← Chapters

အခန်း (၁၈၁၁-၁၈၁၅)

Vol. 111 Ch. 1811-1815

အခန်း (၁၈၁၁-၁၈၁၅)

Vol. 111 Ch. 1811-1815

အခန်း (၁၈၁၁)

“အရှင်မင်းသား ဉာဏ်ပညာ ထက်မြက်တော်မူပါပေတယ်”

လီကျင်းကျုံးသည် ခေါင်းကို ငုံ့ချလိုက်ပြီး စိတ်ထဲမှ လှုပ်ရှားမှုများကို ဖုံးကွယ်ရင်း အမြန်ပြောလိုက်သည်။

“ဟားဟား၊ ဦးလေးကျင်း၊ ဒီလောက် မပြောတော့ဘူး။ မြန်မြန်သွားရအောင်။ ဒီနေ့ ဝမ်ချောင်ကြီးမားတဲ့ အောင်ပွဲကို ကိုယ်တိုင်မြင်ချင်တယ်”

လီဟန်မှာမူ ထိုမျှလောက် မတွေး၊ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီး လှည့်ထွက်သွားကာ မြန်မြန်ဆန်ဆန်ပင် ကျောက်စိမ်းနဂါးနန်းတော်မှ ထွက်ခွာသွားသည်။

မြို့တော်အနောက်ဘက်ရှိ မဟာဆရာ(တာ့ဖူ) ဖေးကွမ်းထင်အိမ်တော်။ မဟာထန်တစ်ခွင်လုံးတွင် ရာထူးအမြင့်ဆုံးသော အမတ်ကြီး သုံးဦးထဲမှ တစ်ဦးဖြစ်သည့် မဟာဆရာ(တာ့ဖူ) ဖေးကွမ်းထင်သည်လည်း စစ်ရေးလေ့ကျင့်ကွင်းသို့ သွားရန် ခရီးဆောင်အဝတ်အထည်များ ပြင်ဆင်နေသည်။ သူ၏ မျက်နှာသည် တည်ကြည်ပြီး အမူအရာသည်လည်း အနည်းငယ်မျှ ချို့ယွင်းမှုမရှိပေ။

စာပေပညာရှင်တစ်ဦးအနေဖြင့် စစ်ဝါဒီနှင့်ကွန်ဖြူးရှပ်ဂိုဏ်း ပဋိပက္ခကို စစ်ပညာဖြင့် အဆုံးသတ်ရန်အတွက် ဖေးကွမ်းထင်သည် သဘောမတူပေ။ သူသည် ဤပြိုင်ပွဲကို ကြီးကြပ်ပေးရန်လည်း မလိုချင်ပေ။

သို့သော် စစ်ဝါဒီနှင့်ကွန်ဖြူးရှပ်ဂိုဏ်းတို့၏ အငြင်းပွားမှုမှာ ကြာရှည်လှပြီဖြစ်ပြီး ယခုခေတ်မှ ပေါ်ပေါက်လာခြင်းလည်း မဟုတ်ပေ။ ပြီးတော့ ဖေးကွမ်းထင်တွင်လည်း ပိုကောင်းသည့် နည်းလမ်းမရှိပေ။ ယခုအခါ နန်းတွင်းနှင့် ပြည်သူများ သဘောတူထားကြသည့်အတိုင်း ဤပဋိပက္ခသည် မည်သို့ပင်ဖြစ်စေကာမူ ဝမ်ချောင်နှင့် လီကျွင်းရှန်းတို့နှစ်ဦးတည်းဖြင့်သာ အဆုံးသတ်ရမည်ဖြစ်သည်။

“အဘိုး၊ ဒီနေ့ပွဲမှာ အဘိုးကအတိုင်ပင်ခံအမတ်မင်းကို အားပေးဖို့ သွားတာလားဟင်?”

ဖေးကွမ်းထင်သည် ခါးတွင် ခါးပတ်နှင့်တံဆိပ်ကို ပြင်ဆင်နေစဉ်တွင် ရုတ်တရက် တုန်ယင်သော အသံတစ်ခု အခန်းထဲ၌ ထွက်ပေါ်လာသည်။ ဖေးကွမ်းထင်စိတ်ဆိုးမည်ကို ကြောက်ရွံ့သည့်အလား သတိထားသည့်ဟန် ပေါ်နေသည်။

ခါးကို ပြင်ဆင်နေသော ဖေးကွမ်းထင်၏လက်နှစ်ဖက်သည် ချက်ချင်း ရပ်တန့်သွားသော်လည်း မကြာမီတွင် ချစ်ခင်သည့် အပြုံးတစ်စသည် သူ့နှုတ်ခမ်းတွင် ပေါ်လာသည်။

“ယွီအာ သမီးက အတိုင်ပင်ခံအမတ်မင်းကို မကြိုက်လို့လား”

ခိုးကြောင်ခိုးဝှက် ဝင်လာသူမှာ အသက် (၁၅) နှစ် သို့မဟုတ် (၁၆) နှစ်ခန့်ရှိသော မိန်းကလေးငယ်တစ်ဦးဖြစ်သည်။ မျက်ခုံးများ ကွေးညွတ်နေပြီး မျက်လုံးမျက်ဖန်များက ပန်းချီကားပမာ လှပသည်။ အသက်ငယ်သေးသော်လည်း အလှပဂေးတစ်ဦး၏ ရုပ်ရည်ကို ပြသနေသည်။ ထို့အပြင် ဖေးကွမ်းထင်၏ ကြာရှည်သင်ကြားပေးမှုကြောင့် ထိုမိန်းကလေးသည် အမူအရာများမှာ အလွန်သင့်လျော်ပြီး ဂုဏ်သရေရှိ အိမ်တော်ကြီးမှ ပုံစံမျိုးကို တိတ်တိတ်ကလေး ပြသနေသည်။

ဖေးရှောက်ယွီသည် မဟာဆရာ ဖေးကွမ်းထင်၏ အချစ်ဆုံး မြေးမလေးဖြစ်သည်။ ဖေးမိသားစုသည် စည်းမျဉ်းများ တင်းကြပ်လှပြီး အိမ်တွင်းစည်းကမ်းများလည်း အလွန်များပြားသည်။ ဖေးကွမ်းထင်၏ သားနှင့် ချွေးမပင်လျှင် သူ့ရှေ့တွင် အသံကျယ်ကျယ် မပြောရဲသဖြင့် နန်းတွင်းကိစ္စများကို မေးမြန်းရဲခြင်းကား ဝေးသေးသည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မြို့တော်မှာ အခုဆိုရင် လူတိုင်းက မျိုးနွယ်ခြားဘုရင်က သမီးတို့ မဟာထန်ရဲ့ သူရဲကောင်းလို့ ပြောနေကြတယ်။ သူ့ကို အားပေးထောက်ခံသူတွေ အများကြီးရှိတယ်လို့ သမီး ကြားတယ်။ အဘိုးက ကျူးရှီရဲ့ တပည့်ဆိုတော့...အတိုင်ပင်ခံအမတ်မင်းကိုပဲ ထောက်ခံမှာပေါ့နော်”

ဖေးရှောက်ယွီက ခေါင်းမော့ကြည့်ကာ သတိထားပြီး မေးမြန်းလိုက်သည်။

အဘိုးက သူ့ကို ငယ်စဉ်ကတည်းက အလွန်ချစ်ခင်ကြောင်း သိသော်လည်း စစ်ဝါဒီနှင့်ကွန်ဖြူးရှပ်ဂိုဏ်းတို့၏ အငြင်းပွားမှုသည် သာမန်ကိစ္စမဟုတ်ဘဲ နိုင်ငံရေးပဋိပက္ခများကိုပင် ကျော်လွန်နေကြောင်း ဖေးရှောက်ယွီသိထားသည်။ သူမ၏ အဘိုးသည် အိမ်တော်တွင် ဤအကြောင်းကို ဆွေးနွေးခြင်း လုံးဝခွင့်မပြုရန်ပင် အမိန့်ပေးခဲ့ဖူးသည်။

“အဘိုးက ကျူးရှီရဲ့ တပည့်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အဘိုးက သူတော်စင်ဧကရာဇ်ယုံကြည်အားထားတဲ့ ထိပ်တန်းအမတ်တစ်ယောက်လည်း ဖြစ်တယ်။ အဘိုး ဘယ်လိုတွေးလဲဆိုတာက အရေးမကြီးပါဘူး။ ဒီပွဲဟာ မျှတမှု ရှိဖို့ အရေးကြီးဆုံးပဲ”

ဖေးကွမ်းထင်က ဂရုမစိုက်ဟန်ဖြင့် အပြုံးတစ်ချက် ပြုံးလိုက်သည်။

“အာ ဒါဆို အဘိုးက မျိုးနွယ်ခြားဘုရင် ကို မမုန်းဘူးပေါ့နော်”

အဘိုး၏ စကားကို ကြားသောအခါ ဖေးရှောက်ယွီမျက်လုံးများ အရောင်တောက်လာပြီး သိသိသာသာ ပေါ့ပါးပျော်ရွှင်သွားသည်။

“အဘိုး၊ အလုပ်ရှိသေးတယ်ဆိုတော့ ရှောက်ယွီနှောင့်ယှက်တော့ဘူးနော်”

ပြောပြီးသည်နှင့် ချက်ချင်းပင် ထွက်ပြေးသွားတော့သည်။

ထိုမိန်းကလေးငယ် ထွက်ခွာသွားပြီး မကြာမီတွင် ဖေးကွမ်းထင်၏ မျက်နှာပေါ်မှ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အမူအရာမှာ ပိုမို တည်ကြည်သွားကြောင်း သူမ မသိလိုက်ချေ။

“မျိုးနွယ်ခြားဘုရင် ရဲ့ မြို့တော်မှာ ဂုဏ်သတင်းက ဒီလောက်အထိ ရောက်နေပြီလား…”

ဖေးကွမ်းထင်စိတ်ထဲတွင် အတွေးများ လှိုင်းထနေသည်။ သူစိတ်ပူသည်မှာ ကွန်ဖြူးရှပ်ဂိုဏ်းမှ ဆင်းသက်လာသော သူ့မြေးမလေးက စစ်ရေးဝါဒမှ ဝမ်ချောင်ကို နှစ်သက်နေခြင်း မဟုတ်ပေ။ သူ့ကို စိတ်ပူစေသည်မှာ ဖေးရှောက်ယွီ၏ “မြို့တော်မှာ အခုဆိုရင် လူတိုင်းက မျိုးနွယ်ခြားဘုရင်က သမီးတို့ မဟာထန်ရဲ့ သူရဲကောင်းလို့ ပြောနေကြတယ်” ဆိုသည့် စကားဖြစ်သည်။

သူ၏ မြေးမလေးနှင့် ဆက်သွယ်သူများမှာ မြို့တော်မှ ချမ်းသာကြွယ်ဝသူများ၊ ထင်ရှားသော မိသားစုများ ဖြစ်သည်။ မိန်းကလေးတစ်ဦးဖြစ်သည့် ရှောက်ယွီပင် ထိုစကားကို ပြောနိုင်သည်ဆိုက ဝမ်ချောင်၏ မဟာထန်မှ လူငယ်မျိုးဆက်များကြား သြဇာအာဏာမှာ မည်သူမျှ မယှဉ်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီမှာ ထင်ရှားသည်။ အနည်းဆုံးတော့ လီကျွင်းရှန်းကတော့ ယှဉ်နိုင်ခြင်း မရှိပေ။

လူငယ်များကသာ ဤအင်ပါယာ၏ အနာဂတ်ကို ကိုယ်စားပြုသည်။

ဝမ်ချောင်ကို လေးစားကြည်ညိုမှုကြောင့် မြို့တော်ရှိ လူငယ်များစွာသည် ဤကိစ္စကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

၎င်းသည် မဟာထန်အတွက် ကောင်းမွန်သည်ဟု မဆိုနိုင်သော်လည်း မဟာဆရာဖြစ်သည့် ဖေးကွမ်းထင်ပင်လျှင် ဝမ်ချောင်ကို အပြစ်တင်စကား ပြောဆိုနိုင်ခြင်း မရှိပေ။ မင်းသားသုံးပါး ပုန်ကန်မှုမှ သတင်းအချက်အလက်များစွာ ပျံ့နှံ့နေပြီဖြစ်သည်။ ဤသည်မှာ ဤလူငယ်က မပြိုလဲမီ တံတိုင်းကြီးကို ထိန်းမထားခဲ့သည့်၊ ရေစီးကြောင်းကို မရပ်တန့်ခဲ့သည့် ပထမဆုံးအကြိမ် မဟုတ်ပေ။ ဖေးကွမ်းထင်ပင်လျှင် ပြင်းထန်သော စကားလုံးများ မပြောနိုင်ပေ။

“ထားလိုက်ပါတော့၊ အရာအားလုံးက သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာပေါ်ပဲ မူတည်ပါစေတော့”

ဖေးကွမ်းထင်ထိုသို့ တွေးကာ မကြာမီ အိမ်တော်မှ ထွက်ခွာသွားသည်။

နန်းတော်နှင့် နန်းတွင်းမှ လှုပ်ရှားမှုများကို ဖယ်ထားပါက မြို့တော်ရှိ ထင်ရှားသော မိသားစုများကြားတွင်လည်း ဝမ်ချောင်နှင့် လီကျွင်းရှန်းတို့၏ ဤပဋိပက္ခသည် လူအများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့သည်။

မြို့တော် အရှေ့ဘက်၊ ရွှမ်းဝူ လမ်းမတွင် မြို့တော်မှ မျိုးနွယ်စုကြီး လေးခုဖြစ်သည့် ချန်၊ ဟွမ်၊ လု နှင့် ကျန်း မိသားစုအားလုံး စုဝေးနေကြသည်။

“တော်လောက်ပြီ၊ အတူတူ ထွက်သွားကြမယ်။ ဒီနေ့ မင်းသားကို အားပေးဖို့ အတူတူသွားကြမယ်”

“မျိုးနွယ်ခြားဘုရင်က စိတ်ကောင်းရှိသူပါ။ အမြဲတမ်း သည်းခံခဲ့တယ်။ ဒါပေမဲ့ အခုတော့ အရာအားလုံး အဆုံးသတ်သင့်ပြီ”

“ဟားဟားဟား၊ သွားကြစို့၊ ငါတို့ မျိုးနွယ်ခြားဘုရင်ကအတိုင်ပင်ခံအမတ်မင်းကို ဘယ်လို အစွမ်းပြပြီး အနိုင်ယူမလဲဆိုတာ သွားကြည့်ကြမယ်”

…စကားသံများ ရပ်သွားသည်နှင့် လူအုပ်ကြီးသည် မြင်းရထားများပေါ်သို့ တက်ကာ စစ်ရေးလေ့ကျင့်ကွင်းသို့ ဦးတည်သွားကြသည်။ ဝမ်ချောင်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေသော မဟာမိတ်များအနေဖြင့် မျိုးနွယ်စုကြီး လေးခုသည် ဝမ်ချောင်ဘက်မှ ရပ်တည်နေကြသည်မှာ သေချာသည်။

ထို့အပြင် ဤကိစ္စကို အဆုံးသတ်ရမည့်အချိန် ရောက်နေပြီဖြစ်သည်။

ချန်၊ ဟွမ်၊ လုနှင့် ကျန်းမျိုးနွယ်စုကြီး လေးခုသည် စစ်ရေးလေ့ကျင့်ကွင်းသို့ ခမ်းနားစွာ ဦးတည်သွားနေချိန်တွင် အခြားနေရာများမှ ထင်ရှားသော မိသားစုများစွာသည်လည်း မြစ်များ ပင်လယ်ထဲ စီးဝင်သကဲ့သို့ ထိုနေရာသို့ ဦးတည်သွားနေကြသည်။

ကွန်ဖြူးရှပ်ဂိုဏ်းသည် နှစ်ထောင်ပေါင်းများစွာ အမွေဆက်ခံလာခဲ့ပြီး အလယ်ပြည် အလယ်ပိုင်းတွင် အမြစ်တွယ်နေသည်။ ဝမ်ချောင်ကို ထောက်ခံသူ များသကဲ့သို့ လီကျွင်းရှန်းကို ထောက်ခံသူများလည်း အများအပြား ရှိနေသည်။

“အဆင်သင့်ဖြစ်ပြီလား?”

“အတိုင်ပင်ခံအမတ်မင်း၏ ကိုယ်ကျိုးစွန့် အနစ်နာခံသော ‘မဟာငြိမ်းချမ်းရေး’က ထာဝရသမိုင်းတွင် မရှိဖူးသေးတဲ့ ကြီးမြတ်တဲ့ အမှုတစ်ခုဖြစ်သည်။ ဘယ်လိုဖြစ်ဖြစ် ငါတို့ သူ့ကို အပြည့်အဝ ထောက်ခံရမယ်”

“မှန်တယ်။အတိုင်ပင်ခံအမတ်မင်းဟာ ရမ်းကားတဲ့သူ မဟုတ်ပါဘူး။ ဒီပြိုင်ပွဲမှာ မျိုးနွယ်ခြားဘုရင်ကို ရင်ဆိုင်ဖို့ သူမှာ နည်းလမ်းတစ်ခုခု ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်”

“သွားကြစို့”

…မြို့တော် တောင်ဘက်ရှိ အိမ်တော်တစ်ခုရှေ့တွင် ထင်ရှားသော မိသားစုခေါင်းဆောင်များ အစုအဝေး စုဝေးနေကြသည်။

နဂါးမှ ပေါက်ဖွားသော သားကိုးကောင်သည် မတူညီကြသကဲ့သို့ ဝမ်ချောင်ကို ထောက်ခံသူများ ရှိသကဲ့သို့ လီကျွင်းရှန်းကို ထောက်ခံသူများလည်း သေချာပေါက် ရှိနေသည်။ လူအုပ်ကြီးသည် မြင်းရထားများပေါ်သို့ တက်ပြီး စစ်ရေးလေ့ကျင့်ကွင်းသို့ လျင်မြန်စွာ ဦးတည်သွားကြသည်။

သူတို့ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် မြို့တော်၏ အခြားအရပ်များမှ စာပေပညာရှင်များ၊ မဟာစာပေပညာရှင်များနှင့် ကွန်ဖြူးရှပ်ဂိုဏ်း၏ အတွေးအခေါ်များကို ထောက်ခံသူများဖြစ်သည့် ထင်ရှားသော မိသားစုများသည်လည်း မြင်းရထားများဖြင့် ရေစီးသကဲ့သို့ စစ်ရေးလေ့ကျင့်ကွင်းသို့ စုရုံးလာကြသည်။

သတင်းကို ကြားသိပြီး ရောက်ရှိလာသူများ ပိုမိုများပြားလာသည်။ မြို့တော်ရှိ အရက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ငှက်လှောင်အိမ်ယူသူများ၊ ပုရစ်တိုက်သူများ၊ လက်ဖက်ရည်သောက်ရင်း စကားပြောသူများ၊ လက်ဝှေ့ပွဲကြည့်သူများ... မြို့တော်မှ ထင်ရှားသော မိသားစုများမှ ဆင်းသက်လာသည့် လူငယ်အမျိုးသား၊ အမျိုးသမီးများစွာသည် ထွက်ခွာလာကြသည်။

“သွားကြ၊ မျိုးနွယ်ခြားဘုရင် ကို အားပေးကြမယ်”

