← Chapters

အခန်း (၉၄၃-၉၄၄)

Vol. 79 Ch. 943-944

အခန်း (၉၄၃-၉၄၄)

Vol. 79 Ch. 943-944

အခန်း ၉၄၃ -

ကြယ်တစ်လုံးကို ဖျက်ဆီးနိုင်သော နတ်ဆိုးလှံ ... ။

ခြောက်လတာအချိန်ကာလကို စုရီသည် ခြောက်သွေ့နေသော ကျွန်းငယ်လေးပေါ်တွင် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ငြိမ်သက်စွာ ကုန်ဆုံးနေ၏။

ကျွန်းပေါ်တွင် တည်ဆောက်ခဲ့သော အစီရင်သည် ပြုပြင်ထိန်းသိမ်းမှု မရှိတော့သဖြင့် လေနှင့်လှိုင်းများ တိုက်စားမှုဒဏ်ကြောင့် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် ထူးဆန်းသည်မှာ မိုးကြိုးလျှပ်စီးများ စုရီထံသို့ ကျရောက်တော့မည့် အချိန်တိုင်းတွင် မမြင်ရသော စွမ်းအားတစ်ခုက တိတ်ဆိတ်စွာ ပယ်ဖျက်ပေးနေခြင်းပင်။

ဟိန်းဟောက်နေသော တာအိုဥပဒေ လှိုင်းလုံးကြီးများသည် ကျွန်ငယ်လေးအနားသို့ ရောက်ရှိချိန်တွင် အားအင်ကုန်ခမ်းကာ ငြိမ်သက်သွားကြရ၏။

“ ဝုန်း ... ။ ”

ယနေ့တွင် အဝေးမှ ပြင်းထန်သော လေဆင်နှာမောင်းတစ်ခုတိုးဝင်လာပြီး မိုးကြိုး မုန်းတိုင်းများနှင့်အတူ ဖရိုဖရဲစွမ်းအင်များက ဝုန်းခနဲ ရိုက်ခတ်သွားတော့၏။

ထိုအခါမှသာ ကျောက်ရုပ်ကြီးကဲ့သို့ ထိုင်နေခဲ့သောစုရီသည် သူ့မျက်ဝန်းများကို ဖွင့်လာခဲ့သည်။

နက်ရှိုင်းသော မျက်ဝန်းအစုံတွင် မီးခိုးရောင်အရိပ်အယောင်များနှင့် တွင်းနက်ကြီး ဖြစ်ပေါ်နေ၏။

ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါကြောင့် ပတ်ဝန်းကျင်ရှိ လေပြင်းများ သည်ပင် လမ်းကြောင်းပြောင်းသွားကြရသည်။

“ နှလုံးသားကို ကျောက်စိမ်းတုံးလို တည်ငြိမ်ထားပြီး ဓားသွားလိုထက်မြက်အောင် သွေးရမယ် ... တာအိုလမ်းခရီးကို လျှောက်လှမ်းရာမှာ နှလုံးသားက ဖုန်မှုန့်တွေ စွဲကပ်နေရင် ဘယ်လောက်ပဲ ပါရမီထူးခြားနေပါစေ ... အဝေးကြီး လျှောက်လှမ်းနိုင်မှာမဟုတ်ဘူး ... ။ ”

စုရီက ခပ်တိုးတိုးရေရွတ်လျက် မတ်တပ်ထရပ်ကာ အဝတ်အစားရှိဖုန်များကို ခါထုတ်လိုက်တော့သည်။

ဤခြောက်လအတွင်း ကျင့်ကြံမှုသည် တိုးတက်ခြင်းမရှိခဲ့သော်လည်း စိတ်ခံစားချက် အခြေအနေမှာမူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ခြားနားသွားပြီဖြစ်၏။

“ ဘဝကို စိတ်တိုင်းကျရှင်သန်မယ် ... လွတ်လပ်မှု၊ မာန၊ သတ်ဖြတ်မှု အရာအားလုံး ငါ့ဆန္ဒရှိသလို လုပ်ဆောင်မယ်။ ”

ဤတစ်ကြိမ်၌ ခပ်ဖျော့ဖျော့ပြုံးလျက် ကျေနပ်စွာဖြင့် ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ခြေလှမ်းစတင်လိုက်တော့၏။

သူ့ခန္ဓာကိုယ်မှ အရှိန်အဝါများသည် ဖရိုဖရဲမြူများနှင့် တသားတည်းဖြစ်နေသဖြင့် သူသွားရာလမ်းတလျှောက် လှိုင်းလေများ ငြိမ်သက်ကုန်ကာ ဘုရင်တစ်ပါးထွက်တော်မူ လာသကဲ့သို့ ခန့်ညားနေခဲ့သည်။

