← Chapters

အခန်း (၁၁၀)

Vol. 11 Ch. 110

အခန်း (၁၁၀)

Vol. 11 Ch. 110

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၁၀)

ကျောက်ဖုန်းက ကျန်းမင်ကု မျက်ရိပ်ပြလိုက်သည်။ ကျန်းမင်က ကောခိုင်ကို တုဆွေ လူများ၏ လက်ထဲသို့ အပ်လိုက်ပြီး ဟန်ရှီကလည်း ငေးငိုင်နေသော ကျောက်ကျိကို အပြင်သို့ တွဲခေါ်လာသည်။

တုဆွေ၏ လူများက ကောခိုင်ကို အရင်ခေါ်သွားပြီး သင်္ဘောပေါ်သို့ တင်လိုက်ကြသည်။ သို့သော် ကျောက်ကျိက ကျောက်ဖုန်းအနီးမှ ဖြတ်သွားသောအချိန်တွင် သူမက ရုတ်တရက် တောင့်တင်းသွားသည်။

" ငါနင့်ကို သတ်တာမဟုတ်ပါဘူး။ မဟုတ်ဘူး...မဟုတ်ဘူး....ငါ မဟုတ်ဘူး...." ကျောက်ကျိက တိုးညှင်းစွာ ရေရွတ်ရင်း ကျောက်ဖုန်းကို အလွန်ထိတ်လန့်စွာ ကြည့်နေသည်။ " ငါ့အနားက ထွက်သွား။ "

" မယ်တော်ကြီးက အရမ်းလန့်သွားတာထင်တယ်။ " တုဆွေက ပြောလိုက်သည်။ " မြန်မြန် သူမကို သင်္ဘောပေါ်ပို့လိုက်ကြ။ "

စစ်သည်အချို့က ချက်ချင်း ရှေ့ထွက်လာပြီး ကျောက်ကျိကို တွဲကာ သင်္ဘောပေါ်သို့ ခေါ်သွားကြသည်။

ကျောက်ဖုန်းက ကြောင်တောင်တောင်နှင့် ကျန်နေခဲ့သည်။ " သူမက ငါ့ကို ဘာလို့ဒီလောက်တောင် ကြောက်နေရတာလဲ။ ဒီကျောက်ကျိက တကယ်ကို ကုလို့မရတော့ဘူး။ ငါ့ကို မြင်တိုင်း သူမအသက်ကို နှုတ်မယ့်သူလိုမျိုး အရမ်းကြောက်နေတာပဲ။ "

" စစ်သူကြီးကျောက် " တုဆွေက ကျောက်ဖုန်းကို နောက်တစ်ကြိမ် ဦးညွှတ်လိုက်သည်။

" ဒါက ကျေးဇူးတင်စကားတစ်ခုနဲ့တင် မလုံလောက်ပါဘူး။ ကျုပ်တုဆွေက ဒီကျေးဇူးကို ရင်ထဲမှာ အမြဲတမ်းမှတ်ထားပါမယ်။ "

" မင်းနာမည်က တုဆွေလား။ " ကျောက်ဖုန်းက ပြောပြီး တစ်ခုခုကို စဉ်းစားနေသည်။

" ဒီနာမည်ကို ရင်းနှီးနေသလိုပဲ။ သမိုင်းထဲက ထင်ရှားတဲ့သူတစ်ယောက်ယောက်နဲ့ တူတယ်။ ဒါပေမယ့် အခုလောလောဆယ် ဘယ်သူလဲဆိုတာ သေချာမမှတ်မိသေးဘူး။ "

မည်သို့ပင်ဖြစ်စေ သမိုင်းတွင် နာမည်ကြီးပုဂ္ဂိုလ်များစွာ ထွက်ပေါ်ခဲ့ပြီး လူတိုင်းကို မှတ်မိရန် မလွယ်ကူပေ။

