← Chapters

ဤနေရာတွင် သေဆုံးရန် ကံပါလာသူများ

Vol. 28 Ch. 413

ဤနေရာတွင် သေဆုံးရန် ကံပါလာသူများ

Vol. 28 Ch. 413

"ကောင်းကင်အမိန့်တော် ပြောင်းပြန်လှန်ခြင်း “

ပိုင်ကျီဟန်သည် အချိန်ဆွဲမနေဘဲ ကောင်းကင်အမိန့်တော် ပြောင်းပြန်လှန်ခြင်းနည်းစနစ်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။

ပိုင်ကျီဟန်၏ အရှိန်အဝါသည် ပြင်းထန်စွာ မြင့်တက်လာပြီး ဗလာသန့်စင်ခြင်းအဆင့်အထွတ်အထိပ်သို့ ကျော်လွန်သွားပြီးမှ တည်ငြိမ်သွားသည်။

ခေါင်းဆောင်ဖြစ်သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။

"ဒီထူးဆန်းတဲ့ နည်းစနစ်ကို ထပ်သုံးပြန်ပြီပဲ။"

သို့သော် သူ နောက်မဆုတ်ခဲ့ပေ။ ထို့ပြင် လှောင်ပြောင်ရယ်မောလိုက်သေးသည်

"သူ့ကို ဝိုင်းလိုက်ကြစမ်း။ အပြတ်ရှင်းပစ်”

ငါးယောက်လုံး တစ်ပြိုင်နက် လှုပ်ရှားလိုက်ကြသည်။

မိစ္ဆာစွမ်းအင်များ ဟိန်းဟောက်သွားပြီး သူတို့သည် သတ်ဖြတ်ခြင်း အခင်းအကျင်းတစ်ခုအဖြစ် လူစုခွဲကာ ပိုင်ကျီဟန်ကို အရပ်မျက်နှာအနှံ့မှ ဝိုင်းရံလိုက်ကြသည်။

သွေးရောင်လွှမ်းသော စာလုံးတန်းများသည် သူတို့၏ အရှိန်အဝါများကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပေးထားပြီး စွမ်းအားကို ပိုမိုမြင့်တင်ပေးထားသည်။

ပိုင်ကျီဟန်ကို ကိုင်တွယ်ရန် သူတို့ငါးယောက်ကို ရွေးချယ်ခဲ့ခြင်းမှာ တစ်ဦးချင်းစီ၏ ခွန်အားကြောင့်သာ မဟုတ်ပေ။

သူတို့သည် တစ်ဦးတည်းကဲ့သို့ ပေါင်းစည်း တိုက်ခိုက်နိုင်သောကြောင့် ဖြစ်သည်။

သူတို့ စုပေါင်းတိုက်ခိုက်လျှင် မည်မျှပင် သန်မာသော မဟာကောင်းကင်ဘုံတက်ခြင်းအဆင့်ကျင့်ကြံသူကိုမဆို သတ်ဖြတ်နိုင်ခဲ့ကြသည်။

အကြည့်တစ်ချက်၊ အရှိန်အဝါ အတက်အကျတစ်ခု သို့မဟုတ် သတ်ဖြတ်လိုစိတ်၏ အနည်းငယ်သော ပြောင်းလဲမှုသည်ပင် အခြားသူများ ချက်ချင်း တုံ့ပြန်နိုင်ရန် လုံလောက်နေပြီဖြစ်သည်။

လိုအပ်သည်ထက် ပိုသော လှုပ်ရှားမှုမရှိသလို၊ တုံ့ဆိုင်းမှုလည်း မရှိပေ။

တစ်ဦး၏ ဟာကွက်ကို ကျန်သူများက အပြည့်အဝ ဖုံးကွယ်ပေးထားသည်။

"အရိပ်ကိုးပါး စီးဆင်းနေတဲ့ အလင်းဓား”

ပိုင်ကျီဟန်က အရင် စတင်လှုပ်ရှားလိုက်သည်။

သူ၏ ပုံရိပ်သည် ဝေဝါးသွားပြီး ဓားအလင်းတန်းမှာ ထပ်တူကျနေသော ပုံရိပ်ယောင် ကိုးခုအဖြစ် ကွဲထွက်သွားသည်။

