အိမ်မှပေးစာ
Vol. 28 Ch. 416
သားရဲဒီရေလှိုင်းကြီးသည် နိဂုံးချုပ်သွားလေပြီ။
သို့သော် စစ်ပွဲကမူ အမှန်တကယ် ပြီးဆုံးသွားခြင်း မဟုတ်သေးပေ။
စစ်မြေပြင်တစ်ခုလုံး မတင်မကျဖြစ်သော တိတ်ဆိတ်မှုများ လွှမ်းမိုးနေသော်လည်း အိမ်ပြန်ရန် အချိန်မကျသေးပေ။
ကင်းစောင့်တပ်များကို နယ်မြေအနှံ့ ချထားပြီး ကင်းလှည့်မှုများကိုလည်း ရပ်နားခြင်းမရှိဘဲ လုပ်ဆောင်နေရသည်။
တောရိုင်းထဲတွင် မိစ္ဆာသားရဲများ ခိုအောင်းနေသရွေ့၊ မိစ္ဆာကျင့်ကြံသူများ အသက်ရှင်နေသရွေ့ ရုတ်တရက် တိုက်ခိုက်ခံရနိုင်ခြေ အမြဲရှိနေသည်။
သို့သော် ထိုသို့ သတိရှိနေသည့်ကြားမှပင် ကောင်းကင်အင်ပါယာတစ်ခုလုံးတွင် ငြင်းပယ်၍မရသော အရာတစ်ခု ပျံ့နှံ့နေသည်— ၎င်းမှာ စိတ်သက်သာရာရမှုပင် ဖြစ်သည်။
သတင်းများမှာ ထင်ထားသည်ထက် ပို၍ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
မိစ္ဆာကျင့်ကြံသူများ ရှုံးနိမ့်သွားချေပြီ။
သားရဲဒီရေလှိုင်း၏ ခေါင်းဆောင် ချီလင်းတပိုင်းသေဆုံးသွားပြီပင်
မြို့ကြီးများတွင် အောင်ပွဲခံသံများ ဆူညံသွားသည်။ ဂိုဏ်းဝင်းများအတွင်း၌လည်း ပင်ပန်းနွမ်းနယ်မှုများနှင့်အတူ ရယ်မောသံများ ပဲ့တင်ထပ်နေသည်။
သာမန်လူသားများသည် ကျေးဇူးတင်စွာဖြင့် ဒူးထောက်ရှိခိုးကြပြီး ကျင့်ကြံသူများသည်လည်း သားရဲဒီရေလှိုင်းအတွက် စိုးရိမ်စရာမလိုတော့သဖြင့် အသက်ကို ဝဝရှူနိုင်ကြပြီဖြစ်သည်။
သူတို့ အောင်နိုင်ခဲ့လေပြီ။
ထိုစိတ်သက်သာရာရမှုနှင့်အတူ အခြားအရာများလည်း ပါလာခဲ့သည်။
၎င်းတို့မှာ အမည်နာမများ၊ ဇာတ်လမ်းများနှင့် ဒဏ္ဍာရီသစ်များပင် ဖြစ်သည်။
ပုံပြင်များမှာ လျင်မြန်စွာ ပျံ့နှံ့သွားသည်
အချို့က အမွှမ်းတင်ထားကြပြီး၊ အချို့က ခပ်ပါးပါး ပြောပြကြကာ အချို့မှာမူ အကျိုးစီးပွားရှိသော အဖွဲ့အစည်းများက ရည်ရွယ်ချက်ရှိရှိ ချဲ့ကားပြောဆိုကြသည်။
စွမ်းဆောင်ရည်ပြသနိုင်ခဲ့သော လူငယ်ပါရမီရှင်များ၏ အကြောင်းကို လက်ဖက်ရည်ဆိုင်များနှင့် ဂိုဏ်းခန်းမများတွင် ပြောမဆုံး ဖြစ်နေကြသည်။
"မင်း ကြားပြီးပြီလား? ချူကျီယန်က အဆင့် (၈) မိစ္ဆာသားရဲကို တစ်ယောက်တည်း သတ်လိုက်တာတဲ့။"
"ကြားတာပေါ့။ နဂါးနဲ့ ဖီးနစ် ပြိုင်ပွဲပြီးကတည်းက သူမက အရှိန်အဟုန်နဲ့ တက်လှမ်းနေတာပဲ။"
"ပြီးတော့ ပိုင်ရွှယ်ချင်းလည်း ရှိသေးတယ်။ သူမက တိုက်ပွဲအလယ်မှာ ဗလာသန့်စင်ခြင်းအဆင့် ပညာရှင်တစ်ယောက်ကို လှုပ်မရအောင် လုပ်ပစ်လိုက်တာတဲ့။"
"အဲဒီအရွယ်နဲ့ဆိုရင်တော့ တကယ့်ကို ကြောက်စရာပဲ။"
"အခြားသူတွေလည်း ရှိသေးတယ်... ဒီတစ်ခေါက်တော့ နေရာတိုင်းမှာ လူငယ်ပါရမီရှင်တွေ ချည်းပဲ။"
အချို့မှာ မိမိတို့၏ အဆင့်ထက် အဆပေါင်းများစွာ သာလွန်သော မိစ္ဆာသားရဲများကို သတ်ဖြတ်နိုင်ခဲ့ကြသည်။
မျိုးဆက်သစ်များ ထွက်ပေါ်လာနေပြီ ဖြစ်သည်။
သို့သော် ထိုအမည်များအားလုံးထဲတွင်
"ဒါပေမဲ့ ပိုင်ကျီဟန်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေကတော့ လုံးဝကို မယုံနိုင်စရာပဲ”
"သူက မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာအကြီးအကဲ သုံးယောက်နဲ့ တိုက်ခဲ့တာတဲ့”
"မဟုတ်ဘူး— ငါးယောက်”
"ငါလည်း ငါးယောက်လို့ ကြားတယ်။ ပြီးတော့ သူက အနိုင်ရခဲ့တာတဲ့။"
"ဒါဆို သူက ပိုင်ထျန်းဟမ်ထက်တောင် သန်မာနေပြီပေါ့ ဟုတ်လား?"
"ဟက်..သူ့အဖေတောင် ဒါကို ငြင်းဖို့ မဝံ့လောက်ဘူး။ ပိုင်မျိုးနွယ်စုကတော့ မိစ္ဆာကောင်တစ်ကောင်ကို မွေးထုတ်ပေးလိုက်ပြီ ထင်တယ်”
ယခင်က လူအများစုမှာ ပိုင်ကျီဟန်သည် နဂါးနှင့် ဖီးနစ် ပြိုင်ပွဲကို မဝင်ရဲသဖြင့် လူလိမ်
တစ်ယောက်ဟု ထင်ခဲ့ကြသည်။
ကောင်းကင်ဓားဂိုဏ်းမှာတော့ ပိုင်ကျီဟန်က
လုရွှမ်ယွမ်ကို အနိုင်ယူလိုက်ခြင်းကြောင့် သူ၏အကြောင်းကို သိသွားသော်လည်း အခြားသူအများစုမှာမူ သိရှိခြင်း မရှိကြသေးပေ။
သို့သော် ယခုမူ သူတို့ နောက်ဆုံး၌ နားလည်သွားကြပြီ— ပိုင်ကျီဟန်သည် သူရဲဘောကြောင်သူ မဟုတဘဲ။ ၎င်းမှာ သူနှင့်
ယှဉ်ပြိုင်ရမည့် အဆင့်မျိုး မဟုတ်သောကြောင့်သာ ဖြစ်သည်။ အကယ်၍ သူသာ ပြိုင်ပွဲဝင်ခဲ့လျှင် ထိုပြိုင်ပွဲသည် တစ်ဖက်သတ် အနိုင်ယူမှုကြီး ဖြစ်သွားပေလိမ့်မည်။
သူ၏အမည်မှာ သားရဲဒီရေလှိုင်းအပြီးတွင် တောမီးပမာ တစ်ဖန် ပြန်လည် ထင်ရှားလာတော့သည်။
ချီလင်းတပိုင်းကို သတ်ဖြတ်ပြီး တစ်ရက် ကုန်ဆုံးသွားသည်။
မိစ္ဆာသားရဲများ ထပ်မံ ပေါ်ထွက်လာခြင်း မရှိတော့ဘဲ ငြိမ်းချမ်းရေးမှာ လက်တစ်ကမ်းသို့ ရောက်ရှိလာပုံရသည်။
ပိုင်ကျီဟန်သည် တိုက်ပွဲပြီးဆုံးပြီးနောက် အနားယူနေခဲ့သည်။ သူ၏ အသက်ရှူသံမှာ တည်ငြိမ်နေပြီး သတိမှာလည်း တဖြည်းဖြည်း လွင့်မြောနေစဉ်...
