← Chapters

အခန်း (၁၈၂၁-၁၈၂၅)

Vol. 111 Ch. 1821-1825

အခန်း (၁၈၂၁-၁၈၂၅)

Vol. 111 Ch. 1821-1825

အခန်း (၁၈၂၁)

ထိုက်ဟယ်နန်းဆောင်တွင် အရာရှိများ စုဝေးခြင်း

“မှူးမတ်အပေါင်းတို့ နားထောင်ကြ။ အခုကစပြီး အင်အားရှိသမျှ အကုန်လုံးကို စုစည်းပြီး စစ်ကူပို့ကြ။ ပြည်နယ်နဲ့ခရိုင် အသီးသီးကိုလည်း အာရပ်နိုင်ငံနဲ့ စစ်ပွဲအတွက် အင်အား အပြည့်အဝ ထောက်ပံ့ပေးဖို့ အမိန့် ထုတ်ပြန်လိုက်တယ်။”

“ဟုန်လူကျောင်းတော်က အမိန့်တော် မူကြမ်းကို ရေးဆွဲပါ။ အာရပ်သို့ အမိန့်ပို့လိုက်။ အာရပ်က စစ်ပွဲကို လိုလားတယ်ဆိုရင် ငါကိုယ်တော်က စစ်ပွဲ ပေးမယ်။ ဒီတစ်ကြိမ်က မဟာထန်နဲ့ အာရပ်တို့ရဲ့ နိုင်ငံပါ ပျက်စီးသွားနိုင်တဲ့ စစ်ပွဲပဲ။ မဟာထန်နဲ့ အာရပ်တို့မှာ တစ်နိုင်ငံတည်းသာ ဆက်လက် တည်ရှိခွင့်ရမယ်။ ဒီစစ်ပွဲက အနောက်မြောက်ဒေသမှာတင် ရပ်သွားမှာ မဟုတ်ဘူး။ ဒီတစ်ကြိမ်မှာ မဟာထန်ရဲ့ တပ်တွေဟာ ဘဂ္ဂဒက်မြို့ကို သိမ်းပိုက်ပြီး အနောက်ဒေသ တစ်ခုလုံးကို နင်းချေ ဖျက်ဆီးမယ်”

“ဝမ်ချောင်မင်းရဲ့လျှောက်တင်ချက်ကို ငါကိုယ်တော် ခွင့်ပြုတယ်။ အိမ်ရှေ့စံ၏အကြံပေးဆရာ ဝမ်ကျုံးစစ်၊ ထုံလော့စစ်သူကြီး အာပုစစ်၊ စစ်ဘက်ဝန်ကြီး ကျန်းချိုးကျန့်ချုံး ၊ အန်းရှီတပ်မှူးချုပ် ကောင်းရှန်းကျစ် ၊ ပေထင်တပ်မှူးချုပ် အန်းစီရှန်းတို့ကို ခေါ်ယူစေ။ ကြကယ်စုတပ်၊ အနောက်တောင်တပ်၊ ပေထင်ကာကွယ်ရေးတပ်တွေကို ထုတ်နုတ်စေ။ နန်းတော်ရဲ့တပ်ရင်း၇၀,၀၀၀ ကိုပါ ထုတ်နုတ်ပြီး အနောက်မြောက်ကို အားလုံး အမြန် သွားကြ”

“ဒါ့အပြင်၊ ယွီရှန်း ၊ အရှေ့အနောက် တာ့ခ် ၊ မာန်ရှဲ့ကျောက်တို့ဆီကိုပါ အမိန့်ပို့စေ။ မဟာထန်နဲ့အာရပ်စစ်ပွဲမှာ ဘယ်နိုင်ငံမဆို ပါဝင်ပတ်သက်လာရင် မဟာထန်ရဲ့ သေဘေးရန်သူအဖြစ် သတ်မှတ်မယ်။ အာရပ်ကို အောင်နိုင်ပြီးရင် အာရပ်ကို တိုက်ခိုက်သလိုပဲ အဲဒီနိုင်ငံတွေကိုပါ လုံးဝ ခြေမှုန်းပစ်မယ်”

“ဝမ်ချောင်မင်းကို စစ်တပ်ခေါင်းဆောင်တံဆိပ်ချီးမြှင့်အပ်နှင်းပြီး ဒီစစ်ပွဲ အားလုံးကို စီမံခန့်ခွဲရမယ့် ပြည်နယ်ကိုးခု၏ တပ်မှူးချုပ်အဖြစ် ခန့်အပ်လိုက်တယ်”

ကြီးမားသော ထိုက်ဟယ်နန်းဆောင်အတွင်းတွင် သူတော်စင်ဧကရာဇ်မင်း၏ တန်ခိုးအာဏာပါသော အသံသည် မိုးခြိမ်းသံကဲ့သို့ နန်းတော်တစ်ခုလုံး ပဲ့တင်ထပ်လျက်ရှိသည်။

“ကျွန်တော်မျိုး အမိန့်တော်အတိုင်း နာခံပါ့မယ်”

နန်းတော်ထဲတွင် ဝမ်ချောင်သည် ဒူးတစ်ဖက် ထောက်ကာ လေးနက်တည်ကြည်သော အသွင်ဖြင့် အရိုအသေ ပေးလိုက်သည်။

“သူတော်စင်ဧကရာဇ်မင်း အသက်ရှည်ပါစေ၊ အသက်ရှည်ပါစေ၊ အသက်ရှည်ပါစေ”

တစ်ချိန်တည်းမှာပင် နန်းတော်တစ်ခုလုံးတွင် ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။ သူတော်စင်ဧကရာဇ်မင်း၏ အမိန့်ကို မည်သူကမျှ လျစ်လျူရှုခြင်း၊ ကန့်ကွက်ခြင်း မပြုဝံ့ကြပေ။ စစ်ပွဲနှင့် စာပေပညာရှင်တို့ အငြင်းပွားစဉ်အခါက ကွန်ဖြူးရှပ်ဂိုဏ်းကို အခိုင်အမာ ထောက်ခံသူများပင် ဤအချိန်တွင် ခေါင်းငုံ့၍ နာခံခဲ့ကြသည်။

“ဒုန်း”

သူတော်စင်ဧကရာဇ်မင်း၏အမိန့်တော် တစ်စောင်ကြောင့် ပြည်နယ်ကိုးခု လှုပ်ခါသွားသည်။ ရှည်လျားသော ကာလတစ်ခုကြာ တိတ်ဆိတ်နေခဲ့ပြီးနောက် အလယ်ပိုင်းပြည်သည် ကြီးမားသော စစ်ယန္တရားကြီးအဖြစ် တစ်ဖန် ပြန်လည်လည်ပတ်လာခဲ့သည်။

ရေတွက်၍ မရသော စစ်သည်အင်အားများကို လျင်မြန်စွာ စုစည်းခဲ့သည်။ ပြည်နယ်ကိုးခု အရပ်ရပ်တွင်ရှိသော သံမဏိ ပန်းပဲဖို၊ ဓားထုတ်လုပ်သည့် အဆောက်အအုံ၊ ဓားဆိုင်၊ ဓားလုပ်သည့် ဂုဏ်သရေရှိ မိသားစု၊ သတ္တုတွင်းများ အားလုံးမှ မီးခိုးလုံးများ တလိပ်လိပ် ထွက်လာပြီး သံမဏိ ထုလုပ်သံ၊ စစ်လက်နက်များ ပုံသွင်းသည့် ပြင်းထန်သော အသံများသည် မစဲနိုင်အောင် ဖြစ်ပေါ်နေခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စစ်ဘက်ဝန်ကြီးဌာန၏ အမိန့်အရ စစ်လက်နက် ပစ္စည်း အမြောက်အများသည် အနောက်မြောက်ဒေသသို့ အဆက်မပြတ် ပို့ဆောင်နေခဲ့သည်။