“မျိုးနွယ်ခြားဘုရင်က ငါတို့ မဟာထန်ရဲ့ မဟာသူရဲကောင်းပဲ။ သူ အနိုင်ရမှာ သေချာတယ်”

အခြားသူများနှင့် မတူသည်မှာ ဤထင်ရှားသော မိသားစုများမှ ဆင်းသက်လာသည့် လူငယ်အမျိုးသား၊ အမျိုးသမီးများသည် ဝမ်ချောင်ကိုသာ အားပေးရန် အဓိက သွားနေကြခြင်း ဖြစ်သည်။ မြို့တော်ရှိ မင်းမျိုးမင်းနွယ်များကြားတွင် ဝမ်ချောင်သည် မယှဉ်နိုင်သော ဂုဏ်သတင်းကို အမြဲပိုင်ဆိုင်ထားသည်။ အကြောင်းမှာ ဝမ်ချောင်သည် သူတို့ကဲ့သို့ အသုံးမကျသောသူများမှ ဆင်းသက်လာသူ၊ လူကြီးများ မျက်လုံးထဲတွင် "အသုံးမကျသူ" ဖြစ်သည်။

သို့သော် သူသည် လမ်းကြောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ သူ၏ ကြီးထွားလာမှု လမ်းကြောင်းသည် မြို့တော်မှ လူငယ်အားလုံး အိပ်မက်မက်ကြသည့် အရာဖြစ်သည်။

အသုံးမကျသော အပျော်သမားဘဝမှ ကောင်းကင်ကြီးကို ထောက်မထားနိုင်သော သူရဲကောင်းကြီး၊ မြင့်မြတ်သော မင်းသားကြီးဘဝသို့ ရောက်ရှိလာခြင်းထက် ပိုမို စိတ်ဓာတ်တက်ကြွစေသော အရာ ရှိပါဦးမလား။

လေတိုက်ခတ်သံများ မြည်ဟည်းနေသည်။ ပြိုင်ပွဲအချိန် နီးကပ်လာသည်နှင့်အမျှ မြို့တော်တစ်ခွင်လုံး ပိုမို ဆူပွက်လာသည်။ လူတိုင်း စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြပြီး တစ်ချိန်တည်းမှာပင် အနည်းငယ် စိုးရိမ်ပူပန်နေကြသည်။ ဤပြိုင်ပွဲသည် မည်သည့်ပုံစံမျိုးဖြင့် အဆုံးသတ်မည်ကို မည်သူမျှ မသိကြချေ။ အင်ပါယာ၏ အနာဂတ်သည် မည်သည့်ဘက်သို့ ဦးတည်သွားမည်ကိုလည်း မည်သူမျှ မသိကြပေ။

လူတိုင်း သိသည်မှာ ဤပြိုင်ပွဲသည် သမိုင်းတစ်လျှောက် မည်သည့်ပြိုင်ပွဲနှင့်မျှ လုံးဝ ကွဲပြားလိမ့်မည်ဟူ၍ ဖြစ်သည်။

အခြားသူများ မည်သို့တွေးသည်ကို ဖယ်ထားပါက ဤပြိုင်ပွဲ၏ အဓိကဇာတ်ကောင်များသည် ယခုအချိန်တွင် မည်သို့ခံစားနေရသည်ကို မည်သူမျှ မသိပေ။

နန်းတော်၏ အရှေ့တောင်ဘက်ရှိ မျိုးနွယ်ခြားဘုရင်အိမ်တော်။

သစ်ရွက်များ လေထဲတွင် လွင့်ကျနေသည်။ နန်းတော်အတွင်းတွင် လူအားလုံး စုဝေးနေကြသည်။ သိန်းငှက်အိုကြီး၊ ကျန်းချွယ် ၊ လီစီယီ ၊ ချင်းယန်သခင်လေး၊ ကော်ကျစ်ရီတို့အားလုံးသည် တစ်နေရာတည်းကို စိုက်ကြည့်နေကြသည်။

“ထွက်ဖို့ ပြင်ဆင်ကြတော့”

ခန်းမ၏ ထိပ်တွင် ဝမ်ချောင်သည် ပုံမှန်ဝတ်ဆင်နေကျ အင်္ကျီရှည်ကြီးကို ဝတ်မထားဘဲ ငွေရောင် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ အကြည့်များက ခိုင်မာပြီး သူ၏ စိတ်နေစိတ်ထားသည် သာမန်ထက် ထူးကဲသည်။ လီကျွင်းရှန်းကဲ့သို့ စာအုပ်စာပေ အငွေ့အသက် မပါသော်လည်း သူ့တွင် ထူးခြားသော ကိုယ်ပိုင်ဟန် ရှိနေသည်။

အဝတ်အစားများ လှုပ်ယမ်းသွားပြီး ဝမ်ချောင်သည် ခန်းမထဲမှ ထွက်လာကာ လျင်မြန်စွာ လျှောက်လှမ်းသွားသည်။

တံခါးဝတွင် ကဗျာတစ်ပုဒ်လို၊ နတ်သမီးတစ်ပါးလို လှပသော အဖြူရောင်ရုပ်သွင်တစ်ခု ရပ်နေသည်။ ဓားသွားကဲ့သို့ မျက်ခုံးများနှင့် ကြယ်ရောင်ကဲ့သို့ မျက်လုံးများရှိသော ခန့်ညားထည်ဝါသည့် ဝမ်ချောင်ကို ကြည့်လိုက်သော ထိုအချိန်တွင် ရွှီချီချင်၏ ပါးပြင်နှစ်ဖက်သည် နီမြန်းလာပြီး မျက်လုံးများတွင် လှုပ်ရှားသွားသည့် အရိပ်အယောင်များ ပေါ်လာသည်။

အခြားတစ်ဖက်၊ အတိုင်ပင်ခံအမတ်မင်း၏ အိမ်တော်။

မီးခိုးငွေ့များ တလူလူ လွင့်ပျံနေပြီး သိမ်မွေ့သော ရနံ့များ လေထုထဲတွင် ပျံ့နှံ့နေသည်။

“သခင်လေး၊ ပြိုင်ပွဲအချိန် နီးပါပြီ”

ခန်းမအပြင်ဘက်တွင် အကြီးအကဲဆုန်း၊ ကျူးကျင်း၊ တစ္ဆေဓား၊ အဖြူရောင်ဝတ်စုံနှင့် မိန်းကလေး တို့အားလုံး ခါးကိုင်းကာ အပြင်ဘက်တွင် ရပ်စောင့်နေကြသည်။ လူတိုင်းသည် တည်ကြည်သော အမူအရာဖြင့် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

အလင်းရောင် တောက်ပလာပြီး လီကျွင်းရှန်းသည် အဖြူရောင် စာပေပညာရှင်ဝတ်စုံကို ဝတ်ဆင်ထားကာ ရှည်လျားသော ဆံပင်များသည် ရေတံခွန်ကဲ့သို့ ကျနေသည်။ ဦးခေါင်းထိပ်တွင် ဆံညှပ်တစ်ခုဖြင့်သာ ညှပ်ထားသည်။ သူသည် ခန်းမထဲမှ ဖြည်းညင်းစွာ ထွက်လာသည်။ သူ၏ အမူအရာသည် တည်ငြိမ်ပြီး သူ၏ အကြည့်များသည် ခိုင်မာကာ ကြီးမားသော ဆုံးဖြတ်ချက်ကို ပြသနေသည်။

“သွားမယ်”

မည်သည့် အပိုအမူအရာမျှ မရှိဘဲ လီကျွင်းရှန်းသည် ခြေလှမ်းများကို လှမ်းပြီး လူအုပ်ကြားမှ ဖြတ်သွားကာ အိမ်တော်အပြင်ဘက်ရှိ အဖြူရောင် မြင်းရထားပေါ်သို့ အမြန်တက်လိုက်သည်။ ကွန်ဖြူးရှပ်ဂိုဏ်းမှ လူများစွာ၏ အစောင့်အရှောက်ဖြင့် မြင်းရထားဘီးများသည် လှိမ့်လာပြီး ခမ်းနားစွာဖြင့် စစ်ရေးလေ့ကျင့်ကွင်းသို့ လျင်မြန်စွာ ဦးတည်သွားကြသည်။

“ကြည့်ရတာ လူတိုင်း ရောက်နေကြပြီ။ စစ်ဝါဒီနှင့်ကွန်ဖြူးရှပ်ဂိုဏ်းတို့ရဲ့ ပဋိပက္ခလို ကြီးမားတဲ့ ကိစ္စမှာ ငါတို့ ယန်မိသားစုပဲ ကျန်တော့တာပဲ”

အခြားတစ်ဖက်၊ မြို့တော် အနောက်ဘက်ရှိ ယန်အိမ်တော်။ အိမ်တော်ထိန်းများထံမှ အဆက်မပြတ် သတင်းများ ကြားရသောအခါ အသက် (၇၀) ကျော်ပြီဖြစ်သည့် ယန်ဝမ်ကျန်းသည် သာမန်အဝတ်အစားကို ဝတ်ဆင်ထားပြီး ခေါင်းညိတ်လိုက်သည်။

“ငါ့ကို ထူပေးကြပါ”

“ဟုတ်ကဲ့၊ ဘိုးဘေး”

ဘေးတွင်ရှိသော မိသားစုမှ လူငယ်များသည် တုတ်ကောက်ကို လျင်မြန်စွာ ပေးလိုက်ပြီး ယန်မျိုးနွယ်မှ လူငယ်များစွာသည် တစ်ချိန်တည်းမှာပင် ရှေ့သို့တက်ကာ ထောက်ကူပေးလိုက်ကြသည်။

“မင်းတို့လည်း ငါနဲ့အတူ လိုက်ခဲ့ကြပြီး ဒီပြိုင်ပွဲကို အသေးစိတ် မှတ်တမ်းတင်ကြပါ။ ငါ အသက်ကြီးနေပြီ၊ ဘယ်လောက်ကြာကြာ မှတ်တမ်းတင်နိုင်တော့မယ် မသိဘူး။ အနာဂတ်မှာ မင်းတို့အပေါ်ပဲ မူတည်တော့မယ်။ ငါ့စကားကို မှတ်ထား၊ ငါတို့ ယန်မိသားစုက သမိုင်းကို မှတ်တမ်းတင်တဲ့အတွက် သမိုင်းအချက်အလက်တွေကို တိတိကျကျ လိုက်နာရမယ်။ စကားလုံးတိုင်းဟာ သံမဏိလို ခိုင်မာရမယ်။ စစ်သည်တော်တွေကြားက ပြိုင်ပွဲတွေဟာ သမိုင်းမှာ မှတ်တမ်းတင်ဖို့ အဆင့်မမီပေမဲ့ ဒီတစ်ကြိမ် မျိုးနွယ်ခြားဘုရင်နဲ့ အတိုင်ပင်ခံအမတ်မင်းအမတ်တို့ရဲ့ ပြိုင်ပွဲကတော့ သာမန်မဟုတ်ဘူး။ စစ်သည်တော်နဲ့ ကွန်ဖြူးရှပ်ဂိုဏ်း... အင်ပါယာရဲ့ အနာဂတ်ဟာ သူတို့နှစ်ဦးပေါ်မှာပဲ မူတည်နေလိမ့်မယ်”

ယန်ဝမ်ကျန်းက အလေးအနက် ပြောကြားလိုက်သည်။

******

အခန်း (၁၈၁၂)

“ဟုတ်ကဲ့ပါ၊ ဘိုးဘေး”

လူအများစုသည် ခါးကိုင်းညွတ်ကာ အလေးအနက် အရိုအသေပေး ပြောဆိုကြသည်။ သေချာကြည့်လျှင် ခြံဝင်းအတွင်း၌ ယန်မျိုးနွယ်စုမှ သားမြေး (၄၀) မှ (၅၀) ခန့် စုပြုံနေသည်ကို တွေ့ရသည်။ ယန်မိသားစုသည် သမိုင်းမှတ်တမ်းရေးအမတ်မျိုးနွယ်ဖြစ်သော်လည်း ကြီးမားသည့် မျိုးနွယ်စုလည်း ဖြစ်သည်။ အကိုင်းအခက်များ ဖြာထွက်ပြီးနောက် လူဦးရေလည်း များပြားလာခဲ့သည်။

“သွားကြစို့၊ ပြိုင်ပွဲ စသင့်ပြီ”

ယန်ဝမ်ကျန်းစကားဆုံးသည်နှင့် မကြာမီပင် ယန်မျိုးနွယ်စုမှ သားမြေးများ ဝန်းရံလျက် စစ်ရေးလေ့ကျင့်ကွင်းသို့ ထွက်ခွာသွားသည်။

အချိန်သည် တဖြည်းဖြည်း ကုန်လွန်သွားသည်။ မြို့တော်တောင်ဘက်ရှိ စစ်ရေးလေ့ကျင့်ကွင်း၌ လူအများအပြားဖြင့် ပြည့်နှက်နေသည်။ နန်းတွင်းမှ အမတ်ကြီးများ၊ မင်းသား၊ မှူးမတ်များနှင့် ထင်ရှားကျော်ကြားသော မိသားစုများ အားလုံးလိုလို ဤနေရာတွင် စုဝေးနေကြသည်။ စစ်ရေးလေ့ကျင့်ကွင်း၏ ပတ်ပတ်လည်၊ ပတ်ဝန်းကျင် မီတာ ထောင်ပေါင်းများစွာရှိ လမ်းမများပေါ်တွင် လူများဖြင့် ပြည့်နှက်နေပြီး လမ်းအားလုံး ပိတ်ဆို့နေသည်။

အရက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စစ်ရေးလေ့ကျင့်ကွင်းကို လှမ်းမြင်နိုင်သော နေရာတိုင်းတွင် လူများ ပြည့်ကျပ်နေပြီး ဘေးပတ်ဝန်းကျင်ရှိ အိမ်ခေါင်မိုးများပေါ်တွင်ပင် လူများ ပြည့်နှက်နေသည်။

(၂) နှစ်ကျော်ခန့်က ဝမ်ချောင်သည် ဤနေရာတွင် ယွီရှန်းအင်ပါယာ၏ မင်းသားကို အနိုင်ယူခဲ့ဖူးသည်။ ယခုအခါ ဤနေရာသည် စစ်ဝါဒီနှင့်ကွန်ဖြူးရှပ်ဂိုဏ်းတို့၏ ပဋိပက္ခအတွက် အဓိက ဗိုလ်လုပွဲကျင်းပရာ နေရာဖြစ်လာပြန်သည်။

လူအုပ်ကြီးသည် ဆူညံနေသည်။ ဤအချိန်၌ လူတိုင်းသည် စတင်တော့မည့် ပြိုင်ပွဲကို မျှော်လင့်ရင်း တစ်နေရာတည်းသို့ စိုက်ကြည့်နေကြသည်။

မဟာထန်အင်ပါယာ တည်ထောင်ခဲ့သည့် အချိန်မှစ၍ ဤပြိုင်ပွဲသည် အရေးကြီးဆုံး ပြိုင်ပွဲများထဲမှ တစ်ခု ဖြစ်လာခဲ့သည်။

“ဒေါင်း”

နန်းတော် တစ်ခွင်လုံးကို ပျံ့နှံ့သွားသည့် ခေါင်းလောင်းသံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် နောက်တစ်ခဏတွင် “ဟေး” ဟူသော ကျယ်လောင်သည့် အော်ဟစ်အားပေးသံကြီးသည် စစ်ရေးလေ့ကျင့်ကွင်းအပြင်ဘက်၌ ပေါက်ကွဲထွက်လာသည်။

“မျိုးနွယ်ခြားဘုရင်”

“မျိုးနွယ်ခြားဘုရင်”

“အတိုင်ပင်ခံအမတ်မင်း”

“ အတိုင်ပင်ခံအမတ်မင်း”

...ဝမ်ချောင်နှင့် လီကျွင်းရှန်းတို့အတွက် အော်ဟစ်အားပေးသံများသည် ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားသည်။ လူတိုင်းက မိမိတို့နှစ်သက်သော သူရဲကောင်းကို အားပေးရင်း အော်ဟစ်နေကြသည်။

စစ်ရေးလေ့ကျင့်ကွင်း၏ မြောက်ဘက်တွင် ခုံရှည်ကြီးတစ်ခု ရှိပြီး နောက်ဘက်တွင် ပဉ္စမမင်းသား လီဟန်သည် အလယ်တွင် ထိုင်နေသည်။ ဘယ်ဘက်တွင် တာ့စစ်နှင့် တာ့ဖူတို့ရှိပြီး ညာဘက်တွင် ဝန်ကြီးချုပ် လီလင်ဖူနှင့် စစ်ဘက်ဝန်ကြီး ကျန်းချိုးကျန့်ချုံးတို့ ရှိနေကြသည်။ လီဟန်၊ တာ့စစ်၊ တာ့ဖူ နှင့် လီလင်ဖူတို့သည် အချင်းချင်း မျက်လုံးချင်း အချက်ပြပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။

(တာ့စစ်= မဟာဆရာ၊ ဦးဆောင် ဆုံးမသူ၊ ဧကရာဇ်မင်း သို့မဟုတ် အိမ်ရှေ့စံအား စစ်ရေး၊ နိုင်ငံရေးနှင့် ပညာရေးဆိုင်ရာ မူကြီးများကို သင်ကြားပေးသူ။ ဩဇာအာဏာ အမြင့်ဆုံး ရာထူးများထဲမှ တစ်ခု ဖြစ်သည်။)

(တာ့ဖူ= မဟာဆရာ၊ ကူညီစောင့်ရှောက်သူ၊ ဧကရာဇ်မင်း သို့မဟုတ် အိမ်ရှေ့စံ၏ ကိုယ်ကျင့်တရားနှင့် အပြုအမူများကို စောင့်ကြည့်ထိန်းသိမ်း ကူညီပေးသူ။)

“စတင်ကြတော့”

အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အင်ပါယာတစ်ခွင်လုံး၏ ကံကြမ္မာကို ဆုံးဖြတ်မည့် ဤပြိုင်ပွဲသည် နောက်ဆုံးတွင် စတင်ခဲ့သည်။

“ဝုန်း”

စစ်ရေးလေ့ကျင့်ကွင်း၏ ဘယ်ဘက်ခြမ်းတွင် လူပေါင်းများစွာ၏ မျက်လုံးများအောက်၌ လူငယ်တစ်ဦး၏ အဖြူရောင် အရိပ်သည် အများအပြား၏ ဝန်းရံမှုဖြင့် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

စာပေပညာရှင်တစ်ဦးပမာ ခန့်ညားချောမောသော ထိုရုပ်သွင်ကို မြင်လိုက်ရသည်နှင့် စစ်ရေးလေ့ကျင့်ကွင်း ပတ်ဝန်းကျင်ရှိ အပူချိန်သည် ပိုမိုမြင့်တက်လာခဲ့သည်။

“ အတိုင်ပင်ခံအမတ်မင်း”

“ အတိုင်ပင်ခံအမတ်မင်း”

...စစ်ဝါဒီနှင့်ကွန်ဖြူးရှပ်ဂိုဏ်း ပဋိပက္ခနှင့် သက်ဆိုင်ရာ မိသားစုများအကြား ပဋိပက္ခများကို ဖယ်ထားပါက လီကျွင်းရှန်း၏ စာပေပညာရှင်ပီသသော စိတ်နေသဘောထားနှင့် ရုပ်ရည်သည် မြို့တော်တွင် သူ့ကို အားပေးထောက်ခံသူများစွာ ရှိစေခဲ့သည်။ အထူးသဖြင့် လူအုပ်ထဲတွင် မိန်းကလေး အတော်များများသည် လီကျွင်းရှန်းကို အော်ဟစ်အားပေးနေကြသည်။

