အခန်း (၃၁၃-၃၁၅)
Vol. 21 Ch. 313-315
(313)ဒေါသထွက်သည့် လန်စီလော့
ကြားလိုက်သော ဂရိတ်စစ်သည်တော်တိုင်း ကြ က်သီးမွှေးညင်းများထသွား ကြ၏။သူတို့၏မွှေးညှင်းပေါက်များမှလည်း ချွေးပြန်လာ၏။ဇီဝလက်နက် ဗုံးကို ပစ်ခဲ့သော သူဆိုလျှင် ပို၍ပင်ဆုံးဝါး၏။ထိုဇီဝလက်နက်က ထိုမျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းမှန်မသိခဲ့သည်မှာ အမှန်ပင်ဖြစ်၏။ ဂရိတ်စစ်သည်များတော့ မြို့ထဲရောက်ရှိပြီးသောကြောင့် လုံခြုံသွားသည်ဟုဆို ရပေမည်။သို့သော်လည်း ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်ဟူသော မူကို လက်ကိုင်ဆုပ်ကာ ဂရိတ်စစ်သည်တိုင်းသည် ဆေးဖြန်းခြင်းခံရ၏။ထိုဆေးများသည် ထိုဇီဝလက်နက်၏သက်ရောက်မှူကို ပျက်ပြယ်စေသောအာနိသင်ရှိ၏။လူတိုင်း ဆေးဖြန်းပြီးမှသာ ကိုယ်စားလှယ် သည် စိတ်ချသောအမူရာဖြစ်သွား၏။ အတွင်းပိုင်းမှ စိတ်ချသွားပြီးဖြစ်သောကြောင့် ရာထူးမြင့်သော စစ်သည် တော်သည် အပြင်ပိုင်းသို့ သေချာသတိဖြင့်ကြည့်ရှုစေ၏။ကူးစက်ခံရသော ဖုတ်ကောင်များတွေ့ပါက တုံ့ဆိုင်းခြင်းမရှိ တစ်ခါတည်း အပျောက် ဖျောက်ပစ်ရန် အမိန့်ပေးထား၏။ ထို့နောက် မြို့ရိုး၌ရှိသမျှသော အစွမ်းထက်လက်နက်တိုင်းအားလည်း အသက်သွင်းထားပြီး အခြေနေကို စောင့်ကြည့်နေ၏။ နွိုက်မြို့က လုံခြုံတိတ်ဆိတ်နေသလောက် အပြင်၌ကား ကမ္ဘာပျက်ကပ် ဆိုက်ရောက်နေပြီဖြစ်၏။ "ဂီးးးးးးးးးးးး" ဖုတ်ကောင်များသည် စိတ်လွတ်နေပြီး တွေ့သမျှသောလူများကို ကိုက်ဖြတ် စားသောက်ကူးစက်စေလေ၏။အကိုက်ခံရသောသူကလည်း စက္က န့်ပိုင်းမျှ ဖြ င့်အသွင်ပြောင်းပြီး ပြန်ကိုက်ရာ ရှုပ်ထွေးသောအခြေနေအသွင်ပြောင်းလဲ နေပြီဖြစ်၏။ "ဘာဖြစ်ကုန်တာလဲဟ" ထိုအဖြစ်ပျက်ကြောင့် အစိမ်းရောင်လူ့ဘီလူးကြီး ကိုတိုက်ခိုက်နေသော ကျား စစ်သည်များကလည်း စိတ်လွတ်သွား၏။ထိုအခြေနေကို အခွင့်ကောင်းယူ ကာ အစိမ်းရောင်လူ့ဘီလူးကြီးက သူ၏ခွန်အားသုံးကာ ကျားကိုသတ် ပစ်လိုက်၏။ "ဝေါ့...." ကျားသေဆုံးသွားသောအခါ နည်းစနစ်၏အကျိုးသက်ရောက်မှုဖြစ်ပေါ်ကာ ကျားစစ်သည်တိုင်း သွေးများထိုးအန်လိုက်ကြရ၏။အစွမ်းထက်သောနည်း သုံးသောကြောင့် နည်းပျက်စီးသောအခါ သူတို့သည်လည်း အပြင်းထန် ထိခိုက်သွားကြရသည်ဖြစ်၏။ "ခေါင်းဆောင်တို့ ကျနော်တို့ဂိုဏ်းသားတွေရူးကုန်ပြီ အချင်းချင်းကိုက်ဖြတ် စားသောက်နေကြတယ်" စစ်သည်တစ်ယောက်မှ သတင်းပေး၏။ထိုစစ်သည်သည် သတင်းပေးရန် အတွက် ကျားစစ်သည်တော်များရှိရာ နေရာသို့ ပြေးလာကာ ပြေးရင်း သတင်းပြောခြင်းဖြစ်၏။ "အား.ကယ်ကြပါဦး" ထိုလူကို ဖုတ်ကောင်များက မိသွားကာ ကိုက်ဖြတ်စားသောက်လိုက်ကြ၏။ ရိုးရိုးတန်းတန်းစားသောက်ခြင်းမဟုတ်ပဲ လက်တွေဖြုတ်ပြီး ဇိမ်ပြေစနေ ကိုက်သူကိုက်၊အတွင်းကလီဇာထုတ်ကာ အူများကို အငမ်းမရစားသူကစား၊ မျက်လုံးဖောက်ထုတ်ကာ မျက်လုံးကိုအားပါးတရ စားသောက်သူစားသောက် ကြသည်ဖြစ်ရာ အလွန်ပင်ခြောက်ခြားဖွယ်ရာပင်။ အစားခံရသော သူကလည်း မသေမရှင်ဖြင့် ခံစားပြီးမှသာသေရ၏။သေပြီး ခေတ္တ အကြာ၌ ဖုတ်ကောင်များလိုပြန်ဖြစ်ကာ ကျန်ရှိနေသော လက်တစ်ဖက် ဖြင့် တွားသွားနေပြန်၏။ သေပြီးပြန်ရှင်လာသော စစ်သည် သည်ဖုတ်ကောင်ဖြစ်သွားကာ တွားသွား သွားနေသော်လည်း သူ၏ပြတ်နေသော လက်နေရာမှနဲ့ ဆုတ်ဖြဲခံရသော ဗိုက်ကသွေးများ ထွက်နေဆဲပင်။ထိုအခြင်းအရာကို သတိမပြုမိသည့်အလား ပင် ထိုဖုတ်ကောင်သည် တွားသွားရင်းသွားနေလေ၏။ "ငါလိုးမသားတွေ.." ကျားစစ်သည်တော်များ ဒေါသထွက်ကုန်ကြ၏။မည့်သည့်အတတ်ပညာကို ဂရိတ်တိုင်းပြည်က သုံးကြောင်း မသိသော်လည်း ယခုလို မိမိတို့ဂိုဏ်းသား အချင်ချင်းသတ်ဖြတ်စားစေသည်က ပြောရလျှင် စိတ်ကူးထဲပင်မရှိသော အကြံပင်ဖြစ်၏။ထိုလုပ်ရပ်မျိုးလုပ်သော ဂရိတ်တိုင်းပြည်အား သူတို့လုံးဝ ရွံရှာသွားလေ၏။ "သတ်ကြစမ်းငါအမိန့်ပေးတယ် ပုံပြောင်းသွားတဲ့ မင်းတို့ဂိုဏ်းသားကို ပြန် သတ်ဖို့အမိန့်ပေးတယ်" ကျားစစ်သည်မှ အမိန့်ပေးလိုက်၏။ထိုသို့အမိန့်ပေးပြီးသည်နဲ့ သူ၏ခေါင်း မှာ ပေါက်ကွဲထွက်သွားလေတော့၏။အကြောင်းမှာ အစိမ်းရောင်လူ့ ဘီလူးကြီး၏အားပြင်းသည့် လက်ခုပ်ရိုက်ချက်ကြောင့်ဖြစ်၏။ "ယီးပဲ....." ထိုအခါမှ ကျားစစ်သည်များသည် အစိမ်းရောင်လူ့ဘီလူးကြီး ကိုပြန်လည် သတိရလာကြ၏။မိမိတို့သည် သူ့အားမေ့ထားမိသည်မဟုတ်ပါလား။ အစိမ်းရောင်လူ့ဘီလူးကြီးသည် ဒေါသထွက်နေ၏။သူ့အား နှိပ်စက်ထား သော ဒီကျားစစ်သည်တော်များကို သူ၏လက်ဖြင့်သတ်ဖြတ်ရန် ပြင်ထားပြီး ဖြစ်၏။ ကျားစစ်သည်တော်များကလည်း ပြန်တိုက်ခိုက်ကြ၏။သို့သော် စိတ်ထိခိုက် ထားသည်ကတစ်ကြောင်း၊အစောပိုင်း၌ပြင်းထန်ထားသောကြောင့် လည်းကောင်း ဖြစ်သောကြောင့် ထိရောက်စွာ သတ်ဖြတ်ရန်မပြောနဲ့ မသေ ရန်ပင် အသည်းသန်ခုခံကာကွယ်ကြရလေ၏။ တစ်ခုရှိသည်ကား ဖုတ်ကောင်များနဲ့ကျားစစ်သည်တော်များရှိရာနေရာသည် ဝေးသည်ဟုဆိုရပေမည်။ထို့ကြောင့် ဖုတ်ကောင်များသည် အနီးနား၌ရှိသော ကျားရဲဂိုဏ်းသားများကိုသာ အမဲလိုက်နေကြလေ၏။ "သတ်ကြဟေ့" လုံးဝဖွဲ့စည်းမှူပျက်ပြားနေသော ကျားရဲဂိုဏ်းသားများသည် ပြန်လည် စုစည်းပြီးလျှင် ဖုတ်ကောင်များကိုပြန်လည်သတ်ဖြတ်ကြရတော့၏။သို့သော် ထင်သလောက်မလွယ်ကူနေပေ။သူတို့လိုအဆင့်တူ ဖုတ်ကောင်များဖြစ်နေ သောကြောင့် ခက်ခဲနေလေ၏။ဖုတ်ကောင်သာဖြစ်ပြီး ကြံခိုင်မှုအမြန်နှုန်း သန်မာမှုက တူညီနေလေရာ ခက်ခဲလှ၏။ ဖုတ်ကောင်များ၏လက်များခြေများ ကိုယ်ခန္ဓာများကို ဖြတ်တောက် သော်လည်း ဖုတ်ကောင်မှာမသေပေ။ထို့ကြောင့် သူတို့အတွက် ပြသနာ တက်နေ၏။အဆိုးဝါးဆုံးကား ဖုတ်ကောင်များကို အစွမ်းထက်လှံ၊ဓားများ က မထိရောက်သလောက် ဖုတ်ကောင်၏သွားတစ်ချက်ကိုက်ရာလေးက သူ တို့အား ဘဝပြောင်းလဲပေးနေရာ ပြသနာတက်နေခြင်းလည်းဖြစ်၏။ "ခေါင်းကိုဖျက်စီးကြဟေ့ အဲ့ဒါအားနည်းချက်ပဲ" နောက်ဆုံးတော့ စစ်သည်တော်တစ်ယောက်မှ အော်ပြောလိုက်၏။သူပြောသ ည့်အတိုင်း ကျန်သောသူများကလည်း လိုက်လုပ်ကြ၏။ထိုအခါ အလုပ်ဖြစ် ကြောင်း တွေ့ရလေ၏။ "ဟုတ်တယ်ဟေ့..