ယခင်စစ်ပွဲများတွင် ဝမ်ချောင်သည် ပြည်နယ်ကိုးခု၏ အင်အားကို စုစည်းခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်သည် မတူပေ။ သူတော်စင်ဧကရာဇ်မင်း၏ အမိန့်တော်အောက်တွင် မဟာထန်၏ ပန်းပဲဖို၊ သံရည်ကျိုစက်ရုံ အားလုံးသည် အင်အားအပြည့်အဝ လည်ပတ်နေပြီး လက်သမားများ အားလုံးသည်လည်း နေ့ညမနား အလုပ်လုပ်နေခဲ့ကြသည်။ ၎င်း၏ အတိုင်းအတာသည် ဝမ်ချောင်စုစည်းခဲ့စဉ်ကနှင့် လုံးဝ နှိုင်းယှဉ်၍ မရတော့ချေ။

နန်းတော်ကြီး၏ အတွင်းဘက်၊ မှောင်မိုက်သော မြေအောက်ထောင်ထဲတွင်။

“ကျွီယွမ်”

တံခါးကြီး ဖွင့်လိုက်သောအခါ ထောင်ထဲမှ ထူးခြားသည့် ဟူမျိုးခြား ပုံစံရှိသော အရပ်မြင့်မြင့် ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း လျှောက်ထွက်လာခဲ့သည်။

“နောက်ဆုံးတော့ ထွက်လာခဲ့ရပြီ”

ကောင်းကင်မှ အလင်းရောင် သူ့ကိုယ်ပေါ် ကျရောက်လာသောအခါ သူ့၏ အရိပ်သည် မြေပြင်ပေါ်တွင် ရှည်လျားစွာ ကျနေခဲ့သည်။

“စစ်သူကြီး ပင်ပန်းသွားပါပြီ။ သူတော်စင်ဧကရာဇ်မင်းရဲ့အမိန့်တော်နဲ့ ကျွန်ုပ် လာကြိုတာပါ”

ထိုအချိန်တွင် ရှေ့ဘက်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကောင်းလီရှီသည် မိုးတိမ်ပုံဖော်ပိုးဝတ်စုံ ဝတ်ဆင်ထားပြီး ဘယ်ဘက်လက်က မြင်းမြီးစုတ်ဖွာတံကို ကိုင်ထားကာ ညာဘက်လက်က စစ်သူကြီးဝတ်ရုံကို အထပ်လိုက်ကို ကိုင်ထားသည်။ သူသည် ထွက်ပေါက် လှေကားပေါ်တွင် ရပ်လျက် ပြုံးပြုံးရယ်ရယ် ရှိနေသည်။

“မိန်းမစိုးကောင်း ကျေးဇူးတင်ပါတယ်”

ဤမြင်ကွင်းကို မြင်သောအခါ မြေအောက်ထောင်တံခါးဝမှ အန်းစီရှန်းက ပြုံးပြုံးရယ်ရယ်ဖြင့် ကိုယ်ကိုင်း၍ အရိုအသေ ပေးသည်။ သူ့မျက်နှာတွင် အံ့သြသွားသည့် အရိပ်အယောင် မရှိဘဲ ဤအခြေအနေကို ကြိုတင်သိရှိထားခဲ့ဟန် တူသည်။

နေဝင်ရွာကိစ္စကြောင့် အန်းစီရှန်းကို ပထမမင်းသားက တာဝန်ပေါ့ဆမှုဖြင့် မြေအောက်ထောင်ထဲ ထည့်သွင်းခဲ့သည်။ ဤကိစ္စသည် လူအများကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပြီး လူအများစုက စိတ်ပူပန်ခဲ့ကြသော်လည်း အန်းစီရှန်းကတော့ တည်ငြိမ်အေးဆေးစွာ နေခဲ့သည်။

ထိုက်ကျိနန်းတော်ထဲတွင်ရှိသော သူတော်စင်ဧကရာဇ်မင်း ရှိနေသရွေ့ အားလုံးသည် ခဏတာ ဖြစ်ပျက်သွားမည့် အရာများသာ ဖြစ်သည်ဟု သူသည် အစကတည်းက စိတ်ထဲတွင် သိထားခဲ့သည်။

“စစ်သူကြီး၊ သူတော်စင်ဧကရာဇ်မင်းရဲ့အမိန့်တော်နဲ့ အနောက်မြောက် စစ်ပွဲအတွက် စစ်သူကြီးကို ထပ်ပြီး အကူအညီ တောင်းရဦးမယ်”

“ကျွန်တော်မျိုး အမိန့်တော်ကို နာခံပါ့မယ်”

တောင်ဘက် ဦးတည်ရာ စစ်ဘက်ဝန်ကြီး အိမ်တော်တွင်။

သူ၏ လက်ထဲမှ အမိန့်တော်ကို ဖတ်ရှုပြီးသောအခါ ကျန်းချိုးကျန့်ချုံးသည် သက်ပြင်းချ၍ စကားမပြောနိုင်ဘဲ အတော်ကြာအောင် ငြိမ်သက်နေခဲ့သည်။

“နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာခဲ့ပြီ”

ထိုသို့ ရေရွတ်ပြီးနောက် ကျန်းချိုးကျန့်ချုံး၏ ရင်ထဲတွင် အတွေးများ အမျိုးမျိုး ဖြစ်ပေါ်နေခဲ့သည်။ အနောက်တောင်ဒေသမှ စစ်ဘက်ဝန်ကြီးဌာနသို့ ရောက်ပြီးနောက်ပိုင်းတွင် ကျန်းချိုးကျန့်ချုံးသည် စစ်မြေပြင်၌ တိုက်ပွဲဝင်ခဲ့ခြင်း မရှိတော့ပေ။

ထို့ထက် အရင်က အနောက်တောင်ဒေသတွင်ပင် မဟာထန်၊ မာန်ရှဲ့ကျောက်နှင့် ယွီရှန်းသုံးနိုင်ငံတို့သည် အချင်းချင်း ထိန်းညှိနေကြသောကြောင့် ကျန်းချိုးကျန့်ချုံးသည် ဤကဲ့သို့ စစ်ပွဲကြီးမျိုးကို ကာလရှည်ကြာ မပါဝင်ခဲ့ရပေ။

မျိုးနွယ်ခြားဘုရင်ဝမ်ချောင် ၊ အိမ်ရှေ့စံ၏ အကြံပေးဆရာ ဝမ်ကျုံးစစ် ၊ အင်ပါယာ၏ နံရံ ကောင်းရှန်းကျစ် ၊ ပေထင်တပ်မှူးချုပ် အန်းစီရှန်းနှင့် သူကိုယ်တိုင် အားလုံး အတူတူ ပူးပေါင်း တိုက်ခိုက်ရမည့် ဤ အတိုင်းအတာမျိုးသည် ကျန်းချိုးကျန့်ချုံးအကြိမ်ပေါင်း မရေမတွက်နိုင်အောင် စိတ်ကူးယဉ်ခဲ့ဖူးသော်လည်း တစ်ခါမျှ အကောင်အထည် မပေါ်ခဲ့ဖူးသည့် မြင်ကွင်းတစ်ခု ဖြစ်သည်။

မဟာထန်၏ ပတ်ဝန်းကျင်တွင် ရန်သူများ အလွန်များပြားသည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်တိုင်းတွင် အင်အားကြီးသော ရန်သူများ ရှိနေသောကြောင့် စစ်တပ် ၆၀၀,၀၀၀ ကို နေရာအသီးသီး ခွဲထုတ်ထားရသည်။ သို့သော် ယခုမူ အခြေအနေ အားလုံး ပြောင်းလဲသွားခဲ့ပြီ။

ဤတစ်ကြိမ်တွင် မဟာထန်သည် နိုင်ငံ၏ အင်အား အားလုံးကို အမှန်တကယ် စုစည်းလိုက်ပြီး စစ်သူကြီး အားလုံးကို ခေါ်ယူခဲ့သည်။ ဤမြင်ကွင်းကို စဉ်းစားရုံမျှဖြင့်ပင် သွေးသားများ ဆူပွက်လာစေသည်။

