← Chapters

အခန်း (၃၁၀-၃၁၂)

Vol. 21 Ch. 310-312

အခန်း (၃၁၀-၃၁၂)

Vol. 21 Ch. 310-312

(310)ဒေါသကြီးသည့် လူ့ဘီလူးကြီးအစွမ်း(1)

ကျားစီးလာသော စစ်သည်ကိုးယောက်နဲ့ အစိမ်းရောင်လူ့ဘီလူးကြီးသည် ရင်ဆိုင်တိုက်ခိုက်နေကြ၏။ ထိုသို့တိုက်ခိုက်ကြသောကြောင့် ဂရိတ်စစ်သည်များအနေဖြင့် အခွင့်ရေးများ ရရှိသွားကြ၏။ရရှိလာသော အခွင့်ရေးကို အသုံးချကာ ပြေးတက်လာသော ကျားရဲဂိုဏ်းမှ စစ်သည်များကို ဆော်တော့၏။ မြို့ရိုးပေါ်မှ နေ၌ တိုက်ခိုက်လိုက်ကြခြင်းဖြစ်ကာ ကျားရဲဂိုဏ်းမှစစ်သည်များ လည်း လုံးဝအထိနာကုန်ကြလေ၏။ "မအေဘေးတွေ" ကျားစစ်သည်တော်များ ဒွိဟဖြစ်ကုန်၏။ အစိမ်းရောင်လူ့ဘီလူးကြီးကို တိုက်ခိုက်နေပါက သူတို့၏ဂိုဏ်းစစ်သည်များ သေကုန်ကြမည်ဖြစ်သလို မ တိုက်ခိုက်ပါကလည်း အစိမ်းရောင်လူ့ဘီလူးကြီး၏တိုက်ခိုက်မှုကြောင့် အထိနာနေပြန်ဦးမည်ဖြစ်၏။ "သေစမ်း" ထိုအချိန်၌ ပျောက်ကွယ်နေသော စစ်ရဟတ်ယာဥ်က ပြန်လည်ပေါ်ပေါက်လာ ကာ သူ၌ရှိနေသော လက်နက်မျိုးစုံ ဒုံးကျည်မျိုးစုံကို ဆက်တိုက်ဆိုသလို ပစ် ခွင်းလိုက်၏။ "ဝုန်း........" ထိုရဟတ်ယာဥ်၏တိုက်ခိုက်မှုကြောင့် မနည်းနောသော ကျားရဲဂိုဏ်းမှ စစ်သည်များကျဆုံးကုန်၏။ "ဂါး" အစိမ်းရောင်လူ့ဘီလူးကြီးသည် ကျားစစ်သည်ကိုးဦး၏တိုက်ခိုက်မှုကြောင့် ဒေါသထွက်ကာ ပေါက်ကွဲလိုက်၏။ထိုအခါ သူ၏ကိုယ်မှာ လှိုင်းများထွက်ကာ ကျားများထံကျရောက်သွား၏။ "ဝေါင်း" ကျားများသည် နာကျင်လွန်းသောကြောင့် အော်ဟစ်ကာ ခါရမ်းလိုက်ကြ၏။ ထိုအခါ ကျားပေါ်မှ ကျားစစ်သည်များသည် ကျားပေါ်မှဆင်းကာ ကျားများ ကို အမြန်ဆုံးပြန်ကောင်းလာစေရန် ကုသပေး၏။သို့သော်လည်း သူတို့ကုသ မှုသည် အလုပ်မဖြစ်ပေ။ အစိမ်းရောင်လူ့ဘီလူးကြီး၏ကိုယ်မှထွက်လာသော လိုင်းများသည် ဂမ်မာ ရောင်ခြည်များဖြစ်သောကြောင့် ကျားများထိခိုက်ကုန်ခြင်းဖြစ်၏။ကျား စစ်သည်တော်များကတော့ အစွမ်းထက်စစ်သည်ချပ်ဝတ်များဝတ်ဆင်ထား သောကြောင့် ထိခိုက်ခြင်းမရှိလိုက်ပေ။ "ဂါးးးးးးးး" အစိမ်းရောင်လူ့ဘီလူးကြီး၏ ကိုယ်၌ အစိမ်းရောင်အငွေ့သက်များ ဖြာကျ လျက်ရှိ၏။ထိုအငွေ့သက်များနဲ့အတူ သူ၏အစွမ်းများလည်း တိုးပွားလာ လေ၏။ "ကျားတွေကို ထားလိုက် ဒီကောင်ကိုလာထိန်းကြဟေ့" ကျားစစ်သည်များသည် သူတို့၏ကျားများကို ပစ်ထားပြီး အစွမ်းထက်လာ သော အစိမ်းရောင်လူ့ဘီလူးကြီးကို လက်နက်များထုတ်ကာတိုက်ခိုက်လိုက် ကြ၏။ ကျားစစ်သည်ကိုးဦး၏အစွမ်းဆုံးသောတိုက်ကွက်ဖြင့် သူတို့၏ဓားများလှံ များကို ချာက္က များထည့်သွင်းကာ တိုက်ခိုက်လိုက်ကြ၏။ "ဂါးးးးးးးးးး" အစိမ်းရောင်လူ့ဘီလူးကြီးသည် သူ၏ကိုယ်ထဲသို့တစ်ပြိုင်တည်းဝင်လာသော ဓား၊လှံကိုးလက် ကြောင့် နာကျင်စွာအော်ဟစ်လိုက်ရ၏။ ထိုလက်နက်များသည် သူ၏အဓိကနေရာများဖြစ်သော လည်မြို၊နှလုံးစသည့် နေရာများလိုကို ထိုးစိုက်လိုက်ကြ၏။ ထိုသို့သေကွင်းသေကွက်များထိခံလိုက်ရခြင်းကြောင့် အစိမ်းရောင်လူ့ ဘီလူးကြီးသည် ဒေါသထွက်ရာမှ အားလျော့ကာ ခေါင်းငိုက်စိုက်ကျသွား တော့၏။ "ဘုတ်" အစိမ်းရောင်လူ့ဘီလူးကြီးသည် လက်နက်ကိုးလက်အစိုက်ခံလျက်သားဖြင့် မြေပြင်ပေါ်သို့ ပစ်လဲကျသွားလေတော့၏။ "ဒီကောင်ကြီး ငြိမ်သွားပြီ ငါတို့ကျားတွေကို ကုသပြီးရင် ဟိုကောင်စုတ်တွေ ကို သွားသတ်ကြစို့" ကျားစစ်သည်တော်များသည် မိမိတို့ကျားများရှိရာသို့ သွားနေစဥ် ဒုတ်...