သတ်ဟေ့" တိုက်ပွဲက ထပ်မံဆူညံသွားပြန်လေ၏။ဖုတ်ကောင်များကိုပြန်လည်ဖိအား ပေးနိုင်သောအခြေနေအထိပြောင်းလဲသွားကြ၏။ထိုအခြေနေသည်လည်း ပြောင်းလဲမှုတစ်ခုမဖြစ်ခင်အထိသာ ခံ၏။ "သေပေတော့" ကျားရဲဂိုဏ်းသားမှ သူ၏ပုဆိန်ဖြင့် ဖုတ်ကောင်တစ်ကောင်၏လည်ပင်းကို ခုတ်ချလိုက်၏။ထိုအချိန်၌ ဖုတ်ကောင်က ထိုပုဆိန်ကို ရှောင်တိမ်းလိုက်၏။ ထိူ့နောက် ပုဆိန်ကိုင်သောလက်ကို ကိုက်ချလိုက်၏။ကိုက်ပြီးသောအခါ နောင်တစ်နေရာသို့ ပြောင်းသွား၏။ကိုက်ခံလိုက်ရသောသူကလည်း ဖုတ်ကောင်အဖြစ်အသွင်ပြောင်းကာ သူ၏ပုဆိန်ဖြင့် ကျားရဲဂိုဏ်းသားများ ကို သတ်ပြန်၏။ ကိုယ်စားလှယ်သည် ထိုအဖြစ်ပျက်ကိုမြင်ပါက သူသည်သေချာပေါက် ထိုသို့ ပြောမည်ဖြစ်၏။ မျိုးရိုးဗီဇဖောက်ပြန်ခြင်းသို့မဟုတ် ဆင့်ကဲပြောင်းလဲခြင်းဟုပြောမည် ဖြစ်၏။ဖုတ်ကောင်ဖြစ်ရခြင်းသည် ကို အသေးစိတ်ပါက အငွေ့များကို ရောဂါပိုးဖြစ်စေသည့် ဗိုင်းရပ်များဖြင့်ဖွဲ့စည်းထား၏။ ထိုဗိုင်းရပ်၏သဘောတရားက ရိုးရှင်း၏။သူတို့နဲ့မတူညီသော သက်ရှိများ အားကူးစက်စေမည်။ကူးစက်ပြီးပါက ပြန်လည်ဖြန့်ဝေမည်။ထိုသို့သော ရိုး ရှင်းလှသော မူသာရှိ၏။ထို့ကြောင့်လည်း ဖုတ်ကောင်ဖြစ်ပါက မိမိတို့နဲ့မ တူညီသော သက်ရှိများကို ကိုက်ခြင်းဖြင့် ကူးစက်စေလေ၏။ တစ်ခုသောအခြေနေသ်ို့ရောက်ရှိသောအခါ သို့မဟုတ် အတင်းကြပ်ဖိအား ပေးသော ကာလသို့ကျရောက်သောအခါ ထိုမူမှ ကွဲထွက်လာတတ်၏။ထိုအခါ မတူညီသော ဆင့်ကဲပြောင်းလဲသွားသော ဖုတ်ကောင်များထွက်ပေါ်လာလေ တော့၏။ လက်ရှိဖုတ်ကောင်တစ်ကောင်တော့ ဆင့်ကဲပြောင်းလဲသွားသည်ဖြစ်၏။ဆင့် ကဲပြောင်းလဲသွားသော ဖုတ်ကောင်သည် တခြားသောဖုတ်ကောင်များထက် ပိုမိုကူးစက်စေမှုနှုန်း မြန်ဆန်စေသလို သူ၏ကိုက်ခံရသောသူများကလည်း တခြားမူရှိသောဖုတ်ကောင်များနဲ့ မတူညီပဲ သူ့လိုပင် ဆင့်ကဲပြောင်းလဲသော ဖုတ်ကောင်များဖြစ်လာကြ၏။ "အား ...သေစမ်း" ကျားစစ်သည်တော်များပြေးကြ၏။သိသာစွာပင်ဒဏ်ရာရလာသော သူ တို့သည် အစိမ်းရောင်လူ့ဘီလူးကြီး၏ပြိုင်ဘက်မဟုတ်ကြတော့ပေ။ အစိမ်းရောင်လူ့ဘီလူးကြီးသည် ဒေါသကြီးစွာဖြင့် သူသည် ကျားစစ်သည် တော်ခြောက်ယောက်အထိ သတ်ပစ်လိုက်၏။ ခြေဖြင့်နင်းသတ်၍လည်းကောင်း လက်သီးဖြင့်လည်းကောင်း ခေါင်းကိုဆွဲ ဖြုတ်၍လည်းကောင်း သတ်ပစ်လိုက်၏။ ကျန်သော လေးယောက်ကိုသတ်ရန်ကြံသောအခါ ဆေး၏အစွမ်းကုန်ချိန် ရောက်ရှိလာသောကြောင့် အားဖြင့် မြို့ထဲသို့ခုန်လိုက်၏။ ဆေးအာနိသင်ပျယ်သွားသောကြောင့် လေထဲမှာပင် တစ်ဖြေးဖြေးဖြင့် လူ အသွင်ပြောင်းလဲသွားကာ ကျဆင်းသွားလေ၏။သူကျလာသည်မှ စောင့် ကြည့်နေကြသော စစ်သည်များကလည်း သူ့အား ထမ်းကာ ဆေးခန်းသို့ခေါ် သွားကြလေ၏။ အစွမ်းထက်သောဆေး၏ဆိုးကျိုးကြောင့် သူသည် ဆေးခန်း၌ကောင်းကောင်းကြီး အပြည့်ဝအနားယူရန်လိုအပ်လေ၏။ "မင်းတို့ကောင်တွေက ရိုင်းလှချည်လား" ကြီးမားကျယ်လောင်သောအသံကြီးက ဟိန်းထွက်လာလေ၏။ထိုအသံကြော င့် အားနည်းသောဖုတ်ကောင်တစ်ချို့သည် နေရာ၌ပင် တစ်ခါတည်းပေါက်ကွဲ ထွက်သွားလေတော့၏။ အသံပိုင်ရှင်သည် တစ်ခြားသူမဟုတ် လန်စီလော့သာဖြစ်လေ၏။
