ၏။ မြို့ရိုးတံတိုင်းများကလည်း သိသိသာသာပင်ပြောင်းလဲ၏။ယခင်မြို့ရိုး များသည် 40မီတာအရှည်ရှိပြီး 10မီတာထူရာမှာ နှစ်ဆတိုးလာသောကြောင့် ပိုရှည်ပြီးထူထဲလာလေ၏။ "ပထမအဆင့်ပြီးဆုံးပြီ..ဒုတိယအဆင့်စမယ်" "ကောင်းပါပြီ" မှော်ကုဗတုံးသည် မှတ်ညဏ်ရည်အတုဖြင့်ချိတ်ဆက်ထားရာ ပြန်လည် ဖြေကြားနိုင်၏။ ပထမအဆင့်ပြီးမြောက်သွားသောကြောင့် လမ်းပန်းဆက်သွယ်ရေးနဲ့တခြား သောကူသန်းသွားလာရေးများပွင့်ထွက်လာလေတော့၏။ ပထမအဆင့်ပြီးမြောက်ကြောင်း မှတ်ညဏ်ရည်အတုမှ တစ်တိုင်းပြည်လုံး အား ဖြန့်ကျက်လိုက်၏။ နောက်နေ့၌..... "ဟာ....ဒီလေးထောင့်ကြီးက..ဘာလို့ လမ်းပေါ်မှ သွားနိုင်တာလဲ".. "ဒါက ကားလို့ခေါ်တယ်...မြင်းထက်မြန်တယ်ပြီးတော့ မြင်းလိုအစာကျွေးတာ ဝေရဝစ္စတွေလုပ်ဖို့မလိုဘူး" ."ဟာ မိုက်တာပေါ့" လူများ အံသြနေကြ၏။ "ဒါကကော ဘာကြီးလဲ" "ဟုတ်တယ် ကြည့်ရတာ ရှည်မျောမျောကြီးပဲ တီကောင်ကြီးကျနေတာပဲ" "ဒါက ရထားလို့ခေါ်တယ်" "ဟင် ဒီလို" ဟုတ်ပေသည်။ ရထားများ ကားများနဲ့သဘော်များစတင်ပြေးဆွဲနေပြီ ဖြစ်၏။ထိုသို့လုပ်ဆောင်မှုများကြောင့် ဂရိတ်တိုင်းပြည်သူပြည်သားများ အံ သြပျော်ရွှင်သွားကြ၏။ထိုသို့ သွားလာနိုင်မှုကြောင့် အချိန်ကုန်လူပင်ပန်းမှူ သက်သာလာသောကြောင့်ဖြစ်၏။ထို့ပြင် သွားလာရာ၌ ဇိမ်ရှိသည်ကလည်း အများပြည်သူတို့အတွက် အထူးဆန်းကျေနပ်စရာတစ်ခုပင်။ ပထမအဆင့်မပြီးခင်၌ သွားလာရေး၌ စက်ဘီးများကိုသာ ထုတ်လုပ်ထား ခြင်းဖြစ်၏။ယခုမှပထမအဆင့်ပြီးသောကြောင့် ကားများ၊ရထားများကို စတင်အသုံးပြုလာခြင်းဖြစ်၏။ ညရောက်သောအခါ၌လည်း တစ်တိုင်းပြည်လုံး လင်းထိန်သွားး၏။ အကြောင်းမှာ နေရာတိုင်းလမ်းတိုင်း အိမ်တိုင်းကို မီးသီးများမှ အလင်းရောင်ထုတ်လွှင့်လိုက်သောကြောင့်ဖြစ်၏။ "ဟေး...အခုတော့ညလဲ မနက်လိုလင်းထိန်နေတာပါလား" လူတိုင်းပျော်ရွှင်ကျေနပ်နေကြ၏။အကျေနပ်ဆုံးသောလူများကို ညွှန်ပြပါဟု ဆိုရပါက ဂျိတ်မှ ထိုစီမံကိန်းကို ပြသစဥ်က အံသြခဲ့ကြရသော မှူးကြီးမတ်ရာ များပင်ဖြစ်၏။ ထိုစဥ်က ဂျိတ်မှပြသခဲ့သော စာအုပ်ထဲက ပုံစံအတိုင်းနဲ့ ညအချိန်တွင် မနက် ကဲ့သို့လင်းထိန်စေမည်ဟူသော အချက်ကို ဟုတ်နိုးနိုး...မဟုတ်နိုးနိုးဖြင့် လက်ခံခဲ့ကြ၏။ ယခုမှာ ဂျိတ်၏စာအုပ်အတိုင်း အရာရာတိုင်း အမှန်ကန်ဖြစ်တည်လာ သောအခါ လုံးဝပျော်ရွှင်ကျေနပ်နေကြ၏။ထိိုသို့ဖြစ်မြောက်လာအောင် ဖန်တီးပေးမှု၏အဓိကလူဖြစ်သော ဘုရင်ဖြစ်သော ဂျိတ်ကို ရင်ထဲမှ နေ၍လည်း လေးစားယုံကြည်ကိုးကွယ်ကြပြီလည်းဖြစ်၏။ တိုင်းပြည်သူပြည်သားများပျော်နေသလို စစ်သည်များနဲ့လုပ်ကြံသူများ လည်း ပျော်ရွှင်နေကြ၏။လက်များယားနေကြသည်ဆိုပါက ပို၍လည်း မှန်၏။ အကြောင်းမှာ ကျားရဲဂိုဏ်းသည် မိမိတို့တိုင်းပြည်နဲ့နီးကပ်လာသောကြောင့် ဖြစ်၏။ထို့ကြောင့် ချီတက်လာသော ရမှတ်များကို အမြန်စုဆောင်းရန် စိတ် အားထက်သန်စွာ စောင့်ဆိုင်းနေလိုက်ကြ၏။

All Chapters