“အစ်ကိုကြီး၊ ဒီပြိုင်ပွဲမှာ အရမ်းသတိထားပါ။ နောက်ပြီး ဒီတစ်ခါက အရေးကြီးတယ်၊ အစ်ကိုကြီး သူ့ကို ထပ်ပြီး မညှာပါနဲ့တော့”

စစ်ရေးလေ့ကျင့်ကွင်း၏ အစွန်းတွင် အဖြူရောင်ဝတ်စုံနှင့် မိန်းကလေး သည် လီကျွင်းရှန်းဘေးတွင် ရပ်နေပြီး စိုးရိမ်ပူပန်သော အမူအရာဖြင့် ပြောဆိုသည်။

“စိတ်မပူပါနဲ့၊ ငါ့မှာ ကိုယ်ပိုင်အစီအစဉ် ရှိပါတယ်”

လီကျွင်းရှန်းက ခေါင်းညိတ်ပြီး ပြောဆိုရင်း မကြာမီပင် စစ်ရေးလေ့ကျင့်ကွင်းထဲသို့ လျှောက်လှမ်းသွားသည်။

သူ၏ အကြည့်များသည် ပတ်ဝန်းကျင်ရှိ လူအများအပေါ်တွင် မရပ်တန့်ဘဲ မျက်နှာချင်းဆိုင်သို့ တိုက်ရိုက် ကြည့်လိုက်သည်။

ခဏအကြာတွင် လူအများ၏ မျက်လုံးများအောက်၌ လူအုပ်ကြီး ကွဲထွက်သွားသည်။ လီစီယီနှင့် ရွှီခဲ့ယွီတို့၏ ဝန်းရံမှုဖြင့် အရပ်ရှည်ရှည် ဝမ်ချောင်သည် မကြာမီ လူအများ၏ အမြင်အာရုံထဲသို့ ရောက်ရှိလာသည်။

“ဟုန်း”

ဝမ်ချောင်ထွက်ပေါ်လာသည့်အခါ ကောင်းကင်နှင့် မြေကြီးအကြားတွင် တောင်ပြိုလဲသကဲ့သို့သော အော်ဟစ်အားပေးသံများ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး ယင်းသည် လီကျွင်းရှန်းယခင်က ထွက်ပေါ်လာသည့် အားပေးသံများထက်ပင် သာလွန်နေသည်။

“မျိုးနွယ်ခြားဘုရင်”

“မျိုးနွယ်ခြားဘုရင်”

“မျိုးနွယ်ခြားဘုရင်”

...စစ်ရေးလေ့ကျင့်ကွင်း ပတ်ပတ်လည်နှင့် ပိုမိုဝေးသည့် နေရာများတွင် မြို့တော်မှ မင်းသားများ၏ သားမြေးများ၊ ထင်ရှားသော မိသားစုများမှ သားမြေးများ၊ မြို့တော်မှ လူငယ်များအားလုံးသည် ရူးသွပ်စွာ အော်ဟစ်နေကြပြီး သူတို့၏ အမူအရာများသည် အလွန် စိတ်အားထက်သန်နေကြသည်။

မင်းသားသုံးပါး ပုန်ကန်မှုပြီးနောက် ဝမ်ချောင်၏ မြို့တော်အတွင်း ဂုဏ်သတင်းသည် နေမင်းပမာ ထွန်းတောက်လာခဲ့သည်။ ဤအချက်သည် လီကျွင်းရှန်းပင်လျှင် မှီနိုင်ခြင်း မရှိပေ။ ဝမ်ချောင်ကိုယ်တိုင် သတိမထားမိသော်လည်း သူသည် မြို့တော်ရှိ လူငယ်အားလုံး၏ စံပြပုဂ္ဂိုလ်နှင့် သူရဲကောင်း ဖြစ်လာခဲ့သည်။

ဒီနေ့တော့ ရောက်လာပြီ။

ဝမ်ချောင်ပတ်ဝန်းကျင်ရှိ လူအားလုံး၏ အသက်ရှူသံများသည် မသိစိတ်ဖြင့် မြန်ဆန်လာခဲ့ပြီး စိုးရိမ်ပူပန်မှုကို ပြသနေသည်။ ဤတိုက်ပွဲတွင် သူတို့ ရှုံးမခံနိုင်သလို စစ်ရေးဝါဒဘက်ကလည်း ရှုံးမခံနိုင်ပေ။ တစ်ကြိမ် ရှုံးနိမ့်ပါက နောက်ဆက်တွဲ ပြဿနာများသည် စိတ်ကူး၍ပင် မရနိုင်ပေ။

“စိတ်မပူပါနဲ့”

ဝမ်ချောင်က အနည်းငယ် ပြုံးပြလိုက်သည်။ ဤအချိန်တွင် သူကပင် လူအများကို နှစ်သိမ့်ပေးနေသည်။

“ငါ့ဆီက သတင်းကောင်းကို စောင့်နေလိုက်ရုံပဲ”

“ဟပ်” ခနဲ ဝမ်ချောင်၏ လက်ဖျားလေး လှုပ်သွားပြီးနောက် သူသည် စစ်ရေးလေ့ကျင့်ကွင်းထဲသို့ လျင်မြန်စွာ ဝင်ရောက်ကာ မျက်နှာချင်းဆိုင်သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားသည်။

ဝမ်ချောင်၏ ဝတ်ရုံသည် လှုပ်ယမ်းလျက် မျက်နှာချင်းဆိုင်သို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။ ထို ခြေသံ ရှင်းရှင်းလင်းလင်းသည် စစ်ရေးလေ့ကျင့်ကွင်း တစ်ခုလုံး၌ ပဲ့တင်ထပ်နေသည်။ မသိလိုက်ခင်မှာပင် ပတ်ဝန်းကျင်တွင် အသံတိတ်သွားပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် အပ်ကျသံပင် မကြားရဘဲ တိတ်ဆိတ်သွားသည်။ အကြည့်အားလုံးသည် ဝမ်ချောင်နှင့် လီကျွင်းရှန်းတို့အပေါ်တွင်သာ ကျရောက်နေသည်။ မြောက်ဘက်ရှိ စားပွဲနောက်မှ လီဟန် ၊ တာ့စစ် ၊ တာ့ဖူ ၊ လီလင်ဖူနှင့် အခြားသူများသည်လည်း အသက်အောင့်ကာ ကြည့်ရှုနေကြသည်။

လူနှစ်ဦးသည် ကိုက် (၂၀) ကျော်ခန့်သာ ကွာဝေးသည့်အခါ မျက်လုံးချင်းဆုံပြီး ရုတ်တရက် ရပ်တန့်သွားကြသည်။ ပတ်ဝန်းကျင်တွင် တင်းမာမှုများ ပေါက်ကွဲလာပြီး လေထုသည် သိသိသာသာ တင်းမာလာသည်။

“မင်း နောက်ဆုံးတော့ ရောက်လာပြီ”

မထင်မှတ်ထားဘဲ စကားစပြောသူမှာ လီကျွင်းရှန်းဖြစ်သည်။ သူ၏ မျက်လုံးများက တောက်ပနေပြီး သူ၏ အမူအရာတွင် တိကျသော ဆုံးဖြတ်ချက်ကို ပြသနေသည်။

“ငါတို့ကြားက ကိစ္စတွေကို ရှင်းရမယ့်အချိန် ရောက်ပြီ။ ဘယ်လိုပဲဖြစ်ဖြစ် မင်း ငါ့အစီအစဉ်ကို ဖျက်ဆီးပြီး မင်းတို့ရဲ့ ကိုယ်ကျိုးအတွက် လောကသူ လောကသားတွေနဲ့ အင်ပါယာတစ်ခုလုံးကို အဆုံးမရှိသော စစ်ပွဲထဲ ဆွဲသွင်းခွင့် ငါ မပြုနိုင်ဘူး”

“အဟင်း”

လီကျွင်းရှန်း၏ စကားကို ကြားသောအခါ ဝမ်ချောင်ရယ်လိုက်သည်။

“စစ်ပွဲများစွာကို မြင်တွေ့ခဲ့ပြီးပြီ။ ဒီကိစ္စရဲ့ အနှစ်သာရကို သိလျက်နဲ့ ဒီလို ကလေးဆန်တဲ့ စကားကို ဆက်ပြောနေဦးမှာလား?”

“ငါ မင်းတို့ ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ လောကလုံးဆိုင်ရာငြိမ်းချမ်းရေး စိတ်ကူးကို ဘယ်တုန်းကမှ မဆန့်ကျင်ခဲ့ဘူး။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ အိပ်မက်၊ လူအုပ်စုတစ်စုရဲ့ အိပ်မက်ကို ဒီလောကသူ လောကသားတွေနဲ့ အင်ပါယာတစ်ခုလုံးရဲ့ ကံကြမ္မာနဲ့အတူ အဆုံးသတ်ရမှာလား?”

လေတိုက်ခတ်သံများ ထွက်ပေါ်လာပြီး သစ်ရွက်များ လေထဲတွင် လွင့်ပျံသွားသည်။ ဝမ်ချောင်၏ အကြည့်များသည် အေးစက်နေသည်။

ကွန်ဖြူးရှပ်ဂိုဏ်း ၊ လီကျွင်းရှန်းအပါအဝင် သူတို့ကို နောက်ထပ် လုံးဝ ညှာတာတော့မည် မဟုတ်ပေ။

“တကယ် အသိဉာဏ်ကင်းမဲ့သူက မင်းပဲ။ လောကပေါ်မှာ စစ်ပွဲတွေ မပြတ် ဖြစ်နေလို့၊ လူတိုင်းက အားကြီးသူက အားနည်းသူကို အနိုင်ကျင့်နေလို့သာ ငါတို့တွေ ရှေ့ဆက်တိုးပြီး အရာအားလုံးကို ပြောင်းလဲဖို့ အစွမ်းကုန် ကြိုးစားနေရတာပါ”

“ငါတို့ ကွန်ဖြူးရှပ်ဂိုဏ်းက မျိုးဆက်ပြီး မျိုးဆက် အောင်မြင်မှု မရသေးတာက မင်းတို့လို စစ်ရေးဝါဒက ရိုင်းစိုင်းတဲ့လူတွေနဲ့ အာဏာရှင်တွေကြောင့်ပဲ”

“ဒီလို အခြေအနေမျိုးကို ငါတို့ အမြဲတမ်း ရင်ဆိုင်ရတယ်။ ခေတ်တိုင်းမှာ မင်းလို လူသတ်သမားတစ်ယောက်က ငါတို့ရှေ့မှာ ရပ်ပြီး အမြဲတားဆီးနေတယ်။ နောက်ဆုံးမှာတော့ ငါတို့ အမုန်းဆုံးဖြစ်တဲ့ စစ်အင်အားကို အသုံးပြုပြီး ပဋိပက္ခအားလုံးကို ဖြေရှင်းဖို့ ကြိုးစားရတော့တာပဲ”

လီကျွင်းရှန်းသည် ရှေ့မှ ဝမ်ချောင်ကို ကြည့်ပြီး သူ၏ အကြည့်များက ပြတ်သားနေသည်။

“ဝမ်ချောင် မင်း အနိုင်ရမှာ မဟုတ်ဘူး။ ဒီတစ်ခါ ငါ မင်းနဲ့ မင်းရဲ့ စွမ်းအားအားလုံးကို မဟာထန် ကနေ အမြစ်ပြတ် ဖယ်ရှားပစ်မယ်”

“ကွန်ဖြူးရှပ်ဂိုဏ်းက နှစ်ထောင်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတာ၊ ဒီတစ်ခါတော့ အနိုင်ရကို ရရမယ်”

နောက်ဆုံးစကားလုံးသည် လီကျွင်းရှန်း၏ ခံစားချက်ကို ပြသနေပြီး အနည်းငယ်သော သတ်ဖြတ်လိုစိတ်ကိုပင် ထုတ်ဖော်ပြသနေသည်။ ဝမ်ချောင်ကို သတ်လိုစိတ် လီကျွင်းရှန်းတွင် ပေါ်ပေါက်လာသည်မှာ ထင်ရှားသည်။

မဟာထန် နန်းတွင်းနှင့် ပြည်သူလူထုကြားတွင် ဝမ်ချောင်ကဲ့သို့သော ကွန်ဖြူးရှပ်ဂိုဏ်းကို ဖိအားပေးပြီး ဆန့်ကျင်နိုင်သူ မရှိတော့ပေ။ မျက်မှောက်ခေတ်တွင် သူသည် ကွန်ဖြူးရှပ်ဂိုဏ်းတစ်ခုလုံး၏ တံတားတားသူ ဖြစ်လာခဲ့သည်။

“ဟွန်း၊ မင်းတို့က သမာဓိနဲ့ တရားမျှတမှုကို ပြောပြီး လောကလုံးဆိုင်ရာ ငြိမ်းချမ်းရေးကို မြှင့်တင်တယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ငါတို့ စစ်ရေးဝါဒလိုပဲ စစ်အင်အားကို သုံးပြီး ခက်ခဲတဲ့ လမ်းတွေကို ဖောက်လုပ်ရမယ်။ ဒီလိုဆို ငါတို့နဲ့ ဘာထူးခြားတော့မှာလဲ?”

ဝမ်ချောင်က ရယ်မောလိုက်ပြီး သူ၏ မျက်လုံးများတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။

“ကံမကောင်းစွာပဲ၊ ဒီလောကကြီးက မင်းတို့ ကွန်ဖြူးရှပ်ဂိုဏ်းအတွက် စမ်းသပ်ရာနေရာ မဟုတ်ဘူး။ ငါလည်း မင်းတို့ အလွယ်တကူ အနိုင်ယူနိုင်တဲ့ ပြိုင်ဘက် မဟုတ်ဘူး။ အားကြီးသူ အသက်ရှင်ပြီး အားနည်းသူ ပျက်စီးမယ် ဆိုတဲ့အတိုင်းပဲ”

“ဒီလောကမှာ အင်အားကြီးမားခြင်းကသာ နိုင်ငံနဲ့ လူမျိုးကို ကာကွယ်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ နိုင်ငံခြားသားတွေနဲ့ အလယ်ပြည်ပြင်ပက မျိုးနွယ်ခြားတွေအတွက် လောကလုံးဆိုင်ရာ ငြိမ်းချမ်းရေးကို ပြောပြီး ဘက်လိုက်တာဟာ ကိုယ့်ကိုယ်ကို ဖျက်ဆီးမယ့် လမ်းစဉ်ပဲ။ ငြိမ်းချမ်းရေးကို စစ်အင်အားနဲ့ ကိုယ်ပိုင်အင်အားကြောင့် ရရှိတာ၊ တခြားသူရဲ့ သနားညှာတာမှုနဲ့ တောင်းပန်မှုကြောင့် မဟုတ်ဘူး”

“ဒီတစ်ကြိမ် မင်းတို့ကို လုံးဝ ညှာတာမှာ မဟုတ်ဘူး။ အကယ်၍ ငါ အနိုင်ရရင် ကွန်ဖြူးရှပ်ဂိုဏ်း ရဲ့ ဒီလိုအတွေးအခေါ်ကို မဟာထန်ကနေ အမြစ်ပြတ် ဖယ်ရှားပစ်မယ်။ ဒီခေတ်၊ ဒီလောကကြီးက နိုင်ငံနဲ့ ပြည်သူကို လမ်းမှားပို့ဆောင်မယ့် ဒီလို အတွေးအခေါ်ကို မလိုအပ်ဘူး။ လီကျွင်းရှန်း ၊ မင်းမှာ အနိုင်ရဖို့ အခွင့်အရေး လုံးဝ မရှိဘူး”

ဝမ်ချောင်က တည်ကြည်စွာ ပြောဆိုလိုက်သည်။

ရုတ်တရက်..

ထိုစကားကြောင့် မျက်နှာချင်းဆိုင်ရှိ လီကျွင်းရှန်းနှင့် ကွန်ဖြူးရှပ်ဂိုဏ်း မှ လူများ အားလုံး မျက်နှာများ ပျက်သွားကြသည်။ မြောက်ဘက်တွင် ပြိုင်ပွဲကို ကြီးကြပ်နေသည့် တာ့စစ် နှင့် တာ့ဖူ ပင် မျက်နှာများ ပြောင်းလဲသွားသည်။

ဝမ်ချောင်၏ စကားများမှ ၎င်းတို့နှစ်ဦးစလုံးသည် ကြီးမားသော ဆုံးဖြတ်ချက်တစ်ခုကို ခံစားမိခဲ့ကြသည်။ ဝမ်ချောင်အနိုင်ရရှိပါက ဤပဋိပက္ခသည် လုံးဝ ပြီးဆုံးမည် မဟုတ်ပေ။ သူ၏ လေသံအရ သူ၏ စွမ်းအားကို အသုံးပြု၍ ကွန်ဖြူးရှပ်ဂိုဏ်းကို အပြည့်အဝ နှိမ်နင်းတော့မည် ဖြစ်သည်။

ဝမ်ချောင်သည် ယခုအခါ မျိုးနွယ်ခြားဘုရင်ဖြစ်နေပြီး ဧကရာဇ်ကို ကယ်တင်ခဲ့သည့် ဂုဏ်ရှိနေသဖြင့် သူသည် ထိုသို့လုပ်ဆောင်နိုင်ခြေ ရှိသည်။

“ဝမ်ချောင် ၊ ဒီစကားကို ငါ မင်းကို ပြန်ပြောရမယ်”

ထိုအချိန်တွင် လီကျွင်းရှန်း၏ အကြည့်များ အေးစက်လာပြီး ရုတ်တရက် စကားပြောလာသည်။

“ငါ အနိုင်ရသွားရင် ဝမ်မိသားစုနဲ့ စစ်အင်အားကို အလွန်အကျွံသုံးတဲ့၊ သွေးဆာပြီး စစ်လိုလားတဲ့ မင်းတို့လို စစ်သည်တော် အားလုံးကို မဟာထန် ကနေ ရှင်းထုတ်ပစ်မယ်”

“စစ်သူကြီး တစ်ယောက်ရဲ့ အောင်မြင်မှုဟာ စစ်သားများစွာရဲ့ သွေးနဲ့ အရိုးခေါင်းတွေနဲ့ ခင်းထားတာပါ။ လောကလုံးဆိုင်ရာ ငြိမ်းချမ်းရေး ရရှိသွားရင် မင်းတို့အတွက် နေစရာနေရာ လုံးဝ ရှိတော့မှာ မဟုတ်ဘူး”

လီကျွင်းရှန်းက အေးစက်စွာ ပြောဆိုလိုက်သည်။

ထိုအချိန်၌ လူနှစ်ဦး မျက်လုံးချင်း ဆုံမိကြပြီး လေထုထဲတွင် လျှပ်စီးများ ဖြတ်ပြေးနေသကဲ့သို့ တင်းမာမှုများ အလွန်များပြားလာခဲ့သည်။

လီဟန် ၊ တာ့စစ် ၊ တာ့ဖူ ၊ လီလင်ဖူနှင့် ကျန်းချိုးကျန့်ချုံတို့ပင်လျှင် ထိုလူနှစ်ဦးကြားမှ ကြောက်မက်ဖွယ်ကောင်းသည့် လေထုကို ခံစားနိုင်ခဲ့ကြသည်။

ဤပြိုင်ပွဲသည် အပြင်လူများ၏ မျက်လုံးထဲတွင် ကိုယ်ခံပညာ ယှဉ်ပြိုင်မှုတစ်ခုသာ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ဝမ်ချောင်နှင့် လီကျွင်းရှန်းတို့ကြားတွင်မူ အသက်လုတိုက်ပွဲ၏ အရိပ်အယောင်များ စတင်ပါလာပြီ ဖြစ်သည်။

“ဒေါင်း”

လေထု ပိုမို တင်းမာလာချိန်တွင် ကျယ်လောင်သည့် ခေါင်းလောင်းသံ ထပ်မံ မြည်ဟည်းလာသည်။ ထို့နောက် တည်ကြည်သော အသံတစ်ခုသည် စစ်ရေးလေ့ကျင့်ကွင်း တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

“အမတ်နှစ်ဦးစလုံး၊ သူတော်စင်ဧကရာဇ်၏ အမိန့်ကို သိပြီး ဖြစ်သင့်ပါတယ်”

ထိုအချိန်တွင် ပဉ္စမမင်းသား လီဟန်၏ ဘယ်ဘက်တွင် မဟာဆရာ ဖေးကွမ်းထင်သည် ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သည်။

“ဒီပြိုင်ပွဲကို ခင်ဗျားတို့ နှစ်ယောက်စလုံး သူတော်စင်ဧကရာဇ်ရှေ့မှာ ကိုယ်တိုင် သဘောတူခဲ့ကြတာပါ။ နောက်ဆုံးရလဒ် ဘယ်လိုပဲဖြစ်ဖြစ် တိတိကျကျ လိုက်နာရမှာ ဖြစ်ပြီး ကတိဖျက်လို့ မရဘူး။ နားလည်ပါတယ်နော်?”