အရိပ်များသည် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး တစ်ခုချင်းစီတွင် စစ်မှန်သော ဓားရည်ရွယ်ချက်များ ပါဝင်နေကာ ခွဲခြား၍မရနိုင်ပေ။

ခဏချင်းတွင် ချိတ်ပိတ်ထားသော နယ်မြေအတွင်း၌ ပိုင်ကျီဟန် ပုံရိပ်များ ပြည့်နှက်သွားသည်။

မိစ္ဆာကျင့်ကြံသူ တစ်ဦးက တိုက်ခိုက်လိုက်သော်လည်း

သူ၏ တိုက်ကွက် ထိမှန်သွားသည့် အခိုက်အတန့်တွင် သူ၏ ရှေ့မှ ပိုင်ကျီဟန်သည် မြူခိုးများအဖြစ် ပျက်စီးသွားသည်။

"ဒါက အတုပဲ”

သူ စကားမဆုံးခင်မှာပင်...

ဘုန်း

တိုက်ကွက်ငါးခု တစ်ပြိုင်နက် ကျရောက်လာသည်။

အရိပ်များအားလုံး တစ်ပြိုင်နက်တည်း ချေမှုန်းခံလိုက်ရသည်။

ဓားချက်များ၊ လက်သည်းချက်များနှင့် မိစ္ဆာအတတ်ပညာများသည် တစ်ခုနှင့်တစ်ခု အပြည့်အဝ ထပ်တူကျနေပြီး အရိပ်ကိုးခုလုံးမှာ သတ်ဖြတ်ခြင်း ဓားချက်တစ်ချက်ပင် မထုတ်ရသေးမီ ပျောက်ကွယ်သွားရသည်။

ဖြုန်းတီးသော လှုပ်ရှားမှု မရှိပေ

နောက်ကျသော တုံ့ပြန်မှုလည်း မရှိပေ။

အလယ်ဗဟိုတွင်မူ...

ချလွမ်

လေးလံသော မိစ္ဆာဓားကြီးတစ်လက်က ပိုင်ကျီဟန်၏ ကာကွယ်မှုကို ပြင်းထန်သည် ရိုက်ခတ်လိုက်သဖြင့် သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ ခြေတစ်ဝက်ခန့် ဆုတ်သွားရသည်။

ဓားချင်း ထိတွေ့မှုကြောင့် မီးပွားများ လွင့်စင်သွားပြီး ရိုက်ခတ်မှုမှာ အခင်းအကျင်းအတွင်း လှိုင်းထသွားစေသည်။

ကျန်သော လေးယောက်က ဟာကွက်ကို မြင်လိုက်သည်။

"အခုပဲ”

သူတို့အားလုံး တစ်ပြိုင်နက် ရှေ့သို့ အတင်းတိုးဝင်လာကြပြီး သတ်ဖြတ်လိုစိတ်များနှင့်အတူ အရှိန်အဝါများကို အမြင့်ဆုံးသို့ မြှင့်

တင်လိုက်ကြသည်။

မိစ္ဆာစွမ်းအင်များသည် ပိုင်ကျီဟန်ကို လုံးဝ ချေမှုန်းပစ်ရန်အတွက် တစ်ခုနှင့်တစ်ခု ထပ်နေသော လှိုင်းလုံးကြီးများအလား ဟိန်းဟောက်နေတော့သည်။

ပိုင်ကျီဟန်၏ မျက်လုံးများ ထက်မြက်သွားသည်။

သူ၏ ကျင့်ကြံခြင်းစွမ်းအင်များ ထပ်မံ မြင့်တက်လာသည်။

သူက လက်ကောက်ဝတ်ကို လှည့်လိုက်ရာ စွမ်းအားများသည် သောင်းကျန်းနေသော ဒီရေကဲ့သို့ သူ၏ လက်မောင်းမှတစ်ဆင့် စီးဆင်းသွားပြီး သူ့ကို တိုက်ခိုက်နေသော မိစ္ဆာကျင့်ကြံသူကို နောက်သို့ လွင့်ထွက်သွားစေကာ စုပေါင်းတိုက်ခိုက်မှု၏ အရှိန်အဟုန်ကို ဖျက်ဆီးပစ်လိုက်သည်။