ဒုတ်... "နေဦး ဘာသံလဲ" ကျားစစ်သည်တော်များသည် သတိကြီးသည့်အလျောက် အသင့်အနေထား ဖြင့် ရှာဖွေလိုက်ကြ၏။ "သေစမ်း....ဒါဟိုကောင်ကြီးနှလုံးခုန်သံပဲ မသေသေးဘူးဟ" ထိုစကားပြောနေချိန်၌ပင် ဒုတ်.....ဒုတ်....ဒုတ်.....ဒုတ် အသံများမှာ ပိုမိုမြန်ဆန်လာ၏။ဟုတ်ပေသည်။ဤသည်မှာ အစိမ်းရောင်လူ့ ဘီလူးကြီး၏နှလုံးခုန်နှုန်း မြန်ဆန်လာခြင်းဖြစ်၏။သေချာပေါက်ပင် ထိုသူမ သေသေးပေ။ နှလုံးခုန်နှုန်းမြန်လာသည်နဲ့အမျှ သူ၏အစိမ်းရောင်ကိုယ်ကြီး၌ သွေးကြော များ ပေါ်လာလေ၏။သွေးကြောများပေါ်လာလေ သူ၏ကိုယ်ခန္ဓာမှ ပိုမို သန်မာကြီးထွားလာလေ၏။ ကိုယ်တွင်းရှိသွေးဆဲလ်များကလည်း ဆတိုးကိန်းဖြင့် ပွားပွားနှုန်းကလည်း မြန်လာလေ၏။ထိုသို့ ကုသဆဲလ်အစိမ်းများက ပွားပွားနှုန်းမြန်ဆန်လာလေ အစိမ်းရောင်လူ့ဘီလူးကြီး၏ဒဏ်ရာများမှာ ပျောက်ကင်းမှုမြန်ဆန်လာလေ ဖြစ်၏။ "ဝုန်း..ကျီ .." အစိမ်းရောင်လူ့ဘီလူးကြီး၏ကိုယ်ခန္ဓာသည် ပြန်လည်ထလာပြီး သူ၏ကိုယ်၌ထိုးစိုက်နေသော လက်နက်ကိုးလက်မှာ ကိုယ်တွင်းမှ တွန်းအား ကြောင့် အပြင်သို့ပြန်ကန်ထွက်သွားလေတော့၏။ "သွားပြီ ဟိုကောင်ကြီးပြန်ထလာပြီ ပြန်သတ်ကြစမ်း" ကျားစစ်သည်များသည် သူတို့၏ကျားများကို ပြန်လည်ပစ်ထားပြီး လွင့် ထွက်သွားသောလက်နက်များကို ပြန်ဖမ်းလိုက်ကြ၏။ထို့နောက် ဒီတစ်ခေါက် တော့ အစိမ်းရောင်လူ့ဘီလူးကြီး၏ခေါင်းကို ဖြုတ်ရန်ကြံစည်လိုက်ကြ၏။ ထိုအချိန်မှာပင် အစိမ်းရောင်လူ့ဘီလူးကြီး၏ကိုယ်မှ ဒဏ်ရာများက လုံးဝ ပျောက်သွားသလို အစိမ်းရောင်အငွေ့သက်များက ယခင်ကထက် နှစ်ဆပိုမို ထူထဲလာလေ၏။ အစိမ်းရောင်လူ့ဘီလူးကြီး၏မျက်လုံးများပွင့်လာသောအခါ သူ၏မျက်လုံး များသည် အစိမ်းရောင်ဖြင့်ပြည့်နှက်နေကြောင်း တွေ့ရမည်ဖြစ်၏။ "ဂါး......" ထိုအော်ဟစ်လိုက်မှုကြောင့် သူ၏ကိုယ်မှ အစိမ်းရောင်ဂမ်မာရောင်ခြည်များ ထွက်လာပြန်၏။ထိုလှိုင်းသည် ကျားများကိုယ်ပေါ်သို့ထပ်မံကျရောက် သောအခါ ကျားများ နာကျင်မှုမှာ ပိုမိုတိုးလာပြန်၏။ "သေလိုက်စမ်း" ကျားစစ်သည်များသည် မိမိတို့၏ကျားများ ထိုအစိမ်းရောင်လူ့ ဘီလူးကြီး၏လှိုင်းများကြောင့် မိမိတို့ကျားများ ပိုမိုနာကျင်နေကြောင်း မြင် လိုက်ရသောအခါ ဒေါသထွက်ပြီး တစ်ကွက်တည်းဖြင့် သတ်ဖြတ်ရန် လက်နက်များကိုင်စွဲကာ ခုန်လိုက်ကြ၏။ "ကျားရဲတိုက်ကွက်" ကိုးယောက်လုံး တူညီသောသိုင်းကွက်ဖြင့် သတ်ရန်ကြံလိုက်ကြ၏။ "ဝေါင်း" လက်နက်ကိုးလက်ပေါ်၌ ဒေါသထွက်နေသော ကျားရဲကြီး၏ပုံရိပ်ပေါ်ပေါက် လာ၏။ထိုမတူညီသည့်လက်နက်များကို အစွမ်းထက်ကျားကွက်ဖြင့် သတ်ဖြတ်ရန် ဝင်လာကြ၏။ ထိုအခိုက်၌ အစိမ်းရောင်လူ့ဘီလူးကြီးသည် မထင်မှတ်သောအကွက်လုပ် လိုက်၏။ "ဂါးးးးးးး" သူ၏လက်မောင်းနှစ်ဖက်ကို အားယူကာ လက်ခုပ်တီးသလို အရှိန်ဖြင့် စုစည်းရိုက်ချလိုက်၏။ "ဝုန်း" လက်နှစ်ဖက်ရိုက်ခတ်မိသည်နဲ့ ပြင်းထန်သော လေလှိုင်းတစ်ခုထွက်ပေါ်လာ လေ၏။ ("လခွမ်း....