(314)လန်စီလော့နဲ့ဂရိတ်ဘုရင် လန်စီလော့ဒေါသထွက်သွား၏။စစ်သည်သိန်းသုံးဆယ်၏အစွမ်းကြောင့် သူ သည် ကိုယ်တိုင်ထွက်တိုက်ရန် မလိုဟုထင်မိလိုက်၏။သူသတိထားရမည်မှာ ဂရိတ်ဘုရင်တစ်ပါးသာဟု ထင်မြင်မိ၏။ထိုဘုရင်ထွက်လာမှသာ သူသည် တိုက်ခိုက်ရန်ထိုက်တန်သည်ဟုယူဆထား၏။ လက်ရှိ၌သူသည် ဆယ်သိန်းသောအင်အားကို ဦးစီးပြီး ဂရိတ်တိုင်းပြည်၏နွို က်မြို့ကို အရင်တိုက်ခိုက်နေသည်ဖြစ်၏။အခြေနေကောင်းသည်ဟုထင်ထား သော်လည်း အထင်မြင်များက တက်တက်စင်အောင်လွှဲနေဆဲပင်။ ရှေ့တန်းမှစစ်သည်များသည် မြို့နားမရောက်ခင်မှာပင် သေဆုံးကြလေ၏။ ထို့ပြင် ဒိုင်းတပ်ဖွဲ့သည်လည်း ထူးဆန်းသောယာဥ်ကြောင့် စုတ်ပျက်သွားရ လေ၏။ထို့ကြောင့် အခြေနေအသာစီးရရှိစေရန် ကျားစစ်သည်တော်ဆယ် ယောက်ပင် လွတ်လိုက်သေး၏။ ထိုမျှသောပမာဏဆိုပါက အနိုင်ရရန်အလွယ်လေးပင်ဖြစ်၏။သို့သော် မ မျှော်လင့်စရာက အတော်ပင်များပြားနေသည်မဟုတ်ပါလား။အစိမ်းရောင်လူ့ ဘီလူးကြီး ထွက်ပေါ်လာမည်ဟု မထင်မှတ်ကြပေ။ ထွက်ပေါ်လာသော အစိမ်းရောင်လူ့ဘီလူးကြီး သည် ကျားစစ်သည်တော်များ ကို အတော်ပင်ဖိအားပေးနိုင်ခဲ့၏။ဖိအားပေးရုံတင်မက လေးယောက်သာ အသက်ရှင် ကျန်ရစ်ခဲ့၏။ လန်စီလော့ကို ဒေါသအထွက်ဆုံးကတော့ မိမိ၏ဂိုဏ်းသားများက အချင်းချင်းပြန်လည်ကိုက်ဖတ်စားသောက်နေသော ဖြစ်ရပ်ပင်ဖြစ်၏။ထို ဖြစ်ရပ်ကြောင့် သူသည် ဒီအတိုင်းနေလို့မရတော့ပေ။ထွက်လာခဲ့ရတော့၏။ သူသာ ဆက်ငြိမ်နေပါက သူ၏စစ်သည်တိုင်းသည် ဖုတ်ကောင်ဖြစ်ကုန်တော့မည်ဖြစ်သောကြောင့်ဖြစ်၏။ "သေစမ်း" ကြီးမားသော ဓားအလင်းတန်းကြီးထွက်ပေါ်လာလေ၏။ထိုဓားအလင်းတန်း ကြီးသည် ဖုတ်ကောင်များအပေါ်သို့ ကျရောက်သွား၏။ကျရောက်သွားသည် နဲ့ ဖုတ်ကောင်များသည် ပြာဘဝသို့တစ်ခါတည်း ပြောင်းလဲသွားလေ၏။ လန်စီလော့၏ဓားတစ်ချက်တည်း အစွမ်းကကြောက်မက်ဖွယ်ရာပင်။ တစ်ချက်တည်းသောဓားဖြင့် ထိုဓားချက်ရှိရာ ဖုတ်ကောင်တိုင်းသည် သေဆုံးကြလေ၏။ "သတ်ကြစမ်း" လန်စီလော့၏ဓားချက်ကြောင့် ဖုတ်ကောင်များသေဆုံးကုန်သောကြောင့် ကျားရဲဂိုဏ်းသားများသည် တက်ကြွလာလေ၏။လန်စီလော့ကြောင့် ဖုတ်ကောင်အရေတွက်သည် နည်းပါးသွားလေ၏။ "ဖွဲ့စည်းပုံ ပြင်" ကျန်ရှိနေသေးသော ကျားရဲဂိုဏ်းသားများသည် ဒိုင်းစစ်သည်များအား ရှေ့၌ထားပြီး ခုခံစေလိုက်၏။ဒိုင်းများအစွမ်းကြောင့် ဖုတ်ကောင်များသည် ထိုဒိုင်းများနဲ့သာ တိုက်ကုန်ကြလေ၏။ ထိုဒိုင်းများကြောင့် ကျန်ရှိသော သူများလည်းအကိုက်မခံကြရတော့ပေ။ "ပစ်" မြှားမိုးများရွာသွန်းပြန်၏။ထိုအစွမ်းထက်မြှားမိုးများကြောင့် ဖုတ်ကောင် များသည် သေဆုံးကြပြန်လေ၏။အဆက်မပြတ်သော မြှားမိုးကြောင့် ဖုတ်ကောင်များသည် တစ်စစီဖြစ်ကာ သေဆုံးကြလေတော့၏။ လန်စီလော့သည် ထိုဖုတ်ကောင်များကို မိမိစစ်သည်များနဲ့ထားကာ မိမိ ကတော့ နွိုက်မြို့ရိုးဘက်သို့ ထွက်လာခဲ့လေ၏။ သူ၏ဓားကိုလည်း ဓားအိမ်မှထုတ်လိုက်၏။သူ၏ဓားသည် spada da lato အမျိုးစားပင်ဖြစ်၏။ယခုခေတ် အီတလီထုတ်လက်နက်ဖြစ်ပြီး 15နဲ့16ရာစု အလယ်ပိုင်းခေတ်ကာလစစ်သည်များကိုင်ဆောင်သော အမျိုးစားပုံစံနှင့်တူသည်။ သူ၏ဓားကိုကိုင်ကာ တစ်လှမ်းခြင်းလှမ်းလာရင်း နွိုက်မြို့ကို ဦးတည်လာ၏။ တစ်လှမ်းခြင်းသာ လှမ်းသော်လည်း မြန်ဆန်လေ၏။သုံးလေးလှမ်းဖြင့် မိုင် များစွာကို အသာလေးကျော်ဖြတ်လာခဲ့လေ၏။ နွိုက်မြို့ရှေ့ရောက်သောအခါ သူ၏ဓားဖြင့် ချိန်ရွယ်ကာ "မြင့်မြတ်သောဓားချက်" တစ်ချက်ဝှေ့ယမ်းလိုက်၏။ထိုအခါ သူ၏ဓားမှတောက်ပလှသော ဓား အလင်းတန်းကထွက်လာလေ၏။ထိုဓားအလင်းတန်းသည် နွိုက်မြို့ရိုးဆီသို့ ဥိီးတည်လာလေ၏။ "ကျီ ..