← Chapters

အခန်း (၁၅၅၁-၁၅၅၂)

Vol. 119 Ch. 1551-1152

အခန်း (၁၅၅၁-၁၅၅၂)

Vol. 119 Ch. 1551-1152

အခန်း ၁၅၅၁ - သေဆုံးမည့် ဟောကိန်း အမှန်တကယ် ဖြစ်လာခြင်း

"အချိန် ၂ ရက်ပဲ ကျန်တော့တယ် ဒီနှစ်ရက်အတွင်း တစ္ဆေနိုးထမယ့် ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာမတွေ့ရင် ငါ အနီရောင် ခေါင်းတလားထဲ ဝင်အိပ်ရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ဘူး ဒါက လူ့အရေခွံစာရွက်က အမြဲတမ်း မြင်ချင်နေတဲ့ ရလဒ်ပဲ သူက ငါ့ကို တိုက်ရိုက် မသတ်နိုင်တော့ ငါ့ကို ဒီကမ္ဘာကြီးကနေ ပျောက်ကွယ်သွားအောင် လုပ်တာက အကောင်းဆုံး နည်းလမ်းပဲလေ"

ယန်ကျန့် လက်ထဲရှိ လူ့အရေခွံစာရွက်ကို ကြည့်ရင်း ဒီအရာက ဘာတွေ တွေးနေလဲဆိုတာကို သူ အကြမ်းဖျင်း သဘောပေါက်လိုက်သည်။

အရင်က ပိုင်ရွှေမြို့လေး ကိစ္စတွင် လူ့အရေခွံစာရွက်၏ အကြံအစည်များ ပျက်စီးသွားပြီးနောက်ပိုင်း ၎င်းသည် အနည်းငယ် စိတ်ဓာတ်ကျသွားပုံရသည်။ အချိန်အများစုတွင် ပူးပေါင်းဆောင်ရွက်လေ့ ရှိပြီး အကြံအစည် အချို့ ရှိလျှင်ပင် အလွယ်တကူ ခန့်မှန်းရ လွယ်ကူသည်။

သို့သော် ပိုင်ရွှေမြို့လေး ကိစ္စကတော့ တကယ်ကို အန္တရာယ် ကြီးမားခဲ့သည်။

ဒီလူ့အရေခွံစာရွက်က တစ္ဆေလေးကို ထိန်းချုပ်နိုင်လုနီးပါး ဖြစ်သွားခဲ့သည်။

"ခေါင်းတလားထဲ ဝင်အိပ်ပြီး အသက်ဆက်တာကလွဲရင် ငါ့ရဲ့ တစ္ဆေနိုးထမယ့် ပြဿနာကို ဖြေရှင်းနိုင်မယ့် တခြား နည်းလမ်း ရှိသေးလား"

ယန်ကျန့်က မေးလိုက်သည်။

လူ့အရေခွံစာရွက်ပေါ်တွင် တွန့်လိမ်နေသော အနက်ရောင် စာလုံးကြီးများ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး အလွန် ရင်းနှီးသော စာကြောင်းတစ်ကြောင်း အစားထိုး ဝင်ရောက်လာသည်။

"ငါ့နာမည် ယန်ကျန့် မင်း ဒီစာကို မြင်ရတဲ့ အချိန်မှာ ငါ သေနေလောက်ပြီ ဒီနေ့မှာ ငါ့ရဲ့ တစ္ဆေနိုးထဖို့ အချိန် ၂ ရက်ပဲ ကျန်တော့တယ် ဒီနှစ်ရက်အတွင်း ငါ အသက်ရှင်နိုင်မယ့် နည်းလမ်းတစ်ခုကို မဖြစ်မနေ ရှာဖွေရမယ် တိုက်ဖိန် ရှေးဟောင်းမြို့ကနေ အနီရောင် ခေါင်းတလား တစ်လုံးကို ငါ ရခဲ့ပေမဲ့ အဲဒါက ငါ့ရဲ့ ပထမ ရွေးချယ်မှု မဟုတ်ဘူး ဘာလို့လဲဆိုတော့ ငါ ခေါင်းတလားထဲမှာ အသက်မဆက်ချင်လို့ပဲ"

"အဲဒီတုန်းက ငါ့လက်ထဲမှာ တရုတ်တိုင်းရင်းဆေး တစ်ထုပ် ရှိသေးတယ်လို့ ငါ မှတ်မိတယ် အဲဒါက ဆေးဆိုင်ရှင် ငါ့ကို ပေးထားတာ ကြားဖူးတာတော့ အဲဒါကို စားလိုက်ရင် တစ္ဆေနိုးထတာကို ဖိနှိပ်ပေးနိုင်တယ်တဲ့ လုံးဝ မဖြေရှင်းနိုင်ရင်တောင် အသက်ကို အချိန်တစ်ခုအထိ ဆက်ပေးနိုင်တယ် ဒါကြောင့် ဘာမှ လုပ်စရာ မရှိတဲ့ အဆုံး ည ၁ နာရီမှာ အဲဒီ တရုတ်တိုင်းရင်းဆေး တစ်ထုပ်ကို စားဖို့ ငါ ရွေးချယ်လိုက်တယ်"

"တရုတ်တိုင်းရင်းဆေးက အလုပ်ဖြစ်သွားတယ် ငါ အောင်မြင်စွာ အသက်ဆက်နိုင်ခဲ့တယ် ဒါပေမဲ့ ဆေးစွမ်းက ထင်ထားသလောက် မပြင်းထန်ဘူး ငါ့ရဲ့ သဘာဝလွန် စွမ်းအားက အရမ်း ကြီးမားလွန်းလို့လည်း ဖြစ်နိုင်တယ် တရုတ်တိုင်းရင်းဆေးကို စားလိုက်တဲ့ ငါဟာ တစ္ဆေနိုးထမယ့် အချိန် ၂၀ ရက်ပဲ နောက်ဆုတ်သွားတယ် ငါ နောက်ထပ် ၂၁ ရက် အသက်ပိုရှင်နိုင်မယ်"

သတင်းအချက်အလက်များက ဤနေရာတွင် ရုတ်တရက် ရပ်တန့်သွားသည်။

ယန်ကျန့် ထိုအကြောင်းအရာများကို မြင်သောအခါမှ သူ၏ လက်ထဲတွင် တရုတ်တိုင်းရင်းဆေး တစ်ထုပ် ကျန်ရှိနေသေးကြောင်း ရုတ်တရက် သတိရသွားသည်။

သို့သော် တရုတ်တိုင်းရင်းဆေးကို စားလိုက်ခြင်းက တစ္ဆေနိုးထမည့် အချိန်ကို ရက် ၂၀ မျှသာ နောက်ဆုတ်ပေးနိုင်ပြီး ပြဿနာက ဖြေရှင်းပြီးသား မဖြစ်သေးပေ။ ရက် ၂၀ ကြာပြီးနောက် သူ ထိုအခြေအနေကို ထပ်မံ ရင်ဆိုင်ရမည် ဖြစ်သည်။ ထိုအချိန်ကျလျှင် ဆေးစွမ်း ပျယ်သွားပြီး တစ္ဆေနိုးထမှုက ပိုမို ပြင်းထန်လာမည်မှာ သေချာသည်။ ထိုအခါ ခေါင်းတလားထဲ ဝင်အိပ်လျှင်ပင် အသုံးဝင်ချင်မှ ဝင်တော့မည်။

လူ့အရေခွံစာရွက်၏ အကြောင်းကို သိထားသဖြင့် ၎င်းပေးသော ဒုတိယ နည်းလမ်းမှာ ထောင်ချောက် တစ်ခု ဖြစ်နိုင်ခြေ အလွန်များသည်။

ထို့ကြောင့် တရုတ်တိုင်းရင်းဆေးကို စား၍ မရပေ။

စားလိုက်ပါက အနီရောင် ခေါင်းတလားက အလုပ်မဖြစ်တော့ဘဲ သူ သေသွားရန် ရာခိုင်နှုန်း များသည်။

မစားဘဲ ယခု ခေါင်းတလားထဲ ဝင်အိပ်ပါကလည်း နောက်ပိုင်းတွင် လင်းယွင်ဟွေ့ကဲ့သို့ ထိုအထဲတွင် ပိတ်မိပြီး ပြန်ထွက်လာနိုင်မည် မဟုတ်ပေ။

