သူတော်စင်မင်းဆက်နှင့် သူတော်စင်နတ်ဘုရားအဖွဲ့
Vol. 31 Ch. 305
(မြင့်မြတ်မင်းဆက်အစား သူတော်စင်မင်းဆက်လို့ပြောင်းသွားပါမယ်)
အဆုံးတွင်တော့ ဤကိစ္စသည် ကောင်းကင်မျိုးနွယ်စုနှင့် သူတော်စင်နတ်ဘုရားအဖွဲ့တို့ကြားရှိ ရန်ငြိုးတစ်ခုသာ ဖြစ်သည်။ ၎င်းသည် သူတော်စင်မင်းဆက်ရှိ အခြားအင်အားစုများနှင့် ဘာမှမဆိုင်သလို နက်နက်ရှိုင်းရှိုင်း ပတ်သက်နေခြင်းလည်း မရှိပေ။
မည်သူကမျှ ထိုရွှံ့ဗွက်ထဲသို့ ဝင်မပါချင်ကြပေ။
"သူတော်စင်ဘုရင်ကို လျှောက်တင်ပါတယ်"
ထိုအချိန်တွင် ဖုန်းမျိုးနွယ်စု၏ ကောင်းကင်ဘုရင်သည် ရှေ့သို့ ထွက်လာပြီး ခန်းမရှေ့သို့ ရောက်လာသည်။ သူသည် လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေပေးလျက် လျှောက်တင်လိုက်သည်။
"ရှန်းချန်ကောဟာ ဖုန်းမျိုးနွယ်စုနဲ့ ပတ်သက်မှုအားလုံးကို ဖြတ်တောက်လိုက်ပါပြီ။ ဒါပေမယ့် သူဟာ ဖုန်းမျိုးနွယ်စုရဲ့ဖိတ်ကြားချက်နဲ့ ဒီသူတော်စင်မင်းဆက်ကို လာရောက်ခဲ့တာပါ။ အကယ်၍ ဖုန်းမျိုးနွယ်စုကသာ သူတော်စင်နတ်ဘုရားအဖွဲ့ကို ဖျက်ဆီးဖို့ ထောက်ခံလိုက်မယ်ဆိုရင် လောကလူတွေက ကျွန်တော်တို့ကို ဘယ်လိုမြင်ကြမလဲ"
"ဒါကြောင့်မလို့ ဖုန်းကောင်းကင်မျိုးနွယ်စုအနေနဲ့ သူတော်စင်နတ်ဘုရားအဖွဲ့ကို ဖျက်ဆီးမယ့်ကိစ္စကို ကန့်ကွက်မှာမဟုတ်ပေမယ့် ထောက်ခံမှာလည်း မဟုတ်ပါဘူး။"
ဖုန်းမျိုးနွယ်စု ကောင်းကင်ဘုရင်၏ ဩဇာပါသော အသံကြီးသည် ခန်းမထဲတွင် ပဲ့တင်ထပ်သွားသည်။
သူ၏ စကားများသည် သူတော်စင်ဘုရင် ဆက်ပြောမည့် စကားများကို ကြိုတင်ပိတ်ပင်တားဆီးရန် ရည်ရွယ်ခြင်း ဖြစ်သည်။ မဟုတ်ပါက သူတော်စင်ဘုရင်က သူတော်စင်နတ်ဘုရားအဖွဲ့ကို ဖျက်ဆီးရာတွင် ဖုန်းမျိုးနွယ်စုကို ပါဝင်စေရန် အမိန့်ပေးနိုင်ခြေ အလွန်များသည်။
ကုမျိုးနွယ်စု ကောင်းကင်ဘုရင်၏ စကားများကို အကြောင်းပြ၍ သူတို့၏ အပြစ်များကို ချေဖျက်ရန် ဖုန်းမျိုးနွယ်စုကို ရှေ့တန်းမှ ဦးဆောင်စေလိမ့်မည် ဖြစ်သည်။
