သားရဲဒီရေလှိုင်းကြီး၏ နိဂုံး
Vol. 28 Ch. 415
မိုကျွင်းစကားဆုံးသွားသော်လည်း ပိုင်ချူ၏ အကြည့်များမှာ တည်ငြိမ်နေဆဲပင်။
"နောက်တစ်ကြိမ်ဆိုတာ ရှိလာမှာ မဟုတ်ဘူး" ပိုင်ချူက ပြတ်သားစွာ ပြောလိုက်သည်။
"မိုကျွင်း... မင်း ဒီနေ့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။
ထိုအခိုက်အတန့်တွင် အခြေအနေစည် တကယ်ပင် ထိုသို့ဖြစ်လာတော့မည့်အတိုင်းပင်။
မိုကျွင်းသည် ပြင်းထန်စွာ ဒဏ်ရာရထားသည်။
ချီလင်းတပိုင်းမှာလည်း မသန်မစွမ်း ဖြစ်နေပြီ။
မိစ္ဆာကျင့်ကြံသူ အင်မော်တယ် အများစုမှာလည်း သေဆုံးခြင်း သို့မဟုတ် အသက်ငင်ခြင်းတို့နှင့် ရင်ဆိုင်နေရသည်။
စစ်တလင်းတစ်ခုလုံးသည် ကောင်းကင်အင်ပါယာ၏ လက်အောက်သို့ လုံးဝ ရောက်ရှိနေပြီဖြစ်သည်။
သို့သော်လည်း—
မိုကျွင်းက ပြုံးလိုက်သည်။
၎င်းမှာ နှေးကွေးသော်လည်း အလွန်ပင် စိတ်မသက်မသာ ဖြစ်စေသော အပြုံးမျိုး ဖြစ်သည်။
ပိုင်ချူ၏ သူငယ်အိမ်များ ကျုံ့သွားသည်
ရန်သူသည် အလွန်အမင်း တည်ငြိမ်နေ၏
အလွန်လည်း ယုံကြည်မှု ရှိနေသည်။
ပိုင်ချူ တုံ့ပြန်ဖို့တောင် အချိန်မရလိုက်မီမှာပင် မိုကျွင်း၏ နောက်ကွယ်ရှိ ဟင်းလင်းပြင်သည် လှိုင်းထသွားပြီး လူရိပ်အချို့ ပေါ်ထွက်လာကာ မိုကျွင်း၏ ဘေးတွင် ရပ်လိုက်ကြသည်။
ပိုင်ချူမျက်မှောင်ကြုတ်လိုက်မိ၏။
သူသည် သူတို့၏ တည်ရှိမှုကို လုံးဝ သတိမထားမိခဲ့ပေ။
(သူတို့ ဘယ်အချိန်ကတည်းက ဒီကို ရောက်နေတာလဲ?)
ထိုသူများ ရုတ်တရက် ပေါ်လာခြင်းကြောင့် ပိုင်ချူအံ့အားသင့်သွားရသည်။
သူသည် မိုကျွင်းနှင့် အပြင်းအထန် တိုက်ခိုက်နေရသော်လည်း အခြားသူများ၏ ကြားဖြတ်နှောင့်ယှက်မှုကို အမြဲတမ်း သတိပြု စောင့်ကြည့်နေခဲ့သူဖြစ်သည်။
သို့သော် ယခုအချိန်အထိ သူတို့ကို လုံးဝ အာရုံမရခဲ့ပေ။
ထို့ပြင် သူသည် ထိုသူများကိုလည်း မမှတ်မိပေ။
သို့သော် သူတို့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာမူ ထင်ရှားလှသည်— မြေကမ္ဘာအင်မော်တယ် အဆင့်များပင်။
ပိုင်ချူသည် သက်တမ်းကြာရှည်စွာ နေထိုင်ခဲ့သူဖြစ်ပြီး မြေကမ္ဘာအင်မော်တယ်အဆင့်ဆိုသည်မှာ အလွန်ပင် ရှားပါးလှသဖြင့် သူသည် ထိုအဆင့်ရှိသူ အားလုံးနီးပါးကို သိကျွမ်းပြီးသားဖြစ်သည်။
သို့သော် ယခုပေါ်လာသော နှစ်ဦးမှာမူ သူသိထားသူ တစ်ဦးတစ်ယောက်နှင့်မျှ မတူပေ။
ထိုသူနှစ်ဦးသည် ရှေ့သို့ လှမ်းတက်လာပြီး မိုကျွင်းကို ကာကွယ်လိုက်ကြသည်။
ပိုင်ချူက သူ၏ဓားကို မြှောက်လိုက်ရာ အင်မော်တယ်စွမ်းအင်များ တောက်ပလာပြီး သူတို့ကို တစ်ယောက်တည်း ရင်ဆိုင်ရန် ပြင်
