← Chapters

အခန်း (၁၀၁)

Vol. 11 Ch. 101

အခန်း (၁၀၁)

Vol. 11 Ch. 101

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၀၁)

နာမည် - ကျောက်ဖုန်း

အသက် - ၁၆နှစ်

အဆင့် - ရှန်ထျန်း အဆင့်သုံး

ခွန်အား - ၂၈၁၀

အမြန်နှုန်း - ၁၇၃၂

ရုပ်ခန္ဓာ - ၁၇၃၉

စိတ်ဝိညာဉ် - ၁၇၃၀

သက်တမ်း - ၁၅၅နှစ် ၁၄၀ရက်

စွမ်းဆောင်မှုရမှတ် - ၅၆၃

သိုလှောင်နေရာ - ၁၉မီတာ

ကျင့်စဉ် - နဂါးဆင်ကျမ်း

သိုင်းပညာ - နဂါးနိုင်လက်ဝါး၊ ပေါက်ကွဲလက်သီး

" ငါ့ရဲ့ ကျင့်ကြံမှုက မဆိုးဘူးပဲ။ စွမ်းရည်တွေအားလုံးက သုံးရာနီးပါးလောက်တိုးလာတယ်။ ပိုအရေးကြီးတာ အစစ်အမှန်ချီက ပိုအားကောင်းလာပြီး ငါ့ခွန်အားကို အများကြီး တိုးတက်စေတယ်။ "

ကျောက်ဖုန်းက သူ၏ စွမ်းရည်များကို ကြည့်ပြီး တိကျသော ကိန်းဂဏန်းများက သူ့ကို နေ့စဉ်ကျင့်ကြံရန် တွန်းအားပေးနေသည်။ ထို့အပြင် သူ၏ ဒန်တျန်ထဲမှ စွမ်းအားများကလည်း အမှန်တကယ် အထင်ကြီးစရာကောင်းလှသည်။

အကယ်၍ စွမ်းရည်များက သူ၏ ရုပ်ခွန်အားကို ကိုယ်စားပြုလျှင် အစစ်အမှန်ချီက သူ၏ အတွင်းအားဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူ၏ ရုပ်ခန္ဓာက သူ၏ အစစ်အမှန်ချီထက် ပိုမိုအားကောင်းနေသည်။

" စစ်သူကြီး စခန်းအပြင်ဘက်မှ လူတစ်ယောက်က စစ်သူကြီးနာမည်ကိုခေါ်ပြီး တွေ့ခွင့်တောင်းနေပါတယ်။ သူက အခုလက်ရှိ အကြီးဆုံးမင်းသား ဖုစုရဲ့ လက်အောက်ငယ်သားလို့ ပြောပါတယ်။ " ကိုယ်ရံတော်တပ်မှူး ကျန်းမင်က ဝင်လာပြီး ကျောက်ဖုန်းကို ရိုသေစွာ ဦးညွှတ်လိုက်သည်။

" မင်းသားဖုစုရဲ့ လက်အောက်ငယ်သားလား။ " ကျောက်ဖုန်းက အနည်းငယ် အံ့အားသင့်သွားသည်။ " ငါ ဖုစုနဲ့ ဘာပက်သက်မှုမှမရှိပါဘူး။ စစ်သေနာပတိချုပ်က နန်းတော်မှာ တစ်ခုခုပြောလိုက်လို့ ယန်အာကြောင့် ဖုစုက ငါ့ကို အပြစ်ရှာဖို့ လူလွှတ်လိုက်တာလား။ "

ကျောက်ဖုန်းက ထိုအကြောင်းပြချက်မှလွဲ၍ အခြားစဉ်းစားမရပေ။ အချိန်ကြာသွားပြီဖြစ်သော်လည်း သူက ရှန်းယန်မှ ကိစ္စများကို မသိခဲ့ပေ။ ထိုနေရာတွင် သူ့ကို သတင်းပေးမည့်သူမရှိပေ။