ကျီ ....ကျီ ...." မြို့ရိုး၌ရှိသမျှသော လက်နက်များက ထိုအလင်းတန်း၏ကြောက်မက်ဖွယ် ကောင်းပုံကို အာရုံခံမိသည်အလား ထိုအလင်းတန်းလာရာသို့ ပစ်ခတ်လိုက် ကြ၏။ ဝုန်းးးဝုန်းးးး လက်နက်များမှပစ်ခတ်သည်နဲ့ဓားအလင်းတန်းတို့ဆုံသောအခါ ကြီးမားသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာလေ၏။ "ဒါက ဆရာသခင်(မာစတာ)အဆင့်ရဲ့အစွမ်းတွေ" မြို့ရိုး၌ ရှိနေသော ဂရိတ် စစ်သည်တော်များ တုန်လှုပ်သွားကြ၏။သာမန်ဓားချက် လုပ်လိုက်သော ဆရာသခင်၏အစွမ်းက ထိုမျှအထိ ကြောက်မက်ဖွယ်ကောင်းလှကြောင်း တွေ့ကြုံလိုက်ရလေ၏။ "ဘယ်ဆိုးလို့လဲ" လန်စီလော့သည် မြို့ရိုးပေါ်မှလက်နက်များကို ကြည့်ကာသဘောကျသွား လေ၏။ထိုလက်နက်များက မာစတာအဆင့်၏အစွမ်းကို ခုခံနိုင်သောကြောင့် သဘောကျသွား၏။ "လာလေရော့ဟယ်..." နောက်ထပ်ဓားချက်ခုတ်ချလိုက်လေ၏။ထိုအခါ ထွက်ပေါ်လာသော ဓား အလင်းတန်းသည် အစောပိုင်းက ဓားအလင်းထက် နှစ်ဆမျှပိုမိုတောက်ပ လေ၏။ "ကျီ ...ကျီ .... ကျီ ......ကျီ ..." မြို့ရိုးပေါ်မှ လက်နက်များကလည်း အလင်းတန်းကိုချေမှုန်းကြလေ၏။ ထိုအခါလည်း ကြီးမားသောပေါက်ကွဲမှုကြီး ထွက်ပေါ်လာလေ၏။ "ခေါင်းဆောင်...ကျနော်တို့လက်နက်ခေတ္တ ငြိမ်သွားပြီ ကြည့်ရတာ ပေါက်ကွဲ အားပြင်းလို့ ထင်တယ် ကျနော်တို့သုံးမိနစ်ပြန်စောင့်မယ်" ဟုတ်ပေသည်။မာစတာတစ်ယောက်၏အစွမ်းပေါက်ကွဲမှုကြောင့် လက်နက် များ၏စက်ပိုင်းဆိုင်ရာသည် ထိခိုက်သွား၏။ပြန်လည်ကောင်းမွန်စေရန် ပြန် ဆင်ပြင်ဆင်သောစနစ်များအသက်ဝင်လာကာ ပြင်ဆင်ပေး၏။ ထိုသို့ပြင်ဆင်ပေးသောကာလသည် သုံးမိနစ်ကာလဖြစ်၏။ထို့ကြောင့် သုံး မိနစ်လိုနေလည်းဖြစ်၏။ "လာထား....နောက်တစ်ချက်" လန်စီလော့မှ နောက်ထပ်အားတိုးကာ မြို့ကို ခုတ်ပိုင်းပြန်၏။ဒီတစ်ခေါက် ထွက်ပေါ်လာသောဓားအလင်းတန်းသည် အစောပိုင်း၌ ထွက်ပေါ်လာသော ဓားအလင်းတန်းနှစ်ခုနဲ့ လားလားမျှပင် မဆိုင်ပေ။ အစွမ်းပိုမိုထက်သလို ဓားအလင်းကလည်း ပိုမိုတောက်ပလေ၏။ထို အလင်းတန်းသည် မြို့ရိုးနားရောက်ခါနီးတွင် မြို့ရိုးမှအကာကွယ်သည် ထွက် ပေါ်လာလေ၏။ထိုအကာကွယ်ပုံစံသည် လိပ်ခွံသဏ္ဏ န်ရှိ၏။ ထိုဓားအလင်းတန်းသည် ထိုလိပ်ခွံပုံစံအကာကွယ်ကို ဖျက်စီးပစ်လိုက်၏။ ထိုအခါ လိပ်ခွံအကာကွယ်သည် ပျက်စီးသွားရ၏။ လိပ်ခွံအကာကွယ်ဖျက်စီးသွားသောအခါ နောက်ထပ်သော ဓားအလင်းက မြို့ရိုးထံဦးတည်လာပြန်၏။ထိုဓားအလင်းတန်းသည် မြို့ရိုးတစ်ခုလုံးကို ဖျက် စီးပစ်နိုင်စွမ်းရှိလေ၏။ "ငါတို့တော့ သွားပြီထင်တယ်" ဂရိတ်စစ်သည်များ ရေရွတ်လိုက်ကြ၏။မိမိတို့သည်အစောပိုင်း၌ အကာ ကွယ်ပေါ်လာသောကြောင့်သာ အသက်ရှင်ခွင့်ရကြခြင်းဖြစ်၏။ထိုအကာ ကွယ်ပျက်စီးသွားသောအခါနောက်ထပ်တစ်ကြိမ်လာသော