“ ဝုန်း ... ။ ”

ခေတ္တအကြာတွင် အဝေးတစ်နေရာမှ ပြင်းထန်လှသော ပေါက်ကွဲသံကြီးများနှင့်အတူ ကမ္ဘာပျက်မတတ် စွမ်းအင်လှိုင်းများ ပြန့်ကား လာနေသည်ကို မြင်လိုက်ရသည်။

ပင်လယ်ရေပြင်၏ တစ်နေရာတွင် နက်ရှိုင်းသောချောက်ကမ်းပါးကြီး တစ်ခုရှိနေပြီး အနီးတွင်လူ(၁၃)ဦးသည် အစီရင်တစ်ခုကို အတူတကွ ပူးပေါင်းထိန်းချုပ်နေ၏။

၎င်းတို့အနက် (၄)ဦးမှာ ကွေ့ယွီအဆင့် ကျင့်ကြံသူများဖြစ်ပြီး ကျန်(၉) ဦးမှာ ထုံရှောက် အဆင့် ဖြစ်လေသည်။

သူတို့အားလုံးသည် ပင်လယ်ကြီးအတွင်းမှ ပတ်ဝန်းကျင်ရှိ ရွှမ်ဟွမ်မိခင်ချီများကိုစုစည်းကာ ပေတစ်ထောင်မြင့်သော မျှော်စင်အသွင်ဖြင့် ချောက်ကမ်းပါးကို ဖိနှိပ်နေခြင်းပေပင်။

“ ဝုန်း ... ။ ”

သို့သော် ချောက်ကမ္ဘာအောက်မှ တောက်ပသောအလင်းများက ထိုမျှော်စင်ကို အတင်းချိုးဖြတ်ရန် ကြိုးစားနေ၏။

“ ဒါ လုယန်ပြောတဲ့ ... ဗဟိုတားမြစ်နယ်မြေဖြစ်ပြီး ချောက်ကမ်းပါး အောက်မှာ ကပ်ဘေးလက်နက်ဖြစ်ရမယ်။ ”

စုရီက ရေရွတ်လိုက်ပြီးနောက် လက်နှစ်ဖက်နောက်ပို့ကာ လျှောက်လှမ်း သွားတော့၏။ သူ့အသွင်ကြောင့် ဝင်္ကပါကို ထိန်းချုပ်နေရသော နယ်ပယ်ဘုရင်များမှာ အံ့အားသင့်ကုန်ကြသည်။

“ ရွှမ်ဟဲအဆင့် ကျင့်ကြံသူတစ်ယောက်လား ... ။ ”

လူတိုင်း မယုံနိုင်အောင် ဖြစ်နေကြ၏။ တာအိုအစေခံများဖြစ်လျှင်ပင် နယ်ပယ်ဘုရင် အဆင့်သို့ တက်လှမ်းပြီးမှသာလျှင် ဤအရပ်သို့ စေလွှတ်ခံရပေမည်။

မဟုတ်သော် မည်သူမဆို ထိုအဖျက်စွမ်းအားကိုမခံနိုင်ကြချေ။ ယခုမူ တစ်ဖက်လူသည် မည်သည့် ရတနာမျှမပါဘဲ ပင်လယ်ပြင်ပေါ်တွင် လမ်းလျှောက်လာသော အသွင်မှာ မယုံနိုင်စရာဖြစ်နေ၏။

“ ကောင်လေး ... မင်း ဘယ်သူလဲ ... ဒီကိုဘယ်လိုလုပ် ရောက်လာတာလဲ။”

စုတ်ပြတ်နေသော ချပ်ဝတ်နှင့် အဘိုးကြီးတစ်ဦးက မေးမြန်းလိုက်လေသည်။ သူ့မေးခွန်းကို အခြားသော နယ်ပယ်ဘုရင် များသည်လည်း စိတ်ဝင်စားကုန်၏။

“ ငါက စမ်းသပ်ခံတစ်ယောက်ပါ ... မင်းတို့အစီရင်စုကိုပဲ အာရုံစိုက်ပါ ငါ့ကို ဂရုစိုက် မနေပါနဲ့။ ”

စုရီမှ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။ ချောက်ကမ်းပါးအောက်မှ တိုးထွက်လာသော ကပ်ဘေးစွမ်းအင်သည် ပိုမိုပြင်းထန်လာပြီး ရတနာမျှော်စင် ပြိုကျတော့မယောင် တုန်ခါလာသည်ကို မြင်နေရ၏။

“ ဝုန်း ... ။ ”