" ငါ့ရဲ့ အင်အားက တကယ်သန်မာလာတဲ့အခါ ငါ့ရဲ့ လက်တံတွေကိုလည်း နေရာအနှံ့လွှမ်းခြုံထားရမယ်။ "

" စစ်သူကြီး သူ့ကို တွေ့မှာလား။ " ကျန်းမင်က မေးလိုက်သည်။

" သူ့ကို ခေါ်ခဲ့လိုက်။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်သည်။ ဖုစုက ဘာကြံစည်နေသည်ကို သူကိုယ်တိုင်သိလိုပေသည်။

မကြာမီ ပညာရှိပုံစံနှင့် လူတစ်ယောက်က စစ်တပ်၏ အစည်းအဝေးခန်းမထဲသို့ ဝင်ရောက်လာသည်။ သူက ကျောက်ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ မျက်နှာက မောက်မာမှုများဖြင့် ပြည့်နှက်နေသည်။

" မင်းက ကျောက်ဖုန်းလား။ " ထိုလူက မောက်မာစွာ မေးလိုက်သည်။

ကျောက်ဖုန်းက သူ့ကို တည်​ငြိမ်စွာ ကြည့်နေပြီး စိတ်ထဲတွင် လှောင်ပြောင်နေမိသည်။ " ဖုစုရဲ့ ပတ်ဝန်းကျင်မှာ ဒီလိုလူမျိုးတွေပဲ ရှိနေတာလား။ တစ်ချက်ကြည့်လိုက်ရုံနဲ့ အခြားသူကို အထင်သေးတဲ့ အရူးတစ်ယောက်ပဲ။ "

" ပြောစရာရှိတာပြော။ မရှိရင် ထွက်သွားတော့။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။ ထိုလူက သူ့ကို ပြဿနာရှာရန် ရောက်လာခြင်းဖြစ်သောကြောင့် သူ့ဘက်ကလည်း ဖော်ရွေနေမည်မဟုတ်ပေ။

" ရိုင်းလျချည်လား။ ငါဘယ်သူလဲဆိုတာ မင်းသိလား။ မင်းက ငါ့ကို မလေးမစားလုပ်ရဲတယ်ပေါ့။ ငါက မန်ကျား၊ အရှင်မင်းကြီးကိုယ်တိုင်း မင်းသားရဲ့ ဆရာအဖြစ် ခန့်အပ်ထားတဲ့ ဆရာကြီးချွန်ယွီယွဲ့ရဲ့ အကြီးဆုံးတပည့်ပဲ။ "

" မင်းလိုစစ်သားတစ်ယောက်က ငါ့ကို ဒီလောက်အထိ မလေးမစား လုပ်ရဲတယ်ပေါ့။ " မန်ကျားက ဒေါသတကြီး ပြောလိုက်သည်။ သူက သူ၏ အဆင့်အတန်းမြင့်မားမှုကို ပြသရန် ဖုစုနှင့် ချွန်ယွီယွဲ့တို့ကို အသုံးချလိုက်ခြင်းဖြစ်သည်။

" ငါက မင်းသားရဲ့ ကိုယ်စာလှယ်အဖြစ် ဒီကိုလာခဲ့တာပဲ။ ဒါတောင် မင်းက ငါ့ကို မလေးမစားလုပ်နေတာလား။ "

မင်းသားဖုစု၏ ကျောင်းနေဖက်၊ ဆရာကြီး ချွန်ယွီယွဲ့၏ အကြီးဆုံးတပည့်ဖြစ်သော မန်ကျားက ရှန်ယန်တွင် တပ်မှူးများ၏ အရိုအသေပေးခံရခြင်းကို ကျင့်သားရနေပြီဖြစ်သည်။ သို့သော် ယနေ့ ကျောက်ဖုန်း၏ အမူအရာက သူ့ကို ဒေါသထွက်သွားစေခဲ့သည်။

