← Chapters

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

တိုက်ပွဲစတင်ပြီ

"နောက်ထပ်မိုင်နှစ်ရာမှာဆိုရင် ငါတို့တိုက်ခိုက်ရမဲ့တိုင်းပြည်ပဲ" ဆိုဘာမှ သူ၏ဂိုဏ်းသားများကို ပြောကြားနေ၏။သူ၏စစ်သည်တော်အဆင့် ကြောင့် အသံသည်လည်း လွန်စွာပင် ကျယ်လောင်သည်ဖြစ်ရာ လူတိုင်းကြား ကြ၏။ ဆိုဘာသည် မိုင်နှစ်ရာအကွာဝေး၌ရှိနေသော ဂရိတ်တိုင်းပြည်ကို ကြည့်ကာ ဖျက်စီးရန်စိတ်ဝင်စားနေ၏။သူ၏မြို့ပျက်စီးသွားသလို ဖျက်စီးပစ်ရန် လွန်စွာ ပင် တာစူနေလေ၏။ ဆိုဘာသည် စစ်သည်တော်သုံးသန်းပမာဏကို စစ်ကြောင်းသုံးကြောင်းခွဲစေ ပြီး တိုက်ခိုက်မည်ဖြစ်၏။ထို့ကြောင့် စစ်ကြောင်းတစ်ကြောင်း၌ စစ်သည် တစ်သန်းပမာဏရှိလေ၏။ ထိုစစ်ကြောင်းသုံးကြောင်းဖြင့် ဂရိတ်တိုင်းပြည်၏သုံးနေရာကို တစ်ချိန် တည်းတစ်ပြိုင်တည်း တိုက်ခိုက်ပစ်မည်ဖြစ်၏။ထိုအခါ ဂရိတ်တိုင်းပြည် သည် မိမိ၏လက်အောက်ကျရောက်မည်ဟု တွက်ချက်ထားပြီးဖြစ်၏။ ကျားရဲဂိုဏ်းမှ စစ်သည်များသည် များစွာစုံလင်လှ၏။ခြေလျင်လှုပ်ရှား သူများ၊မှော်အင်းပညာရှင်များ၊လုပ်ကြံသူများနဲ့တခြားခြားသော အမျိုးစား များစွာပါဝင်၏။ "ချီတက်ကြ" ဆိုဘာ၏အမိန့်ကြောင့် စစ်သည်သုံးသန်းသည် စစ်ကြောင်း သုံးကြောင်းဖြင့် တစ်ချိန်တည်းချီတက်ကြလေ၏။လန်စီလေ့ာသည် ဧည့်သည်ဂိုဏ်းဝင် အကြီးကဲဖြစ်သောကြောင့် အဓိကနေရာမှမနေပဲ ဘေး၌နေပြီးတိုက်ခိုက်မည် ဖြစ်၏။ "နီးလာပြီ သူတို့က" ကျားရဲဂိုဏ်းအလာကို စောင့်ကြိုနေသူများကတော့ ဂရိတ်တိုင်းပြည်စစ်သည် များနဲ့လုပ်ကြံသူများ ကြေးစားများဖြစ်ကြ၏။ထောက်လှမ်းမှုဒရုန်းများ ကြောင့် ကျားရဲဂိုဏ်းသည် မိုင်တစ်ရာဝန်းကျင်အထိဝင်ရောက်လာပြီဖြစ်ကာ စစ်ကြောင်းသုံးကြောင်း ခွဲထားကြောင်း သိထားပြီးဖြစ်၏။ သူတို့စစ်ကြောင်းသုံးကြောင်းတိုက်ခိုက်မည့် မြို့များသည် ဖက်၊ဆာကေး၊ခ ရက်မြို့နဲ့နွိုက်မြို့များဖြစ်ကြောင်း သိထားရာ ထိုနေရာများသို့ အမြန် သွားရောက်ကာ နေရာယူထားပြီးဖြစ်၏။ ထိုမြို့များသို့ သွားရောက်ခုခံပေးမည့်သူများအတွက် ဂျိတ်မှ ကားများ၊ရထား များ၊သင်ဘောနဲ့လေယာဥ်များကို အခမဲ့စီးနင်းခွင့်ပြုပေးထား၏။ထို့ကြောင့် တစ်တိုင်းပြည်လုံးရှိ လုပ်ကြံသူများနဲ့ကြေးစားများသည် အချိန်တိုတွင်း၌ ထိုမြို့လေးမြို့၌ ရောက်ရှိနေပြီးဖြစ်၏။ တိုင်းပြည်၏စစ်သည်များကတော့ အထူးအခွင့်ရေးဖြင့်ရရှိထားရာ တိုက်ပွဲ၌ပါမည့်သူတိုင်း မိမိကြိုက်နှစ်သက်ရာ လက်နက်နဲ့အတူယူဆောင်ပြီး လေယာဥ်ဖြင့် စီးနင်းကာ ထိုမြို့များ၌ ရောက်နှင့်နေပြီဖြစ်၏။ "သတင်းအရ..နောက်ထပ်မိုင်ရှစ်ဆယ်အကွာဝေးရောက်ရင် တိုက်ခိုက်လို့ရပါ ပြီ" ထိုကြေညာချက်က ဂရိတ်တိုင်းပြည်၏မြို့လေးမြို့သို့ ပြန့်နှံသွား၏။ထို ကြေညာချက်ထွက်ပြီးသည်နဲ့ တိုက်ခိုက်မည့်လူတိုင်း သွေးများဆူပွက်လာ ကြ၏။ စစ်သည်တော်များက လက်နက်သစ်ဖြင့် သတ်ဖြတ်ရန်လက်ယားနေသလို ကြေးစားများက ရမှတ်များများရရန် ဆာလောင်နေကြ၏။ "ဟ မင်းတို့ကမလွန်နဲ့လေ" ကြေးစားအုပ်စုမှ သူတို့ဘေး၌ရပ်နေသော စစ်သည်တော်အုပ်စုကို ညီးတွား လိုက်ကြ၏။အကြောင်းမှာ မိမိတို့၏လက်နက်များသည် ထိုစစ်သည် များ၏လက်နက်ကိုမမှီသောကြောင့်ဖြစ်၏။ "ဒါလား..