လင်းယွင်ဟွေ့ အသက်ရှင်လာနိုင်ခြင်းမှာ သူမ၏ ခေါင်းတလားက တစ္ဆေသင်္ဘောထဲသို့ ပြုတ်ကျသွားသောကြောင့် ဖြစ်သည်။

တစ္ဆေသင်္ဘော၏ ဆယ်စုနှစ်ပေါင်းများစွာ သဘာဝလွန် ဖိနှိပ်မှုကြောင့်သာ သူမ၏ ခန္ဓာကိုယ်ထဲရှိ တစ္ဆေမှာ ငြိမ်သက်သွားခဲ့ရခြင်း ဖြစ်သည်။

ထို့ကြောင့် လင်းယွင်ဟွေ့၏ နည်းလမ်းကို ပုံတူကူး၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ယခုအခါ တစ္ဆေသင်္ဘောကို အဖိုးကြီးချင်က မောင်းနှင်သွားပြီ ဖြစ်ရာ ကမ္ဘာပေါ်တွင် ထပ်မံ ပေါ်လာရန် လုံးဝ မဖြစ်နိုင်တော့သောကြောင့် ဖြစ်သည်။

"လူ့အရေခွံစာရွက်က အရင်ကလိုပဲ ကောက်ကျစ်တုန်းပဲ နည်းလမ်း နှစ်ခုစလုံးက အသုံးဝင်သလိုလိုနဲ့ တကယ်တမ်းကျတော့ ဘာမှ သုံးမရဘူး ပြီးတော့ နည်းလမ်း နှစ်ခုက တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတယ် ကြည့်ရတာ ဒါက ငါ့ကို သေလမ်းဆီ အဆက်မပြတ် တွန်းပို့နေတာပဲ"

ယန်ကျန့် စဉ်းစားခန်း ဝင်သွားသည်။

"ဒါပေမဲ့ ဒီလို ထောင်ချောက်မျိုးက သိပ်မမိုက်ပါဘူး အနည်းဆုံးတော့ ငါ ကြည့်လို့ သိနိုင်သေးတာပဲ"

ထို့နောက် ယန်ကျန့် လက်ထဲရှိ လူ့အရေခွံစာရွက်ကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။

"ခေါင်းတလားထဲ ဝင်အိပ်တာပဲ ဖြစ်ဖြစ် တရုတ်တိုင်းရင်းဆေး စားတာပဲ ဖြစ်ဖြစ် ဒါတွေက အရေးပေါ် နည်းလမ်းတွေချည်းပဲ ငါ ဘယ်ဟာကိုမှ မရွေးဘူး ငါ့ရဲ့ တစ္ဆေနိုးထမယ့် ပြဿနာကို တိုက်ရိုက် ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခု ပေးစမ်း မင်းဆီမှာ အဲဒီလို နည်းလမ်း ရှိတယ် ဆိုတာ ငါ သိတယ် ဒါကြောင့် ငါ့အချိန်တွေကို မဖြုန်းတီးနဲ့ နည်းလမ်းကို ငါ့ကို ပြောပြ မင်း ဘာထောင်ချောက်တွေ ထောင်ထား ထောင်ထား ငါ ဂရုမစိုက်ဘူး တကယ်လို့ ငါ ထောင်ချောက်ထဲ မိပြီး သေသွားရင် မင်း ပိုတော်တယ်ဆိုတာ သက်သေပြတာပဲ တကယ်လို့ ငါ ကံကောင်းလို့ အသက်ရှင်လာရင်တော့ ငါတို့ ဆက်ပြီး ဉာဏ်ပြိုင်ကြတာပေါ့"

ယန်ကျန့် လူ့အရေခွံစာရွက်ကို ညှစ်ထားရင်း ပြောလိုက်သည်။

တစ္ဆေဘတ်စ်ကား၏ သဘာဝလွန် စွမ်းအား နိုးထမည့် ပြဿနာကို ဖြေရှင်းရန်မှာ အလွန် ခက်ခဲသော ကိစ္စတစ်ခု ဖြစ်ကြောင်း သူ သိသည်။ ဤအဆင့်ရှိသော သဘာဝလွန် စွမ်းအားကို ထိန်းချုပ်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ ယန်ကျန့်က ခေတ္တမျှ ထိန်းချုပ်နိုင်ခဲ့ခြင်းမှာ တစ္ဆေဘတ်စ်ကားနှင့် တစ္ဆေသင်္ဘောတို့ တိုက်မိပြီး အခွင့်ကောင်း ရသွားသောကြောင့်သာ ဖြစ်သည်။

အကယ်၍ သူ ဤအဆင့်ကို ကျော်ဖြတ်နိုင်ပါက နောက်ဆက်တွဲ တစ္ဆေနိုးထမှု ခေတ်ကြီးကို ရင်ဆိုင်ရန် ယုံကြည်မှု အပြည့်အဝ ရှိလာမည် ဖြစ်သည်။

လူ့အရေခွံစာရွက်သည် ယန်ကျန့်၏ ဤစကားများကို ကြားလိုက်ရသကဲ့သို့ အပေါ်ရှိ စာသားများ လျင်မြန်စွာ ပျောက်ကွယ်သွားပြီးနောက် အကြောင်းအရာ အသစ်များ စတင် ပေါ်ထွက်လာသည်။

"... တစ္ဆေနိုးထမယ့် ပြဿနာကို ရင်ဆိုင်နေရတဲ့ ငါဟာ တရုတ်တိုင်းရင်းဆေး တစ်ထုပ် စားပြီး အသက်ကို ရက် ၂၀ ဆက်ဖို့လည်း မရွေးချယ်ချင်သလို ခေါင်းတလားထဲ ဝင်အိပ်ပြီး အသက်ဆက်ဖို့လည်း မရွေးချယ်ချင်ဘူး ငါ တွေးမိတာက တစ္ဆေနိုးထမယ့် ပြဿနာကို တစ်ခါတည်း အပြီးအပိုင် ဖြေရှင်းဖို့ပဲ ခက်ခဲပေမဲ့ ငါ ဒီနည်းလမ်းကို သေချာပေါက် ရှာတွေ့နိုင်မယ်လို့ ယုံကြည်တယ် ဒါကြောင့် ငါ သေချာ စဉ်းစားပြီး သုတေသန လုပ်ဖို့ စတင်လိုက်တယ်"

"စဉ်းစား သုတေသန လုပ်နေဆဲ... စဉ်းစား သုတေသန လုပ်နေဆဲ..."

"အချိန်က ဒုတိယနေ့ကို ရောက်လာပြီ ငါ တစ္ဆေနိုးထလို့ သေဖို့ အချိန် ၂၄ နာရီတောင် မလိုတော့ဘူး ဒါပေမဲ့ ကျန်တဲ့ အချိန်လေး အတွင်းမှာ ငါ အသက်ရှင်နိုင်မယ့် နည်းလမ်းကို ရှာတွေ့နိုင်မယ်လို့ ငါ ယုံကြည်တုန်းပဲ..."