သန်မာလွန်းလိုက်တဲ့ကိုယ်ခန္ဓာအားဟ") လက်နှစ်ဖက် ရိုက်ခတ်ရာမှထွက်လာသော အားသည်အလွန်ပြင်းထန်သော ကြောင့် ကျားရဲတိုက်ကွက်သုံးကာ ခုန်ဝင်လာသော ကျားစစ်သည်ကိုး ဦး၏တိုက်ကွက်များမှာ လွှဲချော်ခဲ့ရ၏။သူတို့၏သိုင်းကွက်သည် လွှဲချော် သွားခဲ့ရပြီဖြစ်၏။ ကျားစစ်သည်ကိုးဦး ဒီတစ်ခေါက်တိုက်ပွဲ၌ ဇောချွေးများထွက်သွားကြ၏။ဒီ အစိမ်းရောင်လူ့ဘီလူးကြီးသည် ချာက္က ရာစွမ်းအားမသုံးတတ်သလို လက်နက်လည်းမသုံးတတ်ကြောင်း သူတို့သိထား၏။တိုက်ခိုက်တိုင်း ထိုလူ့ ဘီလူးကြီးသည် သူ၏ဒေါသဖြင့် သူတို့အား သူ၏သန်မာသော လက် ခြေထောက်များဖြင့်သာ တိုက်ခိုက်တတ်သောကြောင့်ဖြစ်၏။ ဤသည်ကိုကပင် ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်၏။သူ၏ကိုယ်ခန္ဓာ ခွန်အားချည်း သပ်သပ်ဖြင့် မနည်းတိုက်ခိုက်နေရ၏။သူသာ ချာက္က ရာသုံးပြီး လက်နက်များသာ အသုံးပြုတတ်ပါက မတွေးဝံစရာပင်။ "အစီရင်လုပ်ပြီးသတ်ကြဟေ့" .ထိုစကားဆုံးသည်နဲ့ကျားစစ်သည်တော်များ လက်ကွက်များသုံးကာ မန္တန်ဆို လိုက်ကြ၏။ထိုအခါ သူတို့၏ချာက္က ရာများ ကလေပေါ်သို့ ထိုးတက်သွား လေ၏။ "ဝေါင်း" ကျားစစ်သည်ကိုးဦး၏အစွမ်းကြောင့် ဖြူဆွတ်နေသော ကျားကြီးထွက် ပေါ်လာလေ၏။ထိုကျားကြီးသည် တစ်ချက်ဟိန်းကာ အစိမ်းရောင်လူ့ ဘီလူးကြီးကို တိုက်ခိုက်လိုက်၏။ ကျားစစ်သည်တော်များအလုပ်ရှုပ်နေချိန်၌ သူတို့ကျားများသည် နာကျင်မှု ကြောင့် အော်ဟစ်မှူရပ်သွားသည်ကို သူတို့မသိလိုက်ပေ။ သို့သော် သူတို့၏မျက်လုံးများသည် အစိမ်းရောင်သန်းနေသလို သူ တို့၏ကိုယ်ခန္ဓာများသည်လည်း အစိမ်းရောင်သန်းနေ၏။ "ဝေါင်း" ထိုကျားကိုးကောင်သည် တစ်ချက်ဟိန်းကာ ပြေးလာကြ၏။သူတို့ပြေးလာ သောနေရာသည် ကျားရဲဂိုဏ်းသားများရှိနေသော နေရာပင်ဖြစ်လေ၏။

(311)ထူးဆန်းသော လက်နက်

"ဝုန်း...ဝုန်း" အစိမ်းရောင်လူ့ဘီလူးကြီး၏တစ်ကိုယ်လုံးလည်း ကျားကိုက်ရာများဖြင့် ရှိ နေပြီး ထိုကိုက်ရာများမှ သွေးများဖြာကျနေလေ၏။ထိုသွေးများသည်လည်း အစိမ်းရောင်များဖြစ်၏။ ကျားစစ်သည်ကိုးယောက်၏အစွမ်းကြောင့် ထွက်လာသော ကျားသည် အစိမ်းရောင်လူ့ဘီလူးကြီးကို အသာယာပင် အသာစီးရယူထား၏။ ထိုကျား၏လက်သည်းကုတ်ချက်များက အစိမ်းရောင်လူ့ ဘီလူးကြီး၏ကိုယ်ခန္ဓာကို သွေးများဖြာခနဲ ဖြာခနဲကျဆင်းလာအောင် လုပ်ဆောင်ပေး၏။ ကျားကြီးတိုက်ခိုက်ချက်များကို အစိမ်းရောင်လူ့ဘီလူးကြီး တောင့်ခံနိုင်စွမ်း မရှိပေ။ "ဆက်ထိန်းထား..