လိုက်သည်။
သုံးယောက်သား ချက်ချင်းပင် ထိပ်တိုက် တိုက်ခိုက်မိကြတော့သည်။
ချလွမ်း ချလွမ်း
ပိုင်ချူသည် တိကျစွာဖြင့် ခုခံကာကွယ်ရင်း တန်ပြန်တိုက်စစ်ဆင်သော်လည်း ထိုမြေကမ္ဘာအင်မော်တယ် နှစ်ဦးမှာ သူ့ကို မဆုတ်မနစ် ဖိအားပေးနေကြသည်။
တိုက်ကွက်တစ်ခုချင်းစီက သူ့ကို အနေအထား ပြင်ဆင်ရန် အတင်းအကျပ် ပြုလုပ်စေပြီး အယောင်ပြ တိုက်ကွက်တိုင်းကလည်း သူ့ကို ဟန်ချက်ပျက်အောင် တွန်းပို့နေသည်။
ကံကြမ္မာဖြတ်တောက်ခြင်းဓားချက်ကို အသုံးပြုခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်မှုများက သူ့အပေါ် ဖိစီးလာသည်။ သူ၏လက်မောင်းများသည် ပူလောင်နေပြီး လှုပ်ရှားမှုများမှာလည်း အနည်းငယ် နှေးကွေးလာ၏။
သူသည် ခြေတစ်လှမ်းချင်း နောက်သို့ ဆုတ်ပေးလိုက်ရ၏ ခြေကုပ်ပြန်ရရန် အနိုင်နိုင် ကြိုးစားနေရသည်။
မြေကမ္ဘာအင်မော်တယ် နှစ်ဦးနှင့် ယှဉ်လျှင် ပိုင်ချူပင်လျှင် အခြေအနေကို မထိန်းချုပ်နိုင်တော့ပေ။
ထိုသူများသည် သူယခင်က ရင်ဆိုင်ခဲ့ဖူးသော မည်သည့်ကျင့်ကြံသူထက်မဆို ပိုမိုသန်မာနေပြီး မိုကျွင်းထက်ပင် ပိုသန်မာနေနိုင်သည်ကို ပိုင်ချူသိရှိသွားသည်။
(သူတို့က ဘယ်သူတွေလဲ?)
ပိုင်ချူ သိချင်နေမိသည်။ ဤမျှ သန်မာသောသူများကို သူ မသိဘဲ မည်သို့မှ မနေနိုင်ပေ။
မိုကျွင်း၏ အပြုံးမှာ ပိုမို ကျယ်ပြန့်လာပြီး သူ၏ တည်ငြိမ်မှုမှာ ပျက်ပြယ်ခြင်း မရှိပေ။ သူသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကာ သူ၏ အကူအညီပေးသူများကိုသာ ပိုင်ချူအား ကိုင်တွယ်ခွင့် ပေးလိုက်သည်။
မိုကျွင်း၏ လက်ဟန်တစ်ခုကြောင့် စစ်တလင်းတစ်ခုလုံး တုန်ခါသွားပြီးနောက်
"ဆုတ်ခွါကြ”
သူက အမိန့်ပေးလိုက်သည်။
မိုကျွင်း၏ အကြည့်မှာ ပိုင်ချူထံတွင် ခဏမျှ ရစ်ဝဲနေဆဲပင်။
"နောက်မှ ပြန်တွေ့ကြတာပေါ့”
သူက ခပ်အေးအေး ပြောလိုက်သော်လည်း ထိုစကားလုံးများနောက်ကွယ်တွင် ခြိမ်းခြောက်မှုများ ကပ်ပါလာသည်။
သူသည် ကောင်းကင်ယံထဲသို့ ပျောက်ကွယ်သွားပြီး ပိုင်ချူတစ်ယောက်တည်းကိုသာ ချန်ရစ်ထားခဲ့သည်။ ပိုင်ချူမှာမူ သူ၏နောက်သို့ ချက်ချင်းလိုက်မလာနိုင်
အောင် တားဆီးနေသည့် မြေကမ္ဘာအင်မော်တယ် နှစ်ဦးကို ရင်ဆိုင်နေရသဖြင့် ယိမ်းထိုးနေရသည်။
ပိုင်ချူသည် ဓားကို တင်းတင်းဆုပ်ကာ ကိုယ်ကိုပြန်ထိန်းလိုက်ရပြီး သူ၏ဝတ်ရုံမှာလည်း ထွက်ခွာသွားသော မိုကျွင်း၏ အရှိန်ကြောင့် ဖြစ်ပေါ်လာသည့် လေပြင်းများအကြား တဖျပ်ဖျပ် လွင့်နေတော့သည်။
"မင်းတို့က ဘယ်သူတွေလဲ? ဘာလို့ မိုကျွင်းကို ကူညီနေရတာလဲ?"