"အသက်ရှင်ဖို့ နောက်ပြန်ရေတွက်ချိန် : နာရီ ၂၀"

"ငါ အခုထိ ဘာသဲလွန်စမှ မရသေးဘူး"

"အသက်ရှင်ဖို့ နောက်ပြန်ရေတွက်ချိန် : ၁၅ နာရီ"

"ငါ ဌာနချုပ်က မှတ်တမ်းဖိုင်တွေ အကုန်လုံးကို စတင် ရှာဖွေဖတ်ရှုခဲ့တယ် အရင်က ဖြစ်ခဲ့တဲ့ သဘာဝလွန် ဖြစ်ရပ်တွေဆီကနေ အခွင့်အရေး တချို့ ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်လိမ့်မယ် ဘာပဲဖြစ်ဖြစ် အခု ငါက ခေါင်းဆောင် တစ်ယောက် ဖြစ်နေဆဲမို့ ဌာနချုပ်ရဲ့ အရင်းအမြစ် အကုန်လုံးကို အသုံးပြုခွင့် ရှိတယ်"

"ငါ ကျရှုံးသွားပြီ ဌာနချုပ်က သတင်းအချက်အလက် မှတ်တမ်းဖိုင်တွေ အကုန်လုံးကို ရှာဖွေတဲ့ လုပ်ငန်းစဉ်မှာ ငါ ဘာမှ မရလိုက်ဘူး"

"အသက်ရှင်ဖို့ နောက်ပြန်ရေတွက်ချိန် : ၁၀ နာရီ"

ယန်ကျန့်၏ မျက်နှာထားမှာ အလွန် တည်ငြိမ်နေပြီး လူ့အရေခွံစာရွက်ပေါ်မှ အနက်ရောင် စာသားများ အဆက်မပြတ် ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေသည်ကို ကြည့်နေသည်။

သိသာသည်မှာ လူ့အရေခွံစာရွက်သည် သူ၏ အသက်ရှင်နိုင်မည့် လမ်းကြောင်း တစ်ခုကို ရှာဖွေပေးနေခြင်း ဖြစ်သည်။

သို့သော် လူ့အရေခွံစာရွက်မှာ ယခုထိ မရှာတွေ့သေးပေ။

"တစ္ဆေဘတ်စ်ကားနဲ့ ယှဉ်နိုင်မယ့် သဘာဝလွန် စွမ်းအားကို ငါ ရှာမတွေ့ဘူး ဒါက ငါ တကယ် သေရတော့မယ် ဆိုတာကို သတိပြုမိစေတယ် ငါ ဆက်မရှာတော့ဖို့ ဆုံးဖြတ်လိုက်ပြီး နောက်ဆုံး တစ်နာရီ အလိုမှာ အနီရောင် ခေါင်းတလားထဲ ဝင်အိပ်ဖို့ ရွေးချယ်လိုက်တယ် အဲဒီလို မလုပ်ချင်ပေမဲ့ အဲဒါက ငါ အသက်ရှင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်း ဖြစ်နိုင်တယ်"

"အသက်ရှင်ဖို့ နောက်ပြန်ရေတွက်ချိန် : ၅ နာရီ"

"ငါ ပစ္စည်းတွေ စတင် ရှင်းလင်းပြီး ငါသေပြီးနောက် ကိစ္စတွေအတွက် ပြင်ဆင်လိုက်တယ် ဘာလို့လဲဆိုတော့ ကျန်တဲ့ အချိန်က ငါ ဘာလုပ်ဖို့မှ မလုံလောက်တော့လို့ပဲ"

"အသက်ရှင်ဖို့ နောက်ပြန်ရေတွက်ချိန် : ၃ နာရီ"

"ပစ္စည်းတွေ ရှင်းလင်းနေတဲ့ လုပ်ငန်းစဉ်မှာ ငါ မှတ်စုစာအုပ် တစ်အုပ်ကို မြင်လိုက်ရတယ် အဲဒါက ငါ့တစ်ဘဝလုံးကို မှတ်တမ်းတင်ထားတဲ့ အရာပဲ အတိတ်ကို လွမ်းဆွတ်တဲ့ အနေနဲ့ ငါ မှတ်စုစာအုပ်ကို ဖွင့်ပြီး အရင်က အတွေ့အကြုံ မျိုးစုံကို ပြန်လည် အမှတ်ရနေမိတယ်..."

"အသက်ရှင်ဖို့ နောက်ပြန်ရေတွက်ချိန် : ၂ နာရီ"

"ငါ မှတ်စုစာအုပ်ကို ဖတ်ရင်း အရင်က အကြောင်းတွေကို ပြန်စဉ်းစားနေတဲ့ အချိန်မှာ ရင်းနှီးပြီး စိမ်းသက်နေတဲ့ နာမည်တစ်ခု ငါ့ခေါင်းထဲ ပေါ်လာတယ် ယန်လီ"

"ဒီယန်လီက ငါ တစ္ဆေဆရာလောကထဲ ဝင်ဝင်ချင်း သိကျွမ်းခဲ့ရတဲ့ ပထမဆုံး သူငယ်ချင်းပဲ ဒါပေမဲ့ သူ့ရဲ့ ဇာတ်သိမ်းက အရမ်း ဆိုးရွားခဲ့တယ် လူတစ်ယောက်ရဲ့ ပစ်မှတ်ထားတာကို ခံရပြီး သဘာဝလွန် စွမ်းအားတွေကို အလွန်အကျွံ သုံးမိလို့ တစ္ဆေနိုးထသွားတယ် နောက်ဆုံးတော့ သူ တစ်ယောက်တည်း ကားမောင်းပြီး တာချန်းမြို့ထဲကနေ ထွက်သွားခဲ့တယ် ပြီးတော့ မြို့ပြင်က အမြန်လမ်းမဘေးမှာ ကားမှောက်ပြီး သေသွားခဲ့တယ် အဲဒီနေရာမှာ သူသေပြီးနောက် တစ္ဆေနိုးထလို့ ဖြစ်ပေါ်လာတဲ့ သွေးကန်ကြီး တစ်ခု အခုထိ ရှိနေတုန်းပဲ"

"အဲဒီ သွေးကန်ဆီကို မကြာသေးခင်ကမှ ငါ သွားခဲ့သေးတယ် ဘာလို့လဲဆိုတော့ တစ္ဆေကတ်ကြေးပေါ်က ကျိန်စာတွေကို ဆေးကြောဖို့ သွေးကန်ရဲ့ သဘာဝလွန် စွမ်းအားကို ငါ လိုအပ်ခဲ့လို့ပဲ"

"ဒီအကြောင်းကို တွေးမိတော့ ရုတ်တရက် ငါ့ခေါင်းထဲမှာ အတွေးတစ်ခု ပေါ်လာတယ်"

"ယန်လီရဲ့ တစ္ဆေသွေးက တစ္ဆေကတ်ကြေးပေါ်က ကျိန်စာတွေကို ဆေးကြောနိုင်ရုံသာမက တစ္ဆေတွေကိုလည်း ဖိနှိပ်ပေးနိုင်ပုံရတယ် တကယ်လို့ ငါက တစ္ဆေသွေးကို ထိန်းချုပ်နိုင်ရင် တစ္ဆေဘတ်စ်ကားရဲ့ သဘာဝလွန် စွမ်းအားကို ဖိနှိပ်ဖို့ ငါ့ကို ကူညီပေးနိုင်မလား"

"အသက်ရှင်ဖို့ နောက်ပြန်ရေတွက်ချိန် : ၁ နာရီ"

"ငါ့အသက်က လေထဲက ဖယောင်းတိုင်မီးလိုပဲ သိပ်မကျန်တော့ဘူး ငါ အခု အရမ်း တွေဝေနေတယ် သွေးကန်ထဲ ဝင်ပြီး တစ္ဆေသွေးကို ထိန်းချုပ်ဖို့ ကြိုးစားပြီး အသက်ရှင်အောင် လုပ်မလား ဒါမှမဟုတ် အနီရောင် ခေါင်းတလားထဲ ဝင်အိပ်ပြီး အသက်ဆက်မလား သေချာ စဉ်းစားပြီးနောက် ငါ မြို့ပြင်က ရဲရဲနီနေတဲ့ အဲဒီ သွေးကန်ဆီကို ရောက်လာခဲ့တယ်"

"အသက်ရှင်ဖို့ နောက်ပြန်ရေတွက်ချိန် : မိနစ် ၃၀"

"ငါ ရွေးချယ်မှု တစ်ခု လုပ်လိုက်ပြီ ငါ တစ္ဆေသွေးကို ထိန်းချုပ်ဖို့ ဆုံးဖြတ်လိုက်တယ် တစ္ဆေသွေးရဲ့ သဘာဝလွန် စွမ်းအားက တစ္ဆေဘတ်စ်ကားကို ယှဉ်နိုင်မလား ဆိုတာ ကြည့်ရမယ် ဒါပေမဲ့ အခု ငါက တစ္ဆေနိုးထတော့မယ် ဆိုတာကို ခံစားနေရပြီ ငါ့မှာ တွေဝေနေဖို့ အချိန်မရှိတော့ဘူး ငါ နောက်ဆုံး ကိစ္စတွေကို စီစဉ်ပြီးတာနဲ့ သွေးကန်ထဲကို ပြတ်ပြတ်သားသား ခုန်ချလိုက်တယ်"