“ ဟမ့် ... အဲဒီလှံက ဘာလို့ပိုပိုပြီး သောင်းကျန်းလာရတာလဲ။ ”

အမျိုးသမီးတစ်ဦးက အံကြိတ်လျက် အော်ဟစ်ကျိန်ဆဲလိုက်၏။ ထိုမြင်ကွင်းအပေါ် အဝေးမှကြည့်လျက် စုရီမှမျက်ခုံးပင့်သည်။

“ ဟမ့် ... ဒီစွမ်းအားက တကယ့်ကို တားမြစ်ဆန်တာပဲ တစ်ချိန်က အစွမ်းထက်တဲ့ နယ်ပယ်ဘုရင်တွေတောင် ဒီစွမ်းအားကြောင့် သေဆုံးခဲ့ရတာ မဆန်းပါဘူး။ ”

အဝါဝတ်အဖိုးကြီးက မှတ်ချက်ပေးသည်။ သူ့မျက်နှာတွင် စိုးရိမ်စိတ်များ ပြည့်လျှံနေခဲ့၏။ ပုံမှန်အခြေအနေ၌ပင် သူတို့အတွက် ချိုးနှိမ်ရန် ခက်ခဲနေသည်။

ယခုကဲ့သို့ အဆပေါင်းများစွာ ရုန်းကန်လာမှုသည် ကောင်းသောအရာမျိုး မဟုတ်ချေ။ လူအင်အားအရတွင်လည်း သူတို့၌ နယ်ပယ်ဘုရင်(၁၃)ပါးသာ ကျန်တော့၏။

“ ဝုန်း ... ။ ”

“ မြန်မြန် ... ဒီကောင် ပိုသောင်းကျန်းလာနေပြီ ဘာလို့ရုတ်တရက်ကြီး ဖြစ်လာရတာလဲ မသိဘူး။ ”

“ သူ ဒေါသထွက်နေသလိုပဲ အရင်ကဒီလောက် မရုန်းကန်ဖူးဘူး ငါတို့ကို ဒီခြောက်လလုံးလုံး တိုက်ခိုက်နေတယ်။ ”

“ ဝုန်း ... ။ ”

“ ဖိနှိမ်ထား ... ။ ”

ယင်းသည် သဘာဝအတိုင်း တာအိုအစေခံများကို မသက်မသာဖြစ်စေ၏။ တစ်ဖက်တွင် စုရီသည် သူ့ရှေ့မှမြင်ကွင်းထံ ကြည့်ပြီး ခြေတစ်လှမ်း တိုးကြည့်သည်။

“ ဝူး ... ။ ”

“ ဝုန်း ... ။ ”

ထက်ရှလွန်းသော ခံစားချက်က သူ့နှလုံးသားထဲ စူးနင့်စွာဝင်လာ၏။ သံသယ များဖြင့် တာအိုအစေခံများထံ ကြည့်ကာ၊

“ ဒီလှံသောင်းကျန်းနေတာ လွန်ခဲ့တဲ့ ခြောက်လလောက်ကဆိုတာ သေချာလား။ ”

-ဟု အတည်ပြုမေးမြန်းလိုက်၏။ သူ့မေးခွန်းကြောင့် တာအိုအစေခံနယ်ပယ်ဘုရင် (၁၃)ပါးမှာ မျက်မှောင်ကြုတ်သွားသည်။

“ ကောင်လေး ... မင်းက တာအိုအစေခံမဟုတ်ရင် ထွက်သွားပါ ငါတို့ ဒီမှာ အဲဒီလူယုတ်မာကို တားဆီးနေရတယ် ... မင်းနဲ့စကားပြောဖို့ အချိန်မရှိဘူး။ ”

အဝါရောင်ဝတ် တာအိုအစေခံတစ်ဦးက စိတ်မရှည်စွာ ပြန်လည်အော်ဟစ်လာလေသည်။ သို့သော် စုရီမှပြုံးရယ်ပြီး၊

“ မင်းတို့ ငါ့မေးခွန်းကို ဖြေပေးရင် ... ငါမင်းတို့ကို ကူညီပေးဖို့ဝန်မလေးဘူး။ ”

-ဟု ဆိုလိုက်တော့၏။

လူတိုင်း အချင်းချင်း ပြန်ကြည့်ကုန်သည်။ ဧကရာဇ်အဆင့် ကျင့်ကြံသူသည် သူတို့ကဲ့သို့ နယ်ပယ်ဘုရင်များကို ကူညီမည်ဟုဆိုခြင်းမှာ ရယ်စရာကောင်းချေပြီ။

“ ရွှီး ... ။ ”

