← Chapters

  ပိုင်ကျီဟန် နှင့် မိုကျွင်း 

Vol. 28 Ch. 419

  ပိုင်ကျီဟန် နှင့် မိုကျွင်း 

Vol. 28 Ch. 419

ဝူးးးး

ပိုင်ကျီဟန် စတင်လှုပ်ရှားလိုက်ချေပြီ။

သူ့ထံတွင် တုံ့ဆိုင်းမှုဟူ၍ အလျဉ်းမရှိပေ

လွန်ခဲ့သော ခဏအတွင်း သူသည် ချောက်ကမ်းပါးအထက်တွင် အေးစက်တည်ငြိမ်စွာဖြင့် ဓားကို မြှောက်ကိုင်ထားဆဲ ဖြစ်သော်လည်း...

နောက်တစ်ခဏ၌မူ

သူ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားတော့၏။

သူနှင့် မိုကျွင်း ကြားရှိ ဟင်းလင်းပြင်မှာ မရှိခဲ့သလိုပင် တစ်စစီ ပြိုကွဲသွား၏

ကီလိုမီတာပေါင်းများစွာသော အကွာအဝေးကို ခြေတစ်လှမ်းတည်းဖြင့် ဖြတ်ကျော်သွားသည်။

ဓားအလင်းတစ်ချက် လျှပ်ခနဲ ဝင်းလက်သွား၏။

ဤဓားချက်သည် ယခင်ကထက် ပို၍ မြန်ဆန်ကာ၊ ပို၍ ထက်ရှပြီး စူးရှလှသည်။

သို့သော်လည်း မိုကျွင်းကမူ သူ၏ လက်ညှိုးတစ်ချောင်းကိုသာ အသာအယာ မြှောက်လိုက်၏

"ချွမ်”

အသံမှာ တိုးညင်းလှ၏

သာမန်ပင်

ပိုင်ကျီဟန်မှာမူ ချက်ချင်းပင် သိလိုက်ချေပြီ

ထာဝရဝိညာဉ်ဓား နှင့် ဓားရည်ရွယ်ချက်တို့ ပေါင်းစပ်ထားသော တိုက်ကွက်မှာ တားဆီးခြင်း ခံလိုက်ရချေပြီ။

မိစ္ဆာစွမ်းအင်လွှမ်းခြုံထားသော လက်ညှိုးတစ်

ချောင်းတည်းဖြင့်သာ

ပိုင်ကျီဟန်၏ သူငယ်အိမ်တို့ ကျဉ်းမြောင်းသွားသည်။

သူ၏ အသိစိတ်မှ မတုံ့ပြန်နိုင်မီမှာပင်

"ဝုန်းးး”

စွမ်းအင်လှိုင်းကြီးတစ်ခု ပေါက်ကွဲထွက်လာ၏

ပိုင်ကျီဟန်၏ ခန္ဓာကိုယ်မှာ ကြွေလွင့်သွားချေသည်။

ဥက္ကာခဲတစ်ခုကဲ့သို့ လွင့်ထွက်သွားကာ ဝေးကွာလှသော တောင်ထိပ်တစ်ခုကို ဝင်တိုက်မိတော့၏။ တောင်ထိပ်ကြီးမှာ ထိချက်ကြောင့် တစ်စစီ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး ကျောက်တုံးကျောက်ခဲများသည် လွင့်စင်ကုန်ကြသည်။

ပိုင်ကျီဟန်သည် အရှိန်အဟုန်ဖြင့် သွေးများအန်ထုတ်လိုက်ရပြီး အပျက်အစီးများကြားမှ ခက်ခဲစွာ ပြန်လည်ထရပ်လိုက်၏။

သူ၏ အရိုးများမှာ ကျိုးကြေမတတ် နာကျင်နေ၏

သွေးကြောမှာလည်း လောင်မြိုက်နေ၏

သူ၏ မျက်လုံးများကမူ မိုကျွင်းထံမှ အကြည့်မခွာပေ။

မိုကျွင်းမှာမူ မူလနေရာ၌ပင် မလှုပ်မယှက် ရပ်နေဆဲဖြစ်သည်။

သူသည် မိမိ၏ လက်ညှိုးကို တစ်ချက်ကြည့်ကာ ဖုန်မှုန့်ခါသကဲ့သို့ အသာအယာ တောက်လိုက်၏

"ဒါပဲလား..."