"အသက်ရှင်ဖို့ နောက်ပြန်ရေတွက်ချိန် : ဝ"

"ငါ့နာမည် ယန်ကျန့် မင်း ဒီစာကို မြင်ရတဲ့ အချိန်မှာ... ငါ အသက်ရှင်လား သေသွားလား မသိဘူး"

လူ့အရေခွံစာရွက်ပေါ်ရှိ စာသားများ ဤနေရာတွင် ရပ်တန့်သွားပြီး နောက်ဆက်တွဲ မရှိတော့ပေ။ ထို့အပြင် မည်မျှပင် ထပ်မံ ဖတ်ရှုစေကာမူ အကြောင်းအရာ အသစ်များ ထွက်ပေါ်လာခြင်း မရှိတော့ပေ။

သိသာသည်မှာ လူ့အရေခွံစာရွက်က ယန်ကျန့်ကို တစ္ဆေသွေးကို ထိန်းချုပ်ရန် ကြိုးစားကြည့်ရန် အစီအစဉ် ပေးလိုက်ခြင်း ဖြစ်သည်။

သို့သော် ဤအစီအစဉ်၏ နောက်ဆုံး ရလဒ်ကို လူ့အရေခွံစာရွက် ကိုယ်တိုင်ပင် မသိရှိပေ။

"သွေးကန်ထဲ ခုန်ချပြီး တစ္ဆေသွေးကို ထိန်းချုပ်မယ် ဟုတ်လား"

ယန်ကျန့် မျက်လုံးများ အလိုအလျောက် အရောင်လက်သွားသည်။

မြင်ကွင်းမှာ အလွန် ရင်းနှီးနေသည်။

သူ ဘယ်အချိန်တုန်းက ဒီလို မြင်ကွင်းမျိုး မြင်ခဲ့ဖူးတာလဲ။

အော် ဟုတ်ပြီ ဂျပန်က တစ္ဆေနှိမ်နင်းရေး အဖွဲ့မှာတုန်းကပဲ။

ဂျပန် တစ္ဆေနှိမ်နင်းရေး အဖွဲ့တွင် လူတစ်ယောက် သေဆုံးမည့် နောက်ဆုံး အခိုက်အတန့် မြင်ကွင်းကို ပြသပေးနိုင်သော သဘာဝလွန် ပရိုဂျက်တာ တစ်လုံး ရှိသည်။

ယန်ကျန့်၏ နောက်ဆုံး သေဆုံးမည့် မြင်ကွင်းမှာ သူ၏ အလောင်းက သွေးကန်ပေါ်တွင် မျောလွင့်နေခြင်း ဖြစ်သည်။

သို့သော် နောက်ပိုင်း ဟောကိန်းတွင် သွေးကန်ဘေး၌ လူတစ်ယောက် ရပ်နေသေးသည်။ ထိုလူမှာ အနီရောင် မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားပြီး အနီရောင် ခေါင်းဆောင်း ဆောင်းထားသော ဟယ်ယွဲ့လျန် ဖြစ်သည်။

"သဘာဝလွန် ပရိုဂျက်တာ၊ ဟောကိန်း ပန်းချီကား၊ ပြီးတော့ လူ့အရေခွံစာရွက်ရဲ့ အစီအစဉ် ဒီသုံးခုစလုံးက ကိစ္စ တစ်ခုတည်းကိုပဲ ညွှန်ပြနေတယ် ဒါက ငါ့ရဲ့ ကံကြမ္မာပဲလား"

ယန်ကျန့် အလိုအလျောက် မျက်လုံးမှိတ်လိုက်မိသည်။

ယခင်က သူ ယန်လီ၏ သွေးကန်ထဲတွင် လုံးဝ သေဆုံးမည် မဟုတ်ဟု သူ ထင်ခဲ့သည်။

ယခု ကြည့်ရသည်မှာ ဟောကိန်းက လက်တွေ့ ဖြစ်လာတော့မည့်ပုံ ပေါက်နေသည်။

အဘယ်ကြောင့်ဆိုသော် ယခု သူ၏ ရှေ့တွင် လမ်းသုံးသွယ်သာ ရှိသောကြောင့် ဖြစ်သည်။ တရုတ်တိုင်းရင်းဆေး စားပြီး သေမည့်အချိန်ကို စောင့်မည်လား၊ ခေါင်းတလားထဲ ဝင်အိပ်ပြီး အသက်ဆက်မည်လား၊ တစ္ဆေသွေးကို ထိန်းချုပ်ပြီး အသက်စွန့်မည်လား။

ဤအစီအစဉ် သုံးခုထဲတွင် တရုတ်တိုင်းရင်းဆေး စားပြီး သေမည့်အချိန် စောင့်မည့် အစီအစဉ်ကို တိုက်ရိုက် ပယ်ဖျက်နိုင်သည်။ ယန်ကျန့် ရွေးချယ်နိုင်သည်မှာ ခေါင်းတလားထဲ ဝင်အိပ်ပြီး အသက်ဆက်ရန် သို့မဟုတ် တစ္ဆေသွေးကို ထိန်းချုပ်ပြီး အသက်စွန့်ရန်သာ ဖြစ်သည်။

ယန်ကျန့်၏ စရိုက်အရ သူသည် ဒုတိယ နည်းလမ်းကို ပိုမို ရွေးချယ်လိုသည်။

အဘယ်ကြောင့်ဆိုသော် သူ ခေါင်းတလားထဲ ဝင်အိပ်လိုက်သည်နှင့် ပြန်ထွက်လာနိုင်မည် မဟုတ်တော့ပေ။ အပြင်ထွက်လိုက်သည်နှင့် ချက်ချင်း တစ္ဆေနိုးထပြီး သေဆုံးရမည် ဖြစ်သည်။ ဤသည်မှာ သူ၏ ဆုတ်လမ်း အားလုံးကို ပိတ်ဆို့ပစ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်ရာ ထိုသို့ အသက်ဆက်နေမည့် အစား တစ်ကြိမ်လောက် စွန့်စားကြည့်လိုက်ခြင်းက ပိုကောင်းသည်။

သို့သော် သဘာဝလွန် ပရိုဂျက်တာ၏ မြင်ကွင်းထဲတွင် ယန်ကျန့်၏ နောက်ဆုံး ရလဒ်မှာ ကျရှုံးသွားရန် ရာခိုင်နှုန်း များသည်။ သူ တစ္ဆေသွေးကို မထိန်းချုပ်နိုင်ခဲ့ခြင်း သို့မဟုတ် တစ္ဆေသွေးကို ထိန်းချုပ်နိုင်ခဲ့လျှင်လည်း အသုံးမဝင်ဘဲ တစ္ဆေဘတ်စ်ကား၏ သဘာဝလွန် စွမ်းအား နိုးထလာမှုကို မခုခံနိုင်ခဲ့ခြင်း ဖြစ်နိုင်သည်။

တစ်ခဏမျှ

ယန်ကျန့် နှုတ်ဆိတ်သွားသည်။

အကယ်၍ သူ ကြိုတင် ဟောကိန်းကို မသိခဲ့ပါက သူ တစ်ကြိမ်လောက် စွန့်စားကြည့်ရဲမည် ဖြစ်သော်လည်း ဟောကိန်း မြင်ကွင်းကို မြင်ပြီးနောက် ဤသည်က သူ့ကို လုံးဝ ယုံကြည်မှု မရှိတော့စေပေ။

သို့သော် တစ်ဖက်က ပြန်စဉ်းစားကြည့်လျှင်

ဟောကိန်း မြင်ကွင်းထဲတွင် ယန်ကျန့်၏ အလောင်းကိုသာ မြင်တွေ့ရခြင်း ဖြစ်ပြီး သူ သေချာပေါက် သေဆုံးသွားပြီဟု သက်သေပြနိုင်မည့် သတင်းအချက်အလက် ဘာမှ မရှိပေ။