ပိုင်ချူက မေးမြန်းလိုက်သည်။
"..."
မည်သည့်အဖြေမျှ ပြန်မလာခဲ့ပေ။
မိုကျွင်း၏ ပုံရိပ် ပျောက်ကွယ်သွားပြီးနောက် ထိုမြေကမ္ဘာအင်မော်တယ် နှစ်ဦးသည်လည်း ဆုတ်ခွာရန် ပြင်လိုက်ကြသည်။
ဝူး
ပိုင်ချူ လိုက်မတိုက်တော့ပေ။ သူသည် ထိုသူနှစ်ဦး၏ စွမ်းအားကို အပြည့်အဝ နားမလည်သေးသလို၊ သူတို့ကို တစ်ယောက်တည်း လိုက်လံတိုက်ခိုက်ခြင်းမှာလည်း အန္တရာယ်များလှသည်။
ထို့ပြင် မိစ္ဆာကျင့်ကြံသူများ၏ ခြိမ်းခြောက်မှုမှာ ပျောက်ကွယ်သွားပြီဖြစ်သော်လည်း အင်မော်တယ်အဆင့်ရှိသော သားရဲများအပါအဝင် မိစ္ဆာသားရဲများမှာ စစ်တလင်းပြင်၌ ပျံ့နှံ့နေဆဲဖြစ်သည်။
"တောက်”
မိုကျွင်းကို သတ်နိုင်မည့် အခွင့်အရေးကို လက်လွှတ်လိုက်ရသဖြင့် ပိုင်ချူသည် စိတ်ပျက်လက်ပျက် တောက်ခေါက်လိုက်
မိသည်။
ဒေါသထက် ပိုသည်မှာ ကြားဖြတ်နှောင့်ယှက်ခဲ့သည့် ထိုလျှို့ဝှက်ဆန်းပြားသော လူနှစ်ဦးအပေါ် သတိထားမိခြင်းပင်။
"သူတို့က ဘယ်ငရဲကနေ ရောက်လာကြတာလဲ?"
စစ်တလင်းပြင်မှာမူ ဆက်လက်၍ ရုန်းရင်းဆန်ခတ် ဖြစ်နေဆဲပင်။
"ဆုတ်ခွာကြ” မိုကျွင်း၏ အမိန့်မှာ စစ်တလင်းတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။
မိစ္ဆာကျင့်ကြံသူများသည် နှစ်ခါပြောစရာ မလိုတော့ပေ။
အများစုမှာ ကောင်းကင်အင်ပါယာ တပ်ဖွဲ့များ၏ ဖိနှိပ်ခြင်းကို ခံနေရသဖြင့် ထိုအမိန့်ကို စောင့်မျှော်နေကြခြင်း ဖြစ်သည်။
ယခု မိုကျွင်းက အမိန့်ပေးလိုက်ပြီဖြစ်ရာ သူတို့ အချိန်ဆွဲမနေတော့ပေ။
သို့သော်လည်း ဆုတ်ခွာခြင်းမှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။ ပိုင်ကျီဟန် နှင့် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့်ရှိ ကျင့်ကြံသူများသည် ထွက်ပြေးနေသော မိစ္ဆာကျင့်ကြံသူများကို လိုက်လံခုတ်ပိုင်းနေကြရာ အလွယ်တကူ လွတ်မြောက်ရန် လမ်းမရှိပေ။
မိနစ်ပိုင်းအတွင်းမှာပင် အသက်ရှင်ကျန်ရစ်သော မိစ္ဆာကျင့်ကြံသူများသည် အမြီးကုပ်ကာ ထွက်ပြေးသွားကြရလေတော့သည်။
ပိုင်ကျီဟန်တို့ဘက်မှ မိစ္ဆာကျင့်ကြံသူ အနည်းငယ်သာ လွတ်မြောက်သွားနိုင်ခဲ့သည်။