" ဟုတ်ပါတယ်။ " တုဆွေက ချက်ချင်း ပြန်ဖြေလိုက်သည်။

" ကောင်းပြီ။ မင်းနာမည်ကို ငါမှတ်ထားလိုက်ပါမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" မယ်တော်ကြီးက ထိတ်လန့်သွားပြီ။ ပြီးတော့ အရှင်မင်းကြီးကလည်း ဒီကိစ္စကို သေချာပေါက် စောင့်နေလိမ့်မယ်။ မင်းအမြန်ပြန်ပြီး အစီရင်ခံသင့်တယ်။ "

" နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်ကို ခွင့်ပြုပါဦး။ " တုဆွေက ကျောက်ဖုန်းကို ကျေးဇူးတင်စွာ ကြည့်ပြီး သူ့၏ သင်္ဘောပေါ်သို့ တက်သွားသည်။

" သင်္ဘောတွေလှည့်ကြ။ ငါတို့ပြန်ကြမယ်။ " တုဆွေက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ သူ၏ အမိန့်ကြောင့် သင်္ဘောများက လမ်းကြောင်းပြောင်းပြီး ရွက်လွင့်သွားကြသည်။

သင်္ဘောများ ထွက်သွားသည်ကို ကြည့်နေရင်း ကျောက်ဖုန်းက ပြုံးလိုက်သည်။ " တုဆွေ သူပါလား။ သမိုင်းမှာ ချင်ရှီဟွမ်က ပိုင်ယွဲ့တိုက်ခိုက်ဖို့ အရင်ဆုံး စေလွှတ်ခဲ့တာပဲ။ သူက ရန်သူတွေကို အပြတ်အသတ် အနိုင်ယူခဲ့ပေမယ့် နောက်ဆုံးမှာ ပိုင်ယွဲ့လူမျိုးတွေရဲ့ ပြောက်ကျားတိုက်ခိုက်မှုနဲ့ အဆိပ်ခတ်မှုကြောင့် သေဆုံးခဲ့ရတယ်။ အဲ့ဒီနောက်မှာ ကျောက်ထို့က ပိုင်ယွဲ့နယ်မြေကို ဆက်ပြီး အုပ်ချုပ်ခဲ့တာပဲ။ "

" ဒီတုဆွေနဲ့ ရင်းနှီးထားတာ ကောင်းတဲ့ကိစ္စပဲ။ " ကျောက်ဖုန်းက ပြုံးပြီး တွေးလိုက်သည်။

" ငါက ချင်နိုင်ငံရဲ့ မြို့တော်မှာ အခြေချတဲ့ စစ်သူကြီးတစ်ယောက်မဟုတ်တာ နှမြောစရာပဲ။ မဟုတ်ရင် ရှန်းယန်ကို သွားပြီး ချင်ရှီဟွမ်ရဲ့ အရှိန်အဝါကို ကိုယ်တိုင် မြင်တွေ့ခွင့်ရလိမ့်မယ်။ "

" အရှင် " ကျန်းမင်က ဝေနိုင်ငံဘက်သို့ ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။ " ဒီဝေစစ်တပ်ကတော့ သူတို့နေရာ သူတို့သိသားပဲ။ ချက်ချင်း ပြန်ဆုတ်သွားကြပြီ။ "

ကျောက်ဖုန်းက လှည့်ကြည့်လိုက်သောအခါ အင်အားအလုံးအရင်းနှင့် ချီတက်လာသော ဝေစစ်တပ်က ချက်ချင်း ပြန်ဆုတ်သွားသည်ကို တွေ့လိုက်ရသည်။

" ဝေနိုင်ငံက အရင်လို အင်အားမ​ကြီးတော့ဘူး။ သူတို့ ချင်နိုင်ငံကို စစ်တိုက်ဖို့ မရဲပါဘူး။ " ကျောက်ဖုန်းက ပြုံးပြီး ပြောလိုက်သည်။

" ဟန်နိုင်ငံက ကျဆုံးသွားပြီ။ အခု ဝေနိုင်ငံ အကြောက်ဆုံးက ချင်နိုင်ငံကို စစ်ချီဖို့ အကြောင်းပြချက်တစ်ခု ပေးလိုက်မိမှာပဲ။ တကယ်လို့ သူတို့သာ ကောခိုင်ကို လုယူဖို့ ငါတို့ကို တိုက်ခိုက်ခဲ့ရင် ချင်နိုင်ငံအတွက် ကျူးကျော်ဖို့ အကောင်းဆုံး အကြောင်းပြချက်ဖြစ်သွားလိမ့်မယ်။ " ဝေစစ်တပ် ဆုတ်ခွာသွားသည့်အကြောင်းရင်းကို ကျောက်ဖုန်းက ကောင်းကောင်းနားလည်ပေသည်။