ဓားအလင်းတန်း ကို ကာကွယ်လာသော အကာကွယ်မရှိတော့ပေ။ထို့ကြောင့် မိမိတို့သည် သေ မိန့်ကျနေသော အကျဥ်းသားများပမာပင်။ မိမိတို့ရှေ့သို့လာသောဓားအလင်းတန်းကို ရပ်ကြည့်နေလိုက်ကြ၏။ရပ်ကြ ည့်သော်လည်း ဓားအလင်းမှာ အလွန်ပင်စူးသောကြောင့် မျက်စိမှတ်ထားရုံ သာ တတ်နိုင်လေ၏။ "ဝုန်း" ထိုဓားအလင်းတန်းသည် မြို့ရိုးကို ဖျက်စီးနိုင်ခြင်းမရှိပဲ အဝေးသို့လွင့်စင် သွားလေ၏။ "ဟင် ငါတို့အသက်ရှင်နေတာလား" ဂရိတ်စစ်သည်တော်များ အားလုံးအံသြနေကြ၏။အဘယ်ကြောင့် မိမိတို့ အသက်ရှင်နေကြရသနည်း။ "လာပြီလား ဂရိတ်ဘုရင်" လန်စီလော့၏စကားကြားမှ မိမိတို့အား ကယ်တင်သောသူမည်သူ ဖြစ်ကြောင်း သူတို့သိလိုက်ကြလေ၏။ "ဘုရင်မင်းမြတ်" အားလုံးအရိုသေပေးလိုက်ကြ၏။လေထဲ၌ တန့်နေသော ဧရာမလက်ကြီး တစ်စုံလည်း ရှိ၏။ထိုလက်ကြီးသည် မိမိတို့ထံလာသော ဓားအလင်းတန်းကို ပုတ်ထုတ်လိုက်ကြောင်း နားလည်ကြ၏။ထိုလက်ကြီး၏ပိုင်ရှင်မှ ဂျိတ် ဖြစ်ကြောင်း သိလိုက်သောအခါ ပိုမိုလေးစားလာကြ၏။ ("နေနေ...နေစမ်းပါဦး.. ဘုရင်မင်းမြတ်ကဘယ်လိုလုပ်ပြီး..ဒီကို တစ်ခါတည်း ရောက်လာရတာလဲ") ဂရိတ်စစ်သည်များ တွေးရခက်သွား၏။ဘုရင်မင်းမြတ်သည် ဘယ်လိုဖြစ်ပြီး ရောက်လာသနည်းကိုတော့ မသိပေ။ "မင်းတို့ဂိုဏ်းက ပိုပိုပြီးအရဲတင့်လာပါလား အရိုက်မခံရသေးတော့ ကျောင်း မှန်းကန်မှန်းမသိသေးတာထင်တယ်" ဂျိတ်၏စကားကထွက်လာသောအခါ လန်စီလော့ဒေါသထွက်လာ၏။သူသည် ဂျိတ်ထွက်လာအောင် တမင်သပ်သပ်လုပ်လိုက်ခြင်းဖြစ်သော်လည်း ဒေါသ ထွက်ရမည့်လူက သူပြန်ဖြစ်နေသောကြောင့်ဖြစ်၏။ "လာစမ်း..ဒီတစ်ခါမင်းတိုင်းပြည်တစ်ခုလုံးငါဖျက်စီးမယ်" "လာစမ်းပါ အရင်ဆုံးငါ့ကိုအရင်ကျော်နိုင်မလားဆိုတာ ကြည့်ကြသေးတာ ပေါ့" ဂျိတ်ကလည်း ပြန်လည်ချေပ၏။ မြို့ကို ထိခိုက်မည်စိုးသောကြောင့် ဂျိတ် သည် မြို့ရိုးအပြင်သို့ ထွက်လိုက်၏။ဂျိ တ်၏ခြေတစ်ချက်လှမ်းလိုက်သည်နဲ့ လန်စီလော့အနားသို့ ချက်ချင်းရောက်ရှိသွား၏။ ("သူဘယ်လိုလုပ်လိုက်တာလဲ") ဂျိတ်၏အဆင့်သည် မိမိထက်နိမ့်ကြောင်း လန်စီလော့သိ၏။ သို့သော်လည်း ဂျိတ်မည်သည့်သိုင်းသုံးလိုက်ကြောင်း လန်စီလော့မသိလိုက်ပေ။ မည်သည့်ခြေလှမ်းသိုင်းသုံးသောကြောင့် မိမိ၏အနားရောက်လာသည်ကို လည်း စဥ်းစားမရဖြစ်နေ၏။သူသိသည်ကတော့ ထိုခြေလှမ်းသိုင်းသည် သေချာပေါက်အဆင့်မြင့်မည်သာ ဖြစ်၏။ "ဟူးးး" ဂရိတ်စစ်သည်များ သည် သက်ပြင်းရှည်ချလိုက်ကြ၏။ မာစတာအဆင့်စစ်သည်တစ်ယောက်နဲ့ မိမိတို့ဘုရင် မည်သူနိုင်မည်နည်း။ တွေးရခက်သော ပုစ္ဆာတစ်ခုလိုပင်။ နောက်ဆုံးတော့ လန်စီလော့နဲ့ဂရိတ်ဘုရင်၏တိုက်ပွဲသည် ရောက်ရှိ၍လာပြီ လည်းဖြစ်၏။
(315)လန်စီလော့၏တိုက်ခိုက်ရေးစွမ်းအား