ခန်းမထဲရှိ လူအများအပြားသည် သူ့ကို မသိမသာ ခိုးကြည့်လိုက်ကြပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်ကြသည်။ သူသည် လောကကြီးကို နှစ်ပေါင်းရာနှင့်ချီ၍ စိုးမိုးလာခဲ့သော မြေခွေးအိုကြီး ဖြစ်ပေသည်။ သူ၏ စိတ်ကူးစိတ်သန်းမှာ အလွန်ပင် ထက်မြက်ပြီး ရှင်းလင်းသည်ဟု ဆိုနိုင်သည်။
သို့သော် ကုမျိုးနွယ်စု၏ ကောင်းကင်ဘုရင်နှင့် အခြားသူများကမူ ၎င်းကို ကြားသောအခါ လှောင်ပြောင်လိုက်ကြသည်။ ကုမျိုးနွယ်စု၏ ကောင်းကင်ဘုရင်က အေးစက်စွာ ပြောလိုက်သည်။
"လေဘုရင်... ရှန်းချန်ကောကို ဒီနေရာကို ဖိတ်ခေါ်ခဲ့တာ မင်းတို့ ဖုန်းမျိုးနွယ်စုပဲ။ အဲဒီအတွက် နတ်ဘုရားအတတ်ပညာ ခိုးယူခံရပြီး သူတော်စင်မင်းဆက်မှာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရတယ်။ ဒါဆိုရင် ဒီဘေးဒုက္ခကို မင်းတို့ ဖုန်းမျိုးနွယ်စုကပဲ ဖြေရှင်းသင့်တာပေါ့"
"ဟုတ်တယ်။ အခု လေဘုရင်... မင်းက ငါတို့နဲ့ မင်းကြားမှာ ရှင်းလင်းတဲ့ မျဉ်းတစ်ကြောင်း ဆွဲဖို့ ကြိုးစားနေတာလား။ ဒီရှုပ်ထွေးမှုကြီးကို ငါတို့ဆီ ပုံချခဲ့တာက သိပ်တော့ မသင့်တော်ဘူး ထင်တယ်"
"ငါ့အမြင်ကတော့ မင်းတို့ ဖုန်းကောင်းကင်မျိုးနွယ်စုကပဲ ဒီ နတ်ဘုရားအဖွဲ့ကို ဖျက်ဆီးမယ့် စစ်ဆင်ရေးမှာ ခေါင်းဆောင်သင့်တယ်"
"သူတော်စင်ဘုရင်... ဖုန်းကောင်းကင်မျိုးနွယ်စုကို အဓိကအင်အားစုအဖြစ် တာဝန်ပေးဖို့ အမိန့်ချမှတ်ပေးပါ။ သူတို့က မျိုးနွယ်စုတစ်ခုလုံးရဲ့ အင်အားကို သုံးပြီး သူတော်စင်နတ်ဘုရားအဖွဲ့ကို ဖျက်ဆီးပါလိမ့်မယ်။ ကျွန်တော်တို့က ဘေးကနေ ကူညီပေးပါမယ်"
ဖုန်းမျိုးနွယ်စု၏ ကောင်းကင်ဘုရင်သည် အလွန်ပါးနပ်သူတစ်ဦး ဖြစ်ရာ သူတို့ကရော ဘယ်လိုလုပ် အလွယ်တကူ အလျှော့ပေးပါမည်နည်း။ လေဘုရင်က သူတို့ကြားရှိ ပတ်သက်မှုကို ဖြတ်တောက်ပြီး ဤကိစ္စမှ ကင်းလွတ်ခွင့် ရချင်နေသည်ကို သူတို့က ဘယ်လိုလုပ် သဘောတူနိုင်မည်နည်း။
ဖုန်းကောင်းကင်မျိုးနွယ်စုသည် ဤကိစ္စတွင် အစောကြီးကတည်းက ပါဝင်ပတ်သက်နေခဲ့ပြီး ဖြစ်ရာ လွတ်မြောက်ရန် တွေးမနေနှင့်တော့။
သူတော်စင်နတ်ဘုရားအဖွဲ့ကို ဖျက်ဆီးရာတွင် သေချာပေါက် အထိနာကြမည် ဖြစ်သဖြင့် သူတို့သည် သဘာဝကျကျပင် ဖုန်းကောင်းကင်မျိုးနွယ်စုကို ရှေ့သို့ တွန်းပို့ရမည် ဖြစ်သည်။