မကျေနပ်ရင် တပ်ထဲဝင်လေ" ပြန်လည်တုံပြန်လာသော စစ်သည်တော်၏စကားကြောင့် ကြေးစားများ မခံ ချင်ဖြစ်သွားကြ၏။ကြေးစားများ၏ဖြစ်သွားသောအမူရာကြောင့် စစ်သည် တော်များသည် ရယ်မောလိုက်ကြ၏။ စစ်သည်တော်များသည် လက်ရှိ၌ တင့်ကားများနဲ့ပြင်းအားများသော လက်နက်များ ကိုင်ဆောင်ထားကြ၏။ထိုလက်နက်များသည်ရမှတ်များများ ပေးနိုင်မှရနိုင်သော အထူးလက်နက်များဖြစ်ရာ ကြေးစားများမနာလိုနေကြ ခြင်းဖြစ်၏။ ကြေးစားများသည် လက်နက်အလိုရှိပါက ရမှတ်ဖြင့် ဝယ်ရမည်ဖြစ်ပြီး စစ်သည်တော်များကတော့ ဝယ်ရန်မလိုအပ်ပေ။မိမိတို့လိုချင်သော လက်နက် ကို ယူငင်ကိုင်ဆောင်ရုံသာဖြစ်၏။စစ်သည်တော်များက ထိုနေရာ၌အားသာ ချက်ရှိ၏။ "နေပါစေ ငါတို့က ပိုလွတ်လပ်တယ်ကွ" ကြေးစားများက ပြန်လည်ချေပ၏။ "သတ်မှတ်ထားသော အကွာဝေးသို့ ရောက်ရှိလာပါပြီ တိုက်ခိုက်နိုင်ပြီ" ထိုကြေညာချက်လည်းပြီးသည့်အခါ ဂရိတ်တိုင်းပြည်၏မြို့လေးမြို့၏ဂိတ်တံခါး များ ပွင့်လာကြ၏။ "တိုက်ကြ" ဂရိတ်စစ်သည်များနဲ့ကြေးစားများသည် ကျယ်လောင်စွာ အော်ဟစ်ပြီးထွက် ခွာသွားကြ၏။ထိုသို့ ထွက်လာသည်ကို အမြင်ကောင်းသော ဆိုဘာမှ မြင်သည်။ "ဟ ဒီကောင်တွေ ရူးနေတာလား" ဆိုဘာမှ မိမိတို့ထံပြေးဝင်လာသော ဂရိတ်စစ်သည်များအုပ်စုကို မြင် သောအခါ ရယ်မောမိ၏။မိမိတို့သည် အင်အားများပြားသည့်အပြင် သူတို့ ထက် စစ်သည်တော်အဆင့်လည်း မြင့်သည်မဟုတ်ပါလား။ "သူတို့ကို မျိုးဖြုတ်ကြ" "ကျား" ကျားရဲဂိုဏ်းမှ စစ်သည်များကလည်း အော်ဟစ်ကာပြေးလွှားလာကြ၏။သူ တို့၏အစွမ်းများကိုလည်း ထုတ်သုံးလိုက်ကြ၏။ထိုအခါ သူတို့၏ကိုယ်ခန္ဓာ အစိတ်ပိုင်းများသည် ကျားလက်သည်းများ၊ကျားခြေထောက်များနဲ့ကျား ကိုယ်ခန္ဓာအသွင်စသည်ဖြင့် ပြောင်းလဲသွားတော့၏။ ထိုသို့ပြောင်းလဲသွားသောအခါ သူတို့၏တိုက်ခိုက်နိုင်စွမ်းသည် တိုးတက် လာ၏။ဤသည်မှာ ကျားရဲဂိုဏ်း၏အစွမ်းပင်ဖြစ်၏။ "အဲ့ဒီ လူတစ်ပိုင်းတိရစ္ဆာန်တစ်ပိုင်းတွေကို အပြတ်ချဟေ့" ကြေးစားတစ်ယောက်မှ သံချပ်ကားပေါ်မှနေ၍ အသံချဲ့စက်ဖြင့်အော်၏။ထို ကြေးစားသည် စစ်သည်တော်ကားပေါ်၌နေပြီး ဂရိတ်တိုင်းပြည်အလံတော် ကို ကိုင်ထားရင်း အော်ခြင်းဖြစ်၏။ သူ၏စကားသံသည် ကျယ်လောင်လှရာ ဂရိတ်စစ်သည်အားလုံးကြားကြပြီး ရယ်မောကြလေ၏။ "အဲ့ဒီငလူးမသားကိုအရင်သတ်ဟေ့" ထိုအသံချဲ့စက်မှစကားကြောင့် ကျားရဲဂိုဏ်းမှ စစ်သည်များဒေါသထွက်သွား ကြ၏။ထိုစကားလုံးကို အမုန်းဆုံးဖြစ်ရာ ထိုစကားကြားလိုက်ရခြင်းက အနာ ပေါ်တုတ်ကျသည့်နှယ်ပင် ဖြစ်၏။ ခြေလျင်ကျားရဲဂိုဏ်းသားများက ပြေးလွှားလိုက်ကြ၏။ "ဟုတ်ပြီသေစမ်း" မိုင်နှစ်ဆယ်အကွာသို့ ကျားရဲဂိုဏ်းသားများသည် မြန်ဆန်စွာရောက်ရှိလာ ကြ၏။ထိုဂိုဏ်းသားများသည် ရွှေအဆင့်၌ရှိကြ၏။ ထိုအကွာဝေးသို့ ကျားရဲဂိုဏ်းသားများရောက်လာသည်နဲ့.. "ရော့ ကွာ" ကြေးစားတစ်ယောက်မှ RPGဖြင့် ထုချလိုက်၏။ "ကျွီ " ဒုံးကျည်မှ မြန်ဆန်စွာဖြင့် ကျားရဲဂိုဏ်းသားများထံ ပစ်ဝင်သွား၏။ "ကာကြ" ကျားရဲဂိုဏ်းသားများ၏ကျားရဲလက်ကို ချာက္က ရာဖြင့် ပေါင်းစပ်ကာ ကာ ကွယ်လိုက်ကြ၏။ထို့ကြောင့် RPG၏ပေါက်ကွဲမှုသည် သူတို့အပေါ်၌ ထိခိုက်ခြင်းမရှိခဲ့ပေ။ "အို..မင်းတို့ဟာက နာလည်းမနာဘူး" ကျားရဲဂိုဏ်းသားများက ပြန်လည်လှောင်ပြောင်လိုက်ကြ၏။ "တစ်ခါမရရင်..