"သခင်လေးပိုင်”
အသံက မိုးကြိုးပစ်လိုက်သကဲ့သို့ ဟိန်းထွက်လာသည်။
ပိုင်ကျီဟန် မျက်လုံးများ ရုတ်တရက် ပွင့်
လာ၏။
တဲဝင်ပေါက်တွင် လူတစ်ယောက် အသက်ကို ပြင်းပြင်းရှူကာ ရပ်နေသည်။ သူ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ရှိနေသော်လည်း အရေးတကြီးဖြစ်မှုက ပို၍ ပေါ်လွင်နေသည်။
"သခင်လေး... မျိုးနွယ်စုခေါင်းဆောင် ပိုင်က အခုချက်ချင်း လာခဲ့ဖို့ ပြောနေပါတယ်”
ပိုင်ကျီဟန် မျက်မှောင်ကြုတ်လိုက်မိသည်။
"အခုလား?"
ထိုလူက အမြန် ခေါင်းငြိမ့်ပြ၏
"ဟုတ်ကဲ့”
ပိုင်ကျီဟန် ထလိုက်ပြီး ဝတ်ရုံကို ကောက်စွပ်ကာ အပြင်သို့ ထွက်လာခဲ့သည်။
"အဲဒီလူကြီးက အခု ဘာအလိုရှိပြန်တာလဲ?"
သူ ညည်းညူလိုက်သည်။
စခန်းအတွင်း မျိုးနွယ်စုတပည့်နောက်သို့ လိုက်ပါသွားစဉ် ပိုင်ကျီဟန်၏ အတွေးများက လျင်မြန်စွာ လည်ပတ်နေသည်။
(မိစ္ဆာသားရဲတွေ ပြန်စုရုံးမိတာလား? ဒါမှမဟုတ် မိုကျွင်း ပြန်လာတာလား?)
သူသည် အမျိုးမျိုးသော ဖြစ်နိုင်ခြေများကို စဉ်းစားခဲ့သော်လည်း အခြားသူများ၏ အပြုအမူကို ကြည့်ခြင်းအားဖြင့် ထိုကိစ္စများ မဟုတ်နိုင်ကြောင်း သိလိုက်သည်။
ပိုင်ကျီဟန် အထဲသို့ ဝင်သွားသည့်အခါ ရင်းနှီးသော ပုံရိပ်များကို ချက်ချင်း မြင်လိုက်ရသည်။
ပိုင်ထျန်းဟမ်သည် ခေါင်းဆောင်နေရာတွင် တင်းမာသော မျက်နှာထားဖြင့် ရပ်နေသည်။
သူ၏ဘေးတွင် ပိုင်ရမ် ရှိနေပြီး၊ မနီးမဝေးတွင် ပိုင်ရွှယ်ချင်း ရှိနေသည်။
ပိုင်ကျီဟန် မျက်ခုံးနှစ်ဖက် စုကပ်သွား၏။
(ဘာတွေ ဖြစ်နေတာလဲ?)
"အဖေ... ဘာဖြစ်လို့လဲ?"
ပိုင်ကျီဟန်က ဝင်ဝင်ချင်းမှာပင် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
ပိုင်ထျန်းဟမ်သည် သူ့ကို ခဏမျှ စိုက်ကြည့်နေပြီးနောက် အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။
“ထိုင်ဦး”
တပည့်တစ်ဦးက ချက်ချင်း ရှေ့သို့တိုးလာကာ စားပွဲဘေးတွင် ကုလားထိုင်တစ်လုံး ချပေးသည်။
ပိုင်ကျီဟန်က မငြင်းဘဲ ထိုင်လိုက်ပြီး ပိုင်ရမ်နှင့် ပိုင်ရွှယ်ချင်းကို လှမ်းကြည့်လိုက်သည်။
နှစ်ယောက်လုံး ဘာမှ မပြောကြပေ။
ပိုင်ထျန်းဟမ်သည် သက်ပြင်းကို ဖြည်းညှင်းစွာ ချလိုက်ပြီးနောက် သားရေစာတစ်စောင်ကို ထုတ်လိုက်သည်။
"သားရဲဒီရေလှိုင်းကို လုံးဝနှိမ်နင်းပြီးတဲ့နောက်မှာ ဒီသတင်းစကားကို ငါရခဲ့တယ်" သူပြောသည်။ "ဒါက ပိုင်မျိုးနွယ်စုဆီကနေ လာတာပဲ။"
ပိုင်ကျီဟန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"အိမ်မှာ တစ်ခုခု ဖြစ်လို့လား?"
ပိုင်ထျန်းဟမ်က ခေါင်းငြိမ့်လိုက်၏
"ပိုင်မျိုးနွယ်စု တိုက်ခိုက်ခံရတယ်”
ပိုင်ကျီဟန်၏ မျက်နှာသည် ထူးထူးခြားခြား ပြောင်းလဲခြင်း မရှိပေ။
"မိစ္ဆာကျင့်ကြံသူတွေပဲ" ပိုင်ထျန်းဟမ်က ဆက်ပြောသည်။ "သူတို့က သူတို့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကိုတောင် မဖုံးကွယ်ခဲ့ကြဘူး။"
သူက စားပွဲပေါ်သို့ စာကို အသာအယာ တောက်လိုက်လေသည်။
“အခြေအနေက လုံးဝကြီး လက်လွတ်စပယ် ဖြစ်သွားတာမျိုးတော့ မဟုတ်ပါဘူး။ မိသားစုက သူတို့ကို အောင်မြင်စွာ ခုခံနိုင်ခဲ့တယ်။ မိစ္ဆာကျင့်ကြံသူတွေဘက်က အင်မော်တယ် အဆင့် အကြီးအကဲတွေကို လွှတ်ခဲ့တာတောင် အကျအဆုံးကတော့ အကန့်အသတ်နဲ့ပဲ ရှိခဲ့ပါတယ်။”
ပိုင်မျိုးနွယ်စု နယ်မြေကို တကယ်ကျူးကျော်ဖို့ဆိုလျှင် အင်မော်တယ်အဆင့် ကျင့်ကြံသူတွေ လိုအပ်တာ အမှန်ပင်။
မြောက်ပိုင်း ကာကွယ်ရေးတပ်၌ အင်မော်တယ်အဆင့် ပညာရှင် ငါးဦး ရောက်နေသည့်တိုင် ပိုင်မျိုးနွယ်စုသည် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ လုံလောက်သော အင်အားရှိနေသေး၏
ပိုင်ကျီဟန်က ဘာမှမပြောဘဲ သေချာနားထောင်နေခဲ့သည်။
"ဖြစ်နိုင်ခြေ အကြောင်းရင်း သုံးခုရှိတယ်" ပိုင်ထျန်းဟမ်က ပြောလေသည်။
"ပထမတစ်ခုက— ငါတို့ရဲ့ ရတနာတိုက်ပဲ။"
"ဒီတိုက်ပွဲအပြီးမှာ ငါတို့ဆီက အရာရာက အများကြီး ထင်ရှားသွားခဲ့တယ်" ပိုင်ထျန်းဟမ်က တည်ငြိမ်စွာ ပြောပေသည်။ "သူတော်စင်အဆင့်လက်နက်နဲ့ မင်းရဲ့ နည်းစနစ်တွေပေါ့။"
ပိုင်ကျီဟန်သည် အကြီးအကဲများအား ဓားသိုင်း သင်ပေးထားသည်ကို ပိုင်ထျန်းဟမ်သိပေမဲ့ အသေးစိတ်ကိုတော့ သူမသိသေးတာကြောင့် အစွမ်းထက်သည့် နည်းစနစ်တစ်ခုအနေဖြင့် ရည်ညွှန်းလိုက်တာပင်
သူ့ အဆင့်ကို ခဏတာ မြှင့်တင်ပေးသည့် နည်းစနစ်အကြောင်းကိုတော့ ပြောနေစရာတောင် မလိုပေ
"မိစ္ဆာကျင့်ကြံသူတွေက အဲဒီလို အမွေအနှစ်တွေဟာ ပိုင်မျိုးနွယ်စုရဲ့ ရတနာတိုက်ထဲမှာ ရှိနေမယ်လို့ ယုံကြည်သွားပုံရတယ်။"
"ဒါပေမဲ့ သူတို့ မအောင်မြင်ခဲ့ဘူးလေ" ပိုင်ရမ်က ဖြည့်စွက်ပြောလေသည်။
ပိုင်ထျန်းဟမ်က ခေါင်းငြိမ့်ပြ၏ "ဒါက ဒုတိယ ဖြစ်နိုင်ခြေကို ဦးတည်စေတယ်။"
"အာရုံလွှဲတာ" သူက ဆက်ပြောလေ၏ "ငါတို့ရဲ့ အာရုံကို နောက်ကြောင်းပြန်လှည့်အောင် လုပ်ပြီး ဒီဘက်က အင်အားကို လျှော့ချဖို့ ရည်ရွယ်ပုံရတယ်... ဒါပေမဲ့ သားရဲဒီရေလှိုင်းက သူတို့ ထင်ထားတာထက် ပိုမြန်မြန် ပြီးသွားခဲ့တာ။"
ပိုင်ကျီဟန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏
"ဒါဆို တတိယတစ်ခုကကော?"