"ထာဝရစီးဆင်းနေတဲ့ ရေဓား “

ပိုင်ကျီဟန်၏ ဓားသည် ချောမွေ့သော စက်ဝိုင်းပုံစံ အဝိုင်းအတိုင်း ရွေ့လျားသွားသည်။

ဓားအလင်းတန်းသည် ထာဝရမြစ်တစ်စင်းကဲ့သို့ စီးဆင်းသွားပြီး သူ၏ ပတ်ပတ်လည်တွင် အလွှာလိုက် ကာကွယ်ရေး လှိုင်းတံပိုးများ ဖြစ်ပေါ်လာသည်။

ကျရောက်လာသော တိုက်ကွက်တိုင်းကို ဆီးကြို၍ လမ်းကြောင်းလွှဲကာ ဖျက်ဆီးပစ်လိုက်သည်။ ပြင်းထန်သော စွမ်းအားများကို ထိပ်တိုက်ရင်ဆိုင်ခြင်းထက် ဝါးမြိုပြီး လမ်းလွဲပေးလိုက်ခြင်းသာ ဖြစ်သည်။

ချလွမ်း ချလွမ်း ချလွမ်း

အရပ်မျက်နှာအနှံ့မှ တိုက်ကွက်များ မိုးရွာသကဲ့သို့ ကျရောက်နေသော်လည်း တစ်ခုမှ ထိုးဖောက်နိုင်ခြင်း မရှိပေ။

မိစ္ဆာစွမ်းအင်နှင့် ဓားရည်ရွယ်ချက်တို့ အဆုံးမရှိ တိုက်ခိုက်နေကြသဖြင့် ချိတ်ပိတ်ထားသော နယ်မြေမှာ တုန်ခါနေသည်။

ထိုမုန်တိုင်းအလယ်တွင် ပိုင်ကျီဟန်သည် တည်ငြိမ်စွာ၊ မယိမ်းမယိုင်ဘဲ ရပ်နေဆဲပင်။

သုံးမိနစ် ကုန်ဆုံးသွားသည်။

အခင်းအကျင်းအတွင်းတွင် အသက်ရှူသံတိုင်းမှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

မိစ္ဆာကျင့်ကြံသူ ငါးဦးသည် ရပ်နားခြင်းမရှိဘဲ တိုက်ခိုက်နေကြသည်။

သူတို့၏ အခင်းအကျင်းသည် အဆက်မပြတ် ပြောင်းလဲနေသည်။

တိုက်စစ်မှ ခုခံစစ်သို့၊ အယောင်ပြတိုက်ကွက်မှ အသေသတ်သော တိုက်ကွက်များသို့ အပြည့်အဝ ဟန်ချက်ညီညီ ပြောင်းလဲနေကြသည်။

တစ်ယောက် ဆုတ်လျှင် တစ်ယောက် တက်သည်။

တိုက်ကွက်တစ်ခု ပျက်ပြယ်သွားလျှင် နောက်ထပ် သုံးခုက ချက်ချင်း လိုက်လာသည်။

၎င်းမှာ အပြစ်ပြောစရာမရှိသော လက်တွဲဆောင်ရွက်မှုပင် ဖြစ်သည်။

သို့သော်လည်း...

သူတို့ ခြေတစ်လှမ်းမျှ ရှေ့တိုး၍ မရခဲ့ပေ။

ပိုင်ကျီဟန်သည် မလှုပ်မယှက်သော ဝင်ရိုးတစ်ခုကဲ့သို့ အလယ်ဗဟိုတွင် ရပ်နေပြီး သူ၏ ဓားမှာလည်း ရပ်တန့်သွားခြင်း မရှိပေ။

ထာဝရစီးဆင်းနေသောရေဓားသည် ဆက်လက် လှည့်ပတ်နေပြီး ဓားအလင်းတန်းများသည် အဆုံးမဲ့ဒီရေများကဲ့သို့ တက်လိုက်ကျလိုက် ဖြစ်နေသည်။

မည်မျှပင် ပြင်းထန်သော တိုက်ခိုက်မှုဖြစ်စေ၊ ၎င်းမှာ စုပ်ယူခံရခြင်း၊ လမ်းလွဲခံရခြင်းနှင့် လူစုခွဲခံရခြင်းတို့ဖြင့်သာ အဆုံးသတ်သွားသည်။