" အရှင် ကျွန်တော်တို့ ဆက်သွားကြမလား။ ဒါမှမဟုတ် ပြန်ဆုတ်ကြမလား။ " ဟန်ရှီက ရိုသေစွာ မေးလိုက်သည်။

" ဆက်သွားမယ်။ အဲ့ဒီမှာ သစ္စာမရှိတဲ့သူတွေ ရှိနေတယ်။ သူတို့ကို အရင်ရှင်းပစ်ရမယ်။ " ကျောက်ဖုန်းက အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။

ဟန်ရှီက လူပေါင်းစုံကို စုစည်းထားသောကြောင့် လူသစ်များထဲတွင် သစ္စာမရှိသူများ ပါဝင်နေသည်။ ထိုလူများကို အခြားသူများအတွက် ဥပမာဖြစ်အောင် ရှင်းပစ်ရပေလိမ့်မည်။

ကျောက်ဖုန်းက ယန်ထင်တွင် အရည်အချင်းမရှိသူကို လက်ခံနိုင်သော်လည်း သူ့အပေါ် သစ္စာမရှိသူများကို လုံးဝ ခွင့်မလွှတ်နိုင်ပေ။ ၎င်းက သူ၏ စည်းမျဉ်းပင်ဖြစ်၏။

ဝေနိုင်ငံ၏ တာလျန်မြို့တော်။

အရှင်ရှင်းလင်း၏ အိမ်တော်တွင် အရာရှိတစ်ယောက်က အကြီးအကဲတစ်ယောက်ကို ရိုသေစွာ ဦးညွှတ်လိုက်သည်။

" အရှင်ရှင်းလင်း နယ်စပ်စောင့် စစ်သူကြီးဆီက သတင်းရပါတယ်။ သူ ခြေတစ်လှမ်းနောက်ကျသွားလို့ ကျောက်နိုင်ငံရဲ့ ဝန်ကြီးချုပ်နဲ့ မဆုံလိုက်ရပါဘူး။ "

ထိုလူက ဝေဝူကျိဟု လူသိများသော စစ်ပြိုင်ခေတ်၏ အရှင်သခင်လေးပါးထဲမှ တစ်ယောက်ဖြစ်သော အရှင်ရှင်းလင်းပင်ဖြစ်သည်။ လက်ရှိခေတ်တွင် သူက အလွန်လေးစားခံရသူဖြစ်ပြီး ဝေနိုင်ငံ၏ ပင်မထောက်တိုင်အဖြစ် သတ်မှတ်ခံရသူဖြစ်သည်။

သူက တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်ပြီး ဝေဘုရင်၏ ယုံကြည်မှုကို အပြည့်အဝ ရရှိထားသူဖြစ်သည်။ လက်အောက်ငယ်သား၏ အစီရင်ခံချက်ကို ကြားသောအခါ ဝေဝူကျိက စိတ်ပျက်သွားသည်။

ချင်မယ်တော်ကြီးကို ပြန်ပေးဆွဲမည့် ကျောက်နိုင်ငံ၏ အကြံအစည်ကို သူကောင်းကောင်းသိထားသည်။ ကောခိုင်က သူ့ကို အရင်လာရောင်တိုင်ပင်ခဲ့ပြီး သူကလည်း သဘောတူခဲ့သည်။

ချင်နိုင်ငံ၏ အင်အားက ပိုမိုကြီးထွားလာသောကြောင့် အခြားနိုင်ငံများအားလုံးက ကြောက်နေကြပြီဖြစ်သည်။ ချင်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ဝေနိုင်ငံက ဟန်နိုင်ငံ ကျဆုံးသွားသည်ကို မြင်တွေ့ခဲ့ရပြီး သူတို့အလှည့်ကျလာတော့မည်ကို သိနေသောကြောင့် ထိတ်လန့်နေကြပြီဖြစ်သည်။ ဝေနိုင်ငံ၏ အင်အားက ကျောက်နိုင်ငံထက် များစွာနိမ့်ကျပြီး ချင်နိုင်ငံနှင့် ယှဉ်နိုင်စရာအကြောင်းမရှိပေ။

