← Chapters

အခန်း (၁၀၆)

Vol. 11 Ch. 106

အခန်း (၁၀၆)

Vol. 11 Ch. 106

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၀၆)

" သမိုင်းဝင် စစ်သူကြီးတစ်ယောက် ဖြစ်လာမယ့်သူလို့ မပြောရဘူး။ ဒီလိုစိတ်ဓာတ်ကြံ့ခိုင်မှုမျိုးက ရှားတယ်။ သမိုင်းထဲက ယင်ပုက တကယ်ကြောက်စရာကောင်းတဲ့သူပဲ။ အခု ငါ့လူဖြစ်နေပြီဆိုတော့ အသုံးချခံရပြီး အပယ်ခံရမယ့် ကံကြမ္မာမျိုး သူကြုံရမှာမဟုတ်တော့ဘူး။ သူ့လိုအရည်အချင်းရှိတဲ့သူတစ်ယောက်က အသေခံစစ်သည်ထောင်ချီထက် ပိုတန်ဖိုးရှိတယ်။ "

" ဒါကြောင့်လည်း ရွှေတစ်သောင်းကို ရှာရတာထက် စစ်သူကြီးကောင်းတစ်ယောက်ကို ရှာရတာ ပိုခက်တယ်လို့ ပြောကြတာပဲ။ " ကျောက်ဖုန်းက ယင်ပု၏ စွမ်းဆောင်မှုများကို ကြည့်ပြီး ကျေနပ်နေသည်။

အချိန်များက တရွေ့ရွေ့ကုန်ဆုံးလာပြီး ယင်ပုက ရေကန်ထဲတွင် ဆက်ထိုင်နေပြီး တောင့်ခံနေဆဲ ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ နာကျင်မှုက ပိုပြီး ပြင်းထန်လာသော်လည်း သူ၏ ဘေးမှ လူများက တစ်သုတ်ပြီးတစ်သုတ် လဲလှယ်သွားကြပြီဖြစ်သည်။ ရေကန်ထဲမှ ဆေးရည်များက တဖြည်းဖြည်း ကြည်လင်လာပြီး ဆေးအာနိသင်များ အကုန်စုပ်ယူပြီးသွားကြောင်း ညွှန်ပြနေသည်။

" အရိုးသန့်စင်ခြင်းဆေးမှုန့်တွေရဲ့ အာနိသင်တွေကုန်သွားပြီ။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

ထိုအချိန်မှသာ ယင်ပုက အသိပြန်ဝင်လာပြီး ဖြည်းညင်းစွာ ထရပ်လိုက်သည်။ သူ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။

" ငါ့ခန္ဓာကိုယ်ထဲမှာ ခွန်အားတွေ ပြည့်နှက်နေသလို ခံစားရတယ်။ " ယင်ပုက သူ၏ လက်များကို ကြည့်ပြီး ရေရွတ်လိုက်သည်။

" မင်းတို့အားလုံး ခန္ဓာကိုယ်ထဲက ခွန်အားတွေကို စမ်းကြည့်ကြစမ်း။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

ယင်ပုနှင့် အခြားသူများက ရေကန်ထဲမှ ထွက်လိုက်ကြပြီး သးတို့၏ ခွန်အားများကို စမ်းသပ်ကြည့်လိုက်ကြသည်။ ယင်ပုက ပေါင်နှစ်ရာကျော်လေးသော ကျောက်တုံးကြီးဆီသို့ သွားပြီး အသာအယာ မလိုက်သည်။ သူက စိတ်ထဲမှ တုန်လှုပ်သွား၏။

" ငါ နန်းတွင်းက အမွှေးတိုင်အိုးကြီးတွေကို မနိုင်တဲ့ ခွန်အားမျိုး ရှိသွားတာလား။ " ကျောက်ဖုန်းကို ကြည့်သော သူ၏ အကြည့်များက ကြောက်ရွံ့ရိုသေမှုများဖြင့် ပြည့်နှက်သွားသည်။