" ငါမင်းကို တစ်ခုပြောပြမယ်။ မင်းသားဖုစုမှာ စစ်ဘက်ဆိုင်ရာရာထူးမရှိဘူး။ ငါ့လိုစစ်သူကြီးတစ်ယောက်ကို အမိန့်ပေးပိုင်ခွင့်မရှိဘူး။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" မင်း ပြောစရာရှိရင်ပြော။ မဟုတ်ရင် ထွက်သွား။ " သူက အေးစက်စွာ ပြောလိုက်သည်။

" မင်း..." မန်ကျားက ကျောက်ဖုန်း၏ တည်ငြိမ်သော အမူအရာကို မြင်လိုက်ရသောအခါ သူက နည်းနည်းသတိဝင်သွားသည်။

ဤနေရာက ရှန်းယန်မဟုတ်ဘဲ ကျောက်ဖုန်း၏ နယ်မြေဖြစ်သည့်အပြင် သူက သူ့ဆရာ၏ အရေးကြီးတာဝန်ဖြင့် လာခြင်းဖြစ်သည်။ ထို့အပြင် သူသာ ထိုတာဝန်ကို အောင်မြင်အောင် လုပ်နိုင်လျှင် မင်းသားက သူ့ကို ဆုလာဘ်များ ချီးမြှင့်ပေလိမ့်မည်။

" မင်းက စစ်သေနာပတိချုပ် ဝမ်ကျန်ရဲ့ သမီးနဲ့ စေ့စပ်ထားတာလား။ " မန်ကျားက အေးစက်စွာ မေးလိုက်သည်။

" အဲ့ဒါက မင်းနဲ့မဆိုင်ဘူး။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။

" မင်းကြောင့် မင်းသားရဲ့ အခွင့်အလမ်းတွေ ပျက်စီးသွားတာ မင်းသိလား။ " မန်ကျားက ဒေါသတကြီး ပြောလိုက်သည်။

" မင်းသားက စစ်သေနာပတိချုပ်ရဲ့ သမီးနဲ့ စေ့စပ်ရမှာကို မင်းက ကြားဖြတ်နှောက်ယှက်လိုက်လို့ စစ်သေနာပတိချုပ်ဝမ်ကျန်းက သူ့ကို ငြင်းလိုက်တာပဲ။ မင်းကြောင့် အစီအစဉ်တွေအားလုံး ပျက်စီးကုန်ပြီ။ မင်းက ဘယ်လောက်ကြီးမားတဲ့ အပြစ်ကို ကျူးလွန်ခဲ့လဲဆိုတာ မင်းသိလား။ "

မန်ကျားက ကျောက်ဖုန်းကို ခွင့်မလွှတ်နိုင်စရာ ရာဇဝတ်မှုကြီးတစ်ခု ကျူးလွန်ထားသကဲ့သို့ ပြောဆိုနေသည်။ သို့သော် ကျောက်ဖုန်းက သူ့ကို အရူးတစ်ယောက်ကဲ့သို့ ကြည့်နေသည်။

" ဒီလူက တကယ် ဦးနှောက်မရှိတာလား။ ငါနဲ့ ဝမ်ယန်က အရင်ချစ်သူတွေဖြစ်တာကို သူက ငါ့ကို ကြားဖြတ်နှောက်ယှက်တယ်လို့ စွပ်စွဲနေတာလား။ " ကျောက်ဖုန်းက မန်ကျားကို ကြည့်ရင်း ဒေါသထွက်သွားသကဲ့သို့ ရယ်လည်းရယ်ချင်သွားမိသည်။

" မင်းကို တကယ်ပဲ မင်းသားဖုစုက လွှတ်လိုက်တာလား။ " ကျောက်ဖုန်းက ရယ်ချင်စိတ်ကို ထိန်းပြီး မေးလိုက်သည်။

" ဒါပေါ့။ " မန်ကျားက မောက်မာစွာ ပြန်ဖြေလိုက်သည်။

" ဖုစုက မင်းလိုလက်အောက်ငယ်သားမျိုးကို ရထားတာ တကယ်ကံကောင်းတာပဲ။ " ကျောက်ဖုန်းက စိတ်ထဲမှ လှောင်ပြောလိုက်သည်။

