သူတော်စင်အဆင့် နည်းစနစ်ကို ထုတ်ဖော်ခြင်း
Vol. 28 Ch. 407
ပိုင်ကျီဟန်၏ ပါးစပ်ဖျားမှ သူတော်စင်အဆင့် နည်းစနစ်ဟူသော စကားလုံး ထွက်လာသည်နှင့် နေရာတစ်ခုလုံး သေလုမတတ် တိတ်ဆိတ်သွားသည်။
မဟာအကြီးအကဲများသည် မိုးကြိုးပစ်ခံလိုက်
ရသလို တောင့်တင်းသွားကြချေသည်။
"သူတော်စင်အဆင့်လား?"
"သူ အခုလေးတင် သူတော်စင်အဆင့်လို့ ပြောလိုက်တာလား?"
ကောက်းကင်အင်ပါယာတစ်ခုလုံး၏ သမိုင်းကြောင်းတွင် သူတော်စင်အဆင့် နည်းစနစ်များမှာ ဒဏ္ဍာရီသက်သက်သာ ဖြစ်ခဲ့သည်။
ဘယ်တုန်းကမှ မရှိခဲ့ဖူးချေ။
"ဒါကြောင့်ကိုး..."
ပိုင်ယွီသည် တွေဝေသော မျက်လုံးများဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
"မထူးဆန်းတော့ပါဘူး... အဲဒီဓားသိုင်းက ကောင်းကင်ဘုံကိုယ်တိုင် ဆင်းသက်လာသလို ခံစားရတာ မအံ့ဩတော့ဘူး"
သူတို့၏ မျက်လုံးထဲတွင် အံ့ဩတုန်လှုပ်မှုနှင့် ရိုသေလေးစားမှုများ ပြည့်နှက်သွားသည်။
အကယ်၍ ဤစကားကို တခြားသူတစ်ယောက်က ပြောလျှင် အဓိပ္ပာယ်မရှိသော စကားဟု ထင်မှတ်ကြမည်ဖြစ်သော်လည်း ယခုပြောသူမှာ မျိုးနွယ်စုထံသို့ သူတော်စင်အဆင့် လက်နက်ကို လှူဒါန်းခဲ့သည့် ပိုင်ကျီဟန် ဖြစ်နေသည်။ ထို့ကြောင့် သူ့ကို သံသယဝင်ရန် အကြောင်းမရှိသလို၊ ထိုနည်းစနစ်ကိုလည်း သူတို့ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
"ကဲ..." ပိုင်ကျီဟန်က ဆိုလေ၏ "အခုဆိုရင် ဒါက ဘယ်လိုနည်းမျိုးလဲဆိုတာ အကြီးအကဲတို့ သိပြီပဲ။ ဘယ်လိုထင်လဲ? ကျွန်တော်သာ ဒါကို အကြီးအကဲတို့ကို သင်ပေးရင် ကျွန်တော် မလုံခြုံတော့ဘူးလို့ ထင်နေတုန်းပဲလား?"
မဟာအကြီးအကဲများ အချင်းချင်း ကြည့်
လိုက်ကြသည်။
သူတို့ ဘာတွေးနိုင်ဦးမည်နည်း။
"ငါတို့မှာသာ ဒီလိုနည်းစနစ်မျိုး ရှိရင်..."
ပိုင်ချူက မျက်လုံးများ တောက်ပလျက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ " ချီလင်း ဒါမှမဟုတ် မိုကျွင်းလို ရန်သူတွေကို ရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်တော့ဘူး"
"မှန်တယ်" ပိုင်ရမ်က ပြတ်ပြတ်သားသား ဆိုသည်။ "ဒီလိုနည်းစနစ်မျိုးကိုသာ ငါတို့ တတ်မြောက်ထားရင်... ငါတို့ ရင်မဆိုင်နိုင်တဲ့ ပြိုင်ဘက်ဆိုတာ ရှိမှာမဟုတ်ဘူး"
သူက ပိုင်ကျီဟန်ကို စူးရှသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"မင်း ဆိုလိုတာက..."