" အရှင်ရဲ့ ကြီးမားတဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ်။ " ယင်ပုက ကျောက်ဖုန်း၏ ရှေ့တွင် ဒူးထောက်လိုက်သည်။

အခြားသူများကလည်း သူတို့၏ ခန္ဓာကိုယ်ထဲမှ ပြောင်းလဲမှုများကို ခံစားလိုက်ရပြီး စိတ်လှုပ်ရှားစွာ ဒူးထောက်လိုက်ကြသည်။

" အရှင်ရဲ့ ကြီးမားတဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ်။ "

" အရိုးသန့်စင်ခြင်းဆေးမှုန့်နဲ့ မင်းတို့ရဲ့ ခွန်အားနဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုတွေ အများကြီး တိုးတက်လာပြီ။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " ငါ့ရဲ့ အင်အားစုကို ယန်ထင် (ငရဲခန်းမ သို့ ယမမင်းတရားရုံး) လို့ ခေါ်မယ်။ ငါ့လက်အောက်က လူအားလုံးကို ဝူချန်း(သေမင်းတမန်)လို့ ခေါ်မယ်။ "

" ယန်ထင် ဝူချန်းတွေက အရှင်ကို ဂါရဝပြုပါတယ်။ " အားလုံးက ကျောက်ဖုန်းကို ကြောက်ရွံ့ရိုသေစွာ ကြည့်လိုက်ကြသည်။

" ငါ နတ်ဘုရားတွေရဲ့ ကံကြမ္မာကို ရရှိထားတဲ့သူဖြစ်လို့ လူတွေရဲ့ စိတ်နှလုံးကို မြင်နိုင်တယ်။ မင်းတို့ရဲ့ သစ္စာရှိမှုကို ငါ အသိအမှတ်ပြုပြီးပြီ။ ဒီနေ့ ငါမင်းတို့ကို ကျင့်စဉ်တစ်ခု ချီးမြှင့်မယ်။ ဒီကျင့်စဉ်ကို ကျင့်ရင် မင်းတို့ရဲ့ခန္ဓာကိုယ်တွေ ပိုသန်မာလာပြီး ပိုကြီးမားတဲ့ ခွန်အားကို ရရှိလိမ့်မယ်။ "

ကျောက်ဖုန်းက စနစ်၏ အင်အားစုကဏ္ဍမှ ကျုံးကျိအတွင်းအားကျင့်စဉ်၏ ပထမအဆင့်ကို အားလုံးထံသို့ လွှဲပြောင်းပေးလိုက်သည်။ စနစ်မှတစ်ဆင့် သူတို့၏ သစ္စာရှိမှုကို မြင်နေရသောကြောင့် ကျောက်ဖုန်းက သူတို့အတွက် စိုးရိမ်ခြင်းမရှိပေ။

ထို့နောက် သူက ဟန်ရွှမ်းနှင့် ကျန်းမင်ဘက်သို့ လှည့်လိုက်သည်။ " ဟန်ရွှမ်း အရိုးသန့်စင်ခြင်းဆေးမှုန့် နောက်တစ်သုတ်ပြင်လိုက်။ မင်းနဲ့ မင်းရဲ့လူတွေလည်း ဆေးရည်စိမ်ကြ။ ကျန်းမင် မင်းရောမင်းလူတွေကို ခေါ်ပြီး အတူတူသွားလိုက်။ "

" အရှင်ကို ကျေးဇူးတင်ပါတယ်။ " ဟန်ရွှမ်းနှင့် ကျန်းမင်တို့က ကျေးဇူးတင်စကားပြောလိုက်ပြီး ချက်ချင်း ပြင်ဆင်ကြသည်။

ယန်ထင်မှ ဝူချန်းများ၏ လေ့ကျင့်မှုပြီးဆုံးသည်နှင့် ကျောက်ဖုန်း၏ ကိုယ်ရံတော် တစ်ရာနှင့် ကွေကျန့်တောအုပ်မှ လူများအလှည့်သို့ ရောက်လာမည်ဖြစ်သည်။

