← Chapters

အခန်း (၁၀၉)

Vol. 11 Ch. 109

အခန်း (၁၀၉)

Vol. 11 Ch. 109

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၀၉)

" စစ်သူကြီး..." ကောခိုင်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ " ငါတကယ်ပြောတာပါ။ ကျောက်နိုင်ငံမှာ ငါ့ပိုင်ဆိုင်မှုတွေ အများကြီးရှိပါတယ်။ ရ​ွှေတစ်သောင်းမလောက်ရင် နှစ်သောင်းပေးပါမယ်။ မဟုတ်ဘူး။ ငါ့ပိုင်ဆိုင်မှုအားလုံးကို ယူလိုက်ပါ။ ငါ့ကို ကျောက်နိုင်ငံကို ပြန်ခွင့်ပေးဖို့ပဲ တောင်းဆိုပါတယ်။ "

" ဒီမှာ ဝန်ကြီးချုပ် စစ်မှန်တဲ့ အာဏာနဲ့ ခွန်အားရှေ့မှာ မင်းရဲ့ စည်းစိမ်ဥစ္စာတွေက ဘာအသုံးကျမှာလဲ။ လက်လျှော့လိုက်ပါ။ " ကျောက်ဖုန်းက ပြုံးပြီး ပြောလိုက်သည်။

ထိုအချိန်တွင် ဝေနိုင်ငံဘက်ခြမ်းမှ မြစ်ကမ်းပါးပေါ်တွင် မြင်းခွာသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ ဝေစစ်တပ်မှ စစ်သည်ထောင်ချီက ဝေမြစ်ဆီသို့ စုရုံးရောက်ရှိလာကြသည်။

" ငါဒီမှာ.... ငါ့ကို မြန်မြန် ကယ်ကြပါဦး။ "

ဝေစစ်တပ်ကို မြင်လိုက်ရသောအခါ ကောခိုင်က ကျယ်လောင်စွာ အော်ဟစ်လေတော့သည်။

" မင်းက ထွက်ပြေးဖို့ လမ်းကြောင်းကို သေချာပြင်ဆင်ထားတာပဲ။ " ကျောက်ဖုန်းက တစ်ဖက်ကမ်းမှ ဝေစစ်တပ်ကို ကြည့်ပြီး ပြောလိုက်သည်။

ကောခိုင်၏ သေချာစီစဉ်ထားသော အကြံအစည်များက ကျောက်ဖုန်းကြောင့် လုံးဝ ပျက်စီးသွားခဲ့သည်။ အကယ်၍ ကျောက်ဖုန်းသာ ပေါ်မလာခဲ့လျှင် သူက ကျာက်ကျိကို ဝေနိုင်ငံသို့ ခေါ်ထုတ်သွားနိုင်မည်ဖြစ်သည်။

ဝေမြစ်ကမ်းပေါ်မှ ဝေစစ်သူကြီးက တိုက်ပွဲဖြစ်ထားသော အမှတ်အသားများကို မြင်သောအခါ သူက စိတ်မသက်မသာဖြစ်သွားသည်။

" စစ်သူကြီး ကျောက်နိုင်ငံရဲ့ ဝန်ကြီးချုပ်ကို ချင်စစ်တပ်က ကြားဖြတ်ဖမ်းလိုက်ပြီထင်တယ်။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ " စစ်သည်တစ်ယောက်က မေးလိုက်သည်။

" ငါတို့ နောက်ကျသွားပြီ။ " ဝေစစ်သူကြီးက ခဏစဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။ " အခု ဝန်ကြီးချုပ်က ချင်စစ်တပ်လက်ထဲ ရောက်သွားပြီဆိုတော့ ငါတို့ဘာလုပ်လုပ် ချင်နိုင်ငံကို စစ်ကြေညာသလိုဖြစ်သွားလိမ့်မယ်။ ဒါက သူတို့အတွက် ဝေနိုင်ငံကို ကျူးကျော်ဖို့ အကြောင်းပြချက်ကောင်းပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။ အဲ့ဒီလောက်ထိ အန္တရာယ်အဖြစ်မခံနိုင်ဘူး။ "