ပိုင်ကျီဟန်က ခပ်မှိန်မှိန် ပြုံးလိုက်သည်။
"ဒီလိုလုပ်ရအောင်" သူက တည်ငြိမ်စွာ ဆိုသည်။ "ကျွန်တော် နေခဲ့မယ်"
မဟာအကြီးအကဲများ ကိုယ်ဟန် တောင့်တင်းသွားကြသည်။
"အဲဒီအတွက် အပြန်အလှန်အနေနဲ့..." ပိုင်ကျီဟန်က ဆက်ပြောသည်။ "ကျွန်တော် မဟာအကြီးအကဲတွေကို သူတော်စင်အဆင့် ဓားသိုင်း သင်ပေးမယ်"
ခဏတာမျှ
တိတ်ဆိတ်သွားပြန်သည်
သူတော်စင်အဆင့်နည်းစနစ်
ပိုင်ရမ်သည် ပိုင်ကျီဟန်ကို အတန်ကြာ စိုက်ကြည့်နေပြီးမှ အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်လိုက်သည်။
"ဒါက..." သူက သတိထား၍ ပြောလိုက်သည်။ "...မဆိုးလှတဲ့ အလဲအလှယ်ပဲ"
မဟာအကြီးအကဲ အများအပြားမှာ အလိုအလျောက် ခေါင်းငြိမ့်လိုက်ကြသည်။
ဤကဲ့သို့သော နည်းစနစ်မျိုးဖြင့်ဆိုလျှင် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ အဆမတန် မြင့်တက်လာမည်ဖြစ်သည်။
ပိုင်ကျီဟန်ကို ကာကွယ်ပေးရန်။
မိစ္ဆာကျင့်ကြံသူများကို ချေမှုန်းရန်။
ပရိယာယ်များသော မျိုးနွယ်စုများကို ဖိနှိပ်ရန်
အားလုံးက လက်တွေ့ကျလာတော့မည် ဖြစ်သည်။
နောက်ဆုံးတွင် ပိုင်ယွီက ပြန်လည်ပြောကြားလိုက်သည်။
"ကျီဟန်... ဒါကို နားလည်ပေးပါ။ မင်းကို မျိုးနွယ်စုဆီ ပြန်လာစေချင်တာက ရန်သူတွေ အများကြီး မင်းကို ပစ်မှတ်ထားနေမှာ စိုးရိမ်လို့ပါ"
"ဟုတ်တယ်" ပိုင်ချူကလည်း ရိုးသားသော လေသံဖြင့် ထပ်လောင်းပြောသည်။ "ငါတို့ မင်းကို ထွက်သွားခိုင်းတာက မင်းကို မကာကွယ်နိုင်မှာ ကြောက်လို့ပါ"
"မင်း ဒီမှာနေဖို့ ရွေးချယ်ရင်တောင် ငါတို့ တောင်းဆိုခဲ့တာကို စဉ်းစားပေးပါဦး" ပိုင်ရမ်က တည်တည်တံ့တံ့ ပြောလိုက်သည်။
ပိုင်ကျီဟန်က တစ်ချက် ခေါင်းငြိမ့်ပြလိုက်သည်။
"စဉ်းစားပါ့မယ်”
သူ့အမူအရာက ရိုသေလေးစားမှုရှိပြီး ရိုးသားပုံရသည်။
အနည်းဆုံးတော့ သူတို့အမြင်တွင်
ဖြစ်သည်။
သို့သော် ပိုင်ကျီဟန်သည် ဤစစ်မြေပြင်မှ ထွက်သွားရန် အစီအစဉ် လုံးဝမရှိပေ။
သို့သော်လည်း မဟာအကြီးအကဲများသည် သူ့အပေါ် စိတ်ရင်းဖြင့် စေတနာထားနေသည်ကို သူ သိပေသည်။
နောက်ဆုံးတွင် ပိုင်ကျီဟန်သည် ကတိအတိုင်း လုပ်ဆောင်ခဲ့သည်။
သို့သော် အတိုင်းအတာ တစ်ခုအထိသာ ဖြစ်သည်။
သူသည် သူတော်စင်အဆင့် ဓားသိုင်း၏ သီအိုရီပိုင်းဆိုင်ရာ ပုံစံ၊ ၎င်း၏ ရည်ရွယ်ချက်နှင့် အခြေခံသဘောတရားများကို တည်ငြိမ်စွာ ရှင်းပြခဲ့သည်။
သူ သိသမျှကိုပင် ချရေးပေးခဲ့သည်။
ထိုမျှသာ ဖြစ်သည်။
လက်တွေ့ သရုပ်ပြရန်လား?
လက်ရှိအချိန်တွင် သူသည် သရုပ်ပြနိုင်သော အခြေအနေတွင် မရှိပေ။ စာရေးခြင်းသည်ပင် သူ၏ လက်ရှိကိုယ်ခန္ဓာအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။
မဟာအကြီးအကဲများကလည်း သူ၏ ကိုယ်ခန္ဓာအခြေအနေကို သိရှိထားသဖြင့် လက်တွေ့သရုပ်ပြရန် တောင်းဆိုခြင်း မပြုခဲ့ကြပေ။
ဒါ့အပြင် သူတို့သည် စစ်မြေပြင်၌ ထိုနည်းစနစ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ပြီးသားဖြစ်တာကြောင့် အနည်းဆုံးတော့ အကြမ်းဖျင်း နားလည်ထားပြီးသားလည်း ဖြစ်၏
ကိစ္စရပ်တွေ အားလုံးပြီးသွားသည့်နောက်မှာတော့ ပိုင်ကျီဟန်က ခွင့်ပန်ပြီး ထွက်လာခဲ့ပေသည်။
သူသည် အငြင်းအခုန်များ ပြင်းထန်နေဆဲ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် အသည်းအသန် ဆွေးနွေးနေကြဆဲ၊ လက်ရေးမူကို တန်ဖိုးကြီးရတနာတစ်ခုလို ကိုင်တွယ်နေကြဆဲဖြစ်သော မဟာအကြီးအကဲများကို ထားရစ်ခဲ့ပြီး သူ့တဲဆီကို လျှောက်လှမ်းလာခဲ့၏
တပ်စခန်းအတွင်းမှာတော့ အခုဆိုရင် ပိုပြီးတိတ်ဆိတ်နေချေပြီ။
ညချမ်းအချိန်က စတင်စိုးမိုးနေ၏
လေထုထဲမှာတော့ သွေးညှိနံ့တွေက စွဲကျန်နေဆဲပင်
ပိုင်ကျီဟန်သည် လက်ကိုမြှောက်ပြီး သူ့တဲ၏ လိုက်ကာကို ဘေးသို့ဖယ်လိုက်ရင်း -
ခဏတာ ရပ်တန့်သွား၏
သူ့မျက်လုံးများ လက်ခနဲ ဖြစ်သွားချေသည်။
ဒီနေ့မှာတော့...
သူသည် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူ သုံးယောက်ကို သတ်ဖြတ်ခဲ့သည်။
သူ့မျက်နှာပေါ်၌ အပြုံးတစ်ခုသည် ဖြည်းဖြည်းချင်း ပေါ်လာ၏။
"ဒါအတွက် တစ်ခုခုတော့ ဆုလာဘ်ရသင့်တယ် မလား?"