ထိုစဉ် ပြင်းထန်သော စွမ်းအင်တစ်ခု အလင်းတန်းအသွင် အစီရင်ကိုထိုးဖောက်ကာ အမျိုးသမီးတာအိုအစေခံထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။

“ မကောင်းတော့ဘူး ... ။ ”

“ မြန်မြန်သူ့ကို ကူညီ ... ။ ”

ဤသည်မှာ (၁၀)ပေကျော်ရှည်သော အဖြူရောင်အလင်းတန်းဖြစ်ပြီး သူမအသက်ကို နုတ်ယူရန် လုံလောက်ချေ၏။

သံချပ်ဝတ်နှင့် အဘိုးကြီးက အော်ဟစ် လိုက်သော်လည်း မည်သူမျှ ထိုအမျိုးသမီးကို ကူညီရန် အချိန်မရှိတော့ချေ။

အမျိုးသမီးခမျာ ရှောင်တိမ်းရန် နည်းလမ်းမရှိတော့သဖြင့် အခြားသူများကဲ့သို့ ယနေ့တွင် သူမထွက်ခွာရတော့မည်ကို နားလည်လိုက်လေသည်။

“ ဘန်း ... ။ ”

သေခြင်းနှင့် ရှင်ခြင်းကြား ထိုမျှလျင်မြန်လွန်းသော စက္ကန့်ပိုင်းအတွင်း မီးခိုးရောင်သစ်နွယ်ဒိုင်းတစ်ခုသည် သူမရှေ့၌ ရုတ်တရက် ပေါ်လာတော့၏။

“ ဒါ ... ။ ”

အဖြူရောင် ဖျက်ဆီးခြင်း လှံအလင်းစွမ်းအားသည် ဝုန်းခနဲပေါက်ကွဲကာ ပတ်ဝန်းကျင်အနှံ့သို့ ချက်ချင်းပြန့်ကား ပျက်ပြယ်သွားခဲ့လေသည်။

အမျိုးသမီးတာအိုအစေခံသည် အံအားသင့်စွာဖြင့် သူ့ရှေ့မှ သစ်သားဒိုင်းထံ ငေးကြည့်နေမိတော့၏။

“ ရွှီး ... ။ ”

“ မကောင်းတော့ဘူး ... ဒီနတ်ဆိုး လွတ်မြောက်တော့မယ် မြန်မြန်ဆုတ်ကြ။ ”

“ မြန်မြန် ... ။ ”

ထိုစဉ် ဖျက်ဆီးခြင်းအရှိန်အဝါများ ရစ်သိုင်းနေခဲ့သော ကြေးလှံကြီးတစ်စင်းသည် ချောက်ကမ်းပါးအတွင်းမှ ပျံတက်လာ၏။

ဖြူဖွေးတောက်ပသော လှံသွားကြောင့် တောင်နှင့်မြစ်များ လင်းထိန်သွားကာ ဖိနှိမ်မှု စွမ်းအားများ ကြောက်မက်ဖွယ်ကောင်းအောင် ထွက်ပေါ်လာသည်။

လူတိုင်းက ချက်ချင်း ဆုတ်ခွာ လိုက်သော်လည်း အနည်းငယ်မျှနောက်ကျ နေသေး၏။ ဤသည်မှာ မည်သည့်တာအို ဥပဒေနှင့်မျှ တားဆီး၍မရဘဲ ယနေ့ခေတ်နှင့် မသက်ဆိုင်သော ပြိုင်ဘက်ကင်း လူသတ် လက်နက်တစ်ပါးပေပင်။

ထိုသို့သော လက်နက်ရှေ့မှောက်တွင် နယ်ပယ်ဘုရင်များသည် ခုခံနိုင်စွမ်းဆုံးရှုံးသွား ကြသည်မှာ သဘာဝဖြစ်၏။

“ ဝုန်း ... ။ ”

အစီရင်ပြိုကျသွားကာ တာအိုအစေခံ(၁၃)ဦးလုံး လွင့်စင်ကုန်သည်။ လူတိုင်းသွေးများ အန်ထုတ်ပြီး ရုတ်တရက် လေထဲပျံဝဲလာနေသော လှံကိုငေးကြည့်လျက် မှင်သပ်ကုန်တော့၏။

“ အဟွတ် အဟွတ် ... ။ ”

“ ဝေ့ါ ... ။ ”

ဤသို့ ရုတ်တရက် ထိန်းမနိုင်သိမ်းမရ စွမ်းအားများ မြင့်တက်လာသည်ကို နားမလည် နိုင်သည်မှာ လူတိုင်းပေပင်။

( သူ့ကို မသတ်နဲ့ဦး ... နှိမ်နင်းထားပါ အဲဒီမိန်းမယုတ်က ငါ့ကိုဒီထဲမှာနှစ်ပေါင်းများစွာ ပိတ်လှောင်ထားတာ ထွက်ဖို့မလွယ်သေးဘူး။ )