" နောက်ထပ် လျို့ဝှက်နေရာက ဘယ်မှာလဲ။ " ကျောက်ဖုန်းက ဟန်ရှီကို မေးလိုက်သည်။

" အရှင် အဲ့ဒီနေရာက ကွေကျန့်တောအုပ်ထက်တောင် ပိုပြီး လျို့ဝှက်ပါသေးတယ်။ သုံးဖက်လုံးက တောင်ကမ်းပါးယံတွေ ဝန်းရံထားပြီး တစ်ဖက်က ရေတွေ ရှိပါတယ်။ လူအသွားအလာအရမ်းနည်းပါတယ်။ အဲ့ဒီကို ဝင်ဖို့ဆိုရင် ဝေမြစ်ကို လှေနဲ့ ဖြတ်သွားရပါမယ်။ "

" သူတို့ ဆေးရည်စိမ်ပြီးတာနဲ့ ငါတို့ထွက်ကြမယ်။ " ကျောက်ဖုန်းက ချက်ချင်း ပြောလိုက်သည်။ " ပြီးတော့ ဟန်ရွှမ်းကိုလည်း အချို့လူတွေကို အဲ့ဒီမှာ သွားလေ့ကျင့်ဖို့ စီစဉ်ခိုင်းလိုက်ပါ။ "

" အမိန့်အတိုင်းပါ အရှင်။ " ဟန်ရှီက ရိုသေစွာ ပြန်ဖြေလိုက်သည်။

ချင်နိုင်ငံနှင့် ဝေနိုင်ငံ၏ နယ်စပ် ဝေမြစ်ပေါ်တွင် သင်္ဘောတစ်စင်းက ဝေနိုင်ငံဘက်သို့ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည်။

" ဝန်ကြီးချုပ် ကျွန်တော်တို့သင်္ဘောက ခဏနေရင် ဝေနိုင်ငံရဲ့ နယ်မြေထဲကို ရောက်တော့မှာမလို့ ချင်နိုင်ငံက လိုက်ဖမ်းတဲ့သူတွေလက်ကနေ လွတ်တော့မှာပါ။ " တပ်မှူးက ကောခိုင်ကို အစီရင်ခံလိုက်သည်။

" ဟားဟားဟား..." ကောင်ခိုင်က စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။ " အရှင်မင်းကြီး ငါတို့ကို ပေးအပ်ထားတဲ့ အရေးကြီးတာဝန်က ဒီလောက်လွယ်လွယ်ကူကူနဲ့ ပြီးမြောက်တော့မှာပဲ။ "

သူက စထွက်လာချိန်က အလွန်အန္တရာယ်များမည်ဟု ထင်ထားခဲ့သည်။ ချင်နိုင်ငံထဲမှ အသက်ရှင်လျက် ပြန်ထွက်နိုင်ပါ့မလားဟုပင် စိုးရိမ်ခဲ့သည်။

" ဒါက ဝန်ကြီးချုပ်ရဲ့ အစီအစဉ်ကောင်းလို့ပါ။ " တပ်မှူးက မြှောက်ပင့်ပြောဆိုလိုက်သည်။

" တကယ်တော့ ရင်ကျန့်က ကျောက်ကျိကို အရေးမလုပ်တာရယ် ငါတို့က ရုတ်တရက် လှုပ်ရှားလိုက်တာရယ်ကြောင့် အောင်မြင်ခဲ့တာပါ။ သူသာ အဲ့ဒီမိန်းမကို နည်းနည်းဂရုစိုက်ရင် ငါတို့ ဒီလောက်လွယ်လွယ်နဲ့ အောင်မြင်မှာမဟုတ်ဘူး။ " ကောခိုင်က ဂုဏ်ယူစွာဖြင့် ကြိုးတုပ်ခံထားရသော ကျောက်ကျိကို ကြည့်လိုက်သည်။

ကျောက်ကျိက ပြန်ပေးဆွဲခံထားရသော်လည်း မည်သည့်အမူအရာမှမရှိပေ။ ယုံမြို့မှ လူများပြောသကဲ့သို့ သူမက အမှန်တကယ် ရူးသွပ်သွားခြင်းဖြစ်နိုင်သည်။

