← Chapters

အခန်း (၃၀၇-၃၀၉)

Vol. 21 Ch. 307-309

အခန်း (၃၀၇-၃၀၉)

Vol. 21 Ch. 307-309

(307)ပြင်းထန်သောတိုက်ပွဲ(3)

ကျားစစ်သည်တော်များ၏အစွမ်းသတ္တိ "ဝေါင်း" ကျားစစ်သည်တော်စုစုပေါင်းအယောက်သုံးဆယ်သည် ဂရိတ်တိုင်းပြည်မြို့ လေးမြို့သို့ဦးတည် ဝင်ရောက်တိုက်ခိုက်ရန် ပြေးလာလိုက်ကြ၏။ "ပစ်ကြဟေ့" အော်ဟစ်လိုက်သောအသံ၏နောက်၌ သေနတ်သံများ ဒုံးကျည်သံများဆူညံ သွား၏။များစွာသော သေနတ်ကျည်ဆံများက ထိုကျားရဲစစ်သည်များထံ ပြေးဝင်သွား၏။ "ဝေါင်း" ကျားမှတစ်ချက်ဟိန်းလိုက်၏။ဟိန်းလိုက်သော ကျားဟိန်းသံလှိူင်းကြောင့် ကျည်ဆံများသည် ရပ်တန့်ကြကာ မြေပေါ်သို့ကျကုန်လေ၏။ "တောက် ကျားကစွမ်းတယ် ပိုကြမ်းတဲ့သေနတ်နဲ့ပစ်ကြစမ်း" ထိုအခါ ကားများပေါ်မှ မီးရှင်းဂန်းစက်သေနတ်များက ထိုကျားများပြေးလာ ရာ လမ်းကို ရည်ရွယ်ကာ ပစ်ခွဲလိုက်ကြ၏။ အသံများက ဆူညံထွက်သွားလေ၏။ကျားကလည်း ထိုကျည်ဆန်များကို ပြေးလွှားရင်းရှောင်တိမ်းနေ၏။ကျား၏ပြေးနှုန်းမှာ မြန်ဆန်သောကြောင့် တစ်မိုင်ဟူသောအကွာဝေးမှာ ခဏအတွင်းရောက်ရှိပြီးသားဖြစ်၏။ ရောက်ရှိသွားသော ကျည်များကလည်း ကျားကိုယ်ကို ထိမှန်ပြီး လွင့်စင် ကုန်၏။ဤသည်က ကျားကိုယ်ခန္ဓာသည် အလွန်မာကျောကြောင်း သိသာစေ လေ၏။ "ဝီး..." ကျည်တစ်တောင့်မှ ကျားကိုယ်သို့ဝင်ရောက်လာ၏။ "ထန်" "ဟင် ဘာမှမဖြစ်ဘူးပဲ" လက်ဖြောင့်သေနတ်သမားတစ်ယောက် မျက်မှောင်ကြုံသွား၏။သူ၏ရွှေအ ဆင့်ကျည်သည် ကျားကိုယ်ဖောက်ရန်မပြောနဲ့ အမွှေးကိုပင် ထိခိုက်အောင်မ လုပ်နိုင်ကြောင်း သိလိုက်လေ၏။ထို့ကြောင့် ကျည်ဆန်ကို ပြန်လည် ပြောင်းလဲလိုက်ရလေ၏။ ဒီတစ်ခါတော့ ပလက်တီနမ်အဆင့်ကျည်ကို ထည့်ကာ ပစ်ခတ်လိုက်၏။ "ဒိန်း" ကျား၏အမြန်နှုန်းက မြန်သည်ဆိုသော်လည်း သေနတ်သမားသည် ကျား ပြေးလာရာ လမ်းကြောင်း၊ကျား၏ပြေးနှုန်းပမာနဲ့ လေတိုက်ခတ်ရာ လမ်းကြောင်းများကို တွက်ချက်ပြီးပစ်ခတ်ခြင်းဖြစ်ရာ မလွှဲတော့ပေ။ "ဝေါင်းးးးးး" ကျားတစ်ကောင်၏ဘယ်ဘက်ပခုံးစပ်ထဲသို့ ကျည်ကထိုးဖောက်ဝင်ရောက် သွားလေ၏။သို့သော် မသေပဲ ဒဏ်ရာရရုံသာဖြစ်သွားလေ၏။ကျားသည် ခေတ္တ မျှတုံဆိုင်းသွား၏။ထို့နောက် ဆက်လက်ပြေးလွှားလေ၏။ "ဒီကောင်မသေဘူးပဲ" သေနတ်သမားသည် ကျားမသေသော်လည်း ဒဏ်ရာရသွားကြောင်း တွေ့ လိုက်ရာ နောက်ထပ်ပစ်ခတ်လိုက်၏။ ဒီတစ်ခါကျည်က ကျားကိုထိမှန်ခြင်းမရှိချေ။အကြောင်းမှာ ကျည်ဆန်သည် နံရံကဲ့သို့အရာနဲ့ထိမှန်သွားသောကြောင့် ဖြစ်၏။ ထိုသို့ဖြစ်သွားရခြင်းမှာ ထိုကျားကိုစီးနင်းနေသော စစ်သည်မှာ ကာကွယ် လိုက်သောကြောင့်ဖြစ်၏။ထိုစစစ်သည်တော်သည် ဒိုင်းမွန်းအဆင့်စစ်သည် ဖြစ်ရာ သူ၏လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် ဖြစ်တည်လာသော ချာက္က ရာနံရံက လက်ဖြောင့်သမား၏ကျည်ကို တားဆီးလိုက်သောကြောင့် ဖြစ်၏။ ကျန်သောကျားစစ်သည်တော်များသည် မိမိတို့၏ကျားများကို တစ်ဖက်က ပစ်ခတ်သူများက ထိခိုက်စေနိုင်ကြောင်း သိလိုက်ကြသောအခါ ကျားပေါ်မှ နေ၍ လက်များဝှေ့ယမ်းလိုက်၏။ ထိုအခါ ပြေးလွှားနေသော ကျားများ၏ရှေ့၌ ချာက္က ရာနံရံများပေါ်ပေါက်လာ ကြလေ၏။ထိုနံရံများသည် ဂရိတ်တိုင်းပြည်ကစစ်သည်များ ပစ်ခတ်သမျှ သော ကျည်များဒုံးများကို