“ချင်း”

လျှပ်စီးလက်သကဲ့သို့ ကျန်းချိုးကျန့်ချုံး၏ လက်ငါးချောင်းသည် တစ်ချက် တင်းကျပ်သွားပြီး သူ၏တစ်သက်တာလုံး စစ်ပွဲများတွင် အတူတိုက်ခိုက်ခဲ့သည့် ဓားရှည်ကို ချက်ချင်း ဆွဲထုတ်လိုက်သည်။

ဓားအိမ်မှ ထွက်လာသည့် အခိုက်အတန့်တွင် အေးစက်သော အလင်းတန်းသည် ကောင်းကင်ယံကို ဖြတ်သွားသည်။ တစ်ချိန်တည်းမှာပင် ကျန်းချိုးကျန့်ချုံး၏ အသံသည် နန်းတော်တစ်ခုလုံးကို ဟိန်းထွက်သွားခဲ့သည်။

“ရှန်းယွီ ကျုံးထုန်းဆီကို အမိန့်ပေးစေ။ အနောက်တောင် စစ်တပ် ကို အင်အားအပြည့်အဝ သုံးပြီး အနောက်မြောက်ကို အမြန် သွားကြ”

မြို့တော်သို့ သွားရာ လမ်းတစ်လျှောက်၊ ကွေ့ကောက်နေသည့် တောင်ပေါ်လမ်းတွင် အတော်အတန် အင်အားကြီးမားသော ပုံရိပ်တစ်ခုသည် ဆီးနှင်းဖြူမြင်းပေါ် စီးနင်းလျက် မြို့တော်ဘက်သို့ အလျင်အမြန် သွားနေသည်ကို မည်သူမျှ သတိမထားမိခဲ့ပေ။ မြင်းခွာသံများက တောင်တန်းများကြားတွင် ပဲ့တင်ထပ်လျက်ရှိသည်။ သူ့နောက်တွင်မူ အဆင့်မြင့် မြင်းစီးသူ ၁၀ ယောက်ကျော် လိုက်ပါလာခဲ့သည်။

ဟီ…..

ရုတ်တရက် တစ်စုံတစ်ခုကို မြင်လိုက်ရသကဲ့သို့ တောင်တန်းကြီးကဲ့သို့ အင်အားကြီးသော ထိုပုံရိပ်သည် မြင်းကို ရုတ်တရက် ထိန်းလိုက်ပြီး ရပ်တန့်လိုက်သည်။

“စစ်သူကြီး ကျွန်တော်တို့ နောက်တစ်ကြိမ် အတူတူ စစ်ပွဲတွေ ဝင်နိုင်တော့မယ်နော်”

တောင်ကုန်းတစ်ခုပေါ်တွင် ဖုန်းချန်ချင်းသည် သာမန် အဝတ်အစား ဝတ်ဆင်ထားပြီး စစ်သူကြီးဝတ်စုံ တစ်ထည်ကို လက်ထဲတွင် ကိုင်ထားကာ တောင်ထိပ်တွင် အရိုအသေဖြင့် ရပ်နေခဲ့သည်။

လမ်းပေါ်တွင် ကောင်းရှန်းကျစ်သည် မြင်းပေါ်တွင် ရပ်နေပြီး ဤမြင်ကွင်းကို မြင်သောအခါ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

မဟာထန်က အာရပ်အင်ပါယာကို စစ်ကြေညာသည့် သတင်းသည် မုန်တိုင်းတစ်ခုသဖွယ် အရပ်လေးမျက်နှာရှိ နိုင်ငံအသီးသီးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် အနောက်မြောက်နှင့် အရှေ့မြောက်မှလွဲ၍ ကျန်သည့် နေရာများတွင်ရှိသော မဟာထန်၏ စစ်တပ် အားလုံးကို ပြန်လည် ခေါ်ယူပြီး အနောက်မြောက်သို့ ပို့ဆောင်ခဲ့သည်။

မျိုးနွယ်ခြားဘုရင်ဝမ်ချောင်၊ ထုံလော့စစ်သူကြီး အာပုစစ်၊ အိမ်ရှေ့စံ၏အကြံပေးဆရာဝမ်ကျုံးစစ် ၊ အင်ပါယာ၏နံရံ ကောင်းရှန်းကျစ်၊ အင်ပါယာ၏ကျား ကျန်းချိုးကျန့်ချုံး ... ဤ နာမည်များ တစ်ခုချင်းစီသည် အရပ်ရှစ်မျက်နှာကို တုန်လှုပ်စေနိုင်သည်။

ဤနာမည်များကို စုစည်းပြီး အနောက်မြောက်တွင် စစ်တပ်ဖွဲ့စည်းသည့်အခါ မည်သည့် အင်အားစုကိုမဆို တုန်လှုပ်ခြောက်ခြားသွားစေနိုင်သည်။

ဤအချိန်တွင် ပတ်ဝန်းကျင်ရှိ နိုင်ငံအသီးသီးသည် မထင်မှတ်ဘဲ တိတ်ဆိတ်မှုကို ရွေးချယ်ခဲ့ကြသည်။ မည်သည့် နိုင်ငံမျှ ဤအခွင့်အရေးကိုယူ၍ မဟာထန်၏ စစ်အင်အားကို တားဆီးရန် မရွေးချယ်ခဲ့ကြပေ။

မျိုးနွယ်ခြားဘုရင်၏ အိမ်တော်တွင် စစ်သူကြီးများ အားလုံး စုရုံးနေခဲ့ကြသည်။

ဝမ်ချောင်သည် သူ၏ လက်ဖြင့် ကြီးမားသော ပိုးချည်စတစ်ခုကို ဆွဲထုတ်လိုက်သောအခါ အောက်ဘက်တွင် ကြီးမားသော သဲမြေပုံတစ်ခု ပေါ်လာခဲ့သည်။

သဲမြေပုံပေါ်တွင် တောင်ကုန်း၊ ချိုင့်ဝှမ်း၊ စစ်တပ်များ တည်နေရာများ ပါဝင်ပြီး အာရပ်တို့၏ စစ်ချီတက်လမ်းကြောင်းနှင့် ကာကွယ်ရေး ဧရိယာများကိုပါ အသေးစိတ် ဖော်ပြထားသည်။ ဤအရာများအားလုံးသည် အနောက်ဘက်ဒေသမှ သူလျှို အမြောက်အများ၏ သတင်းပေးမှုအရ ဖန်တီးထားခြင်း ဖြစ်သည်။

အရှေ့နှင့် အနောက်ကြားတွင် ထန်လူမျိုးနှင့်အာရပ်လူမျိုးတို့၏ ရုပ်ရည်သွင်ပြင် အလွန်ကွာခြားသည်။ ယခုအချိန်တွင် အနောက်ဘက်ဒေသကို သူတို့ မချဉ်းကပ်နိုင်တော့ပေ။ သို့သော်လည်း ဝမ်ချောင်က ယခင်က ဟူလူမျိုးများကို သူလျှိုများအဖြစ် ခေါ်ယူထားခဲ့သောကြောင့် သတင်းများသည် အဆက်မပြတ် ရရှိနေခဲ့သည်။

“စုဟန်ရှင်းဘက်က ဘယ်လို အကြောင်းပြန်လဲ?”