" အဲ့ဒီလူလေးရာ ပြန်မလာနိုင်တော့တာ နှမြောစရာပဲ။ " ကောခိုင်က သက်ပြင်းချလိုက်သည်။

" ဝန်ကြီးချုပ်က တကယ်သနားကြင်နာတတ်တာပဲ။ ဒါကို သိရင် သေသွားတဲ့ညီအကိုတွေ စိတ်ဖြောင့်ဖြောင့်သွားနိုင်ကြမှာပါ။ " တပ်မှူးက ရိုသေစွာ ပြောလိုက်သည်။

" ဝေနိုင်ငံနဲ့ အဆက်အသွယ်ရပြီလား။ " ကောခိုင်က မေးလိုက်သည်။

" စိတ်ချပါ ဝန်ကြီးချုပ်။ " တပ်မှူးက ပြန်ဖြေလိုက်သည်။ " ကျွန်တော်မျိုး လူလွှတ်ပြီး ဆက်သွယ်ခိုင်းထားပါပြီ။ ဝေနိုင်ငံပိုင်နက်ထဲကို ရောက်တာနဲ့ သူတို့စစ်တပ်က လာကြိုပါလိမ့်မယ်။ "

" ကောင်းတယ်။ " ကောခိုင်က ရယ်မောလိုက်သည်။ " ဟန်တန်ကို ပြန်ရောက်ရင် မင်းအတွက် ဆုလာဘ်ကို ငါကိုယ်တိုင် အရှင်မင်းကြီးဆီ တောင်းဆိုပေးမယ်။ "

ထိုအချိန်တွင် ကောခိုင်၏ သင်္ဘောနောက်မှ ချင်နိုင်ငံအလံများကို လွှင့်ထူထားသော သင်္ဘောများလိုက်လာသည်ကို တွေ့လိုက်ရသည်။

" အမြန်မောင်း။ သူတို့ကို လိုက်ဖမ်းကြ။ " တုဆွေက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

အဝေးမှ ကောခိုင်တို့၏ သင်္ဘောကို မြင်တွေ့နေရသော်လည်း လိုက်မှီရန် မဖြစ်နိုင်သလောက်ဖြစ်သည်။ အကယ်၍ ကောခိုင်က ချင်မယ်တော်ကြီးကို ခေါ်ပြီး လွတ်မြောက်သွားလျှင် မယ်တော်ကြီး ဟွာယန်က သူ့အသက်ကို ချမ်းသာပေးလျှင်တောင် သူ၏ အနာဂတ်က ပြီးဆုံးသွားမည်ဖြစ်သည်။

" ဝန်ကြီးချုပ် ချင်စစ်တပ်က လိုက်လာနေပြီ။ " တပ်မှူးက နောက်လှည့်ကြည့်ပြီး လှောင်ပြုံးပြုံးလိုက်သည်။

" လိုက်ပါစေ။ ငါတို့က မကြာခင် ဝေနိုင်ငံရဲ့ နယ်မြေထဲကို ရောက်တော့မှာပဲ။ " ကောခိုင်က ဘာမှမဖြစ်သကဲ့သို့ ပြောလိုက်သည်။

" အဲ့ဒီကို ရောက်တာနဲ့ ချင်နိုင်ငံက ငါတို့ကို ဘာမှလုပ်နိုင်တော့မှာမဟုတ်ဘူး။ "

သူတို့က ချင်သင်္ဘောများနှင့် ဝေးကွာနေသောကြောင့် လိုက်မီရန် မဖြစ်နိုင်ပေ။ ကောင်ခိုင်တို့၏ သင်္ဘောသုံးစီက ချင်သင်္ဘောများကို နောက်တွင် တဖြည်းဖြည်း ချန်ရစ်ခဲ့သည်။

ရှေ့တွင် ဝေမြစ်ကို ဆန်တက်လာသော သင်္ဘောအချို့ ရှိနေသည်။ သင်္ဘောများပေါ်တွင် အနက်ရောင်သံချပ်ကာကို ဝတ်ဆင်ထားသော ကျောက်ဖုန်း၏ ကိုယ်ရံတော်များက လှော်ခတ်လာကြသည်။