ရုတ်တရက် စုရီခန္ဓာကိုယ်ပေါ်ရှိ ကြေးညိုသေတ္တာထဲမှ စိတ်လှုပ်ရှားနေသော အသံတစ်သံ ထွက်ပေါ်လာသည်။ ဤသည်မှာ အချိန်မြစ်ကြီးပေါ်၌ ပါးရိုက်ခံလိုက်ရသော အဖြူဝတ်အမျိုးသား ဖြစ်ချေတော့၏။

***

အခန်း ၉၄၄ -

ငရဲဘုံကိုးပါးဓား လွတ်မြောက်လာခြင်း။

ထိုအချိန်က ပါးရိုက်အသတ်ခံရစဉ် ဝိညာဉ်အပိုင်းအစတစ်ခု အရိုးဖြူလက်အတွင်း ပိတ်မိသွားခဲ့ပုံရသည်။

“ ကလန် ... ။

လှံရှည်သည် သူ့စကားကို နားလည်သည့်အလား ကောင်းကင်တုန်ဟည်း စေသော မြည်ဟည်းသံပြုလျက် စုရီထံပါးသို့ ဖြောင့်တန်းစွာ ထိုးဆင်းလာတော့၏။

“ ဟမ့် ... ။ ”

စုရီက မဆိုင်းမတွဘဲ မဟူရာရွှေနွယ်ကို ဓားအဖြစ်ပြောင်းလဲပြီး ပြန်၍ခုတ်ပိုင်းလိုက်၏။ ရွှမ်ဟွမ်မူလစွမ်းအားများ မုန်တိုင်းတစ်စင်းလို ချက်ချင်း ပေါက်ကွဲထွက်လာတော့သည်။

“ ဝုန်း ... ။ ”

သို့သော် လှံအစွမ်းသတ္တိအောက်တွင် ထိုစွမ်းအင်များသည် ရေပူဖောင်းလေးများကဲ့သို့ ဖပ်ခနဲပေါက်ကွဲပျက်စီးသွားရ၏။

“ မကောင်းတော့ဘူး ... ။ ”

တာအိုအစေခံများက အော်ဟစ်လိုက်လေသည်။ ထိုအချိန်တွင် စုရီက ချက်ချင်းဆုတ်ခွာလိုက်တော့၏။

သို့သော်လှံဖိအားသည် သူ့ကို ကန့်သတ်ထားပြီးဖြစ်သဖြင့် နွံထဲရောက်ရှိနေ သကဲ့သို့ တုံ့နှေးလာစေသည်။

“ ပြီသွားပြီ ... ။ ”

အထက်ပါ ရုန်းရင်းဆန်ခေတ်မှုများကြောင့် အပြေးအလွှား ရောက်ရှိလာသော လုယန်သည် စီးကြိုနေသောမြင်ကွင်းထံ ငေးကြည့်လျက် နှလုံးသားတစ်ခုလုံး အေးစက်သွားရသည်။

ဤလှံသည် ထိုစဉ်က ရှေးဦးခေတ် တိုက်ပွဲကြီးအတွင်း၌ နယ်ပယ်ဘုရင်များစွာကို ခဏချင်းပြာဖြစ်စေခဲ့၏။

နှစ်ပေါင်းများစွာအတွင်း တာအိုအစေခံ နယ်ပယ်ဘုရင် ရာပေါင်းများစွာ၏အသက်ကိုပင် အစီရင်အောက်မှနေပြီး သတ်ဖြတ်ပစ်သည်။

အရမ်းပြင်းထန်ကာ ရက်စက်လွန်းပြီး ခေတ်တခေတ်ကိုပင် ပျက်စီးသွားစေနိုင်သော နတ်ဆိုးတစ်ပါးပေပင်။ စုရီကဲ့သို့ ဧကရာဇ် တစ်ပါးအတွက် ခုခံနိုင်စရာ လမ်းမရှိချေ။

( ဟားဟားဟား ... မိန်းမယုတ် မင်းကျေးဇူးကြောင့် ဝင်စားခြင်းဥပဒေကို ဒီနေ့ငါပိုင်ပြီ ... ဟားဟားဟား ... ။ )

ကြေးသေတ္တာထံမှသည်လည်း ရွှင်မြူးနေသောအသံကြီးဖြင့် ရယ်မောလာခဲ့၏။ ဒဏ်ရာရရှိထားသော နယ်ပယ်ဘုရင်များက ကယ်တင်လိုသော်လည်း ထိုဧရိယာအတွင်းမှ တွန်းဖယ်ခြင်းကိုသာ ခံလိုက်ရသည်။