သုံးမိနစ်အတွင်း

သွေးတစ်စက်ပင် မကျခဲ့ပေ။

မိစ္ဆာကျင့်ကြံသူများ၏ မျက်နှာမှာ ပို၍ မဲမှောင်လာသည်။

သူ့ကို စွမ်းအားချင်း ယှဉ်ပြီး နှိပ်ကွပ်ဖို့ ကြိုးစားခြင်းမှာ အလကားပင်။

တိုက်ခိုက်မှုတိုင်းက သူတို့ကို ထိတ်လန့်စရာ အမှန်တရားတစ်ခုကို ပြောပြနေသည် - ပိုင်ကျီဟန်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် သူတို့ထက် ပိုသန်မာနေသည်။

တိုက်ခိုက်မှုတိုင်းတွင် သူတို့၏ လက်မောင်းများမှတစ်ဆင့် ထုံကျင်သွားစေသော စွမ်းအားများ ပြန်လည် စီးဆင်းလာပြီး သူတို့၏ အရိုးများနှင့် သွေးကြောများကို မိစ္ဆာစွမ်းအင်ဖြင့် ခုခံထားသည့်ကြားမှ တုန်ခါသွားစေသည်။

ပိုဆိုးသည်မှာ ထိုအချက် မဟုတ်သေးပေ။

“ သူ့မှာ ကျင့်ကြံခြင်းစွမ်းအင်ကုန်သင့်နေပြီ”

တစ်ယောက်က ခက်ထန်စွာ တွေးလိုက်သည်။

သူတို့ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။

ပြီးခဲ့သည့်တစ်ခေါက်က

ပိုင်ကျီဟန်သည် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် အကြီးအကဲ သုံးယောက်နှင့် တိုက်ခိုက်ပြီး အသက်ရှင်ခဲ့သော်လည်း အနိုင်နိုင်သာ ဖြစ်သည်။

သူသည် စွမ်းအားများ လုံးဝ ကုန်ခန်းသွားပြီး မတ်တပ်ပင် မရပ်နိုင်ခဲ့ပေ။

ထို့ကြောင့်လည်း သူတို့က သူ့ကို ပိတ်ဆို့ဖို့ ရဲတင်းခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း သူတို့ ယုံကြည်မှု ရှိခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ယခုမူ...

မိနစ်များစွာ ကုန်ဆုံးသွား၏

ပိုင်ကျီဟန်၏ အရှိန်အဝါသည် အနည်းငယ်မျှပင် အားမနည်းသွားပေ။

အနည်းငယ်ပင်

သူ၏ စွမ်းအင်စီးဆင်းမှုသည် အမြဲတမ်း ပြန်လည် ဖြည့်တင်းပေးနေသကဲ့သို့ ချောမွေ့ကာ ကျယ်ပြော တည်ငြိမ်နေဆဲပင်။

သူ၏ အသက်ရှူသံမှာ ပြင်းမလာသလို၊ သူ၏ လှုပ်ရှားမှုများမှာလည်း နှေးကွေးမသွားပေ။

ထိုအချိန်မှစ၍ ပိုင်ကျီဟန်သည် အဆင့်နှစ်ဆင့်အထိ တက်လှမ်းနိုင်ခဲ့ပြီး နည်းစနစ်အပေါ် ကျွမ်းကျင်မှုမှာလည်း သိသိသာသာ မြင့်တက်လာသည်ကို သူတို့ မည်သို့ သိနိုင်ပါမည်

နည်း? ကောင်းကင်အမိန်တော် ပြောင်းပြန်လှန်ခြင်းနှင့်အတူ ပိုင်ကျီဟန်သည် စွမ်းအင်များကို တစ်ပြိုင်နက်တည်း အလွန်အကျွံ မသုံးသရွေ့ မိနစ်နှစ်ဆယ်ခန့်အထိ ဆက်လက် အသုံးပြုနိုင်မည်ဟု ယုံကြည်ချက် ရှိနေသည်။

မိစ္ဆာကျင့်ကြံသူ ငါးဦးမှာ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြရာ သူတို့၏ ဟန်ချက်ညီသော စည်းချက်အတွင်း၌ ပထမဆုံးအကြိမ်အဖြစ် စိုးရိမ်စိတ်များ ပျံ့နှံ့လာတော့သည်။