" ငါတို့လာတာ တော်တော်ကြာပြီ။ ကြည့်ရတာ ဝေနိုင်ငံပိုင်ရေပြင်ထဲကို ဝင်တော့မယ်ထင်တယ်။ " ကျောက်ဖုန်းက ဟန်ရှီကို ကြည့်လိုက်သည်။

" ရှေ့နားဆို ရောက်ပါပြီ အရှင်။ ဝေမြစ်ရဲ့ ပင်မမြစ်ကြောင်းတော့မဟုတ်ပါဘူး။ မြစ်လက်တက်တစ်ခါပါ။ " ဟန်ရှီက ပြန်ဖြေလိုက်သည်။ ဒီနေရာက သုံးနိုင်ငံနယ်စပ်မှာ ရှိတာမလို့ အရမ်းကို လျို့ဝှက်ပါတယ်။ "

" ကောင်းပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" အရှင် " ကျန်းမင်က ရှေ့သို့ ညွှန်ပြလိုက်သည်။ " မြစ်စုန်ကနေ သင်္ဘောအချို့ ဆင်းလာပါတယ်။ "

" ကုန်သည်သင်္ဘောတွေလား။ " ကျောက်ဖုန်းက ခန့်မှန်းလိုက်သည်။ နိုင်ငံများကို ဖြတ်သန်းစီးဆင်းနေသော ဝေမြစ်ပေါ်တွက် ကုန်သည်သင်္ဘောများကို တွေ့ရခြင်းက ပုံမှန်သာဖြစ်သည်။

ကျောက်ဖုန်းက တစ်ချက် ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။ သူတို့က အဝေးတွင် ရှိနေသော်လည်း ကျောက်ဖုန်း၏ ထူးခြားသော စွမ်းရည်များကြောင့် သင်္ဘောပေါ်မှ အခြေအနေအားလုံးကို အကဲခတ်မိသွားသည်။

" တစ်ခုခုမှားနေပြီ။ သင်္ဘောပေါ်က လူတွေက ကုန်သည်တွေမဟုတ်ဘူး။ လူတိုင်းက လက်နက်တွေ ကိုင်ထားကြတယ်။ ကြည့်ရတာ တော်တော်လေး သန်မာပုံပဲ။ ပြီးတော့ သူတို့က ချင်နယ်မြေဘက်က လာနေတာပဲ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

သင်္ဘောပေါ်မှ ကိုယ်ရံတော်များက ကျောက်ဖုန်းကို ကြည့်လိုက်ကြသည်။

" အရှင် သူတို့က ချင်နိုင်ငံထဲဝင်ပြီး ပြဿနာရှာတဲ့သူတွေ ဖြစ်နိုင်လား။ " ကျန်းမင်က မေးလိုက်သည်။

" ဖြစ်နိုင်တယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ " ဘာပဲဖြစ်ဖြစ် သူတို့ကို တားပြီး စစ်ဆေးရမယ်။ အစီအစဉ်တကျနေရာယူပြီး သူတို့လမ်းကို ပိတ်လိုက်ကြ။ "

" လေးတွေကို အသင့်ပြင်ထားကြ။ တကယ်လို့ သူတို့က ရန်သူတွေဆိုရင် ငါ့အမိန့်အတိုင်း တိုက်ခိုက်ကြ။ "

သူက ရန်သူများကို မသတ်ရသည်မှာ ကြာပြီဖြစ်သည်။ အကယ်၍ သူတို့က ရန်သူများဖြစ်လျှင် သူက ထိုအခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။ အကယ်၍ သူတို့က ချင်နိုင်ငံထဲတွင် ပြဿနာရှာတေသူများဖြစ်လျှင် ပိုကောင်းပေသည်။ ၎င်းက သူ့ရှေ့တွင် စွမ်းဆောင်မှုတစ်ခုကို ကောက်ရလိုက်ခြင်းဖြစ်သည်။

All Chapters