" နောက်ဆုံးတော့ ကံတရားက ငါတို့ဘက်မှာ မရှိဘူးထင်တယ်။ " ဝေဝူကျိက သက်ပြင်းချလိုက်သည်။ " တကယ်လို့ ချင်မယ်တော်ကြီးကို ဓားစာခံအဖြစ် ဖမ်းထားနိုင်ရင် ချင်ဘုရင်က ရှေ့ဆက်တိုးရဲမှာမဟုတ်ဘူး။ "

" သူ့အမေကို သုံးပြီး သူ့ကို အကျပ်ကိုင်တာက ယုတ်ညံ့တဲ့ နည်းလမ်းဖြစ်ပေမယ့် နောက်ဆုံးတော့ ဒါက ချင်ကို ရင်ဆိုင်နိုင်မယ့် နည်းလမ်းတစ်ခုပဲ။ စိတ်မကောင်းစရာက အဲ့ဒါက ကျရှုံးသွားတယ်။ " ဝေဝူကျိကသက်ပြင်းချလိုက်သည်။

" အရှင်ရှင်းလင်းအနေနဲ့ အများကြီး တွေးနေတာလည်း ဖြစ်နိုင်ပါတယ်။ " ဝေပေါက မှတ်ချက်ပေးလိုက်သည်။

" ချင်က ဟန်ကို တိုက်ဖို့ အကြောင်းပြချက်က နယ်စပ်မှာ ဟန်ဘက်က ရန်စတာကြောင့်ပဲ။ နောက်ပိုင်းမှာ ဟန်က ချင်ကို တိုက်ဖို့ လှုံ့ဆော်ခဲ့လို့ သူတို့ပျက်ဆီးခဲ့ရတာပဲ။ "

" ကျွန်တော်တို့ ဝေနိုင်ငံက ချင်နဲ့ နှစ်ပေါင်းများစွာ မဟာမိတ်ဖြစ်ခဲ့တာပဲ။ သူတို့က ကျွန်တော်တို့ကို တိုက်ဖို့ အကြောင်းပြချက် မရှိပါဘူး။ တကယ်လို့ တိုက်လာရင်တောင် တခြားနိုင်ငံတွေက ငြိမ်ခံနေမှာမဟုတ်ဘူး။ "

၎င်းကို ကြားသောအခါ ဝေဝူကျိ၏ မျက်လုံးထဲမှာ စိတ်ပျက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

" နန်းတွင်းမှာ မင်းလိုတွေးနေတဲ့သူ ဘယ်လောက်တောင်ရှိနေမလဲ ငါသိချင်မိတယ်။ တရားမျှတတဲ့ အကြောင်းပြချက်ဆိုတာ အရေးကြီးတဲ့ အချိန်မှာတော့ အသုံးဝင်ကောင်း ဝင်နိုင်လိမ့်မယ်။ ဒါပေမယ့် နိုင်ငံတစ်ခုက အခြားနိုင်ငံတွေကို ကြောက်စရာမလိုတဲ့အထိ အင်အားကြီးလာရင် အဲ့ဒီအကြောင်းပြချက်တွေက အသုံးမဝင်တဲ့အရာတွေ ဖြစ်လာလိမ့်မယ်။ "

" ချင်သာ ငါတို့ကို လာတိုက်ရင် ငါတို့ယှဉ်နိုင်မှာမဟုတ်ဘူး။ အခုချိန်မှာတော့ အရေးကြီးတာက ချင်နိုင်ငံကို အကြောင်းပြချက်မပေးမိဖို့ပဲ။ အဲ့ဒါမှ တခြားတိုင်ငံတွေဆီက အကူအညီကို မျှော်လင့်လို့ရမယ်။ ဒါပေမယ့် ငါတို့ဘက်က အမှားတစ်ခုခု လုပ်မိရင်တော့ တခြားနိုင်ငံတွေက စစ်ကူလွှတ်ပေးဖို့ အကြောင်းရင်း ရှိမှာ မဟုတ်တော့ဘူး။ "