သို့သော် ယန်ကျန့် တကယ် သွေးကန်ထဲ ခုန်ချသွားမည် ဆိုပါက ၎င်းသည် သူ၏ ကံကြမ္မာကို သဘာဝလွန် အရာများက ကြိုတင် ဟောကိန်းထုတ်ထားကြောင်း သက်သေပြနေခြင်း မဟုတ်ပါလော။

အခန်း ၁၅၅၂ - တစ်ဖန် ပြန်လည်ဆုံတွေ့ရသော အဘိုးအို

"ဟောကိန်းရဲ့ လွှမ်းမိုးမှုကို ဖယ်ထားပြီး လက်တွေ့ကျကျ စဉ်းစားကြည့်ရင် ဘယ်လိုပဲ ရွေးချယ်ရွေးချယ် ငါ တစ်ကြိမ်လောက် စွန့်စားပြီး တစ္ဆေသွေးကို ထိန်းချုပ်ဖို့ ရွေးချယ်သင့်တယ်။"

ယန်ကျန့် အချိန်အတော်ကြာ စဉ်းစားခန်းဝင်နေလေသည်။ သူ့တွင် အခြား ရွေးချယ်စရာ မရှိတော့ဘဲ တစ္ဆေထိန်းချုပ်သည့် လမ်းကြောင်းပေါ်တွင်သာ ဆက်လက်လျှောက်လှမ်းရမည်ဖြစ်ပြီး ရပ်တန့်ရန် လုံးဝ မဖြစ်နိုင်ကြောင်း သူ ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ရပ်တန့်လိုက်ခြင်း၏ ရလဒ်မှာ သေဆုံးခြင်းသာ ဖြစ်သောကြောင့် ပေတည်း။

သို့သော် တစ္ဆေသွေးကို ထိန်းချုပ်ရာတွင် ကျရှုံးနိုင်ခြေ အလွန်များပြားပေသည်။ ဘာပဲဖြစ်ဖြစ် ဟောကိန်း မြင်ကွင်းထဲရှိ ယန်ကျန့်မှာ ကျရှုံးသွားပုံရလေသည်။

"ငါ့မှာ အချိန် တစ်ရက်ခွဲပဲ ကျန်တော့တယ်။ ဒီအချိန်လေးနဲ့ တခြား နည်းလမ်း ရှာဖို့ အချိန်တောင် မရတော့ဘူး။"

ယန်ကျန့် စိတ်ထဲတွင် အခြား နည်းလမ်းများကို စမ်းသပ်ချင်သော်လည်း အချိန်မမီတော့ကြောင်း သတိထားမိလိုက်သည်။

တစ်ရက်ခွဲလေးနှင့် တစ္ဆေဘတ်စ်ကား၏ သဘာဝလွန် စွမ်းအား နိုးထမည့် ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်း ရှာတွေ့ရန် သူ ကိုယ်တိုင်ပင် ယုံကြည်မှု မရှိပေ။

"တရုတ်တိုင်းရင်းဆေး စားလိုက်ရင် အချိန် ရက်နှစ်ဆယ် နောက်ဆုတ်သွားမယ်။ အဲဒီ ရက်နှစ်ဆယ် အချိန်ကို သုံးပြီး နည်းလမ်းသစ် သွားရှာရင်ကော။"

ယန်ကျန့် မနေနိုင်ဘဲ ထိုသို့ တွေးလိုက်မိပြန်သည်။

ထိုသို့ လုပ်ခြင်းက ပို၍ စိတ်ချရမည့်ပုံ ပေါက်နေသည်။

သို့သော် လူ့အရေခွံစာရွက် ပေးသော အစီအစဉ်အရ တရုတ်တိုင်းရင်းဆေး စားခြင်းတွင် ဘေးထွက်ဆိုးကျိုး ရှိကြောင်း သိသာလှသည်။ ဆေးစွမ်း ပျယ်သွားသည့် အခိုက်အတန့်တွင် ပိုမို ကြီးမားသော သဘာဝလွန် စွမ်းအား၏ ပြန်လည် တိုက်ခိုက်မှုကို ခံရရန် ရာခိုင်နှုန်း များပြားလှပေသည်။

"အဲဒီ ဆေးဆိုင်ကို သွားပြီး အခြေအနေ သေချာအောင် သွားမေးကြည့်သင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအရာ အားလုံးက ငါ့ရဲ့ ခန့်မှန်းချက်တွေချည်းပဲ။"

ထိုအတွေးနှင့်အတူ ယန်ကျန့်သည် စဉ်းစားခန်းထဲမှ သတိဝင်လာလေသည်။

သူ လူ့အရေခွံစာရွက်ကို သိမ်းဆည်းလိုက်ပြီး ဖြည်းညှင်းစွာ မတ်တပ်ရပ်ကာ တစ္ဆေမျက်လုံးကို ဖွင့်၍ အဝေးသို့ လှမ်းကြည့်လိုက်သည်။

တစ္ဆေနယ်မြေ ပျံ့နှံ့သွားသည်နှင့်အတူ နောက်တစ်ခဏတွင် ယန်ကျန့်သည် နေရာမှ ပျောက်ကွယ်သွားပြီး တာချန်းမြို့မှ တိတ်တဆိတ် ထွက်ခွာသွားခဲ့လေသည်။

မကြာမီ သူသည် ယခင် ခြေရာများအတိုင်း သိပ်ပြီး ထင်ရှားမှု မရှိသော မြို့ငယ်လေး တစ်မြို့သို့ ရောက်ရှိလာသည်။

မြို့၏ ဗဟိုချက်တွင် မြို့ဟောင်း တစ်ခု ရှိလေသည်။ ထိုမြို့ဟောင်းမှာ ဖျက်သိမ်းနေဆဲ ဖြစ်ပြီး လုပ်ငန်းစဉ်မှာ အလွန် မြန်ဆန်လှသည်။ ယခင်က သူ လာစဉ်က မြို့ဟောင်း အများစု ရှိနေသေးသော်လည်း ဒီတစ်ကြိမ်တွင်မူ ထိုမြို့ဟောင်းများ ပျောက်ကွယ်သွားပြီး အပျက်အစီးများသာ ကျန်ရစ်ခဲ့သည်။ ဟောင်းနွမ်းနေသော လမ်းဟောင်းလေး တစ်လမ်းသာ မနည်း တောင့်ခံနေရပေသည်။

သို့သော် လမ်းဟောင်းပေါ်ရှိ ဆိုင်အတော်များများ ပိတ်သွားပြီ ဖြစ်ပြီး ဆိုင်အနည်းငယ်သာ ဖွင့်ထားတော့သည်။ ကြည့်ရသည်မှာ ဒီနှစ်အတွင်း လမ်းဟောင်းလေးသည် လုံးဝ ပျောက်ကွယ်သွားတော့မည် ဖြစ်ပြီး ထိုအချိန်ကျလျှင် လမ်းဟောင်းပေါ်ရှိ တရုတ်တိုင်းရင်းဆေးဆိုင်မှာလည်း အတူတူ ပျောက်ကွယ်သွားမည်မှာ သေချာလှသည်။

တရုတ်တိုင်းရင်းဆေးဆိုင် ပိတ်သွားသည်နှင့် သမ္မတနိုင်ငံခေတ်မှာလည်း အပြီးတိုင် ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း ကြေညာလိုက်ခြင်းပင် ဖြစ်ပေမည်။

သို့သော် ယခုအခါ တရုတ်တိုင်းရင်းဆေးဆိုင်၏ တံခါးမှာ ပွင့်နေဆဲ ဖြစ်ပြီး တံခါးဝတွင် ဖွင့်ထားကြောင်း ပြသထားသော ဆိုင်းဘုတ် တစ်ခုကိုလည်း ချထားလေသည်။

ယန်ကျန့် တရုတ်တိုင်းရင်းဆေးဆိုင် တံခါးဝတွင် ရပ်ကာ အထဲသို့ လှမ်းကြည့်လိုက်ရာ ကောင်တာနောက်တွင် ထိုင်နေသော အမျိုးသမီး တစ်ဦးကို တွေ့လိုက်ရသည်။