မိုကျွင်းက တည်ငြိမ်စွာ မေးလိုက်၏။

ပိုင်ကျီဟန်သည် ဟိန်းဟောက်ကာ ရှေ့သို့ တစ်ဖန် တိုးဝင်သွားပြန်သည်။

သူ၏ ခန္ဓာကိုယ်မှ ကျင့်စဉ်စွမ်းအားများသည် အဆုံးစွန်အထိ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ကို ခွဲခြမ်းနိုင်စွမ်းရှိသော ဓားချက်များကို တရစပ် ပစ်လွှတ်လိုက်သည်။

ထိုဓားချက်တိုင်းသည် မဟာကောင်းကင်ဘုံတက်ခြင်း အဆင့်ပညာရှင်များကိုပင် သတ်ဖြတ်နိုင်သော်လည်း...

မိုကျွင်းသည် ထိုတိုက်ကွက်အားလုံးကို အသာအယာပင်

ခုခံနေဆဲသာ

သူကနောက်ပင် တစ်လှမ်းမဆုတ်ပေ

သူသည် ပိုင်ကျီဟန်တိုက်ခိုက်မှုကို မြူခိုးများကြားတွင် လမ်းလျှောက်နေသကဲ့သို့ အေးအေးလူလူပင် ရှေ့သို့ တိုးလာသည်။

ထို့နောက်

သူသည် ပိုင်ကျီဟန်၏ ရှေ့မှောက်သို့ ရုတ်

ချည်း ရောက်ရှိလာ၏။

ပိုင်ကျီဟန်က ဓားကို မြှောက်ကာ ခုခံရန် ကြိုးစားလိုက်၏

မိုကျွင်း၏ လက်ဝါးချက်က သူ၏ ရင်ဘတ်ကို ထိမှန်သွားပြီးဖြစ်သည်။

မည်သည့် နည်းစနစ်မှ မပါဝင်ပေ

ရိုးရိုးရှင်းရှင်း လက်ဝါးရိုက်ချက်မျှသာ။

"ခရက်”

နားကွဲမတတ် အသံနှင့်အတူ

ပိုင်ကျီဟန်၏ နံရိုးများ ကျိုးကြေကုန်၏

ကိုယ်တွင်းအင်္ဂါများ ပျက်စီးသွားရသည်။

သူ၏ ခန္ဓာကိုယ်မှာ မြေပြင်သို့ အရှိန်အဟုန်

ဖြင့် ကျဆင်းသွားချေသည်။

မြေပြင်ကြီးသည် ဧရာမ ကျင်းကြီးတစ်ခု ဖြစ်သွားတော့သည်

ပိုင်ကျီဟန်သည် သွေးတစ်လုတ် ထပ်မံအန်ထုတ်လိုက်ရပြီး အမြင်အာရုံများ ဝေဝါးလာသည်။

သူ ပြန်ထရန် ကြိုးစားပေ၏

ခြေထောက်တစ်ဖက်က သူ၏ ရင်ဘတ်ပေါ်သို့ ဖိချသည်။

ထိုဖိအားမှာ တစ်ကမ္ဘာလုံး၏ အလေးချိန်ဖြင့် ဖိထားသကဲ့သို့ ခံစားရ၏

သူ့အရိုးများ ကျိုးကြေကုန်သည်

အသက်ရှူပင် ကျပ်သွားရသည်။

မိုကျွင်းက သူ့ကို ငုံ့ကြည့်ကာ...

"မင်းရဲ့ ခန္ဓာကိုယ်က ဘယ်လိုတောင် သန်မာရတာလဲ။ ဒါ ပိုင်မျိုးနွယ်စုရဲ့ ခန္ဓာကျင့်စဉ် မဟုတ်တာတော့ သေချာတယ်။"

မိုကျွင်းမှာ အမှန်တကယ်ပင် အံ့အားသင့်သွားရ၏။

ပုံမှန်ဆိုလျှင် ပိုင်ကျီဟန်သည် သေဆုံးနေရမည်ဖြစ်၏

သူ့၏ စွမ်းအားအကုန် မသုံးခဲ့လျှင်ပင် မဟာကောင်းကင်ဘုံအဆင့်ပညာရှင်များစွာကိုသတ်ရန် လုံလောက်ပေ၏