သုံးမိနစ် ကုန်သွားပြီ။

နှစ်မိနစ်သာ ကျန်တော့သည်။

သို့သော် ပိုင်ကျီဟန်က ထိုမျှအထိ ထပ်မံ စောင့်ဆိုင်းရန် ရည်ရွယ်ချက် မရှိတော့ပေ။

သူ၏ မျက်လုံးများမှာ တည်ငြိမ်အေးစက်စွာဖြင့် ထက်မြက်သွားပြီး သူ၏ ဓားကို ဖြည်းညှင်းစွာ နှိမ့်ချလိုက်ရာမှ ပြန်လည် တည်ငြိမ်အောင် ပြင်လိုက်လေတော့သည်။

(အကောင်းဆုံး ဟာကွက်ကို ရှာနေဖို့ မလိုတော့ဘူး။)

သူ အရာအားလုံးကို ရှင်းလင်းစွာ မြင်နေရပြီ။

သူတို့၏ လက်တွဲဆောင်ရွက်မှုသည် အပြစ်ပြောစရာမရှိပေ။

သာမန်နည်းလမ်းများနှင့်ဆိုလျှင် သူတို့ထံတွင် အသုံးချလို့ရမည့် “အကောင်းဆုံး အခိုက်အတန့်"၊ "ပေါ်ထွက်လာသော ဟာကွက်" သို့မဟုတ် "တုံ့ပြန်မှု နှေးကွေးခြင်း" ဟူ၍ မရှိပေ။

အကယ်၍ သူသာ ဟာကွက်တစ်ခုကို စောင့်နေမည်ဆိုလျှင် ထာဝရ စောင့်နေရပေလိမ့်မည်။

ထို့ကြောင့် ပိုင်ကျီဟန်သည် အရှင်းလင်းဆုံး လမ်းစဉ်ကိုသာ ရွေးချယ်လိုက်သည်။

တိုက်ရိုက်အဖြစ်ဆုံး လမ်းစဉ်... သူ၏ အသန်မာဆုံး လမ်းစဉ်ပင် ဖြစ်သည်။

ဓားရည်ရွယ်ချက်များ မြင့်တက်လာသည်။

ချိတ်ပိတ်ထားသော နယ်မြေမှာ တုန်ခါသွား၏။

မိစ္ဆာကျင့်ကြံသူ ငါးဦးလုံးသည် ထိုခံစားချက်ကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရပြီး သူတို့၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။

ယခင်ကနှင့်မတူသော ဖိအားတစ်ခု ကျရောက်လာကာ လေးလံပြီး အကြွင်းမဲ့နိုင်လှရာ ကမ္ဘာကြီး၏ နိယာမတရားများပင် ပိုင်ကျီဟန်၏ ဓားသွားဆီသို့ ညွှတ်ကိုင်းနေသယောင် ရှိတော့သည်။

ပိုင်ကျီဟန်သည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

သူ ဓားကို မြှောက်လိုက်၏။

လောကကြီးတစ်ခုလုံး ခဏတာ ရပ်တန့်သွားပုံရသည်။

အသံအားလုံး ပျောက်ကွယ်သွားသည်။

"ကံကြမ္မာဖြတ်တောက်ခြင်းဓားချက် “

ထိုစကားလုံးများ သူ၏ နှုတ်ဖျားမှ ထွက်ပေါ်လာသည်နှင့်အမျှ... ဓားချက်က ကျရောက်လာသည်။

ထိုအခိုက်အတန့်တွင် ချိတ်ပိတ်ထားသော ဟင်းလင်းပြင်ကြီးမှာ အော်ဟစ်လိုက်သကဲ့သို့ တုန်ခါသွားသည်။

ဖျော့တော့သော ရွှေရောင်လခြမ်းပုံစံ ဓားအလင်းတန်းသည် ကြောက်မက်ဖွယ်ကောင်းသော အဆုံးသတ်ခြင်း စွမ်းအားများနှင့်အတူ ရှေ့သို့ တိုးဝင်သွားသည်။

၎င်းဖြတ်သန်းသွားရာ နေရာတိုင်းတွင် ဟင်းလင်းပြင်ကြီးမှာ တိတ်ဆိတ်စွာ အက်ကွဲသွားပြီး အလွှာလိုက် အလွှာလိုက်သည် စက္ကူပါးလေးများကဲ့သို့ ကွာကျသွားလေတော့သည်။