ဝမ်ချောင်သည် ကြီးမားသော သဲမြေပုံကို စိုက်ကြည့်ရင်း ခေါင်းမော့မကြည့်ဘဲ မေးလိုက်သည်။

ယခုအချိန်တွင် အနောက်ဘက်ဒေသသည် စစ်အင်အားများ လစ်ဟာနေပြီ။ ချီရှီနှင့် တြိဂံ ချိုင့်ဝှမ်းတွင် စုဟန်ရှင်း ၏ တပ်များသာ ကျန်တော့သည်။ သို့သော်လည်း ချီရှီသည် ကွန်ဖြူးရှပ်ဂိုဏ်း၏ နှောက်ယှက်မှုများကြောင့် တိုက်ခိုက်နိုင်စွမ်း ယခင်ကထက် အများကြီး လျော့ကျသွားပြီ။

ဝမ်ချောင်က တြိဂံ ချိုင့်ဝှမ်းတွင် စုဟန်ရှင်း နှင့် ထိပ်တန်း တပ်ဖွဲ့ဝင် အမြောက်အများကို ချန်ထားခဲ့သောကြောင့် အာရပ်တို့အတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်နေခဲ့သည်။

“ယွီရှန်းဘက်က သူတို့ဘာသာ နောက်ဆုတ်သွားတယ်။ မိုင် ၁,၀၀၀ ကျော် ပတ်ဝန်းကျင် နယ်ပယ်အတွင်းမှာ သူတို့ရဲ့ စစ်သည် တစ်ယောက်မှ မရှိဘူး။ သိုးထိန်းတွေတောင် မရှိတော့ စုဟန်ရှင်း ဘက်မှ ယာယီ စိတ်ပူစရာ မရှိတော့ဘူး။”

“ဒါပေမဲ့ အခုချိန်မှာ တြိဂံ ချိုင့်ဝှမ်းရဲ့ စစ်အင်အားကလည်း မများလှဘူး။ အဲဒီမှာ တပ်စွဲထားတဲ့ စစ်သည် ၃၀,၀၀၀ ကျော်ပဲ ရှိတယ်။ ဒါပေမဲ့ တာမား ဘုရင့်နိုင်ငံရှိ စခန်းမှာ ၅၀,၀၀၀ ကျော် ရှိသေးတယ်။ စစ်သူကြီး ဗာရမ်ရဲ့ မြင်းစီးတပ်သား ၂၀,၀၀၀ ကိုပါ ပေါင်းလိုက်ရင် စုစုပေါင်း လူ ၁၀၀,၀၀၀ လောက် ရှိတယ်။ ခဏတာတော့ တိုက်ခိုက်နိုင်သေးတယ်”

“ဒါပေမဲ့ အရှင်က ထိုနေရာကို မရောက်သေးတဲ့အတွက် စုဟန်ရှင်းက စစ်ပွဲ ဆက်မတိုက်သေးတာ ဖြစ်တယ်”

ဘေးမှ လီစီယီက ပြောလိုက်သည်။

သူသည် စုဟန်ရှင်း နှင့် အတူတကွ ကာလကြာရှည် တိုက်ပွဲဝင်ခဲ့ဖူးသည်။ မြို့တော်သို့ ရောက်ရှိပြီး မင်းသား သုံးပါး ပုန်ကန်မှုကို နှိမ်နင်းရာတွင် ပါဝင်ခဲ့သော်လည်း သူတို့နှစ်ဦးသည် စာအဆက်အသွယ် ရှိနေဆဲ ဖြစ်သောကြောင့် ထိုနေရာမှ အခြေအနေများကို အသေးစိတ် သိရှိနေခဲ့သည်။

“အာရပ်တွေက အခုအချိန်မှာ အနောက်ဘက်ဒေသမှာ လူအင်အား ဘယ်လောက် ရှိနေပြီလဲ?”

ဝမ်ချောင်က မေးလိုက်သည်။

“အာရပ်တွေ စေလွှတ်လိုက်တဲ့ ရှေ့ပြေးတပ်ဖွဲ့ကတော့ မများလှဘူး။ သူတို့က အန်းရှီကာကွယ်ရေးတပ်ကို တိုက်ခိုက်ချိန်မှာ ၁၂,၀၀၀ လောက်ပဲ ရှိတယ်။ ဒါပေမဲ့ အားလုံးက အလေးချိန်မီတဲ့ သံချပ်ဝတ် မြင်းစီးတပ်တွေချည်းပဲ”

“အနောက်ဘက်ဒေသမှာ ကောင်းရှန်းကျစ်စစ်သူကြီး မရှိတော့ဘူး။ တာဝန်ယူတဲ့ ကွန်ဖြူးရှပ်ဂိုဏ်းက စစ်သူကြီးတွေကလည်း စစ်ပွဲမှာ မကျွမ်းကျင်တော့ အရှုံးတွေ များခဲ့တယ်”

ဘေးမှ ကျန်းချွယ်က ခါးကိုင်း၍ ပြောလိုက်သည်။

သတင်းရကတည်းက သူသည် အနောက်ဘက်ဒေသ၏ အခြေအနေကို စစ်ဆေးနေခဲ့သည်။ မင်းသား သုံးပါး ပုန်ကန်မှုကြောင့် သူလျှိုများနှင့် သတင်းပေးသူများ အားလုံးကို သူ ပြန်ခေါ်ခဲ့ရသော်လည်း ဝမ်ချောင်၏ အမိန့်အရ အနောက်ဘက်ဒေသတွင် လူအများအပြား ချန်ထားခဲ့သည်။

“ကျွန်တော်တို့ရဲ့ သတင်းအရဆိုရင် အာရပ် ရှေ့ပြေးတပ်ဖွဲ့အပြင် ရှီကူရဲ့ ကျန်ရှိသူတွေလည်း ပါဝင်နေသေးတယ်။ အဲဒီ ရှီကူ မင်းသားက ထွက်ပြေးပြီးနောက် ၅၀,၀၀၀ ကျော် စစ်တပ်တစ်ခုကို စုစည်းခဲ့တယ်။ ပြီးတော့ ငွေကြေးနဲ့ မျိုးနွယ်စု အမြောက်အများကို ငှားရမ်းခဲ့ပြီး အာရပ်ရှေ့ပြေးတပ်ဖွဲ့နဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့တာကြောင့် အန်းရှီကာကွယ်ရေးတပ်ဟာ သူတို့နဲ့ တန်ပြန်တိုက်ခိုက်ဖို့ မစွမ်းနိုင်ခဲ့ဘူး”

ကျန်းချွယ်၏ စကားကို ကြားပြီးသောအခါ နန်းတော်ထဲတွင်ရှိသော လူတိုင်းသည် မျက်မှောင်ကြုတ်သွားခဲ့ကြသည်။

ရှီကူသည် ပိုးလမ်းမပေါ်ရှိ နိုင်ငံ ၉ နိုင်ငံထဲမှ တစ်ခုဖြစ်ပြီး ပန်မီယာ ကုန်းပြင်မြင့် တောင်တန်း အနောက်ဘက် အပါအဝင် အနောက်ဘက်ဒေသ တစ်ခုလုံးတွင် အချမ်းသာဆုံး နိုင်ငံ ဖြစ်သည်။

ယခင်က ကောင်းရှန်းကျစ်သည် ရှီကူကို တိုက်ခိုက်၍ ဖျက်ဆီးခဲ့သော်လည်း ထို ရှီကူ မင်းသားကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ယခု သူသည် လက်စားချေရန် ပြန်လာပြီး မဟာထန်ကို ဤကဲ့သို့ ပြဿနာကြီး ဖြစ်စေခဲ့သည်ကို မည်သူမျှ မထင်မှတ်ခဲ့ကြပေ။

“ဒါ့အပြင် အာရပ်တွေရဲ့ ပြင်ဆင်မှုဟာ အတော် ပြည့်စုံတယ်။ သူတို့က တာလာ့စ်ကို ရှောင်ကွင်းပြီး ကျွန်တော်တို့ရဲ့ သူလျှိုတွေ မသိအောင် လာနိုင်ခဲ့တာကို ကြည့်ရင် သူတို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာကို ပြသနေတယ်။”