သူသည် ရှင်သန်နေဆဲပင်။

"မင်းကို ဆက်ပြီး အသက်ရှင်ခွင့် ပေးလို့ မဖြစ်တော့ဘူး။"

မိုကျွင်းက ပြတ်သားစွာ ပြောလိုက်သည်။

ပိုင်ကျီဟန်သာ ဆက်လက် ကြီးထွားလာပါက မည်မျှ ကြီးမားသော ခြိမ်းခြောက်မှုဖြစ်လာမည်ကို သူ သိလိုက်ချေပြီ။

မိုကျွင်းသည် ထောင်ချောက်တစ်ခုခု ရှိနေမည်လားဟု သံသယဝင်နေ၏

ယခုအခါ မည်သူမျှ ရောက်မလာသည်ကို တွေ့ရသောကြောင့် ဤနေရာ၌ပင် အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။

ပိုင်ကျီဟန်၏ မျက်လုံးထောင့်များမှ သွေးများ စီးကျလာပြီး သူ၏ ခန္ဓာကိုယ်သည် အဆုံးစွန်ထိ ရောက်နေပြီဖြစ်သည်။

ထိုစဉ် သူ၏ အသိစိတ်ပင်လယ်အတွင်းမှ အင်မော်တယ်ဧကရာဇ်မင်း ဖေးလိန် ၏ အသံမှာ ဒေါသတကြီး ထွက်ပေါ်လာ၏။

"ငါပြောသားပဲ... မင်း နိုင်မှာ မဟုတ်ဘူး”

ပိုင်ကျီဟန်က ပြန်မဖြေပေ။

"တောက်... မတတ်နိုင်တော့ဘူး”

သူမတည်ရှိမှုက ပေါက်ထွက်လာ၏

ဖေးလိန်၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး အင်မော်တယ်စွမ်းအင်များသည် ပိုင်ကျီဟန်၏ ခန္ဓာကိုယ်အတွင်းသို့ ရေလွှမ်းမိုးသည့်အလား တိုးဝင်သွားသည်။

သူ၏ ကျင့်စဉ်အဆင့်မှာ အရှိန်အဟုန်ဖြင့် မြင့်တက်သွား၏

တစ်ခဏချင်းအတွင်း အင်မော်တယ်အဆင့်သို့ တက်လှမ်းသွားတော့သည်။

ကောင်းကင်ကြီးမှာ ဟိန်းဟောက်သွားသည်။

မိုးကြိုးများ ပစ်ချလာ၏။

ပိုင်ကျီဟန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အင်မော်တယ်အလင်းတန်းများကြောင့် မိုကျွင်းပင် မျက်လုံးကို ကျဉ်းမြောင်းလိုက်ရသည်။

ဖေးလိန်၏ အသံမှာ ပိုမို စိုးရိမ်ပူပန်လာ၏

"ငါ ဒါကို အကြာကြီး ထိန်းထားလို့ မရဘူး။ ၁၀ စက္ကန့်ပဲ..၁၀ စက္ကန့်ပဲ ရမယ်”

သူ့အသံက အလောတကြီးဖြစ်နေ၏

“အခုချက်ချင်း ထွက်ပြေးတော့”ပိုင်ကျီဟန်သည် ဖြည်းညင်းစွာ ထရပ်လိုက်၏။

ရင်ဘတ်ပေါ်ရှိ ဖိအားများ ပျောက်ကွယ်သွားချေပြီ။

မိုကျွင်းသည် ပိုင်ကျီဟန်၏ ရုတ်တရက် ပြောင်းလဲသွားမှုကို တွေ့သော်လည်း ရပ်တန့်မသွားပေ

သတ်ဖြတ်လိုစိတ်များ ပိုမို ပြင်းထန်လာသည်။

သူ့ပတ်လည်ရှိ မိစ္ဆာစွမ်းအင်များမှာ ဖိနှိပ်ရုံမျှမကတော့ဘဲ ပိုမိုထက်ရှလာကာ လေထုကိုပင် ကြေမွစေနိုင်သည့် အသက်ရှူကျပ်ဖွယ် သတ်ဖြတ်လိုစိတ်အဖြစ် စုစည်းသွားတော့၏ “မင်းကို သတ်ပစ်ရမှာ... တကယ်ပဲ နှမြောစရာကောင်းတယ်..."

မိုကျွင်းသည် အေးစက်တည်ငြိမ်သော လေသံဖြင့် တိုးညှင်းစွာ ရေရွတ်လိုက်၏ “ အမှိုက်သရိုက်ပဲ”

သူ၏ခြေလှမ်းများမှာမူ တုံ့ဆိုင်းသွားခြင်းမရှိပေ။ အကြွင်းမဲ့သတ်ဖြတ်လိုသော ဆန္ဒများ ကိန်းအောင်းနေသည်။

ကနဦးကပင် သူ၏ရည်ရွယ်ချက်မှာ ပိုင်ကျီဟန်ကို သုတ်သင်ရန်ဖြစ်ပြီး ထိုရည်ရွယ်ချက်သည် ယခုထက်တိုင် တုန်လှုပ်ချောက်ချားခြင်းမရှိပေ။

ပိုင်ကျီဟန်ထံမှ ထွက်ပေါ်နေသော အင်မော်တယ်အဆင့် အရှိန်အဝါများကပင် သူ့ကို ဝေခွဲမရဖြစ်အောင် မစွမ်းဆောင်နိုင်ခဲ့ချေ။

၎င်းမှာ အချက်တစ်ချက်ကိုသာ ပိုမိုသေချာစေခဲ့သည်

ဤဘေးအန္တရာယ်ကို ယခုပင် အမြစ်ဖြတ်ပစ်ရမည်။

မိုကျွင်း၏ အကြည့်တို့သည် အေးစက်ရက်စက်စွာဖြင့် ပိုင်ကျီဟန်ထံ၌သာ စွဲမြဲနေပြီး သူ၏ ပတ်လည်တွင်မူ တိတ်ဆိတ်ကာ ရှောင်လွှဲ၍မရနိုင်သော မိစ္ဆာဥပဒေသများ စုစည်းလာတော့သည်။

ပိုင်ကျီဟန်သည်လည်း ထွက်ပြေးရန် စိတ်ကူးမရှိချေ။

ယင်းအစား

သူ၏ သတ်ဖြတ်လိုစိတ်များမှာ မြင့်တက်လာ၏

ယခင်ကထက် ပိုမို ကြောက်မက်ဖွယ်ကောင်းအောင် တစ်ကမ္ဘာလုံးကို တုန်လှုပ်စေတော့သည်။

ဖေးလိန်ပင်လျှင် အံ့အားသင့်ကာ မှင်သက်သွားရတော့၏။

"မင်း ဘာလုပ်နေတာလဲ”ဖေးလိန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ငါ မင်းကို အခုချက်ချင်း ထွက်ပြေးတော့လို့ ပြောနေတယ်လေ”

ပိုင်ကျီဟန်၏ မျက်ဝန်းအစုံမှာ နီမြန်းသော အလင်းတန်းများနှင့် အင်မော်တယ်အလင်းတန်းများ ရောယှက်ကာ တောက်

လောင်နေ၏။

"မပြေးဘူး”

သူက တိုးညှင်းစွာ ပြန်ပြောလိုက်သည်။

မိုကျွင်းသည် သူ၏ဦးခေါင်းကို အသာစောင်းကာ ပိုင်ကျီဟန် ထွက်မပြေးဘဲ ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်ကို စိတ်ဝင်တစား ကြည့်နေ၏။

ပိုင်ကျီဟန်သည် သူ၏ဓားကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

အင်မော်တယ်စွမ်းအင်နှင့် ကံကြမ္မာဖြတ်တောက်ခြင်းဓားတို့သည် ပုံမှန်မဟုတ်သော နည်းလမ်းဖြင့် ကြမ်းတမ်းစွာ ရောယှက် လိမ်ယှက်နေကြတော့သည်။

မိုကျွင်းက သူ၏လက်ကို မြှောက်လိုက်၏။

မိစ္ဆာဥပဒေသများသည် အကြွင်းမဲ့ အာဏာရှင်ဆန်စွာ စုစည်းလာသည်။

သူသည် ပိုင်ကျီဟန်ကို ဤကမ္ဘာမြေမှ လုံးဝဥဿုံ ဖျောက်ဖျက်ပစ်ရန် ရည်ရွယ်ထားပြီ။

မိုကျွင်းသည် အကွာအဝေးကို စတင် ကျဉ်းမြောင်းလိုက်သည်။

ငါးလှမ်း...

လေးလှမ်း...

သုံးလှမ်း...။

ပိုင်ကျီဟန်က ဓားကို မြှောက်လိုက်၏။

မိုကျွင်းသည် ထိုဓားကိုကြည့်ကာ စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။

ကံကြမ္မာဖြတ်တောက်ခြင်းဓားတိုက်ကွက်

လား?

သူသည် ပိုင်ချူ၏ ထိုတိုက်ကွက်ကိုပင် တောင့်ခံနိုင်ခဲ့ဖူးသည်။

မျိုးဆက်သစ်လူငယ်လေးတစ်ယောက်၏ အတုအယောင် တိုက်ကွက်မှာ — အင်မော်တယ်အဆင့် ကျင့်စဉ်စွမ်းအား ပါဝင်နေစေကာမူ — သူ့အတွက် ကြောက်လန့်နေစရာ မလိုပေ။

ပိုင်ကျီဟန်၏ မျက်လုံးများက မိုကျွင်းကို စိုက်ကြည့်နေသည်။ တစ်လောကလုံး တိတ်ဆိတ်သွား၏။

"ကံကြမ္မာဖြတ်တောက်ခြင်းဓားချက်”

ဓားချက်က မြောက်ကာ ကျဆင်းသွားသည်။

ဟင်းလင်းပြင်ကြီး တစ်စစီ ပြတ်တောက်သွားပြီး တည်ရှိသမျှ အရာအားလုံး ဖျက်ဆီးခံလိုက်ရသကဲ့သို့ ထင်မှတ်ရ၏။

မိုကျွင်း၏ မျက်သူငယ်အိမ်တို့ ရုတ်ချည်း ကျဉ်းမြောင်းသွားသည်။

(ဒီတိုက်ကွက်က... မပျော့ဘူး)

နောက်ကျသွားချေပြီ

ပိုင်ကျီဟန်၏ ကျင့်စဉ်အဆင့်မှာ မြေကမ္ဘာအင်မော်တယ်အဆင့်သို့ မရောက်သေးပေ

သူ၏ တိုက်ကွက်သည် ပိုင်ချူထက် အားနည်းသည်ဟု မဆိုနိုင်ပေ။

အမှန်တကယ်ပင် ပိုင်ချူက ကျင့်စဉ်အဆင့် ပိုမြင့်၏

ပိုင်ကျီဟန်ကမူ ဤဓားသိုင်းကို အဆင့်မြင့်ကျွမ်းကျင်မှု အထိ ပိုင်နိုင်ထားသူဖြစ်သည်။

၎င်းအပြင် ပိုင်ကျီဟန်တွင် အလယ်အလတ်အဆင့် ဓားရည်ရွယ်ချက် ရှိနေပြီး ပိုင်ချူတွင်မူ အခြေခံဓားရည်ရွယ်ချက်သာ ရှိခဲ့သည်။

ဤအချက်များ ပေါင်းစပ်လိုက်သောအခါ ပိုင်ကျီဟန်၏ ကံကြမ္မာဖြတ်ဓားချက်သည် ပိုင်ချူနှင့် တန်းတူ ဖြစ်သွားရုံသာမက ပို၍ပင် ပြင်းထန်နေတော့သည်။

ဓားချက် ကျဆင်းလာသည်နှင့်အမျှ မိုကျွင်း သိလိုက်ချေပြီ။

ဤတိုက်ကွက်ကို သူ အပြည့်အဝ မခုခံနိုင်တော့ပေ။

ရှောင်တိမ်းရန်လည်း အချိန်မမီတော့ချေ။

တစ်ခုခုကို ပေးဆပ်ရမည်။

သူသည် အသက်ရှင်ရန်အတွက် ကာကွယ်မှုကို စွန့်လွှတ်ကာ သူ၏ခန္ဓာကိုယ်ကို ဘေးသို့ အတင်းအကျပ် လွှဲလိုက်ရသည်။

သို့သော် လုံးဝဥဿုံ ရှောင်တိမ်းရန်ကား နောက်ကျသွားခဲ့ပြီ။

"ရွှမ်”

ဖျက်ဆီးခြင်း အလင်းတန်းတစ်ခုက သူ့ကို ဖြတ်သန်းသွားသည်။

သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ မိစ္ဆာစွမ်းအင်များမှာ ဖန်သားကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွား၏။

တစ်ခဏမျှ ကမ္ဘာကြီး ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားပြီးနောက် -

သွေးများ ပန်းထွက်လာတော့သည်။

"အားးးးး”

မိုကျွင်း၏ ဘယ်ဘက်လက်မောင်းမှာ ပုခုံးရင်းမှနေ၍ သန့်ရှင်းစင်ကြယ်စွာ ပြတ်တောက်သွားရုံသာမက မိစ္ဆာစွမ်းအင်များဖြင့်ပင် ချက်ချင်း ပြန်လည်ကုစား၍ မရနိုင်အောင် လုံးဝ ပျောက်ကွယ်သွားတော့၏။

ထိုလက်မောင်းသည် မြေပြင်သို့ မကျမီမှာပင် အမှုန့်အဖြစ် ကြေပျက်သွားတော့သည်။

တိတ်ဆိတ်ခြင်း

မိုကျွင်းသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်

လိုက်ရ၏။

သူငယ်အိမ်များ ပြူးကျယ်ကုန်၏

သူ၏ မျက်နှာတွင် အံ့အားသင့်မှုများ ကြီးစွား ထင်ဟပ်နေသည်။

ထို့နောက်... ဒေါသတရားများ လောင်မြိုက်လာတော့၏။

အတိုင်းအဆမရှိသော ဒေါသများကြောင့်

ကောင်းကင်ကြီး မှောင်မိုက်သွားကာ သူ၏ ခန္ဓာကိုယ်မှ မိစ္ဆာစွမ်းအင်များသည် မီးတောင်ပေါက်ကွဲသကဲ့သို့ ထွက်ပေါ်လာပြီး ချောက်ကမ်းပါးကြီးကို ပိုမို ကြေမွသွားစေသည်။

"မင်း... မင်းးးး”

မိုကျွင်း၏ အသံသည် ကြောက်လန့်ခြင်းကြောင့် မဟုတ်ဘဲ သတ်ဖြတ်လိုသော ဒေါသကြောင့် တုန်ရင်နေသည်။

သူ၏ ကျန်ရှိသော မျက်လုံးဖြင့် ပိုင်ကျီဟန်ကို စိုက်ကြည့်၏

"မင်း သေရမယ်”

ပိုင်ကျီဟန်မှာမူ ယိုင်ထိုးနေ၏။

ဓားချက် ပြီးဆုံးသွားသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်မှ အင်မော်တယ်အလင်းတန်းများ ကြေမွသွားပေသည်။

ဖေးလိန်၏ အရှိန်အဝါမှာလည်း ချက်ချင်း ပျောက်ကွယ်သွားသည်။

သူ၏ ကျင့်စဉ်အဆင့်မှာ ပြန်လည် ကျဆင်းသွား၏

စွမ်းအင်များသည် ပေါက်ပြဲနေသော အိုးထဲမှ ရေကဲ့သို့ ကုန်ခမ်းသွားတော့၏။

ပိုင်ကျီဟန်သည် ဝေဟင်တွင် လဲကျလုနီးပါး ဖြစ်သွားပြီး သွေးများ အဆက်မပြတ် အန်ထုတ်နေရသည်။

သူ၏ အင်္ဂါအစိတ်အပိုင်းများမှာ နာကျင်မှုကြောင့် တုန်ရင်နေသည်။

သွေးကြောများ ယိမ်းထိုးနေသည်။

သူမောဟိုက်နေသည်။

မည်သည့်ခွန်အားမျှ မကျန်တော့ချေ။

ထိုစဉ်

"ကျွီ”

သူ၏ အနောက်ဘက် ဟင်းလင်းပြင်ကြီးမှာ ပြင်းထန်စွာ ပြတ်တောက်သွားသည်။

ဧရာမ ဟင်းလင်းပြင် အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။

"ကျီဟန်အာ”

စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာ၏။

ပိုင်ရမ်က ဦးစွာ ထွက်ပေါ်လာပြီး ပိုင်ကျီဟန်၏ အခြေအနေကို မြင်သည်နှင့် သူ၏ အရှိန်အဝါများမှာ ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲထွက်လာတော့သည်။

သူ၏ နောက်ကွယ်တွင်

မျိုးနွယ်စု၏ မဟာအကြီးအကဲများစွာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြပြီး သူတို့၏ မျက်နှာများမှာ တည်ကြည် ခက်ထန်နေကြ၏။

ထို့နောက်

ပိုင်ထျန်းဟမ်မှာတော့

သူ၏ သားဖြစ်သူသည် သွေးအိုင်ထဲတွင် သတိလစ်လုနီးပါး ဖြစ်နေသည်ကို မြင်လိုက်ရသော ခဏ၌ သူ၏ အမူအရာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်တင်းမာသွားတော့သည်။

"ကျီဟန်..."