တစ်ရာပေါ့ကွာ" ("ကျွီး.......×100) "ဟ...ငလူးမသားတွေ..ယိပဲပေါ့" သူတို့စမိသည်မှာ မှားကြောင်းသိလိုက်ကြ၏။သိလိုက်ကြရခြင်းမှာ RPGအလုံးတစ်ရာမှ တစ်ပြိုင်တည်း သူတို့ထံ ပြေးဝင်လာသောကြောင့် ဖြစ်၏။ ."ဝုန်း" RPGအလုံးတစ်ရာ၏မိတ်ဆက်မှုကြောင့် ကျားရဲဂိုဏ်းသားများ သေကုန် ကြ၏။တစ်ရာ၏ပေါက်ကွဲမှုကိုတော့ သူတို့လည်း မခုခံနိုင်ပေ။ "စစ်သည်တော် ငါတို့လည်း အားကျမခံပြန်ပစ်ကြလိုက်စမ်း" ကြေးစားများ စတင်လှုပ်ရှားနေသောကြောင့် ဂရိတ်စစ်သည်များကလည်း တိုက်ပွဲကို ဝင်ပါပစ်ခတ်လိုက်ကြ၏။ "ဂျိန်း... .ဂျိန်းးးး...." တင့်ကားများမှ အမြောက်ဆန်များ ထွက်သွား၏။ "ဝုန်း...ဝုန်း" မနည်းလှသော ကျားရဲဂိုဏ်းသားလူအုပ်ကြီးထဲကျရောက် ပေါက်ကွဲပြီး သူ တို့၏အသက်ကို ယူဆောင်သွား၏။ "ပြန်ချဟေ့" ကျားရဲဂိုဏ်းမှ အထူးမီးမြှားများသည်လည်း ဂရိတ်တိုင်းပြည်ဘက်သို့ ထောင်သောင်းချီကာ ကောင်းကင်မှပျံဝံလာလေ၏။ ကျားရဲဂိုဏ်းနဲ့ဂရိတ်တိုင်းပြည်သည် စတင်တိုက်ခိုက်လိုက်ကြပြီလည်း ဖြစ်၏။

(305)ပြင်းထန်သောတိုက်ပွဲ

ကျားရဲဂိုဏ်းမှ အထူးမီးမြှားများစွာက ကောင်းကင်ယံအနှံ လွှမ်းခြုံသွား၏။ တစ်ယောက်လျှင် သုံးချောင်းနှုန်းဖြင့် ပစ်လိုက်သော မြှားတို့သည် အယောက် ပေါင်းသိန်းချီဖြင့် ပစ်လိုက်သောအခါ အလွန်တရာပင် များပြားနေတော့၏။ "ကျီ .....ဝုန်း" ထူးခြားသော အလုံးက ထိုမြှားအုပ်ကြီးကို ထိမှန်သွားလေတော့၏။ထိုအခါ ထိုမြှားအုပ်စုကြီးသည် ဂရိတ်တိုင်းပြည်စစ်သည်များထံပင်မရောက်လိုက် ပေ။တစ်ခါတည်း လေထဲ၌ ပြာအဖြစ်ပြောင်းလဲသွား၏။ ဟုတ်ပေသည်။မြို့ရိုး၌ ရှိထားသော ကာကွယ်ရေးလက်နက်များ၏လက်ချက် ပင်ဖြစ်၏။ထိုလက်နက်များသည် အဆင့်မြင့်တင်ပြီးနောက်ပိုင်း ကာကွယ်ရုံ သပ်သပ်ပင်မဟုတ်ပဲ တိုက်ခိုက်၍ပါရလာပြီဖြစ်၏။ သို့သော်လည်း တိုက်ခိုက်ခြင်းလုပ်ဆောင်မည်မဟုတ်ပေ။မြှားနဲ့တခြားခြား သော လေပေါ်ပစ်အဖျက်လက်နက်များကိုသာ ဖျက်စီးချေမှုန်းပေးမည် ဖြစ်၏။ဒါမှလည်း တိုက်ခိုက်နေကြသော ကြေးစားများ နဲ့စစ်သည်တော် တို့၏ရမှတ်များကို မနှောင့်ယှက်မိမည်လည်းဖြစ်၏။ ဂျိတ်သည် ထိုသို့အမိန့်ပေးထားသောကြောင့်လည်းဖြစ်၏။ "တောက်" ကျားရဲဂိုဏ်းသားများ ဒေါသထွက်သွား၏။သူတို့၏မြှားများကို နောက်ထပ် တစ်ကြိမ်ပစ်ခတ်လိုက်ကြပြန်၏။ထိုတစ်ခါ၌ ချာက္က ရာများကိုပါ ထည့်သွင်း ပစ်ခတ်လိုက်၏။ ထို့ကြောင့် မြှား၏မာကျောမှု အရှိန်နဲ့ပြင်းအားလည်း ပိုမိုအားသာလာ လေ၏။ "ဝှီးးး.......ဂျိန်းးးးး" မြှားများသာမကပဲ ထူထဲလေးလံသော လှံရှည်များနဲ့ လောက်လွှဲစင်ကြီးမှာ မီးလောင်နေသော ကျည်လုံးများနဲ့ကျောက်ခဲများပါ ပါဝင်လေ၏။ ပထမအကြိမ် မြှားအုပ်သည် ကောင်းကင်၌ ဖြန့်ကျက်သယောင်လိုဆိုပါက ယခုအကြိမ်ပစ်ခတ်လိုက်သောအခါ အလင်းရောင်ပျောက်မတတ်ပင်ဖြစ် လေ၏။ "ကျွီ ...