မဟုတ်ပါက ထိုဆုံးရှုံးမှုများကို ကောင်းကင်မျိုးနွယ်စုများကသာ ခံစားရပေလိမ့်မည်။
"မင်းတို့ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ" လေဘုရင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
သူသည် ကုမျိုးနွယ်စုမှ ကောင်းကင်ဘုရင်နှင့် အခြားသူများကို လှည့်ကြည့်ကာ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
"အကယ်၍ ရှန်းချန်ကောဆီမှာ နတ်ဘုရားပစ္စည်း မရှိခဲ့ဘူးဆိုရင်၊ ပြီးတော့ မင်းတို့သာ ဒီကိစ္စကို သူတော်စင်ဘုရင်ဆီ သတင်းပို့ခဲ့မယ်ဆိုရင် မင်းတို့ ဒီလောက် ကြီးမားတဲ့ ဆုံးရှုံးမှုကို ဘယ်လိုလုပ် ခံစားရမှာလဲ၊ အဆုံးမှာတော့ မင်းတို့ဘာသာမင်းတို့ ဒုက္ခရှာခဲ့ကြတာပဲ။ ဘယ်သူမှ ကင်းလွတ်နေတာ မဟုတ်ဘူး"
လေဘုရင်၏ အေးစက်သော အသံသည် သူတော်စင်နန်းတော် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး လူများကို ရေခဲတိုက်ထဲ ကျသွားသကဲ့သို့ ခံစားရစေလောက်အောင် အေးစက်မှုများ ပါဝင်နေသည်။
ခန်းမထဲရှိ လေထုမှာ လေးလံနေသည်။ ယခင်က မြင့်မြတ်ပြီး ဂုဏ်သိက္ခာကြီးမားခဲ့သော ကောင်းကင်မျိုးနွယ်စုများမှ ကောင်းကင်ဘုရင်များသည် ယခုအခါ အချိန်မရွေး တိုက်ခိုက်တော့မည့်အလား မျက်မှောင်ကြုတ်နေကြသည်။
သို့သော် ခန်းမထဲရှိ ကျန်သော လူအားလုံးမှာမူ တည်ငြိမ်အေးဆေးနေကြသည်။ အချို့က မျက်နှာကြက်ကို မော့ကြည့်နေကြပြီး အချို့က မြေကြီးကို ငုံ့ကြည့်နေကြသည်။ အချို့ကမူ ဤကိစ္စသည် သူတို့နှင့် မသက်ဆိုင်သကဲ့သို့ မျက်စိမှိတ်ကာ အနားယူနေကြသည်။
"ရိုင်းစိုင်းလိုက်တာ"
သူတော်စင်ဘုရင်၏ မျက်လုံးများ အေးစက်သွားပြီး နှာခေါင်းရှုံ့လိုက်သည်။ သူသည် အလွန်အမင်း မကျေမနပ်ဖြစ်ကာ လက်ကို ဝှေ့ယမ်းလျက် "အမိန့်တော်ကို နာခံကြစမ်း" ဟု အော်ပြောလိုက်သည်။
"သူတော်စင်နတ်ဘုရားအဖွဲ့ဟာ ကောင်းကင်နဲ့ မြေကြီးရဲ့စည်းမျဉ်းကို ဖျက်ဆီးပြီး လူ့အသက်တွေကို မြက်ပင်တွေလို သဘောထားကာ ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှုတွေကို ကျူးလွန်နေတယ်။ ဒါဟာ နိုင်ငံတော်ကို ပုန်ကန်တာပဲ။ ဒီလိုအဖွဲ့အစည်းမျိုး ရှိနေတာကို သူတော်စင်မင်းဆက်က သည်းခံခွင့်လွှတ်မှာ မဟုတ်ဘူး"