တားဆီးလိုက်၏။ ဒိုင်းမွန်းအဆင့်၌ရှိသော စစ်သည်များ၏ချာက္က ရာနံရံဖြစ်ပေရာ ပစ်ခတ်သော အရာများက ထိုးဖောက်နိုင်ခြင်းမရှိပဲ ဖြစ်နေ၏။ ပလက်တီနမ်အဆင့်၌ ချာက္က ရာနံရံသည် ဖန်တီးသူ၏ချာက္က ရာအစွမ်းသာပါရှိ ပြီး အဆက်မပြတ်ထိခံရပါက ဖျက်စီးနိုင်၏။ ဒိုင်းမွန်းအဆင့်၌ ရှိသော ချာက္က ရာနံရံသည် ထိခိုက်ပါက ထိခိုက်မိသည် ချက်ချင်း၌ ဘေးပတ်ဝန်းကျင်မှ ချာက္က ရာများကို အလိုလျောက်စုပ်ယူကာ ပြန်လည်ကောင်းမွန်အောင်လုပ်ဆောင်နိုင်စွမ်းရှိ၏။ ထို့ကြောင့် ထိုနံရံများကို ကျော်အောင် မပစ်ခတ်နိုင်ခြင်းလည်းဖြစ်၏။ ကျားများသည် မြန်ဆန်လှရာ အချိန်တိုတွင်း၌ ဂရိတ်တိုင်းပြည်၏စစ်သည် များအနားရောက်ရှိလာကြ၏။ "တိုက်ကြ" အနီးကပ်လာသောကြောင့် ဂရိတ်စစ်သည်များသည် သေနတ်များအစား ဓား များ၊လှံများကို ကိုင်ဆောင်ကာ တိုက်ခိုက်ကြ၏။ ပြေးလာသော ကျားစစ်သည်များနဲ့ဂရိတ်စစ်သည်တော်တို့သည် အနီးကပ် တိုက်ပွဲများ ဖြစ်ပေါ်လာကြ၏။ "ဝုန်း" ဖန်တီးထားသော ကျားရှေ့၌ရှိသော ဒိုင်းမွန်းအဆင့်ချာက္က ရာနံရံများက ဂရိတ်စစ်သည်များကို လွင့်စင်စေလိုက်၏။ကျားပေါ်၌ရှိသော ကျားစစ်သည် တော်များသည် ထိုနံရံများကို ပြန်လည်ရုတ်သိမ်းကာ အနီးကပ်တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြ၏။ အနီးကပ်တိုက်ပွဲသည် လွန်စွာပြင်းထန်လှပေ၏။အချိန်တိုတွင်း၌ မြေတုန် ဟီးများ အဆက်မပြတ်ထွက်ပေါ်လာလေ၏။ ကြမ်းပေ့ကျားစစ်သည်များနဲ့ဂရိတ်စစ်သည်များ တိုက်ခိုက်ကုန်ပြီဖြစ်၏။ "ဝေါင်း" ကျားပေါ်၌ရှိသော ကျားစစ်သည်တော်များ၏လက်နက်များဖြင့် တိုက်ခိုက် ခြင်းကိုသာ ခံကြရသည်မဟုတ်၊ ကျား၏တိုက်ခိုက်ခြင်းကိုလည်း ခံကြရ၏။ ကျား၏ကိုယ်လုံးဖြင့် ပစ်တိုက်ခြင်း၊ပါးစပ်ဖြင့် ကိုက်ခြင်း၊အသံလှိုင်းဖြင့် တိုက်ခိုက်ခြင်းနဲ့ ကျားလက်သည်းဖြင့် ပုတ်ထုတ်တိုက်ခိုက်ခြင်းတို့ပါဝင် လေ၏။ "ဝုန်း....ဂျန်း" ဆူညံပွက်လောရိုက်နေ၏။ကျားများကို ကားဖြင့်တိုက်လိုက်သောအခါ ကျား များနောက်ဆုတ်သွား၏။ "ဝေါင်း" ကျားကလည်း ပြန်လည်ဟိန်းဟောက်ကာ စစ်ကားများ တင့်ကားများကို ပြန်လည်တိုက်ခိုက်၏။ ကျားများသည် အနီးကပ်သောကြောင့် တင့်ကားများအတွက် ပစ်ရန်အခက်ခဲ ဖြစ်နေ၏။ "ဝုန်း..." ကျား၏အစွမ်းကြောင့်နဲ့ ကျားပေါ်ရှိစစ်သည်၏ဓားချက် လှံချက်များကြော င့် စစ်ကားများ၊တင့်ကားများ ပျက်စီးကုန်လေ၏။ ကျားစစ်သည်တော်မှ သူ၏လက်စွဲတော်လှံဖြင့် ကျားပေါ်မှနေပြီး ဂရိတ် စစ်သည်တော်တစ်ယောက်ကို ထိုးချလိုက်၏။ထိုးခံလိုက်ရသော စစ်သည် သည် သေဆုံးခြင်းမရှိပဲ ပျောက်ကွယ်သွားလေ၏။ "ဟင် မသေသွားဘူးလား" ကျားစစ်သည်တော် အနည်းငယ်အံသြရ၏။ပုံမှန်အားဖြင့် ရန်သူသည် သူ၏လှံထိုးခံရပါက ထုတ်ချင်းပေါက်ပြီး သွေးများထွက်နေသောအလောင်း ဖြစ်သွားမည်ဖြစ်၏။ယခုမှတော့ တစ်ကိုယ်လုံးပျောက်ကွယ်သွားလေ၏။ မကျေနပ်သေးပဲ နောက်ထပ်တိုက်ခိုက်လာသော ဂရိတ်စစ်သည်တစ်ယောက် ကို တိုက်ခိုက်လိုက်၏။ဒီတစ်ခါမှတော့ သူ၏လှံသည် ဦးခေါင်းတည့်တည့် ပင်။ "ဟင်" ထပ်မံဖြစ်ပျက်ပြန်၏။သူ၏လှံသည် ရန်သူ၏ဦးခေါင်းကို ထိသည်နဲ့ ရန်သူ သည် ထပ်မံပျောက်ကွယ်သွားသောကြောင့် ဖြစ်၏။ "တောက်" ကျားစစ်သည်တော် ဒေါသမထွက်စဖူးထွက်သွား၏။ထိုသို့ဖြစ်ပျက်မှုကို