အခန်း (၁၀၄)
Vol. 11 Ch. 104
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၀၄)
" ကျောက်ကျိ..." ဟွာယန်က စိတ်ထဲမှ တွေးလိုက်သည်။ " အခုအချိန်ထိတောင် နင်က ငါတို့ချင်နိုင်ငံရဲ့ ကံကြမ္မာအပေါ် ကပ်ဘေးတွေ ယူဆောင်လာတုန်းလား။ နင့်အတွက် သေတာက သက်သာလွန်းနေတယ်။ ရင်အာကိုသာ မစိုးရိမ်ရု် နင့်ကို ကွပ်မျက်ဖို့ အမိန့်ပေးခဲ့တာကြာပြီ။ "
မယ်တော်ကြီးဟွာယန်က အလွန်ဒေါသထွက်နေသည်။ ယခုလက်ရှိဘုရင် ရင်ကျန့်၏ အဘွား၊ ချင်နိုင်ငံ၏ မယ်တော်ကြီးဟောင်းဖြစ်သောကြောင့် သူမက ထက်မြက်ပြီး ဩဇာရှိသော အမျိုးသမီးတစ်ယောက်ဖြစ်သည်မှာ သံသယဝင်စရာမလိုပေ။
ယုံမြို့၏ အပြင်ဘက် တောအုပ်ထဲတွင်။
" ဝန်ကြီးချုပ် တာဝန်ပြီးဆုံးသွားပါပြီ။ " တပ်မှူးတစ်ယောက်က ကောခိုင်ကို အစီရင်ခံလိုက်သည်။ သူက ကျောက်နိုင်ခံ၏ နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ကို တာဝန်ယူထားသူဖြစ်သည်။
" ကျွန်တော်မျိုးတို့ ချင်နိုင်ငံရဲ့ မယ်တော်ကြီးကို ဖမ်းဆီးနိုင်ခဲ့ပါပြီ။ "
သူတို့က သတိမေ့နေသော ကျောက်ကျိကို ခေါ်ဆောင်လာကြသည်။ ကောခိုင်က ပိုပြီး သေချာစေရန် မီးအိမ်ကို မြှောက်ပြီး ကျောက်ကျိကို ကြည့်လိုက်သည်။
" သူမရဲ့ အလှတရားက ဒီလောက်ကျော်ကြားနေတာ မထူးဆန်းပါဘူး။ တကယ်ကို အလှဘုရင်မပဲ။ " ကောခိုင်က ရယ်မောလိုက်သည်။
" သူမကို ဟန်တန်မြို့တော်ဆီ ခေါ်သွားနိုင်တာနဲ့ အရှင်မင်းကြီးက တကယ်ဝမ်းသာသွားမှာပဲ။ မင်းတို့အလုံး အလုပ်ကောင်းကောင်းလုပ်ခဲ့ကြတယ်။ "
အင်အားကြီးသော ချင်နိုင်ငံ၏ မယ်တော်ကြီးကို လွယ်လွယ်ကူကူ ဖမ်းမိခဲ့သောကြောင့် ကောခိုင်က အတိုင်းမသိ ဝမ်းသာနေသည်။ ကျောက်ကျိကိုသာ ဟန်တန်သို့ ခေါ်သွားနိုင်လျှင် ကျောက်ဘုရင်က သူ့ကို ပိုပြီးမြှောက်စားတော့မည်ဖြစ်သည်။
" ဝန်ကြီးချုပ်။ " ကိုယ်ရံတော်တပ်မှူးက လေးနက်စွာ ပြောလိုက်သည်။ " ကျွန်တော်တို့က ယုံမြို့မှာပဲ ရှိနေတုန်းပါ။ ကျောက်နိုင်ငံနဲ့က မိုင်ပေါင်းထောင်ချီဝေးပါသေးတယ်။ ကျောက်ကျိကို အပြင်ထုတ်သွားဖို့က ခက်ခဲပါလိမ့်မယ်။ "
" စိတ်မပူနဲ့။ ငါအားလုံးစီစဉ်ထားပြီးသား။ " ကောခိုင်က သူ၏ မုတ်ဆိတ်ကို ဂုဏ်ယူစွာ ပွတ်သပ်လိုက်သည်။