ထိုအမျိုးသမီးမှာ အသက် သုံးဆယ်ခန့် ရှိပြီး ရှစ်ဆယ်၊ ကိုးဆယ် ခုနှစ် စတိုင် အဝတ်အစားများ ဝတ်ဆင်ထားကာ ခေတ်သစ် လူများ၏ အသွင်အပြင်နှင့် လုံးဝ မလိုက်ဖက်ပေ။ သို့သော် ဒီဟောင်းနွမ်းနေသော တရုတ်တိုင်းရင်းဆေးဆိုင်ထဲတွင် ထိုင်နေသည်မှာ အနည်းငယ်မျှ ထူးဆန်းမနေဘဲ ဒီနေရာနှင့် အပြည့်အဝ လိုက်ဖက်နေသကဲ့သို့ ဖြစ်နေသည်။

သိသာသည်မှာ ထိုအမျိုးသမီးသည် ငယ်စဉ်ကတည်းက တရုတ်တိုင်းရင်းဆေးဆိုင်ထဲတွင် ကြီးပြင်းလာပြီး ဒီနေရာတွင် နေထိုင်ကာ အပြင်ထွက်ခဲသူ ဖြစ်ရမည်။

ယန်ကျန့် သူမကို သိသည်။ သူမသည် ဆေးဆိုင်ရှင် အဘိုးအို၏ တပည့် ဖြစ်ပြီး ရှောင်၀ူဟု ခေါ်လေသည်။

သူ ဆေးဆိုင်ထဲ ဝင်သွားသောအခါ ကောင်တာနောက်ရှိ ရှောင်၀ူသည် အသံကြားသဖြင့် ခေါင်းမော့ကြည့်လာသည်။ သူမ ယန်ကျန့်ကို မြင်သောအခါ မျက်လုံးထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင် အချို့ ပေါ်လာပြီး သူ ဒီနေရာသို့ ထပ်ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ပုံရသည်။

"မင်း လာတဲ့ အကြိမ်ရေ အရမ်း များနေပြီ။ ဒီနေရာက မင်းကို သိပ်ကြိုဆိုတာ မဟုတ်ဘူးနော်"

ရှောင်၀ူက တည်ငြိမ်စွာ ပြောလိုက်သည်။

သူမ ယန်ကျန့် အပေါ် ဆက်ဆံရေး ပြောင်းလဲသွားခြင်းမှာ သူ ကျန်းရှန်းကွမ်ကို သတ်ပစ်လိုက်ကြောင်း ကြားသိပြီးနောက်ပိုင်းမှ ဖြစ်ပေသည်။

"မင်းက ဝန်ထမ်းပဲ ဆိုင်ရှင် မဟုတ်ဘူး"

ယန်ကျန့်ကလည်း တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

ဆိုလိုသည်မှာ ရှောင်၀ူကို မိမိ၏ အဆင့်အတန်းနှင့် နေရာကို သိရန်နှင့် အလွန်အကျွံ မလုပ်ရန် သတိပေးလိုက်ခြင်း ဖြစ်သည်။

ရှောင်၀ူ မျက်မှောင်ကြုတ်သွားသည်။

"ဒီတစ်ခါ မင်း ဘာလာလုပ်တာလဲ။ အရင်က ငါ့ဆရာ မင်းကို တရုတ်တိုင်းရင်းဆေး သုံးထုပ် ပေးပြီးပြီလေ။ မင်း ထပ်လိုချင်လို့တော့ မဟုတ်ဘူးမလား။"

"ငါ ဒီလာတာ တစ်ခုခု မေးချင်လို့ မင်းဆရာ ဘယ်မှာလဲ ဒီတစ်ခါ ငါ လာတာ သူ့ကို လာရှာတာ။"

ယန်ကျန့်က ပြောလိုက်သည်။

"ငါ့ဆရာ ဧည့်သည် လက်မခံတော့ဘူး"

ရှောင်၀ူက ပြောလိုက်သည်။

"ဒါ မင်းသဘောလား၊ မင်းဆရာ သဘောလား"

ယန်ကျန့် ဆက်မေးလိုက်သည်။

ရှောင်၀ူက ပြောလိုက်သည်။

"ဘာသဘောလဲ မင်းက ငါ တမင်သက်သက် ငါ့ဆရာနဲ့ ပေးမတွေ့တာလို့ ထင်နေတာလား။ ငါ့ဆရာ အသက် အရမ်း ကြီးနေပြီ၊ အခြေအနေကလည်း အရမ်း ဆိုးနေပြီ။ သူ သတိရပြီး လှုပ်ရှားနိုင်တဲ့ အချိန် သိပ်မရှိတော့ဘူး။ အချိန်အများစုက သတိလစ်နေတာ။ တစ်ခါတလေဆိုရင် သာမန်နဲ့ မတူတဲ့ ထူးဆန်းတဲ့ အလုပ်တွေတောင် လုပ်တတ်သေးတယ်။"

"ငါ့ဆရာရဲ့ နောက်ဆုံး အချိန်က သိပ်မဝေးတော့ဘူး။ အခု သူ မသေချင်သေးတာ သူ သေရမှာ ကြောက်လို့ မဟုတ်ဘူး၊ သူပြောတဲ့ မျှော်လင့်ချက် ဆိုတာ ပေါ်မလာသေးလို့ သူ မကျေနပ်လို့ မသေနိုင်တာ ဒါကြောင့် သူက အသက်ကို မနည်း ဆက်ပြီး အသက်ရှည်ရှည် နေချင်နေတာ။ သူပြောတဲ့ မျှော်လင့်ချက် ဆိုတာကို မြင်ချင်နေတာ။"

"ဒါပေမဲ့ ဒီခေတ်ကြီးက သူ့ကို အရမ်း စိတ်ပျက်စေတယ်။ အထူးသဖြင့် ဒီတစ်ခါ တစ္ဆေဆရာလောကက ထိပ်တန်း တစ္ဆေဆရာတွေ အကုန်လုံး နီးပါး သေကုန်တော့ ငါ့ဆရာ တော်တော်လေး စိတ်ထိခိုက်သွားတယ် သူ သေရင်တောင် မျှော်လင့်ချက်ကို မြင်ရမှာ မဟုတ်ဘူး ဆိုတာကို သူ သဘောပေါက်သွားပြီ။"

ပြောပြီးနောက် ရှောင်၀ူက ယန်ကျန့်ကို စိုက်ကြည့်ကာ ထပ်ပြောလိုက်သည်။

"ဆရာကတော့ မင်းကို ဒီခေတ်ရဲ့ ခေါင်းဆောင်လို့ ပြောတယ်။ ဒါပေမဲ့ ငါ့အမြင်မှာတော့ ဒီခေတ်ကြီးက လုံးဝ မျှော်လင့်ချက် မရှိတော့ဘူး။ မင်းကလည်း အဲဒီ မျှော်လင့်ချက် ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် မင်းတို့လို အသက်ဆက်ဖို့ ကြိုးစားနေတဲ့ သေခါနီး လူတွေနဲ့ ပတ်သက်ပြီး ငါ ဘာမှ ပြောစရာ မရှိဘူး။"

ယန်ကျန့် မျက်နှာ မည်းမှောင်သွားသည်။

"ငါတို့ တစ်စု အသက်စွန့်ပြီး တစ္ဆေတွေကို တိုက်ခိုက်နေတာကို မင်းက ဒီလိုပဲ အထင်သေးစရာ ဖြစ်သွားတာလား မျိုးဆက်ဟောင်းတွေရဲ့ အရိပ်အောက်မှာ ပုန်းနေတဲ့ မင်းက ငါတို့ကို ဝေဖန်ဖို့ ဘာအရည်အချင်း ရှိလို့လဲ။"

စကားပြောနေစဉ် သူ လက်တစ်ဖက် ဆန့်ထုတ်လိုက်ရာ အနီရောင်လှံရှည် တစ်လက် လေထဲမှ ထွက်ပေါ်လာပြီး ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ စိုက်ချလိုက်သည်။