" သမိုင်းထဲမှာ ဖုစုက ဘာလို့ဒီလောက်ခေါင်းမာပြီး မွေးရာပါ အခွင့်အရေးတွေ ရှိရက်နဲ့ ဟူဟိုက်ကို ဘာလို့မယှဉ်နိုင်ခဲ့လဲဆိုတာ ငါ နားလည်သွားသလိုပဲ။ သူက အိမ်ရှေ့စံနေရာကို မရခဲ့တာ သူ့ပတ်ဝန်းကျင်က လူတွေကြောင့် ဖြစ်လိမ့်မယ်။ "

" ကျောက်ဖုန်း " မန်ကျားက လေးနက်စွာ ပြောလိုက်သည်။ " မင်းရဲ့ စွမ်းဆောင်ချက်တွေကို ငါကြားဖူးတယ်။ စစ်ထဲဝင်ပြီး တစ်နှစ်အတွင်းမှာ လက်ထောက်စစ်သူကြီး ဖြစ်လာခဲ့တာ တကယ် အထင်ကြီးစရာပဲ။ "

" ဒါပေမယ့် မင်းမှာရှိရဲ့ အရာတွေအားလုံးကို အရှင်မင်းကြီးက ပေးသနားထားတယ်ဆိုတာ မင်းနားလည်ဖို့ လိုပါတယ်။ အရှင်မင်းကြီးက အလိုရှိရင် ဒါမှမဟုတ် မင်းသားက အလိုရှိရင် မင်းမှာရှိတဲ့ အရာအားလုံးကို မျက်တောင်တစ်ခတ်အတွင်း ပြန်သိမ်းသွားလို့ရတယ်။ "

" ပြီးတော့ မင်းသားက အနာဂတ်အိမ်ရှေ့စံပဲ။ အနာဂတ်မင်းကြီးပဲ။ မင်းသာ သူ့ကို ဆန့်ကျင်မယ်ဆိုရင် ကိုယ်သေတွင်းကိုယ်တူးသလိုဖြစ်လိမ့်မယ်။ "

" ငါ ဒီနေ့လာတာက မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ မင်းလုပ်ရမှာက စစ်သေနာပတိချုပ်ဝမ်ကျန့်ဆီ သွားပြီး သူ့သမီးနဲ့ မင်းရဲ့ ပက်သက်မှုက ပြီးဆုံးသွားပြီလို့ အစီရင်ခံရမယ်။ ပြီးတော့ မင်းသားဖုစုက ဝမ်ယန်အတွက် အသင့်တော်ဆုံး လက်တွဲဖော်ဖြစ်ကြောင်း ပြောရမယ်။ ဒါဆိုရင် မင်းကို မင်းသားရဲ့နောက်လိုက်ဖြစ်ဖို့ အခွင့်အရေးပေးမယ်။ "

ကျောက်ဖုန်းက ဘာမှပြန်မပြောဘဲ သူထိုင်နေသော နေရာမှ ဖြည်းညင်းစွာ ထလာပြီး မန်ကျားဆီသို့ လျှောက်သွားသည်။

" မင်း ဘာလုပ်မလို့လဲ။ " ကျောက်ဖုန်းကို ကြည့်ပြီး မန်ကျားက စတင်ထိတ်လန့်လာသည်။

ဖြန်း...