မကြုံ ဖူးသောကြောင့်ဖြစ်၏။ သူမသိသည်ကား သူ၏လှံထိခြင်းခံရသော စစ်သည်များသည် တိုက်ပွဲဖြစ်ရာ မြို့ရိုး၏နောက်မြို့ ထဲ၌ ပြန်လည်ပေါ်ပေါက်လာကြသည်ကိုပင်ဖြစ်၏။ "တောက် မအေဘေး" ထိုသို့ပြန်ပေါ်လာသော သူများသည်ကျားစစ်သည်ကို ဆဲရေးနေကြ၏။သူ တို့၏အပိုတစ်သက်သည် သူ့ကြောင့် ကုန်ခဲ့ရသည်မဟုတ်ပါလား။ တိုက်ပွဲသည် ပြင်းထန်သော်လည်း အချိန်တိုတွင်း၌ ရလာဒ်သည် ထွက် ပေါ်လာလေ၏။ ကျားစစ်သည်များသည် အသာစီးရရှိနေ၏။ကျားစစ်သည်တော်များသည် အရေတွက်အားဖြင့် လွန်စွာနည်းပါးသော်လည်း ကျားကအစွမ်းထက်သည် ကတစ်ကြောင်း ကျားပေါ်မှနေ၍ အစွမ်းထက်သော စစ်သည်များက တိုက်ခိုက်သောကြောင့်လည်း ကွာ ခြားနေ၏။ ကျားပေါ်ကတိုက်ခိုက်ခြင်းသည် ပြေးလာသောသူထက် တစ်ပန်းသာနေ လေ၏။ထို့ပြင် ကျင့်ကြံသူအဆင့်အရလည်း ဂရိတ်တိုင်းပြည်စစ်သည် များသည် အဆင့်မြင့်ဆုံးဟူ၍ ပလက်တီနမ်သာဖြစ်၏။ဒိုင်းမွန်းအဆင့် စစ်သည်ကို တိုက်နိုင်ရန်မဖြစ်နိုင်ပေ။ "ဆူးမိုးရွာခြင်း" ကျားစစ်သည်တော်မှ ရေရွတ်လိုက်၏။ ထိုအခါ သူ၏ဘေးပတ်လည်၌ ဆူး ချွန်များပေါ်လာကာ ဂရိတ်စစ်သည်များထံပြေးဝင်သွား၏။ထိုဆူးချွန် များသည် ချာက္က ရာဖြင့် ဖန်တီးထားခြင်းဖြစ်၏။ဒိုင်းမွန်းအဆင့်၌ ထိုသို့လုပ် ခြင်းသည် လွယ်ကူပေ၏။ ထိုဆူးချွန်များသည် ဂရိတ်စစ်သည်များကို ထိုးဖောက်သွား၏။ထိုးဖောက်ခံရ သော စစ်သည်တိုင်း ပျောက်ကွယ်ကာ မြို့ထဲ၌ ပြန်လည်ပေါ်ပေါက်လာကြ၏။ ကျားစစ်သည်အနည်းငယ်၏တ်ိုက်ခိုက်မှူကြောင့် မြို့ပြင်ထွက်ခုခံကြသော စစ်သည်တော်များ၏လေးပုံသုံးပုံသည် မြို့ထဲသို့ ပြန်လည်ရောက်ရှိလာ ကြ၏။ "တောက် အဲ့ကောင်တွေကို ဘယ်လိုသတ်မလဲ" "ငါသိတယ်..ဒါပေမဲ့ငါတို့ရမှတ်တော်တော်ပေးဆပ်ရမယ်" "ကိစ္စမရှိဘူး ငါတို့အကုန်စုပြီးဝယ်ပြီး ပြန်ဗျင်းမယ်" "ကောင်းပြီ" ကျားစစ်သည်တော်များ၏လက်ချက်ကြောင့် ဂရိတ်စစ်သည်နဲ့ကြေးစားများ စည်းလုံးသွားကြသည်ကိုတော့ ကျားစစ်သည်များမသိလိုက်ပေ။

(308)အစိမ်းရောင်လူ့ဘီလူးကြီး

ပွဲအခြေနေသည် လွန်စွာမှသိသာလာ၏။ခုခံတိုက်ခိုက်နေကြသောဖက်သို့ ဂရိတ်စစ်သည်များသည် ရောက်ရှိလာကြ၏။ထိုသို့ဖြစ်လာရခြင်းမှာလည်း တစ်ဖက်က ကျားစစ်သည်များကြောင့် ဖြစ်၏။ ကျားစစ်သည်များက လွန်စွာအစွမ်းထက်နေရာ မနိုင်ပဲ ဖြစ်နေ၏။ကျား စစ်သည်တော်များကြောင့် ကျားရဲဂိုဏ်းမှစစ်သည်များကလည်း ဂရိတ် တိုင်းပြည်ကို ဖျက်စီးရန် အားကုန်ပြေးဝင်လာကြလေ၏။ ထိုသို့ပြေးဝင်လာကြသည်မှာ ဂရိတ်တိုင်းပြည်နဲ့ပင် နီးကပ်၍လာခဲ့ပြီလည်း ဖြစ်၏။ထိုသို့ဖြစ်ပျက်နေသည်မှာ တိုက်ခိုက်နေသောနေရာသုံးခု တိုင်း၌ဖြစ်၏။ ထိုအချိန် နွိုက်မြို့ရိုးထဲ၌... "မင်းပြောတာသေချာလား" ကြေးစားများနဲ့စစ်သည်တော်များသည် နိုင်ကွက်သိသည်ဟူသောလူကို မယုံ ချင့်ဖွယ်သောအမူရာများဖြင့် ကြည့်နေကြ၏။အကြောင်းမှာ ကျားစစ်သည် များကို နိုင်သည်ဟူသော လူ၏စကားကြောင့် သူတို့သည် မိမိတို့၏ရမှတ်များ စွာကို ပြောသောလူအား ပေးကမ်းလိုက်ကြပြီး ထိုအရာကို ဝယ်စေရန် ဖြစ်၏။ ထိုအရာသည် နှစ်သိန်းသောပမာဏရှိသော ရမှတ်ကို အသုံးပြုပြီးမှ ရရှိလာ သောကြောင့် လူတိုင်းက မယုံကြည်သောအမူရာဖြစ်နေကြခြင်းဖြစ်၏။ "ယုံလိုက်ကြ ငါအာမခံတယ် ဒီဟာက