သူသည် လက်သီးကို တင်းတင်းဆုပ်လိုက်၏။

ပိုင်မျိုးနွယ်စုမှ ပညာရှင်များသည် ပိုင်ကျီဟန်၏ ပတ်လည်တွင် ချက်ချင်းပင် ကာကွယ်ရေး အစီအရင်တစ်ခု ပြုလုပ်လိုက်ကြပြီး သူ လဲမကျသွားအောင် တွဲကူပေးလိုက်ကြသည်။

ခဏမျှ မည်သူမျှ စကားမပြောနိုင်ဘဲ ငြိမ်သက်နေကြ၏။

ထို့နောက်

သူတို့၏ အကြည့်များမှာ ရှေ့သို့ ရောက်သွားကြသည်။

ရန်သူထံသို့...

မိုကျွင်း ထံသို့...။

ထိုအခါ သူတို့အားလုံး မှင်သက်သွားကြပြန်သည်။

တိတ်ဆိတ်မှုမှာ ယခင်ကထက် ပိုမို လေးလံလာ၏။ မိုကျွင်းသည် ပြိုကွဲနေသော ချောက်ကမ်းပါးအလယ်တွင် မိစ္ဆာစွမ်းအင်များ ပေါက်ကွဲလျက် ရပ်နေသော်လည်း

သူ၏ ဘယ်ဘက်လက်မောင်းမှာမူ

မရှိတော့ချေ။

သန့်ရှင်းစင်ကြယ်စွာ ဖြတ်တောက်ခံထားရသည်။

ဒဏ်ရာမှ သွေးများ စီးကျနေပြီး ချက်ချင်း ပြန်လည် ကုစား၍ မရသည်ကို တွေ့လိုက်ရ၏

ပိုင်ရမ်၏ မျက်လုံးများ ပြူးကျယ်သွားသည်

ပိုင်ထျန်းဟမ်၏ သူငယ်အိမ်တို့ ကျဉ်းမြောင်းသွားရသည်။

"...ကျီဟန်က သူ့ကို ခုတ်လိုက်တာလား?"

ထိုစကားလုံးများမှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်

မိစ္ဆာကျင့်ကြံသူများ၏ ခေါင်းဆောင်၊

မျိုးဆက်ပေါင်းများစွာကို ထိတ်လန့်စေခဲ့သော တည်ရှိမှုကြီးသည် ပိုင်ကျီဟန်၏ လက်ချက်ဖြင့် ကိုယ်လက်အင်္ဂါ တစ်ခု ဆုံးရှုံးသွားခဲ့ချေပြီ။

လေထုမှာ ပို၍ပင် အသက်ရှူကျပ်လာ၏။ မိုကျွင်းသည် ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး သူ၏ ကျန်ရှိသော လက်တစ်ဖက်ကို တင်းတင်းဆုပ်ကာ ရောက်လာသူများကို စိုက်ကြည့်လိုက်သည်။

သူ၏ အကြည့်များတွင် မုန်းတီးမှုများ တောက်လောင်နေ၏

"ဒါဆိုလည်း..." သူက အေးစက်စွာ ပြောလိုက်သည်။ "နောက်ဆုံးတော့ ပိုင်မျိုးနွယ်စု ရောက်လာပြီပေါ့။"

သူ၏ အကြည့်သည် သူတို့အနောက်ရှိ သတိလစ်လုနီးပါး ဖြစ်နေသော ပိုင်ကျီဟန်ထံသို့ ခဏမျှ ရောက်သွားသည်။

ထို့နောက် သူ၏ နှုတ်ခမ်းဖျားတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာ၏။ “ကောင်းပြီ... မင်းတို့ထဲက တစ်ယောက်မှ အသက်ရှင်လျက် ပြန်မသွားစေရဘူး”

All Chapters