← Chapters

အခန်း (၃၃၂)

Vol. 34 Ch. 332

အခန်း (၃၃၂)

Vol. 34 Ch. 332

အခန်း။ ၃၃၂

ကျောက်လင်းသည် လုချွမ်းကို ကြည့်ရှုကာ စိုးရိမ်တကြီးဖြင့် “လုချွမ်း... ဒီလူက သေချာပေါက်ကို လူယုတ်မာပဲ။ သူ့စကားတွေနောက် ပါမသွားနဲ့နော်။ သူက မုသားတွေနဲ့ ပြည့်နေတာ။ ငါတို့ကို ဒုက္ခပေးဖို့ ကွယ်ရာမှာ အကွက်တွေ ဆင်နေမှာ သေချာတယ်။ မင်းက သူ့ရဲ့ သားရဲဘုရင်ဂိုဏ်းကို ဖျက်ဆီးခဲ့တာကို သူက စိတ်ထဲမထားဘူးဆိုတာ ဘယ်လိုမှ မဖြစ်

နိုင်ဘူး”

လုချွမ်းသည် လူသားတို့၏ အရေးကိစ္စများကို သိပ်မေ့လျော့နေတတ်သော ဇွန်ဘီဘုရင် တစ်ဦး ဖြစ်နေသဖြင့် ဟိုသားရဲဘုရင်ဂိုဏ်းချုပ်၏ ကမ္ဘာကြီးကို စိုးမိုးမည်ဟူသော ကြီးကျယ်ခမ်းနားသည့် ရည်မှန်းချက်များကြားတွင် စိတ်ပါသွားမည်ကို ကျောက်လင်း အမှန်တကယ် ကြောက်ရွံ့နေမိခြင်းပင်။ အကယ်၍ ထိုသို့ဖြစ်လာပါက လူသားနှင့် ဇွန်ဘီများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဟူသော သူမ၏ မျှော်လင့်ချက်မှာ အိပ်မက်ဆိုးတစ်ခု ဖြစ်သွားပေလိမ့်မည်။

၎င်းကို ကြားသောအခါ လုချွမ်းက ဘာမှပြန်မပြောသော်လည်း လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်ပါသည်။ ဤသားရဲဘုရင်ဂိုဏ်းချုပ်မှာ မရိုးသားဘဲ သူ၏ ဇွန်ဘီရုပ်သေးစစ်တပ်ကို အသုံးချချင်နေခြင်းသာဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ ထို့ကြောင့် သူနှင့် မည်သည့်အခါမျှ ပူးပေါင်းမည်မဟုတ်သလို ခုနက ချက်ချင်း အဆုံးမစီရင်ဘဲ လွှတ်ပေးလိုက်ခြင်းမှာပင် သူ၏ဘက်မှ တော်တော်လေး သည်းခံပေးလိုက်ခြင်းပင်။

ကမ္ဘာကြီးကို စိုးမိုးရန်ဟူသော အဆိုပြုချက်နှင့် ပတ်သက်၍လည်း လုချွမ်းတွင် ထိုကဲ့သို့သော ရည်မှန်းချက်မျိုး အလျဉ်းမရှိပေ။ သူ အလိုရှိသည်မှာ မည်သူမျှ လာရောက်မနှောင့်ယှက်ဘဲ ဘေးကင်းလုံခြုံသည့် ကိုယ်ပိုင်နယ်မြေလေးတစ်ခုတွင် ချီချီလေးကို ကျန်းကျန်းမာမာဖြင့် ကြီးပြင်းလာစေရန်သာ။ အမှန်စင်စစ် ဤဆန္ဒမှာ အစောပိုင်းက လယ်တောလေးတွင် နေထိုင်

စဉ်က ပြည့်စုံလုနီးပါး ဖြစ်ခဲ့သော်လည်း လူသားများကြောင့်သာ ထိုဘဝလေးမှာ ပျက်စီးသွားခဲ့ရခြင်းပင်။