ကျွီ .." မြို့ရိုးမှ ကာကွယ်ရေးလက်နက်များက ထပ်မံပစ်ခတ်လိုက်ပြန်၏။တိကျနေ သော ပစ်ခတ်မှုဖြစ်ရာ အဘယ်လွတ်နိုင်မည်နည်း။ပစ်သမျှသော မြှား၊လှံနဲ့ ကျောက်ခဲများက လေထဲမှာပင် ထပ်မံ၍အမှုန့်ဖြစ်သွားရပြန်လေ၏။ အုပ်စုလိုက်ပစ်ခတ်သည်ဖြစ်စေ တစ်ချောင်းခြင်းပစ်ခတ်သည်ဖြစ်စေ ထို လက်နက်များက တိကျစွာထိမှုန်အောင် ပစ်ခတ်နိုင်စွမ်းရှိလေ၏။ "လေပေါ်ပစ်သမျှကို ဂရိတ်တိုင်းပြည်မြို့ရိုးကထူးခြားတဲ့လက်နက် ချေမှုန်း နေပါတယ်" ကျားရဲဂိုဏ်းသားတစ်ယောက်က အခြေနေများကို နောက်သို့ပြန်လည် တင်ပြ၏။ "ဒါဆို မပစ်ခတ်နဲ့ တိုက်ကျဟေ့" ပစ်ခတ်သောလက်နက်များ အလုပ်မဖြစ်ကြောင်းသိလိုက်ရသောအခါ အစီစ ဥ်ပြောင်းရလေ၏။ အမိန့်သံအဆုံး၌ ရွှေအဆင့်ခြောက်များဖြစ်သော ကျားရဲဂိုဏ်းတပ်က ညာသံ ပေးကာ ချီတက်သွားကြပြန်၏။ ရှေ့ဆုံး၌ တိုက်ခိုက်နေသော ကျားရဲဂိုဏ်းသားများသည် ရွှေအဆင့်တစ်နဲ့နှစ် ထိရှိသူများဖြစ်ကြပြီး ၎င်းတို့ကို ရှေးပြေးတပ်သား သို့မဟုတ် လမ်းရှင်း သူများဟုခေါ်ဆိုကြ၍ လက်ရှိပြေးလာသော အုပ်စုကို တိုက်ခိုက်သူများဟု ခေါ်ဆိုကြ၏။ ရှေ့မှတိုက်နေရသော ကျားရဲဂိုဏ်းသားများမှ အခြေနေဆိုး၏။ဂရိတ် စစ်သည်များနဲ့ကြေးစားများသည် အနီးထိအကပ်ခံခြင်းလုံးဝမရှိပဲ အဝေးမှ နေ၍သာ လက်နက်များဖြင့် ပစ်ခတ်နေ၏။သာမန်ကျည်များက မတိုးသော ကြောင့် လက်နက်ကြီးများကိုသာ လိမ့်သုံးနေကြ၏။ သုံးလိုက်သောလက်နက်များကလည်း RPG၊တင့်ကားအမြောက်တို့လို ဖျက် အားရှိသောလက်နက်များဖြစ်ရာ ကျားရဲဂိုဏ်း၏ရှေးပြေးများက ခံနိုင်ခြင်း မရှိ သေကျေကုန်ကြလေ၏။ "ကျွီ .....ဝုန်း...ဝုန်း....." အခြေနေကား ကွာခြားနေ၏။ကျားရဲဂိုဏ်းသားများက အနီးကပ်တိုက်ခိုက် ရန်အတွက် ပြေးလာနေချိန်၌ ဂရိတ်စစ်သည်နဲ့ကြေးစားများက အဝေးမှ လ က်ညှိးလေးကွေးရုံဖြင့် ရှယ်ဝုန်းနေသောကြောင့်ဖြစ်၏။ ထိုအခြေနေကို ပြောင်းလဲရန်အတွက် ကျားရဲဂိုဏ်းအကြီးကဲတစ်ယောက်မှ တိုက်ခိုက်သူဟုခေါ်သော ရွှေအဆင့်ခြောက်တပ်ကို မြန်မြန်စေလွတ် ပေးလိုက်ခြင်းဖြစ်၏။ ဤသည်လည်း အလုပ်မဖြစ်ကြောင်း ခေတ္တ အတွင်း၌ သိလိုက်ကြရပြန်၏။ "ဒိန်း....ဒိန်း........" လက်ဖြောင့်သေနတ်များစွာ၏အသံများက ထွက်ပေါ်လာလေ၏။ထိုအသံ များ ထွက်ပြီးသည်နဲ့ ကျားရဲဂိုဏ်းမှဂိုဏ်းသားများလည်း သေကြလေ၏။ သေသူများကို သေချာကြည့်မည်ဆိုပါက သူတို့၏နဖူး၌ အပေါက်တစ်ပေါက် ဖြစ်နေကို မြင်ရမည်ဖြစ်၏။ ဤသည်က ကျွမ်းကျင်သော လက်ဖြောင့်တပ်သားများ၏လက်ချက်များသာ ဖြစ်ပေ၏။ "အိုး.....ရမှတ်လေးတွေ....လာထား...." "အိုး.....ချစ်စရာရမှတ်လေးတွေက စုပြုံနေတာပဲ" ကြေးစားတစ်ယောက်၏မျက်နှာ၌ ပျော်ရွှင်နေလေ၏။သူသည်လက်ဖြောင့် သမားကောင်းတစ်ယောက်လည်းဖြစ်၏။သူ၏အကြိုက်ဆုံးသေနတ်သည် kar98လည်းဖြစ်၏။ လက်ရှိတိုက်ပွဲ၌ ရမှတ်များစွာစုဆောင်းလိုသောကြောင့် အဆင့်မြင့်တင်ပြီး သော kar98နဲ့ အနိမ့်ဆုံးရွှေအဆင့်ကျည်များနဲ့အမြင့်ဆုံးကျည်များ ကို ဝယ်ယူခဲ့၏။လက်ရှိအချိန်၌ သူ၏ဝယ်ယူမှုများသည် မှန်ကန်သော အရာဖြစ်လာခဲ့လေ၏။ တစ်ချက် ပစ်ခတ်ပြီးသည်နဲ့ မောင်းတစ်ချက်ပြန်ဆွဲလိုက်လေ၏။ထိုအခါ သေနတ်ထဲမှ ရွှေရောင်ကျည်ခွံလေးတစ်တောင့်က ထွက်လာလေ၏။မောင်း ပြန်တင်ပြီးသည်နဲ့ ပြန်ပစ်ခတ်လိုက်၏။ သူ၏လက်ညှိုးတစ်ချက်ကွေးသွားတိုင်း ကျားရဲဂိုဏ်းက တစ်ယောက် မာလ ကီးယားသွားကြလေ၏။ ကျားရဲဂိုဏ်းသားများသေတိုင်း သူ၏လက်ပတ်၌ အမှတ်များက တိုးတိုးလာ လေ၏။ထိုဖြစ်ရပ်ကို သူသည် ကျေနပ်စွာဖြင့် ကျည်ပြန်ဖြည့်လိုက် မောင်း ပြန်တင်ပြီး ပစ်လိုက်ခြင်းဖြင့် ပုံမှန်လုပ်ဆောင်နေ၏။ သူ၏စိတ်ထဲ၌ ဂျိတ်သည် သူကိုးကွယ်ရသော ဘုရင်..တစ်သက်လုံးလည်း ကိုးကွယ်သွားမည်လည်းဖြစ်၏။အကြောင်းမှာ လက်ရှိလက်နက်များကို ဂျိတ် မှ အစပျိုးတီထွင်သည်ဟု ဆိုကြသောကြောင့်ဖြစ်၏။ "ဂရိတ်တိုင်းပြည်ကြီး အဓွန့်ရှည်ပါစေ" မည်သူက စတင်အော်ဟစ်လိုက်မှန်းမသိသော်လည်း ဂရိတ်တိုင်းပြည်တိုက်ပွဲ ဝင်သူတိုင်း လိုက်ပါအော်ဟစ်လိုက်ကြသောကြောင့် ကျက်သီးထစရာပင် ကောင်းလှလေ၏။ "ယီး...ပဲပေါ့" ကျားရဲဂိုဏ်းသားများ ဒေါသထွက်လာ၏။သူတို့မှ ဂရိတ်တိုင်းပြည်ကောင် များကို မသတ်ရသေးခင် သူတို့ချည်း သေနေကြရသောကြောင့်ဖြစ်၏။သူ တို့၏ပစ်ခတ်မှုများကို ကာကွယ်ရန် သူတို့၏ကိုယ်ခန္ဓာများကို ချာက္က ရာဖြင့် ထပ်မံဖုံးလွှမ်းကာကွယ်သော်လည်း အချည်းနှီးသာဖြစ်၏။ သူတို့မသိသည်မှာ ရွှေရောင်ကျည်ဆံများသည် ရွှေအဆင့်ရှိစစ်သည်တိုင်း အား သုတ်သင်နိုင်စွမ်းရှိသူကိုပင်ဖြစ်၏။ထိုကျည်များသည် ရွှေအဆင့် စစ်သည်တော်တိုင်း ချာက္ကာဖြင့် ဖုံးကာနေပါစေ ထိုးဖောက် သတ်ဖြတ်နိုင် စွမ်းရှိလေ၏။ ထိုကျည်များကို အဝေးထိပစ်ခတ်နိုင်သော လက်ဖြောင့်သေနတ်များနဲ့ တွဲစပ် လိုက်သောအခါ မရဏလမ်းသို့ဖြောင့်ဖြောင့်ပို့သည့် သေမင်းများဖြစ်လာ လေ၏။ အချိန်ကြာလေ ကျားရဲဂိုဏ်းက လူများသာ သေနေလေဖြစ်၏။ထိုသို့သေ အောင်ပစ်ခတ်နေသော သူများကို မြှားဖြင့်ပစ်ခတ်ပါသော်လည်း ပစ်လိုက် သော မြှားတို့က လေထဲ၌သာ ပြာအဖြစ်သို့ပြောင်းလဲသွားရလေ၏။ ထိုအခါ ဂရိတ်လက်ဖြောင့်များက ပိုမိုလက်သံပြောင်လာကြ၏။မိမိ တို့၏အသက်ကို ထိခိုက်မှုမရှိနိုင်မှန်းသိလာကြသောအခါ အားရပါးရ ပင် ပစ်ခတ်ကြလေတော့၏။ထိုအခါ လက်ဖြောင့်သေနတ်များ၏ပစ်ခတ်နှုန်းက စောစောပိုင်း၌ပစ်ခတ်သော ပစ်ခတ်မှုထက်ပင် သုံးဆတိုးတက်လာလေ၏။ ထိုအခါ နဂိုကမှ သေနေရသော ကျားရဲဂိုဏ်းသားများ၏သေနှုန်းက ပိုမို တိုးတက်လာလေတော့၏။ လက်ဖြောင့်သေနတ်များ၏အစွမ်းနဲ့ တစ်ချိန်တည်း၌တစ်ပြိုင်တည်းလိုလို ပစ်ခတ်သော တင့်ကားလက်နက်နဲ့RPGများကြောင့် သေဆုံးမှုများက သိသာ ထင်ရှားလာလေ၏။ "ဟ ဒီလိုဆိုမဖြစ်တော့ဘူး" ကျားရဲဂိုဏ်းအကြီးကဲခေါင်းစားသွား၏။သူ၏လူများကို တစ်ဖက်မှ အသီးမှ ည့်ချွေသလို တစ်ချိန်လုံး ချွေနေသောကြောင့်ဖြစ်၏။ "အထူးကာကွယ်ရေးအဖွဲ့..ထွက်ပြီးကာကွယ်တော့" ဝိုက်ဖဲအဖြစ်ထားမည်ကြံသော်လည်း မဖြစ်နိုင်တော့သောအခြေနေကြောင့် စောစီးစွာထုတ်သုံးလိုက်ကလေ၏။ ထိုအခါ ကြီးမားပြီးရှေးကျသောအက္ခရာများရေးထားသော ဒိုင်းကိုင်သူများ အုပ်စုက ထွက်ပေါ်လာ၏။ထိုဒိုင်းများသည် လေးလံသော်လည်း ဒိုင်းကိုင် သူများက သန်မာသောကြောင့် ပေါ့ပါးယောင်သဖွယ်ရှိ၏။ထိုဒိုင်းများသည် ရှစ်ပေထိမြင့်ပြီး တစ်ပေမျှထူထဲ၏။ ထိုသူများထွက်လာသောအခါ ရှေ့၌ရှ်ိနှင့်သော ကျားရဲဂိုဏ်းသားများက နောက်သို့ပြန်ပြေးကြ၏။အစီအစဥ်ကို ထပ်မံပြောင်းလဲလိုက်ပြန်၏။ ရှေးကျသောဒိုင်းများကို ချာက္ကာများဖြည့်သွင်းလိုက်သောအခါ ရှေးကျသော အက္ခရာများက လင်းလက်လာပြီး ဒိုင်းမှာ ရွှေရောင်တောက်ပလာလေ၏။ ရွှေရောင်တောက်ပနေသော ဒိုင်းများကို အမှီပြုကာ ကျားရဲဂိုဏ်းသားများ ရှေ့သို့ထပ်မံချီတက်လာကြ၏။ထိုဒိုင်းများသည် အသုံးဝင်လေ၏။ ရွှေအဆင့်ကျည်များနဲ့RPGကျည်များက ထိုဒိုင်းများကို ထိမှန်သောအခါ ဘာ မှမထိခိုက်စေခဲ့သောကြောင့် ဖြစ်၏။ထိုအခါ ကျားရဲဂိုဏ်းအကြီးကဲသည် ပြုံးလာပြန်၏။ "ရှေ့ချီတက်ကြ" ဒိုင်းအားကိုးဖြင့် ရှေ့သို့မြန်ဆန်စွာ ချ်ီတက်လာကြလေ၏။ ထိုအခိုက် ဂရိတ်တိုင်းပြည်ဘက်မှ လေတိုးသံထွက်ပေါ်လာလေ၏။ ဂရိတ်တိုင်းသားများ အားလုံးထိုအသံကြောင့် ကြည့်မိကြ ကုန်၏။ "ဟ ဘယ်ကောင် ဒါကြီး မြန်မြန်ဝယ်လိုက်တာတုန်း" ဂရိတ်တိုင်းသားများ၏စိတ်ထဲ လေးစားအားကျသော အမူရာများထွက် ပေါ်လာလေ၏။ ကောင်းကင်ယံ၌ စစ်လက်နက်အစုံတပ်ဆင်ထားသော စစ်ရဟတ်လေယာဥ် တစ်စီးက ဝဲပျံနေ၏။ထိုရဟတ်ယာဥ်၏ဦးတည်ချက်သည် ဒိုင်းကာတပ်သား များရှိရာ ကျားရဲဂိုဏ်းသားများထံဖြစ်လေ၏။ "စပရိုက်...မားသားဖားသား"

(306)ပြင်းထန်သော တိုက်ပွဲ(2)

စစ်ရဟတ်ယာဥ်တစ်စီးသည် လေထဲ၌ မြန်ဆန်စွာပျံသန်းနေ၏။ထိုယာဥ်အား မောင်းနှင်သူကတော့ အလွန်ပင် စိတ်လှုပ်ရှားနေ၏။အဘယ်ကြောင့်ဆိုသော် သူသည် လေထဲ၌ပျံသန်းနိုင်သော ယာဥ်ကို ပိုင်ဆိုင်ပြီး လက်ရှိ၌သူသည် လေထဲနေနိုင်သောကြောင့်ဖြစ်၏။ သူနာမည်က ဆဲဗယ်ဖြစ်ပြီး ရွှေအဆင့်တစ်သာရှိသော ကြေးစားတစ်ယောက် ဖြစ်၏။လုပ်ရည်ကိုင်ရည်ကလည်း သာမန်ဖြစ်သလို သာမန်ဖြစ်လွန်းသောလူ တစ်ယောက်ဖြစ်၏။သို့သော် လူတစ်ယောက်၏ဘဝတွင် ကံကောင်းခြင်းများ လာတတ်သည်ဆိုသည်က သူ့အပေါ်၌ ကျရောက်လာခဲ့၏။ ကျားရဲဂိုဏ်းမှ ဂရိတ်တိုင်းပြည်ကို တိုက်ခိုက်ရန်လာနေပြီဟုဆိုသောအချိန်၌ ကြေးစားများအတွက် ခန်းမအဆောက်ဦးမှ ရမှတ်များပေးသလိုချေးငှား ပေးခဲ့၏။ထိုပေးသောရမှတ်များကို အခွင့်ကောင်းယူကာ သူသည် သူ၏ဘဝ တစ်ခုလုံးပြောင်းလဲရန်ကြိုးစားလိုက်၏။ အများတကာက ရရှိလာသော ရမှတ်များ ဖြင့် လက်နက်များလဲလှယ်နေ သော်လည်း သူမလှဲလှယ်ခဲ့ပေ။ရမှတ်စာအုပ်ကြီးကိုသာ သဲကြီးမဲကြီး ဖတ်ရှု နေခဲ့၏။ ထိုအထဲမှ ထူးခြားသော အရာကို သူမြင်တွေ့လေ၏။ဤသည်ကတော့ လျှို့ဝှက်ရတနာဟုခေါ်သော သေတ္တာပုံးငယ်ကိုပင်ဖြစ်၏။ ထိုသေတ္တာငယ်သည် တစ်ပုံးကို ရမှတ်ငါးရာကျသင့်မည်ဖြစ်ပြီး ဆုလာဒ် ကောင်းများပါဝင်နေ၏။အမှန်တကယ်ကတော့ ထိုအရာကို လူတိုင်းမြင် ကြ၏။ သို့သော်လည်း ထိုသေတ္တာငယ်လေးမှာ ရတနာအစစ်မှန်ရရန်2%သာရှိပြီး မ ပါသောနှုန်းမှာ98%ထိ ရှိသောကြောင့် ရှောင်ဖယ်သွားကြခြင်းဖြစ်၏။ထို သေတ္တာပုံးငယ်ကို ရမှတ်တစ်ထောင်ပေးကာ သူသည် နှစ်လုံးဝယ်လိုက်၏။ ပထမပုံး၌ ဘာမှမပါခဲ့ပေ။ထိုအခါ သူသည် နောက်တစ်ပုံးထပ်ဖွင့်သော ထို စစ်ရဟတ်ယာဥ်ကို ရရှိခဲ့လေ၏။ ထိုရဟတ်ယာဥ်သည် စစ်ဘက်ဆိုင်ရာအမျိုးစားဖြစ်ပြီး အင်းများဖြင့် စီရင် ထားသေး၏။ထို့ပြင် လက်နက်မျိုးစုံကလည်း တပ်ဆင်ထားသေး၏။ထို ရဟတ်ယာဥ်၌ အေအိုင်နဲ့ဆင်တူသော စနစ်ကလည်းပါရှိသေး၏။ ထို့ကြောင့် ဆဲဗယ်သည် ထိုအေအိုင်(ai)နဲ့ချိတ်ဆက်ကာ ထိုစစ်ရဟတ်ယာဥ် ကို ကျွမ်းကျင်စွာ အသုံးပြုတတ်သွား၏။အသုံးပြုတတ်သည်နဲ့ ရမှတ်များရရှိ ရန် တိုက်ပွဲမြေပြင်သို့ဝင်လာခဲ့လေခြင်းလည်းဖြစ်၏။ "ကာကွယ်ကြ" ကျားရဲဂိုဏ်းသားများလည်း ဒိုင်းများကို ချာက္က ရာထပ်မံဖြည့်သွင်းလိုက်၏။ ထိုအခါ ဒိုင်းမှအကာကွယ်ပုံစံက ထွက်ပေါ်လာပြီး ၎င်းတို့အား လိပ်ခွံပမာ ကာကွယ်ပေးလိုက်လေ၏။ ("အသိပေးချက်...