စစ်ရေးလေ့ကျင့်ကွင်းပေါ်ရှိ ဝမ်ချောင်နှင့် လီကျွင်းရှန်းတို့သည် စကားမပြောဘဲ တစ်ချိန်တည်းမှာ ခေါင်းညိတ်ပြလိုက်ကြသည်။

“ကောင်းပြီ၊ ပြိုင်ပွဲ စတင်ပြီ”

တာ့ဖူ က ခေါင်းညိတ်ပြီး မကြာမီပင် ပြန်ထိုင်လိုက်ကာ စကားမပြောတော့ပေ။

တာ့ဖူ ၏ အသံ ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် စစ်ရေးလေ့ကျင့်ကွင်းသည် တိတ်ဆိတ်သွားသည်။ လူတိုင်း၏ အကြည့်များသည် ဝမ်ချောင်နှင့် လီကျွင်းရှန်းတို့အပေါ်တွင် ကျရောက်နေသည်။ ထိုနေရာတွင် လေပြင်းများ တိုက်ခတ်လာပြီး ထိုလူနှစ်ဦး၏ စိတ်အင်အားများမှာ လုံးဝ ကွဲပြားသွားခဲ့သည်။

******

အခန်း (၁၈၁၃)

“နောက်ဆုံးတော့ ဒီအချိန် ရောက်လာခဲ့ပြီ”

လျှပ်တစ်ပြက်အတွင်း ဝမ်ချောင်သည် လေကို နက်ရှိုင်းစွာ ရှူသွင်းလိုက်ပြီး ဤအတွေးသည် သူ၏စိတ်ထဲတွင် လျှပ်ပြက်သွားသည်။ တစ်ချိန်တည်းမှာပင် ဝမ်ချောင်၏ ဝမ်းဗိုက်ရှိ ချီသည် တုန်ခါသွားပြီး ကြီးမားသော စွမ်းအင်တစ်ခုသည် သူ့ခန္ဓာကိုယ်မှ လျင်မြန်စွာ ပေါက်ကွဲထွက်လာသည်။ လေမုန်တိုင်းကဲ့သို့ ကောင်းကင်နှင့် မြေကြီးဆီသို့ တည့်တည့် တက်သွားသည်။

ဟုန်း…

လူအများ၏ အကြည့်များအောက်တွင် ကောင်းကင်နှင့် မြေကြီး တုန်ခါသွားသည်။ မူလက တိတ်ဆိတ်ငြိမ်သက်နေသော စစ်ရေးလေ့ကျင့်ကွင်းသည် ရုတ်တရက် အမျက်ဒေါသထွက်နေသော ပင်လယ်ကဲ့သို့ ပြောင်းလဲသွားပြီး လေလှိုင်းများသည် ပတ်ဝန်းကျင် အရပ်ရပ်မှ တိုးဝှေ့လာကာ နားနှင့် မဆံ့အောင် မြည်ဟည်းသံများ ထွက်ပေါ်လာသည်။

ဟုန်း

ထိုအချိန်နှင့် တစ်ပြိုင်နက်တည်းနီးပါး ဝမ်ချောင်၏မျက်နှာချင်းဆိုင်တွင် တိမ်တိုက်မီးခိုးကဲ့သို့သော စိတ်ဝိညာဉ်စွမ်းအားတစ်ခုသည် ကောင်းကင်သို့ တက်သွားသည်။ မည်သည့် တွေဝေမှုမျှမရှိဘဲ လီကျွင်းရှန်းသည် ပိတ်ဆို့ထားမှုများကို တစ်ချိန်တည်းမှာ ဖွင့်ချလိုက်သည်။ သူ၏ အံ့အားသင့်ဖွယ် စွမ်းအင်သည် ချက်ချင်းပင် အမြင့်ဆုံးသို့ တက်သွားပြီး ဝမ်ချောင်နှင့် ထိပ်တိုက်ရင်ဆိုင်လာသည်။

“လီကျွင်းရှန်း ၊ အရာအားလုံး အဆုံးသတ်သင့်ပြီ”

လေပြင်းများသည် တိုက်ခတ်လာပြီး ဝမ်ချောင်၏အသံသည် မိုးခြိမ်းသံကဲ့သို့ စစ်ရေးလေ့ကျင့်ကွင်း တစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်။ ရှပ် လူအများ အာရုံမပြုနိုင်မီ ဝမ်ချောင်သည် ညာလက်ကို ဆန့်ထုတ်ကာ ခါးရှိ မူလအမရဓားကို ဖမ်းဆုပ်လိုက်ပြီး တစ်ချိန်တည်းမှာပင် မူလနေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

ခလွမ်း…

ကောင်းကင်ယံတွင် မိုးခြိမ်းသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုခဏတာ ပြောင်းလဲမှုကို မည်သူမျှ ဖော်ပြနိုင်ခြင်း မရှိပေ။ ဝမ်ချောင်ပျောက်ကွယ်သွားသည့် အချိန်တွင် နေမင်းထက်ပင် ပိုမိုတောက်ပသော လျှပ်စီးကြောင်း ထောင်ပေါင်းများစွာသည် သူပျောက်ကွယ်သွားသည့် နေရာမှ ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားသည်ကိုသာ သိရှိရသည်။

စစ်ရေးလေ့ကျင့်ကွင်း၏ အပေါ်ဆုံး ကောင်းကင်တွင် လျှပ်စီးများ အလွန်တောက်ပသည့် နေရာ၌ လျှပ်စီးကြောင်း ထောင်ပေါင်းများစွာသည် ပျက်စီးခြင်း၏ ရေစီးကြောင်းများဖြင့် ဖွဲ့စည်းထားသော ဧရာမဓားကြီးတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်ကို ခွဲခြမ်းလိုက်သည်။ လျှပ်စီး၏ပြင်းထန်မှုနှင့်အတူ အောက်မှ လီကျွင်းရှန်းထံသို့ အရှိန်အဟုန်ဖြင့် ခုတ်ချလိုက်သည်။

ဤဓားချက်၏ စွမ်းအားကို မည်သူမျှ ဖော်ပြနိုင်ခြင်း မရှိပေ။ လျှပ်စီးကြောင်းများ ပေါက်ကွဲထွက်လာသည့်အခိုက်တွင် လူတိုင်း၏ အတွေးများ ရပ်တန့်သွားပုံရပြီး အချိန်နှင့် နေရာပင် ရပ်တန့်သွားသကဲ့သို့ ဖြစ်ခဲ့သည်။ ကောင်းကင်တစ်ခုလုံးတွင် ပြင်းထန်သော မိုးကြိုးများသာ ကျန်ရစ်ခဲ့သည်။

ဤတိုက်ပွဲတွင် ဝမ်ချောင်သည် လီကျွင်းရှန်းနှင့် အချိန်ကြာကြာ ရပ်တည်ရန် လုံးဝ မစဉ်းစားခဲ့ပါ။

ဤသည်မှာ ဝမ်ချောင်နှင့် လီကျွင်းရှန်းတို့ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ခြင်း မဟုတ်ပေ။ ထို့ကြောင့် သူတို့နှစ်ဦးကြားတွင် မည်သည့် စမ်းသပ်မှုမျိုးမှ မလိုအပ်တော့ပေ။

ဝမ်ချောင်အတွက် အစကတည်းက ရည်ရွယ်ချက်တစ်ခုသာ ရှိသည်။ အပြင်းထန်ဆုံး စွမ်းအားဖြင့် လျင်မြန်စွာ တိုက်ခိုက်ပြီး ဤပြဇာတ်ကို အမြန်ဆုံး အဆုံးသတ်ရန် ဖြစ်သည်။

“ဒုန်း…”

လျှပ်တစ်ပြက်အတွင်း ကျယ်လောင်သော ပေါက်ကွဲသံကိုသာ ကြားလိုက်ရသည်။ ဝမ်ချောင်၏ကြောက်မက်ဖွယ် ဓားချက် ကျဆင်းလာပြီး မြေကြီးတစ်ခုလုံးပင် ကွဲအက်သွားတော့မလို ဖြစ်ခဲ့သည်။ သို့သော် နောက်တစ်ခဏတွင် ကောင်းကင်တစ်ခွင် လျှပ်စီးများ ပျောက်ကွယ်သွားသည့်အခါ လူတစ်ဦးသည် မတ်မတ် ရပ်နေသည်ကို မြင်လိုက်ရသည်။ လီကျွင်းရှန်းသည် နှင်းကဲ့သို့ အဖြူရောင် ဝတ်စုံနှင့် လျှပ်စီးအောက်တွင် ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ ရပ်နေခဲ့သည်။

“လီကျွင်းရှန်း ”

“သူ တကယ် ခုခံနိုင်ခဲ့တယ်”

...ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပတ်ဝန်းကျင်တွင် အံ့ဩတုန်လှုပ်သံများ ပေါ်ထွက်လာသည်။ ကွင်းဘေးရှိ ရွှီခဲ့ယွီ၊ ချင်းယန်သခင်လေး ၊ လီစီယီနှင့် အခြားသူများ၏ မျက်နှာများမှာ ချက်ချင်း ပြောင်းလဲသွားသည်။

ဝမ်ချောင်၏ မူလအမရဓားသည် အနောက်မြောက်ဘက် မြေအောက်ရှိတောင်မှ ရရှိထားခြင်းဖြစ်ပြီး ၎င်း၏ စွမ်းအားသည် အလွန်ကြီးမားသည်။ သမင်အမရ၊ကျားအမရ၊ဆိတ်အမရကဲ့သို့သော မသေမျိုးများပင် ထိုကြောက်မက်ဖွယ် စွမ်းအားကို မခုခံနိုင်ခဲ့ကြပေ။

အထူးသဖြင့် ဝမ်ချောင်သည် ယခုအခါ သိမ်မွေ့နယ်မြေသို့ ဖောက်ထွင်းဝင်ရောက်ခဲ့ပြီဖြစ်သောကြောင့် သူ၏ လက်ထဲရှိ မူလအမရဓားသည် ယခင်ကထက် ပိုမိုကြောက်မက်ဖွယ် ကောင်းနေသည်။ ဝမ်ချောင်၏စွမ်းရည်ဖြင့် အစွမ်းကုန် အသုံးပြုပါက ချင်းယန်သခင်လေးပင် ထိုစွမ်းအားကို စိတ်ကူးမရဲပေ။ သို့သော် လီကျွင်းရှန်းသည် ခုခံနိုင်ခဲ့သည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

လူအများထဲတွင် အထိတ်တလန့် အဖြစ်ရဆုံးမှာ ရွှီခဲ့ယွီနှင့် ကျန်းချွယ်တို့ ဖြစ်သည်။ နယ်စပ်ဖြစ်စဉ်တွင် သူတို့နှစ်ဦးသည် ဝမ်ချောင်နှင့် လီကျွင်းရှန်းတို့ တိုက်ခိုက်သည်ကို မျက်မြင်ကိုယ်တွေ့ ကြည့်ခဲ့ဖူးသည်။ ထိုအချိန်က လီကျွင်းရှန်းသည် သူ၏ သူတော်စင်ဓားကို ကိုင်ဆောင်ထားသော်လည်း ဝမ်ချောင်၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။

သို့သော် ယခုအခါ လီကျွင်းရှန်းသည် ဝမ်ချောင်၏ အစွမ်းကုန် တိုက်ခိုက်မှုကိုပင် ခုခံနိုင်ခဲ့သည်-

“ဟိုမှာ ကြည့်စမ်း”

ရုတ်တရက် စစ်ရေးလေ့ကျင့်ကွင်း ပတ်ဝန်းကျင်မှ အော်သံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်း၏ အကြည့်များကို လီကျွင်းရှန်း၏ ခေါင်းပေါ်သို့ ချက်ချင်း ဆွဲဆောင်သွားသည်။ လီကျွင်းရှန်း၏ ခေါင်းပေါ်တွင် ရှေးကျသော ပုံစံရှိပြီး နွေဦးနှင့် ဆောင်းဦးကာလပုံစံမျိုးရှိသည့် ရှေးဟောင်း စာပေသရဖူတစ်ခုကို မည်သည့်အချိန်က ဝတ်ဆင်ထားမှန်းမသိဘဲ တွေ့လိုက်ရသည်။

ထိုစာပေသရဖူသည် သန့်ရှင်းပြီး ခန့်ညားကာ တောင်ကဲ့သို့ ကြီးမားသော စွမ်းအင်ကို ထုတ်လွှတ်နေသည်။ ထိုမျှမက ထိုစာပေသရဖူ၏ ပတ်ပတ်လည်တွင် ရေလှိုင်းများကဲ့သို့ အဖြူရောင် အလင်းဝန်းများ ပျံ့နှံ့နေပြီး ထိုအဖြူရောင် အလင်းဝန်းသည် လီကျွင်းရှန်းခန္ဓာကိုယ်အတွင်းမှ ချီနှင့် သူ၏ ခါးရှိ သူတော်စင်ဓားတို့နှင့် အချင်းချင်း ထင်ဟပ်နေသည်။

ထို စာပေသရဖူ၏ အထောက်အပံ့ကြောင့် ယခုအခါ လီကျွင်းရှန်း၏ စွမ်းအားသည် ယခင်ကနှင့် နှိုင်းယှဉ်ပါက သိသိသာသာ အဆင့်တက်လာခဲ့ပြီး လုံးဝ မတူတော့ပေ။

“ဒါက.. ကွန်ဖြူးရှပ်ရဲ့သရဖူ”

စစ်ရေးလေ့ကျင့်ကွင်း အစွန်းတွင် ယန်ဝမ်ကျန်းသည် ယန်မျိုးနွယ်မှ သားမြေး အချို့၏ ဝန်းရံမှုဖြင့် ဝမ်ချောင်နှင့် လီကျွင်းရှန်းတို့၏ စကားပြောဆိုမှုများ အပါအဝင် ဤပြိုင်ပွဲကို အသေးစိတ် မှတ်တမ်းတင်ရန်အတွက် အာရုံစိုက် ရေးမှတ်နေသည်။ သို့သော် ဤအခိုက်အတန့်တွင် လီကျွင်းရှန်း၏ ခေါင်းပေါ်ရှိ စာပေသရဖူကို မြင်လိုက်ရသည့်အခါ သူ၏ ကိုယ်ခန္ဓာသည် တုန်ခါသွားပြီး လက်ထဲမှ စုတ်တံပင် ပြုတ်ကျလုနီးနီး ဖြစ်သွားခဲ့သည်။

ကွန်ဖြူးရှပ်ဂိုဏ်းမှ ဖြစ်သလို သမိုင်းမှတ်တမ်းမျိုးနွယ်မှ ဆင်းသက်လာသူဖြစ်သည့်အတွက် ယန်မိသားစုသည် သမိုင်းအချက်အလက်များကို မည်သူတစ်ဦးတစ်ယောက်ထက်မဆို ပိုမိုကျွမ်းဝင်ကြသည်။

ထို့အပြင် ကွန်ဖြူးရှပ်၏ သရဖူ၏ ပုံသဏ္ဌာန်နှင့် ထူးခြားချက်များကို သမိုင်းမှတ်တမ်းများတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ အခြားသူများ မသိနိုင်သော်လည်း သမိုင်းမှတ်တမ်းများကို ကြီးကြပ်သူ ယန်ဝမ်ကျန်းကမူ ၎င်းကို ကောင်းစွာ သိရှိထားသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ယန်ဝမ်ကျန်းသည် မျက်လုံးများကို အကြီးအကျယ် ဖွင့်ကာ လီကျွင်းရှန်း၏ ခေါင်းပေါ်ရှိ စာပေသရဖူကို ကြည့်ပြီး အလွန် စိတ်လှုပ်ရှားနေသည်။

“ဘာ… ကွန်ဖြူးရှပ်ရဲ့ သရဖူ”

ယန်ဝမ်ကျန်းဘေးတွင် စာပေပညာရှင် အများအပြား ရှိနေပြီး ကွန်ဖြူးရှပ်၏ သရဖူဟူသော စကားလုံးလေးလုံးကို ကြားလိုက်သောအခါ အားလုံး အံ့အားသင့်စွာ အော်ဟစ်လိုက်ကြပြီး လူအုပ်ကြီး မငြိမ်မသက် ဖြစ်သွားသည်။

ကွန်ဖြူးရှပ်၏ သရဖူသည် သူတော်စင်၏ အရာဝတ္ထုဖြစ်သည်။ ကွန်ဖြူးရှပ်ဂိုဏ်းအတွက်သာမက လောကပေါ်ရှိ စာပေပညာရှင်များအတွက်ပါ အမြင့်ဆုံး အဆင့်အတန်းရှိသည်။

အဘယ်ကြောင့်ဆိုသော် အဲဒါ ကွန်ဖြူးရှပ် ဝတ်ဆင်ခဲ့တဲ့ စာပေသရဖူ ဖြစ်လို့ပဲ..

