← Chapters

အခန်း (၇၀၁-၇၀၂)

Vol. 51 Ch. 701-702

အခန်း (၇၀၁-၇၀၂)

Vol. 51 Ch. 701-702

အပိုင်း (၇၀၁) - အကွက်ဆင်ခြင်း

တိုက်ခိုက်လိုက်သူမှာ ဝမ်ထျန်းကူ ဖြစ်၏။

သူက တည်ငြိမ်စွာ ဆိုလိုက်၏။

"ညီအစ်ကိုယွမ်... စိတ်မလောပါနဲ့ဦး။ ကျွန်တော်က မိတ်ဆွေယွမ်အနေနဲ့ ဒီကျောက်စိမ်းသေတ္တာကိုပဲ ဦးစားပေး ရွေးချယ်ပြီး တခြားပစ္စည်းတွေကို စွန့်လွှတ်မှာလားဆိုတာကို အတည်ပြုချင်ရုံ သက်သက်ပါ..."

ဆံပင်ဖြူအဘိုးအိုက တည်ငြိမ်မှုကို ပြန်လည်ရရှိသွားသော်လည်း ဝမ်ထျန်းကူကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။

"ဒါပေါ့... ငါက အရင်ဆုံး ကျောက်စိမ်းသေတ္တာအတွင်းပိုင်းကို ကြည့်ချင်တာ။ တကယ်လို့ အသုံးမဝင်တဲ့ ပစ္စည်းဆိုရင် ငါက ဘာလို့ ရွေးရမှာလဲ..."

ဝမ်ထျန်းကူက ကြောက်ရွံ့ခြင်းမရှိသော မျက်နှာထားဖြင့် ကျောက်စိမ်းကုတင်ပေါ်ရှိ သေတ္တာသုံးလုံးကို ကြည့်ကာ ဆိုလိုက်၏။

"ကျွန်တော် မှတ်မိသလောက်ဆိုရင် ခင်ဗျားတို့နှစ်ယောက်က အရင်ရွေးပြီး ကျန်တာကို ငါတို့က အချိုးကျ ခွဲယူမယ်လို့ သဘောတူခဲ့တာ။ ဒါပေမဲ့ ဒီသေတ္တာတွေကို ရွေးလိုက်ပြီးရင် ခွဲစရာ ကျန်ပါဦးမလားလို့ မိတ်ဆွေ မစဉ်းစားမိဘူးလား..."

"မိတ်ဆွေက ဘာတွေ ကြံစည်နေတာလဲ။ ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ။ ငါတို့ရဲ့ သဘောတူညီချက်ကို ဖောက်ဖျက်ဖို့ ကြံနေတာလား..."

မြို့စားကြီးနန်းလုံက ရှေ့သို့ လှမ်းထွက်လိုက်ပြီး အဘိုးအို၏ ဘေးတွင် ရပ်လိုက်သည်။ သူသည် မကောင်းသော အမူအရာဖြင့် တစ္ဆေဝိညာဉ်ဂိုဏ်း ကျင့်ကြံသူ သုံးဦးကို ဝေ့ဝိုက်ကြည့်ရှုလိုက်၏။

ဝမ်ထျန်းကူက ပြုံးလိုက်ပြီး အေးဆေးစွာ ဆိုလိုက်သည်။

"ကျွန်တော့်မှာ ကတိဖျက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမဲ့ ဒုတိယထပ်မှာ ခွဲဝေဖို့ ရတနာက သိပ်ကို နည်းလွန်းနေတယ်။ ကျောက်စိမ်းသေတ္တာတွေကို ဝိညာဉ်အာရုံနဲ့ ဖောက်ကြည့်လို့ မရတာကြောင့် ဒါတွေဟာ ဒီအဆောက်အအုံမှာ အဖိုးတန်ဆုံး ပစ္စည်းတွေ ဖြစ်လိမ့်မယ်။ ဖြစ်နိုင်တာက သခင်ကြီးချန်ကုန်းရဲ့ နက်နဲတဲ့ ကျင့်စဉ်တွေ ဒါမှမဟုတ် နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး ရဲ့ လျှို့ဝှက်ချက်တွေတောင် ပါနေနိုင်တာ။

ဒီလို အခြေအနေမျိုးမှာတောင် ခင်ဗျားတို့နှစ်ယောက်က တန်ဖိုးကို အရင်ကြည့်ပြီးမှ ရွေးချယ်ချင်နေကြတုန်းပဲလား။ ဒါက နည်းနည်းတော့ လွန်မနေဘူးလား..."

ဆံပင်ဖြူအဘိုးအိုက ပြန်ပြောလိုက်၏။

"လွန်တယ် ဟုတ်လား။ ငါမှတ်မိသလောက်တော့ မင်းတို့ကိုယ်တိုင် ငါတို့ရဲ့ ဦးစားပေး ရွေးချယ်ခွင့်ကို သဘောတူခဲ့ကြတာ။ ဒီမှာ ရတနာနည်းနေတာက ငါတို့နဲ့ ဘာဆိုင်လို့လဲ..."

မထင်မှတ်ဘဲ အမျိုးသမီးထိုက်က ဝမ်ထျန်းကူဘက်မှ ကူပြောပေးလာသည်။

"စကားကိုတော့ ဒီလို မပြောသင့်ဘူးလေ။ မိတ်ဆွေတို့က ပစ္စည်းတွေကို အရင်ရွေးခွင့်ရှိပေမဲ့ သေတ္တာထဲမှာ ဘာရှိလဲဆိုတာကိုတော့ ကြည့်ခွင့်မရှိဘူး။ တကယ်လို့ မိတ်ဆွေတို့က မသေချာဘူးဆိုရင် တခြားပစ္စည်းတွေကို ပြောင်းရွေးနိုင်တာပဲ။ ဥပမာ... ဒီရေခဲကျောက်စိမ်းကုတင်က အင်မတန် ရှားပါးတဲ့ ရတနာပဲ။ ယင်အအေးဓာတ်ကျင့်စဉ် ကျင့်ကြံသူတွေအတွက်တော့ ဒါက အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲလေ..."