" ကျောက်နိုင်ငံရဲ့ ဝန်ကြီးချုပ် အဖမ်းခံရတာကို ဒီအတိုင်း ကြည့်နေရမှာလား။ " အခြားတပ်မှူးတစ်ယောက်က ပြောလိုက်သည်။

ထိုအချိန်တွင် ဝေမြစ်ကြောင်းအတိုင်း သင်္ဘောဆယ်စင်းကျော်က အမြန်ဆင်းလာကြသည်။ သင်္ဘောတစ်စင်းစီတွင် လက်နက်အပြည့်အစုံနှင့် ချစ်စစ်သည်တစ်ရာနီးပါး ပါလာကြသည်။

" အခွင့်အရေးမရှိတော့ဘူး။ " ဝေစစ်သူကြီးက သင်္ဘောများကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

" အရှင် ဟိုမှာကြည့်ဦး။ " ကျန်းမင်က မြစ်အထက်ပိုင်းသို့ ညွှန်ပြလိုက်သည်။

" သူတို့က ကောခိုင်နောက်လိုက်လာတဲ့သူတွေ ဖြစ်ရမယ်။ " ကျောက်ဖုန်းက သင်္ဘောများကို ကြည့်ပြီး ချက်ချင်း နားလည်လိုက်သည်။

" အရှင်သာ သူတို့ကို ကြားဖြတ်မတားခဲ့ရင် အဲ့ဒီလိုက်လာတဲ့သူတွေကတော့ အကြီးအကျယ် အပြစ်ပေးခံရမှာ သေချာတယ်။ " ကျန်းမင်က ပြုံးပြီး ပြောလိုက်သည်။

" သူတို့ ဒီနားရောက်တဲ့အထိ စောင့်ကြတာပေါ့။ " ကျောက်ဖုန်းက ပြူံးပြီး ပြောလိုက်သည်။

ထိုအချိန်တွင် သင်္ဘောပေါ်မှ တုဆွေက ရှေ့မှ အခြေအနေကို မြင်လိုက်ရသည်။

" တပ်မှူး ကျွန်တော်တို့ချင်စစ်တပ်က မယ်တော်ကြီးကို ဖမ်းသွားတဲ့ ရာဇဝတ်သားတွေကို ကြားဖြတ်ဖမ်းလိုက်ပြီ။ " စစ်သည်တစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" ငါသိတယ်။ " တုဆွေက ရှေ့သို့ ကြည့်လိုက်ပြီး သူ၏ တင်းမာနေသော မျက်နှာက ပြေလျော့သွားသည်။

" ကောင်းကင်ဘုံက ကောင်းချီးပေးတာပဲ။ ဒီတစ်ခါတော့ ငါတို့အသက်ချမ်းသာရာရပြီ။ "

" အရှိန်လျှော့။ ဖြည်းဖြည်းချင်း ကပ်သွားကြ။ " တုဆွေက အမိန့်ပေးလိုက်ပြီး သင်္ဘောများ၏ အရှိန်က တဖြည်းဖြည်း နှေးကွေးသွားသည်။

သင်္ဘောများဘေးချင်းယှဉ်မိသောအခါ တုဆွေက စိတ်လှုပ်ရှားစွာဖြင့် ကျောက်ဖုန်းရှိသော သင်္ဘောပေါ်သို့ ခုန်ကူးလိုက်သည်။ လက်ထောက်စစ်သူကြီး ဝတ်စုံကို ဝတ်ဆင်ထားသော ကျောက်ဖုန်းကို မြင်သေယအခါ တုဆွေက ချက်ချင်း ဦးညွှတ်လိုက်သည်။

" စစ်သူကြီး ဘယ်သူလဲဆိုတာ သိပါရစေ။ "

တုဆွေက စစ်သည်ငါးထောင်ကို အုပ်ချုပ်ရသော ယုံမြို့မှ အစောင့်တပ်မှူးဖြစ်ပြီး စစ်သူကြီးအဆင့်မဟုတ်ပေ။