အခြားတစ်ဖက်တွင် ဝမ်ချောင်သည်လည်း မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

“ကွန်ဖြူးရှပ်ရဲ့ သရဖူ”

ဝမ်ချောင်သည် လီကျွင်းရှန်း၏ ခေါင်းပေါ်ရှိ နွေဦးနှင့် ဆောင်းဦးကာလပုံစံ ရှေးဟောင်း စာပေသရဖူကို ကြည့်ပြီး သူ၏ အမူအရာလည်း အတော်လေး တည်ကြည်သွားသည်။

စစ်ဝါဒီနှင့်ကွန်ဖြူးရှပ်ဂိုဏ်း ပဋိပက္ခသည် အရေးကြီးသည်ဖြစ်ရာ လီကျွင်းရှန်းသည် သူ၏ အစွမ်းကုန် ကြိုးစားမည်ကို သူသိသည်။ သို့သော် လီကျွင်းရှန်းသည် သူတော်စင်ဓားအပြင် ဤကွန်ဖြူးရှပ်၏ သရဖူကို သူ့ကို တိုက်ခိုက်ရန် ခေါ်ဆောင်လာခဲ့မည်ဟု သူ မထင်မှတ်ခဲ့ပေ။

“မဟာပညာရှိလုတို့ ခန့်မှန်းခဲ့တာ မှန်သွားခဲ့ပြီ”

ဝမ်ချောင်သည် မကြာသေးမီက ကျန်းချွယ်မှ အစီရင်ခံခဲ့သည့် အရာများကို ပြန်တွေးရင်း စိတ်ထဲတွင် ရေရွတ်လိုက်သည်။

သူတော်စင်၏ အရာဝတ္ထုသည် သာမန်မဟုတ်ပေ။ ၎င်းသည် လီကျွင်းရှန်းဤပြိုင်ပွဲတွင် ပါဝင်ရခြင်း၏ အကြီးမားဆုံးသော အားကိုးရာ ဖြစ်သည်မှာ ထင်ရှားသည်။ ကွန်ဖြူးရှပ်၏ သရဖူ၏ စွမ်းရည်ကို သေချာမသိသေးဘဲ ဝမ်ချောင်ပင်လျှင် ပေါ့ဆရဲခြင်း မရှိပေ။

“ဝမ်ချောင် ၊ ဒီပြိုင်ပွဲမှာ မင်း မျှော်လင့်ချက် လုံးဝ မရှိဘူးလို့ ငါ ပြောခဲ့တယ်”

ထိုအချိန်တွင် လီကျွင်းရှန်း၏အသံသည် လူတိုင်း၏ နားထဲတွင် ထွက်ပေါ်လာသည်။ သူသည် ကွန်ဖြူးရှပ်၏ သရဖူကို ဝတ်ဆင်ထားပြီး တောက်ပသော အမူအရာဖြင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြီးမားသော ဖိအားများကို ထုတ်လွှတ်နေသည်။

“ကွန်ဖြူးရှပ်ဂိုဏ်းက စစ်ကို မလိုလားပေမဲ့ တိုက်ခိုက်ဖို့ မကျွမ်းကျင်တာတော့ မဟုတ်ဘူး။ ဒီ ကွန်ဖြူးရှပ်ရဲ့ သရဖူဟာ မင်းတို့လို လူသတ်ဝါဒီ အရူးတွေနဲ့ စစ်လိုလားသူတွေကို တိုက်ခိုက်ဖို့ အကောင်းဆုံး လက်နက်ပဲ”

လီကျွင်းရှန်းက ပြောဆိုရင်း ရှေ့သို့ လျှောက်သွားသည်။

သူ၏ ဝတ်ရုံသည် လေမတိုက်ဘဲ ရွေ့လျားနေပြီး ကြီးမားသော လေစီးကြောင်းတစ်ခုသည် လီကျွင်းရှန်းကို ဗဟိုပြု၍ ပတ်ဝန်းကျင် အရပ်ရပ်သို့ တိုက်ခတ်သွားသည်။

“အစ်ကိုကြီး”

စစ်ရေးလေ့ကျင့်ကွင်း၏ အရှေ့ဘက်ခြမ်းရှိ အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးသည် လီကျွင်းရှန်းကို ကြည့်ပြီး သူမ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အလင်းတန်းတစ်ခု ပေါ်လာသည်။

သူမ၏ နောက်ဘက်တွင် ကွန်ဖြူးရှပ်ဂိုဏ်းမှ လူများသည်လည်း အလွန် ပျော်ရွှင်နေကြသည်။

သူတော်စင်လမ်းကို ဖြတ်ကျော်ပြီး ပညတ်ခုနှစ်ပါးကို ခံနိုင်ရည်ရှိကာ ကွန်ဖြူးရှပ်၏ သရဖူ၏ အသိအမှတ်ပြုခြင်းကို ခံယူရခြင်း၊ ဤအချက်တစ်ခုတည်းဖြင့် လီကျွင်းရှန်းသည် ကွန်ဖြူးရှပ်ဂိုဏ်း သမိုင်းတွင် အထူးချွန်ဆုံး ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်လာရန် လုံလောက်နေပြီဖြစ်သည်။

အကယ်၍ ဤတစ်ကြိမ် ဝမ်ချောင်ကို အနိုင်ယူနိုင်ပါက လီကျွင်းရှန်းသည် ကွန်ဖြူးရှပ်ဂိုဏ်း တစ်ခုလုံး၏ စစ်မှန်သော နံပါတ်တစ် ဖြစ်လာလိမ့်မည်။

“သခင်လေး၊ သူ့ကို အနိုင်ယူလိုက်ပါ”

“သခင်လေး အောင်မြင်ပါစေ”

...ကွန်ဖြူးရှပ်ဂိုဏ်းမှ လူအများ အော်ဟစ်နေကြပြီး အကြီးအကဲဆုန်းနှင့် အခြားသူများပင် နှုတ်ခမ်းမွှေးများ တုန်ယင်ကာ မူလ အေးဆေးတည်ငြိမ်မှုကို ထိန်းထားနိုင်ခြင်း မရှိတော့ပေ။

ပထမဆုံး လှုပ်ရှားမှုမှ ကြည့်ပါက ကွန်ဖြူးရှပ်၏ သရဖူ၏ အထောက်အပံ့ကို ရရှိထားသော လီကျွင်းရှန်းသည် ဝမ်ချောင်၏ တိုက်ခိုက်မှုကို လုံးဝ ခုခံနိုင်ခဲ့သည်။ ဤအချက်မှ ကြည့်ပါက သခင်လေးသည် အခြေခံအားဖြင့် ရှုံးနိမ့်ခြင်းမရှိသည့် အနေအထားတွင် ရပ်တည်နေပြီဖြစ်သည်။

စစ်ဝါဒီနှင့်ကွန်ဖြူးရှပ်ဂိုဏ်း ပဋိပက္ခတွင် ကွန်ဖြူးရှပ်ဂိုဏ်းသည် အောင်ပွဲကို ရယူနိုင်တော့မည် ဖြစ်သည်။

“ဒီလိုကိုး၊ ဒါက မင်းရဲ့ အကြီးမားဆုံး အားကိုးရာပေါ့”

ဝမ်ချောင်သည် ညာလက်ကို မူလအမရဓားပေါ် တင်ထားပြီး သူ၏ အမူအရာသည် တည်ငြိမ်သွားသည်။ လီကျွင်းရှန်းတွင် မည်သည့် လျှို့ဝှက်ချက်များ ရှိနေပါစေ ဤတိုက်ပွဲတွင် သူ အနိုင်ရရမည်ဖြစ်သည်။

“မင်း မှားနေတယ်။ ကွန်ဖြူးရှပ်ရဲ့ သရဖူဟူသော စကားလုံးလေးလုံးရဲ့ အဓိပ္ပာယ်ကို မင်း လုံးဝ နားမလည်သေးဘူး”

လီကျွင်းရှန်းက တည်ကြည်စွာ ပြောဆိုသည်။ ထိုအခိုက်တွင် သူ၏ မျက်လုံးများမှ ပြင်းထန်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

ဟုန်း….

ထိုအခိုက်တွင် မည်သည့် သဲလွန်စမျှမရှိဘဲ လီကျွင်းရှန်းသည် ရုတ်တရက် လက်ညှိုးထိုးလိုက်သည်။ ရုတ်တရက် စစ်ရေးလေ့ကျင့်ကွင်း တစ်ခုလုံးအပါအဝင် ပိုမိုကျယ်ပြန့်သော ပတ်ဝန်းကျင်တွင် ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်သည် အရှိန်အဟုန်ဖြင့် လှုပ်ခတ်သွားပြီး ချက်ချင်းပင် အရှင်သခင်ကို ခစားသည့် မှူးမတ်များကဲ့သို့ စုဝေးလာသည်။ အမိန့်ပေးခံရသကဲ့သို့ ရာနှင့်ချီသော မြစ်များ ပင်လယ်ထဲ စီးဝင်သကဲ့သို့သော အရှိန်ဖြင့် လျင်မြန်စွာ စုစည်းလာပြီး လီကျွင်းရှန်း၏ လက်ညှိုးနှင့်အတူ “ဝုန်း” ဟူသော အသံဖြင့် မျက်နှာချင်းဆိုင် ဝမ်ချောင်ထံသို့ အားကြီးစွာ ရိုက်ခတ်သွားသည်။

“ရှပ်”

လျှပ်တစ်ပြက်အတွင်း ဝမ်ချောင်၏ကိုယ်ခန္ဓာ လှုပ်ရှားသွားပြီး လီကျွင်းရှန်း၏ တိုက်ခိုက်မှုကို တစ်လက်မအကွာအဝေးမျှဖြင့် အသည်းအသန် ရှောင်တိမ်းသွားခဲ့သည်။

သူ၏ နောက်ကျောတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ စစ်ရေးလေ့ကျင့်ကွင်း၏ မြေပြင်များစွာ ကွဲအက်သွားပြီး အပိုင်းအစများ ပတ်ဝန်းကျင်သို့ ပြန့်ကျဲသွားသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဝမ်ချောင်ပင် မျက်တောင်များ တဖျပ်ဖျပ်ခတ်သွားပြီး မျက်နှာ ချက်ချင်း ပြောင်းလဲသွားသည်။

ကွန်ဖြူးရှပ်၏ သရဖူသည် သာမန်မဟုတ်ကြောင်း သူသိသော်လည်း ထိုသရဖူကို ဝတ်ဆင်ထားသည့် လီကျွင်းရှန်းသည် ကောင်းကင်နှင့် မြေကြီးကြားရှိ မူလစွမ်းအင်ကို တိုက်ရိုက် အမိန့်ပေးနိုင်သည်ကို သူ မထင်မှတ်ခဲ့ပေ။

ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်ကို ထိန်းချုပ်ခြင်းကို ဝမ်ချောင်သည် သူ၏ ချီဖြင့်လည်း လုပ်ဆောင်နိုင်သော်လည်း လီကျွင်းရှန်းကဲ့သို့ ချီလှုပ်ရှားမှု တစ်စုံတစ်ရာမရှိဘဲ မူလစွမ်းအင်ကို တိုက်ရိုက် အမိန့်ပေးနိုင်ခြင်း မရှိပေ။

သူတော်စင်၏ သရဖူသည် အမှန်တကယ် အစွမ်းထက်လှသည်။ သို့သော် မည်သည့်အရာမဆို လူတစ်ဦးမှ အသုံးပြုနေသရွေ့ အားနည်းချက် ရှိနေမည်သာ ဖြစ်သည်။

ဝမ်ချောင်သည် စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်သည်။

ကွန်ဖြူးရှပ်၏ သရဖူဟူသော ဤသူတော်စင်၏ အရာဝတ္ထုကို ရင်ဆိုင်ရာတွင် ၎င်း၏ စွမ်းရည်ကို သေချာ မသိသေးမီ ဝမ်ချောင်သည် အနည်းငယ်မျှ ပေါ့ဆရဲခြင်း မရှိပေ။

“အလကားပါပဲ။ ကွန်ဖြူးရှပ်၏ သရဖူရဲ့ စွမ်းအားကို သိချင်တယ်ဆိုရင် ဒီလို အနှောင့်အယှက် ခံစရာ မလိုဘူး။ အခု ငါ မင်းကို ပြောပြမယ်”

လီကျွင်းရှန်း၏ မျက်လုံးများက တောက်ပနေပြီး မဲနက်သော ဆံပင်ရှည်များသည် လေမတိုက်ဘဲ လွင့်ပျံနေသည်။ သူ၏ မျက်လုံးများသည် အသေးစိတ်ကို ထိုးထွင်းသိမြင်နေပြီး ဝမ်ချောင်၏ ရည်ရွယ်ချက်ကို ကြိုတင် မြင်နေရသကဲ့သို့ ဖြစ်နေသည်။

ဝုန်း…

နောက်တစ်ခဏတွင် လီကျွင်းရှန်း၏ ဝတ်ရုံသည် လှုပ်ခတ်သွားပြီး ကြီးမားသော စွမ်းအင်တစ်ခုသည် သူ၏ ခေါင်းထိပ်မှ ကောင်းကင်သို့ တက်သွားသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့် မြေကြီးကိုပင် အရောင်မှိန်စေနိုင်သည့် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ စွမ်းအားတစ်ခုသည် ပင်လယ်ကဲ့သို့ ကျယ်ပြန့်ပြီး လေမုန်တိုင်းကဲ့သို့ လီကျွင်းရှန်း၏ ခေါင်းပေါ်ရှိ ကွန်ဖြူးရှပ်၏ သရဖူမှ ချက်ချင်း ပေါက်ကွဲထွက်လာပြီး ကွင်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

“မကောင်းတော့ဘူး”

လီကျွင်းရှန်း၏ ခေါင်းပေါ်မှ ထွက်ပေါ်လာသည့် စွမ်းအားကို ခံစားမိသောအခါ ဝမ်ချောင်၏ မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားသည်။

ဘဝနှစ်ခုကို ဖြတ်သန်းခဲ့ဖူးသူဖြစ်သည့် ဝမ်ချောင်၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအားသည် အခြားသူများနှင့် အဆင့်တူ အင်အားကြီးမားသူများထက် ပိုမိုအစွမ်းထက်သည်။ အထူးသဖြင့် အိပ်မက်သားရဲ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို စုပ်ယူပြီးနောက် ဝမ်ချောင်၏ လက်ရှိ စိတ်ပိုင်းဆိုင်ရာ စွမ်းအားသည် အခြား သိမ်မွေ့နယ်မြေ အဆင့် အင်အားကြီးသူများ၏ (၅) ဆထက်မက ပိုများသည်။

သို့သော် လီကျွင်းရှန်းသည် ယခုအခါ ထုတ်ဖော်လိုက်သော စွမ်းအားသည် ဝမ်ချောင်ထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းပြီး သိမ်မွေ့နယ်မြေ၊ သိမ်မွေ့နယ်မြေ အဆင့် အင်အားကြီးသူ အယောက် (၂၀) သို့မဟုတ် အယောက် (၃၀) ၏ အဆင့်သို့ ရောက်ရှိနေသည်။

ဤစွမ်းအား၏ ရှေ့တွင် ဧကရာဇ်ပင် မှိန်သွားရသည်။

******

အခန်း (၁၈၁၄)

ဤစွမ်းအားသည် လီကျွင်းရှန်း၏ ကိုယ်ပိုင်စွမ်းအား မဟုတ်ဘဲ ကွန်ဖြူးရှပ်နှင့် ကွန်ဖြူးရှပ်ဂိုဏ်းမှ သူတော်စင်တစ်ရာ အပါအဝင် နောက်ပိုင်း မျိုးဆက် စာပေခေါင်းဆောင်များ၏ မျိုးဆက်အလိုက် အားပေးမှုမှ ပေါက်ကွဲထွက်လာသော စွမ်းအား ဖြစ်သည်။

“ဝုန်း”

မျက်စိတစ်မှိတ်အတွင်း ထိုစွမ်းအားသည် ပေါင်းစည်းကာ ဝမ်ချောင်အပေါ်သို့ ဖိအားပေး ကျဆင်းလာသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်သည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ပြင်းထန်သော ထိုးနှက်မှုကို ခံလိုက်ရသကဲ့သို့ ဖြစ်ခဲ့သည်။

“ဝမ်ချောင် တိုက်ခိုက်တာကို လက်ခံလိုက်”

လီကျွင်းရှန်း၏ အေးစက်သော အသံသည် မိုးခြိမ်းသံကဲ့သို့ စစ်ရေးလေ့ကျင့်ကွင်း တစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်။ လျှပ်တစ်ပြက်အတွင်း လီကျွင်းရှန်း၏ ခေါင်းပေါ်ရှိ ကောင်းကင်သည် ဆူညံသွားပြီး ကြီးမားသော အဆင့်မြင့် စွမ်းအင်နယ်ပယ်တစ်ခု ရုတ်တရက် ပွင့်လာသည်။

ဤအဆင့်မြင့် စွမ်းအင်နယ်ပယ်သည် သိမ်မွေ့နယ်မြေ၏ စွမ်းအင်နယ်ပယ်နှင့် လုံးဝကွဲပြားခြားနားသည်။ နယ်ပယ်ပွင့်လာသည့်အခါ ကောင်းကင်နှင့် မြေကြီးကြားတွင် သူတော်စင်များ သီဆိုရွတ်ဖတ်သံများ ပဲ့တင်ထပ်လာသည်။ လီကျွင်းရှန်းဘေးရှိ ဟင်းလင်းပြင်တွင် အဆုံးမဲ့သော စာသားများနှင့် ရှေးကျမ်းလိပ်များသည် ပေါ်လာလိုက် ပျောက်သွားလိုက်နှင့် ရှင်သန်လိုက် သေဆုံးလိုက် ဖြစ်နေသည်။

တစ်ချိန်တည်းမှာပင် ထိုအဆင့်မြင့် စွမ်းအင်နယ်ပယ်၏ အနက်ရှိုင်းဆုံးနေရာမှ နို့နှစ်ရောင် စွမ်းအင်စီးကြောင်းများသည် ခန့်ညားထည်ဝါပြီး တောင့်တင်းခိုင်မာသော စွမ်းအားများဖြင့် ပြည့်နှက်နေကာ မြစ်များနှင့် ပင်လယ်များကဲ့သို့ လီကျွင်းရှန်း၏ခန္ဓာကိုယ်ထဲသို့ တသွင်သွင် စီးဝင်လာသည်။

“ချပ်”

လျှပ်တစ်ပြက်အတွင်း ကျယ်လောင်သော နဂါးဟိန်းသံကို ကြားလိုက်ရသည်။ လီကျွင်းရှန်းသည် သူ၏ စိတ်ဖြင့် လှုပ်ရှားလိုက်ပြီး ဘယ်ဘက်ခါးတွင်ရှိသော သူတော်စင်ဓားကို ချက်ချင်း ဆွဲထုတ်လိုက်သည်။

အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ခန့်ညားထည်ဝါသော ဓားချီသည် လီကျွင်းရှန်း၏ ခေါင်းပေါ်ရှိ အဆင့်မြင့် စွမ်းအင်နယ်ပယ်မှ ကြီးမားသော စွမ်းအင်နှင့်အတူ ဝမ်ချောင်ထံသို့ အရှိန်အဟုန်ဖြင့် ခုတ်ထစ်သွားသည်။

ထိုဓားချက်သည် လျှပ်စီးကို ကျော်လွန်သွားသလို အတွေးကိုလည်း ကျော်လွန်သွားသည်။ ဓားချီ စတင်ပေါက်ကွဲထွက်သည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင်များကို ဖြတ်ကျော်ကာ ဝမ်ချောင်၏ ခေါင်းပေါ်သို့ ချက်ချင်း ကျရောက်လာသည်။

ဓားချီ ဖြတ်သန်းသွားသည့် နေရာတွင် ဟင်းလင်းပြင်၌ ကိုက် (၃၀) ခန့် ရှည်လျားသော အဖြူရောင် ဓားရာတစ်ခုကို ချန်ထားခဲ့သည်။