ကျားစစ်သည်တော်တွေကို ဗျင်းနိုင် တယ်ဆိုတာ" သူကိုယ်တိုင်က အာမခံနေသော်လည်း ကျန်သောသူများက မယုံကြည်သော အမူရာရှိနေဆဲပင်။အဘယ်ကြောင့်ဆိုသော် ရမှတ်နှစ်သိန်းပေးဆပ်ပြီးမှ ရရှိလာသော အရာသည် ဆေးထိုးအပ်တစ်ချောင်းဖြစ်နေသောကြောင့် ဖြစ်၏။ ထိုဆေးထိုးအပ်ထဲ၌ အစိမ်းရောင်ဆေးရည်အနည်းငယ်သာ ပါရှိ၏။ထိုအရာ ကို နှစ်သိန်းဟူသောရမှတ်ပေးပြီး ဝယ်မိစေခဲ့သည်က မှားလေသလားဟု ထင်မြင်မိလာ၏။ မိမိတို့ထင်သည်က အလွန်ကြမ်းပြီးအစွမ်းထက်သော လက်နက်ကြီး သို့မဟုတ် မှော်လက်နက်များ ဟုထင်ခဲ့သော်လည်း လက်ရှိဆေးထိုးအပ်ကို မြင်သောအခါ အထင်နဲ့အမြင် တက်တက်စင်အောင် လွှဲခဲ့ကြမှန်းသိလိုက်ကြ လေ၏။မိမိတို့ပေးရကျိုးမနပ်ဟု ထင်ကာဒေါသထွက်လာ၏။ ထိုလူကလည်း မိမိအားဒေါသထွက်နေကြောင်းသိသောကြောင့် မရှင်းပြ တော့ပေ။အလုပ်ဖြင့်သက်သေပြရန် ကြိုးစားတော့၏။ "ကောင်းပြီ ဒီဆေးကဘယ်လောက်တန်လဲဆိုတာ ယုံအောင် ငါပဲသက်သေပြ မယ်" ဆိုကာ ပြောပြောဆိုဆိုဖြင့် ထိုဆေးထိုးအပ်ကို သူ၏လည်ပင်း၌ ထိုးစိုက်ကာ ထိုဆေးထိုးအပ်မှ ဆေးစိမ်းရည်များကို ထိုးသွင်းလိုက်၏။ မိနစ်ဝက်(30စက္က န့်)ကြာသော်လည်း ဘာမှမဖြစ်ပေ။ထိုအခါ ထိုလူကို ကြေးစားနဲ့စစ်သည်များက ဒေါသထွက်လာ၏။မိမိတို့၏ရမှတ်များကို လိမ်လည်သွားပြီဟုထင်ကာ မျိုးဖြုတ်ရန်ကြံ၏။ "နေဦး ဒီဆေးက တစ်မိနစ်ပြည့်မှအစွမ်းပြတာ..သူအစွမ်းပြရင်အရင်ဆုံး နာကျင်...အား..." ပြောနေရင်း နာကျင်မှုကြောင့် အော်သံကြီးထွက်ပေါ်လာလေ၏။ထိုအသံ ကြောင့် ဆေးစွမ်းပြချိန်ရောက်လာကြောင်း သိလာရလေ၏။ဆေး၏အစွမ်း ကြောင့် ထိုးသွင်းလိုက်သော လူသည် သူ၏ကိုယ်တစ်ခုလုံး စုတ်ဖြဲလိုက် သလို ခံစားလိုက်ရ၏။ သူ၏ကိုယ်တွင်း၌ကာ ဆေး၏သက်ရောက်မှုစတင်ပြသနေလေ၏။ထို ဆေးရည်၌ပါဝင်သော ဇီဝပစ္စည်းများသည် ထိုလူကိုယ်၌တည်ရှိနှင့်ပြီးသော မျိုးရိုးဗီဇဂျင်းများပေါ် စိမ့်ဝင်ကာ ပြောင်းလဲလိုက်၏။ ပြောင်းလဲခြင်းခံရသော မျိုးရိုးဗီဇ(DNA=ဒီအောက်ဆီရိုက်ဘိုနျူကလိယ အက်စစ်)များသည် အစိမ်းရောင် အသွင်ပြောင်းလဲ၏။အစိမ်းရောင်ပြောင်း ပြီးသော မျိုးရိုးဗီဇဂျင်းကုတ်များသည် ဆက်လက်ပြီး မပြောင်းလဲသေးသော မျိုးရိုးဗီဇနေရာများထံ ဆက်လက်ကူးပြောင်း၏။ ကိုယ်တွင်းရှိဟော်မုန်းများလည်း ပြောင်းလဲ ခြင်းဖြစ်ပေါ်လာလေ၏။ဦး နှောက်ပိုင်းဆိုင်ရာကလည်း ခြွင်းချက်မရှိပေ။ သွေးများသည်လည်း ဆေးအစွမ်းကြောင့် နီရာမှ အစိမ်းရောင်ကူးပြောင်း ကုန်၏။ဤသည်ကလည်း သွေးဆဲလ်များသည် ဆေးအစွမ်းကြောင့် ကူးပြောင်းသွားခြင်းဖြစ်၏။ တစ်မိနစ်ဟူသော ပမာဏလေး၌ မရေတွက်နိုင်သော မျိုးရိုးဗီဇကုတ်များသည် အစိမ်းရောင်အသွင်ပြောင်းလဲသွားပြီးသလို ဆဲလ် များအားလုံးလည်း အစိမ်းရောင်ပြောင်းလဲသွား၏။ အစိမ်းရောင်ပြောင်းပြီးသော ဆဲလ်များသည် အစက်ဝင်ကာ ပွားလေ တော့၏။တစ်ခုမှ နှစ်ခု၊နှစ်ခုမှ လေးခုစသည့်ဖြင့် နှစ်ဆတိုးပွားလာလေ ပြန်၏။ဤသည်ကား ကိုယ်တွင်း၌ ဆေး၏အကျိုးသက်ရောက်မှူဖြစ်၏။ လူအများအမြင်၌ကား ဆေးထိုးခံရသောသူ၏ကိုယ်ခန္ဓာသည် ပြောင်းလဲလာ ကြောင်း တွေ့ရလေ၏။ထိုလူ၏ကိုယ်ခန္ဓာသည် တဖြေးဖြေးဖြင့် အစိမ်း ရောင် သန်းလာလေ၏။ အစိမ်းရောင်သန်းလာပြီး သူ၏ကိုယ်မှ တဖြေးဖြေးကြီးထွားလာ၏။ခြေ လက်များကလည်း တုတ်ခိုင်သန်မာလာ၏။ကိုယ်ခန္ဓာကြီးမားလာသောကြော င့် ဝတ်ဆင်ထားသော အဝတ်များက ပြဲကုန်ကာ ဘောင်းဘီတစ်ထည်သာ ကိုယ်၌ကပ်တော့၏။ ထိုဖြစ်စဥ်ကြောင့် မျိုးဖြုတ်ရန် စုလာသော ကြေးစားနဲ့စစ်သည်များလည်း နောက်သို့ဆုတ်သွားကြ၏။ဆေးထိုးလိုက်သောလူသည် ဆယ်ပေဟူသော အ မြင့်ထိကြီးထွားသွားလေ၏။ထိုအမြင့်သို့ရောက်သောအခါမှ ကြီးထွားခြင်း တန့်သွားလေ၏။ထိုအခါ အသွင်ပြောင်းလဲ ခြင်းပြီးဆုံးသွားပြီဖြစ်၏။ "ဟ ဘာကြီးလဲ" ကြေးစားနဲ့စစ်သည်များ အံသြနေ၏။ဆေးထိုးပြီးသောအခါ အလွန်တရာ သန်မာလှသောကိုယ်ခန္ဓာနဲ့အရပ်ဆယ်ပေရှိတစ်ကိုယ်လုံးအစိမ်းရောင် သန်း နေသော လူ့ဘီလူးကြီးကို မြင်ရလေ၏။ ထိုလူ့ဘီလူးကြီးသည် ရုတ်တရက်မျက်လုံးပွင့်လာ၏။သူ၏မျက်လုံး များသည်လည်း အစိမ်းရောင်ပင်ဖြစ်၏။ "ဂါးးးးးးးးးးးးးးးးးး" ထိုလူ့ဘီလူးကြီးသည် တစ်ချက်မျှကြောက်မက်ဖွယ်ကောင်းသော အသံ အော်ဟစ်ပြီး ခုန်လိုက်၏။ "ဝုန်း" . ခွန်အားကြီးလှသောကြောင့် မြင့်မားသည်ဟူသော မြို့ရိုးကိုပင် ကျော်ချသွား လေ၏။ထိုလူ့ဘီလူးစိမ်းကြီးသည် မြို့ရိုးအပြင်ထွက်သွားကြောင့် ကျန်နေ သော စစ်သည်နဲ့ကြေးစားများကလည်း မြို့ရိုးပေါ်မှနေ၍ ကြည့်ရှူကြလေ၏။ သူတို့သည် နှစ်သိန်းတန်သောဆေးအစွမ်းကို သိလိုသောကြောင့်ဖြစ်၏။ ကျားစစ်သည်များသည် အေးဆေးစွာဖြင့် ရှင်းလင်းနေ၏။သူတို့အနေဖြင့် နိုင် နေသော်လည်း ဘဝမကျပဲဖြစ်နေ၏။ပုံမှန်တိုက်ပွဲ၌ သွေးများအလောင်းများ ရှိသည်က သဘာဝဟုဆိုသော်လည်း ယခုတိုက်ပွဲ၌ မိမိတို့သတ်လိုက်သောလူ တိုင်းက ပျောက်ပျောက်သွားသောကြောင့်ဖြစ်၏။ "ဟ ဘာကြီးလဲ" ကျားစစ်သည်တော်သည် မိမိပေါ်သို့ အရာတစ်ခုမှ ဆင်းလာကြောင်း အာရုံရ သောကြောင့် အပေါ်သို့မော့ကြည့်လိုက်၏။ "မိုးမေးလင်း" သူမြင်လိုက်ရသည်မှာ အစိမ်းရောင်သန်းနေသော လူထွားကြီးပင်ဖြစ်၏။ "ဝုန်း" ထိုကျားစစ်သည်တော်ပေါ်သို့ အရာတစ်ခုမှ အရှိန်ပြင်းစွာကျလာသောကြောင့် ထိုနေရာသည် ချိုင့်ပင်ဖြစ်သွားရ၏။ သတိပြန်ကပ်ပြီး ကျားစစ်သည်တော်သည် ထိုလူစိမ်းကြီးကို ထိုးချလိုက်၏။ သူ၏အားအကုန်သုံးထားသောကြောင့် လူစိမ်းကြီးသည် ချိုင့်ထဲမှနေ၍ လွ့င် စင်သွားလေ၏။ ထိုအခါမှ ကျားစစ်သည်တော်သည် သူ၏ကျားကို ချိူင့်ဝှမ်းမှ ပြန်တက်ခိုင်း ကာ အခြေနေကိုကြည့်ရှု၏။ "အင်...မဖြစ်နိုင်တာ" သူအားကုန်သုံးကာ ထိုးထားသောကြောင့် လွင့်သွားသော လူစိမ်းသည် သေချာပေါက်သေမည်ဟု သူတွက်ဆထားသော်လည်း ယခုအခါ၌ ထို အကောင်ကြီး မသေကြောင်းတွေ့လိုက်ရလေ၏။ "ဂါးးးးးးးးးး" အစိမ်းရောင်လူ့ဘီလူးကြီးသည် ဒေါသကြီးစွာ အော်ဟစ်လိုက်ပြီး သူထံပြေးဝင်လာကြောင်း တွေ့ရလေ၏။ပြေးနေစဥ်၌ သူ ထိုးသောကြောင့် ချိုင့်နေသော လူ့ဘီလူးကြီး၏ဒဏ်ရာသည် ပြန်လည် ကောင်းမွန်လာကြောင်းကို မျက်ဝါးထင်ထင်မြင်ရလေ၏။ အစိမ်းရောင်လူ့ဘီလူးကြီးသည် ပြေးလာပြီး သူ့အား ကြီးမားသောလက်သီး ဖြင့်ထိုးချလိုက်လေ၏။ထိုထိုးချက်ကို သူ၏ကိုယ်ခန္ဓာအားသက်သက်ဖြင့် အသုံးချကာ လက်ဖြင့်ဖမ်းရန် ကြံလိုက်၏။ "အား" ဒီတစ်ခါတော့ ကျားစစ်သည်တော်မှ အော်လိုက်ရခြင်းဖြစ်၏။သူ၏လက် အရိုး အက်ကွဲလာကြောင်း သိသာစွာကြားလိုက်ရသောကြောင့်ဖြစ်၏။အ ဘယ်ကြောင့် အစိမ်းရောင်လူ့ဘီလူးကြီး၏ခွန်အားသည် ဒိုင်းမွန်းအဆင့်ရှိ မိမိထက် သန်မာနေကြောင်း မတွေးတတ်တော့ပေ။ "ဝေါင်း" ကျား၏ဟိန်းသံကြောင့် အစိမ်းရောင်လူ့ဘီလူးကြီးသည် ခေတ္တ မျှအာရုံလွတ် သွား၏။ထိုအချိန်ကို အခွင့်ကောင်းယူကာ အစိမ်းရောင်လူ့ဘီလူးကြီး၏ ဝေးရာသို့ ရှောင်တိမ်းကာ ဆေးသောက်လိုက်၏။ထိုအခါ သူ၏လက်ရိုးသည် ပြန်လည်ကောင်းမွန်လာ၏။ အစိမ်းရောင်လူ့ဘီလူးကြီးသည် အာရုံပြန်ရသောအခါ စစ်သည်တော်သည် မိမိလက်မှလွတ်သွားရခြင်းသည် ကျားကြောင့်မှန်းသိသောအခါ ဒေါသပိုမို ထွက်လာလေ၏။သူ၏အားများကို လက်၌စုကာ အော်ဟစ်ပြီး မြေကြီးသို့ ရိုက်ထုချလိုက်လေ၏။ "ဂရုန်း..........ဝေါ" အားပြင်းထန်သောကြောင့် ငလျင်ကဲ့သို့ဖြစ်ကာ မြေ ကြီးများ အက်ကွဲပြီး မြေပြိုကုန်လေ၏။မြေပြိုသောကြောင့် ကျားစစ်သည် တော်ကတော့ အသာယာပင် ရှောင်တိမ်းသွားကာ ကျားသည် မြေပြိုသည့် ကြားမှ လွတ်ရန်ကြိုးစား၏။မြေပြိုသည့်ဘေးမှ လွတ်သော်လည်း ရုတ်ခြည်း ဆိုသလို ရောက်လာသော ဘေးကိုတော့ ကျားမရှောင်နိုင်လိုက်ပေ။ "ဖြောင်း......" "ဝေါင်း" အစိမ်းရောင်လူ့ဘီလူးကြီး၏လက်သီးက ကျားကို မိတ်ဆက်ပေးလိုက် ချေ၏။အားသုံးပြီးထိုးသောကြောင့် ကျား၏ဦးခေါင်းခွံသည် အက်ကွဲစပြု လာလေ၏။ ထို့ပြင် ထိုးအားကြောင့် ကျားသည် အဝေးသို့ လွင့်စင်သွားလေ၏။ "သားလေး...." ကျားစစ်သည်တော်သည် သူ၏ကျားထိုသို့ဖြစ်သွားကြောင်းတွေ့သော အခါ ဒေါသထွက်ပြီး လှံဖြင့် အစိမ်းရောင်လူ့ဘီလူးကြီးထံပြေးဝင်သွား၏။ အစိမ်းရောင်လူ့ဘီလူးကြီးကလည်း ကျားစစ်သည်ထံပြေးဝင်သွား၏။ ပြင်းထန်သော တိုက်ပွဲက သူတို့နှစ်ဦးကြား စတင်ခဲ့ပြီလည်းဖြစ်၏။

(309)ကျားစစ်သည်နဲ့လူ့ဘီလူးတိုက်ပွဲ

နွိုက်မြို့၌ ကျားစစ်သည်တော်သည် ဆယ်ဦးထိရှိ၏။ထိုဆယ်ဦး၌ ကိုးဦးသည် ဂရိတ်စစ်သည်တော်များကို အသာယာပင် ရှင်းလင်းနေ၏။သူတို့၏အစွမ်း က အပြတ်သတ်သာနေသည်ဖြစ်ရာ ဂရိတ်စစ်သည်များမှာ အကြပ်တည်း အခြေနေသို့ ရောက်ရှိနေ၏။ သေနိုင်လောက်သော တိုက်ခိုက်မှူများကြောင့် မြို့ရိုးထဲ၌ ပြန်လည်ပေါ်ပေါက် လာသူများသည် အဆက်မပြတ်ပင် ရှိနေလေ၏။ ကျားစစ်သည်များမှ တစ်ဦးကတော့ နှစ်ယောက်သားတိုက်ပွဲကို ဆင်နွှဲနေ လေ၏။ "ဂါးးးးးးးး" "ကျား..." ဝုန်း......ဝုန်း...... နှစ်ယောက်သားတိုက်ခိုက်ရာနေရာကား ဆူညံပွက်လောရိုက်ခတ်နေ၏။နှစ် ယောက်လုံးသည် ကိုယ်ခန္ဓာသန်မာမှုအားသပ်သပ်ဖြင့် တိုက်ခိုက်နေကြ၏။ သူတို့၏လက်သီးများအချင်းချင်း တွေ့ဆုံတိုင်း ကြီးမားသော လေတိုး သံကြီးများ ထွက်ပေါ်လာလေ၏။ "ဝုန်း" အစိမ်းရောင်လူ့ဘီလူးကြီးလွင့်ထွက်သွားလေ၏။သူကျရာ မြေပြင်သည် လည်း ချိုင့်ရာပင်ဖြစ်သွားလေ၏။မြေကြီးများလည်း လွင့်စင်ကုန်၏။ "ဂါးးးး" အစိမ်းရောင်လူ့ဘီလူးကြီးသည် လွင့်ထွက်ရာမှပြန်ထလာကာ ဒေါသကြီးစွာ ဖြင့် အော်ဟစ်ပြီး ထိုကျားစစ်သည်ထံ ပြန်ပြေးဝင်လေ၏။ "ဝုန်း" နောက်တစ်ကြိမ်လည်း အစိမ်းရောင်လူ့ဘီလူးကြီးကသာ လွင့်စင်ရပြန် လေ၏။သို့သော် ပြန်လည်အော်ဟစ်ပြီး ထပ်မံတိုက်ခိုက်ရန် ပြေးသွား လေ၏။ "ကြည့်ရတာ ငါတို့ရမှတ်တွေမဆုံးရှုံးဘူးပဲ" မြို့ရိုးပေါ်မှနေ၍ အခြေနေကိုကြည့်နေကြသော စစ်သည်များ နဲ့ကြေးစားများ က မှတ်ချက်ချ၏။ဆေးထိုးလိုက်သော လူသည် ရွှေအဆင့်သာရှိပြီး လက်ရှိ၌ ဆေး၏အစွမ်းဖြင့် သူသည် ဒိုင်းမွန်းစစ်သည်တော်အဆင့်ကို တိုက်ခိုက်နေပြီလည်းဖြစ်၏။ ထိုသို့တိုက်ခိုက်နေသည်ဖြင့်ပင် ရမှတ်ကုန်ဆုံးရသည်က တော်တော်တန် ကြောင်း ခံစားလိုက်ကြ၏။ "လီးပဲပေါ့....