“အနောက်ဘက်ဒေသပျက်စီးပြီးနောက် အာရပ်ရဲ့ နောက်ဆက်တွဲ စစ်တပ်တွေဟာ လျင်မြန်စွာ လိုက်ပါလာပြီး အတွင်းလူရဲ့ အကူအညီနဲ့ တာလာ့စ်ကို ချက်ချင်း သိမ်းပိုက်ခဲ့တယ်။ ပြီးတော့ အနောက်ဘက်ဒေသကို ဝင်ရောက်လာခဲ့တယ်။ နောက်တစ်နေ့ မနက်လင်းတဲ့အခါ သူတို့ရဲ့ ထိပ်တန်း မြင်းစီးတပ်သား ၁၀၀,၀၀၀ စုစည်းမိသွားပြီ။”

“ဒါ့အပြင် ရှီကူ မင်းသားနဲ့ တခြား မျိုးနွယ်စုတွေရဲ့ စစ်သည် တစ်သိန်းကျော်လည်း ပါဝင်တယ်။ ဒါက စုစစ်သူကြီး ယာယီ စစ်မတိုက်သေးတဲ့ အကြောင်းရင်း ဖြစ်တယ်”

“အာရပ်တို့ရဲ့ ချီတက်မှုက အလွန်မြန်တယ်။ အခုအချိန်အထိ သူတို့ဟာ အာရပ် စစ်တပ် ၂၀၀,၀၀၀ ကနေ ၃၀၀,၀၀၀ ခန့် စုစည်းမိနေလောက်ပြီ။ ပြီးတော့ အနောက်ဘက်ဒေသမှာ မြို့တွေပါ စတင် တည်ဆောက်နေကြပြီ”

“မြို့တည်ဆောက်နေပြီလား?”

လူတိုင်း အံ့အားသင့်သွားကြသည်။ အနောက်ဘက်ဒေသတွင် လက်ရှိ မြို့များ၊ အနောက်တိုင်း ကာကွယ်ရေးတပ်များ ရှိနေသည်မဟုတ်လား။ အာရပ်တွေ မြို့တည်ဆောက်ဖို့ လိုအပ်သေးလို့လား။

******

အခန်း (၁၈၂၂)

“အာရပ်တွေမှာ အစီအစဉ် ပြည့်စုံပုံရတယ်။ သူတို့က အနောက်ဘက်ဒေသကို သိမ်းပိုက်ပြီး မကြာခင်မှာပဲ သူတို့ အစီအစဉ်အတိုင်း အဲဒီမှာ ကြီးမားတဲ့ မြို့တွေ တည်ဆောက်နေတယ်။ ပန်းပဲဆရာ အားလုံးကိုလည်း သူတို့က အာရပ်ကနေ ခေါ်လာခဲ့တာ။ ဒါ့အပြင် အာရပ်တွေရဲ့ နောက်ဆက်တွဲ စစ်အင်အားက အရမ်းများတယ်။ အနောက်ဘက်ဒေသက မြို့တွေကလည်း ရိုးရှင်းလွန်းတော့ သူတို့အတွက် သိပ်အဆင်ပြေမှာ မဟုတ်ဘူး”

ကျန်းချွယ်က ရှင်းပြလိုက်သည်။

ဝမ်ချောင်က အမြဲနားထောင်နေသော်လည်း ယခုအခါတွင်တော့ မျက်မှောင်ကြုတ်မိသွားသည်။

ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်း၊ ပန်းပဲဆရာများ၊ မြို့တည်ဆောက်ခြင်း စသည့် အရာအားလုံးက စနစ်တကျ၊ တစ်ခုပြီးတစ်ခု၊ အလွန် သေသပ် ကျစ်လျစ်နေသည်။

ရန်သူရဲ့ခေါင်းဆောင်ကို မတွေ့ရသေးသော်လည်း ဝမ်ချောင်ဟာ ဒီတစ်ကြိမ်က ပြိုင်ဘက်က အလွန်ခက်ခဲလိမ့်မယ်လို့ ခံစားလိုက်ရသည်။

“စုဟန်ရှင်းကို အမိန့်ပေးလိုက်၊ စစ်တပ်အားလုံးကို တြိဂံချိုင့်ဝှမ်းမှာ စုစည်းပြီး အာရပ်တွေကို ခြိမ်းခြောက်ရုံပဲ လုပ်လိုက်။ ယာယီ တိုက်ခိုက်ဖို့ မလိုသေးဘူး”

ဝမ်ချောင်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

အာရပ်တွေရဲ့ စစ်အင်အားက အချိန်တိုင်း တိုးပွားနေသော်လည်း မဟာထန်က လမ်းခရီး ဝေးလွန်းသောကြောင့် အားနည်းချက်တွေ များနေသည်။

ဒါ့အပြင် စစ်အင်အား သုံးသိန်းဆိုတာ အာရပ်ရဲ့ သန်းချီတဲ့ စစ်တပ်နဲ့ ယှဉ်ရင် အမှုမဲ့အမှတ်မဲ့သာ ဖြစ်ပြီး အလုံးစုံ အနေအထားကို သိပ် မထိခိုက်စေနိုင်ပေ။

တြိဂံ ချိုင့်ဝှမ်းမှာ စစ်အင်အား ထိခိုက်နစ်နာသွားပါက သူ၏ နောက်ဆက်တွဲ အစီအစဉ်များကို ကြီးမားစွာ ထိခိုက်စေနိုင်သည်။

“နောက်ပြီးတော့၊ စစ်သူကြီး ကျန်းရှို့ကျီဘက်က ဘယ်လိုလဲ?”

ဝမ်ချောင်က မေးလိုက်သည်။

“အရှင်ရဲ့ အမိန့်အတိုင်း၊ ပုံဆွဲထားတဲ့ ပုံစံတွေကို စစ်သူကြီးကျန်းဆီ ပို့ထားပြီးပြီ။ အခု ချီရှီနယ်ပယ်မှာ ကာကွယ်ရေး လိုင်းတွေ တည်ဆောက်နေတုန်းပဲ။ ဒါပေမဲ့ အချိန်က တိုတောင်းလွန်းတယ်။ ကြီးကြီးမားမား လုပ်ငန်းစုတွေရဲ့ သံမဏိ အပိုင်းတွေကို သံမဏိမြို့ဆီ သယ်ဖို့ အချိန် နည်းနည်း လိုနေသေးတော့ အခုအချိန်မှာ သံမဏိ ပြတ်လပ်မှု ပြင်းထန်နေတယ်”

ဘေးမှ ရွှီခဲ့ယွီက ပြောလိုက်သည်။

ဒီကိစ္စကို သူက တာဝန်ယူထားတာ ဖြစ်သည်။ လွန်ခဲ့သော အချိန်များစွာကတည်းက ဝမ်ချောင်ဟာ အာရပ်ကို စတင် ကာကွယ်နေခဲ့သည်။ စစ်ပွဲ မရှိသော်လည်း ဝမ်ချောင်ဟာ သံမဏိ အပိုင်းတွေကို အနောက်မြောက်သို့ အဆက်မပြတ် ပို့ဆောင်နေခဲ့သည်။ အပိုင်းအားလုံးကို သစ်သားသေတ္တာများဖြင့် ထုပ်ပိုးပြီး သံမဏိမြို့ထဲကို တိတ်တဆိတ် ပို့ဆောင်ခဲ့သည်။ သို့သော်လည်း ဒီ ပြင်ဆင်မှုတွေဟာ လုံလောက်မှု မရှိသေးပါ။

အာရပ်တွေဟာ အင်အား ကြီးမားစွာနဲ့ ရောက်လာခဲ့ပြီး သူတို့ရဲ့ စစ်အင်အားက ထင်ထားတာထက် အများကြီး ပိုများနေခဲ့သည်။ ဝမ်ချောင်ရဲ့ အစက ပြင်ဆင်မှုဟာ စစ်သည် ၃.၈ သန်းကို ကာကွယ်ဖို့ လုံးဝ မလုံလောက်နိုင်ခဲ့ဘူး။