အခင်းအကျင်းမှာ ကျဉ်းမြောင်းနေပြီးသား ဖြစ်သလို ဟင်းလင်းပြင်မှာလည်း ချိတ်ပိတ်ခံထားရသဖြင့်... ထွက်ပြေးစရာ နေရာမရှိတော့ပေ။

မိစ္ဆာကျင့်ကြံသူ ငါးဦးမှာ ချက်ချင်း တုံ့ပြန်လိုက်ကြသည်။

"ကာကွယ်ကြ”

သူတို့အားလုံး တိုက်စစ်ဆင်နေသမျှကို တစ်ပြိုင်နက် စွန့်လွှတ်လိုက်ကြသည်။

ကာကွယ်ရေး အတတ်ပညာများ၊ အခင်းအကျင်းကိရိယာများ—သူတို့တွင် ရှိသမျှ အရာအားလုံးကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ကြသည်။

ဤမျှ ကျဉ်းမြောင်းသော နေရာတွင် သူတို့ မရှောင်နိုင်သဖြင့် အားပြုပြီး ခုခံရန်သာ တတ်နိုင်တော့သည်။

ဘုန်း

ကံကြမ္မာဖြတ်တောက်ခြင်းဓားချက် ထိမှန်သွားလေပြီ။

ချိတ်ပိတ်ထားသော နယ်မြေသည် ပြင်းထန်စွာ တုန်ခါသွားပြီး မိစ္ဆာစာလုံးများမှာ ပြိုလဲလုနီးပါး ဝေဝါးသွားသည်။

ဖိအားကြီးက သူတို့ကို ရိုက်ခတ်လိုက်သဖြင့် မိစ္ဆာကျင့်ကြံသူ ငါးဦးမှာ အရိုးများ ကျိုးကြေမတတ် မြည်ဟီးလာပြီး အတွင်းကလီစာများပါ တုန်ခါလျက် အော်ဟစ်လိုက်ကြရသည်။

ပိုင်ကျီဟန်သည် တည်ငြိမ်သော မျက်လုံးများဖြင့် စောင့်ကြည့်နေသည်။

သူ သိချင်နေခဲ့သည်။

ကျင့်ကြံခြင်း အဆင့်နှစ်ဆင့် တက်လှမ်းပြီးနောက်...

ကံကြမ္မာဖြတ်တောက်ခြင်းဓားချက်ကို အဆင့်သစ်တစ်ခုအထိ ကျွမ်းကျင်ပြီးနောက်...

'ကောင်းကင်အမိန့်တော် ပြောင်းပြန်လှန်ခြင်း' ကို တည်ငြိမ်စွာ အသုံးပြုနိုင်ပြီးနောက်...

သူတို့ အသက်ရှင်နိုင်ပါဦးမလား?

ဓားအလင်းတန်းသည် သူတို့ကို အပြည့်အဝ ဝါးမြိုသွားလေတော့သည်။

ထိုအခိုက်အတန့်တွင်...

ကံကြမ္မာကိုယ်တိုင်က အဖြေကို စောင့်ကြိုနေ၏။

ထို့နောက်တွင်မူ တိတ်ဆိတ်ခြင်းက လွှမ်းမိုးသွားသည်။

ဂျွတ်

တစ်ချိန်က မိစ္ဆာစာလုံးများနှင့် မွန်းကြပ်ဖွယ် ဖိအားများ ပြည့်နှက်နေသော ချိတ်ပိတ်ထားသည့် နယ်မြေမှာ... တွန့်လိမ်နေသော ဟင်းလင်းပြင် အပိုင်းအစများအဖြစ် ပြိုကွဲသွားပြီး ကွဲကြေသွားသော မှန်ချပ်များကဲ့သို့ ပျောက်ကွယ်သွားလေတော့သည်။

လေထုထဲတွင် အက်ကြောင်းများသည် လျင်မြန်စွာ ပေါ်လာပြီးနောက် လုံးဝ ဥဿုံ ပျောက်ကွယ်သွားသည်။

ထိုပျက်စီးခြင်း၏ အလယ်ဗဟိုတွင်မူ

လူရိပ်ငါးခုသည် မတ်တပ်ရပ်လျက် ကျန်ရှိနေဆဲပင်။

သို့သော် အနိုင်နိုင်သာ ဖြစ်သည်။

သူတို့၏ သွေးရောင်လွှမ်းသော စာလုံးသင်္ကေတများမှာ မှေးမှိန်သွားပြီး အချို့မှာ လုံးဝ ကွယ်ပျောက်သွားပြီဖြစ်သည်။