"ဒုတိယမြောက် သူတော်စင်စစ်သူကြီးကို ခေါင်းဆောင်အဖြစ် ထားပြီး ချူ၊ ယဲ့၊ ယွင် နဲ့ ဖုန်း မျိုးနွယ်စုတွေကို အထောက်အကူပြုအဖြစ် ထားရှိမယ်။ ကောင်းကင်မျိုးနွယ်စု ငါးခုက ကျင့်ကြံသူတွေဟာ သူတော်စင်မင်းဆက်ရဲ့ သူတော်စင်စစ်တပ်နဲ့ ပူးပေါင်းပြီး အရှေ့ဘက်ကောင်းကင်ယံက ပုန်ကန်သူတွေကို ချေမှုန်းရမယ်။ အမှားအယွင်း တစ်စုံတစ်ရာမှ မရှိစေရဘူး။"
စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူတော်စင်ဘုရင်သည် မတ်တတ်ရပ်ကာ ခန်းမထဲမှ ထွက်သွားခဲ့သည်။ သူသည် အလွန် မကျေနပ်ဖြစ်နေသည်မှာ သိသာလှသည်။
နောက်ဆုံးတွင် သူသည် သူတော်စင်ဘုရင်၏ အမိန့်တော်ဖြင့် တိုက်ရိုက်အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ အလွန်ပင် ဩဇာကြီးမားပြီး မေးခွန်းထုတ်စရာ၊ ငြင်းဆန်စရာ မရှိသော အမိန့်ဖြစ်သည်။
"အမိန့်တော်အတိုင်းပါ ဘုရင်မင်းမြတ်"
"အမိန့်တော်အတိုင်းပါ" ခန်းမထဲရှိ ကျွမ်းကျင်သူများသည် ရိုသေစွာဖြင့် ပြန်လည်ဖြေကြားလိုက်ကြသည်။
သူတော်စင်ဘုရင်သည် အလွန်ပင် မြင့်မြတ်ပြီး ဂုဏ်သိက္ခာ ကြီးမားလှသည်။ သူသည် သူတော်စင်မင်းဆက်၏ အမြင့်မြတ်ဆုံး ဘုရင်ဖြစ်ပြီး ဤကမ္ဘာလောက၏ အရှင်သခင် ဖြစ်သည်။
သူတော်စင်ဘုရင်၏ အမိန့်တော်။
မည်သူကမျှ ထိုအမိန့်ကို ငြင်းဆန်ရန် သို့မဟုတ် မေးခွန်းထုတ်ရန် မရဲကြပေ။ သူတို့သည် နာခံရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။ မဟုတ်ပါက သူတော်စင်ဘုရင်၏ အမိန့်ကို ဖီဆန်သော ကြီးမားသည့် ရာဇဝတ်မှုကို ကျူးလွန်ရာ ရောက်ပေလိမ့်မည်။
လေဘုရင်သည် အလွန်အမင်း မကျေမနပ် ဖြစ်နေသော်လည်း ကိစ္စများ အဆုံးအဖြတ်ပေးပြီးဖြစ်သဖြင့် ပြောင်းလဲ၍ မရနိုင်တော့ကြောင်း သူ သိသည်။
ဤရလဒ်ကို သူ လက်ခံရုံသာ ရှိတော့သည်။
ကုမျိုးနွယ်စု၏ ကောင်းကင်ဘုရင်သည် လေဘုရင်ကို အေးစက်စွာ ကြည့်ကာ ပြောလိုက်သည်။