ဤသည်မှာ သူတော်စင်၏ စီရင်ချက်ဓားဖြစ်ပြီး ကွန်ဖြူးရှပ်ဂိုဏ်း၏ အပြင်းထန်ဆုံး ဓားလည်း ဖြစ်သည်။ ကွန်ဖြူးရှပ်၏ သရဖူနှင့် သူတော်စင်ဓား ဟူသော သူတော်စင်၏ အရာဝတ္ထုနှစ်ခုကို ပေါင်းစပ်ထားသဖြင့် ဤအခိုက်အတန့်တွင် လီကျွင်းရှန်းသည် ကွန်ဖြူးရှပ်ဂိုဏ်းတစ်ခုလုံး၏ အပြင်းထန်ဆုံး ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်လာခဲ့သည်။

ဟုန်း

ဝမ်ချောင်၏မျက်လုံးများသည် ကျဉ်းမြောင်းသွားသည်။ ထိုအခိုက်အတန့်တွင် သိမ်မွေ့နယ်မြေအဆင့် ချီအမြောက်အမြားသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး မူလအမရဓားထဲသို့ စီးဝင်သွားသည်။

လီကျွင်းရှန်း၏ ဤအပြင်းထန်ဆုံး ဓားချက်ကို ရင်ဆိုင်ရာတွင် ဝမ်ချောင်သည် နောက်ဆုတ်ရန် မရွေးချယ်ဘဲ သူ၏ စွမ်းအားအားလုံးကို စုစည်းကာ အပြင်းအထန် ခုခံလိုက်သည်။

ထိန်း… ဓားချီနှစ်ခု ထိမိသွားပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခုသည် သူတို့နှစ်ဦးကြားမှ ပေါက်ကွဲထွက်ကာ ပတ်ဝန်းကျင် အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ ကွန်ဖြူးရှပ်၏သရဖူကို အသုံးပြုထားသော လီကျွင်းရှန်း၏ဓားချက်ကို ရင်ဆိုင်ရသည့်အခါ သူတော်စင်ဓား ခုတ်ချချိန်တွင် ဝမ်ချောင်သည် တွန်းထုတ်ခံရပြီး ကိုက် (၁၀) ကျော်ခန့် နောက်ဆုတ်သွားခဲ့သည်။

“အရှင်”

“သခင်လေး”

...စစ်ရေးလေ့ကျင့်ကွင်း၏ အနောက်ဘက်ခြမ်းတွင် လီစီယီနှင့် မီယာစမိ အာရာကာ တို့သည် အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်ကြပြီး သူတို့၏ မျက်နှာများသည် ပြောင်းလဲသွားသည်။

လီကျွင်းရှန်း၏ ထိုဓားချက်သည် မယုံနိုင်လောက်အောင် အစွမ်းထက်လှသည်။ သူသည် နှစ်ထောင်ပေါင်းများစွာ သမိုင်းရှိသည့် ရှေးဟောင်း သူတော်စင်၏ အရာဝတ္ထုနှစ်ခုကို ကိုင်ဆောင်ထားသည်။ ဝမ်ချောင်ဘေးတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့ကြသော်လည်း သူတို့သည် ဝမ်ချောင်ကို ၎င်းနှင့် အသက်တူသူ တစ်ဦးက မျက်နှာချင်းဆိုင် တိုက်ခိုက်ပြီး တွန်းလှန်နိုင်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

“အခြေအနေ မကောင်းဘူး။ ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ကွန်ဖြူးရှပ်ရဲ့သရဖူက အရမ်း အင်အားကြီးတယ်။ ဒီအတိုင်း ဆက်သွားရင် အရှင် ခုခံနိုင်မှာ မဟုတ်ဘူး။ ဒီမျှမက မင်းတို့ သတိမထားမိတာ ဖြစ်နိုင်တယ်။ လီကျွင်းရှန်းရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းအားဟာ အခု အရှင်ထက် ပိုအစွမ်းထက်နေတယ်။ ဒီ ကွန်ဖြူးရှပ်ရဲ့ သရဖူကို အသုံးပြုပြီး သူဟာ စွမ်းအားနဲ့ အရှင်ကို ဖိအားပေးနေရုံသာမက စိတ်ပိုင်းဆိုင်ရာနဲ့ပါ ကြီးမားတဲ့ သက်ရောက်မှုတွေ ပေးနေတာ”

“မကောင်းတော့ဘူး၊ လီကျွင်းရှန်း ထပ်တိုက်ခိုက်ပြန်ပြီ”

...လူများ၏ အသံများနှင့်အတူ စစ်ရေးလေ့ကျင့်ကွင်းပေါ်တွင် လီကျွင်းရှန်းသည် မည်သည့် တွေဝေမှုမျှမရှိဘဲ သူ၏ ကိုယ်ခန္ဓာသည် တစ္ဆေတစ်ကောင်ကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားကာ ဝမ်ချောင်ထံသို့ နောက်ထပ် ဓားချက်ဖြင့် ခုတ်ထစ်လိုက်သည်။

ဒုန်း… ထိုဓားချက် ခုတ်ချလိုက်သောအခါ စစ်ရေးလေ့ကျင့်ကွင်းပေါ်တွင် ပေ ရာနှင့်ချီ ရှည်လျားသော အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်သွားသည်။ သို့သော် ဤတစ်ကြိမ်တွင် ဝမ်ချောင်သည် ၎င်းနှင့် အပြင်းအထန် မထိပ်တိုက်တွေ့တော့ဘဲ မဟာလေဟာနယ် တိမ်းရှောင်ခြင်းနည်းကို အသုံးပြု၍ တစ်လက်မ အကွာအဝေးမျှဖြင့် အသည်းအသန် ရှောင်တိမ်းသွားခဲ့သည်။

“အလကားပါပဲ။ ဝမ်ချောင် ဒီ ကွန်ဖြူးရှပ်ရဲ့ သရဖူဟာ ငါတို့ ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ ပထမဆုံး သူတော်စင်အရာဝတ္ထုဖြစ်ပြီး ကွန်ဖြူးရှပ်၏ဦးထုပ် ဖြစ်တယ်။ သူတော်စင်များက ပြောခဲ့ဖူးတယ်။ လူသားတစ်ဦးသည် သူ၏ ဝတ်ရုံနှင့် ဦးထုပ်ကို စနစ်တကျ မဝတ်ဆင်ဘဲ မနေသင့်ဘူး။ မင်းတို့ စစ်ရေးဝါဒက လူတွေဟာ လူသတ်မှုတွေ ပြည့်နှက်နေတယ်။ ဝမ်ချောင် မင်းရဲ့ သတ်ဖြတ်လိုစိတ်၊ သတ်ဖြတ်မှု အရေအတွက်ဟာ မည်သည့် ခေတ်ကာလက စစ်သူကြီးတွေထက်မဆို ဝေးလံစွာ သာလွန်နေပြီ”

“ချင်မင်းဆက် မတိုင်မီခေတ်က ဘိုင်ချီကို မဟာဗိုလ်ချုပ်ဘုရင်လို့ ခေါ်ကြတယ်။ ချန်းဖိန်တိုက်ပွဲမှာ ချင်နဲ့ကျောက်စစ်တပ်ဟာ လူလေးသိန်းကို သတ်ပစ်ခဲ့တယ်။ နောက်ပိုင်း မျိုးဆက်တွေက သူ့ကို သတ်ဖြတ်ခြင်းနတ်ဘုရားလို့ ခေါ်ခဲ့ကြတယ်။ မင်းက အနောက်တောင်ဘက်မှာ လူလေးသိန်းကို သတ်ခဲ့ပြီး ယွီရှန်း ကုန်းပြင်မြင့်မှာ ကပ်ရောဂါ ဖြန့်ခဲ့လို့ ဘယ်လောက် အပြစ်မဲ့သူတွေ ထိခိုက်ခဲ့လဲဆိုတာ မရေတွက်နိုင်ဘူး။ ခိုရာစန်း တိုက်ပွဲမှာလည်း ရန်သူကို လိုက်လံနှိမ်နင်းပြီး လူသန်းပေါင်းများစွာကို သတ်ပစ်ခဲ့တယ်။ ဘိုင်ချီတောင် မင်းနဲ့ ယှဉ်ရင် အရောင် မှိန်သွားရတယ်”

“မင်းဟာ စစ်မှန်တဲ့ လူသတ်တဲ့ နတ်ဆိုးဘုရင်ကြီးပဲ။ ဒီ သူတော်စင်ရဲ့ သရဖူဟာ မင်းတို့လို သွေးဆာပြီး စစ်လိုလားတဲ့ စစ်ရေးဝါဒက လူတွေကို နှိမ်နင်းဖို့ ဖန်တီးထားတာ”

လီကျွင်းရှန်း၏အသံသည် မြန်မြန်ဆန်ဆန် မဟုတ်ဘဲ တည်ငြိမ်စွာဖြင့် စစ်ရေးလေ့ကျင့်ကွင်း တစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်။

သူ၏ တိုက်ခိုက်မှုကို ဝမ်ချောင်က ရှောင်တိမ်းသွားသော်လည်း လီကျွင်းရှန်းသည် တည်ငြိမ်ပြီး အလျင်စလို မဖြစ်ခဲ့ပေ။

“အခု ငါတို့ကြားက တိုက်ပွဲကို အဆုံးသတ်လိုက်မယ်”

လီကျွင်းရှန်း၏အသံသည် လျစ်လျူရှုပြီး ခန့်ညားထည်ဝါကာ ဧရာမ ခေါင်းလောင်းသံကဲ့သို့ ပတ်ဝန်းကျင် အရပ်ရပ်သို့ ထွက်ပေါ်လာသည်။

ဟုန်း

လီကျွင်းရှန်း၏အသံ ကျသွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ယံတွင် အလင်းနှင့် အရိပ်များ ပြောင်းလဲသွားသည်။ ကြီးမားသောချီသည် လီကျွင်းရှန်း၏ ခေါင်းပေါ်ရှိ ကွန်ဖြူးရှပ်၏ သရဖူမှ ကောင်းကင်သို့ တက်သွားသည်။

တစ်ချိန်တည်းမှာပင် လီကျွင်းရှန်းပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်တွင် ဒဿနိကပညာရှင်များ၏အရိပ်များသည် ရုတ်တရက် ပေါ်လာခဲ့သည်။ ကွန်ဖြူးရှပ်ဂိုဏ်းမှ သူတော်စင်များသည် လက်ထဲတွင် ကျမ်းလိပ်များကို ကိုင်ဆောင်ထားပြီး ခန့်ညားထည်ဝါသော၊ ဖြောင့်မတ်သော စွမ်းအင်များ ထုတ်လွှတ်နေကြသည်။

ဒဿနိကပညာရှင်များ၏ အရိပ်များ၏ အားပေးမှုကြောင့် လီကျွင်းရှန်း၏ စွမ်းအင်သည် ချက်ချင်း မြင့်တက်လာသည်။

ဟုန်း

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ပတ်ဝန်းကျင်ရှိ စာပေပညာရှင်များနှင့် မဟာပညာရှိများအားလုံး ထိတ်လန့်စွာ ထရပ်လိုက်ကြပြီး တစ်ဦးစီ စိတ်လှုပ်ရှားနေကြသည်။ ယခုခေတ်သည် ကိုယ်ခံပညာ ခေတ်ကောင်းဖြစ်သော်လည်း စာပေပညာအတွက် အဆုံးသတ်ခေတ် ဖြစ်သည်။ နွေဦးနှင့် ဆောင်းဦးကာလပြီးနောက် ဒဿနိကပညာရှင်များ ပျောက်ကွယ်သွားခဲ့ပြီး အလယ်ပြည် အလယ်ပိုင်းတွင် ထိုကဲ့သို့ စာပေ သူတော်စင်များ ပေါ်မလာတော့ပေ။

ကျုးရှီကိုလည်း ဇီဟု ခေါ်ဝေါ်ကြသော်လည်း ဤ ‘ဇီ’ သည် လူအများ၏ လေးစားမှုဖြင့် ခေါ်ဝေါ်ခြင်းသာ ဖြစ်ပြီး ဒဿနိကပညာရှင်များ၏ ‘ဇီ’နှင့် ကွာခြားချက် အများအပြား ရှိသည်။

လီကျွင်းရှန်းသည် ဒဿနိကပညာရှင်များ၏ အရိပ်များကို ခေါ်ဆိုနိုင်ခြင်းကြောင့်သာလျှင် ကွန်ဖြူးရှပ်ဂိုဏ်း၏ ထိပ်တန်း ခေါင်းဆောင်များထဲတွင် ပါဝင်နိုင်ခဲ့သည်။

“မယုံနိုင်စရာပဲ၊ ဒီလီကျွင်းရှန်းဟာ ဂိုဏ်းရဲ့ အားပေးမှုကို အသုံးပြုပြီး သူ့ရဲ့ စွမ်းရည်ကို မယုံနိုင်လောက်တဲ့ အဆင့်အထိ မြှင့်တင်ခဲ့တယ်။ သူဟာ အခု စစ်မှန်တဲ့ ဒဿနိကပညာရှင်တွေရဲ့ အားပေးမှုကို ခံယူထားသူ ဖြစ်တယ်။ ဒီတိုက်ပွဲမှာ မျိုးနွယ်ခြားဘုရင်က သူ့ကို အနိုင်ရဖို့ဆိုတာ မလွယ်တော့ဘူး”

ကွန်ဖြူးရှပ်၏သရဖူမှ ထွက်ပေါ်လာသော နတ်ဘုရားဆန်သည့် လက္ခဏာများသည် ထိုနေရာရှိ စစ်သည်တော် အားလုံးအတွက်လည်း ကြီးမားသော ထိတ်လန့်မှုနှင့် တုန်လှုပ်မှုကို ပေးခဲ့သည်။

သို့သော် ကွင်းအတွင်း ပြောင်းလဲမှုသည် ဤမျှသာ မဟုတ်ခဲ့ပေ။ လီကျွင်းရှန်းမှ ကွန်ဖြူးရှပ်၏သရဖူ၏ စွမ်းအားကို ဆက်လက်အသုံးပြုကာ အမြင့်ဆုံးသို့ လှုံ့ဆော်ပေးနေချိန်တွင် ကောင်းကင်နှင့် မြေကြီးကြားတွင် စာပေပညာရှင်များ၏ သီဆိုရွတ်ဖတ်သံများ ဆက်တိုက် ထွက်ပေါ်နေသော်လည်း ဤကွန်ဖြူးရှပ်ဂိုဏ်း၏ ‘သူတော်စင် လက္ခဏာများ’ သည် ရှေးကျမ်းဂန်များတွင် မှတ်တမ်းတင်ထားသည်နှင့် အနည်းငယ် ကွဲပြားနေသည်။

လူအများ၏ အကြည့်များအောက်တွင် လီကျွင်းရှန်းပတ်ဝန်းကျင်ရှိ သူတော်စင်များ၏ လက်ထဲတွင်ရှိသော စာပေကျမ်းလိပ်များမှ ရုတ်တရက် သွေးရောင် အလင်းများ ထွက်ပေါ်လာပြီး ၎င်းတို့ပေါ်တွင် ဓားများနှင့် ဓားမြှောင်များ ပုံသဏ္ဍာန်များ၊ စစ်မြေပြင်မှ လူသတ်မှု ပုံရိပ်များ ထောင်ပေါင်းများစွာ ပေါ်လာသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် ရုတ်တရက် ဆူညံသွားသည်။

“ကွန်ဖြူးရှပ်ရဲ့ဆန္ဒ၊ ဒဿနိကပညာရှင်များရဲ့ဆန္ဒဟာ လောကပေါ်က လက်နက်အားလုံးကို ဖျက်ဆီးပစ်ဖို့၊ လောကပေါ်က စစ်ပွဲအားလုံးကို အမြဲတမ်း ငြိမ်းချမ်းစေပြီး လောကပေါ်မှာ ငြိမ်းချမ်းရေး ထောင်စုနှစ်တွေကို ရရှိဖို့ ဖြစ်တယ်။ ဝမ်ချောင် မင်းရဲ့ လက်တွေက သွေးတွေနဲ့ ပြည့်နေပြီး သူတော်စင်များက မင်းကို မုန်းတီးဖို့သာ ရည်ရွယ်တယ်။မဟာသူတော်စင်နှင့် ယခင် မျိုးဆက်များမှ သူတော်စင်တွေရဲ့ စီရင်ချက်ကို လက်ခံလိုက်”

လေပြင်းများ တိုက်ခတ်နေပြီး ချီသည် ပင်လယ်ကဲ့သို့ ကြီးမားကာ ကောင်းကင်ကို လွှမ်းခြုံထားပြီး လီကျွင်းရှန်း၏ပုံသဏ္ဍာန်ကို လုံးဝဖုံးကွယ်ထားသည်။ ထိုနေရာတွင် အေးစက်ပြီး ခန့်ညားထည်ဝါသော အသံသာ ပဲ့တင်ထပ်နေသည်။

ထိုပြင်းထန်သော ချီထဲတွင် မည်သူမျှ မမြင်နိုင်သော်လည်း လီကျွင်းရှန်းသည် နှင်းကဲ့သို့ အဖြူရောင် ဝတ်စုံဖြင့် ရပ်နေပြီး သူ၏ အမူအရာ တည်ကြည်နေသည်။ သူ၏ လက်ညှိုးကို ထောက်ပြလိုက်ပြီး မျက်နှာချင်းဆိုင် ဝမ်ချောင်ထံသို့ ကွန်ဖြူးရှပ်၏သရဖူ၏ အပြင်းထန်ဆုံး စွမ်းရည်ကို စတင်လိုက်သည်။

ဒုန်း

လျှပ်တစ်ပြက်အတွင်း စစ်ရေးလေ့ကျင့်ကွင်း၏ ကောင်းကင်ယံတွင် မိုးခြိမ်းသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်းပင် တောက်ပသောချီ စီးကြောင်းတစ်ခုသည် ဧရာမ အလင်းတိုင်တစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်မှ အားကြီးစွာ ခုတ်ချလာပြီး မြေပြင်ပေါ်ရှိ ဝမ်ချောင်ကို ချက်ချင်း ထိမှန်သွားသည်။ ဝမ်ချောင်၏ စွမ်းရည်ဖြင့်ပင် လုံးဝ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။

ထို့အပြင် သေချာကြည့်ပါက ထိုကြီးမားသော ချီအလင်းတိုင်အတွင်းတွင် ပုံသဏ္ဍာန် သေးငယ်သော စာလုံးများ မရေမတွက်နိုင်အောင် ပါဝင်နေသည်ကို တွေ့ရသည်။ သူတော်စင်များ၊ ရှေးပညာရှိများ၊ သမိုင်းမှတ်တမ်းများ၊ ဒဿနိကဗေဒ စာအုပ်များ... ထိုရှေးပညာရှိများ ပြောခဲ့သော စကားများ သို့မဟုတ် ကျမ်းဂန်များ အားလုံးသည် သေးငယ်သော စာလုံး ထောင်ပေါင်းများစွာအဖြစ် ပြောင်းလဲသွားပြီး တောက်ပသော အလင်းတိုင်ထဲသို့ စီးဝင်ကာ ရေတံခွန်ကဲ့သို့ ရေကျဆင်းသကဲ့သို့ ဝမ်ချောင်၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ရိုက်ခတ်သွားသည်။