အခုထိမမောသေးဘူးလားဟ" ကျားစစ်သည်တော် ဒေါသထွက်ကာဆဲနေ၏။အကြောင်းကား အစိမ်းရောင် လူ့ဘီလူးကြီးသည် သူ၏ထိုးချက်ကြောင့် ဒဏ်ရာပြင်းထန်စွာရကာ လွင့်စင် သွားရသော်လည်း သူထံသို့ ပြန်ပြန်ပြေးဝင်လာသောကြောင့်ဖြစ်၏။ ထို့ပြင် အစိမ်းရောင်လူ့ဘီလူးကြီးသည် တစ်ခေါက်လွင့်စင်ပြီး ပြန်ပြန်ထလာ ပြီး ဒေါသတကြီးအော်ဟစ်လိုက်တိုင်း သူ၏သန်မာမှုမှာ ပိုမိုတိုးလာသည်ဟု ကျားစစ်သည်တော် ခံစားမိလာ၏။ သန်မာမှုများသာမက အစိမ်းရောင်လူ့ဘီလူးကြီး၏ ပြန်လည်ကောင်းမွန်လာ နှုန်းနဲ့ အမြန်နှုန်းကလည်း တက်လာသည်ဟု မြင်လာရလေ၏။ ထို့ကြောင့် ကြာပါက မနိုင်မှန်းသိသောကြောင့် တစ်ကြိမ်တည်းဖြင့် သေစေ ရန် ကြံစည်လိုက်ရတော့၏။ "ဟ ဆေးကတကယ်စွမ်းတယ်ဟ" ကြည့်သောသူများ အံအားသင့်နေ၏။အစောပိုင်း၌ ကျား စစ်သည်၏လက်သီးကြောင့် ခဏခဏလွင့်စင်နေရသော အစိမ်းရောင်လူ့ ဘီလူးကြီးသည် အချိန်တိုတွင်း၌ ပိုမိုသန်မာလာကြောင်း တွေ့ရသောကြောင့် ဖြစ်၏။ ပထမအထိုးခံရချိန်၌ တစ်ချက်တည်းဖြင့် ပေနှစ်ရာလွင့်စင်သော အစိမ်း ရောင်လူ့ဘီလူးကြီးမှာ ယခုအခါ တစ်ချက်တည်းဖြင့် မလုံလောက်တော့ပဲ အချက်ရေများများထိုးမှ လွင့်စင်လာတော့၏။ထို့ပြင် ပေနှစ်ရာလွင့်စင်လာ ရာမှ ပေနှစ်ဆယ်အထိသာ လွင့်စင်လာလေ၏။ "လီးပဲ သေစမ်း" ကျားစစ်သည်တော်မှ သူ့၏ခွန်အားများကို ဒီတစ်ခေါက်ထိုးသည့်လက်သီး၌ အကုန်ထည့်ထားလိုက်၏။သို့သော် အစိမ်းရောင်လူ့ဘီလူးကြီးက ခေါင်း စောင်းကာ ရှောင်လိုက်၏။ထို့နောက် အစိမ်းရောင်လူ့ဘီလူးကြီးက မ ချိုမချဥ်သောအပြုံးပြုံးပြ၏။ ("သေစမ်း") ကျားစစ်သည်တော်သည် ယခုမှ အဖြစ်ရပ်မှန်ကိုသိလိုက်၏။ထို အစိမ်းရောင် လူ့ဘီလူးကြီးသည် အစောပိုင်း၌ တမင်မရှောင်ပဲအထိုးခံကာ သူ၏ခွန်အား တက်အောင်လုပ်နေခြင်းဖြစ်ကြောင်း သိလိုက်ရလေ၏။ ကျားစစ်သည်တော်ခံစားရခက်သွား၏။တစ်ဖက်သားမှ သူ့အား ဓားသွေးကျောက်ပမာ အသုံးပြုသွားသောကြောင့် ဖြစ်၏။ အစိမ်းရောင်လူ့ဘီလူးကြီးသည်လည်း ဒီတစ်ခေါက်ကျား စစ်သည်တော်၏လက်သီးချက်၌ အလွန်ပြင်းသော အင်အားပါသည်ဖြစ်ရာ အထိုးမခံတော့ပဲ ရှောင်တိမ်းလိုက်ခြင်းဖြစ်၏။ "ဂါး" အစိမ်းရောင်လူ့ဘီလူးကြီးသည် ကျားစစ်သည်တော်၏လက်သီးချက်ကို ခေါင်းစောင်းရှောင်တိမ်းပြီးသည်နဲ့ အသင့်ပြင်ထားသော ညာလက်သီးကို အားကုန်ထည့်ကာ အောက်မှနေ၍ ပင့်တင်ထိုးချလိုက်၏။ အင်အားကုန်ထည့်ထားသော ကြီးမားပြီးသန်မာလွန်းလှသော အစိမ်းရောင် လက်သီးကြီးက "ဝုန်း..ဂျိန်း" ပင့်တင်အား များလှသောကြောင့် လေခွင်းသံပင်ထွက်လာလေ၏။ထိုမှ အား ပါသည့်လက်သီးက ကျားစစ်သည်တော်၏မေးစိကို တည့်တည့်ကြီး မိတ် ဆက်ပေးလိုက်ချေလေ၏။ "ဝုန်း" ကျားစစ်သည်တော် လွင့်စင်ရသည့် အခေါက်ဖြစ်၏။သူ၏မေးရိုးက လက်သီးချက်ကြောင့် ကွဲသွားပြီဖြစ်၏။လက်သီးပြင်းအားကြောင့် ကောင်းကင်ပေါ်သို့ အတော်ပင်လွင့်စင်သွားရ၏။ "ဝုန်း" အစိမ်းရောင်လူ့ဘီလူးကြီးသည် လေပေါ်လွင့်စင်သွားသော ကျားစစ်သည် တော်ထံ အားယူကာ ခုန်လိုက်၏။ထိုအခါ သူပါ လေထဲသို့ရောက်လာပြီး လေ ထဲ၌ လွင့်နေသော ကျားစစ်သည်တော်၏ခြေထောက်နှစ်ချောင်းကို သူ၏ကြီးမားတုတ်ခိုင်သော အစိမ်းရောင်လက်ကြီးနှစ်ဖက်ဖြင့် ကိုင်လိုက်ကာ "ဂါးးးးး" အော်ဟစ်ပြီး မြေပြင်သို့ပြန်လည်ဆင်းသက်လာ၏။ အစိမ်းရောင်လူ့ဘီလူးကြီးသည် ရိုးရိုးဆင်းလာခြင်းမဟုတ်ပေ။ သူသည် ကောင်းကင်မှ မြေပြင်သို့ အရှိန်ဟုန်ပြင်းစွာဖြင့် ဆင်းသက်ရာ၌ သူ၏လက် ဖြင့် ကျားစစ်သည်တော်၏ခြေထောက်နှစ်ချောင်းကို မြဲနေအောင်လည်း ဆုပ်ကိုင်ထားသေး၏။ အစိမ်းရောင်လူ့ဘီလူးကြီးသည် မြေပြင်သို့ပြန်ဆင်းသက်ရာ၌ သူ၏ခြေထောက်ကို လေပွတ်တိုက်အားခွင်းရန် အသုံးပြုပြီး သူ၏လက်ကို ကျားစစ်သည်တော်အား ကိုင်ထားပြီး အားယူသည့်အရှိန်ပုံစံယူထား၏။ ကျားစစ်သည်တော်မှာ ပင့်လက်သီးချက်ကြောင့် မလှုပ်ရှားနိုင်သေးပေ။ မြေပြင်နဲ့နီးလာသောအခါ အစိမ်းရောင်လူ့ဘီလူးကြီးသည် ကောင်းကင်မှ ကျလာသောအရှိန်ကို အားပြုကာ ကျားစစ်သည်တော်ကို မြေပြင်နဲ့လွှဲရိုက်ချ လိုက်တော့၏။ "ဂျိန်းးးးးး....ဝရော......." ထိုကျားစစ်သည်တော်သည် မြေပြင်နဲ့မိတ်ဆက်သည်နဲ့ ကြီးမားသော ဗုံး အစွမ်းကြောင့် မြေပြိုသလို ဖြစ်ပေါ်လာလေတော့၏။ "မွေးမေလေး..." "ငလူး ကြမ်းတယ်ဟ" ကြည့်သူများပင် ကြောက်လန့်တုန်လှုပ်ရသည်အထိပင်ဖြစ်၏။ထိုမျှ ကြမ်းတမ်းမည်ဟုမထင်မှတ်ထားသောကြောင့်ဖြစ်၏။ "ဝေါ့" ထိုမျှပြင်းထန်သော အားကြောင့် ကျားစစ်သည်တော်၏ ကိုယ်ထဲမှ အစိတ် ပိုင်းများထိခိုက်ပျက်စီးကုန်ပြီး သွေးလည်ပတ်မှုပင် မှုမမှန်ဖြစ်ကာ အပြင်သို့ ထိုးအန်ထုတ်လိုက်ရ၏။ ထိုကျားစစ်သည်ကို အစိမ်းရောင်လူ့ဘီလူးကြီးက အားရသေးဟန်မတူ။ မြေ၌လဲပြီး အခြေနေမဟန်သော ထိုကျားစစ်သည်ကို အမြင့်ခုန်ပြီး တက် နင်းပစ်၏။ ထို့နောက် ထိုကျားစစ်သည်ကို အပေါ်စီးမှ နေ၍ လက်မောင်းနှစ်ဖက်လုံးကို အားကုန်ထည့်ကာ တဖြောင်းဖြောင်းထိုးချလေ၏။အချက်ပေါင်းများစွာပင် ထိုးချလိုက်၏။ "ဂါးးးး" အစိမ်းရောင်လူ့ဘီလူးကြီး၏ဒေါသကို အစွမ်းကုန်ဖောက်ကွဲပစ်နေခြင်း လည်းဖြစ်ကာ အပေါ်စီးမှထိုင်ပြီး ကျားစစ်သည်ကို ဆက်တိုက်ထိုးနေလေ တော့၏။ "ဝေါင်းးးးးးးး...." သခင်ဖြစ်သူ ဆက်တိုက်အထိုးခံနေရသောကြောင့် ပြန်လည်သတိရလာသော ကျားသည် ငြိမ်နေခြင်းမရှိပဲ ကျန်သော ကျားစစ်သည်များထံ အော်ဟစ်ကာ အကူညီတောင်းလိုက်၏။ "မအေလိုး...သူ့ကိုလွတ်လိုက်စမ်း" ကျန်သော ကျားစစ်သည်များကလည်း သူတို့၏လူအထိုးခံနေရကြောင်း မြင် ရသောအခါ ဒေါသတကြီးဖြင့် အော်ဟစ်ပြီး ပြေးလာကြတော့၏။ကျန်ရှိနေ သော ကျားစစ်သည်ကိုးယောက်လုံးသည် အစိမ်းရောင်လူ့ဘီလူးကြီးထံ ပြေးလာကြတော့၏။ လူ့ဘီလူးကြီးကတော့ သတိထားမိဟန်မတူသလို မကြားပုံလည်း ပေါ်၏။ သူ၏အောက်က ကျားစစ်သည်တော် ကိုသာ သဲကြီးမဲကြီး ထိုးနေတုန်း ဖြစ်၏။ "ဝုန်း" ကြီးမားသော တူကြောင့် အစိမ်းရောင်လူ့ဘီလူးကြီးသည် ထိုးနေရာမှ လွင့် စင်သွားပြန်၏။တူကြောင့် သူ့၏ကိုယ်နာကျင်သွားရသောကြောင့် ဒေါသကြီး စွာ အော်ဟစ်လိုက်ပြီး ကြည့်ရာ ကျားစစ်သည်ကိုးဦးကြောင့်မှန်းသိလိုက်၏။ "ဂါးးးးးးးး" ဒေါသ သံဖြင့် အော်ဟစ်ပြီး တူပစ်ရာ ကျားစစ်သည်ထံ ခုန်ဝင်သွားပြန် လေ၏။နောက်ထပ်သော တိုက်ပွဲ ကြီးက စတင်ခဲ့ပြီလည်းဖြစ်၏။

All Chapters