" ငါတကယ် နောင်တရမိတယ်။ " ဝေဝူကျိ၏ မျက်လုံးများထဲမှ နောင်တတရားများကို ဖုံးကွယ်နိုင်ရန် ခက်ခဲလှသည်။ " ဟန်နိုင်ငံ စစ်ကူတောင်းတုန်းက ကျောက်နိုင်ငံရဲ့ အဖြေကို မစောင့်ဘဲ ငါ စစ်တပ်ကို ချက်ချင်း စေလွှတ်ခဲ့သင့်တယ်။ အဲ့လိုသာ လုပ်နိုင်ခဲ့ရင် ဟန်ကို ကယ်နိုင်မှာဖြစ်သလို ချင်ကို ခုခံမယ့်နိုင်ငံတစ်ခုလည်း ထိန်းသိမ်းနိုင်ခဲ့လိမ့်မယ်။ "

ယခု သူက အသက်ကြီးနေပြီဖြစ်ပြီး အသက်ရှင်ရန် သိပ်မကျန်တော့ပေ။ သူ၏ ကျန်ရှိသော သက်တမ်းတွင် ဝေနိုင်ငံကို ချင်လက်ထဲမှ ကာကွယ်ပေးချင်သည်။ ချင်က ပို၍ အင်အားကြီးလာလေ သူ၏ စိတ်ထဲမှ စိုးရိမ်မှုက ပို၍ လေးလံလာလေဖြစ်သည်။

" ကျောက်နိုင်ငံက ဝန်ကြီးချုပ်ရဲ့ အခြေအနေက ဘယ်လိုရှိလဲ။ " ဝေဝူကျိက မေးလိုက်သည်။

" စစ်သူကြီးချောင်ရဲ့ စကားအရ အကွာအဝေးက အရမ်းဝေးလွန်းလို့ ဝန်ကြီးချုပ် ကောခိုင်က အဖမ်းခံရတာလား။ ဒါမှမဟုတ် လွတ်သွားတာလားဆိုတာကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပါဘူး။ "

" အဲ့ဒီဝန်ကြီးချုပ်သာ သေသွားရင်တော့ ကောင်းတာပေါ့။ " ဝေဝူကျိက အေးစက်စွာ ပြောလိုက်သည်။

ထိုစကားများကြားသောအခါ ဝေပေါက နားမလည်နိုင်ဖြစ်သွားသည်။ " အရှင်က ဝန်ကြီးချုပ် ကောခိုင်နဲ့ ရင်းရင်းနှီးနှီးစကားပြောခဲ့တာမဟုတ်ဘူး။ သူကလည်း အရှင့်ကို လေးစားတဲ့ပုံပါပဲ။ "

" ကောခိုင်က လောဘနောက်လိုက်တဲ့ လူဖျင်းတစ်ယောက်ပဲ။ ငါသူ့ကို ပေါင်းတယ်ဆိုတာ သူက ကျောက်ဘုရင် မျက်နှာသာပေးခံထားရသူဖြစ်လို့ပဲ။ " ဝေဝူကျိက တည်ငြိမ်စွာ ပြောလိုက်သည်။

" သူက အကျိုးအမြတ်ကိုပဲ ကြည့်ပြီး ကုန်းချောတတ်တဲ့ ဝန်ကြီးတစ်ယောက်ပဲ။ တကယ်လို့ သူသာသေသွားရင် ကျောက်နန်းတွင်းမှာ လျန်ပိုနဲ့ ကျောက်ယိတို့ နေရာပြန်ရလာလိမ့်မယ်။ အဲ့ဒါကမှ ငါတို့ဝေနိုင်ငံအတွက် ကောင်းတဲ့အရာပဲ။ "

" အရှင်ရဲ့ အမြင်က တကယ်ကို မှန်ကန်ပါတယ်။ " ဝေပေါက ထောက်ခံလိုက်သည်။

All Chapters