" ကျောက်ဖုန်းပါ။ " ကျောက်ဖုန်းက လက်သီးလက်ဝါးဆုပ်ပြီး ပြန်လည်ဂါရဝပြုလိုက်သည်။

" စစ်သူကြီးကျောက်ဖုန်းလား။ " တုဆွေက မယုံကြည်နိုင်ဖြစ်သွားသည်။" ဟန်နိုင်ငံကို သိမ်းပိုက်ပြီး ဟန်ဘုရင်ကို ဖမ်းခဲ့တဲ့သူပေါ့။ "

" ဟုတ်ပါတယ်။ " ကျောက်ဖုန်းက ပြုံးပြီး ပြန်ပြောလိုက်သည်။

" စစ်သူကြီးကျောက်ကို ဂါရဝပြုပါတယ်။ " တုဆွေက လေးစားစွာဖြင့် နောက်တစ်ကြိမ် ဦးညွှတ်လိုက်သည်။ " စစ်သူကြီးကျောက်ရဲ့ ကျော်ကြားမှုကို ကြားဖူးနေတာ ကြာပါပြီ။ "

ကျောက်ဖုန်း မတုန့်ပြန်သေးမီ တုဆွေက နောက်မှ စစ်သည်များကို ကြည့်ပြီး ပြောလိုက်သည်။

" စစ်သူကြီးကျောက်ကို မြန်မြန် ဂါဝရပြုကြစမ်း။ သူက ဟန်မြို့တော်ကို သိမ်းပိုက်ပြီး ဟန်ဘုရင်ကို ဖမ်းခဲ့တဲ့ ငါတို့ ချင်နိုင်ငံရဲ့ သူရဲကောင်းပဲ။ အရှင်မင်းကြီးကိုယ်တိုင် စစ်တပ်တစ်ခုလုံး သိအောင် အမိန့်ထုတ်ထားတဲ့သူပဲ။ "

တုဆွေ၏ စကားကြောင့် ယုံမြို့မှ စစ်သည်များက ကျောက်ဖုန်းကို ရိုသေလေးစားစွာ ဦးညွှတ်လိုက်ကြသည်။ " စစ်သူကြီးကျောက်ကို ဂါရဝပြုပါတယ်။ "

" ထကြပါ ညီအကိုတို့။ " ကျောက်ဖုန်းက ပြုံးပြီး လက်ဝှေ့ရမ်းပြလိုက်သည်။ သူ၏ ဘေးမှ ကိုယ်ရံတော်တစ်ရာက ဂုဏ်ယူစွာ ရပ်နေကြသည်။ ၎င်းက စစ်တပ်တစ်ခုလုံး လေးစားရသော သူတို့၏ အရှင်သခင်ပင်ဖြစ်သည်။

" ကျေးဇူးတင်ပါတယ် စစ်သူကြီးကျောက်။ " တုဆွေက သင်္ဘောပေါ်မှ အလောင်းများကို ကြည့်လိုက်သည်။

" စစ်သူကြီးကျောက်ရဲ့လူတွေ အကျအဆုံးများလား။ " တုဆွေက စိုးရိမ်စွာ ပြောလိုက်သည်။ " သူတို့က ကျောက်နိုင်ငံက နန်းတွင်းကိုယ်ရံတော်တွေပဲ။ သူတို့နောက်ကို လိုက်ရင်းနဲ့ ကျုပ်တို့ဘက်က အတော်အကျအဆုံးများခဲ့တယ်။ "

" သူတို့က တကယ်ကျွမ်းကျင်ကြတယ်။ ငါ့ဘက်က ညီအကိုတွေ နည်းနည်းတော့ ဒဏ်ရာရသွားကြတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

" လူနည်းနည်းပဲ ဒဏ်ရာရသွားတာလား။ " တုဆွေက အံ့ဩသွားပြီး ကျောက်ဖုန်း၏ လူများကို ကြည့်လိုက်သည်။ အမှန်တကယ် လူအနည်းငယ် ဒဏ်ရာရရုံမှလွဲ၍ အခြားသူများက အကောင်းအတိုင်း ရှိနေကြသည်။