ဒီကောင်သေတော့မှာ" ကျားစစ်သည်ကိုးဦးသည် အစွမ်းထက်သော ကျားခေါ်နည်းကိုအသုံးပြုပြီး တိုက်ခိုက်ထားကြ၏။ထိုနည်းစနစ်ကြောင့် ထွက်ပေါ်လာသောကျားသည် အစိမ်းရောင်လူ့ဘီလူးကြီးကို တော်တော်ဒုက္ခပေးနိုင်စွမ်းရှိ၏။ ထိုကျားကြောင့် အစိမ်းရောင်လူ့ဘီလူးကြီး၏ကိုယ်တွင်လည်း သွေးများဖြာ ဆင်းနေသလို သူ၏တစ်ကိုယ်လုံးလည်း ပန်းနေပြီဖြစ်၏။ "အား.......အား......." ကြောက်မက်ဖွယ်ကောင်းသောအော်သံများကြောင့် ကျားစစ်သည်တော်ကိုး ဦးလည်း ထိုအော်သံများထွက်ပေါ်လာရာနေရာသို့ ကြည့်လိုက်ကြ၏။ထိုအခါ သူတို့၏မျက်နှာများသည် ပြောင်းလဲသွားလေ၏။ "ရှစ်..ခြောက်....မင်းတို့ဘာဖြစ်နေတာလဲ..ညိမ်နေစမ်း" ကျားစစ်သည်တော်များမှ အော်ဟစ်လိုက်၏။သူတို့၏စီးတော်ကျား များသည် စိတ်ဖောက်ပြီး သူတို့၏ကျားရဲဂိုဏ်းသားများကို ပြန်လည် တိုက်ခိုက်နေသောကြောင့်ဖြစ်၏။ "ဝေါင်းးးးးးးး" အစိမ်းရောင်သန်းနေသော ကျားများသည် ကျားရဲဂိုဏ်းသားများကို ပြန်လည်သတ်ဖြတ်နေ၏။သူတို့၏လက်သည်းကုတ်ချက်များ ၊ကိုက်ချက် များက ကျားရဲဂိုဏ်းသားများကို သေလမ်းသို့ပို့ဆောင်ပေးနေလေ၏။ "ဝေါင်း......." ကျားများသည် ပြိုင်တူတစ်ချက်ဟိန်းလိုက်ကြ၏။ကျားများပြိုင်တူဟိန်းလိုက် သောအခါ ကြီးမားသောအသံလှိုင်းများက ကျားရဲဂိုဏ်းသားများကို ထိသည် နဲ့ "ဖြောင်းးးးးးးးးးး" အသံလှိုင်းထိမှန်သမျှသော လူတိုင်း ဦးခေါင်းများပေါက်ကွဲထွက်သွား လေ၏။ဦးနှောက်နဲ့သွေးများက လှပစွာ ဖွာထွက်ပြီး မြေပြင်ပေါ်သို့ ပြန့်ကျဲ သွားသည်မှာ အလွန်ပင် လှပလေ၏။ "သွား မင်းသွားထိန်းငါတို့တာဝန်တာလိုက် ဒီကောင်ကို" ကျားစစ်သည်ကိုးယောက်မှ တစ်ယောက်မှ နည်းစနစ်ပူးပေါင်းနေသည့်ထဲမှ ထွက်သွားကာ စိတ်ရိုင်းဝင်နေသော မိမိတို့၏ကျားများကို ထိန်းရန်ထွက်ခွာ သွား၏။ ကျန်သော ကျားစစ်သည်ရှစ်ယောက်က ကျားကို မိမိတို့၏နည်းစနစ်ဖြင့်သုံး ကာ အစိမ်းရောင်လူ့ဘီလူးကြီးကို သတ်ဖြတ်ရန် ပြန်လည်အာရုံစိုက်လိုက် ကြ၏။ ရှစ်ယောက်ဖြစ်သွားသောကြောင့် ကျားကြီးသည် ယခင်ကထက် အစွမ်း အနည်းငယ်လျော့နည်းသွားသော်လည်း အစိမ်းရောင်လူ့ဘီလူးကြီးကို သတ်ဖြတ်နိုင်သည်ဟု သူတို့ယုံကြည်ချက်ရှိနေလေ၏။ ."ဂါးးးးးးးး" အစိမ်းရောင်လူ့ဘီလူးကြီးသည် ဒေါသကြီးစွာ အော်ဟစ်ပြီး တိုက်ခိုက်လာ သော ကျားကြီးကိုအားကုန်သုံးကာ တိုက်ခိုက်လိုက်ပြန်၏။ အစိမ်းရောင်လူ့ဘီလူးကြီး သည် ဒေါသပိုမိုထွက်လာလေ၏။သူ၏ဒေါသပိုမို ထွက်လာလေ သူ၏အစွမ်းအားကလည်း အဆမတန် ထပ်မံတက်လာလေ ပြန်၏။ထို့နောက် ကျားကို သူ၏လက်သီးများဖြင့် ထပ်မံတိုက်ခိုက်လိုက် ပြန်၏။ ထိုအခိုက်၌ ကျားစစ်သည်တော်တစ်ယောက်သည် စိတ်ရိုင်းဝင်နေသော ကျားများကို သူ၏ကျားယဥ်ပါးနည်း နည်းစနစ်ကိုအသုံးပြုကာ ကျားများယဥ်ပါးလာစေရန် လုပ်ဆောင်လိုက်၏။ထိုနည်းစနစ်ကြောင့် စိတ်ရိုင်းဝင်နေ သော ကျားများ၏ကိုယ်ခန္ဓာ၌ အစိမ်းရောင်သန်းနေရာမှ တဖြေးဖြေး လျော့ကျလာလေ၏။စိမ်းနေသော သူတို့၏မျက်လုံးများလည်း အရောင် လျော့ပါးလာ၏။ "ဒီလိုအဖြစ်ခံမယ်ထင်နေတာလား" ကောင်းကင်ယံထက်၌ ရဟတ်ယာဥ်ကို မောင်းနေသော ဆဲဗယ်မှ ကြောက်မက်ဖွယ်သောအပြုံးဖြင့် ပြုံးလိုက်၏။ထို့နောက် ရဟတ်ယာဥ်မှ ဗုံး တစ်လုံး ထုတ်ကာ ထိုနေရာသို့ပစ်ချလိုက်၏။ ထိုဗုံးသည် ကျားများရှိရာသို့ ကျသွားပြီးလျှင် "တီ...