ခန္ဓာကိုယ်များမှ မိစ္ဆာစွမ်းအင်များသည် ကွဲအက်နေသော အိုးတစ်လုံးမှ ထွက်လာသည့် မီးခိုးများကဲ့သို့ ထိန်းချုပ်မရဘဲ ယိုစိမ့်နေသည်။

တစ်ဦးမှာ ဒူးတစ်ဖက် ထောက်ထားပြီး ပါးစပ်မှ မည်းနက်သော သွေးများကို အဆက်မပြတ် အော့အန်နေ၏။

နောက်တစ်ဦး၏ လက်မောင်းမှာမူ ပုံပျက်ပန်းပျက် တွဲလောင်းကျနေပြီး စုတ်ပြဲနေသော အသားများအောက်တွင် အရိုးများ ကွေးလိမ်နေသည်ကို အထင်အရှား မြင်နေရသည်။

ခေါင်းဆောင်ဖြစ်သူမှာ မတ်တပ်ရပ်နေဆဲ ဖြစ်သော်လည်း ၎င်းမှာ သူ၏ဓားကို မြေကြီးထဲ စိုက်သွင်းကာ အားပြုထားသောကြောင့်သာ ဖြစ်သည်။

သူ၏ ချပ်ဝတ်တန်ဆာသည် အလယ်တည့်တည့်မှ အက်ကွဲနေပြီး ရင်ဘတ်ပေါ်တွင်မူ ဖျော့တော့သော ရွှေရောင် အမာရွတ်ကြီးတစ်ခု ထင်ကျန်နေကာ ဓားရည်ရွယ်ချက် အကြွင်းအကျန်များမှာ ထိုနေရာတွင် တဖျပ်ဖျပ်နှင့် လက်နေဆဲပင်။

သူတို့ အသက်ရှင်ကျန်ရစ်ခဲ့ကြသည်။

နောက်ဆုံးအခိုက်အတန့်တွင် သူတို့၌ရှိသမျှ ကာကွယ်ရေးအတတ်ပညာများ၊ အခင်းအကျင်းကိရိယာများ အားလုံးကို အထပ်ထပ် အသုံးပြုကာ ဓားချက်၏ လမ်းကြောင်းကို အနည်းငယ် လွှဲဖယ်နိုင်ခဲ့သောကြောင့်သာ လုံးဝဥဿုံ ပျက်စီးသွားခြင်းမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ သူတို့ တတ်နိုင်သမျှ အပြင်းထန်ဆုံးသော ကာကွယ်မှုပင်။

သို့သော် ထိုကာကွယ်မှုက သူတို့ကို အစုတ်စုတ်အပြတ်ပြတ် ဖြစ်သွားစေခဲ့သည်။

ပိုင်ကျီဟန်သည် ခြေလှမ်းအနည်းငယ်အကွာတွင် ဓားကိုနှိမ့်ချလျက် ရပ်နေသည်။

လေထုထဲမှ တုန်ခါမှုများ လျော့ပါးသွားသည်နှင့်အမျှ သူ၏ဝတ်ရုံမှာလည်း အသာအယာ လွင့်မြောနေ၏။

သူ သူတို့ကို ကြည့်လိုက်သည်။

ထို့နောက် အသာအယာ သက်ပြင်းချလိုက်၏

"မင်းတို့ အသက်ရှင်နေသေးတာပဲ"

သူ၏လေသံတွင် ဒေါသအရိပ်အယောင်မရှိပေ

အနည်းငယ် စိတ်ပျက်သွားသည့်ပုံစံသာ ပေါက်နေသည်။

သို့သော် ထိုခံစားချက်မှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။

မည်သို့ပင်ဆိုစေ... ဟန်ချက်ညီညီ ပေါင်းစည်းထားသော မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျင့်ကြံသူငါးဦးကို ဤမျှလွယ်လွယ်နှင့် ကျဆုံးသွားလိမ့်မည်ဟု မျှော်လင့်ခြင်းမှာ လက်တွေ့မကျလှပေ။