ကျောက်ဖုန်း၏ လက်ဝါးက မန်ကျား၏ မျက်နှာပေါ်သို့ ကျရောက်လာပြီး ကြမ်းပြင်ပေါ်သို့ လွင့်စင်သွားသည်။

" မင်း မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့။ " မန်ကျားက သူ၏ မျက်နှာကို အုပ်ပြီး ကျောက်ဖုန်းကို ဒေါသတကြီး ကြည့်လိုက်သည်။

" အစောင့်တွေ " ကျောက်ဖုန်းက အေစစက်စွာ အော်ခေါ်လိုက်သည်။

" ဟုတ်ကဲ့။ " ကိုယ်ရံတော်ဆယ်ယောက်ကျော်က ခန်းထဲသို့ ပြေးဝင်လာပြီး ကျောက်ဖုန်းကို ဦးညွှတ်လိုက်ကြသည်။

" သူ့ကို ဝိုင်းရိုက်ကြစမ်း။ သေအောင်တော့ မလုပ်နဲ့။ ရိုက်ပြီးသွားရင် သူ့ကို စခန်းအပြင်ဘက်ကို လွင့်ပစ်လိုက်။ " ကျောက်ဖုန်းက အေးစက်စွာ အမိန့်ပေးလိုက်သည်။

" ဟုတ်ကဲ့။ " ကိုယ်ရံတော်များက လဲကျနေသော မန်ကျားကို ဝိုင်းလိုက်ပြီး ရက်ရက်စက်စက် ကန်ကျောက်ကြတော့သည်။

" အား အား.... မင်းတို့ ရဲတင်းလှချည်လား။ " မန်ကျားက နာကျင်စွာ အော်ဟစ်နေသော်လည်း ကိုယ်ရံတော်များ၏ ရက်စက်သော တိုက်ခိုက်မှုများအောက်တွင် သူ ဘာမှမတတ်နိုင်ပေ။

မန်ကျား၏ နာကျင်စွာ အော်ဟစ်သံများကြားတွင် သူ၏ မျက်နှာတစ်ခုလုံး ညိုမည်းစွဲသွားသည်အထိ အရိုက်ခံခဲ့ရသည်။ သူ၏ မောက်မာမှုများက ကြောက်ရွံ့မှုများဖြင့် အစားထိုးသွားသည်။

ကျောက်ဖုန်းက သူ့ကို တကယ်ပဲဝိုင်းရိုက်ခိုင်းလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ကျောက်ဖုန်းက မန်မိသားစုဝင်ဆိုသော သူ၏ ဂုဏ်ပုဒ်ကို ဂရုစိုက်ရန်မပြောနှင့် ဖုစု၏ အဆင့်အတန်းကိုပင် ဂရုမစိုက်သည်မှာ ထင်ရှားနေသည်။

" တော်ပြီ။ "

မန်ကျား၏ အော်ဟစ်သံများက တိုးသွားပြီး အသက်ရှူသံများ အားနည်းလာသောအချိန်တွင် ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။ သူ၏ အမိန့်ကြောင့် ကိုယ်ရံတော်များက ရိုက်နှက်ခြင်းကို ဖြည်းညင်းစွာ ရပ်တန့်လိုက်သည်။

" မင်းကို ဖုစုက တကယ်လွှတ်လိက်တာဆိုရင်တော့ သူက အကြီးဆုံးမင်းသားတစ်ယောက်အနေနဲ့ တကယ်အရည်အချင်းမရှိတဲ့သူပဲ။ ဖုစုဆီ ပြန်သွားပြီး ပြောလိုက်။ သူသာ လက်စားချေချင်တယ်ဆိုရင် သူဘယ်မှာရှိလဲဆိုတာ သူသိပါတယ်။ "

" တကယ်လို့ မင်းကို ဖုစုလွှတ်တာမဟုတ်ဘူးဆိုရင် မင်းနောက်ကွယ်ကလူကို ငါစောင့်နေတယ်လို့ သွားပြောလိုက်။ "

" သူ့ကို အပြင်ကို လွင့်ပစ်လိုက်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောပြီး လက်ဝှေ့ရမ်းလိုက်သည်။

" ဟုတ်ကဲ့။ " ကိုယ်ရံတော်များက ဒဏ်ရာများပြည့်နှက်နေသော မန်ကျားကို မထုတ်သွားပြီး အပြင်သို့ လွင့်ပစ်လိုက်ကြသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters