← Chapters

အခန်း (၁၃၀၁-၁၃၀၃)

Vol. 89 Ch. 1301-1303

အခန်း (၁၃၀၁-၁၃၀၃)

Vol. 89 Ch. 1301-1303

အခန်း (၁၃၀၁) ဘီယာပွဲတော် ဖွင့်လှစ်ခြင်း

နှစ်ရက်အကြာတွင် ဟားပင်းဘီယာပွဲတော်ကို ဖွင့်လှစ်ခဲ့သည်။

ဖုန်းယွီနှင့် လီနတို့သည် ဧည့်သည်တော်ကားကြီးထဲတွင် ထိုင်ကာ ရှေ့သို့ ဖြည်းညှင်းစွာ မောင်းနှင်နေကြသည်။

“တွေ့လား... ကိုယ် ပြောသားပဲ၊ ကားထဲမှာ ဘာမှမဖြစ်ပါဘူး၊ အဲကွန်းလည်း ပါတော့ အေးအေးဆေးဆေးနဲ့ ဖွင့်ပွဲကို ကြည့်လို့ရတာပေါ့။ ညကျရင်လည်း မီးရှူးမီးပန်း အလှပြပွဲ ရှိသေးတယ်၊ ကြည့်ပြီးမှ ပြန်ကြမလား”

လီန၏မျက်ဝန်းများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လွင်နေပြီး မေးလိုက်သည်။ “ရပါ့မလားဟင်”

“ကိစ္စမရှိပါဘူး၊ ဒေါက်တာလီ... အဆင်ပြေတယ် မဟုတ်လား”

“အဆင်ပြေပါတယ်၊ ကျွန်မ ကြည့်နေတာပဲလေ။ ဒါ့အပြင် ဥက္ကဋ္ဌကတော်ရဲ့ ကျန်းမာရေးကလည်း အလွန်ကောင်းမွန်ပါတယ်။ နေခင်းဘက်မှာ ခေတ္တလောက် ထပ်ပြီး အနားယူခိုင်းလိုက်ရင် ရပါပြီ”

အိမ်ကနေ ထွက်လာတဲ့အခါ ဖုန်းယွီရဲ့ အဖေနဲ့အမေက စိတ်မချကြတာကြောင့် ဖုန်းယွီက ကလေးထိန်းကိုပါ ခေါ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အဖေနဲ့အမေက စိတ်မအေးနိုင်ကြသေးဘဲ မဖြစ်မနေဆိုသလို ဖုန်းယွီရဲ့ အစ်မဖြစ်သူ ဖုန်းတန်ယင်းကို ဆေးရုံကနေ သားဖွားမီးယပ် အထူးကု ဆရာဝန်တစ်ဦး လွှတ်ပေးဖို့ ပြောဆိုခဲ့ကြသည်။

၎င်းတို့သည် လီနကို ဖုန်းယွီထက်ပင် ပိုမို၍ အလေးထား ဂရုစိုက်နေကြခြင်း ဖြစ်သည်။

ဟားပင်း မြို့တော်ဝန်သည် စင်ပေါ်မှနေ၍ ဖွင့်ပွဲ မိန့်ခွန်းကို ပြောကြားနေသည်။ ဤသည်မှာ ဟားပင်း ဘီယာပွဲတော် ဖြစ်သလို မြို့၏အမည်ကို အသုံးပြုထားခြင်းဖြစ်ရာ မြို့တော်အကြီးအကဲများက ဖွင့်ပွဲမိန့်ခွန်း ပြောကြားခြင်းမှာ ပို၍သင့်တော်လှပေသည်။ ပိတ်ပွဲမိန့်ခွန်းကိုမူ ကျန်းရွေ့ချန်က ပြောကြားမည်ဖြစ်ရာ မည်သို့ပင်ဖြစ်စေ ပြည်နယ်အစိုးရကလည်း ကြီးမားသော အားထုတ်မှုများ ပြုလုပ်ထားသဖြင့် စွမ်းဆောင်ရည် မှတ်တမ်းတစ်ခုကို ခွဲဝေယူရမည် မဟုတ်ပါလား။

ဖွင့်ပွဲ အခမ်းအနားမှာ တကယ့်ကို ပြောင်မြောက်လှပေသည်။ အလှပြယာဉ်များ လှည့်လည်ခြင်း၊ မြင်းရထားများ လှည့်လည်ခြင်း စသည်တို့ကို မဆိုထားနှင့်၊ ဧရာမ ဘီယာရေပန်းကြီး တစ်ခုပင် ပါဝင်နေခဲ့သည်။

သေချာပေါက် ဤဘီယာရေပန်းတွင် အသုံးပြုထားသည့် ဘီယာမှာ အလတ်ဆတ်ဆုံး ဘီယာများ မဟုတ်ပါချေ။ အသုံးပြု၍ မရတော့သော သက်တမ်းကုန် ဘီယာများသာဖြစ်ပြီး နည်းပညာရှင်များ၏ ပြုပြင်ဖန်တီးမှုကြောင့် အပြင်ပန်း အသွင်အပြင်နှင့် ရနံ့မှာမူ စစ်မှန်သော ဘီယာနှင့် ထပ်တူကျလှသည်။ သို့သော် သောက်မိမည်ဆိုပါက ဝမ်းပျက်ဝမ်းလျှော ဖြစ်သွားမည်မှာမူ သေချာလှသည်။

မူလက မြို့တော်အစိုးရသည် စစ်မှန်သော ဘီယာများကို အသုံးပြုရန် စီစဉ်ခဲ့သော်လည်း ဖုန်းယွီ၏သတိပေးမှုကြောင့် ထိုအစီအစဉ်ကို စွန့်လွှတ်ခဲ့ကြခြင်း ဖြစ်သည်။

အကယ်၍ စစ်မှန်သော ဘီယာများကို အသုံးပြုမည်ဆိုပါက သိသာလှသော ဖြုန်းတီးမှုတစ်ခု ဖြစ်လာပေလိမ့်မည်ဟု ဖုန်းယွီက သူတို့ကို ပြောပြခဲ့သည်။ ယခုအခါ အင်တာနက်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုဖွံ့ဖြိုးလာနေပြီဖြစ်ရာ ဤကဲ့သို့သော ကိစ္စရပ်များသည် အင်တာနက် အသုံးပြုသူများ၏ တိုက်ခိုက်မှုကို ခံရနိုင်သလို၊ ရည်ရွယ်ချက်ရှိရှိဖြင့် ဟားပင်း ဘီယာကို ဆန့်ကျင်ရန် ကြိုးပမ်းသူများအတွက် အခွင့်အရေး ဖြစ်သွားနိုင်သည် မဟုတ်ပါလား။

အရင်ဘဝတွင် တစ်နှစ်၌ ဟားပင်းဘီယာပွဲတော်သည် ဘီယာအစစ်များကို အသုံးပြုခဲ့သဖြင့် အင်တာနက်ပေါ်တွင် ကန့်ကွက်ရှုံ့ချသံများ ဖုံးလွှမ်းသွားခဲ့ဖူးသည်။ ဘီယာပွဲတော် ကျင်းပခြင်းသည် ဟားပင်းဘီယာ၏ ကျော်ကြားမှုကို မြှင့်တင်ပေးနိုင်သည်မှာ မှန်သော်လည်း မြင့်တက်လာသော ကျော်ကြားမှု အားလုံးမှာ အနုတ်လက္ခဏာ ဆောင်သည့် ကျော်ကြားမှုများသာ ဖြစ်ခဲ့ဖူးသည်။

ဤဘီယာပွဲတော်သည် ဘီယာပြပွဲနှင့် အရောင်းမြှင့်တင်မှုမျှသာ မဟုတ်ဘဲ အနုပညာ ဖျော်ဖြေရေးများ၊ အစားအသောက် ပွဲတော်၊ ခရီးသွား ထုတ်ကုန်များ ပြပွဲ၊ မော်တော်ကား ပြပွဲ၊ ပေတချန်း ဂေဟစနစ် စိမ်းလန်းစိုပြည်ရေး စိုက်ပျိုးရေး ပြပွဲ၊ အဝတ်အထည် ပြပွဲ၊ အိမ်ခြံမြေ ပြပွဲ၊ အရက်ယဉ်ကျေးမှု ဖိုရမ်နှင့် အရက်ယဉ်ကျေးမှု ပြပွဲ စသည့် လှုပ်ရှားမှုများစွာ ပါဝင်နေခဲ့သည်။

ဤသည်မှာ ဖုန်းယွီက ကျန်းရွေ့ချန်ကို အကြံပြုခဲ့ဖူးသည့် ပျော်ပွဲရွှင်ပွဲပုံစံပင် ဖြစ်သည်။ ဤကဲ့သို့သော လှုပ်ရှားမှုမျိုးသည် ဘီယာပြပွဲ တစ်ခုတည်းမှာတင် ကန့်သတ်မထားသင့်ဘဲ၊ ဤအခွင့်အရေးကောင်းကို အသုံးပြု၍ ပုံစံမျိုးစုံ ပါဝင်သော ပျော်ပွဲရွှင်ပွဲကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်သင့်သည်။ ထိုမှတစ်ဆင့် ဟားပင်း ပြည်သူပြည်သားများ၏ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေး လှုပ်ရှားမှုများကိုပါ ကြွယ်ဝစေမည် မဟုတ်ပါလား။

ဖုန်းယွီ မထင်မှတ်ထားသည်မှာ ဟားပင်းမြို့သည် ဤကိစ္စကို ဤမျှအထိ ကြီးမားအောင် လုပ်ဆောင်နိုင်လိမ့်မည်ဟူသော အချက်ပင် ဖြစ်သည်။ ထို့အပြင် “ဟားပင်းဘီယာ အလှမယ် ရွေးချယ်ပွဲ” ဆိုသည့် လှုပ်ရှားမှုတစ်ခုပင် ပါဝင်နေသေးသည်။ ရွေးချယ်ခံရသောသူသည် ဟားပင်းဘီယာ၏ ကြော်ငြာမော်ဒယ် ဖြစ်လာမည်ဖြစ်ရာ တီဗွီဖန်သားပြင်ပေါ်တွင် ပေါ်ထွက်လာနိုင်မည် ဖြစ်သည်။

ရလဒ်အနေဖြင့် ဟားပင်းမြို့ရှိသူများသာမက အခြားသော ပြည်နယ်နှင့် မြို့များမှ မော်ဒယ်အမြောက်အမြားပင် လာရောက် ယှဉ်ပြိုင်ကြသည်။ တီဗွီပေါ်တွင် ပေါ်ထွက်လာခွင့်ရမည်ဆိုသော အခွင့်အရေးမှာ ရခဲလှသည် မဟုတ်ပါလား။ ကြော်ငြာကြယ်ပွင့်မှတစ်ဆင့် ရုပ်ရှင်ကြယ်ပွင့် ဖြစ်လာသူများမှာလည်း မနည်းလှပါချေ။ ၎င်းတို့သည် ရုတ်တရက်ဆိုသလို ကြယ်ပွင့်ကြီးများ ဖြစ်လာနိုင်သည်ဟု မျှော်လင့်နေကြခြင်း ဖြစ်သည်။

ထို့ပြင် ဟားပင်း ဘီယာသည် အခြားသော နာမည်ကြီး ကြယ်ပွင့်အချို့ကိုလည်း ကြော်ငြာအတွက် ငှားရမ်းရန် စီစဉ်နေသည်ဟု ကြားသိရသည်။ အကယ်၍ ထိုကြယ်ပွင့်ကြီးများ၏ မြှင့်တင်ပေးမှုကို ခံရမည်ဆိုပါက အနာဂတ် လမ်းကြောင်းမှာ များစွာပိုမို ချောမွေ့သွားပေလိမ့်မည်။

လွန်ခဲ့သော ဆယ်နှစ်ခန့်က ဟားပင်းရှိ မိန်းကလေးများသည် ဒူးဖုံးသည့် စကတ်များကိုသာ ဝတ်ဆင်ခဲ့ကြသော်လည်း ယခုအခါတွင်မူ အလှမယ်ပြိုင်ပွဲများတွင်ပင် ဝင်ရောက်ယှဉ်ပြိုင်နေကြပြီ ဖြစ်သည်။ လူသားတို့၏ အတွေးအခေါ် ပြောင်းလဲမှုမှာ အလွန်ပင် လျင်မြန်လှသည်ဟု ဆိုရပေမည်။

ဖွင့်ပွဲ အခမ်းအနားရှိ ဖျော်ဖြေမှုများတွင် ပြည်တွင်းရှိ ကျော်ကြားသော အဆိုတော်များနှင့် ကအဖွဲ့ အမြောက်အမြားကို ဖိတ်ကြားထားသည်။ ဖျော်ဖြေမှုများမှာ တကယ့်ကို ပြောင်မြောက်လှပြီး လက်ရှိ နာမည်ကြီး အဆိုတော်များ၏ ဖျော်ဖြေပွဲများထက်ပင် ပိုမို စည်ကားလှပေသည်။

အဘယ်ကြောင့်ဆိုသော် အဆိုတော်တစ်ဦး၏ ဖျော်ဖြေပွဲတွင် လူဦးရေ တစ်သောင်း သို့မဟုတ် နှစ်သောင်းခန့်သာ ရှိသော်လည်း ဤဖွင့်ပွဲ အခမ်းအနားရှိ လူဦးရေနှင့်မူ မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်သောကြောင့် ဖြစ်သည်။

ထို့ပြင် ၎င်းတို့ မည်သို့ စီစဉ်ထားသည် မသိရသော်လည်း နိုင်ငံခြားမှ ကချေသည်များနှင့် အဆိုတော်အချို့ပင် ပါဝင်နေသေးသည်။ သီဆိုသည့် သီချင်းများမှာ ပြင်သစ်ဘာသာနှင့် ဂျာမန်ဘာသာများ ဖြစ်ပုံရရာ၊ မည်သို့ပင်ဖြစ်စေ ဖုန်းယွီကတော့ နားမလည်ပါချေ။

သို့သော် ပြည်တွင်းတွင်မူ ယခုအခါ ထူးဆန်းသော အလေ့အထတစ်ခု ရှိနေခဲ့သည်။ နားမလည်နိုင်လေလေ၊ ပို၍အားပေးလေလေပင် ဖြစ်သည်။ နိုင်ငံခြားသား အဆိုတော်အချို့၏သီချင်းသံများမှာ ပြည်တွင်းမှ နာမည်ကြီး အဆိုတော်များထက်ပင် ပိုမို၍ လက်ခုပ်သံများ ရရှိနေခဲ့သည်။

သို့သော် ဤအဆိုတော်များကို ဖုန်းယွီကတော့ လုံးဝသတိထားမိပါချေ။ ထိုအချက်ကပင် ဤသူများသည် နာမည်ကြီး အဆိုတော်များ မဟုတ်ကြကြောင်း သက်သေပြနေခဲ့သည်။ ဖုန်းယွီ၏ အရင်ဘဝတွင်ဖြစ်စေ၊ ယခုဘဝတွင်ဖြစ်စေ ဤသူများကို တစ်ခါမျှ မမြင်ဖူးပါချေ။

သို့သော် အသက်အရွယ် ကြီးရင့်သောသူများပင်လျှင် စိတ်ဝင်တစား ကြည့်ရှုနေကြသည်ကို မြင်ရသည့်အခါ ဖုန်းယွီမှာ အံ့သြသွားခဲ့ရသည်။ လီနကသာ ဖုန်းယွီ၏ သံသယကို ဖြေရှင်းပေးခဲ့ခြင်း ဖြစ်သည်။ ဖြစ်နိုင်သည်မှာ ထိုသူများသည် ပျော်ပွဲရွှင်ပွဲကို ကြည့်ရှုနေခြင်းဖြစ်ပြီး ထူးထူးဆန်းဆန်း အရာများကို ကြည့်လိုကြခြင်း ဖြစ်ပေလိမ့်မည်။ နိုင်ငံခြားသားများ၏ ဖျော်ဖြေမှုကို မြင်တွေ့ရခဲသည် မဟုတ်ပါလား။

သူတို့သည် ဤသီချင်းများကို တကယ်ပဲ နှစ်သက်ကြသလားဆိုသည်မှာမူ မသေချာပါချေ။ အကယ်၍ ထိုသီချင်းများကို စာသားမပါဘဲ သံစဉ်အတိုင်း လျှောက်ဆိုနေမည်ဆိုပါကလည်း ဤလူများက သိရှိကြလိမ့်မည် မဟုတ်ပါချေ။ ထို့ပြင် နောက်ထပ် အချက်တစ်ခုမှာ ထိုနိုင်ငံခြားသားများမှာ မြူးကြွသော သီချင်းများနှင့် အကများကို တင်ဆက်နေခြင်းဖြစ်ရာ ဤကဲ့သို့သော ကျယ်ဝန်းသည့် နေရာနှင့် ပိုမိုလိုက်ဖက်နေခြင်းပင် ဖြစ်သည်။

ဤတစ်ကြိမ် ဘီယာပွဲတော်တွင် အမှတ်တံဆိပ် ၇၀ ကျော်နှင့် အမျိုးအစားပေါင်း ၂၀၀ ကျော် ပါဝင်ပြသ ရောင်းချနေခဲ့သည်။ ထို့ပြင် မြို့တော်အစိုးရသည် ယခုတစ်ကြိမ်တွင် အတွေးအခေါ် ကောင်းမွန်လှပေသည်။ နေ့စဉ် ဘီယာအမှတ်တံဆိပ် တစ်ခုစီအတွက် သီးသန့် လှုပ်ရှားမှုနေ့အဖြစ် သတ်မှတ်ပေးထားသည်။ ထိုနေ့များတွင် အဆိုပါ ဘီယာအမှတ်တံဆိပ်များကို ကြော်ငြာရန် အခွင့်အရေး ပေးအပ်ထားခြင်း ဖြစ်သည်။

သေချာပေါက် ဤသည်မှာ အခမဲ့ မဟုတ်ပါချေ။ ငွေပေးဆောင်ရမည် ဖြစ်သည်။ ပြည်တွင်းမှ အဓိက ဘီယာအမှတ်တံဆိပ်ကြီးများမှာ လေလံပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသလို နိုင်ငံခြားမှ ဘီယာလုပ်ငန်းများလည်း ပါဝင်လာခဲ့ကြသည်။ ဤကဏ္ဍတစ်ခုတည်းမှ ရရှိသော ဝင်ငွေကပင် ဘီယာပွဲတော်အတွက် လိုအပ်သော ရန်ပုံငွေအမြောက်အမြားကို ဖြေရှင်းပေးနိုင်ခဲ့သည်။

ယခုတစ်ကြိမ် ဘီယာပွဲတော် ပျော်ပွဲရွှင်ပွဲကြီးတွင် အခြားသော ပြပွဲအမြောက်အမြား ရှိနေသည် မဟုတ်ပါလား၊ ပြခန်းနေရာများအတွက်လည်း ငွေကောက်ခံရမည် ဖြစ်သည်။ ထို့ပြင် ကုန်ကျစရိတ်မှာလည်း မနည်းလှပါချေ။ ဒါတွေအားလုံးဟာ ကျန်းရွေ့ချန်က ဖုန်းယွီထံမှ သင်ယူထားခြင်း ဖြစ်သည်။ ထိုစဉ်က ပြုလုပ်ခဲ့သော တရုတ်ပြည် အီလက်ထရွန်နစ် လူသုံးကုန်ပစ္စည်း ပြပွဲကြီးတွင် လှုပ်ရှားမှု ပိုမိုကြီးမားလေလေ၊ ငွေပိုရှာနိုင်လေလေ ဖြစ်သည်ကို ဖုန်းယွီက ကျန်းရွေ့ချန်ကို လက်တွေ့ ပြသခဲ့ဖူးသည် မဟုတ်ပါလား။

မြို့အတော်များများက ဤကဲ့သို့သော ပြပွဲများကို ကျင်းပလိုကြခြင်းမှာ ကြော်ငြာရန်အတွက်သာမကဘဲ ဒေသဝင်ငွေများကို အမှန်တကယ် သယ်ဆောင်လာပေးနိုင်သောကြောင့် ဖြစ်သည်။

ဤပြပွဲသို့ လာရောက်သူများကို မဆိုထားနှင့်၊ ဤဘီယာပွဲတော်သို့ လာရောက်သော ကမ္ဘာလှည့်ခရီးသည် ဦးရေမှာပင် သမိုင်းတစ်လျှောက် စံချိန်တင် မြင့်မားခဲ့သည်။

ဤခရီးသည်များသည် ဘီယာပွဲတော်တွင်သာ ငွေအသုံးပြုကြမည် မဟုတ်ပါချေ။ ဟားပင်းတွင် အလွန်ကျော်ကြားသော အရှေ့မြောက် ကျားဥယျာဉ်ကဲ့သို့သော ခရီးသွား နေရာများလည်း ရှိနေသေးရာ၊ ခရီးသည်များ ရောက်ရှိလာသည့်အခါတွင်မူ ထိုနေရာများသို့ပါ သေချာပေါက် သွားရောက်လည်ပတ်ကြပေလိမ့်မည်။ ဤသည်မှာ ဟားပင်း၏ခရီးသွားလုပ်ငန်းကို ကြီးမားစွာ လှုံ့ဆော်ပေးလိုက်ခြင်းပင် ဖြစ်သည်။

ထို့ပြင် ထိုသူများသည် တည်းခိုရန် လိုအပ်သလို စားသောက်ရန်လည်း လိုအပ်သည် မဟုတ်ပါလား။ ထိုသို့ဆိုလျှင် စားသောက်ကုန်နှင့် တည်းခိုနေထိုင်ရေး ကဏ္ဍမှလည်း ဟားပင်းအတွက် အလွန်ကောင်းမွန်သော ဝင်ငွေတစ်ခုကို ရရှိစေမည် ဖြစ်သည်။ ထို့အပြင် သယ်ယူပို့ဆောင်ရေး ကဏ္ဍနှင့် နေရာခင်းကျင်းမှုကဏ္ဍ စသည်တို့မှလည်း ဟားပင်းအတွက် အကျိုးအမြတ်များစွာ သယ်ဆောင်လာပေးမည် ဖြစ်သည်။

ယခင်က ဘီယာပွဲတော်များသည် အတိုင်းအတာ မကြီးမားလှသလို ဩဇာအရှိန်အဝါလည်း မကြီးမားခဲ့ပါချေ။ သို့သော် ဖုန်းယွီသည် ယခုနှစ်၏ အခြေအနေကို ကြည့်လိုက်သည့်အခါ ဤတစ်ကြိမ်မှ ရရှိမည့် စီးပွားရေး အကျိုးအမြတ်မှာ ယခင်နှစ်ထက် များစွာသာလွန်ပေလိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။ ထို့ပြင် အနာဂတ်တွင်လည်း ဩဇာအရှိန်အဝါ ကြီးမားလာသည်နှင့်အမျှ ပိုမို၍ ကြီးကျယ်လာပေလိမ့်မည်။

ဖုန်းယွီသည် ဤအချက်အပေါ်တွင် အနည်းငယ် ချီးကျူးမိသွားခဲ့သည်။ အဖိုးကြီးကျန်း၏ အတွေးအခေါ်မှာ တစ်နေ့ထက်တစ်နေ့ ပိုပွင့်လင်းလာခဲ့ပြီ ဖြစ်သည်။ ဟားပင်း ဘီယာပွဲတော်ကို နိုင်ငံတော်အဆင့် ဘီယာပွဲတော်အဖြစ် မြှင့်တင်နိုင်ခဲ့ခြင်းမှာ ခိုင်မာလှသော စွမ်းဆောင်ရည် မှတ်တမ်းတစ်ခုပင် ဖြစ်သည်။

ဤဘီယာပွဲတော် ပြီးဆုံးသွားသည့်တိုင်အောင် ဆောင်းရာသီသို့ ရောက်ရှိ၍ ရေခဲပွဲတော် ကျင်းပသည့်အခါတွင်လည်း သေချာပေါက် ပိုမိုကောင်းမွန်လာပေလိမ့်မည်။ ယခုအခါတွင်မူ အောင်မြင်သော အတွေ့အကြုံများ ရရှိထားပြီ မဟုတ်ပါလား။

မထင်မှတ်ဘဲ အဖိုးကြီးကျန်းသည် စက်မှု၊ စိုက်ပျိုးရေးနှင့် စီးပွားရေးတို့အပြင် ခရီးသွားလုပ်ငန်းကိုပါ တိုးချဲ့လုပ်ဆောင်နိုင်ခဲ့သည်ကို မြင်တွေ့လိုက်ရသည်။ ဤအချက်ကို ကြည့်ခြင်းဖြင့် အဖိုးကြီးကျန်းသည် အရည်အချင်းရှိသော သို့မဟုတ် ထူးချွန်သော ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း သက်သေပြနေခဲ့သည်။ သူသည် သူ၏ နေရာနှင့် ထိုက်တန်လှသလို လုံကျန်း ပြည်သူလူထုအတွက် အကျိုးစီးပွားကို ရှာဖွေပေးမည်ဖြစ်ပြီး၊ လုံကျန်း ပြည်သူတို့၏ဘဝများကို တစ်နေ့ထက်တစ်နေ့ ပိုကောင်းမွန်လာအောင် လုပ်ဆောင်ပေးမည်ဟူသော သူ၏ကတိကဝတ်ကိုလည်း အမှန်တကယ် တည်ခဲ့ပြီ ဖြစ်သည်။

ညပိုင်းတွင် ဖုန်းယွီသည် လီနကို ခေါ်ဆောင်၍ မီးရှူးမီးပန်းများကို ကြည့်ရှုနေစဉ်မှာပင် ဟားပင်း ဘီယာအုပ်စု၏ ဥက္ကဋ္ဌမှာမူ အလွန်အရေးကြီးသော ဧည့်သည်တော်တစ်ဦးကို ဧည့်ခံနေခဲ့လေတော့သည်။

******

အခန်း (၁၃၀၂) အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း

“ဖုန်းယွီ... မင်း Anheuser-Busch ဆိုတဲ့ ကုမ္ပဏီအကြောင်း သိလား။ သူ့လက်အောက်မှာ ကမ္ဘာ့အကြီးဆုံး ဘီယာကုမ္ပဏီ ရှိတယ်လို့ ကြားတယ်”

ကျန်းရွေ့ချန်ဆီက ဖုန်းဝင်လာတဲ့အချိန်မှာ ဖုန်းယွီက အိပ်တော့မယ့်အချိန် ဖြစ်နေခဲ့ပြီ။

သူ နာရီကို တစ်ချက် ကြည့်လိုက်တော့ ၁၂ နာရီတောင် ထိုးတော့မယ်။ အဖိုးကြီးကျန်းရဲ့ ဒီအားအင်တွေက တကယ်ပဲ ကောင်းလွန်းလှတယ်။

“Buschလား… Budweiser ဘီယာကို ထုတ်တဲ့ ကုမ္ပဏီကို ပြောတာလား” ဖုန်းယွီက ခဏလောက် စဉ်းစားပြီး ပြန်မေးလိုက်သည်။ အခုအချိန်မှာ ကမ္ဘာ့အကြီးဆုံးဆိုရင် Budweiserကလွဲလို့ တခြားမရှိပါဘူး။

“အေး... ဟုတ်တယ်၊ အဲဒီကုမ္ပဏီပဲ”

“ကြားဖူးတာပေါ့၊ ဘာဖြစ်လို့လဲ။ သူတို့က ဒီတစ်ကြိမ် ပွဲတော်ကို လာပြတဲ့ နိုင်ငံခြား ဘီယာကုမ္ပဏီတွေထဲက တစ်ခု မဟုတ်လား” ဖုန်းယွီက ဇဝေဇဝါနဲ့ မေးလိုက်မိသည်။ အဖိုးကြီးကျန်းက ဒါကို ဘာလို့ လာမေးနေရတာလဲ။

“သူတို့ ကုမ္ပဏီက ကိုယ်စားလှယ်တွေက ငါတို့ ဟားပင်း ဘီယာရဲ့ ဥက္ကဋ္ဌဆီကို ခုနလေးတင် လာတွေ့သွားကြတယ်။ ဟားပင်း ဘီယာမှာ ရှယ်ယာ ပါဝင်ချင်တယ်လို့ ပြောတယ်တဲ့”

ဘာ။ Budweiserက ဟားပင်း ဘီယာမှာ ရှယ်ယာ ပါဝင်ချင်တယ် ဟုတ်လား။

ဖုန်းယွီဟာ ရုတ်တရက်ဆိုသလိုပဲ အရင်ဘဝက အကြောင်းအရာတွေကို သတိရသွားခဲ့တယ်။ အရင်ဘဝတုန်းကတော့ ဟားပင်း ဘီယာဟာ နောက်ဆုံးမှာ Budweiserရဲ့ ရာနှုန်းပြည့် ဝါးမြိုခြင်းကို ခံခဲ့ရတာပါ။ မူလ ဟားပင်း ဘီယာရဲ့ ထိပ်တန်း ခေါင်းဆောင်တစ်ဦးကို ၀.၁ ရာခိုင်နှုန်းလောက်ပဲ ရှိတဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ရှယ်ယာတွေ ပေးပြီး ဂုဏ်ပြုခဲ့တာကလွဲရင် ကျန်တဲ့ ၉၉ ရာခိုင်နှုန်းကျော်ကို Budweiserက ပိုင်ဆိုင်သွားခဲ့ပြီး ရှေးဟောင်း နိုင်ငံပိုင် လုပ်ငန်းကြီးတစ်ခုဟာ နောက်ဆုံးမှာတော့ ပုဂ္ဂလိက လုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရတာပေါ့။

“သူတို့က ဘယ်လို ပြောသလဲ။ ရှယ်ယာ ဘယ်လောက်ဖိုး ရင်းနှီးမြှုပ်နှံချင်တယ်လို့ ပြောသလဲ”

“ဘာလဲ... မင်းကလည်း သူတို့ ရှယ်ယာ ပါဝင်တာကို သဘောတူလို့ ရတယ်လို့ ထင်နေတာလား” ကျန်းရွေ့ချန်က အနည်းငယ် စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်လေသည်။ ဟားပင်းဘီယာ၏ ဥက္ကဋ္ဌကမူ စီးပွားရေးအရ ဤသည်မှာ ဖြစ်နိုင်ခြေရှိသည်ဟု ယူဆထားသလို မြို့တော်အစိုးရဘက်ကလည်း သဘောတူလိုနေကြသည်။ တစ်ဖက်လူကို ရှယ်ယာအချို့သာ ပေးအပ်မည်ဖြစ်ပြီး အဓိကချုပ်ကိုင်သူမှာမူ ပေတချန်းနှင့် ဟားပင်းနိုင်ငံတော်ပိုင် လုပ်ငန်းစုများသာ ဆက်လက်ရှိနေမည် မဟုတ်ပါလား။

လက်ရှိတွင် ဟားပင်းဘီယာကို ပေတချန်းက အဓိကချုပ်ကိုင်ထားပြီး ဟားပင်းမြို့တော် နိုင်ငံတော်ပိုင်လုပ်ငန်းစုက ရှယ်ယာပါဝင်ထားခြင်း ဖြစ်သည်။ အကယ်၍ ဟားပင်းမြို့တော် နိုင်ငံတော်ပိုင်လုပ်ငန်းစုကသာ သူတို့၏ ရှယ်ယာများကို Budweiser ထံ ရောင်းချရန် ဆုံးဖြတ်လိုက်ပါက ပြည်နယ်အစိုးရနှင့် ပေတချန်းတို့အနေဖြင့် တားဆီးနိုင်မည် မဟုတ်ချေ။ အကြောင်းမှာ ဟားပင်းမြို့သည် စီမံကိန်းသီးခြားမြို့ဖြစ်သဖြင့် ပြည်နယ်၏စကားကို နားထောင်ရန် မလိုအပ်သောကြောင့်ပင် ဖြစ်သည်။

“ငါက တစ်ဖက်လူက ဘယ်လောက်ပေးမလဲလို့ မေးတာပါ၊ အခြေအနေ အသေးစိတ်ကို ငါလည်း မသိသေးဘူးလေ။ ပြီးတော့ အခုက ဘယ်နှစ်နာရီ ရှိပြီလဲ၊ ကိစ္စရှိရင်လည်း မနက်မှ ပြောလို့ မရဘူးလား” ပြောဆိုကာ ဖုန်းယွီက သမ်းဝေလိုက်သည်။ ကျန်းရွေ့ချန်သည် ထိုအခါမှသာ အတော်လေး ညဉ့်နက်နေပြီဖြစ်ကြောင်း သတိထားမိသွားတော့သည်။ ခုနလေးတင် ပေတချန်း၏ အကြီးအကဲထံမှ အစီရင်ခံစာကို ရရှိခဲ့ပြီးနောက် သူသည် အတော်ကြာအောင် စဉ်းစားခဲ့သော်လည်း ဤကိစ္စသည် ကောင်းသလား၊ ဆိုးသလားဆိုသည်ကို ဝေခွဲမရ ဖြစ်နေသောကြောင့် ဖုန်းယွီထံသို့ အလျင်အမြန် ဖုန်းဆက်ကာ အကြံဉာဏ် တောင်းခဲ့ခြင်း ဖြစ်သည်။

နောက်တစ်နေ့ နံနက်တွင်မူ ဖုန်းယွီသည် မနက်စာ စားသောက်ပြီးနောက် ကျန်းရွေ့ချန်၏ ရုံးခန်းဆီသို့ ရောက်ရှိလာခဲ့သည်။ ပြောရလျှင် ကျန်းရွေ့ချန်၏ ဤရုံးခန်းအသစ်ဆီသို့ ဖုန်းယွီ ပထမဆုံးအကြိမ် ရောက်ရှိဖူးခြင်း ဖြစ်သည်။ “ဟော... မင်း အတွင်းရေးမှူး လဲလိုက်တာလား” လက်ဖက်ရည် ဖျော်ပေးနေသူမှာ ရှောင်လျူ မဟုတ်သဖြင့် ဖုန်းယွီ၏ အကြိုက်ကို မသိသောကြောင့် လက်ဖက်ရည်မှာ အလွန်ပင် နည်းလွန်းနေခဲ့သည်။ “မဟုတ်ပါဘူး၊ ရှောင်လျူက ငါ့ကိုယ်စား အောက်ခြေကို ကွင်းဆင်းလေ့လာဖို့ သွားနေတာ”ကျန်းရွေ့ချန်က ပြန်လည်ဖြေကြားလိုက်သည်။

ဖုန်းယွီက ခေါင်းခါလိုက်ပြီး ဆိုလိုက်သည်။ “မင်းတို့တွေကတော့ ကောင်းတာပဲ၊ အတွင်းရေးမှူးတွေက တစ်သုတ်ပြီး တစ်သုတ်ပဲ” ကျန်းရွေ့ချန်၏ မျက်နှာတွင် အမည်းစက်များ ထင်ကျန်သွားသလို ခံစားလိုက်ရပြီး ပြန်လည်တုံ့ပြန်လိုက်သည်။ “မင်း အိမ်ပြင်ထွက်ရင်တောင် သက်တော်စောင့်တွေ အများကြီး ပါတာပဲ မဟုတ်လား။ ပြီးတော့ ဘယ်သူက ငါ့မှာ အတွင်းရေးမှူး တစ်သုတ် ရှိတယ်လို့ ပြောလဲ၊ ဒါက အတွင်းရေးမှူးရုံးက လူပါကွ”

“အေးပါ... အတွင်းရေးမှူးရုံးကမှန်း သိပါတယ်၊ ဘာလို့ ဒီလောက် အကျယ်ကြီး အော်နေရတာလဲ” ဖုန်းယွီက မျက်လုံးတစ်ချက် ဝေ့လိုက်ပြီး ဆိုဖာပေါ်တွင် အေးအေးဆေးဆေး မှီထိုင်လိုက်ရင်း မေးမြန်းလိုက်သည်။ “ကဲ... ပြောပါဦး၊ ဟားပင်းဘီယာ ကိစ္စက ဘယ်လိုဖြစ်တာလဲ” ကျန်းရွေ့ချန်က အကြောင်းအရာများကို အသေးစိတ် ပြန်လည်ရှင်းပြလိုက်ပြီးနောက် ဖုန်းယွီထံမှ ကောင်းမွန်သော အကြံဉာဏ်တစ်ခုခု ရလိုရငြား စောင့်မျှော်နေသည့် မျက်ဝန်းများဖြင့် ကြည့်ရှုနေခဲ့သည်။

“မြို့တော်အစိုးရဘက်က ဒီလို အတွေးမျိုး ရှိနေတာကတော့ သဘာဝကျပါတယ်၊ ပြီးတော့ Budweiser က ပေးထားတဲ့ ကမ်းလှမ်းချက်တွေကလည်း တကယ့်ကို ကောင်းမွန်တယ်။ နောက်ပြီး Budweiser ဟာ ကမ္ဘာ့အကြီးဆုံး ဘီယာ ထုတ်လုပ်သူရော ရောင်းချသူပါ ဖြစ်တဲ့အတွက် သူတို့ရဲ့ နည်းပညာတွေကလည်း အတော်လေးကို ကောင်းမွန်ပါတယ်။ သေချာပေါက် ငါတို့ အခု သုတေသနပြုထားတဲ့ Yipin Chunshengဘီယာကလည်း အရမ်းကောင်းပြီး လူကြိုက်များတာတော့ အမှန်ပဲ။ ဒါပေမဲ့ လူတစ်ယောက်ချင်းစီရဲ့ အရသာက မတူကြဘူးလေ၊ အကယ်၍ ဘီယာ အရသာအသစ်တွေ ထပ်တိုးနိုင်မယ်ဆိုရင် ဟားပင်းဘီယာအတွက်လည်း အကျိုးကျေးဇူးတွေ မနည်းပါဘူး” ဖုန်းယွီက သုံးသပ်ပြလိုက်သည်။

“မင်းရဲ့ဆိုလိုရင်းက သဘောတူလို့ ရတယ်ပေါ့။ ဒါဆိုရင် မင်းက ဟားပင်း နိုင်ငံတော်ပိုင် လုပ်ငန်းစုက ရှယ်ယာတွေ ရောင်းချတာကို သဘောတူတာလား၊ ဒါမှမဟုတ် Budweiser ကနေ ရင်းနှီးမြှုပ်နှံပြီး ရှယ်ယာ ပါဝင်တာကို သဘောတူတာလား” ကျန်းရွေ့ချန်က မျက်မှောင်ကြုတ်၍ မေးမြန်းလိုက်သည်။ ဖုန်းယွီလည်း သဘောတူသည်ဆိုပါက စီးပွားရေးအရ ဤသည်မှာ ဖြစ်နိုင်ခြေ ရှိပေသည်။ “ရှယ်ယာတွေ ရောင်းချဖို့ ဆိုတာကတော့ လုံးဝမဖြစ်နိုင်ပါဘူး၊ အရမ်းကို ရှုံးလွန်းတယ်။ Budweiser ကို ရင်းနှီးမြှုပ်နှံခိုင်းပြီး ရှယ်ယာပေးတာကိုတော့ ဆွေးနွေးလို့ ရတာပေါ့၊ ဒါပေမဲ့ တစ်ပြိုင်နက်တည်းမှာပဲ ဟားပင်းဘီယာကလည်း Budweiser မှာ ရှယ်ယာ ပါဝင်ရမယ်။ ဆိုလိုတာက ငါတို့ ရှယ်ယာချင်း လဲလှယ်ဖို့ လိုအပ်တယ်”

“ရှယ်ယာချင်း လဲလှယ်တာ။ ဒါက... Budweiser ဘက်က သဘောတူပါ့မလား” ကျန်းရွေ့ချန်က မေးမြန်းရာ ဖုန်းယွီက ပြန်လည်ပြောကြားလိုက်သည်။ “ကြည့်စမ်း... မင်းရဲ့ ဒီစိတ်ဓာတ်က မမှန်သေးဘူး။ အခုဟာက သူတို့က ငါတို့ ဟားပင်းဘီယာမှာ ရင်းနှီးမြှုပ်နှံချင်လို့ အသည်းအသန် ဖြစ်နေတာလေ၊ ငါတို့က ရင်းနှီးမြှုပ်နှံမှု အသည်းအသန် လိုအပ်နေတာ မဟုတ်ဘူး။ သူက ကမ္ဘာ့နံပါတ်တစ် ဖြစ်နေပါစေဦး၊ တရုတ်ပြည်ရဲ့ ဈေးကွက်ဝေစုမှာတော့ ဟားပင်းဘီယာရဲ့ နောက်မှာပဲ ရှိနေတာ မဟုတ်လား။ အနည်းဆုံး အရှေ့မြောက် သုံးပြည်နယ်မှာတော့ ငါတို့က အကြီးဆုံးပဲလေ”

ထို့အပြင် Budweiser သည် တရုတ်ပြည်ဈေးကွက်သို့ ဝင်ရောက်ရန် မိတ်ဖက်လိုအပ်နေခြင်းဖြစ်ပြီး ဟားပင်းဘီယာမှာ ရှေးအကျဆုံး အမှတ်တံဆိပ်ဖြစ်ကြောင်း ဖုန်းယွီက ထောက်ပြသည်။ လက်ရှိတွင် Budweiser သည် တရုတ်ပြည်၌ Heineken နှင့် Carlsbergတို့လောက် လူကြိုက်မများသေးသလို မလေးရှားမှ Golden Lion၏ နောက်တွင်သာ ရှိနေသေးသည်။ ဖုန်းယွီသည် Budweiser က နောင်တွင် InBev နှင့် ပေါင်းစည်းမည်ကို သိရှိထားပြီး ဤညှိနှိုင်းမှုတွင် မိမိကိုယ်တိုင် ပါဝင်ကူညီမည်ဟု ဆိုသည်။ “ငါ့ရဲ့နာမည်ဆိုတာ ရွှေရောင် အမှတ်တံဆိပ်တစ်ခုပဲလေ။ ငါကသာ Budweiser မှာ ရင်းနှီးမြှုပ်နှံလိုက်ပြီဆိုရင် Budweiser ရဲ့ ရှယ်ယာဈေးတွေက သေချာပေါက် တက်လာမှာဖြစ်သလို အားလုံးအတွက်လည်း အမြတ်တွေ ရစေမှာပဲ မဟုတ်လား” ဖုန်းယွီက ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုလိုက်လေတော့သည်။

******

အခန်း (၁၃၀၃) ပူးပေါင်းဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများ

Budweiser ကုမ္ပဏီ၏ အာရှဒေသဆိုင်ရာ ဥက္ကဋ္ဌ ရှနိုင်ပတ်သည် ယခုတစ်ကြိမ်တွင် ဟားပင်းဘီယာနှင့် ညှိနှိုင်းမှုကို ကိုယ်တိုင် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ သူတို့သည် သေသေချာချာ လေ့လာဆန်းစစ်ခဲ့ပြီးနောက် ဟားပင်း ဘီယာသည် အရှေ့မြောက်ဒေသ၏ ဘုရင်ဖြစ်သလို အမှတ်တံဆိပ် သမိုင်းကြောင်းမှာလည်း တရုတ်ပြည်တွင် အရှေးအကျဆုံး ဖြစ်နေသည်ကို တွေ့ရှိခဲ့ကြသည်။ အကယ်၍သာ အလေးထား၍ နက်နက်ရှိုင်းရှိုင်း တိုးချဲ့လုပ်ဆောင်မည်ဆိုပါက တရုတ်ပြည်တစ်ဝန်းတွင် ရောင်းအားအကောင်းဆုံး ဖြစ်လာရန်မှာ သေချာပေါက် ပြဿနာ ရှိလိမ့်မည် မဟုတ်ပါချေ။

တရုတ်ပြည် ဈေးကွက်ကို ထိန်းချုပ်နိုင်ခြင်းသည် အရှေ့တောင်အာရှ ဈေးကွက် အများစုကိုပါ ထိန်းချုပ်နိုင်ခြင်းဖြစ်ရာ သူတို့အတွက် အာရှဈေးကွက်ကို သိမ်းပိုက်ရန် ကြီးမားသော အထောက်အပံ့ ဖြစ်စေပေလိမ့်မည်။

သူတို့၏ ပန်းတိုင်မှာ ပထမဦးစွာ ရှယ်ယာအချို့ ပါဝင်ရန်ဖြစ်ပြီး၊ ထို့နောက်တွင် ဟားပင်း ဘီယာကို တစ်ဆင့်ချင်း ဝါးမြိုကာ နောက်ဆုံးတွင်မူ အနည်းဆုံး ချုပ်ကိုင်နိုင်သည့် ရှယ်ယာပမာဏ ရရှိရန် သို့မဟုတ် လုံးဝဥဿုံ ပိုင်ဆိုင်ရန်ပင် ဖြစ်သည်။

ငွေကြေးပိုင်းတွင်မူ ၎င်းတို့မှာ အလွန်ပင် ကြွယ်ဝလှပေရာ ဒေါ်လာ သန်း သုံးလေးရာခန့် တန်ဖိုးရှိသော ဘီယာလုပ်ငန်းတစ်ခုကို ဝယ်ယူရန်မှာမူ လုံးဝ ပြဿနာ မရှိပါချေ။

ဧည့်ခန်းအတွင်း၌ ထိုင်နေသော ရှနိုင်ပတ်သည် ကော်ဖီကို အရသာခံ သောက်နေစဉ်မှာပင် ဧည့်ခန်းတံခါး ပွင့်လာကာ လူအချို့ လှမ်းဝင်လာခဲ့သည်။ အဘယ်ကြောင့် ဤမျှ နုပျိုသော လူငယ်တစ်ယောက် ပါဝင်နေရသနည်း၊ သူက စကားပြန်လား။ ဤစကားပြန်က အဘယ်ကြောင့် ရှေ့ဆုံးမှ လမ်းလျှောက်လာရသနည်း၊ ကြည့်ရသည်မှာ ဟားပင်း ဘီယာ၏ ဥက္ကဋ္ဌသည်ပင် ဤစကားပြန်အပေါ်တွင် ရိုသေလေးစားသော မျက်ဝန်းများဖြင့် ကြည့်နေသလိုပင်။ ဤလူငယ်မှာ စကားပြန်တစ်ယောက် မဟုတ်နိုင်ပါလား။

ဖုန်းယွီသည် ထိုင်ချလိုက်ပြီးနောက် တစ်ဖက်ရှိ ရှနိုင်ပတ်ကို အကဲခတ်နေမိသည်။ အသက် ၅၀ ဝန်းကျင်ခန့်ရှိသော လူဖြူအဖိုးကြီးမှာ ခန္ဓာကိုယ် အနည်းငယ် ဝဖြိုးနေပြီး ကြည့်ရသည်မှာ အလွန်ပင် ဖော်ရွေဟန် ရှိစေကာမူ သူ၏မျက်ဝန်းများထဲတွင်မူ လည်ပတ်ပါးနပ်မှုများ ကိန်းအောင်းနေခဲ့သည်။

“မင်းက ရှနိုင်ပတ်လား။ Budweiserရဲ့ ဒီတစ်ခေါက် ညှိနှိုင်းမှု တာဝန်ခံလား”

ရှနိုင်ပတ်မှာ အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့ရသည်။ ဤလူမှာ တကယ့်ကို မောက်မာလွန်းလှသည်။ သူ့အမည်ကို တိုက်ရိုက်ခေါ်ရုံသာမက လေသံမှာလည်း အတော်လေးကို ပြင်းထန်နေခဲ့သည်။

“ကျန့်... ဒါက ဘယ်သူလဲ၊ သူက ဘာလုပ်တာလဲ” ရှနိုင်ပတ်က ဟားပင်း ဘီယာ၏ဥက္ကဋ္ဌကျန့်ကျားဝေကို ကြည့်ကာ မေးမြန်းလိုက်သည်။

“ငါ မင်းကို မိတ်ဆက်ပေးမယ်၊ ဒါက ဖုန်းယွီပဲ။ သူကလည်း ငါတို့ ဟားပင်း ဘီယာမှာ ရှယ်ယာ ပါဝင်ချင်နေတဲ့ ရင်းနှီးမြှုပ်နှံသူ တစ်ယောက်ပေါ့။ သူ့ရဲ့ အမည်ကို ကြားလိုက်ရရင်တော့ ငါ ထပ်ပြီး မိတ်ဆက်ပေးနေဖို့ မလိုတော့ဘူး ထင်တယ်နော်”

ဖုန်းယွီ… ဘယ်သူလဲ။ ရှနိုင်ပတ်က ပြန်လည် မေးခွန်းထုတ်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားရသည်။ ဖုန်းယွီ… ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကို ပြောတာလား။

သတင်းများအရ ထိုကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်မှာ အသက် ၃၀ ဝန်းကျင်ခန့်သာ ရှိပြီး တရုတ်ပြည် ဟားပင်းမြို့သား ဖြစ်သည်ဟု သိရသည်။ သေချာပေါက် သူပဲ ဖြစ်ရမည်၊ ထို့ကြောင့်လည်း ဤမျှအထိ မောက်မာနေခြင်း ဖြစ်ပေလိမ့်မည်။

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်နေသလို၊ ဤမျှ နုပျိုသော အသက်အရွယ်နှင့် ဖြစ်လာသူမို့ အနည်းငယ် မောက်မာနေခြင်းမှာလည်း သဘာဝကျလှပေသည်။ အကယ်၍သာ အလွန်အမင်း နှိမ့်ချနေမည်ဆိုပါက ထိုအရာမှသာ ထူးဆန်းနေဦးမည် ဖြစ်သည်။

ရှနိုင်ပတ်သည် အလျင်အမြန်ပင် ထရပ်လိုက်ကာ ဖုန်းယွီထံသို့ လက်နှစ်ဖက် ကမ်းပေးလိုက်ရင်း ဆိုလိုက်သည်။ “မစ္စတာဖုန်း ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး၊ ခုနက မမှတ်မိလိုက်တဲ့အတွက် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”

ဖုန်းယွီသည် ရှနိုင်ပတ်နှင့် လက်ကို အသာအယာမျှသာ ထိလိုက်ပြီးနောက် “နှုတ်ခွန်းဆက်တာတွေ မလိုပါဘူး၊ မင်းက Budweiserနဲ့ ဟားပင်း ဘီယာကို ပူးပေါင်းစေချင်တာ မဟုတ်လား။ အရင်ဆုံး ငါ့ရဲ့အခြေအနေတွေကို ပြောပြမယ်၊ မင်း သဘောတူနိုင်မလားဆိုတာ အရင်ကြည့်လိုက်ဦး။ ပထမဆုံးအနေနဲ့ ဒီတစ်ကြိမ် ဟားပင်း ဘီယာနဲ့ Budweiser ဘီယာတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ မဟာဗျူဟာမြောက် မဟာမိတ် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ရမယ်။ နှစ်ဖက်စလုံးက ရှယ်ယာ ၁၀ ရာခိုင်နှုန်းစီ လဲလှယ်ကြမယ်၊ အဲဒီနောက်မှာ အရောင်းလမ်းကြောင်း၊ ထုတ်လုပ်မှု နည်းပညာ၊ ကုမ္ပဏီ စီမံခန့်ခွဲမှု၊ အမှတ်တံဆိပ် ကြော်ငြာမှုနဲ့ ထုတ်လုပ်မှု စက်ရုံ စတဲ့ ကဏ္ဍပေါင်းစုံမှာ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ပြီး ငါတို့အားလုံး အတူတူ တိုးတက်အောင် လုပ်ကြမယ်”

ရှနိုင်ပတ်မှာ ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ “မစ္စတာဖုန်း... ကျွန်တော် မစ္စတာဖုန်းကို လေးစားပါတယ်၊ ဒါပေမဲ့ မစ္စတာဖုန်း ပြောတဲ့ ဒီရှယ်ယာချင်း လဲလှယ်မှုဆိုတာက အနည်းငယ်တော့ မသင့်တော်ဘူး မဟုတ်လား။ ကျွန်တော်တို့ Budweiserရဲ့ လက်ရှိ ဈေးကွက်တန်ဖိုးက ဒေါ်လာ ၁၂ ဘီလီယံ နီးပါး ရှိနေတာပါ။ မင်းတို့ ဟားပင်း ဘီယာရဲ့ ဈေးကွက်တန်ဖိုးကတော့ ဒေါ်လာ သန်း ၄၀၀ တောင် မပြည့်သေးပါဘူး။ မင်းတို့ ဒီနှစ်နှစ်အတွင်း စတော့ဈေးကွက်မှာ စွမ်းဆောင်ရည် ကောင်းတယ်ဆိုတာကို ထည့်တွက်ပြီး ငါက ဒေါ်လာ သန်း ၄၀၀ လို့ပဲ ထားလိုက်ဦးတော့၊ ငါတို့ရဲ့ ဈေးကွက်တန်ဖိုးက မင်းတို့ထက် အဆ ၃၀ လောက် ကြီးမားနေတာလေ၊ ဘယ်လိုမျိုး လဲလှယ်မှာလဲ”

“ရိုးရှင်းပါတယ်၊ လက်ငင်းငွေသားနဲ့ ခြားနားချက်ကို ဖြည့်ပေးလိုက်ရင် ပြီးတာပဲလေ။ ထိုက်ဟွာ ဟိုးဒင်း အုပ်စုက ဒီခြားနားချက် အစိတ်အပိုင်းကို အပြည့်အဝ ဖြည့်ပေးပါလိမ့်မယ်။ ဈေးကွက်တန်ဖိုးအရဆိုရင် ဒေါ်လာ တစ်ဘီလီယံကျော်လောက်ပဲ မဟုတ်လား” ဖုန်းယွီ၏လေသံမှာ အလွန်ပင် ပေါ့ပါးလှပေရာ ဤဒေါ်လာ တစ်ဘီလီယံကျော်မှာ သူ၏ပါးစပ်ထဲတွင် ယွမ် တစ်ဆယ်ကျော်မျှသာ ရှိသကဲ့သို့ ခံစားရစေသည်။

ရှနိုင်ပတ်မှာ စကားပင် မဆိုနိုင်တော့ပါချေ။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အတွက်မူ ဒေါ်လာ တစ်ဘီလီယံကျော်ဆိုသည်မှာ တကယ်ပင် ဘာမျှမဟုတ်ပါချေ။ ကြားသိရသည်မှာ ဖုန်းယွီ၏ ဟောင်ကောင်ရှိ ဖုန်းယွီ အတိုင်ပင်ခံ ကုမ္ပဏီတွင်ပင် ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသော အနာဂတ်ဈေးကွက် စာချုပ်များနှင့် စတော့ရှယ်ယာများ ရှိနေသလို၊ အရန် ရန်ပုံငွေမှာပင် ဒေါ်လာ ဘီလီယံပေါင်း ဆယ်ချီ၍ ရှိနေသည်ဟု ဆိုကြသည် မဟုတ်ပါလား။

“မစ္စတာဖုန်း... ကျွန်တော်တို့ လာခဲ့တာက Budweiserကနေ ဟားပင်း ဘီယာမှာ ရှယ်ယာ ပါဝင်ဖို့ ကိစ္စအတွက်ပါ၊ ဒါပေမဲ့ Budweiserကို အခြားသူတွေက ရှယ်ယာ လာရောက် ပါဝင်ဖို့အတွက်တော့ စိတ်ကူးမရှိပါဘူး။ ကျွန်တော်တို့ Budweiserဟာ ကမ္ဘာ့အကြီးဆုံး ဘီယာ ထုတ်လုပ်သူဖြစ်သလို၊ ကျွန်တော်တို့မှာ ကမ္ဘာ့ထိပ်တန်း Budweiser အမှတ်တံဆိပ် ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ အမြတ်ရှာနိုင်စွမ်းကလည်း...”

“ပြီးခဲ့တဲ့နှစ်က မင်းတို့ရဲ့ ရှယ်ယာဈေး ၂၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်၊ အဲဒီမတိုင်ခင် နှစ်ကလည်း ရှယ်ယာဈေး ၁၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က ဟားပင်း ဘီယာရဲ့ ရှယ်ယာဈေး ၃၁ ရာခိုင်နှုန်း တက်ခဲ့သလို၊ အရင်နှစ်ကလည်း ၁၇.၆ ရာခိုင်နှုန်း တက်ခဲ့တယ်။ ဒါက ဘာကို ပြနေတာလဲ၊ ဒါဟာ ရင်းနှီးမြှုပ်နှံသူတွေက မင်းတို့ Budweiserအပေါ်မှာ ယုံကြည်မှု မရှိတော့တာကို ပြနေတာပဲ။ စီးပွားရေး ပျက်ကပ် ဆိုက်လာတဲ့ အချိန်မှာ လူတွေက မင်းတို့ Budweiserရဲ့ ရှယ်ယာတွေကို အလုအယက် ရောင်းချခဲ့ကြပေမဲ့ ငါတို့ ဟားပင်း ဘီယာကျတော့ မတူဘူး၊ အဲဒီအချိန်မှာ လူတိုင်းက ရှယ်ယာတွေကို ပိုပြီးတော့တောင် ဝယ်ယူခဲ့ကြသေးတယ်” ဖုန်းယွီက ရှနိုင်ပတ်၏ ကြွားဝါမှုများကို ကြားဖြတ်၍ ပြောဆိုလိုက်သည်။

အဘယ်သို့သော အမြတ်ရှာနိုင်စွမ်းနည်း၊ Budweiserသည် လွန်ခဲ့သော နှစ်နှစ်အတွင်း မြောက်အမေရိကရှိ ရောင်းအား တိုးတက်မှုမှာ အလွန်အမင်း ကျဆင်းသွားခဲ့သဖြင့် ယခုကဲ့သို့ အာရှဈေးကွက်ကို ဖွင့်လှစ်ရန် အသည်းအသန် ဖြစ်နေခြင်းဖြစ်ပြီး ကုမ္ပဏီအတွက် အမြတ်အစွန်း လမ်းကြောင်းသစ်တစ်ခုကို ရှာဖွေလိုနေခြင်းသာ ဖြစ်သည်။

ရှနိုင်ပတ်မှာ အနည်းငယ် အရှက်ရသွားခဲ့ရသည်။ ဖုန်းယွီသည် ဤမျှအထိ ပြည့်ပြည့်စုံစုံ ပြင်ဆင်ထားပြီး ဤအချက်အလက်များကိုပါ စုံစမ်းထားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပါချေ။ သို့သော် တစ်ဖက်လူမှာ ဖုန်းယွီဖြစ်နေသဖြင့်လည်း အံ့သြစရာတော့ မဟုတ်ပါချေ၊ ထို့ပြင် ဤအချက်များမှာလည်း လျှို့ဝှက်ချက်များ မဟုတ်ကြပါချေ။

“မစ္စတာဖုန်း... ကျွန်တော်တို့ ကုမ္ပဏီရဲ့ ရှယ်ယာဈေး ကျဆင်းသွားခဲ့တာ မှန်ပေမဲ့ အမြတ်နဲ့ ရောင်းအားကတော့ တိုးတက်နေဆဲပါပဲ။ ဒါကြောင့် ကျွန်တော်တို့ ရှယ်ယာတွေကို ရောင်းချဖို့ စိတ်ကူး တကယ်ပဲ မရှိပါဘူး”