" စစ်သူကြီးကျောက်ရဲ့ စစ်သည်တွေက တကယ်ရဲစွမ်းသတ္တိရှိကြတာပဲ။ " တုဆွေက ခါးသီးစွာ ပြုံးပြီး ပြောလိုက်သည်။

" ဒီကျောက်နိုင်ငံက ကိုယ်ရံတော်တွေက ကျုပ်ညီအကိုအများကြီးကို သတ်ခဲ့တယ်။ ကျုပ်တပ်ဖွဲ့တင်မဟုတ်ဘူး။ နောက်ကလိုက်လာတဲ့ တခြားတပ်ဖွဲ့တွေလည်း အကျအဆုံး များခဲ့တယ်။ "

" သူတို့က လူတစ်ရာထက် ပိုသေးတာလား။ " ကျောက်ဖုန်းက အံ့ဩစွာ မေးလိုက်သည်။

" ကျောက်နိုင်ငံက ကိုယ်ရံတော် စုစုပေါင်းငါးရာက ချင်နယ်မြေထဲဝင်ခဲ့တာပဲ။ သူတို့ထဲက လေးရာက လမ်းကြောင်းလွှဲဖို့ အသုံးချခဲ့တယ်။ အဲ့ဒါကြောင့်လည်း ဒီအုပ်စုက လွတ်လုနီးပါးဖြစ်သွားခဲ့တာ။ "

" စစ်သူကြီးကျောက်သာ သူတို့ကို မတားထားရင် ကျုပ်တို့ညီအကိုတွေအားလုံး သေဒဏ်ကျမှာ သေချာတယ်။ မယ်တော်ကြီးသာ ကျောက်နိုင်ငံရောက်သွားရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို ကျုပ်တွေးတောင် မတွေးရဲဘူး။ စစ်သူကြီးကျောက်က ကျုပ်တို့ရဲ့ အသက်သခင် ကျေးဇူးရှင်ပါပဲ။ "

" ဒါက မတော်တဆ ဖြစ်သွားတာပဲ။ တပ်မှူးက ဒီလောက်ထိ ကျေးဇူးတင်ဖို့ မလိုပါဘူး။ " ကျောက်ဖုန်းက ပြုံးပြီး ပြောလိုက်သည်။

" တစ်ခုလောက်မေးပါရစေ။ စစ်သူကြီးကျောက်ကို ဒီနေရာမှာ လာတားဖို့ ဘယ်သူက သတင်းပေးခဲ့တာလဲ။ " တုဆွေက မေးလိုက်သည်။

" ဘယ်သူမှမဟုတ်ပါဘူး။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။ " ဒီနေရာမှာ ဖြစ်တာက လုံးဝ တိုက်ဆိုင်မှုပါ။ မြစ်အတိုင်း လက်နက်တွေကိုင်ပြီး ဆင်းလာလို့ စစ်ဆေးဖို့ တားလိုက်တာပဲ။ "

" ဘယ်လိုပဲဖြစ်ဖြစ် ဒါက ချင်နိုင်ငံရဲ့ ပိုင်နက်ပဲလေ။ ဒါပေမယ့် ငါစတောင်မစရသေးဘူး။ သူတို့က အရင်တိုက်ဖို့ပြင်ကြတာပဲ။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။

" စစ်သူကြီးကျောက်က တကယ်ပဲ တိုက်တိုက်ဆိုင်ဆိုင် ကြုံတွေ့ခဲ့တာပေါ့။ " တုဆွေက အံ့အားသင့်သွားသည်။

" တိုက်ဆိုင်တာမဟုတ်ရင် ငါ့ရဲ့ ကိုယ်ရံတော်တွေပဲ ခေါ်လာမှာမဟုတ်ဘူး။ ငါ့ရဲ့ တပ်ရင်းတစ်ခုလုံး ခေါ်လာမှာပေါ့။ "

တုဆွေက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထိုနေရာတွင် ရန်သူသင်္ဘောသုံးစင်းနှင့် ကျောက်ဖုန်း၏ သင်္ဘောကလည်း သုံးစင်းသာရှိသောကြောင့် ၎င်းက အမှန်တကယ် တိုက်ဆိုင်မှုသာဖြစ်ကြောင်း ထင်ရှားနေသည်။