သူက ကိုယ်ကိုအနည်းငယ် မတ်လိုက်ပြီး စိတ်ထဲကနေ ပေါ့ပေါ့ပါးပါးနဲ့ မျှော်လင့်တကြီး ရေရွတ်လိုက်၏
"စနစ်”
ရင်းနှီးပြီးသားဖြစ်သည့် အင်တာဖေ့စ်တစ်ခုက သူ့မျက်စိရှေ့မှာ ပေါ်ထွက်လာ၏
ပိုင်ကျီဟန်သည် ဘာမှတွန့်ဆုတ်မနေဘဲ ဆုလာဘ်ကဏ္ဍဆီ အမြန်သွားလိုက်ပေသည်။
[ထုတ်ယူခြင်းမပြုရသေးသော ဆုလာဘ်များ ရရှိနိုင်သည်]
မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူကို ပထမဆုံးအကြိမ် သတ်ဖြတ်ခြင်း: [ ၁၀၀ ဆ ကျင့်ကြံမှုအရှိန်မြှင့်ကတ် (၃ရက်) ] မဟာကောင်းကင်ဘုံ တက်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူကို သတ်ဖြတ်ခြင်း: [ ကိုယ်ခံပညာဉာဏ်အလင်းပွင့်ကတ် (၁ ရက်) ] မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူကို သတ်ဖြတ်ခြင်း: [ ၁၀,၀၀၀ မှတ် ]
ခဏတာမျှ သူကိုယ်သူ မယုံနိုင်အောင် ဖြစ်သွားပေသည်။
အဆင့်-၁၀ မိစ္ဆာသားရဲတစ်ကောင်ကို သတ်တုန်းကလိုပင် ဆုလာဘ်များသည် သာမန်လောက်ပဲ ဖြစ်လိမ့်မည်ဟု သူထင်ထားခဲ့၏
သို့တိုင် စနစ်မှ မိစ္ဆာသားရဲများနှင့် မိစ္ဆာကျင့်ကြံသူများ အထူးသဖြင့် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့်ရှိသူကို ခွဲခြားဆက်ဆံသည်မှာ ထင်ရှား၏ အစောပိုင်းက မဟာအကြီးအကဲများကိုရင်ဆိုင်ဖြေရှင်းနေရတာကြောင့် အမှတ်တွေ အများကြီး လွတ်သွားခဲ့သည်ကို သူနောင်တရနေခဲ့ပေမဲ့ အခုတော့ ထိုသို့ မခံစားရတော့ပေ။
အစားထိုးအနေဖြင့် သူ တကယ်ကို ကျေးဇူးတင်မိ၏
၁၀၀ ဆ ကျင့်ကြံမှုအရှိန်မြှင့်ကတ် တစ်ခုတည်းနဲ့တင် တန်နေချေပြီ။ ကိုယ်ခံပညာဉာဏ်အလင်းပွင့်ကတ်နှင့် အမှတ် ၁၀,၀၀၀ ဆိုတာကတော့ ပြောနေစရာတောင် မလိုတော့ကေ။
"ငါ မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူတွေကိုပဲ အမဲလိုက်ရမလား?"
ပိုင်ကျီဟန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
ယင်းက စိတ်ကူးယဉ်ဆန်သော အတွေးမျိုးတော့ မဟုတ်ပေ။
ကောင်းကင်ဘုံ အမိန့်တော် ပြောင်းပြန်လှန်ခြင်း နည်းစနစ်ဖြင့် သူသည် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ပြိုင်ဘက်သုံးယောက်ကိုပင် ရင်ဆိုင်နိုင်ကြောင်း သက်သေပြခဲ့ပြီးသား ဖြစ်သည်။
ထို့နောက် သူသည် မင်းသမီးလေးတစ်ပါးကဲ့သို့ ပွေ့ချီခံခဲ့ရသည်ကို သတိရသွားပြီး ခေါင်းခါယမ်းလိုက်သည်။
ဆုလာဘ်များက ကောင်းမွန်သော်လည်း စွန့်စားရမှုက ပို၍ပင် ကြီးမားလှသည်။