ထို သူတော်စင်များ၏ စာလုံးများသည် ဝမ်ချောင်ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးနောက် ချက်ချင်း ပေါက်ကွဲထွက်လာကာ ဝမ်ချောင်၏ လက်ချောင်းများ၊ ခြေချောင်းများ၊ သွေးပြန်ကြောများ အားလုံးသို့ စီးဆင်းသွားသည်။

ဝုန်း…

ဆံချည်မျှင်တစ်မျှင် အကွာအဝေး၌ ဝမ်ချောင်သည် အန္တရာယ်ကို ခံစားလိုက်ရပြီး သူ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအားအားလုံးကို ကျုံ့သွားကာ ဦးနှောက်၊ နှလုံးနှင့် အဆုတ်တို့ကို ကာကွယ်လိုက်သည်။

ဝမ်ချောင်၏ကြီးမားသော စိတ်ပိုင်းဆိုင်ရာ စွမ်းအားသည် အစိုင်အခဲ တစ်ခုအဖြစ် စုစည်းသွားပြီး ကောင်းကင်မှ ကျလာသော ဤနားမလည်နိုင်သည့် ကွန်ဖြူးရှပ်ဂိုဏ်း၏ စွမ်းအားကို ခုခံကာကွယ်ရန် ခိုင်မာသော အကာအကွယ်တစ်ခု ဖြစ်လာခဲ့သည်။

ဝမ်ချောင်၏တုံ့ပြန်မှုသည် အလွန်မြန်သော်လည်း ဤလျှို့ဝှက်ဆန်းကြယ်သော ကွန်ဖြူးရှပ်ဂိုဏ်း၏ စွမ်းအားနှင့် နှိုင်းယှဉ်ပါက တစ်လှမ်း နောက်ကျနေဆဲပင်။ ကွဲအက်နေသော ဖန်ခွက်ကဲ့သို့ ဝမ်ချောင်၏ စုစည်းထားသော စိတ်ပိုင်းဆိုင်ရာ အကာအကွယ်သည် အားကြီးသော စွမ်းအားဖြင့် ချက်ချင်း ကွဲအက်သွားသည်။ တစ်ချိန်တည်းမှာပင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု၏ သက်ရောက်မှုအောက်တွင် ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်သည် ရှုပ်ထွေးသွားကာ ပြင်းထန်စွာ တုန်ခါသွားသည်။

မူလ သိမ်မွေ့နယ်မြေ စွမ်းအားသည် ဤကွန်ဖြူးရှပ်ဂိုဏ်း၏ စွမ်းအား၏ သက်ရောက်မှုအောက်တွင် လျင်မြန်စွာ အားနည်းသွားပြီး ပိတ်ဆို့ခံလိုက်ရသည်။

“မကောင်းတော့ဘူး”

ဝမ်ချောင်၏စိတ်ထဲတွင် စိုးရိမ်စိတ် ဝင်လာပြီး သူ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ ဤအချိန်တွင် သူသည် လီကျွင်းရှန်းကို တိုက်ခိုက်နေခြင်း မဟုတ်တော့ပေ။ ကွန်ဖြူးရှပ်ဂိုဏ်းမှ ဒဿနိကပညာရှင်များ၏ စွမ်းအားကို တိုက်ခိုက်နေခြင်း ဖြစ်သည်။ ဝမ်ချောင်သည် ကွန်ဖြူးရှပ်ဂိုဏ်းမှ ဒဿနိကပညာရှင်များအား သွယ်ဝိုက်၍ တိုက်ခိုက်နေခြင်းနှင့် တူနေသည်။

မည်သည့် တွေဝေမှုမျှမရှိဘဲ ဝမ်ချောင်သည် သူ၏ သိမ်မွေ့နယ်မြေ အဆင့် စွမ်းအားကို လျင်မြန်စွာ စုစည်းကာ ထိုစွမ်းအားကို အစွမ်းကုန် ခုခံလိုက်သည်။

သို့သော် ဤအချိန်တွင် အလွန်အန္တရာယ်ရှိသော ခံစားချက်တစ်ခု သူ၏ရင်ထဲမှ ထွက်ပေါ်လာသည်။

ဝမ်ချောင်၏ စိတ်ထဲတွင် တုန်လှုပ်သွားပြီး လျှပ်တစ်ပြက်အတွင်း များများစားစား မစဉ်းစားနိုင်ဘဲ ဝမ်ချောင်သည် မဟာလေဟာနယ် တိမ်းရှောင်ခြင်း နည်းကို အလျင်အမြန် ထုတ်ဖော်လိုက်ပြီး တစ်ချက် မှိတ်တုတ်မှိတ်တုတ်ဖြင့် ကိုက် (၃၀) ခန့် ဝေးသည့် နေရာတွင် ပေါ်လာခဲ့သည်။

ဝမ်ချောင်၏နောက်ဘက်၊ သူ ရပ်နေခဲ့သည့် နေရာတွင် ဓားချီသည် ခန့်ညားထည်ဝါစွာဖြင့် ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွင်းမည့် အရှိန်ဖြင့် ဝမ်ချောင်ရပ်နေခဲ့သည့် နေရာသို့ ပြင်းထန်စွာ ခုတ်ချလိုက်သည်။

“နှမြောစရာပဲ”

စစ်ရေးလေ့ကျင့်ကွင်း အစွန်းရှိ တစ္ဆေဓား၊ အဖြူရောင်ဝတ်စုံနှင့် မိန်းကလေး နှင့် အခြားသူများက ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ စိတ်မချမ်းမြေ့စွာ ခံစားလိုက်ကြရသည်။

“ဝမ်ချောင်က အရမ်းလည်တဲ့သူ။ သခင်လေး သူ့ကို ထိခါနီးတိုင်း တစ်လက်မ အကွာအဝေးလေးနဲ့ အမြဲ ရှောင်တိမ်းသွားတယ်”

“သူ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး ကွန်ဖြူးရှပ်၏ သရဖူရဲ့ စွမ်းအားဟာ အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့ ခုခံမှုနဲ့အတူ ပိုပြီး အင်အားကြီးလာမှာ။ ဒါ့အပြင် အဆပေါင်းများစွာ တိုးလာမှာ။ ကွန်ဖြူးရှပ်၏ သရဖူဟာ ကွန်ဖြူးရှပ်ဂိုဏ်းက စစ်ရေးဝါဒကို တန်ပြန်ဖို့ နောက်ဆုံး အားကိုးရာပဲ။ ပိတ်ဆို့ခံရတဲ့ စွမ်းအားကို ဘယ်တော့မှ ပြောင်းပြန် လှည့်လို့ မရနိုင်ဘူး”

“သူ့မှာ ဒီလောက် သတ်ဖြတ်မှုတွေ များနေတာ၊ လူသန်းပေါင်းများစွာရဲ့ အသက်ဟာ သူ့လက်ထဲမှာ ဆုံးရှုံးခဲ့ရတာ။ ကွန်ဖြူးရှပ်၏ သရဖူက သူ့ကို ထိန်းချုပ်နိုင်တဲ့ အင်အားဟာ မဟာထန် သမိုင်းမှာရှိတဲ့ တခြား စစ်သည်တော် ခေါင်းဆောင်တွေထက် ပိုပြီး အစွမ်းထက်မှာ သေချာတယ်။ ဒီတိုက်ပွဲမှာ သခင်လေး အောင်ပွဲခံမှာ သေချာတယ်”

စစ်ရေးလေ့ကျင့်ကွင်း အစွန်းတွင် သစ်သားဝတ်ရုံ ဝတ်ဆင်ထားသည့် အကြီးအကဲဆုန်းသည် ရုတ်တရက် စကားပြောလာသည်။ သူ၏ ဆံပင်ရှည်များ လွင့်ပျံနေပြီး သူ၏ မျက်လုံးများက တောက်ပနေကာ ပြင်းပြသော ယုံကြည်ချက်ကို ပြသနေသည်။

******

အခန်း (၁၈၁၅)

ဤပြိုင်ပွဲ မစတင်မီက သူသည် ကိစ္စတစ်ခုတည်းကိုသာ စိုးရိမ်ခဲ့သည်၊ ၎င်းမှာ လီကျွင်းရှန်းသည် ကွန်ဖြူးရှပ်၏ သရဖူ၏အသိအမှတ်ပြုခြင်းကို မရရှိနိုင်ဘဲ ဤကွန်ဖြူးရှပ်ဂိုဏ်း၏ သူတော်စင်အရာဝတ္ထုကို မအောင်မြင်ဘဲ မရယူနိုင်ခြင်းပင်ဖြစ်သည်။ အကြောင်းမှာ ပုံမှန်အခြေအနေတွင် လီကျွင်းရှန်း၏ စွမ်းရည်သည် ဝမ်ချောင်၏ ပြိုင်ဘက် မဟုတ်သောကြောင့် ဖြစ်သည်။

သို့သော် ယခုအခါ ကွန်ဖြူးရှပ်ဂိုဏ်းသည် အောင်ပွဲခံမည်မှာ သေချာနေပြီ။

စစ်ရေးလေ့ကျင့်ကွင်းပေါ်တွင် ဖြူဖွေးတောက်ပသော အလင်းရောင်သည် ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းနေပြီး လီကျွင်းရှန်း၏စွမ်းအင်သည် ပို၍အင်အားကြီးမားလာသည်။ ထိုအချိန်အတောအတွင်း ဝမ်ချောင်၏စွမ်းအင်သည် ရုတ်တရက် ထပ်မံ ကျဆင်းသွားခဲ့သည်။

အကြီးအကဲဆုန်းပြောတာ မှန်သည်။ ကွန်ဖြူးရှပ်၏သရဖူ၏ စွမ်းအားသည် အချိန်ကြာလာသည်နှင့်အမျှ အဆပေါင်းများစွာ တိုးလာမည်ဖြစ်သည်။ ဝမ်ချောင်ကြာကြာ ဆွဲဆန့်လေ၊ သူ့အတွက် ပို၍ မကောင်းလေ ဖြစ်မည်။

ဟုန်း…

ကောင်းကင်နှင့် မြေကြီး တုန်ခါသွားပြီး အုတ်များနှင့် ကျောက်တုံးများ လွင့်စင်ကုန်သည်။ လီကျွင်းရှန်း၏ သူတော်စင်ဓားသည် ခန့်ညားထည်ဝါစွာဖြင့် ကောင်းကင်ကို တစ်ချက်ပြီးတစ်ချက် ခုတ်ထစ်ကာ ဆက်တိုက် ကျဆင်းလာသည်။

ဝမ်ချောင်သည် မဟာလေဟာနယ် တိမ်းရှောင်ခြင်းနည်းကို အသုံးပြု၍ အကြိမ်ကြိမ် ရှောင်တိမ်းခဲ့သော်လည်း ဝမ်ချောင်နှင့် နှိုင်းယှဉ်ပါက လီကျွင်းရှန်းသည် လုံးဝ အလျင်စလို မဖြစ်ခဲ့ပေ။ ဒဿနိကပညာရှင်များ၏ စွမ်းအားသည် ဝမ်ချောင်ကို ပိုမို ထိန်းချုပ်လာနေပြီး ဝမ်ချောင်ကြာကြာ ဆွဲဆန့်လေ၊ ပို၍ အားနည်းလာကာ သူ့ကို ဆန့်ကျင်တိုက်ခိုက်ရန် အင်အားများ ဆုံးရှုံးသွားလေ ဖြစ်သည်။

ပိုအရေးကြီးသည်မှာ လီကျွင်းရှန်း၏ ခန့်မှန်းချက်အရ နောက်ထပ် ခဏအကြာတွင် ဝမ်ချောင်၏ စွမ်းရည်သည် သိမ်မွေ့နယ်မြေ အဆင့်အောက်သို့ ကျဆင်းသွားမည်ဖြစ်ပြီး ထိုအချိန်သည် ဤပြိုင်ပွဲကို အပြီးသတ်ရန် အချိန်ဖြစ်လိမ့်မည်။

“ဝမ်ချောင် ဘာလို့ စကားမပြောတာလဲ။ မင်း ဒီလိုပဲ အမြဲ ဆွဲဆန့်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား”

လီကျွင်းရှန်း၏ ခန့်ညားထည်ဝါသော အသံသည် အေးစက်နေပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်နေသည်။

ဒုန်း စကားပြောနေချိန်တွင် ကွန်ဖြူးရှပ်၏ သရဖူသည် တောက်ပနေပြီး သံမဏိကဲ့သို့ ခိုင်မာသော ကြီးမားသော စိတ်ပိုင်းဆိုင်ရာ စွမ်းအားတစ်ခုသည် ပင်လယ်ကဲ့သို့ ကျယ်ပြန့်ကာ ဝမ်ချောင်၏ ဦးနှောက်ကို အားကြီးစွာ ရိုက်ခတ်သွားသည်။

တစ်ချိန်တည်းမှာပင် မိုးခြိမ်းသံနှင့်အတူ ကောင်းကင် ကွဲထွက်သွားပြီး တောက်ပသော အဖြူရောင် အလင်းတိုင်တစ်ခုသည် ကောင်းကင်မှ ကျဆင်းလာကာ ဝမ်ချောင်ကို ထပ်မံ ထိမှန်သွားသည်။

ဝမ်ချောင်၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအား အားကောင်းသော်လည်း ဤအခိုက်အတန့်တွင် ပြင်းထန်သော ထိုးနှက်မှုကို ခံလိုက်ရသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လီကျွင်းရှန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

“ကွန်ဖြူးရှပ်၏သရဖူကို မင်းတို့လို မရိုးသားသူတွေကို တိုက်ခိုက်ဖို့ပဲ မူလက ဖန်တီးထားတာ။ ဝမ်ချောင် ၊ ဒီတိုက်ပွဲမှာ မင်း ရှုံးပြီ”

ဝုန်း

ကွန်ဖြူးရှပ်၏ သရဖူဖြင့် ဝမ်ချောင်သည် အပြင်းအထန် ထိန်းချုပ်ခံနေရသည့် အချိန်တွင် လီကျွင်းရှန်းပင် သတိမထားမိလိုက်ဘဲ ပတ်ဝန်းကျင်ရှိ ချီ ထဲတွင် “မရိုးသားသူ” ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး လျှပ်တစ်ပြက်အတွင်း သူ၏ ဦးနှောက်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။

ဟုန်း.

လီကျွင်းရှန်းသည် ဟောင်ရန်း သူတော်စင်ဓားကို ကိုင်ဆောင်ကာ ဓားချက်ဖြင့် ခုတ်ချလိုက်သည့်အခိုက်တွင် အမြဲ ရှောင်တိမ်းနေသော ဝမ်ချောင်သည် ရုတ်တရက် လက်နှစ်ဖက်ကို ပေါင်းလိုက်ပြီး နောက်ဆုံး စက္ကန့်ပိုင်းတွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ချီထွက်ပေါ်လာကာ လီကျွင်းရှန်း၏ အစွမ်းထက်သော ဓားချက်ကို အတင်းအကျပ် ခုခံလိုက်သည်။

“အား”

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စစ်ရေးလေ့ကျင့်ကွင်း ပတ်ဝန်းကျင်မှ လူတိုင်း အံ့ဩတုန်လှုပ်စွာ မတ်တတ်ရပ်လိုက်ကြသည်။ ဝမ်ချောင်သည် လီကျွင်းရှန်း၏ တိုက်ခိုက်မှုကို အတင်းအကျပ် လက်ခံမည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။ လီကျွင်းရှန်းပင်လျှင် ဤအခိုက်အတန့်တွင် အံ့အားသင့်သွားသော အမူအရာကို ပြသခဲ့သည်။

ဝမ်ချောင်၏ လက်ရှိ အခြေအနေအရ ဤဓားချက်ကို အတင်းအကျပ် လက်ခံခြင်းသည် လုံးဝ ဉာဏ်ပညာရှိသော လုပ်ရပ် မဟုတ်ပေ။

“လီကျွင်းရှန်း ၊ မင်း မှားနေတယ်။ ဒီတိုက်ပွဲမှာ မင်း လုံးဝ မနိုင်သေးဘူး ပိုအရေးကြီးတာက မင်း ကွန်ဖြူးရှပ်၏ သရဖူကို ငါ့ကို တိုက်ခိုက်ဖို့ အသုံးမပြုသင့်ဘူး”

ဝမ်ချောင်သည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး ထိုအခိုက်အတန့်တွင် သူ၏ အကြည့်သည် မိုးခြိမ်းသံကဲ့သို့ တောက်ပနေသည်။

ဤပြိုင်ပွဲတွင် လီကျွင်းရှန်းသည် ကွန်ဖြူးရှပ်၏ သရဖူကို ထုတ်ဖော်ခဲ့ပြီးနောက် ဝမ်ချောင်သည် တိုက်ပွဲကို ရှောင်လွှဲနေသကဲ့သို့ အစွမ်းကုန် ရှောင်တိမ်းခဲ့သည်။ အမှန်တကယ်တွင် ဝမ်ချောင်သည် ဤနည်းလမ်းကို အသုံးပြု၍ ကွန်ဖြူးရှပ်၏ သရဖူ၏ စွမ်းအားနှင့် လုပ်ဆောင်ပုံကို အမြဲ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

မည်သည့်အရာမဆို အားနည်းချက် ရှိပြီး ၎င်းကို တန်ပြန်ရန် နည်းလမ်း ရှိရမည်ဖြစ်သည်။ ကွန်ဖြူးရှပ်၏ သရဖူသည်လည်း ချွင်းချက် မဟုတ်ပေ။

ဝမ်ချောင်သည် အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သည်။

ဒုန်း

ဝမ်ချောင်သည် ကွန်ဖြူးရှပ်၏ ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ဖိအားနှင့် တိုက်ခိုက်မှုကို ခုခံရန် သူ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို အဆက်မပြတ် ဖိသိပ်ကာ ချေဖျက်နေခဲ့သည်။ လီကျွင်းရှန်းအံ့အားသင့်နေသော အကြည့်များအောက်တွင် ဝမ်ချောင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု လျှပ်ပြက်သွားပြီး သူ၏ စိတ်ကို ချက်ချင်း ဖွင့်ချလိုက်သည်။ ခုခံခြင်းမှ လက်ခံခြင်းသို့ ပြောင်းလဲလိုက်ပြီး ထိုကြီးမားသော စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို သူ၏ ဦးနှောက်ထဲသို့ ဝင်ရောက်ခွင့် ပြုလိုက်သည်။

“ဒါက...”