" ကိုယ်ရံတော်ငါးရာကို ငါးဖွဲ့ခွဲလိုက်။ လေးဖွဲ့က လမ်းလွှဲဖို့ အသုံးချမယ်။ ကျန်တဲ့တစ်ဖွဲ့ကတော့ အဓိကအဖွဲ့ဖြစ်ပြီး ငါကိုယ်တိုင်ဦးဆောင်မယ်။ ပြီးတော့ ငါတို့ ကုန်းလမ်းကမသွားဘူး။ ဝေမြစ်နဲ့ လောရွှေကနေတစ်ဆင့် ရေလမ်းကသွားပြီး ဝေနိုင်ငံထဲကို ဝင်မယ်။ ဝေနိုင်ငံကနေမှ ကျောက်နိုင်ငံကို ကုန်းလမ်းအတိုင်း ပြန်မယ်။ "
ကောခိုင်က ကျောက်ကျိကို ပြန်ပေးဆွဲရန် လချီပြီး စီစဉ်ခဲ့ရသည်။ သူက သူ၏ အသက်ကို အရာအားလုံးထက် ပို၍ တန်ဖိုးထားသူဖြစ်သည်။ သူက တခြားနေရာတွင် မတော်လျှင်တောင် ထွက်ပြေးရန် အစီအစဉ်ချသောနေရာတွင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။
" ကျွန်တော်မျိုးတို့ ဝန်ကြီးချုပ်ရဲ့ အမိန့်ကို လိုက်နာပါမယ်။ "တပ်မှူးက ပြန်ဖြေလိုက်သည်။
" ရင်ကျန့် ဟဲဟဲ အရှင်မင်းကြီးပြောသလိုပဲ။ မင်းက ငါ့ခြေဖဝါးအောက်မှာ နင်းခြေခံရဖို့ ကံပါလာပြီးသားပါ။ " ကောခိုင်က ဂုရ်ယူစွာ ပြုံးလိုက်သည်။
" လမ်းဖယ် လမ်းဖယ်ကြ။ " မြင်းစီးသမားတစ်ယောက်က အော်ဟစ်လိုက်သည်။ " ယုံမြို့က အရေးပေါ်အစီရင်ခံစာရောက်လာပါတယ်။ "
မြင်းတစ်ကောင်က နန်းတော်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်းသွားသည်။
ချင်နန်းတော်၊ ညီလာခံခန်းမ။
" ဘာ...." ရင်ကျန့်က အော်ဟစ်လိုက်သည်။ " မယ်တော်ကြီးက နန်းတော်ထဲကနေ ပြန်ပေးဆွဲခံရတယ်ဟုတ်လား။ အခုထိပြန်မတွေ့သေးဘူးလား။ ယုံမြို့က အစောင့်တွေ ဘာလုပ်နေတာလဲ။ အသုံးမကျတဲ့ကောင်တွေ။ "
အုပ်ချုပ်ရေးအာဏာကို ရယူပြီးနောက် ရင်ကျန့်က သူ၏ ခံစားချက်များကို ပြသခဲလေသည်။ သို့သော် ယနေ့တော့ သူ့ကိုသူ မထိန်းချုပ်နိုင်တော့ပေ။ နှစ်များစွာ ကုန်လွန်လာပြီး ကျောက်ကျိအပေါ် နာကျည်းနေသော်လည်း မိခင်နှင့်သားကြားက သံယောဇဉ်များကို မေ့နိုင်မည်မဟုတ်ပေ။
ယခု သူ၏ နယ်မြေထဲတွင် သူ၏ မိခင်ကို ပြန်ပေးဆွဲခံလိုက်ရခြင်းက သူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်ဖြစ်သည်။
" အရှင်မင်းကြီး ဒေါသကို ထိန်းပါဦး။ " ယွီလျောင်က ရှေ့ထွက်လာပြီး ပြောလိုက်သည်။