ထို့နောက် လုချွမ်းက ကျောက်လင်းနှင့် ချီချီလေးကို ကားထဲသို့ ပြန်လည်ဝင်ရောက် အနားယူရန် ပြောကြားလိုက်ပြီး သူ၏ ဇွန်ဘီရုပ်သေးများကိုမူ လမ်းဆက်လက်ရှင်းခိုင်းထားပါသည်။ ဤတောင်တန်းကြီးများ၏ အလယ်ဗဟိုတွင် ပိတ်မိနေခြင်းက သူ့ကို စိုးရိမ်စိတ် ဖြစ်ပေါ်စေသဖြင့် ဤနေရာမှ အမြန်ဆုံး ထွက်ခွာနိုင်ရန် သူ ကြိုးစားနေမိသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ညဉ့်နက်လာပြီး ကောင်းကင်ယံတစ်ခုလုံး မှောင်မိုက်သွားပါတော့သည်။ တောင်ပတ်လမ်း၏ အလယ်ဗဟိုတွင်မူ မီးပုံကြီးတစ်ခုမှာ ထိန်ထိန်ညီးနေပြီး လက်မောင်းခန့်ရှိသော ထင်းတုံးကြီးများမှာ ပြင်းပြင်းထန်ထန် လောင်ကျွမ်းနေပါတော့သည်။

တောက်လောင်နေသော မီးလျှံများမှ အလင်းရောင်သည် ပတ်ဝန်းကျင် မီတာ ၁၀၀ အတွင်းသို့ ဖြာထွက်နေပြီး ညဉ့်နက်ပိုင်း၏ အအေးဓာတ်နှင့် စိုထိုင်းဆများကို လွယ်ကူစွာပင် မောင်းထုတ်နေကာ ပတ်ဝန်းကျင်တစ်ခုလုံးကို နွေဦးကဲ့သို့ နွေးထွေးနေစေသည်။

မီးရောင်၏ အပြင်ဘက် လမ်းဘေးရှိ တောင်တောအုပ်အတွင်း၌မူ လုချွမ်းသည် အဆင့် ၄ ဇွန်ဘီရုပ်သေးအချို့ကို တမင်တကာ ကင်းပုန်းဝပ်ထားစေသည်။ အကြောင်းမှာ မီးရောင်ကြောင့် ဆွဲဆောင်ခံရပြီး တောထဲမှ ထွက်ပေါ်လာနိုင်သော သားရဲရိုင်းများကို ကြိုတင်ကာကွယ်ရန် ဖြစ်သည်။

မည်သည့် သားရဲမဆို မီးပုံအနီးသို့ ချဉ်းကပ်ရန် ကြိုးစားသည်နှင့် အဆင့် ၄ ဇွန်ဘီရုပ်သေးများက ကြိုတင်နှိမ်နင်းပေးမည်ဖြစ်သည်။

မီးပုံ၏ အလင်းရောင်အောက်တွင်...

ထိုအချိန်၌ ကျိရုရွှယ်နှင့် ကျောက်လင်းတို့သည် ယာယီထမင်းစားပွဲတစ်ခုတွင် ညစာစားနေကြသည်။ စားပွဲပေါ်တွင် ဟင်းတစ်ခွက်နှင့် စွပ်ပြုတ်တစ်ခွက် ရှိနေသည်။ ၎င်းတို့မှာ နံရိုး မုန်လာဥနီစွပ်ပြုတ်နှင့် အာလူး အသားနှပ်တစ်ပွဲတို့ပင်။

"ချီချီလေး... ထမင်းနဲ့ အာလူးပဲ စားမနေနဲ့ဦး အသားတွေလည်း ပိုစားပါဦး မဟုတ်ရင် အန်တီ အကုန်စားပစ်မှာနော်"

ကျောက်လင်းမှာ သူမ၏ ပါးစပ်တွင် ဆီများပေကျံနေသည်အထိ အားပါးတရ စားသောက်နေရင်း တစ်ဖက်ရှိ ချီချီလေးကိုလည်း ဟင်းများ ခပ်ပေးနေသည်။

ကျိရုရွှယ်ကတော့ ပိုပြီး ယဉ်ယဉ်ကျေးကျေးရှိလှသည်။ ပန်းကန်လုံးလေးကို ကိုင်ကာ တုတ်ဖြင့် ထမင်းများကို ပါးစပ်လေးထဲ ခပ်သွင်းရင်း ဖြည်းဖြည်းချင်း အသာအယာ ဝါးစားနေရှာသည်။

သူတို့နှစ်ယောက် စားသောက်နေကြစဉ် လုချွမ်းမှာမူ မီးပုံဘေးတွင် ဆောင့်ကြောင့်ထိုင်လျက် သံစင်ပေါ်၌ ရေနွေးအိုးတင်ကာ ရေနွေးတည်နေသည်။

လုချွမ်းကတော့ ဘာမှမဖြစ်ပေမဲ့ ချီချီလေးက ငယ်သေးတာကြောင့် ကျန်းမာရေးအတွက် ရေနွေးသောက်တာက ပိုကောင်းမည်ဟု သူယူဆထားခြင်းဖြစ်သည်။

မီးတောက်များကို ကြည့်ရင်း လုချွမ်းသည် ဘေးမှ ထင်းနှစ်တုံးကို ကောက်ယူကာ မီးပုံထဲသို့ ထပ်ထည့်လိုက်သည်။

ဝူး...

ထိုစဉ်မှာပင် ကောင်းကင်ယံအထက်မှ ရုတ်တရက် ဝူး ဟူသော အသံတစ်ခုနှင့်အတူ ပြင်းထန်သော လေတိုးသံ ပေါ်ထွက်လာသည်။ ထို့နောက် မီးပုံအလင်းရောင်အောက်တွင် အမည်းရောင်အရိပ်တစ်ခုသည် အထက်မှနေ၍ အရှိန်အဟုန်ဖြင့် ငုပ်လျှိုးကာ ဆင်းသက်လာတော့သည်။

ချက်ချင်းဆိုသလိုပင် လုချွမ်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အထက်သို့ မော့ကြည့်လိုက်သည်။

ဧရာမ ပုံသဏ္ဌာန်ကြီးတစ်ခုသည် ကောင်းကင်မှ ဆင်းသက်လာကာ ဤနေရာသို့ ဦးတည်၍

တိုက်ခိုက်လာခြင်းပင်။

နောက်တစ်စက္ကန့်တွင်...

ကိ... ကိ...

ဟွမ်ရွှမ်၏ စေခိုင်းမှုအောက်ရှိ သားရဲငှက်ကြီးသည် စူးရှစွာ အော်ဟစ်လိုက်ပြီး ထမင်းစားပွဲဘေးရှိ ကျောက်လင်းနှင့် ကျိရုရွှယ်တို့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။ မှောင်မည်းနေသော ပတ်ဝန်းကျင်၌ ၎င်း၏ ဧရာမခြေသည်း ချွန်ထက်ထက်ကြီးများသည် အေးစက်စက် အလင်းရောင်များ တောက်ပနေ၏။

ကျယ်ပြောလှသော အတောင်ပံများ ခတ်လိုက်သည့်အရှိန်ကြောင့် လေပြင်းများ ထွက်ပေါ်လာပြီး ထမင်းစားပွဲမှာ တုန်ခါသွားကာ စားပွဲတင် လက်သုတ်ပုဝါများပင် လွင့်စင်သွားတော့သည်။

သားရဲငှက်ကြီး အနီးသို့ ရောက်လာသည်နှင့် လုချွမ်းသည် ၎င်းကို ချက်ချင်းမှတ်မိလိုက်ပြီး ဤသည်မှာ ဟွမ်ရွှမ်၏ လက်ချက်ဖြစ်ကြောင်း သိလိုက်သည်။

"ချီချီလေးကို တိုက်ခိုက်ရဲတယ်ပေါ့... မင်း သေရမယ်"

လုချွမ်း၏ မျက်ဝန်းများမှာ စူးရှသွားပြီး တစ်စက္ကန့်အတွင်းမှာပင် ပတ်ဝန်းကျင်ကို စောင့်ကြပ်နေသော ဇွန်ဘီရုပ်သေးများမှာ လှုပ်ရှားလာကြသည်။

ဂရုန်း... ဂရုန်း...