“အမြတ်နဲ့ ရောင်းအား တိုးတက်နေတာ မှန်ပေမဲ့ တိုးတက်မှု အရှိန်ကတော့ နှေးကွေးသွားပြီ၊ ပြီးတော့ အမြတ်နှုန်းကလည်း ကျဆင်းနေတယ်၊ ဒါတွေဟာ ငြင်းလို့မရတဲ့ အမှန်တရားတွေပဲ။ ဒါ့ပြင် မင်းတို့ ကုမ္ပဏီမှာ ငါ ရှယ်ယာ ပါဝင်လိုက်ပြီဆိုရင် မင်းတို့ ကုမ္ပဏီရဲ့ ရှယ်ယာဈေးကွက်အပေါ် ဘယ်လောက်အထိ အကျိုးကျေးဇူး ရှိသွားမလဲဆိုတာ မင်းလည်း မြင်နိုင်မှာပါ။ ဘတ်ဖက်က ဘယ်ကုမ္ပဏီရဲ့ ရှယ်ယာကို ဝယ်သလဲ၊ အဲဒီ ကုမ္ပဏီရဲ့ ရှယ်ယာဈေးက တက်လာစမြဲပဲ။ ဒါဟာ သူ့ရဲ့ စီမံခန့်ခွဲမှု နည်းလမ်းတွေကြောင့်လည်း ပါသလို၊ ရင်းနှီးမြှုပ်နှံသူတွေက သူ့အပေါ်မှာ ယုံကြည်မှု ရှိနေကြတာကြောင့်လည်း ပါတာပေါ့။ မင်းရဲ့အထင်အရဆိုရင် ရင်းနှီးမြှုပ်နှံသူတွေက ဘတ်ဖက်ကို ပိုပြီး ယုံကြည်ကြမလား၊ ဒါမှမဟုတ် ငါ့ကို ပိုပြီးယုံကြည်ကြမလား။ ဒီနှစ်နှစ်အတွင်း Forbes စာရင်းဝင် သူဌေးကြီး အများစုရဲ့ ပိုင်ဆိုင်မှုတွေဟာ လျော့ကျသွားခဲ့တာ၊ အချို့ဆိုရင် အဆမတန် လျော့ကျသွားခဲ့ပေမဲ့ ငါ့ရဲ့ ပိုင်ဆိုင်မှုကတော့ တိုးတက်နေဆဲပဲလေ”

ရှနိုင်ပတ်သည် သေသေချာချာ စဉ်းစားကြည့်လိုက်သည်။ ဖုန်းယွီသာ Budweiserတွင် ရှယ်ယာ ပါဝင်လာမည်ဆိုပါက Budweiserအတွက် တကယ့်ကို ကြီးမားသော အကျိုးကျေးဇူးများ ရှိလာမည်မှာ အမှန်ပင် ဖြစ်သည်။ ဤအကျိုးကျေးဇူးသည် ရှယ်ယာရှင်အားလုံးနှင့် ရင်းနှီးမြှုပ်နှံသူ အားလုံးအပေါ် သက်ရောက်ပေလိမ့်မည်။

“နောက်ထပ် အချက်တစ်ခုကတော့ ငါ့မှာ တရုတ်ပြည်ရဲ့ အကောင်းဆုံး အချိုရည် အရောင်းလမ်းကြောင်း ရှိနေတယ်၊ အာရှမှာ အကောင်းဆုံးလို့တောင် ပြောလို့ ရတယ်။ Coca colaနဲ့ Pepsi စတဲ့ ကုမ္ပဏီတွေရဲ့ တရုတ်ပြည်တွင်း အရောင်းပမာဏ အားလုံး ပေါင်းလိုက်ရင်တောင်မှ ငါ့လက်အောက်က ကုမ္ပဏီတစ်ခုကို မမှီပါဘူး။ အကယ်၍ ငါ အခု ရှယ်ယာလဲလှယ်မှု အောင်မြင်သွားမယ်ဆိုရင် Budweiserရော ဟားပင်း ဘီယာကိုပါ တရုတ်ပြည်ရဲ့ ပြည်နယ်အားလုံးမှာ အမြန်ဆုံး ဖြန့်ကြက်ပေးနိုင်မှာပါ။ ဒီအချက်ကို မင်းတို့ကိုယ်တိုင် လုပ်မယ်ဆိုရင်တော့ အနည်းဆုံး သုံးနှစ်လောက် ကြာမယ့်အပြင် ရင်းနှီးမြှုပ်နှံမှုတွေလည်း အများကြီး လုပ်ရဦးမှာပါ”

“မစ္စတာဖုန်းက ဟားပင်း ဘီယာရဲ့ ရှယ်ယာရှင် တစ်ယောက်လား။ ကျွန်တော် ကြားထားတာကတော့ ဟားပင်း ဘီယာရဲ့ ရှယ်ယာရှင်တွေဟာ ပေတချန်း အုပ်စုနဲ့ ဟားပင်း မြို့တော်အစိုးရပဲ ရှိတယ်ဆို”

“ငါက ပေတချန်းရဲ့ရှယ်ယာရှင် တစ်ယောက်ပဲ၊ ဒီလောက်ဆိုရင် မင်း သဘောပေါက်ပြီ မဟုတ်လား။ ထို့ပြင် ဟားပင်း ဘီယာဟာ ရှယ်ယာအသစ်တွေ ထပ်မံထုတ်ဝေဖို့ ပြင်ဆင်နေပြီး တရုတ်ပြည်က အခြားသော ဘီယာလုပ်ငန်းတွေကိုပါ ဝါးမြိုဖို့ စီစဉ်နေတာ။ ငါကတော့ အဲဒီ ရှယ်ယာအသစ်တွေကို ဝယ်ယူဖို့အတွက် ပထမဆုံးသော ရွေးချယ်မှုပဲ”

ရှနိုင်ပတ်မှာ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ ဖုန်းယွီနှင့် ဟားပင်း ဘီယာတို့ကြားတွင် တကယ်ပင် ကြီးမားသော ဆက်ဆံရေး ရှိနေခဲ့ခြင်းပင် ဖြစ်သည်။ သို့သော် ဤမျှ ကြီးမားလှသော ကိစ္စရပ်အပေါ်တွင်မူ သူကိုယ်တိုင် ဆုံးဖြတ်ချက် ချရန် မဝံ့ပါချေ။ ဤကိစ္စကို ဒါရိုက်တာဘုတ်အဖွဲ့နှင့် ရှယ်ယာရှင်များ အစည်းအဝေးသို့ မဖြစ်မနေ တင်ပြရမည် ဖြစ်သည်။

“မစ္စတာဖုန်း... ကျွန်တော်တို့ ဒီနေ့ရဲ့ ညှိနှိုင်းမှုကို ခေတ္တလောက် ရပ်နားထားရင် ဘယ်လိုလဲ။ ဒီသတင်းကို ကျွန်တော် ကုမ္ပဏီ ဌာနချုပ်ကို အရင်ဆုံး အစီရင်ခံရမှာမို့လို့ပါ။ သူတို့ ဆွေးနွေးပြီးသွားပြီဆိုမှ ကျွန်တော်တို့ ဆုံးဖြတ်ချက် ချကြတာပေါ့”

“ဒါဆိုရင်တော့ မင်း နည်းနည်း မြန်မြန် လုပ်မှ ရလိမ့်မယ်။ ငါတို့ ဟားပင်း ဘီယာနဲ့ ပူးပေါင်းချင်နေတဲ့ နိုင်ငံခြား ဘီယာလုပ်ငန်းဆိုတာ မင်းတို့ Budweiser တစ်ခုတည်း ရှိတာ မဟုတ်ပါဘူး၊ Heineken ကလည်း ငါတို့နဲ့ ပူးပေါင်းချင်နေတာပဲ” ဖုန်းယွီက အရိပ်အမြွက် ပြောဆိုလိုက်သည်။

“သေချာပေါက်ပါ၊ သေချာပေါက်ပါ” ရှနိုင်ပတ် သဘောပေါက်ပါသည်။ အကယ်၍သာ Heinekenက ဟားပင်း ဘီယာနှင့် ပူးပေါင်းသွားမည်ဆိုပါက၊ ထို့အပြင် ဖုန်းယွီကဲ့သို့သော ဧရာမ ဓနရှင်ကြီး၏ ပံ့ပိုးမှုကိုပါ ရရှိသွားမည်ဆိုလျှင် Budweiser၏ တရုတ်ပြည်တွင်း လုပ်ငန်းများမှာ လုံးဝဥဿုံ ရှေ့ဆက်နိုင်တော့မည် မဟုတ်ပါချေ။

All Chapters