“ ဟမ့် ... ။ ”

ထိုခဏတွင် စုရီမျက်ခုံးနှစ်ဖက်ကြားမှ ဓားအလင်းတစ်စပြေးထွက်ပြီး လှံရောင်ဝါကို ချက်ချင်း ဖြတ်တောက်လိုက်တော့၏။

“ ကလန် ... ။ ”

“ ဘောင်း ... ။ ”

“ ဘရူး ... ။ ”

ပြိုင်ဘက်ကင်း လှံရှည်ကြီးသည် ပြင်းထန်သောရိုက်ခတ်မှုကို ခံလိုက်ရသကဲ့သို့ နောက်သို့လွင့်စဉ်သွားကာ လေထုအလယ်တွင် တဆက်ဆက် တုန်ခါနေတော့၏။

“ ဒါက ... ။ ”

ပတ်ဝန်းကျင်ကြီးတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားကာ ပန်းချီကားကြီးတစ်ချပ်လို ရပ်တန့်ကုန်သည်။

အချိန်များ လျင်မြန်စွာ ကုန်လွန်နေပြီး ခေတ်အဆက်ဆက် မွေးဖွား-ပျက်စီးနေကြသည့် မြင်ကွင်းများ အဆက်မပြတ်ဖြစ်ပေါ်နေ၏။

“ ဘာတွေဖြစ်နေတာလဲ။ ”

ကြေးသေတ္တာအတွင်းမှ အမျိုးသား အပါအဝင် လုယန်နှင့်တာအိုအစေခံများအားလုံး ရှုပ်ထွေးစွာဖြင့် ကောင်းကင်ပေါ်ရှိ ခေတ်များစွာ ပျက်သုဉ်းနေသည့်မြင်ကွင်းထံ ကြည့်နေမိ၏။

များမကြာခင် ထိုပုံရိပ်ယောင်များကြား ထူးခြားသော ဓားရှည်တစ်လက်ပေါ်လာသည်။ ဓားကိုယ်ထည်တွင် နတ်သံကြိုးကိုးချောင်းနှင့် အတူ နတ်ဘုရားတစ်ပါးကဲ့သို့ လှံကြီးအပေါ် စိုက်ကြည့်နေသလို ခံစားလာရ၏။

“ အဲဒီဓား ... ။”

“ ဘရူး ... ။”

“ ဝှစ် ... ။ ”

ထိုစဉ် ရက်စက်ကြမ်းကြတ်သော လှံရှည်သည်ပြင်းစွာတုန်ခါလျက် ချက်ချင်းပင် လှည့်ပြေးသွားတော့၏။

“ ဒီလူယုတ်မာ ထွက်ပြေးတာလား ... ။ ”

ဤမြင်ကွင်းက တာအိုအစေခံ(၁၃)ဦးနှင့် လုယန်ကို မှင်သပ်စေသည်။ သည်မျှ ကြီးစိုးပြီး နှစ်ပေါင်းများစွာ ဒုက္ခပေးလွန်းသော နတ်ဆိုးမှာ ခွေးတစ်ကောင်ကဲ့သို့ ထွက်ပြေးသည့်အချိန်မျိုး ရှိလာလိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ချေ။

“ ကလန် ... ။ ”

သို့သော် လှံရှည်သည် ရုတ်တရက် မမြင်ရသောနံရံတစ်ခုဖြင့် တိုက်မိသွားသကဲ့သို့ ပြန်၍လွင့်ကန်လာပြီး လေထုအလယ် အပိုင်းပိုင်းပြတ်တောက်သွားတော့၏။

“ ခရစ် ... ။ ”

“ ဝူး ... ။ ”

တစ်ဖက်တွင် လေထုထဲ ဖြစ်စဉ်များဖြင့် ဖုံးလွှမ်းနေသောဓားကြီးသည် လက်ကိုင်နေရာ၌ ဝဲဂယက်တစ်ခုပေါ်လာပြီး ထိုအပိုင်းအစများကို တစ်စက်မကျန် ဝါးမြိုပစ်လိုက်လေသည်။

“ ဘရူး ... ။ ”

“ ဝှစ် ... ။ ”

ယင်းသည် ဧရာမသားရဲကြီးမှ ယုန်တစ်ကောင်ကိုဝါးမြိုပြီးနောက် ကျေနပ်ခြင်း မရှိသကဲ့သို့ မြည်သံပေးလာကာ အဆုံး၌စုရီ၏ မျက်ခုံးကြားသို့ ပြန်ဝင်သွားခဲ့၏။