ဤအခိုက်အတန့်တွင် လီကျွင်းရှန်းသာမကဘဲ ပတ်ဝန်းကျင်မှ ပွဲကြည့်စင်ပေါ်ရှိ လီဟန် ၊ ကျန်းချိုးကျန့်ချုံ၊ တိုင်းပြည်၏ဆရာတော် တို့ပင် အံ့အားသင့်သွားကြသည်။ အထူးသဖြင့် လီဟန်သည် ဝမ်ချောင်နှင့် အလွန်ရင်းနှီးသော ဆက်ဆံရေးရှိသူဖြစ်ပြီး ဝမ်ချောင်ကို ခိုင်ခိုင်မာမာ ထောက်ခံသူလည်း ဖြစ်သည်။

ကွန်ဖြူးရှပ်၏ သရဖူသည် စစ်ရေးဝါဒ ကိုယ်တိုင်ကိုပင် အလွန် ထိန်းချုပ်နိုင်စွမ်းရှိသည်။ ယခု ဝမ်ချောင်သည် သူ၏ စိတ်ကို တက်ကြွစွာ ဖွင့်ချလိုက်ပြီး ကွန်ဖြူးရှပ်၏ သရဖူ၏ ကြီးမားသော စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို ဦးနှောက်ထဲသို့ ဝင်ရောက်ခွင့် ပြုလိုက်ခြင်းသည် မိမိကိုယ်ကို ဖျက်ဆီးခြင်းနှင့် တူနေသည်။

“ဒီ ဝမ် မိသားစုရဲ့ သားငယ်လေးက ဘာလုပ်ချင်တာလဲ။ သူဟာ တစ်ဦးတည်းသော အင်အားနဲ့ ကွန်ဖြူးရှပ်၏ သရဖူကို ဆန့်ကျင်ဖို့ ကြိုးစားနေတာလား။ လုံးဝ မိုက်မဲလိုက်တာ၊ သူ ရှုံးပြီ”

အခြားတစ်ဖက်တွင် အကြီးအကဲဆုန်းနှင့် အခြားကွန်ဖြူးရှပ်ဂိုဏ်းမှ လူများသည် စစ်ရေးလေ့ကျင့်ကွင်း အစွန်းတွင် ရပ်နေကြပြီး ပထမတွင် ရှုပ်ထွေးအံ့ဩနေကြသော်လည်း မကြာမီ တုံ့ပြန်နိုင်ခဲ့ကြပြီး သူတို့၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ ဝမ်ချောင်ဘာလုပ်ချင်သည်ဖြစ်စေ ကွန်ဖြူးရှပ်၏ သရဖူကို လူသား အင်အားဖြင့် မခုခံနိုင်ပေ။

ဝမ်ချောင်သည် မိမိကိုယ်ကို လိမ္မာပါးနပ်သည်ဟု ထင်သော်လည်း အမှန်တကယ်တွင် အမှားလုပ်မိခြင်းသာ ဖြစ်သည်။

ဒုန်း..

ဤအခိုက်အတန့်တွင် အချိန်ပင် ရပ်တန့်သွားသကဲ့သို့ ဖြစ်နေသည်။ ပြင်ပမှ လှုပ်ရှားမှုများကို ထားလိုက်ပါတော့၊ ဤအချိန်တွင် ဝမ်ချောင်သည် သူ၏စိတ်ကို ဖွင့်လိုက်သည့်အခါ ကွန်ဖြူးရှပ်၏ ကြီးမားသော ဆန္ဒနှင့် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ စွမ်းအားသည် ရေလွှမ်းမိုးသကဲ့သို့ စီးဝင်လာပြီး ဝမ်ချောင်၏ သတိအာရုံခံပင်လယ်၏ အနက်ရှိုင်းဆုံးနေရာနှင့် သွေးကြောတိုင်းထဲသို့ ချက်ချင်း စိမ့်ဝင်သွားသည်။

ကွန်ဖြူးရှပ်နှင့် နွေဦးနှင့် ဆောင်းဦးကာလမှ ဒဿနိကပညာရှင်များ၏ ဆန္ဒများ ရှေ့တွင် ဝမ်ချောင်သည် သူ၏လက်နှစ်ဖက်ကို ဖြန့်ကာ လုံးဝပွင့်ပွင့်လင်းလင်း ပြသလိုက်ပြီး ဤလျှို့ဝှက်ဆန်းကြယ်သော ကွန်ဖြူးရှပ်ဂိုဏ်း၏ စွမ်းအားကို ရေတံခွန်ကဲ့သို့ သူ၏ စိတ်ဝိညာဉ်၏ ထောင့်တိုင်းကို ဆေးကြောခွင့် ပြုလိုက်သည်။

ယခင်ကနှင့် မတူဘဲ ဝမ်ချောင်သည် သူ၏ မှတ်ဉာဏ်များ၊ မင်းသားသုံးပါး ပုန်ကန်မှု ၊ ခိုရာစန်းတိုက်ပွဲ၊ တာ့လာစ် တိုက်ပွဲ၊ အနောက်တောင်ပိုင်း တိုက်ပွဲ... ဝှက်ထားသင့်သော အရာအားလုံးကို ထုတ်ဖော်ပြသလိုက်သည်။

ဝမ်ချောင်သည် မည်သည့်အခါမျှ ရှောင်လွှဲခြင်း၊ ဖုံးကွယ်ခြင်း မရှိခဲ့ပါ။ အဆုံးမဲ့သော အလောင်းပုံများနှင့် သွေးပင်လယ်များ၊ သူ၏ အတွင်းစိတ် အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များ၊ ကွဲကြေနေသော နယ်မြေများ၊ လူသားများ အစုလိုက်အပြုံလိုက် သေဆုံးပြီး ခန္ဓာကိုယ်များ မိုင်ပေါင်းများစွာ ပြန့်ကျဲနေသော လောကပျက်ဘေး၊ ဝမ်ချောင်၏ စိတ်ရင်းမှန်နှင့် မကျေနပ်သော ဆန္ဒတို့သည် ကွန်ဖြူးရှပ်၏ သရဖူ၏ ရှေ့တွင် အားလုံး ပေါ်ထွက်လာခဲ့သည်။

“မဟာသူတော်စင်နှင့် နွေဦးနှင့် ဆောင်းဦးကာလမှ ဒဿနိကပညာရှင်များ၊ ဝမ်ချောင်သည် မရိုးသားသူ ဟုတ်မဟုတ်ကို ခင်ဗျားတို့ ဆုံးဖြတ်ပေးပါ”

ဝမ်ချောင်သည် ခေါင်းကို မော့ကာ စိတ်ထဲတွင် တိတ်တဆိတ် ပြောလိုက်သည်။

အခြားတစ်ဖက်တွင် လီကျွင်းရှန်းသည် ဝမ်ချောင်၏ အတွေးများကို မသိလိုက်ပေ။

ခဏလေးအတွင်း သူ၏ခန့်မှန်းချက်အတိုင်း ကွန်ဖြူးရှပ်၏ သရဖူ၏ သက်ရောက်မှုအောက်တွင် ဝမ်ချောင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအင်သည် အရှိန်အဟုန်ဖြင့် ကျဆင်းသွားပြီး မျက်တောင်တစ်ခတ်အတွင်း သိမ်မွေ့နယ်မြေအဆင့်၊ သူတော်စင်အဆင့်အောက်သို့ ကျဆင်းသွားကာ ဧကရာဇ် သိုင်းအဆင့် အဆင့်အောက်သို့ပင် ချက်ချင်း ရောက်ရှိသွားပြီး ဆက်လက် အားနည်းနေခဲ့သည်။ အရာအားလုံးသည် လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။

“မင်း ရှုံးပြီ”

လီကျွင်းရှန်းသည် အေးစက်သော အမူအရာဖြင့် သူ၏ မျက်လုံးများတွင် တည်ကြည်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ သူ၏ လက်ငါးချောင်းကို ဆုပ်လိုက်သည့်အခါ နဂါးဟိန်းသံကြီးနှင့်အတူ ဓားချီသည် မြစ်များကဲ့သို့ ပေါက်ကွဲထွက်လာပြီး မျက်နှာချင်းဆိုင် ဝမ်ချောင်ထံသို့ လျင်မြန်စွာ ခုတ်ထစ်သွားသည်။

ယခု ဝမ်ချောင်သည် သူ့ကို ဆန့်ကျင်တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားပြီဖြစ်သော်လည်း စစ်ဝါဒီနှင့်ကွန်ဖြူးရှပ်ဂိုဏ်း ပဋိပက္ခသည် သာမန်ကိစ္စ မဟုတ်ပေ။ ကွန်ဖြူးရှပ်ဂိုဏ်း၏ မဟာရည်မှန်းချက်သည် မဆုံးရှုံးသင့်ပေ။ အမှန်တကယ် အောင်ပွဲ မရမီ သူသည် မည်သည့် အားနည်းချက် သို့မဟုတ် အမှားကိုမျှ ခွင့်မပြုနိုင်ပေ။

“အား”

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ပတ်ဝန်းကျင် အရပ်ရပ်မှ အော်ဟစ်သံများ ထွက်ပေါ်လာပြီး စစ်ရေးလေ့ကျင့်ကွင်း အပြင်ဘက်ရှိ ဝေးကွာသော နေရာများမှ လူအုပ်ကြီးသည် မျက်လုံးများကို ဖွင့်ကာ တည်ကြည်သော အမူအရာများ ပြသခဲ့ကြသည်။

မျိုးနွယ်ခြားဘုရင် ရှုံးနိမ့်သွားသည်၊ ၎င်းသည် မည်သူမျှ ကြိုတင် မစဉ်းစားထားသည့် ကိစ္စဖြစ်သည်။

သို့သော် ပြောရလျှင် မြန်သလောက်ပင်၊ ဝမ်ချောင်ရှုံးနိမ့်ပြီဟု လူတိုင်း ယူဆနေသည့်အချိန်တွင် လုံးဝ မမျှော်လင့်ထားသော ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့သည်။

“ဟုန်း”

ကောင်းကင်နှင့် မြေကြီး တုန်ခါသွားသည်။ ဤအခိုက်အတန့်တွင် အချိန်သည် ပြန်လည် စီးဆင်းသွားသကဲ့သို့ ဖြစ်နေသည်။ ဝမ်ချောင်၏ စွမ်းအားသည် ကွန်ဖြူးရှပ်၏ သရဖူဖြင့် အမြင့်ဆုံးသို့ ဖိနှိပ်ခံခဲ့ရသော်လည်း ဤအခိုက်အတန့်တွင် တောမီးကဲ့သို့သော လုံးဝ အသစ်သော ကြီးမားသော စွမ်းအားတစ်ခုသည် ဝမ်ချောင်၏ ကိုယ်ပေါ်မှ ရေလှိုင်းကဲ့သို့ ပေါက်ကွဲထွက်လာသည်။

“မဖြစ်နိုင်ဘူး”

ဝမ်ချောင်၏ ကိုယ်ပေါ်မှ ပြောင်းလဲမှုကို ခံစားမိသောအခါ လီကျွင်းရှန်းသည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး သူ၏ မျက်လုံးများတွင် မယုံနိုင်စရာ အမူအရာများ ပြည့်နှက်နေသည်။

ဝမ်ချောင်၏ စွမ်းရည်သည် မူလက စစ်မှန်သော ကိုယ်ခံပညာ အဆင့်အဆင့်အောက်သို့ ကျဆင်းသွားခဲ့သော်လည်း ဤအခိုက်အတန့်တွင် ရုတ်တရက် မြင့်တက်လာခဲ့ပြီး ဧကရာဇ် သိုင်းအဆင့်၊ သူတော်စင်အဆင့်၊ သူတော်စင် အထွတ်အထိပ်တို့မှ တစ်ဆင့် သိမ်မွေ့နယ်မြေ အဆင့်အထိ လျင်မြန်စွာ တိုးတက်လာသည်။

ထို့အပြင် လီကျွင်းရှန်း၏ တိုက်ခိုက်မှု အကြိမ်ပေါင်းများစွာဖြင့် ဝမ်ချောင်၏ စွမ်းရည်သည် အတော်အတန် ပျက်စီးသွားခဲ့သော်လည်း ဤအခိုက်အတန့်တွင် မူလအဆင့်နှင့် အခြေအနေသို့ ပြန်လည်ရောက်ရှိရုံသာမက ချီအားလုံးသည် ယခင်ကထက် ပိုမို စင်ကြယ်၊ ပြည့်ဝပြီး တိုက်ပွဲမစတင်မီကထက်ပင် ပိုမို အစွမ်းထက်လာခဲ့သည်။ ၎င်းသည် ဝမ်ချောင်၏ ကိုယ်ထဲသို့ စီးဝင်သွားသော ကွန်ဖြူးရှပ်ဂိုဏ်း၏ ဖြောင့်မတ်သော စွမ်းအင်သည် ဝမ်ချောင်၏ ကိုယ်ပိုင် စွမ်းအား ဖြစ်သွားခဲ့သည့်အတိုင်းပင် ဖြစ်သည်။

“ဒီလို ကိစ္စမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဤအခိုက်အတန့်တွင် လီကျွင်းရှန်းသည် သူ၏ အသိအမြင်နှင့် စိတ်ကူးများအားလုံးကို ကျော်လွန်သွားသော မကြုံစဖူး ထိတ်လန့်မှုကို ခံစားလိုက်ရသည်။

ကွန်ဖြူးရှပ်၏ သရဖူသည် မဟာသူတော်စင်၏ ဦးထုပ်ဖြစ်ပြီး လူသတ်မှုများ ပြည့်နှက်နေသော စစ်ရေးဝါဒကို အလွန်ထိန်းချုပ်နိုင်စွမ်းရှိသည်။ ထို့အပြင် ဤထိခိုက်မှုသည် အမြဲတမ်း ဖြစ်ပြီး ပြောင်းပြန်လှန်၍ မရနိုင်ပေ။ ကွန်ဖြူးရှပ်၏ သရဖူဖြင့် ဖိနှိပ်ခံရပြီးနောက် စွမ်းရည်ကို ပြန်လည်ရရှိနိုင်သည်၊ သို့မဟုတ် ပို၍ အဆင့်မြင့်လာနိုင်သည်ဟု မည်သည့်အခါမျှ မကြားဖူးပေ။

ကွန်ဖြူးရှပ်ဂိုဏ်း သမိုင်းတစ်လျှောက်တွင်လည်း ဤကဲ့သို့ ကိစ္စမျိုး မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပေ။

သို့သော် လီကျွင်းရှန်းကို ပို၍ ထိတ်လန့်စေမည့် အရာသည် နောက်တွင် ရှိနေသေးသည်။

“ဟုန်”

လီကျွင်းရှန်း၏ ပေါက်ကွဲထွက်နေသော မြင့်မြတ်ဓားချီသည် ဝမ်ချောင်၏ ခေါင်းပေါ်မှ ကိုက် အနည်းငယ်သာ ကွာဝေးသေးချိန်တွင် မည်သည့် သဲလွန်စမျှမရှိဘဲ ခန့်ညားထည်ဝါသော ဓားချီသည် ဖန်ကဲ့သို့ ချက်ချင်း ကွဲအက်သွားသည်။ ဝမ်ချောင်၏ ခေါင်းပေါ်တွင် ရွှေရောင် အလင်းတန်းတစ်ခု ကောင်းကင်သို့ တက်သွားသည်။

ဟင်းလင်းပြင်တွင် သီဆိုသံများနှင့်အတူ ဒဿနိကပညာရှင် သူတော်စင်များ၏ စာလုံးများနှင့် ရှေးကျမ်းဂန်များ မရေမတွက်နိုင်အောင် ပေါ်လာခဲ့သည်။ ဝမ်ချောင်၏ ခေါင်းထိပ်အပေါ်တွင် ကွန်ဖြူးရှပ်ဂိုဏ်း၏စွမ်းအင် ပေါက်ကွဲထွက်လာပြီး ကွန်ဖြူးရှပ်ဂိုဏ်းမှ သူတော်စင်တစ်ပါး ထင်ရှားစွာ ပေါ်လာသည်။

ဤ ကွန်ဖြူးရှပ်ဂိုဏ်းမှ သူတော်စင်သည် စာပေဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာသည် မှေးမှိန်နေသဖြင့် မည်သည့် ဒဿနိကပညာရှင် ဖြစ်သည်ကို မခွဲခြားနိုင်ပေ။ သို့သော် သူ၏ ကိုယ်ပေါ်မှ စွမ်းအင်သည် ခန့်ညားထည်ဝါပြီး တည်ကြည်ကာ တာအိုနှင့် တစ်သားတည်း ဖြစ်နေသည့် စွမ်းအင်ကို ထုတ်လွှတ်နေသဖြင့် ရှေးခေတ် ဒဿနိကပညာရှင် တစ်ပါး ဖြစ်ကြောင်း သေချာသည်။

“အား”

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ပတ်ဝန်းကျင် အရပ်ရပ်မှ အော်ဟစ်သံများ ထွက်ပေါ်လာပြီး လူတိုင်းသည် မျက်လုံးများကို ဖွင့်ကာ သူတို့၏ မျက်လုံးများကို မယုံနိုင်ကြပေ။

“ဒဿနိကပညာရှင် သူတော်စင် ပေါ်ထွက်လာပြီ။ သူ့ရဲ့ ခေါင်းပေါ်မှာ ချင်မင်းဆက် မတိုင်မီက ဒဿနိကပညာရှင်တွေ ဘယ်လိုလုပ် ပေါ်လာနိုင်တာလဲ”

“မဖြစ်နိုင်ဘူး။ ဝမ် မိသားစုဟာ စစ်သူကြီးတွေနဲ့ ဝန်ကြီးတွေရဲ့ မိသားစု ဖြစ်ပေမဲ့ ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ သမိုင်းဝင် မျိုးနွယ် မဟုတ်ဘူး။ မျိုးနွယ်ခြားဘုရင်က စစ်ရေးဝါဒက သန့်စင်တဲ့ လူတစ်ယောက်ပဲ။ သူ ဘယ်လိုလုပ် ဒဿနိကပညာရှင်တွေရဲ့ အသိအမှတ်ပြုခြင်းကို ရနိုင်တာလဲ”

“တစ်ခုခု မှားယွင်းနေတာ သေချာတယ်။ သူဟာ စစ်ရေးဝါဒက လူတစ်ယောက်၊ လူသတ်မှုတွေ ပြည့်နှက်နေပြီး လက်တွေမှာ သွေးတွေ ပေကျံနေတာ။ ဒဿနိကပညာရှင်တွေက သူ့ကို ဘယ်လိုလုပ် အသိအမှတ်ပြုနိုင်မှာလဲ”

...စာပေပညာရှင်များ၊ မဟာပညာရှိများ၊ မဟာ ကွန်ဖြူးရှပ်ပညာရှင်များအပြင် အကြီးအကဲဆုန်းနှင့် တစ္ဆေဓားအပါအဝင် ကွန်ဖြူးရှပ်ဂိုဏ်းမှ လူအားလုံးသည် အလွန်အမင်း အံ့ဩတုန်လှုပ်သော အမူအရာများကို ပြသခဲ့ကြသည်။ ဝမ်ချောင်တွင် ဖြစ်ပျက်ခဲ့သည့်အရာသည် သာမန်အသိဖြင့် လုံးဝ ရှင်းပြ၍မရတော့ဘဲ ရှေးကျမ်းဂန်များတွင်ပင် ရှာမတွေ့နိုင်ပေ။

ခလွမ်း…

ရုတ်တရက် လီကျွင်းရှန်း၏ခေါင်းပေါ်မှ ဆံပင်စည်းသော သရဖူသည် ကွဲထွက်သွားပြီး ဆံပင်များ လွင့်စင်သွားသည်။ ကွန်ဖြူးရှပ်၏ သရဖူသည် ရုတ်တရက် ကောင်းကင်သို့ ပျံတက်သွားပြီး လူအများ၏ အကြည့်များအောက်တွင် ဝမ်ချောင်ထံသို့ ပျံဝဲသွားကာ ဝမ်ချောင်၏ ခေါင်းပေါ်ရှိ မှေးမှိန်နေသော ကွန်ဖြူးရှပ်ဂိုဏ်းမှ သူတော်စင်နှင့် အချင်းချင်း ထင်ဟပ်နေသည်။

All Chapters