ပိုင်ထျန်းဟမ် တိတ်သွားချေသည်။
တဲအတွင်းထဲ၌ သေလုမတတ် တိတ်ဆိတ်သွားပြန်သည်။
ပိုင်ကျီဟန်က ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး စိတ်ထဲ၌ မတင်မကျဖြစ်မှုတွေ စိမ့်ဝင်လာသည်။
"သူတို့ရဲ့ တကယ့် ရည်မှန်းချက်က ဘာလဲဆိုတာ ငါတို့ အခုထိ လုံးဝ တိတိကျကျ မသိရသေးဘူး" ပိုင်ထျန်းဟမ်က ဖြည်းဖြည်းချင်း ပြောကာ ပိုင်ကျီဟန်ကို တည့်တည့်ကြည့်
လိုက်၏
"ပထမ နှစ်ချက်ကို သူတို့ မအောင်မြင်ခဲ့ဘူး။ ဒါပေမဲ့ တိုက်ခိုက်နေတုန်းမှာ... မင်းရဲ့ ကိုယ်ရံတော် အစေခံမလေး..."
"သူမ ပြန်ပေးဆွဲခံလိုက်ရတယ်။"
ပိုင်ကျီဟန် ဘာတုံ့ပြန်မှုမှ မရှိပေ။
ခဏလောက်အထိ တဲထဲမှာ လုံးဝ တိတ်ဆိတ်နေဆဲပဲ။
ထို့နောက်
"ဘာပြောတယ်?"
သူ့လေသံက အေးစက်ပြီး ဗလာကျင်းနေသလိုပင်။ နားကြားမှားတာလားဟုပင် ထင်ရ၏။
ပိုင်ထျန်းဟမ်သည် မျက်ခုံးအနည်းငယ် စုလိုက်၏
"လောင်ချင်း လေ" သူက ထပ်ပြောသည် "မင်းရဲ့ ကိုယ်ရံတော် အစေခံမလေး။ ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်းမှာ သူမ ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရတယ်။"
ပိုင်ကျီဟန်သည် သူ့ကို စိုက်ကြည့်နေပြီး မျက်လုံးများက တည်ငြိမ်နေကာ ထိတ်လန့်တာ ဒါမှမဟုတ် ဒေါသထွက်တာမျိုး မပြပေ။
"... အဖေ သေချာရဲ့လား?"
"ငါတို့ သိရသလောက်တော့ ဟုတ်တယ်"ပိုင်ထျန်းဟမ်က ပြန်ဖြေ၏။ "ရှုပ်ရှုပ်ယှက်ယှက် ဖြစ်နေတုန်းမှာ သူမ ပြန်ပေးဆွဲခံလိုက်ရတာ။"
ပိုင်ကျီဟန်က နောက်ကို အနည်းငယ် မှီလိုက်၏
အစေခံမလေးတစ်ယောက်... သာမန် မိန်းကလေးတစ်ယောက်။
၎င်းကပဲ ကိစ္စကို ထူးဆန်းစေသည်။
စကားဆုံးသည်နှင့် ပိုင်ရမ်သည် ပိုင်ထျန်းဟမ်ကို လှမ်းကြည့်လိုက်ပြီး ချက်ချင်း နားလည်လိုက်၏
သူတို့ ဖြစ်နိုင်ခြေ အတော်များများကို စဉ်းစားပြီးချေပြီ— ပိုင်မျိုးနွယ်စုကို ခြိမ်းခြောက်ဖို့ ဒါမှမဟုတ် ပိုင်ကျီဟန်ကို အကြပ်ကိုင်ဖို့ပင်
။
သို့တိုင်မေးခွန်းက ရှိနေတုန်းသာ။
ပိုင်ထျန်းဟမ်သည် ဤကိစ္စကို လုံးဝ စဉ်းစား၍မရနိုင်အောင် ဖြစ်နေသည်။
ပစ်မှတ်ထားခံရသူမှာ ပိုင်ရွှယ်ချင်း သို့မဟုတ် သူ၏ဇနီးသာ ဖြစ်မည်ဆိုလျှင် နားလည်ပေးနိုင်သေးသည်။ ထိုကဲ့သို့သော ဖမ်းဆီးခံရသူများသည် မျိုးနွယ်စုအတွက် တကယ့်ကို အလေးအနက်ထားရမည့်သူများ ဖြစ်သည်။
သို့သော် သာမန်အစေခံမလေးတစ်ယောက်? ကျင့်ကြံခြင်းစွမ်းအားလည်းမရှိ၊ နောက်ခံလည်းမရှိ၊ တန်ဖိုးလည်းမရှိသည့်သူတစ်ယောက်...။
၎င်းမှာ ယုတ္တိမရှိလှပေ။
မိစ္ဆာကျင့်ကြံသူများအနေဖြင့် အစေခံများဖြင့် ပိုင်မျိုးနွယ်စုကို ခြိမ်းခြောက်ခြင်းသည် အဓိပ္ပာယ်မရှိကြောင်း သိသင့်သည်။
အစေခံ ရာဂဏန်းမျှ အဖမ်းခံရလျှင်ပင် မျိုးနွယ်စုက တုံ့ဆိုင်းနေမည်မဟုတ်ပေ။သို့သော်လည်း ကာကွယ်နိုင်လျှင်တော့ ထိုသို့ဖြစ်ခွင့်ပေးမည် မဟုတ်သည်မှာ သဘာဝပင်။
ဤကိစ္စကြောင့် သက်ရောက်မှုရှိနိုင်မည့် တစ်ဦးတည်းသောသူမှာ ပိုင်ကျီဟန်သာ ဖြစ်သည်။
သို့သော် ပိုင်ထျန်းဟမ်မှ ပိုင်ကျီဟန်ကို ကြည့်လိုက်သည့်အခါ ဘာမှမတွေ့ရပေ။
ဒေါသလည်းမရှိ၊ ထိတ်လန့်မှုလည်းမရှိ၊ မည်သည့်တုံ့ပြန်မှုမျှ မပြပေ
သူတို့ရည်မှန်းချက်က ပိုင်ကျီဟန်သာဆို ကျရုံးပေမည်။
(အနည်းဆုံးတော့ စိုးရိမ်စရာမလိုတော့ဘူးပေါ့။)
သူ ထိုသို့တွေးလိုက်သည့် ခဏမှာပင်
ဘုန်း
တဲကြီးတစ်ခုလုံး သိမ့်သိမ့်တုန်သွားသည်။ ပိုင်ကျီဟန်၏ အရှိန်အဝါများသည် အကန့်အသတ်မဲ့ မြင့်တက်လာပြီး မမြင်ရသော ဖိအားများ အပြင်ဘက်သို့ ပေါက်ကွဲထွက်လာတော့သည်။ လုံးဝဥဿုံ အေးစက်လှသော သတ်ဖြတ်လိုစိတ်များသည် ပြိုလဲကျလာသော ကောင်းကင်ကြီးကဲ့သို့ ထိုနေရာတစ်ခုလုံးကို လွှမ်းမိုးသွားသည်။
လေထုမှာ လေးလံပြီး မွန်းကြပ်လာရာ အပြင်ဘက်ရှိ တပည့်များမှာ ယိုင်နဲ့ကုန်ပြီး ဒူးများညွှတ်ကာ မျက်နှာများမှာ သွေးမရှိသကဲ့သို့ ဖြူလျော်သွားကြသည်။
ပိုင်ထျန်းဟမ်ကိုယ်တိုင်ပင် ထိုဖိအားကို ခံစားလိုက်ရသည်။
သူ အသက်ရှူပင် မှားသွားပြီး ဝတ်ရုံလက်မောင်းများသည် မုန်တိုင်းထဲရောက်နေသကဲ့သို့ တဖျပ်ဖျပ် လွင့်နေတော့သည်။
ထိုခဏတွင် မျိုးနွယ်စုခေါင်းဆောင်ကြီး မြင်လိုက်ရသည်မှာ သူ၏သားမဟုတ်ဘဲ ထို့ထက်ပို၍ အန္တရာယ်ရှိသော အရာတစ်ခုခုကိုပင် ဖြစ်သည်။
ပိုင်ကျီဟန်သည် နေရာမှ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။
သူ၏မျက်လုံးများမှာ တောက်လောင်နေ၏။
"သူတို့က ဘယ်လိုတောင် လုပ်ရဲတာလဲ?”