နယ်ပယ်ဘုရင်များစွာကို သတ်ဖြတ်ကာ ကောင်းကင်စည်းမျဉ်းများကို ဖျက်ဆီးနိုင်သော နတ်ဆိုးလှံသည် အစာနှင့်မခြား အလွယ်တကူ ဝါးမြိုခြင်းခံလိုက်ရချေပြီ။ မယုံနိုင်စရာပေပင်။

တစ်ဖက်တွင် စုရီသည် အနည်းငယ်မျှ နှမျောသောခံစားချက်ဖြင့် သက်ပြင်းချလိုက်၏။ ငရဲဘုံကိုးပါးဓားသည် သူ့ထံမှ လွတ်မြောက်ကာ ရှားပါးရတနာတစ်ပါးကို စားသုံးခဲ့ပစ်သည်မှာ ဒုတိယအကြိမ်မြောက်ဖြစ်ချေသည်။

လောကသခင်ဘဝ၌ ထူးဆန်းသော ကြာနက်တစ်ပွင့်ကို သူခူးယူရန်ပြင်နေစဉ်က ကြာနက်မှ သူ့ကိုတိုက်ခိုက်လာသဖြင့် ဤကဲ့သို့ ထွက်လာပြီး ဝါးမျိုစားသုံးပစ်ခဲ့ဖူးလေသည်။

***

စုရီထွက်ခွာသွားပြီနောက် တာအိုအစေခံများမှာ ချောက်ကမ်းပါးဘေးတွင် ရှုပ်ထွေးစွာဖြင့် ကျန်ရစ်ခဲ့ကြသည်။

“ ခေတ်သစ်တစ်ခု ... စတင်နေပြီ။ ”

လုယန်မှ ခပ်တိုးတိုး မှတ်ချက်ပေးသည်။ ဤသည်မှာ စကားလုံးငါးလုံးမျှသာပင်ဖြစ်သော် ငြားလည်း လေးနက်မှုမှာ အလွန်ကြီးမားလှ သဖြင့် တာအိုအစေခံများ အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

လေနှင့်လှိုင်းတံပိုးများကို နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ကြသည့် သူတို့အဖို့ ထိုစကားစု၏ အဓိပ္ပာယ်ကို ချက်ချင်းပင် နားလည်သည်။

ဤလျှို့ဝှက်ဆန်းကြယ်သော ကပ်ဘေးကြီးသည် မဟူရာရွှေကြယ်စုအတွက် အချိုးအကွေ့တစ်ခု ဖြစ်၏။

ထိုကပ်ဘေးမတိုင်မီက ဤနယ်မြေသည် ခမ်းနားထည်ဝါပြီး ဒဏ္ဍာရီလာ ပညာရှင်များစွာ ပေါ်ထွန်းခဲ့ဖူးသည်။ ၎င်းကို အရှေ့ပိုင်းကြယ် လွင်ပြင်ဒေသကြီး၏ ဘိုးဘေးမြေအဖြစ် သတ်မှတ်ခဲ့၏။

ကြယ်လွင်ပြင်အနှံ့အပြားမှ နယ်ပယ်ဘုရင်အဆင့် ကျွမ်းကျင်သူများစွာသည် ဤအရပ်သို့အမြဲမပြတ် လာရောက်ကြသည်။

ထိုကပ်ဘေးကျရောက်ပြီးနောက် ကောင်းကင်စည်းမျဉ်း ပျက်စီးကာ ဒဏ္ဍာရီလာ ကျွမ်းကျင်သူများ သေကြေပျက်စီးခဲ့ရ၏။

တစ်ချိန်က သူတို့အားလုံး၏ တောက်ပခဲ့သော သမိုင်းကြောင်းများပင်လျှင် မှတ်တမ်းမှတ်ရာများမှ ပျောက်ကွယ်သွားသည်။ ထိုအချိန်မှစ၍ ရွှမ်ဟွမ်ကြယ်သည် ဆိတ်သုဉ်း သွားတော့၏။

အဆိုးဆုံးမှာ ကောင်းကင်လမ်း ပြတ်တောက်သွားခြင်းပေပင်။ ဤတားမြစ်မြေ ပြင်ပ မည်သည့်နေရာ၌မဆို နယ်ပယ်ဘုရင်များ မွေးဖွားရန် မဖြစ်နိုင်တော့ချေ။

ယခုအခါတွင်မူ ထိုအမှောင်ကာလကြီးကို ဖြစ်ပေါ်လာစေသော နတ်ဆိုးလှံပျက်စီးသွားပြီ ဖြစ်ရာ ထိုခေတ်ဟောင်းကြီး အမှန်တကယ် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။