“အဲဒါတွေကို အများကြီး စဉ်းစားမနေနဲ့တော့။ အရင်ဆုံး သံမဏိမြို့ရဲ့ တြိဂံချိုင့်ဝှမ်းက တံတိုင်းတွေကို ဖြုတ်ပစ်လိုက်။ မြောက်ဘက်က တံတိုင်းကို ယာယီ မဖြုတ်သေးဘဲ ကျန်တဲ့ဘက်က တံတိုင်းတွေ အကုန်လုံးကို ဖြုတ်ပြီး ကာကွယ်ရေး လိုင်းတွေ တည်ဆောက်လိုက်”

ဝမ်ချောင်ဟာ သဲမြေပုံရဲ့ အစွန်းကို လက်ဖြင့် ခပ်ဖွဖွ ခေါက်လိုက်ပြီး ချက်ချင်း ဆုံးဖြတ် ပြောလိုက်သည်။

ဝမ်ချောင်ရဲ့ မဆိုင်းမတွ ပြောလိုက်တဲ့ စကားကို ကြားပြီးတဲ့အခါ လူအများ အံ့အားသင့်သွားပြီး ရုတ်တရက် ခံစားချက်တစ်ခု ဝင်လာခဲ့သည်။

ဝမ်ချောင်က အရင်က တြိဂံ ချိုင့်ဝှမ်းနဲ့ ဝူရှန်းမှာ သံမဏိမြို့တွေ တည်ဆောက်တဲ့ လုပ်ငန်းဟာ အချိန်ကုန်၊ လူပင်ပန်းတဲ့ လုပ်ငန်း ဖြစ်ခဲ့တယ်။ အဲဒီအချိန်က ယွီရှန်းနဲ့ အနောက် တာ့ခ်ကို တိုက်ခိုက်ဖို့လို့ ထင်ရပေမဲ့ အခု ကြည့်လိုက်တော့ ဝမ်ချောင်ဟာ အဲဒီ မြို့တွေကို ဆောက်တုန်းကတည်းက ဒီလို အခြေအနေမျိုးကို ကြိုတင် ကာကွယ်ထားခဲ့တာ ဖြစ်နိုင်တယ်။

တြိဂံ ချိုင့်ဝှမ်းမှာ သံမဏိမြို့နှစ်ခု ရှိတယ်။ သံမဏိမြို့ရဲ့ အပြင်ဘက် တံတိုင်းကို အလွန် ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ထားတာကြောင့် လူတွေ အံ့ဩခဲ့ကြသေးတယ်။ အခုတော့ အဲဒီအကြောင်းရင်းကို လူတိုင်း နားလည် သဘောပေါက်သွားကြပြီ။ ဒီ မြို့နှစ်ခုက သံမဏိ အပိုင်းတွေ ရရင် အားနည်းချက် အနည်းငယ် ရှိနေသေးသော်လည်း ကြီးမားတဲ့ ကာကွယ်ရေး စနစ်ကို စတင် တည်ဆောက်နိုင်ပြီ ဖြစ်သည်။

“ဟုတ်ကဲ့၊ ကျွန်တော်မျိုး အခုပဲ စီစဉ်ပြီး စစ်သူကြီးကျန်းကို အကြောင်းကြားလိုက်ပါ့မယ်။”

ရွှီခဲ့ယွီ က လေးနက်စွာ ပြောလိုက်သည်။

“ဒါ့အပြင်၊ ရွှယ်ချန်ကျွင်းဘက်က သတင်း ဘယ်လိုရှိလဲ?”

ဝမ်ချောင်က ခေါင်းလှည့်ပြီး သူ့နောက်က ကော်ကျစ်ရီကို မေးလိုက်သည်။

အခြားသူများနဲ့ မတူဘဲ ကော်ကျစ်ရီကို ဝမ်ချောင်က အရင်က ပင်လယ်ရပ်ခြားကို စေလွှတ်ခဲ့တာကြောင့် အဲဒီက အခြေအနေတွေကို အသိဆုံး ဖြစ်သည်။

“အရှင်၊ ယင်ကျိုးကျွန်းဆယ်ကျွန်းကို အကုန်လုံး သိမ်းပိုက်ပြီးပြီ။ သိမ်းပိုက်တဲ့ လုပ်ငန်းစဉ်အတွင်းမှာ ဒေသခံ တိုင်းရင်းသားတွေကိုလည်း စုဆောင်းခဲ့တယ်။ အုပ်ချုပ်သူကိုလည်း ပျိုးထောင်ခဲ့ပြီး အဲဒီမှာ ကိုယ်စား အုပ်ချုပ်စေခဲ့တယ်။”

“အာရပ် ဝင်ရောက်လာတဲ့ သတင်းကို ကြားတော့ ရွှယ်ချန်ကျွင်းက သူ့ရဲ့ စစ်အင်အား တစ်သိန်းခွဲ အကုန်လုံးနဲ့ အလယ်ပိုင်းပြည်ကို ပြန်လာခဲ့ပြီ။ ဒါ့အပြင် ဒေသခံ ယင်ကျိုး တိုင်းရင်းသား ထိပ်တန်း စစ်သည် ၈၀,၀၀၀ ပါ ပါလာတယ်။ အဲဒီ တပ်ဖွဲ့က ဝူရှန်းသံမဏိမြင်းတပ်လို မကောင်းသေးပေမဲ့ တိုက်ခိုက်နိုင်စွမ်းကတော့ အရမ်းကောင်းတယ်”

ကော်ကျစ်ရီက ပြောလိုက်သည်။

ယင်ကျိုးက မီယာစမိ အာရာကာမွေးဖွားရာ နေရာ ဖြစ်ပြီး အလယ်ပြည်လောက် မကြီးမားသော်လည်း ထက်မြက်တဲ့ ကိုယ်ခံပညာရှင်တွေ အများကြီး ရှိခဲ့တယ်။ အရင်က သိမ်းပိုက်တဲ့ လုပ်ငန်းစဉ်အတွင်းမှာ ရွှယ်ချန်ကျွင်းရဲ့ တပ်တွေကို ပြဿနာ အများကြီး ပေးခဲ့ဖူးသည်။

ဒါပေမဲ့ ဒီ ယင်ကျိုး စစ်တပ်တွေဟာ တကယ်တော်ပေမဲ့ စစ်ကွက် နည်းဗျူဟာမှာ မကျွမ်းကျင်ကြဘူး။ ရွှယ်ချန်ကျွင်းက ခွဲခြမ်း တိုက်ခိုက်တဲ့ စစ်ကွက် အသုံးပြုပြီး သူတို့ကို လုံးဝ အနိုင်ယူခဲ့တယ်။ ထိရောက်တဲ့ စစ်ကွက်တွေ မဖွဲ့နိုင်ရင် ဒီ ယင်ကျိုး ကိုယ်ခံပညာရှင်တွေ ဘယ်လောက်ပဲ သတ္တိရှိပါစေ ရွှယ်ချန်ကျွင်းရဲ့ သိမ်းပိုက်မှုတွေကို တားဆီးလို့ မရနိုင်ခဲ့ဘူး။

နန်းတော်ထဲမှာ မီယာစမိ အာရာကာက ကော်ကျစ်ရီပြောတာကို ကြားသော်လည်း မျက်နှာ အမူအရာ မပြောင်းဘဲ သူနဲ့ မဆိုင်သလို ငြိမ်သက်နေခဲ့သည်။

ယင်ကျိုးမှာ အလယ်ပြည်လို နိုင်ငံချစ်စိတ် ပြင်းပြင်းထန်ထန် မရှိသေးဘူး။ ပြီးတော့ အဲဒီမှာ တစ်စုတစ်စည်းတည်း မဖြစ်သေးဘဲ ကိုယ်ခံပညာရှင်တွေက သူတို့ရဲ့ ကိုယ်ပိုင် စွမ်းရည်နဲ့ ဂုဏ်သိက္ခာကိုသာ ပို အလေးထားကြသည်။