" မယ်တော်ကြီးကို ပြန်ပေးဆွဲဖို့ ဘယ်သူစီစဉ်ခဲ့တာလဲ မင်းသိလား။ " ကျောက်ဖုန်းက ပြုံးပြီးမေးလိုက်သည်။

" ဒီကိုယ်ရံတော်တွေက ကျောက်နိုင်ငံရဲ့ အထူးစစ်သည်တွေပဲ။ " ကျောက်ဘုရင်ရဲ့ အမိန့်မပါဘဲ သူတို့မလှုပ်ရှားဘူး။ ဒါက ကျောက်ဘုရင်စီစဉ်တာပဲ ဖြစ်ရမယ်။ "

" မှန်တယ်။ ပြီးတော့ ဒါက ကျောက်နိုင်ငံရဲ့ ဝန်ကြီးချုပ် ကောခိုင်ပဲ။ မယ်တော်ကြီးကို ပြန်ပေးဆွဲဖို့ သူကိုယ်တိုင်လုပ်ခဲ့တာပဲ။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ဝန်ကြီးချုပ် ကောခိုင်လား။ " တုဆွေက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကောခိုင်ကို ကြည့်လိုက်သည်။ ထိုလူကြောင့် သူက သေဒဏ်ကျလုနီးပါး ဖြစ်ခဲ့ရသည်။

" ငါမင်းကို သတ်မယ်။ " တုဆွေက ချက်ချင်း ဓားဆွဲထုတ်လိုက်သည်။

ကျောက်ဖုန်းက ကြားထဲမှ ဝင်တားလိုက်သည်။ " တပ်မှူး ဒီလူကို အရှင်မင်းကြီးလက်ထဲအပ်လိုက်တာ အကောင်းဆုံးပါပဲ။ သူ့ကို အခုသတ်လိုက်ရင် တပ်မှူးအပြစ် ဖြစ်သွားလိမ့်မယ်။ "

၎င်းကို ကြားသောအခါ တုဆွေက သူ၏ ဒေါသကို ထိန်းပြီး ဓားကို ပြန်သိမ်းလိုက်သည်။ " စစ်သူကြီးကျောက် ပြောတာမှန်တယ်။ ကျုပ် စိတ်လိုက်မာန်ပါလုပ်မိသွားတယ်။ "

" မယ်တော်ကြီးက ဘယ်မှာလဲ။ "

" အခန်းထဲမှာ။ "

တုဆွေက အမြန်ပြေးသွားပြီး အခန်းထဲတွင် ဘာဒဏ်ရာမှမရဘဲ ထိုင်နေသော ကျောက်ကျိကို မြင်မှသာ သူသက်ပြင်းချနိုင်တော့သည်။

" ကျွန်တော်မျိုး မယ်တော်ကြီးကို ဂါရဝပြုပါတယ်။ " တုဆွေက ဦးညွှတ်လိုက်သော်လည်း ကျောက်ကျိက ငေးငိုင်နေမြဲပင်ဖြစ်သည်။

" တပ်မှူး ဒီနှစ်ယောက်ကို တပ်မှူးလက်ထဲအပ်လိုက်မယ်။ သူတို့ကို ပြန်ခေါ်သွားပြီး တာဝန်ပြီးမြောက်ကြောင်း အစီရင်ခံလိုက်ပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" စိတ်ချပါ စစ်သူကြီး။ ကျုပ် စစ်သူကြီးရဲ့ စွမ်းဆောင်မှုကို လုယူဖို့ လုံးဝမကြိုးစားပါဘူး။ ဖြစ်ပျက်သမျှကို အမှန်အတိုင်း တင်ပြလိုက်ပါမယ်။ "

" ကိစ္စမရှိဘူး။ ငါက ချင်ရဲ့စစ်သူကြီးပဲ။ ငါတို့နိုင်ငံရဲ့ မယ်တော်ကြီး တခြားနိုင်ငံလက်ထဲပါသွားမှာကို ဒီအတိုင်း ကြည့်မနေနိုင်ပါဘူး။ " ကျောက်ဖုန်းက ပြောလိုက်သည်။

All Chapters