" မယ်တော်ကြီးဟွာယန်ရဲ့ စာအရ ပြစ်မှုကျူးလွန်သူတွေက ယုံမြို့ နန်းတော်ထဲမှ အတွင်းလူရှိနေပြီး ကင်းလှည့်တဲ့ အချိန်ဇယားတွေကို သိနေပါတယ်။ သူတို့က အဲ့ဒီလူကို သုံးပြီး နန်းတွင်းကို ကျူးကျော်ခဲ့တာပါ။ ပြီးတော့ သူတို့က သာမန်ရာဇဝတ်သားတွေမဟုတ်ဘဲ လေ့ကျင့်ထားတဲ့ အထူးတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ "
" ယုံမြို့က တပ်မှူးရဲ့ အစီရင်ခံစာအရ သူတို့ဆီမှာ တံဆိပ်အချို့ တွေ့ခဲ့ပါတယ်။ အဲ့ဒါတွေက ကျောက်နိုင်ငံရဲ့ အထူးချွန်ဆုံး လျို့ဝှက်ကိုယ်ရံတော်တွေဖြစ်ပါတယ်။
ရင်ကျန့်၏ မျက်နှာက မဲမှောင်နေပြီး ဒေါသများဖြင့် ပြည့်နှက်နေသည်။ " ကျောက်နိုင်ငံ ကိုယ်ရံတော်တပ်ဖွဲ့။ ကျောက်ယန် အကွက်စေ့လှချည်လား။ တကယ်ကောင်းတဲ့ အကွက်ပဲ။ "
" သူတို့က ဘယ်ကလာလဲ၊ ဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။ " ငါ့မယ်တော် ချင်နိုင်ငံရဲ့ နယ်စပ်ကနေ ထွက်မသွားစေရဘူး။ တကယ်လို့ သူတို့အောင်မြင်သွားရင် ညှတာမှုမရှိဘဲ အပြစ်ပေးခံရမယ်။ "
နံနက်ခင်း ညီလာခံပြီးနောက် ရင်ကျန့်က ကျန်းထိုင်နန်းတောင်ကို တစ်ယောက်တည်း ပြန်လာခဲ့သည်။ ထိုသို့ကြီးမားသော ကိစ္စတစ်ခုဖြစ်နေသောကြောင့် သွမ်လောက ကြိုစောင့်နေသည်။
" ဒီလောက်ကြီးတဲ့ကိစ္စဖြစ်နေတာကို ဟေးပင်းထိုင်က ဘာသတင်းမှကြိုမရတာ ဘာလို့လဲ။ " ရင်ကျန့်က သူ၏ ဒေါသကို ထိန်းပြီး ပြောလိုက်သည်။
" အရှင်မင်ကြီး " သွမ်လောက ရိုသေစွာ ပြန်ပြောလိုက်သည်။ " ကျောက်နိုင်ငံရဲ့ ကိုယ်ရံတော်တပ်ဖွဲ့က ကျွန်တော်တို့ ဟေးပင်းထိုင်လိုပဲ ကျောက်ဘုရင်ဆီကို တိုက်ရိုက်အစီရင်ခံရတဲ့ လျို့ဝှက်တပ်ဖွဲ့ပါ။ ဒီစစ်ဆင်ရေးအမိန့်ကို နန်းတွင်းက ထုတ်ပြန်တာမဟုတ်လို့ ဟေးပင်းထိုင်က မသိလိုက်တာပါ။ "
ဟေးပင်းထိုင်၏ ကွန်ရက်က တစ်ကမ္ဘာလုံးကို ဖြန့်ကျက်ထားသော်လည်း အခြားနိုင်ငံများ၏ လျို့ဝှက်အဖွဲ့အစည်းများထဲသို့ ထိုးဖောက်နိုင်ရန် မဖြစ်နိုင်သေးပေ။ ထိုလျို့ဝှက်အဖွဲ့အစည်းများက သူတို့၏ အဖွဲ့ဝင်များကို ငယ်စဉ်ကတည်းက ရွေးချယ်လေ့ကျင့်ပေးပြီး အသေခံစစ်သည်များအဖြစ် ပုံသွင်းထားသောကြောင့် သူလျိုထည့်သွင်းရန် မဖြစ်နိုင်သလောက်ဖြစ်သည်။