ဝီ..ဝီ...ဝီ....ဝီ...." ဗုံးမှ အသံလှိုင်းများ ထုတ်လွင့်လိုက်၏။ထိုအသံလှိုင်းများကြောင့် ကျားစစ် တော်ကြိုးစားသည့်အရာများက အကြုံးမဝင်တော့ပေ။ အောင်မြင်ခါနီးချိန်၌ အဖျက်ဗုံးကြောင့် ကျားများထိန်းချုပ်မှုက ပျက်စီးသွား လေ၏။ထို့ကြောင့် ကျားများ၏မျက်လုံးများက အစိမ်းရောင်ပြန်သန်းလာ သလို ကျားခန္ဓာကိုယ်လည်း အစိမ်းရောင်သန်းလာပြန်လေ၏။ "ဝေါင်းးးးးးးး" ကျားများသည် ကျားစစ်သည်တော်ကို ဟိန်းကာအဝေးသို့ပြေးသွားကာ အဝေး၌ရှိနေသော ကျားရဲဂိုဏ်းသားများကို သွားရောက်သတ်ဖြတ်လေ၏။ "ငါလိုးမသား" ကျားစစ်သည်တော် ထောင်းခနဲဒေါသထွက်သွားတော့၏။ကောင်းကင်ယံမှ ရဟတ်ယာဥ်ကို ကြည့်ကာ အမျက်ချောင်းချောင်းထွက်သွားလေတော့၏။ ထိုသူတောင်းစားကြောင့် သူကြိုးစားသမျှ အလဟသဖြစ်ကုန်ခဲ့လေပြီ တကား။ယခုမှတော့ ကျားများကိုယဥ်းပါးအောင် လုပ်ရန်မဖြစ်နိုင်တော့ပေ။ သူ၏လှံကို ကျစ်ကျစ်ပါဆုပ်ကိုင်ကာ ကျားများရှိရာထံ ခုန်ဝင်လိုက်လေ၏။ ခုန်ဝင်ပြီး ကျားများကို သူကိုယ်တိုင် လှံဖြင့် သတ်ဖြတ်လေတော့၏။ အတော်ပင် ပွဲ ကြမ်းသွားလေတော့၏။စိတ်ရိုင်းဝင်နေသော ကျားများက လည်း ထိုကျားစစ်သည်တော်ကို တိုက်ခိုက်ကြလေ၏။ကျားစစ်သည်တော်က လည်း ရင်နာစွာဖြင့် သတ်ဖြတ်ရတော့၏။ သူ၏လှံတစ်ချက်ချက် ဝှေ့ယမ်းလိုက်တိုင်း ကျားတစ်ကောင် ဇီဝန်ချုပ်ငြိမ်း သွားလေ၏။ "အား......." ကျားစစ်သည်တော် ဒေါသကြီးစွာဝမ်းနည်းသောအမူရာဖြင့် အော်ဟစ် လိုက်၏။သူ၏ဘေးပတ်လည်၌ သေဆုံးနေကြသော အစိမ်းရောင်သန်းနေ သော ကျားများအလောင်းက ပုံလျက်ရှိလေ၏။ အော်ဟစ်ပြီနောက် သူသည် ကောင်းကင်ယံ၌ ပျံသန်းနေသော ယာဥ်ကိုကြည့် ကာ သူ၏လှံကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး ထိုယာဥ်ကို ဖျက်စီးရန် လုပ်ဆောင်လိုက်၏။ "သေစမ်း" ထိုကျားစစ်သည်တော်သည် သူ၏ချာက္က ရာအစွမ်းဖြင့် လှံများစွာကို ဖန်တီး လိုက်၏။ဖန်တီးပြီးလျှင် ထိုလှံများကို ကောင်းကင်၌ပျံသန်းနေသော ရဟတ် ယာဥ်ကိုပစ်လိုက်၏။ "ဝှီး..ဝှီး.... လှံများစွာက ရဟတ်ယာဥ်ကို ထိမှန်လေ၏။ထိမှန်သွားသော်လည်း ရဟတ် ယာဥ်သည် အခြေနေကောင်းနေဆဲဖြစ်၏။ "သေစမ်းသေစမ်း" ကျားစစ်သည်တော် ဒေါသကြီးစွာဖြင့် လှံများစွာကို ပြန်လည်ဖန်တီးပြီးလျှင် ပစ်လိုက်ပြန်၏။ ဒီတစ်ခါတော့ ဆဲဗယ်လည်း သူ၏ယာဥ်ကို အထိခိုက်မခံတော့ပေ။မြန်ဆန်စွာ ရှောင်တိမ်းလိုက်၏။ရှောင်တိမ်းရင်လည်း ကျားစစ်သည်တော်ကို စက်သေနတ်ဖြင့် ပစ်ခတ်လိုက်ပြန်၏။ ကျားစစ်သည်တော်ကလည်း ထိုသေနတ်ကျည်များကို ရှောင်တိမ်းပြီးလျှင် လှံများဖန်တီးကာ ပစ်ခတ်လိုက်ပြန်၏။ရဟတ်ယာဥ်ကလည်း ရှောင်တိမ်း ပြန်၏။ "ဒီတစ်ခါတော့ မရဘူးကွ" ကျားစစ်သည်တော်သည် စာကလေးပစ်ခတ်နည်းစနစ်အသုံးပြုပြီး ပစ်ခတ် လိုက်ခြင်းဖြစ်၏။ထို့ကြောင့် ထိုလှံများသည် ပုံမှန်ပျံသန်းသွားရာမှ ကွေ့ကောက်သွားပြီး ရှောင်တိမ်းနေသော ရဟတ်ယာဥ်ကို ထိမှန်စေ၏။ထို မှန်သွားသော နေရာကလည်း ရဟတ်ယာဥ်၏ဒလတ်(ပန်ကာများ)ဖြစ်ရာ ရဟတ်ယာဥ်သည် ပျံသန်းနိုင်ခြင်းမရှိတော့ပဲ ပျက်ကျတော့၏။ ဆဲဗယ်ကလည်း ရဟတ်ယာဥ်ပျက်ကျရာ၌ မိမိ၏မြို့ထဲရောက်အောင် ဆင်းသက်လိုက်လေ၏။ရဟတ်ယာဥ်သည် လုံးဝပျက်စီးသွားခြင်းမဟုတ်ပဲ ပန်ကာများ သာ ထိခြင်းဖြစ်သောကြောင့် ပြန်လည်ပြုပြင်ပါက မောင်းနှင်၍ရ နိုင်သေး၏။ ရဟတ်ယာဥ်ကျသွားသောကြောင့် ကျားစစ်သည်တော်ကလည်း မိမိ၏အဖွဲ့ သားများရှိရာ နေရာသို့ ပြန်လည်ထွက်သွားလိုက်လေ၏။ "ကျီ ....." ထိုအချိန်၌ ဂရိတ်မြို့ရိုးမှ လက်နက်တစ်ခုပစ်လွတ်လိုက်၏။ထိုလက်နက်သည် ဗုံးတစ်လုံးဖြစ်ပြီး ကျားရဲဂိုဏ်းသားများရှိရာ နေရာသို့ ကျဆင်းသွားလေ၏။ "ဝုန်း" ပေါက်ကွဲ ပြီးလျှင် ထူးဆန်းသော ဓာတ်ငွေ့များ ထွက်ပေါ်လာလေ၏။ထို ဓာတ်ငွေ့များသည် ကျားရဲဂိုဏ်းသားများကို ဖုံးလွှမ်းသွားလေ၏။

(312)ဖုတ်ကောင်ဇွန်ဘီများ

"အားးးးးး" ထိုအငွေ့များကြောင့် ကျားရဲဂိုဏ်းသားများသည် နာကျင်ဖွယ်ရာအော်လိုက် ကြရ၏။သူတို့၏ကိုယ်မှ ထူးဆန်းသောဝေဒ နာကို ခံစားလိုက်ကြရသော ကြောင့် ဝေသနာသက်သာစေရန် လက်များဖြင့်ကုတ်လိုက်ကြ၏။ထိုသို့ဖြစ် ခြင်းသည် အစသာဖြစ်သေးကြောင်းမသိကြသေးပေ။ "ဟိုကောင် မင်းဘာကြီးပစ်လိုက်တာလဲ" မြို့ရိုး၌ရှိနေကြသော စစ်သည်တော်တစ်ယောက် လက်နက်တစ်ခုပစ်ခတ် လိုက်သော ကြေးစားကို မေးလိုက်၏။ "ဒါက ဇီဝဓာတ်ငွေ့ပဲ ထူးဆန်းလို့ဝယ်လာခဲ့တာ စိတ်ကိုထိန်းချုပ်လို့မရပဲ သေ လူတွေလိုဖြစ်စေတယ်တဲ့" ထိုကြေးစားသည် အကျဥ်းချုံသာဖတ်ပြီး မိုက်သည်ဟုခံစားရသောကြောင့် ဝယ်ကာ ပစ်ခတ်လိုက်ခြင်းဖြစ်၏။ ထိုပစ္စည်းသည် သေးငယ်သော်လည်း တန်ဖိုးကြီးသောကြောင့် သူတောင် နှမြောတသစွာဖြင့် ဝယ်ယူခဲ့သည်လည်းဖြစ်၏။ "ဟိုမအေလိုး မင်း တားမြစ်ပစ္စည်းကို ဝယ်ပြီးပစ်လိုက်တာလား" လူတစ်ယောက်မှ အပြေးလွှားလာပြီး အော်ဟစ်လာ၏။ထိုလူသည် ရမှတ် များနဲ့လက်နက်များလှဲလှယ်ရာ၌ အကြောင်းသိသောလူဖြစ်၏။သူသည် ကိုယ်စားလှယ်လည်းဖြစ်၏။ သူမရှိချိန်၌ ကြေးစားတစ်ယောက်သည် တားမြစ်ပစ္စည်းဝယ်ယူသွားကြောင်း ကြားရသောအခါ အပြေးလွှားလာခဲ့၏။အပြေးလွှားရောက်လာချိန်၌ ပစ်ပြီး သွားကြောင်း သိသောအခါ ထိတ်လန့်သွားလေ၏။ "ဘာဖြစ်လို့လဲ" ပစ်ခတ်ပြီးသွားသော ကြေးစားသည် ထိုလူအားမေး၏။ထိုလူသည် ကြေးစားကိုပြန်လည်ဖြေကြားခြင်းမပြုပဲ မြို့ရိုး၌ရာထူးအကြီးဆုံးစစ်သည် တော်ထံသွားကာ အကျိုးကြောင်းပြောပြလိုက်၏။ထိုအခါ ထိုအကြီးကဲမှ ထိတ်လန့်တုန်လှုပ်သော အသွင်ပြင်ရှိကာ သူ၏အသံချဲစက်နဲ့ဆက်သွယ်ထား သော အသံမိုက်ကို ကောက်ကိုင်လိုက်ကာ.. "မြို့ရိုးအပြင်မှာ ကျန်နေသေးတဲ့ဂရိတ်စစ်သည်တော်များ မြို့ထဲပြန်ဝင်လာ ပေးပါ အရေးပေါ်အမိန့်" ထိုအသံကြောင့် တိုက်ခိုက်နေသော ဂရိတ်စစ်သည်များသည် ချက်ချင်းရပ်တ န့်သွားကြ၏။ "ဝီး......." မြို့ပြင်၌ တိုက်ခိုက်နေကြသော သံချပ်ကာကားများ၊တင့်ကားများသော ကား များနဲ့စစ်သည်တော်များ အမြန်ဆန်ပင် မြို့တံခါးထဲသို့ ပြန်လည်ပြေးဝင်သွား ကြ၏။ထိုအမိန့်ထွက်ပေါ်လာရာ မြန်မြန်ဆန်ဆန်ပင် ပြေးဝင်သွားကြလေ၏။ "ဟားဟားးးးးးးငကြောက်တွေပြေးကုန်ပြီ တိုက်ကြဟေ့" ကျားရဲဂိုဏ်းစစ်သည်တော်များသည် မိမိတို့အား တိုက်ခိုက်သော ဂရိတ် စစ်သည်များ မြို့တံခါးထဲသို့ ပြန်ပြေးဝင်သွားကြသောကြောင့် မိမိတို့အား ကြောက်သွားကြပြီအထင်ရှိကာ ရယ်မောလိုက်ကြ၏။ သူတို့အား တိုက်ခိုက်မည့်သူမရှိသောကြောင့် ယခင်ထက်ပင် အရှိန်မြင့်ကာ ဂရိတ်တိုင်းပြည်ဆီသို့ထပ်မံချီတက်လာကြ၏။ ဂရိတ်စစ်သည်များအားလုံး မြို့ထဲရောက်ပြီးဟု သိသည်နဲ့ မြို့တံခါးကို ပိတ်ချ လိုက်၏။ပိတ်ချလိုက်သည့်အပြင် မသုံးရန်ပိတ်ပင်ထားသော အဆင့်မြင့် လက်နက်များပါ အသက်ဝင်လာကာ အသင့်အနေထားရှိနေလေ၏။ "ဘာဖြစ်တာလဲဟ" စစ်သည်တော်များ တွေဝေသွား၏။မည်သည့်အဖြစ်ပျက်က မိမိတို့အားလုံး ကို မြို့ထဲဝင်စေသည်အထိ ဖြစ်ပျက်စေခဲ့သနည်း။ "ဟိုကောင် ဘာဖြစ်လို့လဲလို့မေးတယ်နော် အခုကြည့်လိုက်ရင် သိသွားမယ် ထင်တယ်" ဆိုပြီး မြို့ရိုးအပြင်ဘက်မှ ကျားရဲဂိုဏ်းသားများ ရှိရာနေရာသို့ကြည့် လိုက်၏။ ပြန်ရောက်လာသော စစ်သည်များနဲ့ကြေးစားများလည်း မြို့ရိုးပေါ်သို့တက် လာကာ အခြေနေကြည့်ရှုလိုက်ကြ၏။သူတို့၏လက်ထဲတွင်လည်း သေနတ် များလက်နက်များက ကိုင်ဆောင်ထား၏။လိုအပ်ပါက ထိုအရာများက သူတို့ ကို ရမှတ်ပေးနိုင်သည် မဟုတ်ပါလား။ "တိုက်ကြ" ဂရိတ်တိုင်းပြည်၏နယ်စပ်မြို့ကို သိမ်းပိုက်ရန် တာဆူစွာဖြင့် ပြေးလာကြ၏။ ထိုအခိုက်၌ ရှေ့မှ မိမိတို့ဂိုဏ်းသားများ ရပ်တန့်နေကြောင်း ချီတက်ရန် အမိ န့်ပးလိုက်ကြ၏။ထိုအခါ ရှေ့၌ရှိနေသော ကျားရဲဂိုဏ်းသားများသည် နောက်၌ရှိနေသော ဂိုဏ်းသားများထံ ပြန်လှည်လိုက်ကြ၏။ "ဟာ......" ကျားရဲဂိုဏ်းသားများ ဇောချွေးပြန်သွားကြ၏။သူတို့မြင်လိုက်ရသော အရာ ကား သူတို့ရှေ့၌ ရှိနေသော သူတို့ဂိုဏ်းသားများသည်လူရုပ်မပေါက်တော့ သောကြောင့် ဖြစ်၏။ လူရုပ်လည်းမပေါက်တော့သလို သူတို့၏အမူရာအသွင်ပြင်များကလည်း လူ နဲ့မတူပဲ အသေကောင်များအလောင်းကောင်းများ ကဲ့သို့ပင်ဖြစ်၏။ မျက်နှာများလည်း စုတ်ပျက်သတ်နေသလို အရေပြားများလည်း လန်နေ၏။ အရေပြားများ စုတ်ပျက်ပဲ့ရွဲ့နေသောကြောင့် အတွင်း၌ရှိနေသော အရိုးများ၊ သွားများနဲ့ဦးနှောက်များပင် အတိုင်းသားမြင်နေရ၏။သွေးများကလည်း ဆက်တိုက်ဆင်းကျနေသောကြောင့် ထိုအဖြစ်ပျက်ကို ရုတ်ခြည်းမြင်လိုက်ရ သောအခါ မြင်သက်သွားကြလေ၏။ "ဂါးးးး...." မမျှော်လင့်သော အဖြစ်ပျက်ဖြစ်ပွားလာခဲ့လေ၏။ရှေ့၌ရှိနေသော လူသေလို စစ်သည်များက ရုတ်ခြည်းဆိုသလို နောက်ကလူများကို ပြန်လည်တိူက်ခိုက် လိုက်ကြ၏။တိုက်ခိုက်သည်ထက် ကိုက်ဖဲ့စားသောက်ရန် လုပ်ကြသည်ဆိုပါ က ပိုပြီး တိကျမှန်ကန်ပေလိမ့်မည်၏ "အား" ငရဲအဖြစ်ပျက်များကား စတင်လာခဲ့လေပြီ။ကျားရဲစစ်သည်များလည်း တိုက်ခိုက်ရသောအတွေ့ကြုံများစွာရှိသည်ဆိုသော်လည်း ယခုလိုအဖြစ်ပျက် နဲ့ကြုံလာရသောအခါ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ပေ။ "ဂျွတ်....ဂျွတ်....." "အား......" ချိုးဖဲ့စားသောက်သံများ ထွက်ပေါ်လာ၏။လူသေကောင်လိုလိုစစ်သည် များသည် လူကောင်းတစ်ယောက်၏လက်ကို ကိုက်ဖဲ့စားသောက်ပြီးသည်နဲ့ နောက်ထပ်သော လူတစ်ယောက်ထံ သွားကာ ကိုင်လိုက်ပြန်၏။ကိုက်လိုက် ပြီးသည်နဲ့ နောက်သောလူများထံ ပြေးသွားပြန်၏။ အကိုက်ခံရသောလူသည်လည်း ဆယ့်ငါးစက္က န့်အတွင်း၌ သူသည်လည်း လူသေကောင်အသွင် တနည်းအားဖြင့် ဖုတ်ကောင်ခေါ်ဇွန်ဘီးအသွင်သို့ ပြောင်းလဲသွား၏။ထိုသို့ပြောင်းလဲပြီးသွားသောအခါ သူသည်လည်း တခြား သော ဇွန်ဘီးများလိုပင် လူများရှာဖွေကာ ကိုက်ဖြတ်စားသောက်လိုက်၏။ ဤနည်းဖြင့် ဆင့်ကဲဖြစ်စဥ်များဖြင့် ဇွန်ဘီးဖုတ်ကောင်များအရေတွက် များပြားလာလေ၏။အရေတွက်တ်ိုးပွားလာမှုသည် ကြောက်ခမန်းလိလိပင် ဖြစ်၏။ထိုသို့ဖြစ်ပေါ်လာရခြင်းသည် စောစောပိုင်း၌ပစ်ခတ်ခဲ့သော လက်နက်ဗုံးကြောင့် ဖြစ်သည်ကိုတော့ ကျားရဲဂိုဏ်းသားများမသိရှိကြပေ။ "တွေ့လား...မင်းသုံးလိုက်တဲ့ဗုံးက ဇီဝလက်နက်ဗုံးပဲ" မြို့ရိုး၌ကြည့်ရူနေကြသော စစ်သည်များနဲ့ကြေးစားများကို ကိုယ်စားလှယ်မှ ရှင်းပြပေးး၏။ "မင်းပစ်လိုက်တဲ့ဇီဝဗုံးထဲမှ ပြင်းအားများတဲ့ခဲယမ်းတွေမပါဘူး..ပါတာကအဲ့ ထက်ကြောက်ဖို့ကောင်းတဲ့ ဇီဝဓာတ်ငွေ့တွေပဲ...... အဲ့ဇီဝဓာတ်ငွေ့တွေက ပေါက်ကွဲပြီး အဲ့နေရာမှာ အသက်ရှုသွင်းရှိတဲ့ သတ္တ ဝါ တွေကို ကူးစက်တယ်..ကူးစက်ခဲ့ရတဲ့ သတ္တ ဝါရဲ့ကိုယ်ခန္ဓာဇီဝကမ္မဖြစ်စဥ်တွေ ကို ဖျက်စီးပစ်တယ်... ပြီးတေ့ာနောက်ဆုံးမှာ ဦးနှောက်အာရုံကြောကိုဖျက်စီး ပစ်တယ်..အဲ့အခါမှ အဲ့သတ္တ ဝါက အသိစိတ်မရှိတော့ဘူး ဆင်ခြင်တွေးတော နိုင်စွမ်းမရှိတော့ဘူး....... ပြီးတော့ သူတို့သိတာက သူတို့နဲ့မတူတဲ့ အကောင်တွေကို ကိုက်ဖြတ်စား သောက်ဖို့ပဲ အမြဲတမ်းဆာလောင်နေမယ်..စားသောက်မယ်..သားရေကျနေ မယ်" ကိုယ်စားလှယ်၏စကားကြောင့် ကြားလိုက်သောသူတိုင်း ထိုဇီဝလက်နက်ဗုံး ကို ကြောက်ရွံလာကြ၏။ကိုယ်စားလှယ်မှ ဆက်လက်ရှင်းပြ၏။ "သူတို့ ကဇီဝလက်နက်ကြောင့်ကူးစက်ခံလိုက်ရတာကြောင့် အသွင် ပြောင်းလဲသွားကြပြီး သူတို့နဲ့မတူတဲ့လူတွေကို ပြန်ကိုက်ဖြတ်စားသောက်ကြ တယ်. ကြောက်ဖို့ကောင်းတာ ဇီဝလက်နက်မှာပါတဲ့ဗိုင်းရက်တွေက သူတို့အသွင် ပြောင်းလဲသွားတဲ့အခါမှာသူတို့ရဲ့တံတွေးမှာ ကျန်ရှိနေတုန်းပဲ... ဒါကြောင့် သူ တို့ကိုက်ခံရတဲ့လူတွေကလည်း သူတို့လ်ိုပြန်ဖြစ်လာတယ်..ပြန်ဖြစ်လာရင်သူ တို့ကလဲ နောက်သူတို့နဲ့မတူတာ ရှာပြီးစားသောက်မှာပဲ...... အဲ့လိုအသိညဏ်မဲ့ပြီးစားသောက်ဖို့ ပဲသိတော့တယ် ပြီးတော့ လူသေလို လမ်းလျှောက်မယ် အထိန်းကွပ်မဲ့နေတဲ့ သူတို့ကို ခေါ်တာတစ်ခုပဲ..ရှိတယ်" "ဒါကတော့ ဇွန်ဘီဒါမှမဟုတ် ဖုတ်ကောင်ပါပဲ"

All Chapters