ပထမတွင် အသံမှာ တိုးသော်လည်း နောက်တွင် ပေါက်ကွဲထွက်လာသည်။
"သူတို့က ဘယ်လိုတောင် လုပ်ရဲတာလဲလို့”
သတ်ဖြတ်လိုစိတ်များက ပို၍ထက်မြက်ကာ ရက်စက်စွာ ထပ်မံမြင့်တက်လာသည်။
ပိုင်ကျီဟန်သည် အမြဲတမ်း တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်သူဖြစ်သည်။
လီမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုတို့၏ လုပ်ကြံမှုများကို ရင်ဆိုင်ရစဉ်ကဖြစ်စေ၊ ကောင်းကင်ဓားဂိုဏ်းတွင် ရှန်လျန်၏ ပရိယာယ်များကို ရင်ဆိုင်ရစဉ်ကဖြစ်စေ၊ကုံးယောင်၏ ချုံခိုတိုက်ခိုက်မှုကို ခံရစဉ်ကဖြစ်စေ... သူက ခပ်အေးအေးသာ တုံ့ပြန်ခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ
ပထမဆုံးအကြိမ်အဖြစ် ပိုင်ကျီဟန် တကယ်ကို ဒေါသထွက်သွားလေပြီ။
"သူတို့ သေတွင်းတူးနေတာပဲ”
သူ့ခြေဖဝါးအောက်ရှိ မြေပြင်သည် အက်ကွဲလာတော့သည်။ သူသည် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်တွင်သာ ရှိသေးသော်လည်း သူ၏ဖိအားမှာမူ လျှော့တွက်၍မရပေ။
"ကျီဟန်အာ”
ပိုင်ထျန်းဟမ်သည် ရှေ့သို့ လှမ်းတက်လာပြီး ထိုဖိအားကို ပြန်လည်ထိန်းညှိရန် သူ၏ကိုယ်ပိုင်အရှိန်အဝါကို အတင်းအကျပ် ထုတ်လွှတ်လိုက်ရသည်။
"စိတ်အေးအေးထားစမ်း၊ ကျီဟန်... စိတ်ကို ထိန်းစမ်း”သူ အော်ဟစ်လိုက်သည်။
ပိုင်ရွှယ်ချင်းမှာ မျက်နှာဖြူလျော်သွားပြီး ရင်ခုန်သံများ မြန်နေတော့သည်။
ပိုင်ကျီဟန်၏ အရှိန်အဝါတစ်ခုတည်းကပင် သူမကို ဤမျှအထိ ဖိနှိပ်နိုင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း?
ပိုင်ရမ်တစ်ဦးတည်းသာ မည်သည့်သက်ရောက်မှုမျှ မရှိဘဲ ရှိနေသည်။
ပိုင်ကျီဟန်သည် ချည်နှောင်မှုကင်းသွားသော သားရဲတစ်ကောင်ကဲ့သို့ အရှိန်အဝါများ ဟိန်းဟောက်လျက် ထိုနေရာတွင် ရပ်နေသည်။
ထို့နောက် ဖြည်းညှင်းစွာ သူ မျက်လုံးများကို မော့ကြည့်လိုက်ပြီး မဟာတောရိုင်းမြေ ဘက်သို့ လှမ်းကြည့်လိုက်သည်။
ပိုင်ထျန်းဟမ်သည် ပိုင်ကျီဟန် ဘာတွေးနေသည်ကို သိပြီးသားဖြစ်သည်။
တရားခံမှာ မိစ္ဆာကျင့်ကြံသူများ ဖြစ်နေသဖြင့် လောင်ချင်း ဘယ်မှာရှိနိုင်မည်ဆိုသည့် အဖြေမှာ ရှင်းနေပါသည်။
မိစ္ဆာကျင့်ကြံသူများ၏ ခေါင်းဆောင် မိုကျွင်း ကိုသာ မေးလိုက်ရုံသာ