တစ်ဆက်တည်းမှာပင် ဖရိုဖရဲ ပင်လယ်သည်လည်း နှစ်ပေါင်းများစွာ ထိုလှံ၏ ဖိနှိမ်မှုကိုခံထားရရာမှ လွတ်မြောက်သွားချေပြီ။ ထို့ကြောင့် ၎င်းပင်လယ်ထံမှ စွမ်းအားများသည် ရွှမ်ဟွမ်ကြယ်စု၏ ကောင်းကင်စည်းမျဉ်းကို ပြန်လည်ပြုပြင်ပေးပေမည်။

ယင်းကြောင့် ပျက်စီးနေသော ရွှမ်ဟွမ်ကြယ်စုသည် မုချပြန်လည်နိုးထလာ တော့မည်ဖြစ်သည်။

လိပ်ပြာတစ်ကောင် တောင်ပံခတ်ရုံဖြင့် ကြီးမားသောမုန်တိုင်းကြီးများကို ဖြစ်ပေါ်စေနိုင် သည်ဟု ဆိုစမှတ်ပြုကြသည်။ ယခုမူ လိပ်ပြာ တစ်ကောင်သည် သမိုင်းခေတ်သစ်တစ်ခု၏ လိုက်ကာကို ဆွဲဖွင့်ပေးလိုက်ချေပြီ။

“ ဒါဆိုရင် ... ငါတို့ဒီသင်္ချိုင်းမြေကနေ ထွက်ခွာပြီး အပြင်လောကကြီးဆီကိုပြန်သွားလို့ ရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်လား။ ”

သံချပ်ဝတ်နှင့် အဖိုးအိုက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ သူတို့သည်ဤနေရာကြီးကို အချိန်အတော်ကြာ စောင့်ကြပ်ခဲ့ရသူများဖြစ်၏။ မည်သူမဆို အပြင်လောကကြီးထံ လွမ်းဆွတ်နေကြသည်။

“ ချက်ချင်းတော့ မဖြစ်နိုင်သေးပေမဲ့ နောင်ကျရင်တော့ ဖြစ်လာမှာပါ။ ”

လုယန်က အတည်ပြုလိုက်သည်။ သူနှင့် ကုန်းစွန်းသည် သခင်ဟုန်ထျန်းကျွင်းအမိန့်အရ ဤသင်္ချိုင်းမြေကို စောင့်ကြပ်နေသူများဖြစ်၏။

ရည်ရွယ်ချက်မှာ အမွေအနှစ်များကို ဆက်ခံနိုင်မည့် စမ်းသပ်ခံများရှာဖွေရန်ဖြစ်ပြီး ဒုတိယသည် တားမြစ်နယ်မြေရှိ ဤလှံအပေါ် တားဆီးထားရန်ဖြစ်သည်။

ယနေ့တွင် စုရီပေါ်လာပြီးနောက် သမိုင်းတစ်လျှောက် စမ်းသပ်မှုလမ်းအားလုံးကို ဖြတ်ကျော်နိုင်ကာ လှံကိုဖျက်ဆီးပစ်ခဲ့သည်။

ဤသည်မှာ တာဝန်နှစ်ရပ်လုံး ပြီးပြည့်စုံသွားခြင်းပေပင်။ တားမြစ်ဒေသကြီး၏ သတ်မှတ်ထားသော စည်းမျဉ်းများ ပြောင်းလဲ သွားပြီဟု အဓိပ္ပါယ်ရ၏။

“ မြင့်မြတ်သူ ... အဲဒီမိတ်ဆွေက ဘယ်သူလဲဆိုတာ သိခွင့်ရှိမလား။ ”

အစောပိုင်းက စုရီ၏ ကယ်တင်ခြင်း ခံခဲ့ရသော အမျိုးသမီးတာအိုအစေခံက မေးမြန်း လိုက်လေသည်။ လူတိုင်းနားစွင့်ကုန်၏။

“ သူက ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးပဲ ... ။ ”

ထို့နောက်တွင် လုယန်သည် အကြောင်းအရာများ ပြန်လည်ဝေမျှပေးလိုက် တော့သည်။ တာအိုအစေခံ ဆယ့်သုံးဦးလုံးခမျာ အံ့အားသင့်လွန်းသဖြင့် စကားပင် မဆိုနိုင်ချေ။

တစ်ဖက်လူသည် ဧကရာဇ်အဆင့်ဖြင့် စမ်းသပ်မှုများဖြတ်ကျော်ပြီး တတိယမြောက် မြင့်မြတ်သူကို အနိုင်ယူနိုင်ခဲ့သည်မှာ ဒဏ္ဍာရီ ဟူသော ဘွဲ့နှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။

***

All Chapters