" ဟေးပင်းထိုင်က အင်အားအားလုံးသုံးပြီး လိုက်ဖမ်း။ " ရင်ကျန့်က သွမ်လောကို အပြစ်မတင်ဘဲ တိုက်ရိုက်အမိန့်ပေးလိုက်သည်။ " ကျောက်ကိုယ်ရံတော်တပ်ဖွဲ့က ဘယ်သူမှ အသက်ရှင်မကျန်စေနဲ့။ ပြီးတော့ မယ်တော်ကြီးကို ဘာဒဏ်ရာမှမရစေဘဲ ပြန်ခေါ်လာရမယ်။ "
" အမိန်အတိုင်းပါ။ " သွမ်လောက ဦးညွှတ်ပြီး ထွက်ခွာသွားသည်။
" ကျောက်ယန် တကယ်ပါးနပ်တဲ့ ဗျူဟာပဲ။ ငါ့ရဲ့ ချင်နိုင်ငံထဲကို ထိုးဖောက်ဝင်ရောက်ပြီး ငါ့မိခင်ကို ပြန်ပေးဆွဲရဲတယ်ပေါ့။ ငါပေါ့ဆသွားတယ်။ ငါသာ ယုံမြို့ရဲ့ ခံစစ်ကို မြှင့်တင်ပြီး သူမကို ပိုဂရုစိုက်ခဲ့ရင် ဒါမျိုးတွေဖြစ်လာမှာမဟုတ်ဘူး။ အဲ့ဒီနေ့က ငါ ယောက္ခမကြီး စကားကို နားထောင်ခဲ့သင့်တယ်။ "
ရင်ကျန့်က ချင်နိုင်ငံ၏ အနာဂတ်ကိုလည်း စိုးရိမ်နေသည်။ အကယ်၍ ကျောက်ယန်က အောင်မြင်သွားလျှင် သူ့အတွက် အခြေအနေမကောင်းပေ။ အကယ်၍ ချင်မယ်တော်ကြီးက အမ်းခံရပြီး အခြားနိုင်ငံကို ပါသွားခဲ့လျှင် ချင်နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်ရုံသာမက တစ်ကမ္ဘာလုံးက လှောင်ပြောင်ကြပေလိမ့်မည်။
ဝေမြို့။
ကွေကျန့်တောအုပ်၏ အနက်ရှိုင်းဆုံးတွင် ကျောက်ဖုန်းတည်ထောင်ထားသော အင်အားစု၏ လေ့ကျင့်ရေးကွင်းရှိနေသည်။
" သတ် " အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ယောကျာ်းလေးနှင့် မိန်းကလေးများက သူတို့၏ ဓားများကို ဝှေ့ရမ်းပြီး တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တိုက်ခိုက်နေကြသည်။
တိုက်ခိုက်ရေးနည်းစနစ်အမျိုးမျိုးနှင့် ပါးနပ်သော လုပ်ကြံသတ်ဖြတ်မှုနည်းလမ်းများက ကျောက်ဖုန်း၏ မျက်စိရှေ့တွင် ထွက်ပေါ်နေသည်။ လွန်ခဲ့သော သုံးလက ထိုကလေးများက ဘာမှမသိသေးကြသော်လည်း ယခုသူတို့အားလုံးက ပြာင်းလဲသွားကြပြီဖြစ်သည်။
မူလက သုံးရာရှိသော အထဲမှ ယခု ၂၇၈ ယောက်သာ ကျန်တော့သည်။ ပျောက်ဆုံးသွားသော ၂၂ ယောက်က သေဆုံးသွားကြခြင်းဖြစ်သည်။
" မဆိုးဘူး ဟန်ရွှမ်း။ " ကျောက်ဖုန်းက လေ့ကျင့်နေသူများကို ကြည့်ပြီး ချီးကျူးလိုက်သည်။ " ဒီသုံးလရဲ့ ရလဒ်က ငါ့ကို တကယ်အံ့ဩစေတယ်။ "
" ချီကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်။ အချိန်ပိုရရင် ဒီထက်ပိုပြီး သန်မာလာပါလိမ့်မယ်။ " ဟန်ရွှမ်းက ရိုသေစွာ ပြန်ဖြေလိုက်သည်။
" ငါအချိန်ပိုပေးမယ်။ ဒါပေမယ့် ငါတို့ လူအင်အားပိုလိုသေးတယ်။ " ကျောက်ဖုန်းက လှည့်ပြီး ဟန်ရှီကို ကြည့်လိုက်သည်။
" ဟန်ရှီ သုံးလအတွင်း လူသစ်စုဆောင်းတာ ဘယ်လိုလဲ။ "
" အရှင် ကျွန်တော်မျိုးက ဝေမြို့နဲ့ အခြားနေရာတွေကနေ နောက်ထပ်လူသစ် ငါးရာကို စုဆောင်းထားပါတယ်။ ပထမအုပ်စုလို့ပဲ ဘယ်သူမှ အသကဆယ်တစ်နှစ် မကျော်ပါဘူး။ သူတို့ရဲ လေ့ကျင့်မှုတွေလည်း စတင်နေပါပြီ။ "
" ဆက်ပြီးစုဆောင်းပါ။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" အရှင် " ဟန်ရှီက ပြောလိုက်သည်။ " လူစုဖို့က ပြဿနာမဟုတ်ပါဘူး။ ကုန်ကျစရိတ်က ပြဿနာပါ။ အသုံးစရိတ်က အရမ်းများပါတယ်။ သုံးလတည်းနဲ့ အရှင်ပေးခဲ့တဲ့ ရွှေငွေ ၄၀ ရာခိုင်နှုန်းလောက် ကုန်သွားပါပြီ။ "
" အင်အားစုတစ်ခု တည်ထောင်ဖို့က ငွေအများကြီးလိုတယ်။ " ဟန်ရှီက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
ကျောက်ဖုန်းက သူ၏ ရွှေငွေ ၉၉ ရာခိုင်နှုန်းကို ဟန်ရှီအား ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့က ရွှေတုံး ၇၀၀၀ ကျော်နှင့် ဒင်္ဂါးသိန်းချီရှိနေသည်။ သုံးလအတွင်း ထိုငွေ၏ ၄၀ ရာခိုင်နှုန်း ကုန်သွားခြင်းဖြစ်သောကြောင့် နေ့စဉ်ကုန်ကျစရိတ်က မည်မျှကြီးမားမည်ကို သိနိုင်လေသည်။
" ငါဝယ်ခိုင်းထားတဲ့ ဆေးပင်တွေ အခြေအနေ ဘယ်လိုရှိလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။
" အရှင် ကျွန်တော်မျိုး အများကြီး ဝယ်ထားပါပြီ။ အခုဂိုဒေါင်ထဲမှာ ထည့်ထားပါတယ်။ "
" ဝိုင်ချက်တဲ့ကိစ္စက ဘယ်လိုလဲ။ " ကျောက်ဖုန်းက ထပ်မေးလိုက်သည်။ ထိုဝိုင်အရက်များက သူ၏ အင်အားစုကို ရပ်တည်နိုင်အောင် လုပ်ပေးမည့် အဓိကသော့ချက်ဖြစ်သည်။
" အရှင်ကိုယ်တိုင် အိုးတွေဖွင့်ပေးမှာကို စောင့်နေပါတယ်။ " ဟန်ရှီက ရိုသေစွာ ပြောလိုက်သည်။ " ဝိုင်ချက်တဲ့သူတွေ ပြောစကားအရ အရှင်ရဲ့ နည်းလမ်းက ဒီလောကမှာရှိတဲ့ အခြားနည်းလမ်းတွေထက် အများကြီး သာလွန်တယ်လို့ သိရပါတယ်။ ဒါကို ရောင်းချရင် ယှဉ်နိုင်မယ့်သူရှိမှာမဟုတ်ပါဘူး။ "