ထိုသို့ပြောလိုက်သည်နှင့် မြို့စားကြီးနန်းလုံ၏ မျက်နှာမှာ သုန်မှုန်သွားတော့သည်။ သူသည် ရုတ်တရက် ကြီးမားသော ဖိအားများကို ထုတ်လွှတ်လိုက်ရာ ဝမ်ထျန်းကူနှင့် အဘွားအိုတို့မှာ နောက်သို့ တစ်လှမ်း ဆုတ်လိုက်ကြရ၏။

စဦးစိတ်ဝိညာဉ်အဆင့်တွင် အစောပိုင်းနှင့် အလယ်အလတ်အဆင့်ကြားက ခွန်အားကွာခြားချက်ကို အထင်သေး၍ မရချေ။

မြို့စားကြီးနန်းလုံက မျက်မှောင်ကြုတ်လျက် ဓားသွားကဲ့သို့ အေးစက်သော မျက်လုံးများဖြင့် အခြားသူများကို ဝေ့ဝိုက်ကြည့်ရှုလိုက်သည်။

"တကယ်လို့ မိတ်ဆွေဝမ်ရဲ့ စကားက ကျိုးကြောင်းဆီလျော်တယ်လို့ ထင်တဲ့သူရှိရင် ရှေ့ထွက်ခဲ့စမ်းပါ။ ညီအစ်ကိုဝမ် ဒီလောက်အထိ ရဲတင်းနေတာက သူ့နောက်ကွယ်မှာ အမျိုးသမီးထိုက် တစ်ယောက်တည်းတင် ရှိနေတာ မဟုတ်လောက်ဘူး..."

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အသားညိုသူက အေးဆေးစွာ ဆိုလိုက်၏။

"မြို့စားကြီးနန်းလုံ... ဒေါသထွက်နေဖို့ မလိုပါဘူး။ ညီအစ်ကိုဝမ်ရဲ့ စကားကလည်း အဓိပ္ပာယ်ရှိပါတယ်။ မိတ်ဆွေက ငါတို့အတွက် အစအနလေးတွေပဲ ချန်ထားခဲ့လို့တော့ မရဘူးလေ..."

တည်ကြည်သော မျက်နှာရှိသည့် ကျင့်ကြံသူမှာမူ မသိမသာ မျက်မှောင်ကြုတ်လိုက်ပြီး တွေဝေစွာဖြင့် ဝမ်ထျန်းကူ၏ အနောက်တွင် ရပ်လိုက်သည်။ သူတို့ကြားက အဖုအတောက်ဖြစ်ခဲ့ဖူးသော ဆက်ဆံရေးကို မေ့သွားသည့်အလားပင်။ ရုတ်တရက်ဆိုသလို ဟန်လိမှလွဲ၍ ကျန်ရှိသောသူများမှာ အုပ်စုနှစ်စုကွဲကာ ရင်ဆိုင်မိလျက်သား ဖြစ်သွားတော့သည်။

မြို့စားကြီးနန်းလုံနှင့် ဆံပင်ဖြူအဘိုးအိုတို့မှာ မျက်နှာ အကြီးအကျယ် ပျက်သွား၏။

မြို့စားကြီးနန်းလုံက ချက်ချင်းပင် တည်ငြိမ်မှုကို ပြန်လည်ရရှိသွားပြီး မေးလိုက်သည်။

"မင်းတို့ အဖွဲ့ဖွဲ့ထားကြတာပဲ။ ဒါကို ဘယ်တုန်းက ဆုံးဖြတ်ခဲ့တာလဲ။ လမ်းခရီးမှာတော့ မင်းတို့မှာ အခွင့်အရေး မရှိခဲ့ပါဘူး..."

ဝမ်ထျန်းကူက လျစ်လျူရှုဟန်ဖြင့် ဆိုလိုက်၏။

"ချက်ချင်းကြီး အဖွဲ့ဖွဲ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီမိတ်ဆွေတွေနဲ့ ကျွန်တော်တို့က မထွက်ခွာခင်ကတည်းက အစည်းအဝေးလေး တစ်ခု လုပ်ခဲ့ကြတာ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အစီအစဉ်တွေနဲ့ မထင်မှတ်ထားတဲ့ အခြေအနေတွေအတွက် ဆွေးနွေးခဲ့ကြတာပေါ့။ အခု အခြေအနေကလည်း ငါတို့ ကြိုတင်တွက်ဆထားတဲ့ အထဲမှာ ပါတာပဲ။ ဒါကြောင့် မိတ်ဆွေနန်းလုံနဲ့ ယွမ်တို့ကို ပြန်တိုက်ဖို့ကလွဲလို့ ငါတို့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး..."

မြို့စားကြီးနန်းလုံ၏ အကြည့်မှာ အေးစက်သွားတော့သည်။ သူ၏အကြည့်မှာ ဟန်လိထံသို့ ကျရောက်သွားပြီး လေးနက်စွာ မေးလိုက်၏။

"မိတ်ဆွေဟန်... မင်းကော ဘာလုပ်မှာလဲ..."

အခုအချိန်မှာတော့ စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့် ကျင့်ကြံသူ နှစ်ဦးနဲ့ အစောပိုင်းအဆင့် ကျင့်ကြံသူ လေးဦး၊ အမြုတေအဆင့် ကျင့်ကြံသူ နှစ်ဦးတို့ ရင်ဆိုင်နေကြတာ ဖြစ်ပါတယ်။ အင်အားချင်း မမျှတတဲ့ အခြေအနေမှာ ဘယ်ဘက်ကိုမှ မရွေးရသေးတဲ့ ဟန်လိက ဒီပဋိပက္ခရဲ့ အဆုံးအဖြတ်ပေးမယ့် အချက်အချာ ဖြစ်လာတော့သည်။

ဟန်လိက ချက်ချင်း မရွေးချယ်သေးဘဲ သူ၏ခေါင်းကို လှည့်ကာ ဝမ်ထျန်းကူအဖွဲ့ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး သူတို့၏အမူအရာကို တတ်နိုင်သမျှ ဖတ်ရှုရန် ကြိုးစားနေသည်။