ပိုင်ကျီဟန်သည် ကိုယ်ကိုမတ်လိုက်သည်။

သူ၏မျက်လုံးများ အေးစက်သွား၏။

"ဒါပေမဲ့..." သူက ဓားကို တစ်ဖက်ပြန်မြှောက်ရင်း အေးဆေးစွာ ပြောလိုက်သည်။ "...ကိစ္စမရှိပါဘူး။"

"မင်းတို့က ဒီမှာတင် သေဖို့ ကံပါလာပြီးသားပဲ။"

ထိုခဏမှာပင်

ပြင်းထန်သော အရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။

"ကျီဟန်”

အလွန်ရင်းနှီးပြီး စိုးရိမ်ပူပန်မှု ပြည့်နှက်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။

၎င်းမှာ ပိုင်မျိုးနွယ်စု အကြီးအကဲများပင်။

လူရိပ်အချို့သည် လေထုကို ဖြတ်သန်းကာ ရောက်ရှိလာကြသည်။ တစ်ဦးချင်းစီသည် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့၏ မျက်နှာများမှာ တင်းမာနေပြီး ရောက်ရောက်ချင်းပင် ပိုင်ကျီဟန်၌ ဒဏ်ရာရထားခြင်း ရှိမရှိကို အလုအယက် ကြည့်ရှုစစ်ဆေးကြတော့သည်။

သူတို့သည် စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။

စောင့်နေခဲ့ကြသည်

ချိတ်ပိတ်ထားသော အခင်းအကျင်းဟင်းလင်းပြင်၊ အသံနှင့် စိတ်အာရုံခံစားမှု အားလုံးကို ဖြတ်တောက်ထားသဖြင့် သူတို့ မည်မျှပင် စိုးရိမ်နေပါစေ၊အောင့်အည်းသည်းခံ စောင့်ဆိုင်းနေခဲ့ရခြင်း ဖြစ်သည်။

သို့သော် ယခုမူ

အခင်းအကျင်းမှာ မရှိတော့ပေ။

ကံကြမ္မာဖြတ်တောက်ခြင်းဓားချက်ကြောင့် ကြေမွပျက်စီးသွားပြီ ဖြစ်သည်။

ပိုင်မျိုးနွယ်စု အကြီးအကဲများသည် ရှေ့မှ မြင်ကွင်းကို ကြည့်ကာ အသက်ရှူပင် မှားသွားကြသည်။

ပျက်စီးနေသော နယ်မြေ၊ ပြိုကွဲနေသော မြေပြင်နှင့် အနိုင်နိုင် မတ်တပ်ရပ်နေရသော မိစ္ဆာကျင့်ကြံသူ ငါးဦး...။

ပိုင်ကျီဟန်သည် အန္တရာယ်အရှိဆုံး ရန်သူများကို ကိုင်တွယ်ဖြေရှင်းပြီးသား ဖြစ်နေလေပြီ။

ကျန်ရှိနေသည်မှာ—

အမှိုက်သိမ်းရန်သာ ဖြစ်သည်။

မိစ္ဆာကျင့်ကြံသူများ၏ ခေါင်းဆောင်သည် ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်ရာ သူ၏မျက်လုံးများသည် ဝိုင်းစက်သွားပြီး

ပတ်ပတ်လည်မှ ကျရောက်လာသော ဖိအားများကို သူ ခံစားမိလိုက်သည်။

မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် အရှိန်အဝါများစွာက သူတို့ကို ဝိုင်းရံထားလေပြီ။

ဒါဟာ သူတို့၏ ဇာတ်သိမ်းပင်

သို့သော် ပိုင်ကျီဟန်သည် သူ၏ စနစ်ထံမှ ဆုလာဘ်များကို ရယူရန် လိုအပ်သေးသဖြင့် နောက်ဆုံးတိုက်ကွက်ကို သူကိုယ်တိုင်ပင် အဆုံးသတ်ပေးလိုက်သည်။

ပိုင်ကျီဟန်နှင့် တိုက်ခိုက်ပြီးနောက် အားနည်းနေသော ထိုသူများကို သူကိုယ်တိုင် အပြတ်ရှင်းလိုက်ခြင်းအပေါ် မည်သူကမျှ ကန့်ကွက်နိုင်စွမ်း မရှိခဲ့ပေ။

All Chapters