မဟာအကြီးအကဲများ ပြောခဲ့သလိုပင် ရန်သူများသည် သူ့ကို အရပ်မျက်နှာအနှံ့မှ ပစ်မှတ်ထားနေကြသည်။
အကယ်၍ သူသာ နောက်တစ်ကြိမ် အားအင်ကုန်ခမ်းသည့် အခြေအနေသို့ ရောက်သွားပါက အသတ်ခံရနိုင်ခြေမှာ သိသိသာသာ မြင့်တက်လာပေလိမ့်မည်။
ထို့ကြောင့် မလိုအပ်ဘဲ စွန့်စားခြင်းထက် အမှတ်များကို ဖြည်းဖြည်းချင်း စုဆောင်းခြင်းက ပို၍ကောင်းမွန်ပေသည်။
ဤဆုလာဘ်များကို ကံကောင်းသော ကောင်းချီးများဟုသာ မှတ်ယူနိုင်သည်။
စွန့်စားရမှုများကို နောက်ဆုံးတစ်ကြိမ် ချိန်ဆပြီးနောက် ပိုင်ကျီဟန်က သက်ပြင်းကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်သည်။
"မလိုအပ်ဘဲနဲ့တော့ မစွန့်စားတော့ဘူး"
သူ့တွင်ရှိနေသော လောဘစိတ်ကို အတင်းအကျပ် နှိပ်ကွပ်ရင်း တိုးတိုးလေး ပြောလိုက်ချေသည်။
ထို့နောက် သူသည် ကျင့်ကြံရန်အတွက် သူ့တဲအတွင်းသို့ ပြန်ဝင်ခဲ့သည်။
ပိုင်ကျီဟန်သည် တဲအဝင်ဝသို့ လှည့်ကြည့်ကာ ပိုင်မျိုးနွယ်စုဝင် တစ်ယောက်ကို ရှာလိုက်သည်။
"မင်း”
ပိုင်ကျီဟန်ကို စိုက်ကြည့်နေသော ပိုင်မျိုးနွယ်စုဝင်မှာ ပိုင်ကျီဟန်မှ သူ့ကို လက်ညှိုးထိုးလိုက်သောအခါ လန့်သွားသည်။
ပိုင်ကျီဟန်သည် သူ့ကို အနားသို့ လာရန် အချက်ပြလိုက်သည်။
ချက်ချင်းဆိုသလိုပင် ခြေသံများ အမြန်ရောက်ရှိလာသည်။
ထိုပိုင်မျိုးနွယ်စု တပည့်သည် အထဲသို့ဝင်လာပြီး ပိုင်ကျီဟန်ကို မြင်သည်နှင့် အရိုအသေပေးကာ ဦးညွှတ်လိုက်သည်။
"သခင်လေး”
သူ့လေသံမှာ ရိုသေလေးစားမှု အပြည့်ရှိနေပြီး ကြည်ညိုအားကျမှုလည်း ပါဝင်နေသည်။
"ငါ တံခါးပိတ်ကျင့်ကြံတော့မယ်"
ပိုင်ကျီဟန်က ဆိုသည်။ "ငါ့ကို ဘယ်သူမှ မနှောင့်ယှက်စေနဲ့"
ထိုတပည့်မှာ ချက်ချင်းပင် ကိုယ်ကို မတ်လိုက်သည်။
"ဟုတ်ကဲ့ပါ သခင်လေး”
ယခုကဲ့သို့ နေရာမျိုးတွင် တံခါးပိတ်ကျင့်ကြံရန် ဆုံးဖြတ်ခြင်းမှာ ထူးဆန်းနေသော်လည်း သူက ပြန်မမေးဝံ့ပေ။
အဆုံးတွင်တော့ သူသည် သခင်လေးကျီဟန်၏ ရွေးချယ်မှုကို မေးခွန်းထုတ်ရအောင် မည်သူနည်း။
"ဒီအမိန့်ကို ရှင်းရှင်းလင်းလင်း ပြောထားလိုက်" ပိုင်ကျီဟန်က ဆက်ပြောသည်။ "နောက်သုံးရက်... ဒါမှမဟုတ် ငါပြန်ထွက်မလာမချင်း ဘယ်သူမှ ဒီတဲထဲကို မဝင်စေနဲ့"
သူက ခဏတာ ရပ်တန့်လိုက်ပြီး တည်ငြိမ်စွာ ထပ်လောင်းပြောလိုက်သည်၏
"မိစ္ဆာသားရဲတွေ ဒါမှမဟုတ် မိစ္ဆာကျင့်ကြံသူတွေ ကျူးကျော်လာရင်တောင်မှပဲ"
ပိုင်မျိုးနွယ်စုဝင်က ပြတ်ပြတ်သားသား ခေါင်းငြိမ့်ပြလိုက်သည်။ "နားလည်ပါပြီ သခင်လေး”