ဂျိတ်နဲ့လန်စီလော့သည် ယခုလက်ရှိ၌ နှစ်ယောက်ချင်းတိုက်ခိုက်မည့်အနေ ထားသို့ရောက်ရှိနေလေ၏။လန်စီလော့သည် ဂျိတ်ကို မျက်ခြေမပျက်စောင့် ကြည့်နေလေ၏။ "အိုး..လက်စသတ်တော့ မင်းရဲ့တပ်ဖွဲ့သားတွေက ဖုတ်ကောင်တွေဖြစ်ပြီး အချင်းချင်းပြန်သတ်နေတာပါလား" ဂျိတ်မှ အံသြဟန်ပြု၏။ထို့နောက် မြို့ရိုးဘက်၌ရှိသော စစ်သည်များထံလှည့် ကာ "မင်းတို့ညဏ်ကောင်းတယ်..ဒီလိုနည်းဗျူဟာသုံးလိမ့်မယ်လို့မထင်မိဘူး..." ဂျိတ်သည် ဂရိတ်စစ်သည်များအား ချီးကျူး၏။ထိုအခါ လန်စီလော့သည် နဖူးကြောများကျုံကာ ဒေါသထွက်လာလေ၏။သကောင့်သားသည် မိမိနဲ့ ထိပ်တိုက်တွေ့နေသော်လည်း မိမိအားကြောက်ဟန်မပြုသည်အပြင် အရေးမ ပါသလို ပြုမှုနေသောကြောင့်ဖြစ်၏။ "သေစမ်း" လန်စီလော့မှ အရင်ဆုံးတိုက်စစ်ဆင်လိုက်၏။သူ၏ဓားဖြင့် ဂျိတ်၏ရင်ဝကို ထိုးလိုက်၏။ "ရမယ်ထင်လား" ဂျိတ်ကလည်း ထိုဓားချက်ကိုအသာယာပင် ရှောင်တိမ်းလိုက်၏။ "ဓားထိုးချက်တစ်ထောင်" လန်စီလော့၏ဓားချက်သည် တခဏအတွင်း၌ ဓားထိုးချက်တစ်ထောင် အသွင်ပြောင်းလဲသွားလေတော့၏။ "မင်းရှောင်နိုင်ရင်ရှောင်ပေါ့" ထိုဓားအချောင်းတစ်ထောင်သည် တစ်ချိန်တည်း၌ နေရာစုံမှ နေ၍ ဂျိတ် ထံသို့ပြေးဝင်လာလေ၏။ "မရှောင်ပါဘူး" ဂျိတ်ပြောပြီးသည်နဲ့ ဂျိတ်၏နောက်မှ စတားပလက်တီနမ်စတန်းထွက် ပေါ်လာလေ၏။ယခုချိန်၌ စတားပလက်တီနမ်သည် ဘုရင်တစ်ပါး၏အော်ရာ များထွက်နေသလို ယခင်ကထက် သန်မာလာလေ၏။ "ဝိုးရား.. ဝိုးရား..... ဝိုးရား....." သူ၏စိန်တစ်မျှမာကျောလှသော လက်သီးဖြင့် ထိုဓားတစ်ထောင်ကို ရင်ဆိုင် လိုက်၏။ရင်ဆိုင်ရာ၌ သူ၏လက်သီးသည်လည်း လက်သီးတစ်ထောင်အသွင်ပြောင်းလဲပြီး ထိုးချ လိုက်ခြင်းဖြစ်၏။ "ခလွမ်....ထန်......." ဓားတစ်ထောင်နဲ့လက်သီးတစ်ထောင်တွေ့သောအခါ သံချင်းသံထိသကဲ့သို့ အသံများထွက်လာလေ၏။ "နာမည်ကြီးနေတဲ့မင်းရဲ့နတ်စွမ်းအားဆိုတာမျိူးလား" . လန်စီလော့သည် ဂျိတ်၏နောက်မှ စတန်းကိုကြည့်လိုက်၏။ထိုအကောင် သည် မိမိနီးပါးကြမ်းသည်ဟု သူတပ်အပ်ပြောနိုင်၏။ "ဝိုးရားးးးးးး" စတန်းမှ ပြန်လည်တိုက်ခိုက်၏။သူ၏လက်သီးတစ်ထောင်ထိုးချက်ဖြင့် ပြန်လည်တိုက်ခိုက်ခြင်းဖြစ်၏။ "ရော့ ဓားချက်တစ်ထောင်" လန်စီလော့၏လက်ကလည်း မြန်၏။သူ၏ဓားများကလည်း ချက်ချင်းပင် အချောင်းတစ်ထောင်အသွင်ပြန်ပြောင်းပြီး လက်သီးချက်များကို ပြန်ကာ ကွယ်လိုက်၏။ထိုအခါ သံချင်းသံထိသကဲ့သို့ အသံများပြန်ထွက်လာလေ၏။ "ခွပ်..." "အင့်.." လန်စီလော့သည် မမျှော်လင့်ဘဲ လက်သီးတစ်ချက်ကို ခံစားလိုက်ရ၏။ထို လက်သီး၏အရှိန်သည် ပြင်းထန်လှသောကြောင့် သူ၏မျက်နှာသည် လက်သီး အရာထင်သွား၏။ "အို...ညံပါပေ့..ငါကလက်သီးတစ်ထောင်ပဲပြန်ထိုးမယ်ထင်နေသလား" "ဂါး" ဂျိတ်၏စကားကြောင့် လန်စီလော့ဒေါသထွက်လာ၏။ထိုစကားက မိမိအား လှောင်နေသည်ဟုခံစားမိ၏။မိမိသည် လက်ရှိ၌ မာစတာအဆင့်လေးသို့ ရောက်ရှိနေပြီး ဘယ်သူမှမလှောင်ရဲပေ။မိမိထက် အဆင့်ကြီးတစ်ဆင့်ကွာ ရုံမက အသက်ပါအတော်ကွာ ပြီး ငယ်သေးသော ဘုရင်ပေါက်လေးကတော့ လှောင်ရယ်နေပေ၏။ထိုအခါ သူ၏ဒေါသက ထိန်းမရတော့ပေ။ "ကြည့်...ကြည့်...ခွေးကြီးတရူးထိုးကိုက်တော့မယ်" ဂျိတ်၏နောက်ထပ်စကားကြောင့် "သေစမ်းကွာ" လန်စီလော့သည် သူ၏ဓားဖြင့်အချက်ပေါင်းများစွာ ထိုးပစ်၏။ဂျိတ်က လည်း ထိုဓားချက်တိုင်းကို စတန်း၏လက်သီးဖြင့် ပြန်လည်ချေပ၏။ ..ဝုန်း...ဝုန်း..