ကြီးမားသော အားကြောင့် ကြမ်းပြင် အုတ်ချပ်များ ကွဲအက်သွားပြီး တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော သဘာဝလွန် စွမ်းအားတစ်ခု ထွက်ပေါ်လာကာ ဆိုင်တစ်ဆိုင်လုံးကို တုန်ခါသွားစေသည်။ မူလက ဟောင်းနွမ်းနေသော ဒီဆိုင်လေးမှာ ပြင်းထန်စွာ ယိမ်းယိုင်လာပြီး အချိန်မရွေး ပြိုကျတော့မည့်ပုံ ပေါက်နေလေသည်။

ရှောင်၀ူ မျက်လုံးများ ချက်ချင်း ကျဉ်းသွားသည်။

ယိမ်းယိုင်နေသော ခေါင်မိုးကို ကြည့်ရင်း သူမ အလွန် အံ့အားသင့်သွားသည်။

ဒီဆေးဆိုင်တွင် ကြောက်မက်ဖွယ်ကောင်းသော သဘာဝလွန် စွမ်းအားများ ကပ်ငြိနေပြီး ခွန်အားကြီးရုံဖြင့် တုန်ခါအောင် မလုပ်နိုင်ပေ။ သက်ဆိုင်ရာ သဘာဝလွန် စွမ်းအား ရှိမှသာ လုပ်နိုင်မည် ဖြစ်သည်။

တစ်နည်းဆိုရလျှင် ယခု ယန်ကျန့်သည် တရုတ်တိုင်းရင်းဆေးဆိုင်ကို ဖျက်ဆီးနိုင်နေပြီ ဖြစ်သည်။

သူတို့ နှစ်ယောက် စကားမတည့်ဘဲ အခြေအနေ တင်းမာနေစဉ် ဆေးဆိုင် နောက်ဘက်မှ အားနည်းသော ချောင်းဆိုးသံတစ်ခု ထွက်ပေါ်လာသည်။

"အဟွတ် အဟွတ်၊ ရှောင်၀ူ သူ့ကို အထဲ ပေးဝင်လိုက် ငါ ဒီအဘိုးကြီးက အဲဒီလောက် မနုနယ်သေးဘူး အခက်အခဲလေး နည်းနည်း ကြုံရုံနဲ့ အသက်မထွက်သွားဘူး ပြီးတော့ ငါလည်း သူနဲ့ စကား နည်းနည်း ပြောချင်သေးတယ်။"

ထိုအသံမှာ ဆေးဆိုင်ရှင် ဖြစ်ပြီး သမ္မတနိုင်ငံခေတ်က အဘိုးအိုပင် ဖြစ်သည်။

ရှောင်႐ူ ချက်ချင်း စိုးရိမ်တကြီး ပြောလိုက်သည်။

"ဒါပေမဲ့ ဆရာ ဆရာ့ အခြေအနေက အရမ်း ဆိုးနေပြီ။ သေချာ အနားယူသင့်တယ်။"

"ငါ သေသွားရင် ခေါင်းတလားထဲ ဝင်ပြီး သေချာ အနားယူရမှာပဲ။ ဒီအချိန်လေးနဲ့တော့ ဘာမှ မဖြစ်ဘူး။"

ထိုအိုမင်းသော အသံ ထပ်မံ ထွက်ပေါ်လာသည်။

ထိုအခါမှ ရှောင်၀ူက ယန်ကျန့်ကို ကြည့်ကာ ပြောလိုက်သည်။

"ဆရာက မင်းကို တွေ့ချင်တယ် ဆိုမှတော့ ငါ မတားတော့ဘူး ငါ့နောက်လိုက်ခဲ့။"

"မင်းဆရာ မျက်နှာကို ထောက်ပြီး မင်း ငယ်ရွယ်ပြီး အသိဉာဏ် နည်းတာကို ငါ ခွင့်လွှတ်ပေးလိုက်မယ်။ ဒါပေမဲ့ ဒီနေရာမှာပဲ ရမယ်နော်"

ယန်ကျန့်က သူမကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ဒီဆေးဆိုင်ရှင် အဘိုးအိုသာ သက်ရှိထင်ရှား မရှိဘဲ သူ့အပေါ် ကျေးဇူးရှိမနေလျှင် ရှောင်၀ူ၏ ဒီစကားလေး တစ်ခွန်းနှင့်ပင် သူမကို သတ်ပစ်ရန် လုံလောက်နေပြီ ဖြစ်သည်။

ရှောင်၀ူ ဘာမှ ပြန်မပြောဘဲ ဆေးဆိုင် နောက်ဘက်သို့သာ လျှောက်သွားလိုက်သည်။

ယန်ကျန့်လည်း ယခုအခါ ဆေးဆိုင် နောက်ဘက်သို့ ဝင်သွားလိုက်သည်။

ဆေးဆိုင် နောက်ဘက်မှာ အနည်းငယ် မှောင်မိုက်နေပြီး ဘယ်ညာ နှစ်ဖက်စလုံးတွင် ဆီမီးခွက်များ အစီအရီ ထွန်းထားသည်။ ဆီမီးခွက်များ ဘေးတွင် နံ့သာပေါင်းဖိုများ ချထားပြီး အတွင်းမှ ပြင်းထန်သော စန္ဒကူးနံ့များ ထွက်ပေါ်နေသည်။

တစ္ဆေဆရာလောကတွင် စန္ဒကူးနံ့ကို အလောင်းကောင် အနံ့များ ဖုံးကွယ်ရန် အများဆုံး အသုံးပြုလေ့ ရှိသည်။ ထို့ကြောင့် တစ္ဆေဆရာ အများအပြား သွားလာသော နေရာများနှင့် နေထိုင်သော နေရာများတွင် အလောင်းကောင် အနံ့များ ဖိနှိပ်ရန် စန္ဒကူးနံ့ကိုသာ ထွန်းညှိလေ့ ရှိကြပေသည်။

ဆေးဆိုင် နောက်ဘက် အလယ်တွင် အထင်ရှားဆုံးမှာ ခေါင်းတလား တစ်လုံး ချထားခြင်းပင် ဖြစ်သည်။

ခေါင်းတလားမှာ အနီရောင် မဟုတ်ဘဲ အနက်ရောင် ဖြစ်လေသည်။

"အနက်ရောင် ခေါင်းတလား"

ယန်ကျန့် မျက်လုံးများ အရောင်လက်သွားသည်။

အနက်ရောင် ခေါင်းတလား ဆိုသည်မှာ အန္တရာယ် ကြီးမားခြင်းကို ကိုယ်စားပြုပြီး အတွင်းတွင် ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေကို ဖမ်းချုပ်ထားကြောင်းကိုလည်း ကိုယ်စားပြုသည်။

ဒီတရုတ်တိုင်းရင်းဆေးဆိုင်ရှင်က သူ့ကိုယ်သူ မြှုပ်နှံဖို့ အနက်ရောင် ခေါင်းတလားကို သုံးတော့မလို့လား။

၎င်းမှာ သူသေသွားပြီးလျှင် အလွန် ကြောက်မက်ဖွယ်ကောင်းသည့် တစ္ဆေကြီး တစ်ကောင် ဖြစ်လာတော့မည် ဆိုသော သဘောပင် ဖြစ်သည်။

"အသက်ရှင်ဖို့ မဖြစ်မနေ လိုအပ်လို့ ခန္ဓာကိုယ်ထဲက တစ္ဆေကို အပိုင်းပိုင်း မဖြတ်ရဲတာ။ ဒါကြောင့် သေသွားပြီးရင် တစ္ဆေနိုးထမှုက ပုံမှန် မဟုတ်ဘဲ အရမ်း ကြောက်စရာ ကောင်းလာမှာ။ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံဖို့ အနက်ရောင် ခေါင်းတလားကို မဖြစ်မနေ သုံးရတာပေါ့။"

ယန်ကျန့် စိတ်ထဲမှ တွေးလိုက်သည်။

အနက်ရောင် ခေါင်းတလား ဘေးတွင် ဝါးကုတင် တစ်လုံး ချထားသည်။

ဝါးကုတင်မှာ အေးစက်နေသော်လည်း ဝါးကုတင်ပေါ်တွင် အိပ်နေသော အဘိုးအို၏ ခန္ဓာကိုယ်မှာ ပို၍ အေးစက်နေပြီး ပုပ်ဟောင်နေသော အနံ့အသက်များပင် ထွက်ပေါ်နေသည်။