ရန်သူများသည် အဆင့်နှစ်အင်းအမျိုးစားဖြစ်သော ကာကွယ်ခြင်းအင်းနဲ့ခုခံခြင်းအင်းကို အသုံးပြုထားသော ဒိုင်းများကို အသုံးပြုနေပါသည်။") ဆဲဗယ်လည်း ရဟတ်ယာဥ်မှ ကြည့်လိုက်ရာ ထိုဒိုင်းများ၌ အင်းအက္ခရာများ ထုထွင်းထားသည်ကို တွေ့လိုက်ရလေ၏။ ("အဆင့်နှစ်အင်းဖျက်ခြင်း ကျည်အမျိုးစားသုံးပါ၊.. ဒါမှမဟုတ် မြေဖြိုခြင်းဒုံးကျည်ကိုအသုံးပြုပါ") ရဟတ်ယာဥ်၏အေအိုင်သည် လွန်စွာမှ အဆင့်မြင့်လှ၏။ထိုရဟတ်ယာဥ်ကို ဝယ်မည်ဆိုပါက ရမှတ်တစ်သိန်းအထိ အသုံးပြုရမည်ဖြစ်၏။ဆဲဗယ်ကတော့ ကံကောင်းသွားခြင်းလည်းဖြစ်၏။အဆင့်မြင့်သောကြောင့်လည်း ရန်သူဒိုင်း မှ အင်းအမျိုးစားကို ခွဲ ခြားနိင်ရုံသာမက မည်သို့ဖျက်စီးသင့်ကြောင်းပါ အကြံပေးလေ၏။ ဆဲဗယ်သည် အဆင့်နှစ်အင်းဖျက်ခြင်းကျည်ကိုသုံးလိုက်၏။ထိုအခါ ရဟတ် ယာဥ်၏မီးရှင်းဂန်း၌ရှိသောသာမန်ကျည်များမှ ခရမ်းရောင်အသွင်ရှိသော ကျည်များက အစားထိုးဝင်ရောက်လာ၏။ကျည်အစားထိုးပြီးသည်နဲ့ ပစ်ခတ် သောခလုတ်ကို ဆဲဗယ်နှိပ်ချလိုက်၏။ "ဒက်...ဒက်....ဒက်....ဒက်...ဒက်" ရဟတ်ယာဥ်မှ ပစ်ခတ်သံက ဆက်တိုက်ထွက်ပေါ်လာ၏။ထိုအသံများနဲ့ ကျား ရဲဂိုဏ်းမှဒိုင်းကာများ ပေါက်ကွဲကုန်၏။ ထိုးဖောက်ခြင်းကျည်ဆိုပါက ဒိုင်းကာများကို ဖောက်ထွင်းယုံသာ ဖြစ်စေမည် ဖြစ်သော်လည်း ဖျက်ခြင်းကျည်အမျိုးစားဖြစ်သောကြောင့် ဒိုင်းကာများလုံး ဝပေါက်ကွဲ သွားရတော့၏။ "ဒါပဲကွ...ပစ်ကြစမ်း" ဒိုင်းများပေါက်ကွဲသောအခါ ကျားရဲဂိုဏ်းသားများသည် အကာကွယ်မဲ့ ကုန်၏။ထိုအချိန်ကို အခွင့်ကောင်းယူကာ ဂရိတ်စစ်သည်များက အသေချာ ပစ်ခတ်ကုန်ကြ၏။ "အား..." ကျားရဲဂိုဏ်းမှ ဂိုဏ်းသားများ ဆက်တိုက်သေဆုံးကြလေပြန်၏။ "သေကြစမ်းဟေ့ ကဲကွာ" ဆဲဗယ်တစ်ယောက်လုံးဝ လွတ်လပ်နေ၏။ကောင်းကင်ထက်မှနေ၍ ကျားရဲ ဂိုဏ်းသားများကို အားရစွာပစ်ခတ်၏။ ထိုကြောင့် ကျားရဲဂိုဏ်းသားများသည် သူ၏လက်ချက်ဖြင့်သေဆုံးကြ ပြန်၏။ကျားရဲဂိုဏ်းသားများကလည်း လေထဲရှိရဟတ်ယာဥ်ကို ပြန်လည် တိုက်ခိုက်ကြ၏။သာမန်တိုက်ခိုက်မှုများက ရဟတ်ယာဥ်ကို မည်သို့မျှပင် ထိခိုက်စေခြင်းမရှိပေ။ဆင်ကို စက္ကူလုံးဖြင့် ပေါက်သလိုသာဖြစ်၏။ ထိုအခါ ရဟတ်ယာဥ်မှ အဖျက်ပြင်းဒုံးကျည်များ ပစ်လွတ်တိုက်ခိုက်လိုက် ပြန်၏။ထိုသို့တိုက်ခိုက်လိုက်တိုင်း ကျားရဲဂိုဏ်းသားများသည် တစ်အုပ်လိုက် ကြီး သေဆုံးကြရပြန်၏။ ထိုသို့ သေဆုံးသွားတိုင်း ဆဲဗယ်၏လက်ပတ်၌ ရမှတ်များသည် ကြောက် ခမန်းလိလိပင် တိုးတက်ပြီးရင်း တိုးတက်လာ၏။ ထို့ကြောင့် ထိုရဟတ်ယာဥ်ကိုသာ ကျားရဲဂိုဏ်းက ဦးတည်တိုက်ခိုက်၏။ သာမန်တိုက်ခိုက်မှုက မထိခိုက်စေသော်လည်း အဖျက်အားများသော တိုက်ခိုက်မှုက ရဟတ်ယာဥ်ကို ထိခိုက်စေနိုင်၏။ ထိုသို့ထိခိုက်နိုင်သည်ကို သိတိုင်း ရဟတ်ယာဥ်၏ အေအိုင်မှ အချိန်တိုင်း သတိပေးပြီး တိုက်ခိုက်မှုမှ လွတ်မြောက်အောင် လှုပ်ဆောင်ပေး၏။ရဟတ် ယာဥ်၏မြန်ဆန်လှသော ရှောင်တိမ်းနှုန်းကြောင့် ကျားရဲဂိုဏ်းသားများသည် ရဟတ်ယာဥ်ကို ထိခိုက်အောင် မည်သို့မျှလုပ်၍မရပဲ ဖြစ်နေလေ၏။ ရဟတ်ယာဥ်လက်ချက်ကြောင့် ဒိုင်းများပျက်စီးသွားသော ကျားရဲဂိုဏ်းသား များ၏သေနှုန်းမှ ဆက်လက်တိုးမြင့်လာလေပြန်၏။ ဆဲဗယ်ကလည်း