ဝမ်ချောင်က ဒီအကြောင်းကို ကြားတော့ အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ပင်လယ်ရပ်ခြား သိမ်းပိုက်တဲ့ လုပ်ငန်းစဉ်အတွင်းမှာ ရွှယ်ချန်ကျွင်းဟာ စစ်အင်အားတွေကို အဆက်မပြတ် စုဆောင်းနေခဲ့သည်။ သူ့ရဲ့ စစ်အင်အား တစ်သိန်းခွဲနဲ့ ယင်ကျိုးက ထိပ်တန်း စစ်သည် ရှစ်သောင်းကို ပေါင်းလိုက်ရင် စုစုပေါင်း စစ်အင်အား ၂၂၀,၀၀၀ ဟာ အလွန် ကြီးမားတဲ့ အင်အားစု ဖြစ်လာတယ်။ ဒီ အပို စစ်အင်အားတွေ ထပ်ပေါင်းလိုက်တာကြောင့် မဟာထန်ရဲ့တိုက်ခိုက်နိုင်စွမ်းဟာ အများကြီး ပိုတိုးလာခဲ့တယ်။

“လုံလောက်ပြီ။ အမိန့်ပေးလိုက်၊ စစ်တပ်အားလုံး အမြန်ဆုံး ချီတက်ပြီး ချီရှီကို သွားကြ”

ဝမ်ချောင်ဟာ သဲမြေပုံကို နောက်ဆုံး တစ်ကြိမ် ကြည့်လိုက်ပြီး အမိန့် ပေးလိုက်သည်။

စစ်ပွဲမှာ အမြန်နှုန်းက အရေးကြီးဆုံး ဖြစ်တယ်။ နောက်တစ်နေ့ မိုးမလင်းခင်မှာပဲ ဝမ်ချောင်ဟာ သူ့ရဲ့ စစ်သူကြီးတွေနဲ့ စုစည်းပြီး ချီရှီကို ဦးစွာ စတင် ထွက်ခွာခဲ့သည်။

“မျိုးနွယ်ခြားဘုရင်အရှင် အာရပ်တွေကို အနိုင်ယူပြီး သူတို့ကို အနောက်ဘက်ဒေသကနေ မောင်းထုတ်နိုင်မှာ မဟုတ်လားဟင်?”

ဝမ်ချောင်တို့ မြင်းပေါ် တက်ပြီး ထွက်ခွာတော့မယ့် အချိန်မှာ ကြည်လင်တဲ့ အသံတစ်ခုက ရုတ်တရက် ဝမ်ချောင်နားထဲ ဝင်လာခဲ့သည်။

ဝမ်ချောင်ဟာ လုပ်လက်စ အလုပ်ကို ရပ်လိုက်ပြီး လှည့်ကြည့်လိုက်တဲ့အခါ ဘေးက မြို့ခံအိမ်ကနေ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရတယ်။ အဲဒီ ကောင်လေးက ကိုယ်ခန္ဓာ သေးသွယ်သော်လည်း မျက်လုံးတွေက တောက်ပနေပြီး သူ့လက်ထဲမှာ သစ်သားဓားလေးတစ်လက် ကိုင်ထားတယ်။ သူက ဝမ်ချောင်ကို မျှော်လင့်တကြီးနဲ့ လေးစားတန်ဖိုးထားတဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့တယ်။

“ဟုတ်တယ်”

ဝမ်ချောင်ဟာ ရင်ထဲ နွေးထွေးသွားပြီး အဲဒီကောင်လေးကို ပြုံးပြပြီး ခေါင်းညိတ်ပြလိုက်တယ်။

“သိပ်ကောင်းတာပဲ”

ကောင်လေးဟာ ဝမ်ချောင်အောင်ပွဲရတဲ့ သတင်းကို ကြားလိုက်ရသလို ဝမ်းသာပီတိ ဖြစ်နေခဲ့သည်။

အဲဒီအချိန်မှာပဲ "ဒုန်းဒုန်းဒုန်း" ဆိုတဲ့ အသံတွေနဲ့ အချက်ပြလိုက်သလို လမ်းဘေးနှစ်ဖက်က မြို့ခံအိမ်တွေရဲ့ တံခါးတွေ၊ ပြတင်းပေါက်တွေ ပွင့်လာခဲ့တယ်။ အရင်က လူမရှိတဲ့ လမ်းပေါ်မှာ မြို့တော်က အရပ်သားတွေ အများကြီး ရုတ်တရက် ပြည့်လာခဲ့ပြီး အားလုံးက စိတ်လှုပ်ရှားနေကြတယ်။

“မျိုးနွယ်ခြားဘုရင်ကျွန်တော်တို့ နယ်စပ်ကို ကျူးကျော်တဲ့ အဲဒီ ခွေးသူတောင်းစားတွေကို နာနာလေး တိုက်ပစ်ပေးပါ”

“ဟုတ်တယ်။ သူတို့ကို ထွက်ပြေးလန့်ပြားအောင် တိုက်ပစ်လိုက်၊ အာရပ်တွေကို မဟာထန်ရဲ့ တန်ခိုးကို ပြလိုက်”

မြို့တော်က အရပ်သားတွေဟာ စိတ်ခံစားမှု ပြင်းထန်နေကြတယ်။ ဒီတစ်ကြိမ် အာရပ်ရဲ့ ကျူးကျော်မှုက သူတို့ရဲ့ ဒေါသနဲ့ မာနကို နှိုးဆွပေးလိုက်တာ ထင်ရှားတယ်။

“စိတ်ချပါ။ ငါ အာရပ်တွေကို အနိုင်ယူပြီး သူတို့ကို မောင်းထုတ်ပစ်မှာ သေချာတယ်”

အောက်က မျှော်လင့်ချက်အပြည့်နဲ့ ယုံကြည်မှုရှိတဲ့ မျက်နှာတွေကို မြင်တဲ့အခါ ဝမ်ချောင်ရင်ထဲမှာ နွေးထွေးမှုတွေ ဖြစ်ပေါ်လာပြီး အသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။

တိုက်ပွဲဆိုတာ စစ်သည်တွေရဲ့အလုပ် ဖြစ်တယ်။ သူဟာ မိုးမလင်းခင် ထွက်ခွာဖို့ ရွေးချယ်ခဲ့တာက စစ်ပွဲရဲ့ အငွေ့အသက်တွေ မြို့တော်က အရပ်သားတွေကို မထိခိုက်စေချင်လို့ပါ။ ဒါပေမဲ့ အခုလို ကြိုတင် စီစဉ်ထားဟန်ရှိတဲ့ မြင်ကွင်းကို မြင်လိုက်ရတဲ့အခါ ဝမ်ချောင်ဟာ ဘာကို နားမလည်ဘဲ နေပါ့မလဲ။ ဒီ မြို့တော်က အရပ်သားတွေဟာ တစ်ညလုံး မအိပ်ဘဲ အစောကြီး ဒီနေရာကို ရောက်နေခဲ့တာက သူတို့ အုပ်စုကို အားပေးဖို့ပဲ ဖြစ်တယ်။

ဝမ်ချောင်ရဲ့နောက်ဘက်မှာ ရွှီခဲ့ယွီ၊ကျန်းချွယ်တို့လည်း စိတ်လှုပ်ရှားပြီး ဝမ်းသာနေခဲ့ကြတယ်။ စစ်ရေးဝါဒီနဲ့ကွန်ဖြူးရှပ်ဂိုဏ်းတို့ ငြင်းခုန်မှု စတင်ကတည်းက စစ်ရေး အင်အားစုတွေကို ဖိနှိပ်ခံခဲ့ရတာ ကြာပြီ။ သူတို့ရဲ့ ဂုဏ်သတင်းဟာလည်း အနိမ့်ဆုံးကို ရောက်ခဲ့တယ်။ အခုလို မြို့တော် တစ်ခုလုံး လူအပြည့်အစုံနဲ့ စစ်ရေး အင်အားစုတွေကို တစ်ပြိုင်နက်တည်း အားပေးတဲ့ မြင်ကွင်းမျိုးကို သူတို့ မမြင်ခဲ့ရတာ ကြာပြီ။