လွတ်မြောက်သွားသူများသည်ပင် ကိုယ်လက်အင်္ဂါ တစ်ခု သို့မဟုတ် နှစ်ခု ပြတ်တောက်သွားကြရသည်။
သို့သော် စစ်ပွဲက ပြီးဆုံးရန် ဝေးပါသေးသည်။
မိစ္ဆာကျင့်ကြံသူများ ဆုတ်ခွာသွားသော်လည်း မိစ္ဆာသားရဲများကိုမူ ဆက်လက် ရှင်းလင်းရန် လိုအပ်နေသေးသည်။
ပိုင်ကျီဟန်အတွက်မူ ၎င်းသည် သူ၏ စနစ်မှတ်တမ်းများကို နောက်ဆုံးအကြိမ် အဝဖမ်းရန် အခွင့်အရေးတစ်ခုပင် ဖြစ်သည်။
မိစ္ဆာကျင့်ကြံသူများ ထွက်ခွာသွားပြီးနောက် သူ၏မျက်လုံးများသည် အဆင့် (၉) မိစ္ဆာသားရဲများထံသို့ သိသိသာသာ ဦးတည်သွားတော့သည်။
မိစ္ဆာကျင့်ကြံသူများ မရှိတော့သဖြင့် စစ်မြေပြင်၏ အခြေအနေမှာ ကောင်းကင်အင်ပါယာအတွက် ပို၍ပင် အသာစီးရလာသည်။
ယခင်က မိစ္ဆာကျင့်ကြံသူများနှင့် တိုက်ခိုက်နေရသဖြင့် အလုပ်ရှုပ်နေသော လူသားစစ်ကူများသည် ယခုအခါ မိစ္ဆာသားရဲများကို ဝိုင်းရံတိုက်ခိုက်နိုင်ပြီဖြစ်သည်။
တစ်ချိန်က မိစ္ဆာသားရဲများ ပိုင်ဆိုင်ခဲ့သော အင်အားသာလွန်မှုမှာ ယခုအခါ သူတို့ဘက်သို့ ပြန်လည် ဦးတည်လာလေပြီ။
ပိုင်ကျီဟန်သည် ရှေ့တန်းမှ ဦးဆောင်ခဲ့ပြီး မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျင့်ကြံသူများသည် တိကျပြတ်သားပြီး ပြင်းထန်လှသော တိုက်ကွက်များကို မိုးရွာသကဲ့သို့ ကျရောက်စေသည်။
သူတို့၏ အခင်းအကျင်းများသည် အဆင့်နိမ့် မိစ္ဆာသားရဲများကို ဂျုံပင်များ ရိတ်သိမ်းသကဲ့သို့ အလွယ်တကူ ရှင်းလင်းပစ်လိုက်
သည်။
သူတို့၏ စွမ်းအားအစစ်အမှန်ကို အပြည့်အဝ မထုတ်သုံးရသေးခင်မှာပင် လူသားတို့၏ သာလွန်မှုမှာ ငြင်းပယ်၍မရနိုင်အောင် ထင်ရှားနေသည်။
စစ်တလင်း၏ အလယ်ဗဟိုတွင်မူ သူတို့၏ခေါင်းဆောင် ချီလင်းတပိုင်းသည် ဒဏ်ရာဗရပွဖြင့် ပုံပျက်ပန်းပျက် ရပ်နေသည်။
၎င်း၏ လက်ရှေ့နှစ်ဖက်မှာ မရှိတော့ဘဲ ခန္ဓာကိုယ်သည်လည်း စုတ်ပြဲကာ သွေးများ ယိုစီးနေသော်လည်း ၎င်း၏ ဧရာမကိုယ်ထည်ကြီးမှာ မလျော့ပါးသော ဒေါသများကို ထုတ်
လွှတ်နေဆဲပင်။
"လူသားတွေ.. ငါက ဒီလောက်နဲ့ လွယ်လွယ်ကျရှုံးသွားမယ်လို့ မထင်နဲ့”
၎င်းသည် စစ်တလင်းတစ်ခုလုံး တုန်ခါသွားအောင် ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ဆိုးရွားလှသော အခြေအနေကြားမှပင် ကြောက်ရွံ့ခြင်း သို့မဟုတ် ထွက်ပြေးခြင်း အလျှင်းမရှိခဲ့ပေ။
မသန်မစွမ်း ဖြစ်နေသည့်တိုင် ၎င်း၏ မိစ္ဆာစွမ်းအင်များမှာ သောင်းကျန်းနေဆဲဖြစ်ပြီး အနားသို့ ချဉ်းကပ်လာသူမှန်သမျှကို ဖျက်ဆီးပစ်ရန် ပြင်ဆင်နေသည်။
ပိုင်ရမ်၊ ကျောက်ဝူကျင်းနှင့် ယုရွှမ်သယ် တို့သည် သေလုမျောပါး ဖြစ်နေသော ချီလင်းတပိုင်းကို အပြတ်ရှင်းရန် အနိုင်နိုင် ကြိုးစားနေရဆဲဖြစ်သည်။
မည်မျှပင် ဒဏ်ရာရနေပါစေ ၎င်း၏ ခန္ဓာကိုယ်မှာ အလွန်မာကျောလှသဖြင့် မည်သည့်တိုက်ကွက်ကမျှ ထိရောက်မှု မရှိသလောက်ပင် ဖြစ်နေသည်။
သို့သော် မကြာမီမှာပင် မိစ္ဆာကျင့်ကြံသူများကို တိုက်ခိုက်ခဲ့သော ပိုင်ချူနှင့် အခြား အင်မော်တယ်များက တိုက်ပွဲထဲသို့ ဝင်
ရောက်လာကြသည်။
ချီလင်းတပိုင်းသည် ကျန်ရှိသမျှ ခွန်အားများကို စုစည်းကာ လေထုကိုပင် စုတ်ဖြဲမတတ် ပြန်လည် တိုက်ခိုက်ခဲ့သည်။
သို့သော် ဤမျှများပြားသော အင်မော်တယ်အဆင့် ကျင့်ကြံသူများကိုမူ ထိုဒဏ္ဍာရီလာသားရဲကြီးပင် မယှဉ်နိုင်တော့ပေ။
၎င်း၏ မိစ္ဆာစွမ်းအင်များမှာ တဖြည်းဖြည်း မှေးမှိန်ကွယ်ပျောက်သွားပြီး နောက်ဆုံး၌ အသက်မဲ့သော အလောင်းကောင်ကြီးတစ်ခုသာ ကျန်ရစ်တော့သည်။
ခေါင်းဆောင် ကျဆုံးသွားသည်နှင့် ကျန်ရှိသော မိစ္ဆာသားရဲများမှာ ထိတ်လန့်တုန်လှုပ်
ကုန်ကြသည်။ အများစုမှာ ထွက်ပြေးကြသော်လည်း အချို့မှာမူ နောက်ဆုံးထွက်သက်အထိ တိုက်ခိုက်သွားကြသည်။
အင်မော်တယ်များသည် ကျန်ရှိသော အစွမ်းထက် မိစ္ဆာသားရဲများကို လိုက်လံ သတ်ဖြတ်ကြသည်။
အားနည်းသော သားရဲများမှာမူ လျင်မြန်စွာ ချေမှုန်းခံလိုက်ရသည်။ အင်မော်တယ်တစ်ဦး၏ တိုက်ကွက်တစ်ချက်သည် အဆင့် (၁၀) မိစ္ဆာသားရဲများ အပါအဝင် သားရဲပေါင်း ရာချီကို တစ်ပြိုင်နက် သေဆုံးစေနိုင်သည်။
အပြတ်အသတ်အသာစီးရသွားသဖြင့် ကောင်းကင်အင်ပါယာသည် တစ်နာရီအတွင်း မိစ္ဆာသားရဲ ၈၀ ရာခိုင်နှုန်းခန့်ကို သတ်ဖြတ်
နိုင်ခဲ့ပြီး ကျန်ရှိသော သားရဲများမှာမူ ထွက်ပြေးလွတ်မြောက် သွားကြသည်။
သားရဲဒီရေလှိုင်းကြီးသည် နောက်ဆုံး၌ နိဂုံးချုပ်သွားလေပြီ။