ထိုဒိုင်းများပေါ်လာတိုင်း ဖျက်စီးပေးသောကြောင်း ကျားရဲ ဂိုဏ်းမှ အခက်ခဲတွေ့လာရလေတော့၏။ တိုက်ပွဲက တစ်ရက်မကြာသေးသော်လည်း ကျားရဲဂိုဏ်းမှ သေသောနှုန်း သည် တစ်သိန်းနီးနီးပင် ကပ်လာပြီဖြစ်၏။ထိုမျှအထိ သေကြေပြီး သော်လည်း ကျားရဲဂိုဏ်းမှ ဂရိတ်တိုင်းပြည်မြို့ရိုးနဲ့နီးကပ်ရန် အနည်းငယ် လိုအပ်နေသေး၏။ ထိုသေကျေသောနှုန်းသည် နွိုက်မြို့၌ ရရှိသော ရလာဒ်သာဖြစ်သေး၏။ကျန် သောမြို့များမှ ရလာဒ်ကိုပင် မရေတွက်ရသေးချေ။ "နောက်တစ်ခုထပ်ပြင်ဟ...မြန်မြန်လေး." ကျားရဲဂိုဏ်းမှအကြီးကဲများ ခေါင်းကိုက်ခဲနေကြ၏။သူတို့သည် ဂရိတ် တိုင်းပြည်ကို သိမ်းပိုက်ရန်မပြောနဲ့ လူပင်တစ်ယောက်မျှမသတ်ရသေးပေ။ စစ်တိုက်ရာ၌ အခရာကြပါသည်ဆိုသော မြှားမိုးနဲ့တခြားသော ကျောက်ခဲ ပစ်စင်များနဲ့တခြားခြားသော အရာများသည် လက်ရှိ၌ အသုံးမဝင်နေသော ကြောင့် အကြံအိုက်နေရ၏။ ဂရိတ်တိုင်းပြည်မြို့ရိုးမှ လက်နက်များကို ကြောက်လန့်နေရသည်လည်း ဖြစ်၏။ဘယ်အချိန်ပစ်ပစ် ထိုမြို့ရိုးမှလက်နက်သည် တန်ပြန်ချေမှုန်းနေနိုင် သောကြောင့်ဖြစ်၏။ ထို့ကြောင့် ထိုမြို့ရိုးရှိလက်နက်များကို ဖျက်စီးရန်ပင် သီးသန့်အစီစဥ်ဆွဲကာ ပြင်ဆင်ရလေ၏။ "ဝေါင်း" ကြီးမားကျယ်လောင်သော အသံများဟိန်းထွက်၍လာ၏။ထိုအသံများသည် ကျားရဲဂိုဏ်းမှထွက်ပေါ်လာခြင်းဖြစ်၏။ "ဝိုး..ကြီးတယ်ဟ" မြင်လိုက်ရသူတိုင်း အံသြလိုက်ရ၏။သူတို့တွေ့နေသည်မှာ ကြီးမား ကြောက်မက်ဖွယ်ရာကောင်းလှသော ကျားကြီးများကို ဖြစ်၏။ထိုကျားကြီး များသည် စုစုပေါင်းအားဖြင့် အကောင်ခြောက်ဆယ်ရှိ၏။ထိုခြောက်ဆယ်မှ သုံးဆယ်ကို တိုက်ခိုက်ရန်အတွက် ယူဆောင်လာခဲ့ခြင်းလည်းဖြစ်၏။ ထိုကျားကြီးများသည် ပလက်တီနမ်အဆင့်အထွတ်ထိပ်နဲ့ညီမျှ၏။ထိုကျား ကြီးများသည် သုံးမီတာလောက်မြင့်မားပြီး ခြောက်မီတာကျော်ကျော် ရှည်လျား၏။ အထူးအဤအားသင့်ဖွယ်ကတော့ ထိုကျားကြီးများ၏ကိုယ်ပေါ်၌ စီးနင်း သူများပင် ဖြစ်၏။ထိုသူများသည် ဒိုင်းမွန်းအဆင့်ရှိပြီး ကောင်းပေ့ဟူသော စစ်သည်တော်ချပ်ဝတ်များ ဝတ်ဆင်ထား၏။သူတို့၏မျက်နှာများကိုလည်း ကျားပုံစံမျက်နှာဖုံးများဖြင့် ဖုံးကွယ်ထား၏။ "ဟေး ငါတို့ကျားစစ်သည်တော်တွေရောက်လာပြီဟေ့" ကျားရဲဂိုဏ်းမှ လူများကြွေးကြော်လိုက်ကြ၏။သူတို့သည် ကျားစစ်သည် တော်များကို တွေ့သည်နဲ့ အားတက်သွားကြ၏။ ကျားစစ်သည်တော်များသည် ကျားရဲဂိုဏ်း၏အထင်ကရစစ်သည်တော်များ ဖြစ်ကြ၏။ကျားရဲဂိုဏ်းစတင်ထောင်ကတည်းမှ ထိုအဖွဲ့သည်အဓိကနေရာမှ ပါဝင်တိုက်ခိုက်ခဲ့ပြီး အောင်ပွဲအလီလီကို ဆွတ်ခူးပေးခဲ့သောသူများလည်း ဖြစ်၏။ ယခုလည်း ကျားစစ်သည်တော်များသည် ဂရိတ်တိုင်းပြည် ကို တိုက်ခိုက်ရန် ပါဝင်လာလေ၏။ထို့ကြောင့် ၎င်းတို့သည် ဂရိတ်တိုင်းပြည်ကို အမှန်တကယ် ချေမှုန်းလိုစိတ်ရှိနေကြောင်း ပို၍ပင်သိသာထင်ရှားစေလေ၏။ "ဝေါင်း......" ကျားများသည် တစ်ချက်ဟိန်းကာ ဂရိတ်တိုင်းပြည်ဘက်သို့ပြေးဝင်လာကြ လေ၏။ထိုကျားရဲများကို ဂရိတ်တိုင်းပြည်စစ်သည်များကလည်း ကြောက်လ န့်ခြင်းမရှိပဲ သေနတ်များဒုံးကျည်များဖြင့် ဆက်လက်ပစ်ခတ်လိုက်ကြ၏။ တဖြေးဖြေးဖြင့် တိုက်ပွဲအရှိန်သည် ရပ်တန့်လာခြင်းမရှိပဲ မြင့်ပြီးရင်း မြင့် လာလေတော့၏။

All Chapters