မသေနိုင်သူ ၁ သည် ချက်ချင်းပင် လှုပ်ရှားလိုက်ပြီး ကားခေါင်မိုးပေါ်သို့ ခုန်တက်ကာ ၎င်း၏ ကျောပေါ်ရှိ အသားမျှင်လေးခုမှ လျှပ်စစ်အလင်းတန်းများ ဖြာထွက်လာသည်။ ထို့နောက် မိုးခြိမ်းသံနှင့်အတူ သွေးရောင်လွှမ်းသော လျှပ်စီးတန်းများသည် မှောင်မိုက်သော ညဉ့်ကောင်းကင်ကို ထိုးခွဲကာ အရှိန်ဖြင့် ဆင်းသက်လာသော သားရဲငှက်ကြီးဆီသို့ ပစ်လွှတ်လိုက်တော့သည်။

ဝုန်း... ဝုန်း... ဝုန်း...

သားရဲငှက်ကြီးက ပြန်လည်ပစ်လွှတ်လိုက်သော မိုးကြိုးလုံးများနှင့် ရွှေရောင်အတောင်ပံဓားများမှာ လေထဲတွင် ပေါက်ကွဲသွားကြသည်။ သို့သော် ပေါက်ကွဲမှုတစ်ခုစီတိုင်းမှ ခရမ်းရောင် လျှပ်စစ်စွမ်းအင် လှိုင်းလုံးကြီးများ ထွက်ပေါ်လာပြီး သားရဲငှက်ကြီးထံသို့ တိုက်ရိုက် ရိုက်ခတ်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သားရဲငှက်ကြီးမှာ လျှပ်စီးအပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ဆင်းသက်နေသော ခန္ဓာကိုယ်ကြီးမှာ တုန်ခါသွားကာ နာကျင်စွာ အော်ဟစ်ရင်း အနောက်သို့ လွင့်စင်သွားတော့သည်။

ကံကောင်းထောက်မစွာဖြင့် သားရဲငှက်ကြီးသည် အရှိန်ကို လျင်မြန်စွာ ပြန်ထိန်းနိုင်ခဲ့ပြီး ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများဖြင့် နောက်တစ်ကြိမ် ပြန်လည် အားယူကာ တိုက်ခိုက်လာပြန်သည်။

ထိုအချိန်တွင် မသေနိုင်သူ ၁ ၏ မိုးကြိုးလုံးများသည်လည်း နောက်တစ်ဖန် ပြန်လည် စုစည်းမိသွားပြီး တိုက်ခိုက်ရန် အသင့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။

တစ်ပြိုင်နက်တည်းမှာပင် အနီးနားတွင် ရှိနေသော ဧရာမဇွန်ဘီ ၁၊ လျှပ်စီး ၁ နှင့် အခြားသော ဇွန်ဘီရုပ်သေးများသည်လည်း အလျင်အမြန်ပင် အနားသို့ ကပ်လာကြသည်။

ရှုး... ရှုး... ရှုး...

ဧရာမဇွန်ဘီ ၁ နှင့် ဧရာမဇွန်ဘီ ၂ တို့၏ စတီးလ်ခြေသည်းများသည် ကျည်ဆန်များကဲ့သို့ သားရဲငှက်ကြီးဆီသို့ ပြေးဝင်သွားပြီး လေထုကို ထိုးခွဲသံများပင် စူးရှစွာ ထွက်ပေါ်လာတော့သည်။

ဘုန်း...

သားရဲငှက်ကြီးသည် ၎င်း၏မျက်လုံးများမှ ရက်စက်ကြမ်းကြုတ်သော အလင်းတန်းများ ဖြာထွက်လျက် ရွှေရောင်အတောင်ပံဓားများကို တစ်ပြိုင်နက် ပစ်လွှတ်လိုက်ပြီး ပြေးဝင်လာသော စတီးလ်ခြေသည်းများကို ရိုက်ထုတ်ပစ်လိုက်သည်။

ထို့နောက် အရှိန်မလျှော့ဘဲ ဧရာမဇွန်ဘီ ၁ နှင့် အခြားဇွန်ဘီရုပ်သေးများ တည်ဆောက်ထားသော ခံစစ်တံတိုင်းဆီသို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် တိုးဝင်လာတော့သည်။

ရုတ်တရက် ဖြစ်ပျက်သွားသော အခြေအနေကြောင့် ကျောက်လင်းနှင့် ကျိရုရွှယ်တို့မှာ လန့်ဖျန့်သွားပြီး ထမင်းစားပွဲမှ အလိုအလျောက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်ကြသည်။

"ဒီတိရစ္ဆာန်စုတ်... နင့်ကို ငါသတ်မယ်"

ကျောက်လင်းသည် အသိပြန်ဝင်လာသည်နှင့် ခါးမှစတီးလ်ဓားကို ဆွဲထုတ်လိုက်ပြီး လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် သားရဲငှက်ကြီးထံသို့ တောက်ပသော ဓားအလင်းတန်းကို ပစ်လွှတ်လိုက်သည်။

"ဟင်း... ဟိုယုတ်မာတဲ့ ဟွမ်ရွှမ်က အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူးဆိုတာ ငါသိသားပဲ။ ညဘက်ကြီးကို ရွေးပြီး ငါတို့ကို တိုက်ခိုက်တာပေါ့လေ"

ကျိရုရွှယ်သည် အေးစက်သော မျက်နှာထားဖြင့် ဆင်းသက်လာသော သားရဲငှက်ကြီးကို တည့်တည့်စိုက်ကြည့်နေပြီး သူမ၏ ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ သူမသည် ချက်ချင်းပင် ပတ်ဝန်းကျင်ကို အကဲခတ်ကာ ပုန်းအောင်းနေသော ဟွမ်ရွှမ်ကို ရှာဖွေရန် ကြိုးစားလိုက်သည်။

သို့သော် မမျှော်လင့်ဘဲ ထိုအချိန်မှာပင် မြေပြင်မှ တုန်ခါမှုများ ထွက်ပေါ်လာရာ ကျိရုရွှယ်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ သူမ၏ ခြေထောက်အောက်တည့်တည့်မှ တစ်ခုခုသည် အထက်သို့ အတင်းတိုးထွက်လာနေသည်ကို အာရုံခံမိလိုက်ခြင်းပင်။

‘ငါ့ဆီကို ဦးတည်လာတာလား’

ကျိရုရွှယ်၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများ တောက်ပလာသည်။

ငါ့ကို အနိုင်ကျင့်လို့ လွယ်မယ်လို့ တကယ်ပဲ ထင်နေကြတာလား။

နောက်တစ်စက္ကန့်တွင်...

ဘုန်း...

မြေကြီးဟိန်းသံနှင့်အတူ ကျိရုရွှယ်၏ ခြေထောက်အောက်ရှိ မြေသားများမှာ ရုတ်တရက် ပွင့်ထွက်သွားပြီး မြေမှုန့်များနှင့် ဖုန်တောများ ကောင်းကင်သို့ လွင့်စင်သွားတော့သည်။

"ချီချီလေး..."

သားရဲငှက်နှင့် တိုက်ခိုက်နေသော ကျောက်လင်းသည် ဆူညံသံကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ မျက်နှာတစ်ခုလုံး ပျက်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။

မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသော လုချွမ်းမှာမူ ချက်ချင်းပင် ဒေါသအထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

"မင်း... လုပ်ရဲလှချည်လား"

All Chapters