ဝမ်ထျန်းကူက ဟန်လိကို တည်ငြိမ်စွာ ကြည့်နေရုံတင်မကဘဲ အနည်းငယ်မျှ စိုးရိမ်ပူပန်မှုမရှိဘဲ ပြုံးပြနေ၏။ သူ၏ဘေးတွင် ဝမ်ချန်က စိတ်လှုပ်ရှားနေပုံရပြီး ယန်ရုယန်ကမူ ဘာလုပ်ရမှန်း မသိသလို ဖြစ်နေသည်။ သူတို့နှစ်ဦးမှာ ဝမ်ထျန်းကူနှင့် အခြားသူများ ကြိုတင်မဟာမိတ်ဖွဲ့ထားသည်ကို သိပုံမရချေ။

အမျိုးသမီးထိုက်နှင့် တည်ကြည်သော မျက်နှာရှိသည့် ကျင့်ကြံသူတို့မှာလည်း ထိတ်လန့်ခြင်းမရှိဘဲ ဟန်လိကို အမူအရာကင်းမဲ့စွာ ကြည့်နေကြသည်။

ဟန်လိ ရင်ခုန်သွားမိ၏။ တစ်ခုခုတော့ မှားနေပြီဟု သူ ခံစားလိုက်ရသဖြင့် အထူးသတိထားလိုက်သည်။ သူသည် အုပ်စုနှစ်ခုလုံးနှင့် အတော်အတန်ကွာဝေးသော နေရာသို့ ဖြည်းဖြည်းချင်း ဆုတ်လိုက်ပြီး ပြုံးလျက် ဆိုလိုက်၏။

"ကျွန်တော့်မှာတော့ ဘာအမြင်မှ မရှိပါဘူး။ မိတ်ဆွေဝမ် ဒါမှမဟုတ် ညီအစ်ကိုနန်းလုံတို့ ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ်၊ ကျွန်တော်ကတော့ ကန့်ကွက်မှာ မဟုတ်ပါဘူး..."

ဟန်လိ၏ စကားကြောင့် မြို့စားကြီးနန်းလုံမှာ အံ့ဩခြင်းမရှိချေ။ ဟန်လိက အမြဲတမ်း ကြားနေဝါဒကို ကျင့်သုံးသူဖြစ်ကြောင်း သူ သိထားပြီးသား ဖြစ်သည်။

မြို့စားကြီးနန်းလုံ၏ မျက်နှာမှာ ပြေလျော့သွားပြီး ဟန်လိကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ၏အကြည့်မှာ ဝမ်ထျန်းကူထံသို့ ပြန်လှည့်သွားပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင်...

ထိုအချိန်တွင် ဆံပင်ဖြူအဘိုးအိုက ရုတ်တရက် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး အေးစက်စွာ ဆိုလိုက်၏။

"ညီအစ်ကိုနန်းလုံ... သူတို့နဲ့ စကားပြောနေဖို့ ဘာအကြောင်းရှိလဲ။ ဒီလူတွေက သူတို့ လက်တွဲလိုက်ရုံနဲ့ ငါတို့ကို အနိုင်ရမယ်လို့ တကယ်ပဲ ထင်နေကြတာလား။ အမြော်အမြင် မရှိလိုက်တာ..."

ထိုသို့ပြောပြီးနောက် သူ၏ပါးစပ်မှ တောက်ပသော အဖြူရောင် မန္တာန်ရတနာတစ်ခုကို မှုတ်ထုတ်လိုက်တော့သည်။

"မိတ်ဆွေယွမ်... ခဏနေဦး။ ငါက... မင်း..."

မြို့စားကြီးနန်းလုံက မျက်မှောင်ကြုတ်လိုက်ပြီး အဘိုးအို၏ စိတ်လိုက်မာန်ပါ လှုပ်ရှားမှုကို တားဆီးရန် ကြိုးစားလိုက်သည်။ သူတို့အနေဖြင့် အနိုင်ရနိုင်ခြေ လုံးဝ မသေချာသေးသောကြောင့် ဖြစ်၏။ သို့သော်လည်း အဘိုးအိုက သူ၏ ငွေရောင်စက်ဝန်းကို သူ့ဘက်သို့ ရုတ်တရက် ပစ်လွှတ်လိုက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

ဗုန်းခနဲ မြည်သံတစ်သံ ထွက်ပေါ်လာ၏။

မြို့စားကြီးနန်းလုံ၏ မယုံနိုင်သော အကြည့်အောက်တွင် ငွေရောင်စက်ဝန်းမှာ သူ၏ခန္ဓာကိုယ်ကို ကာကွယ်ထားသော ရွှေရောင်အလင်းတန်းများကို ဖောက်ထွက်သွားပြီး သူ၏ရင်ဘတ်ကို တိုက်ရိုက်ထိမှန်သွားတော့သည်။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရရုံတင်မကဘဲ သူ၏ရင်ဘတ်တွင်လည်း ချိုင့်ဝင်သွားသော အရာတစ်ခု ကျန်ရစ်ခဲ့၏။

မြို့စားကြီးနန်းလုံက ဒေါသတကြီး ထိတ်လန့်သွားတော့သည်။ သူ၏လက်ဖဝါးမှ ရွှေရောင်ဓားငယ်လေး တစ်လက်ကို အဘိုးအိုယွမ်ရှိရာဘက်သို့ ပစ်လွှတ်လိုက်၏။

သို့သော်လည်း ထိုအချိန်တွင် အဘိုးအို၏ပုံရိပ်မှာ ဝိုးတဝါးဖြစ်သွားပြီး ဝမ်ထျန်းကူ၏ ဘေးတွင် ရောက်ရှိသွားသည်။ သူသည် လက်ကိုမြှောက်ကာ ငွေရောင်စက်ဝန်းဖြင့် ရွှေရောင်ဓားကို ခုခံလိုက်၏။ ထို့နောက် မြို့စားကြီးနန်းလုံ၏ ရင်ဘတ်ကို အေးစက်စွာ ကြည့်လိုက်သည်။ စုတ်ပြဲသွားသော ဝတ်စုံအောက်တွင် တောက်ပနေသော မိုးပြာရောင် အဝတ်အထည် တစ်ခုကို တွေ့လိုက်ရ၏။ ၎င်းမှာ ပြင်းထန်စွာ ချိုင့်ဝင်သွားသော်လည်း ပျက်စီးသွားခြင်း မရှိချေ။

အဘိုးအို၏ အမူအရာမှာ တစ်ချက်မျှ ပြောင်းလဲသွားပြီး အမူအရာကင်းမဲ့စွာ ရေရွတ်လိုက်၏။

"မိုးပြာကြံ့ချပ်ဝတ် ပဲ... မျှော်လင့်ထားတဲ့အတိုင်း မင်းက ဒါကို အမြဲဝတ်ထားတာကိုး..."

မြို့စားကြီးနန်းလုံ၏ ပါးပြင်မှာ နီမြန်းလာပြီး သူ၏ရင်ဘတ်ကို ပွတ်သပ်လျက် အဘိုးအိုကို စိုက်ကြည့်ကာ ဒေါသတကြီး ဆိုလိုက်သည်။

"ကောင်းတယ်... တကယ့်ကို ကောင်းတယ်။ မင်းက သူတို့ရဲ့ ဝယ်ယူခြင်းကို ခံလိုက်ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး..."

တောက်ပနေသော အလင်းတန်းများကြောင့် အမြင်အာရုံမှာ ဝေဝါးနေသော်လည်း မြို့စားကြီး ပြင်းထန်စွာ ဒဏ်ရာရသွားသည်ကို အားလုံး မြင်နေရသည်။

ဆံပင်ဖြူအဘိုးအိုက မြို့စားကြီးနန်းလုံကို သူစိမ်းတစ်ယောက်အလား လျစ်လျူရှုထားပြီး ဆိုလိုက်၏။

"မိတ်ဆွေတို့... သတိထားကြ။ သူ့ကို ဒီကနေ အသက်ရှင်လျက် ထွက်သွားခွင့် မပေးနဲ့။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် နောက်ပိုင်းမှာ ငါတို့အတွက် ဒုက္ခတွေ အများကြီး လာလိမ့်မယ်..."

တည်ကြည်သော မျက်နှာရှိသည့် ကျင့်ကြံသူက ယုတ်မာစွာ ပြုံးလိုက်ပြီး ဆို၏။

"စိတ်ချပါ။ ငါတို့ဘက်မှာ လူအင်အား ဒီလောက်အများကြီး ရှိနေတာပဲ၊ သူကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာဆိုတော့ လွတ်အောင်ပြေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..."

ထိုသို့ပြောပြီးနောက် သူ၏ပါးစပ်မှ မြူဖြူရောင် လွင့်ပျံနေသော ဓားတစ်လက်ကို မှုတ်ထုတ်လိုက်သည်။

ထိုအချိန်တွင် ဝမ်ထျန်းကူက သူ၏ခေါင်းကို လှည့်ကာ ဟန်လိကို ရင်းနှီးစွာ ဆိုလိုက်၏။

"မိတ်ဆွေဟန်... တကယ်လို့ မိတ်ဆွေက ငါတို့ကို ကူညီပြီး သူ့ကို ရှင်းထုတ်ပေးမယ်ဆိုရင် သူ့ရဲ့ ရတနာတွေထဲက တစ်စိတ်တစ်ပိုင်းကို မိတ်ဆွေ ရစေရမယ်။ ဘယ်လိုလဲ..."

သူသည် ဟန်လိနှင့် ဝမ်ချန်တို့ကြားက အတိတ်က ရန်ငြိုးတွေကို မေ့လျော့ထားသည့်အလား ရိုးရိုးသားသားပင် ပြောလိုက်ခြင်း ဖြစ်သည်။

"မင်းတို့ကို ကူညီရမယ် ဟုတ်လား..."

အခုနက မြင်ကွင်းကြောင့် ဟန်လိ အတော်လေး ထိတ်လန့်သွားပြီး သူ၏မျက်နှာမှာ အကြီးအကျယ် ပျက်သွားတော့သည်။ သူ၏မျက်လုံးများမှာ လှေကားရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။

ဆံပင်ဖြူအဘိုးအိုက မြို့စားကြီးနန်းလုံကို တိုက်ခိုက်လိုက်သည့်အချိန်မှာပင် အဘွားအိုမှာ လှေကားထိပ်ကို တိတ်တဆိတ် ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက ဟန်လိမှာ အခုကတည်းက ထွက်ပြေးသွားလောက်ပြီ ဖြစ်သည်။ ခန်းမဆောင်၏ နံရံများမှာ အဖြူရောင်အလင်းတန်းများ တောက်ပနေသဖြင့် ၎င်းမှာ ပြင်းထန်သော တားမြစ်ချက်များအောက်တွင် ရှိနေပြီး ဖောက်ထွက်ရန် မလွယ်ကူကြောင်း ထင်ရှားလှပေသည်။

ဟန်လိက ဝမ်ထျန်းကူ၏ အဖွဲ့ဖွဲ့ရန် ကမ်းလှမ်းချက်ကို မယုံကြည်ချေ။ မြို့စားကြီးနန်းလုံကို ရှင်းထုတ်ပြီးသည်နှင့် နောက်တစ်ယောက်မှာ သူ ဖြစ်လာမည်မှာ သေချာလှသည်။ အကယ်၍ မဟုတ်ပါက သူတို့မှာ အစကတည်းက ဟန်လိကို မဟာမိတ်ဖွဲ့ရန် ကမ်းလှမ်းခဲ့ကြပေလိမ့်မည်။ သူ၏အထင်အရဆိုလျှင် အစကတည်းက ဟန်လိကို မြို့စားကြီးနှင့်အတူ သတ်ရန် ဆုံးဖြတ်ထားပုံရသည်။

ထိုသို့တွေးရင်း ဟန်လိက သူတို့နှင့် သဘောတူသယောင်ဟန်ဆောင်ရန် ကြိုးစားလိုက်စဉ်မှာပင် မြို့စားကြီးနန်းလုံက နှာခေါင်းရှုံ့ကာ ဆိုလိုက်၏။

"မိတ်ဆွေဟန်... မင်းက ဒီလို အပေါ်ယံလှည့်ကွက်ကို တကယ်ပဲ ယုံနေတာလား။ ဝမ်ထျန်းကူက နှစ်တစ်ရာကြာခင်မင်ခဲ့ကြတဲ့ ငါ့သူငယ်ချင်းအပါအဝင် တခြားသူတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ သိမ်းသွင်းခဲ့လဲဆိုတာ ငါမသိပေမဲ့၊ ငါတို့နှစ်ယောက် လက်တွဲမှသာ အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိလိမ့်မယ်။ တကယ်လို့ ငါတို့ကို တစ်ယောက်ချင်းစီ ရှင်းထုတ်ခွင့် ပေးလိုက်မယ်ဆိုရင်တော့ ငါတို့ သေမှာ သေချာတယ်..."

အပိုင်း (၇၀၂) - ကံဆိုးမှုထဲ ပါဝင်စေခြင်း

မြို့စားကြီးနန်းလုံက စကားပြောရင်း သူ၏ရင်ဘတ်ကို လက်ဖြင့် ပွတ်သပ်လိုက်၏။ အဖြူရောင်အလင်းတန်းလေး တစ်ချက်လက်သွားပြီးနောက် ချိုင့်ဝင်နေသော ချပ်ဝတ်မှာ နဂိုအတိုင်း ပြန်လည်ကောင်းမွန်သွားတော့သည်။

ဝမ်ထျန်းကူနှင့် အခြားသူများမှာ အံ့ဩသွားကြသော်လည်း ဆံပင်ဖြူအဘိုးအိုက တည်ငြိမ်စွာပင် ရှင်းပြလိုက်၏။

"စိုးရိမ်စရာမလိုပါဘူး... သူက ဒဏ်ရာတွေကို ခေတ္တခဏ ဖုံးကွယ်ထားဖို့ လျှို့ဝှက်ကျင့်စဉ်တစ်ခုကို သုံးလိုက်တာပဲ။ ဒဏ်ရာကတော့ ရှိနေတုန်းပဲ။ ဒါပေမဲ့ သူနဲ့ ဟန်လိ ပေါင်းသွားရင်တော့ အလုပ်ရှုပ်သွားနိုင်တယ်။ တစ်ယောက်ယောက်က ဟန်လိကို ခေတ္တထိန်းထားလိုက်... မြို့စားကြီးနန်းလုံကို အရင်သတ်မယ်..."

အဘိုးအိုက စကားဆုံးသည်နှင့် သူ၏ရှေ့ရှိ ငွေရောင်စက်ဝန်ထံ အေးအေးစွာ လက်ညွှန်လိုက်သည်။ မန္တာန်ရတနာမှာ သူ၏ဦးခေါင်းထက်တွင် ငွေရောင်အလင်းတန်းတစ်ခုအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။ သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အဖြူရောင်မြူရောင်အလင်းများ ဖုံးလွှမ်းလာပြီး သူ၏ပုံရိပ်မှာ ဝေဝါးသွားတော့၏။ မြို့စားကြီးနန်းလုံသည် သူ့အပေါ် နာကျည်းမှု အင်မတန်ကြီးမားနေမှန်း သိထားသဖြင့် သူသည်လည်း အစွမ်းကုန် ထုတ်သုံးရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။

ဝမ်ထျန်းကူက မျက်မှောင်ကြုတ်လိုက်ပြီး ဤသည်မှာ ကျိုးကြောင်းဆီလျော်သည်ဟု ခံစားလိုက်ရသည်။ သူသည် တည်ကြည်သော မျက်နှာရှိသည့် ကျင့်ကြံသူဘက်သို့ လှည့်ကာ ဆိုလိုက်၏။

"ညီအစ်ကိုလုံ... အဲဒီလူငယ်ကို ခဏလောက် ကိုင်တွယ်ထားပေးပါ။ သူ့ကို အသေသတ်ဖို့အဖြစ် အားစိုက်နေစရာ မလိုပါဘူး... သူ့ကို အချိန်ဆွဲထားရုံပဲ။ မြို့စားကြီးနန်းလုံကို ရှင်းပြီးတာနဲ့ သူ့ကိုပါ အတူတူ သတ်ကြတာပေါ့..."

ဝမ်ထျန်းကူက ဟန်လိကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး သူ၏သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားတော့ချေ။ သူ၏ခန္ဓာကိုယ်မှ ပေအနည်းငယ်မြင့်သော အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သူ့ကို အမှောင်ထုထဲတွင် လုံးဝဖုံးလွှမ်းသွားတော့သည်။

အဘွားအိုနှင့် အသားညိုသူတို့မှာလည်း ဤသည်ကို မြင်သောအခါ သူတို့၏ မန္တာန်ရတနာများကို ထုတ်ယူကာ ပြင်ဆင်လိုက်ကြ၏။

တည်ကြည်သော မျက်နှာရှိသည့် ကျင့်ကြံသူက ရယ်မောလိုက်ပြီး သူ၏လက်အင်္ကျီအတွင်းမှ နို့နှစ်ရောင် ကျောက်စိမ်းတုတ်တံတစ်ခုကို တိတ်တဆိတ် ထုတ်လိုက်သည်။ ထို့နောက် သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး ဟန်လိကို ထူးဆန်းစွာ ပြုံးပြလိုက်၏။

"ကိစ္စမရှိပါဘူး... မိတ်ဆွေဟန်ကို ကျွန်တော် ကိုင်တွယ်လိုက်ပါ့မယ်..."

သူ၏အမြင်အရဆိုလျှင် စဦးစိတ်ဝိညာဉ်အဆင့်သို့ အခုမှ စတင်ဝင်ရောက်လာသည့် ကျင့်ကြံသူတစ်ဦးကို တားဆီးထားရန်မှာ အသေးအဖွဲကိစ္စသာ ဖြစ်သည်။ ၎င်းမှာ စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးကို ရင်ဆိုင်ရသည်ထက် အဆပေါင်းများစွာ ပို၍ ဘေးကင်းပေသည်။

ဟန်လိက တည်ကြည်သော မျက်နှာရှိသည့် ကျင့်ကြံသူကို လုံးဝငြိမ်သက်စွာပင် စိုက်ကြည့်နေသော်လည်း အဘွားအိုသည် လှေကားထိပ်မှ ဖယ်ခွာသွားသည်ကို မြင်လိုက်ရသည့်အခါ သူ၏ရင်မှာ ဒိတ်ခနဲ ဖြစ်သွားတော့သည်။ သူသည် သူ၏လက်အင်္ကျီအတွင်း ဝှက်ထားသော ရှေးဟောင်းရတနာကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။

ထိုအချိန်တွင် မြို့စားကြီးနန်းလုံက သူ၏လက်အင်္ကျီကို ဝှေ့ယမ်းလိုက်ပြီး ရွှေရောင်မြူအလင်းတစ်ခုဖြင့် ကုတင်ပေါ်ရှိ ကျောက်စိမ်းသေတ္တာ သုံးလုံးကို လှမ်းယူလိုက်သည်။

"ရော့... ယူလိုက်စမ်း..."

မြို့စားကြီးနန်းလုံက မည်သည့်တွေဝေမှုမျှမရှိဘဲ ကျောက်စိမ်းသေတ္တာ တစ်လုံးကို ဟန်လိထံသို့ ပစ်ပေးလိုက်၏။

ဤအပြုအမူမှာ အင်မတန် ထင်မှတ်မထားသော ကိစ္စဖြစ်သဖြင့် မည်သူမျှ တားဆီးရန် မကြိုးစားလိုက်မိချေ။ ဟန်လိက ကျောက်စိမ်းသေတ္တာကို အလွယ်တကူပင် ဖမ်းယူလိုက်သော်လည်း သူ၏မျက်နှာတွင် ဇဝေဇဝါ ဖြစ်နေပုံရသည်။

မြို့စားကြီးနန်းလုံက သူ၏လက်များကို နောက်ပစ်လျက် ရှင်းပြလိုက်၏။

"မိတ်ဆွေက သူတို့ရဲ့ ယုတ်မာတဲ့ အပြုအမူတွေမှာ မပါဝင်တာကြောင့် ဒီသေတ္တာကို မိတ်ဆွေကို ပေးလိုက်တာပါ။ တကယ်လို့ သေတ္တာထဲမှာ နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး ရဲ့ လျှို့ဝှက်ချက်တွေ တကယ်ပါနေပြီး မိတ်ဆွေကလည်း ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်မယ်ဆိုရင် ဒါကို မိတ်ဆွေရဲ့ ကံတရားလို့ပဲ မှတ်ယူလိုက်ပါတော့..."

အခြားသူများမှာ ဤစကားကို ကြားလိုက်ရသည့်အခါ သူတို့၏မျက်နှာများမှာ အကြီးအကျယ် ပျက်သွားတော့သည်။

ဟန်လိက သူ၏လက်ထဲရှိ ကျောက်စိမ်းသေတ္တာကို ငုံ့ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်မိ၏။ သူ၏စိတ်ထဲတွင် ဟားတိုက်ရယ်မောလိုက်ချင်သော်လည်း သူ၏အားကောင်းလှသော စိတ်စွမ်းအားဖြင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားလိုက်သည်။ ကျင့်ကြံသူအားလုံး အသည်းအသန် လိုချင်နေကြသည့် ပစ္စည်းမှာ သူ၏လက်ထဲသို့ အလိုအလျောက် ရောက်ရှိလာခြင်းမှာ တကယ့်ကို ရယ်စရာကောင်းလှပေသည်။

မှန်ပါသည်... မြို့စားကြီးနန်းလုံက စေတနာရှိ၍ ပေးခြင်းမဟုတ်ချေ။ အခြားသူများမှာ ကျောက်စိမ်းသေတ္တာများကို ရရန် အဓိကရည်ရွယ်ထားကြသဖြင့် တစ်လုံးကို ဟန်လိထံသို့ ပစ်ပေးလိုက်ခြင်းဖြင့် သူတို့၏အာရုံကို လွှဲစေကာ သူကိုယ်တိုင် ထွက်ပြေးရန် အခွင့်အရေး ဖန်တီးလိုက်ခြင်း ဖြစ်သည်။

မြို့စားကြီးနန်းလုံသည် မိမိလက်ထဲရှိနေသော ရတနာကိုပင် ပြတ်သားစွာ စွန့်လွှတ်နိုင်သဖြင့် တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်ပေသည်။ သို့သော်လည်း ထိုရတနာမှာ မိမိလက်ထဲသို့ ရောက်လာပြီဖြစ်ကြောင်း သတိပြုမိလိုက်သည့်အခါ ဟန်လိမှာ စိတ်ထဲမှ ခိုးရယ်မိတော့သည်။

ဟန်လိက ဘာမှစဉ်းစားမနေတော့ဘဲ သူ၏လက်ကို ဝှေ့ယမ်းကာ သေတ္တာကို သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်၏။

ဝမ်ထျန်းကူ၏ မျက်နှာမှာ သုန်မှုန်သွားပြီး ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

"ဝမ်ချန်... ယန်ရုယန်နဲ့ အတူ ညီအစ်ကိုလုံကို ကူညီလိုက်စမ်း။ အဲဒီဟန်လိကို ထွက်ပြေးဖို့ အခွင့်အရေး မပေးနဲ့။ မြို့စားကြီးအတွက်ကတော့ ငါတို့နဲ့တင် လုံလောက်တယ်..."

သူသည် တည်ငြိမ်နေပုံရပြီး ကျောက်စိမ်းသေတ္တာအပေါ် လောဘဇောတက်ကာ သူ၏ဆုံးဖြတ်ချက်ကို အမှားမခံချေ။ သူသည် သူတို့ထဲတွင် အားအနည်းဆုံးသူများကိုသာ ဟန်လိကို စောင့်ကြည့်ရန် လွှတ်လိုက်ပြီး သူ့ကို ဂရုမစိုက်တော့ချေ။

အခြားသူများသည်လည်း ဤသည်ကို မြင်သောအခါ စိတ်လှုပ်ရှားသွားကြသော်လည်း မြို့စားကြီးနန်းလုံကို အရင်သတ်နိုင်လျှင် ဟန်လိမှာ သူတို့လက်ခုပ်ထဲက ရေဖြစ်ကြောင်း သိထားကြသည်။

"ဟုတ်ကဲ့ ဒုတိယဦးလေး... ကျွန်တော်လည်း အဲဒီအတိုင်း စဉ်းစားနေတာပါ..."

ဝမ်ချန်၏ မျက်လုံးများတွင် ယုတ်မာသောအမူအရာများ ပေါ်လာပြီး သူက ယုတ်မာစွာ ပြုံးလိုက်၏။ ထို့နောက် သူသည် ယန်ရုယန်ကို လက်ဟန်ပြခေါ်ကာ ဟန်လိထံသို့ လျှောက်သွားတော့သည်။

ယန်ရုယန်၏ မျက်နှာတွင် ခဏမျှ ခံစားချက်မျိုးစုံ ဖြတ်ပြေးသွားသော်လည်း သူမကလည်း တိတ်ဆိတ်စွာပင် လိုက်ပါသွားတော့၏။

ဟန်လိက သူတို့နှစ်ဦးကို မည်သည့်ခံစားချက်မျှ မပါဘဲ တည်ငြိမ်စွာပင် ကြည့်နေသည်။

ဟန်လိအနေနှင့် ဤအခြေအနေမှာ တကယ့်ကို ရယ်စရာကောင်းနေ၏။ လက်နက်များ အသင့်ပြင်ထားကြသော်လည်း တစ်ဖက်တွင်မူ တိုက်ပွဲက စတင်ခြင်းမရှိသေးချေ။ ၎င်းမှာ သံယောဇဉ်ရှိ၍ မဟုတ်ဘဲ အချင်းချင်း သတိထားနေကြသောကြောင့် ဖြစ်သည်။ မြို့စားကြီးနန်းလုံသည် အခုအချိန်တွင် ထောင့်ပိတ်မိနေသော သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေသဖြင့် သူသည် သေခါနီးတွင် တစ်ယောက် သို့မဟုတ် နှစ်ယောက်ကိုပါ အတူခေါ်သွားရန် ကြံစည်နိုင်သောကြောင့် ဖြစ်သည်။

သေခါနီး စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး၏ ပြန်လည်တိုက်ခိုက်မှုကို ကြောက်ရွံ့နေကြသဖြင့် မည်သူမျှ အရင်ဆုံး စတင်တိုက်ခိုက်ရဲခြင်း မရှိကြချေ။ ထို့ပြင် သူတို့အနေနဲ့ အလျင်စလိုလုပ်ရန် မလိုချေ။ အချိန်ကြာလေလေ မြို့စားကြီးနန်းလုံ၏ ဒဏ်ရာမှာ ပိုဆိုးလာလေဖြစ်သဖြင့် အားသာချက်မှာ သူတို့ဘက်တွင်သာ ရှိပေသည်။

သို့သော် ထူးဆန်းသည်မှာ မြို့စားကြီးနန်းလုံသည် သူ၏ဒဏ်ရာကို ဂရုမစိုက်သည့်အလား တစ်နေရာတည်းတွင် ငြိမ်သက်စွာ ရပ်နေခြင်း ဖြစ်သည်။ သို့သော် သူ၏နီမြန်းနေသော မျက်နှာမှာ ပို၍ တောက်ပလာပြီး သွေးရောင်ကဲ့သို့ပင် ဖြစ်လာတော့၏။

ဤသည်က ဝမ်ထျန်းကူနှင့် အခြားသူများကို ပို၍ တွေဝေသွားစေသည်။ မြို့စားကြီးသည် သူ၏အစွမ်းကုန် ထုတ်သုံးရန် လျှို့ဝှက်ကျင့်စဉ်တစ်ခုကို သုံးနေမည်ကို စိုးရိမ်သဖြင့် သူတို့အားလုံးမှာ အဝေးမှနေ၍ အေးစက်သော အကြည့်များဖြင့်သာ စောင့်ကြည့်နေကြတော့သည်။

တည်ကြည်သော မျက်နှာရှိသည့် ကျင့်ကြံသူမှာမူ ဟန်လိကို အရင်စတင် တိုက်ခိုက်ခြင်း မရှိချေ။ သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ သူ့ကို တားဆီးထားရန်သာ ဖြစ်သည်။ ဝမ်ချန်ကမူ ဟန်လိကို အမြန်ဆုံး သတ်ချင်နေသော်လည်း သူ့တွင် ထိုသို့လုပ်ရန် အမြုတေဖွဲ့စည်းခြင်းအဆင့် သာ ရှိသေးသဖြင့် တိုက်ခိုက်ရန် အင်အားမရှိသေးချေ။

ထို့ကြောင့် ခန်းမဆောင်တစ်ခုလုံးမှာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ရှိနေသော်လည်း အခြေအနေမှာ ငြိမ်သက်နေတော့သည်။

ခဏအကြာတွင် ဟန်လိက စဉ်းစားခန်းဝင်နေသော အမူအရာဖြင့် သက်ပြင်းချလိုက်၏။ သူ၏သက်ပြင်းချသံမှာ မကျယ်သော်လည်း အခန်းထဲရှိ လူအားလုံးက ကြားလိုက်ရသည်။

ဒီအခန်းထဲက စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူကြီးတွေဟာ ပါးနပ်ကြသူတွေဖြစ်တာကြောင့် တည်ကြည်သော မျက်နှာရှိသည့် ကျင့်ကြံသူကလွဲလို့ ကျန်သူတွေက ဟန်လိကို အာရုံမစိုက်ကြချေ။ ဝမ်ချန်ကမူ သူ၏နှုတ်ခမ်းကို တွန့်လိုက်ပြီး လှောင်ပြုံးပြုံးနေ၏။

သူတို့၏ အမြင်အရဆိုလျှင် ဟန်လိသည် မြို့စားကြီးနန်းလုံ တိုက်ခိုက်မှသာ တစ်ခုခုလုပ်နိုင်မည်ဟု ယူဆထားကြသည်။ ထိုသို့ ရှုပ်ထွေးနေမှသာ သူက ထွက်ပြေးရန် အခွင့်အရေး ရနိုင်မည် ဖြစ်သည်။ ဟန်လိက သက်ပြင်းချပြီးသည်နှင့် ချက်ချင်း လှုပ်ရှားလာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။

ဟန်လိက တည်ငြိမ်စွာပင် သူ၏လက်ကို မြှောက်လိုက်ရာ သူ၏လက်ထဲတွင် နက်မှောင်သော အရာတစ်ခု ပေါ်လာသည်။

မြို့စားကြီးနန်းလုံက မျက်မှောင်ကြုတ်လိုက်၏။ သူ ၎င်းမှာ ဘာလဲဆိုတာကို မမြင်ရသေးခင်မှာပင် ဟန်လိက ၎င်းကို မည်သည့်တွေဝေမှုမျှမရှိဘဲ လေထဲသို့ ပစ်လွှတ်လိုက်သည်။ ၎င်းမှာ လေထဲတွင် တစ်ပတ်လည်သွားပြီးနောက် ပေရှစ်ဆယ်ခန့်အထိ ချက်ချင်း ကြီးမားလာကာ အဖွဲ့နှစ်ဖွဲ့ကြားတွင် နံရံတစ်ခုအလား ခြားပိတ်သွားတော့သည်။

တည်ကြည်သော မျက်နှာရှိသည့် ကျင့်ကြံသူသည် နက်မှောင်သော တောင်ကြီးကို မြင်လိုက်ရသည့်အခါ ၎င်းမှာ မည်သည့်ရတနာမှန်း မသိချေ။ သူ အံ့ဩသွားသော်လည်း ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး သူ၏ရှေ့ရှိ ကျောက်စိမ်းတုတ်တံကို ညွှန်ပြလိုက်၏။ တစ်ခဏချင်းမှာပင် ကျောက်စိမ်းတုတ်တံမှ မြည်ဟီးသံများ ထွက်ပေါ်လာပြီး အဖြူရောင်အလင်းတန်းများ စူးရှစွာ လင်းလက်လာသည်။ ထိုအလင်းတန်းများထဲမှ ကြီးမားသော အဖြူရောင် ကျားကြီးတစ်ကောင် ထွက်ပေါ်လာတော့၏။

ထိုကျားကြီး၏ ပုံရိပ်မှာ ဝေဝါးနေသော်လည်း ၎င်းပေါ်လာသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော အစွယ်များကို ထုတ်ပြကာ နက်မှောင်သော တောင်ကြီးဆီသို့ အဖြူရောင် အလင်းတန်းတစ်ခု မှုတ်ထုတ်လိုက်သည်။

ကျယ်လောင်သော မြည်ဟီးသံကြီးနှင့်အတူ အဖြူရောင်အလင်းတန်းမှာ တောင်ကြီး၏ အစိတ်အပိုင်း အတော်များများကို ဖုံးလွှမ်းသွားတော့၏။

ဝမ်ချန်ကလည်း တုံ့ပြန်လိုက်သည်။ သူ၏လက်များကို မန္တာန်ချိပ်ဟန် ပြုလုပ်လိုက်ရာ သူ၏ခန္ဓာကိုယ်မှာ နီရဲသော မြူများထဲတွင် ဖုံးလွှမ်းသွားပြီး တစ်ချိန်တည်းမှာပင် လေထဲ၌ သွေးညှီနံ့များ ပြည့်နှက်သွားတော့သည်။

ယန်ရုယန်ကမူ မန္တာန်ချိပ်လိုက်ပြီး သူမ၏ကိုယ်ကို နီရဲသော မြူများဖြင့် ဖုံးအုပ်လိုက်သော်လည်း သွေးညှီနံ့အစား ထူးဆန်းသော အမွှေးနံ့သာနံ့တစ်ခု ထွက်ပေါ်လာ၏။ ၎င်းကို တစ်ချက်ရှူလိုက်ရုံဖြင့် စိတ်အာရုံကို ဝေဝါးသွားစေနိုင်ပေသည်။

တည်ကြည်သော မျက်နှာရှိသည့် ကျင့်ကြံသူက ဤသည်ကို မြင်သောအခါ အနည်းငယ် စိတ်အေးသွား၏။ သူသည် ကျောက်စိမ်းတုတ်တံဖြင့် အဖြူရောင်ကျားကြီးကို နောက်ထပ် အလင်းတန်းတစ်ခု မှုတ်ထုတ်ရန် ခိုင်းစေလိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် သူ၏သိုလှောင်အိတ်ကို ပုတ်ကာ လက်မအနည်းငယ်သာရှိသော မိုးပြာရောင် ဘူးသီးခြောက်ပုံစံ ပုလင်းလေးတစ်လုံးကို ထုတ်ယူလိုက်သည်။

သူသည် ထိုပုလင်းကို အသုံးပြုရန် ပြင်လိုက်စဉ်မှာပင် တိုးညင်းသော မိုးကြိုးသံတစ်ခုကို ကြားလိုက်ရ၏။ သူ ထိတ်လန့်သွားပြီး မည်သည့်တွေဝေမှုမျှမရှိဘဲ လက်ဟန်ဖြင့် မန္တာန်ချိပ်ကာ သူ၏ပတ်ပတ်လည်တွင် ထူထပ်သော အလင်းအတားအဆီးတစ်ခုကို ဖန်တီးလိုက်သည်။

ထိုအချိန်မှာပင် သူ၏ဘေး၌ ငွေရောင်လျှပ်စီးတစ်ခု လက်သွားပြီး သူ၏ကျောဘက်တွင် ငွေရောင်တောင်ပံများ ထွက်ပေါ်နေသော ဟန်လိကို တွေ့လိုက်ရတော့သည်။

"အာ... မင်း..."

တည်ကြည်သော မျက်နှာရှိသည့် ကျင့်ကြံသူမှာ အကြီးအကျယ် ထိတ်လန့်သွားသော်လည်း သူ၏ ကြွယ်ဝသော တိုက်ပွဲအတွေ့အကြုံကြောင့် သူ၏လက်ထဲရှိ ပုလင်းလေးကို အမြန်မြှောက်ကာ စူးရှသော မိုးပြာရောင် မိုးကြိုးတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။

မိုးပြာရောင် မိုးကြိုးတန်း ထွက်ပေါ်လာသည့်အချိန်မှာပင် ဟန်လိက ရှောင်တိမ်းခြင်း မရှိချေ။ သူသည် သူ၏ပါးစပ်ကို ဟကာ မိုးပြာရောင် မီးလျှံတန်းလေးတစ်ခုကို မှုတ်ထုတ်လိုက်တော့သည်။ ထိုမိုးပြာရောင် မီးလျှံများမှာ အဖြူရောင် အလင်းအတားအဆီးကို မည်သည့်ခုခံမှုမျှ မရှိဘဲ ထိုးဖောက်သွားပြီး ကျင့်ကြံသူထံသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

All Chapters