ခန္ဓာကိုယ် ပုပ်ပွနေသကဲ့သို့ ဖြစ်နေပေသည်။

အဘိုးအို၏ ခန္ဓာကိုယ်မှာ ပိန်လှီရှည်လျားပြီး အရောင်ရင့် ရှပ်အင်္ကျီရှည်ကို ဝတ်ဆင်ထားသည်။ မျက်နှာမှာ ပိန်လှီကာ ဝါကျင်ကျင်နှင့် မည်းနက်နေပြီး မျက်လုံးအိမ် နှစ်ခုမှာ နက်ရှိုင်းစွာ ချိုင့်ဝင်နေသည်။ တစ်ချက်ကြည့်ရုံဖြင့် ကြောက်မက်ဖွယ် ကောင်းနေပြီး ခြောက်သွေ့နေသော အလောင်းကောင် တစ်ခုနှင့် တူနေလေသည်။

ဒီကဲ့သို့သော ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားသည့် အဘိုးအို တစ်ဦးသည် ယခုထိ အသက်ရှူနေသေးပြီး မသေသေးသည်မှာ ယုံကြည်ရန် ခက်ခဲလှသည်။

"ဆရာ ယန်ကျန့် ရောက်လာပြီ ငါ ဆေးသွားကျိုလိုက်ဦးမယ်။"

ရှောင်၀ူ ပြောပြီးနောက် အကြောင်းပြချက် တစ်ခု ရှာကာ ထွက်သွားခဲ့သည်။

"အဟွတ် အဟွတ်"

အဘိုးအို၏ ပိန်လှီသော ခန္ဓာကိုယ် အနည်းငယ် လှုပ်ရှားသွားပြီး ထိုင်ရန် ရုန်းကန်နေသည်။

သို့သော် အကြိမ်အနည်းငယ် ကြိုးစားကြည့်သော်လည်း နောက်ဆုံးတွင် အားမရှိစွာ ပြန်လှဲချလိုက်ရသည်။

သူ တကယ် အိုမင်းမစွမ်း ဖြစ်နေခြင်း မဟုတ်ဘဲ ခန္ဓာကိုယ်ထဲရှိ သဘာဝလွန် စွမ်းအားများကို အားကိုးပြီး လှုပ်ရှားရန် မဝံ့ရဲခြင်းသာ ဖြစ်သည်။ ထိုသို့ လုပ်ပါက သူ၏ အသက်ရှင်မည့် အချိန်ကို ပိုမို တိုတောင်းသွားစေမည် ဖြစ်သောကြောင့် ပေတည်း။

"မင်း ရယ်စရာ ဖြစ်သွားပြီ ငါ ဒီအဘိုးကြီးလည်း အသုံးမကျတော့ဘူး။ ထဖို့တောင် မလုပ်နိုင်တော့ဘူး။"

ဒီအဘိုးအိုသည် ခေါင်းကို အနည်းငယ် လှည့်ကာ ယန်ကျန့် ရှိရာဘက်သို့ လှည့်လာသည်။

သူ၏ မျက်လုံးများမှာ ကန်းနေပြီး အရေပြား ဖုံးနေသော အပေါက် နှစ်ခုသာ ရှိလေသည်။

"ခင်ဗျား ထချင်ရင် ငါ တွဲပေးမယ်လေ။"

ယန်ကျန့် လျှောက်သွားကာ လက်ဆန့်ထုတ်ပြီး ဒီအဘိုးအိုကို တွဲထူပေးလိုက်သည်။

ယန်ကျန့်ကို အံ့အားသင့်စေသည်မှာ ဒီအဘိုးအိုသည် ဒီလောက် ပိန်လှီနေသော်လည်း ခန္ဓာကိုယ်မှာ အလွန် လေးလံနေပြီး အေးစက်သော ကျောက်တုံး တစ်တုံးနှင့် တူကာ လူရှင် တစ်ယောက်၏ ခန္ဓာကိုယ်နှင့် လုံးဝ မတူညီခြင်းပင် ဖြစ်သည်။

အဘိုးအိုကို တွဲထူလိုက်သည့် အခိုက်အတန့်တွင် ဒီအဘိုးအိုက ရုတ်တရက် လက်ဆန့်ထုတ်ကာ ယန်ကျန့်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

အားမပြင်းသော်လည်း လက်မောင်း တစ်ခုလုံးကို ချက်ချင်း ထုံကျင်သွားစေပြီး တစ်ချိန်တည်းမှာပင် ယန်ကျန့် တစ်ကိုယ်လုံး အေးစက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော သဘာဝလွန် စွမ်းအား တစ်ခုက သူ့တစ်ကိုယ်လုံးကို ရူးသွပ်စွာ တိုက်စားနေသကဲ့သို့ ခံစားလိုက်ရသည်။

"ဟင်"

ယန်ကျန့် မျက်နှာထား ပြောင်းလဲသွားသည်။

သို့သော် မကြာမီ ဒီအဘိုးအိုက လက်ပြန်လွှတ်လိုက်ပြီး ထိုပြင်းထန်သော မသက်မသာ ခံစားချက်မှာလည်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

"စောစောက မင်းခန္ဓာကိုယ်ကို ငါ စစ်ဆေးကြည့်လိုက်တာ။ မင်းက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ခန္ဓာကိုယ်က ငါ ဒီအဘိုးကြီးထက်တောင် အားနည်းနေပါလား။ အဟွတ် အဟွတ်၊ အရင်က ငါပေးလိုက်တဲ့ ဆေးကိုလည်း မစားရသေးဘူးပဲ"

မျက်ကန်း အဘိုးအို၏ လေသံထဲတွင် အားနည်းနေမှုများ ပါဝင်နေသည်။

"မင်း ဒီပုံစံအတိုင်း ဆိုရင် နှစ်ရက်တောင် ခံမှာ မဟုတ်ဘူး။"

ယန်ကျန့်က ပြောလိုက်သည်။

"ငါ သိတယ်။ ငါက တစ္ဆေဘတ်စ်ကားကို ထိန်းချုပ်ထားတာ။ အဲဒီအဆင့်ရှိတဲ့ သဘာဝလွန် စွမ်းအားကို ထိန်းချုပ်ဖို့ မလွယ်ဘူး မကြာခင် ငါ တစ္ဆေနိုးထလို့ သေတော့မယ်။ခင်ဗျား ပေးတဲ့ တရုတ်တိုင်းရင်းဆေးကို စားရင်တောင် အလွန်ဆုံး အသက် နှစ်ဆယ်ရက်ပဲ ဆက်နိုင်မယ်။ ဒါပေမဲ့ ခင်ဗျား ပေးတဲ့ ဆေးမှာ ဘေးထွက်ဆိုးကျိုး ရှိတယ် မဟုတ်လား။"

"သဘာဝလွန် လောကမှာ အရာအားလုံးက တန်ဖိုးပေးဆပ်ရတယ်။ ငါ့ဆေးက တစ္ဆေနိုးထမယ့် အချိန်ကို နောက်ဆုတ်ပေးရုံ သက်သက်ပဲ၊ ဖြေရှင်းပေးတာ မဟုတ်ဘူး။ ဆေးစွမ်း ပျယ်သွားရင် နိုးထလာမယ့် သဘာဝလွန် စွမ်းအားက အရင်ကထက် ပိုပြင်းထန်လာလိမ့်မယ်။ ဒါကြောင့် ဆေးစားတဲ့ လူတိုင်း ကိုယ့်ရဲ့ တစ္ဆေနိုးထမယ့် ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို အစွမ်းကုန် ရှာဖွေရမယ်။"

မျက်ကန်း အဘိုးအိုက ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ငါ ထင်တဲ့အတိုင်းပဲ ဒီအချက်က ငါ့ခန့်မှန်းချက်နဲ့ တစ်ထပ်တည်းပဲ။"

ယန်ကျန့် ခေါင်းညိတ်လိုက်သည်။

မျက်ကန်း အဘိုးအိုက ပြောလိုက်သည်။

"မင်း ဆေးမစားဖို့ ရွေးချယ်လိုက်တာ ကြည့်ရတာ မင်းမှာ တခြား အကြံ ရှိပုံရတယ်။"

All Chapters