ဝုန်း.... လေဟီးသံများပင် ထွက်ပေါ်လာလေ၏။လက်သီးနဲ့ဓားချက်တွေ့တိုင်း ပေါက်ကွဲအားကထွက်ထွက်လာလေရာ သူတို့နှစ်ယောက်ချရာ ဘေး ပတ်လည်၌ တဝုန်းဝုန်းမြည်နေတော့၏။ "ကြမ်းလိုက်ကြတာ" ကြည့်ရှုမိသူတိုင်း အံအားသင့်ကြရလေ၏။ထိုမျှအထိ မိမိတို့ဘုရင်သည် ကြမ်းကြောင်း ယနေ့၌ ဂရိတ်စစ်သည်များ မြင်တွေ့လိုက်ရပြီဖြစ်၏။ မိမိ၏ဓားချက်တိုင်း ဂျိတ်မှကာကွယ်နိုင်ကြောင်းတွေ့သောအခါ လန်စီလော့ ဒေါသထွက်ပြန်၏။ထို့ကြောင့် လေထဲသို့ပျံတက်လိုက်ကာ ဓားများဖန်တီး လိုက်၏။ထိုဓားများကို ဂျိတ်ထံသို့ ပစ်လိုက်၏။ ထောင်သောင်းမကသော ဓားများစွာက ဂျိတ်ထံပြေးဝင်လာကြလေ၏။ထို ဓားတိုင်းကို ဂျိတ်၏စတန်းက လက်သီးဖြင့်ထိုးပြီး ကာကွယ်ပေး၏။ "ဓားတွေက အရံအစီစဥ်ပဲ" ဂျိတ်ကလည်း သိပြီးသားပင်။လန်စီလော့သည် သူ၏အစွမ်းထက်သိုင်းသည် အချိန်ယူရန်လိုရန်လိုသောကြောင့် ဓားများဖန်တီးကာ အချိန်ဆွဲခြင်းဖြစ်၏။ "ဓားအရှိန်ဝါထိုးဖောက်စမ်း" လန်စီလော့သည် သူ၏အစွမ်းထက်သော ဓားချက်ဖြင့် ဂျိတ်အားထိုးလိုက် လေ၏။အများအားဖြင့် ဓားများသည်ခုတ်ပိုင်းကြသော်လည်း လန်စီလော့ သည် ထိုးချက်ကိုသာအဓိက သုံးသောတစ်ယောက်ဖြစ်သောကြောင့်ဖြစ်၏။ ကောင်းကင်ယံမှ အရှိန်ဝါကြီးပြီးပြင်းထန်လှသော ဓားထိုးချက်က ဆင်းသက်လာလေ၏။ထိုဓား၏တည်နေရာသည် ဂျိတ်ထံသို့ဖြစ်၏။ ဓား၏အရှိန်ဝါကြီးခြင်းနဲ့အစွမ်းထက်ခြင်းတို့ကြောင့် သာမန်လူများဆိုပါက ဒူးထောက်ပြီး အသေခံမိကြမည်ဖြစ်၏။သို့သော် လက်ရှိပစ်မှတ်ထားခံနေရ သော သူသည် ဂျိတ်ဖြစ်နေ၏။ "ကောင်းတယ်ကွာ..ရော့ငါ့လက်သီးလာထား" ဂျိတ်ကလည်း ကောင်းကင်သို့ သူ၏လက်သီးကိုထိုးလိုက်၏။ထိုအခါ နောက်မှစတန်းကလည်း ကောင်းကင်သို့လက်သီးထိုးလိုက်၏။ထိုအခါ ကြီးမားပြီးအာဏာရှိသော ဧရာမလက်သီးပုံရိပ်သည် ကောင်းကင်ယံသို့ထိုး တက်သွားလေ၏။ ကောင်းကင်ယံမှ အရှိန်ဝါနဲ့အားပြင်းသော ဓားထိုးချက်နဲ့ ကြီးမားပြီးအာဏာ ရှိပြီး ကောင်းကင်ယံသို့ ခွင်းကာ ထိုးတက်လာသော လက်သီးချက်တို့က အချင်းချင်းယှဥ်ပြိုင်နေကြလေ၏။ နှစ်ခုလုံးသည် တစ်ခါတည်းဆုံလိုက်ကြသောအခါ.. "ဝုန်း" ကြီးမားပြင်းထန်သော ပေါက်ကွဲမှုကြီးဖြစ်ပျက်လာစေ၏။ထိုပေါက်ကွဲမှု ကြောင့် အနီးနား၌ရှိရှိသမျှသော အရာအားလုံးစုတ်ပျက်သပ်ကုန်လေ၏။ ဖုတ်ကောင်များနဲ့စစ်သည်များလည်း ခြွင်းချက်မရှိပေ။ထိုပေါက်ကွဲ မှု၏သက်ရောက်မှုကြောင့် အစိတ်စိတ်အမွှာမွှာဖြစ်ကာ သေကြေကုန်လေ၏။ "ဝိုး....ဘယ်ဆိုးလို့လဲ" လန်စီလော့မှရေရွတ်လိုက်၏။ဂရိတ်ဘုရင်သည် တိူင်းပြည်၏ကံကြမ္မာ စွမ်းအားကိုသာ အသုံးချပြီး မိမိကိုသာ တိုက်ခိုက်တတ်သည်ဟု ထင်ခဲ့မိ၏။ လက်တွေ့တွင်ကား ဂရိတ်ဘုရင်သည် အဆင့်သာနိမ့်သော်လည်း သူ၏သိုင်း အပေါ် ထိုးထွင်းသိမြင်နိုင်စွမ်းသည် သူထက်လုံးဝမလျော့ကြောင်း သိလိုက် ပြီဖြစ်၏။ "မင်းကောပဲ" ဂရိတ်ဘုရင်ဖြစ်သည့် ဂျိတ်လည်း ပြန်လည်တုံပြန်လိုက်၏။သူ၏ဓားထိုး ချက်သည် ထိုမျှကြမ်းတမ်းမည်ဟု မထင်ထားမိသည်မှာ အမှန်ပင်ဖြစ်၏။ ယခု၌ ဂျိတ်သည် မိမိနဲ့တိုက်ခိုက်ဖော်ရပြီဟု ထင်မှတ်လိုက်၏။ "လာ ပြန်ချကြတာပေါ့" "ကောင်းပြီ" သူတို့နှစ်ဦးကြားတိုက်ပွဲသည် အသက်ဝင်လာခဲ့လေတော့၏။