"တတိယမြောက် သူတော်စင်စစ်သူကြီးဟာ ရှန်းချန်ကောရဲ့ လက်ချက်နဲ့ ကျဆုံးသွားခဲ့ရပြီ။ သူတော်စင်မင်းဆက်က သူတော်စင်နတ်ဘုရားအဖွဲ့ကို ဖျက်ဆီးမယ်ဆိုတာ သေချာနေတဲ့ကိစ္စပဲ။ ဖုန်းကောင်းကင်မျိုးနွယ်စုက ဘယ်လိုလုပ် ဒီကိစ္စကနေ ကင်းလွတ်နေနိုင်မှာလဲ"
ထို့နောက် ကျွမ်းကျင်သူများအားလုံး နန်းတော်ထဲမှ ထွက်ခွာသွားကြသည်။
မင်းဆက်၏ စစ်တပ်က သူတော်စင်နတ်ဘုရားအဖွဲ့ကို ဖျက်ဆီးရန်အတွက် သူတို့ ပြင်ဆင်ရမည့် ကိစ္စများစွာ ရှိနေသေးသည်။ သေချာသည်မှာ ကောင်းကင်မျိုးနွယ်စုများမှ ကောင်းကင်ဘုရင်များသာ အလုပ်များနေခြင်း ဖြစ်သည်။
ခဏအကြာတွင် ထိုသတင်းသည် သူတော်စင်မြို့တော် တစ်ခုလုံးသို့ ဟာရီကိန်းမုန်တိုင်းတစ်ခုကဲ့သို့ ပျံ့နှံ့သွားသည်။ မရေမတွက်နိုင်သော အင်အားကြီး အဖွဲ့အစည်းများက ထိုသတင်းကို ကြားသိခဲ့ကြသည်။
အချို့က အေးစက်စွာ စောင့်ကြည့်နေကြပြီး အချို့က ဝမ်းသာအားရ ဖြစ်နေကြသည်။ အချို့ကမူ ဤအရာကို ကြိုတင်မျှော်လင့်ထားသကဲ့သို့ ပုံပေါက်နေကြသည်။
ရှန်းချန်ကောသည် နတ်ဘုရားအတတ်ပညာ ခိုးယူမှုဖြင့် သူတော်စင်ဘုရင်၏ ပြစ်ဒဏ်ချမှတ်ခြင်း ခံရသည့်အချိန်ကတည်းက သူ သေရမည်ဟူသော ကံကြမ္မာသည် အဆုံးအဖြတ် ပေးပြီးသား ဖြစ်သည်။
တတိယမြောက် သူတော်စင်စစ်သူကြီး၏ သေဆုံးမှုက ဤဖြစ်စဉ်ကို ပိုမိုမြန်ဆန်သွားစေပြီး ကိစ္စကို ပိုမို ပြင်းထန်သွားစေခြင်းသာ ဖြစ်သည်။
ရွှေရောင်အဆင့် သူတော်စင်စစ်သူကြီးသည် သူတော်စင်ဘုရင် လက်အောက်ရှိ အရေးအပါဆုံး ကျွမ်းကျင်သူ ဖြစ်သည်။ ကြီးမားလှသော သူတော်စင်မင်းဆက်ကြီးတစ်ခုလုံးတွင် ရွှေရောင်အဆင့် သူတော်စင်စစ်သူကြီး ဆယ်ဦးသာ ရှိသည်။
သူတော်စင်ဘုရင်အတွက် သူတို့၏ အရေးပါမှုမှာ မပြောဘဲနှင့်ပင် သိသာလှသည်။
ထို့အပြင် တတိယမြောက် သူတော်စင်စစ်သူကြီး၏ သေဆုံးမှုသည် ကျွမ်းကျင်သူတစ်ဦး ဆုံးရှုံးသွားခြင်းသက်သက် မဟုတ်ပေ။ ၎င်းသည် သူတေယ်စင်ဘုရင်နှင့် သူတော်စင်မင်းဆက်၏ အာဏာကို စိန်ခေါ်လိုက်ခြင်းလည်း ဖြစ်သည်။
သူတော်စင်ဘုရင်က ဤကိစ္စကို ဘယ်လိုလုပ် အလွယ်တကူ ကျေအေးပေးနိုင်မည်နည်း။
သူတော်စင်စစ်တပ်။
၎င်းသည် သူတော်စင်မင်းဆက်၏ ကိုယ်ပိုင်စစ်တပ် ဖြစ်သည်။