“အရှင်၊ ဟိုမှာ သူတို့”

အဲဒီအချိန်မှာ ကျန်းချွယ်ဟာ လူအုပ်ထဲကနေ စာသင်္ကန်း ဝတ်ထားတဲ့ လူတွေကို မြင်တော့ ရုတ်တရက် မျက်နှာ အမူအရာ ပြောင်းသွားပြီး အသံ တိုးတိုးနဲ့ ပြောလိုက်တယ်။

“အင်း”

ဝမ်ချောင်က အနည်းငယ် ခေါင်းညိတ်ပြီး အပြုံးကို ရုပ်သိမ်းလိုက်သည်။

“အဲဒါ လီကျွင်းရှန်းပဲ”

“ဒီနေ့က မျိုးနွယ်ခြားဘုရင်စစ်ထွက်တဲ့နေ့လေ၊ သူတို့တွေက လက်နက်တွေ ကိုင်ပြီး ဘာလုပ်ချင်တာလဲ”

“ကွန်ဖြူးရှပ်ဂိုဏ်းက ရှုံးနိမ့်သွားပြီ မဟုတ်လား။ သူတော်စင်ဧကရာဇ်မင်းတောင် အမိန့်ပေးလိုက်ပြီလေ။ သူတို့က အမိန့်တော်ကို ဖီဆန်ပြီး အတင်းအကျပ် တားဆီးဖို့ ကြိုးစားနေတာလား?”

လူအုပ်ထဲမှာ အရပ်သားတွေ အများကြီးက ကွန်ဖြူးရှပ်ဂိုဏ်းက လူတွေကို မြင်လာခဲ့ပြီး လီကျွင်းရှန်းကို မသင်္ကာတဲ့ အမူအရာနဲ့ စောင့်ကြည့်နေခဲ့ကြတယ်။

လူအုပ်ရဲ့ ပြောဆိုသံတွေကို လီကျွင်းရှန်းက လုံးဝ ဂရုမစိုက်ခဲ့ဘူး။ သူ့ရဲ့ မျက်လုံးတွေက ခိုင်မာနေပြီး ရည်မှန်းချက် တစ်ခုခုကို ပြသနေခဲ့တယ်။

မကြာခင်မှာပဲ ကွန်ဖြူးရှပ်ဂိုဏ်းသားတွေဟာ ဝမ်ချောင်တို့ရဲ့ ရှေ့ကို ရောက်လာခဲ့ကြတယ်။

အခြေအနေက တင်းမာလာတယ်။ ရွှီခဲ့ယွီ၊ ကျန်းချွယ်တို့ဟာ သူတို့ရဲ့ ဓားရိုးပေါ်ကို လက်တင်ထားပြီး လေးနက်တဲ့ မျက်နှာနဲ့ စောင့်ကြည့်နေခဲ့ကြတယ်။

“လီကျွင်းရှန်းမင်းတို့ ကွန်ဖြူးရှပ်ဂိုဏ်းက လုံးဝ ရှုံးနိမ့်သွားပြီ။ ဒီကို ဘာလာလုပ်တာလဲ။ မင်း အရှုံးမပေးသေးဘူးလား?”

ဝမ်ချောင်ဟာ မြင်းဖြူပေါ် စီးနေရင်း လီကျွင်းရှန်းကို ကြည့်ပြီး လေးနက်တဲ့ အသံနဲ့ မေးလိုက်တယ်။

ကွန်ဖြူးရှပ်ဂိုဏ်းက လူအများရှေ့မှာ သူ့ကို ရှုံးနိမ့်ခဲ့ပြီ။ ဒီ မင်းဆက်မှာ ပြန်လည် ထူထောင်ဖို့ လုံးဝ မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ လီကျွင်းရှန်းရဲ့ စိတ်နေသဘောထားက ခိုင်မာတယ်။ မဟာ ငြိမ်းချမ်းရေးရဲ့ ယုံကြည်ချက် ပျက်စီးသွားပြီဆိုတော့ ဒီအချိန်မှာ လီကျွင်းရှန်းက ဘယ်လို ရူးသွပ်တဲ့ အရာမျိုး လုပ်လာမလဲဆိုတာ ဝမ်ချောင်ကိုယ်တိုင်တောင် မသိနိုင်တော့ဘူး။

သို့သော်လည်း နောက်တစ်ခဏမှာ မထင်မှတ်ထားတဲ့ အရာတစ်ခု ဖြစ်ပျက်သွားခဲ့တယ်။

“ဒုန်း”

ဝမ်ချောင်တို့နဲ့ မြို့တော်က အရပ်သားတွေ အားလုံး ကြည့်နေတဲ့ကြားမှာ ကွန်ဖြူးရှပ်ဂိုဏ်းခေါင်းဆောင် လီကျွင်းရှန်းနဲ့ သူ့နောက်က ဂိုဏ်းသားတွေဟာ တစ်ပြိုင်နက်တည်း ဒူးထောက်လိုက်ကြတယ်။

“ကွန်ဖြူးရှပ်ဂိုဏ်းခေါင်းဆောင်နှင့် အပြစ်ရှိသူ လီကျွင်းရှန်းဟာ ကွန်ဖြူးရှပ်ဂိုဏ်းသား ထောင်ချီကို ခေါ်ဆောင်ပြီး အပြစ်ကို ပြန်ဆပ်ဖို့ ဆန္ဒရှိပါတယ်။ မျိုးနွယ်ခြားဘုရင်နဲ့အတူ အနောက်မြောက်ကို လိုက်ပါပြီး ပြင်ပရန်သူကို ကာကွယ်ပါရစေ”

“မျိုးနွယ်ခြားဘုရင်ခွင့်ပြုပါ”

လီကျွင်းရှန်းဟာ သာမန် အဝတ်အစား ဝတ်ဆင်ထားပြီး ဆံပင်တွေ ရှုပ်ပွနေတယ်။ သူဟာ လူတွေရှေ့မှာ ခေါင်းငုံ့ပြီး ဝမ်ချောင်ရှေ့မှာ အားကုန် ဒူးထောက်လိုက်တယ်။

“မျိုးနွယ်ခြားဘုရင်ခွင့်ပြုပါ”

တစ်ချိန်တည်းမှာပဲ နောက်ဘက်မှာ အများအပြားရှိတဲ့ ကွန်ဖြူးရှပ်ဂိုဏ်းသားတွေဟာလည်း မြေပြင်ပေါ်မှာ ဒူးထောက်လိုက်ကြတယ်။ ဒီအချိန်မှာ လီကျွင်းရှန်းနဲ့ ဂိုဏ်းသားတွေဟာ အရင်ကလို မာန်မာန မရှိတော့ဘဲ သာမန်လူတွေလိုပဲ အရိုအသေပေးပြီး အလွန် နှိမ့်ချစွာ ဒူးထောက်နေကြတယ်။

“”

တစ်ခဏချင်းမှာပဲ လူတိုင်း အံ့အားသင့်သွားကြတယ်။ ဝမ်ချောင်တောင် အလွန် အံ့အားသင့်ပြီး ဘာမှမပြောနိုင် ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ လီကျွင်းရှန်းရဲ့နာကျင်မှုနဲ့ နောင်တကြောင့် ပိန်ကျနေတဲ့ မျက်နှာကို ကြည့်လိုက်တဲ့အခါ ဝမ်ချောင်ဟာ တစ်ခုခုကို နားလည်သွားသလို ခံစားရပြီး လေးလေးနက်နက် ခေါင်းညိတ်လိုက်တယ်။

“ထကြပါ”

ဝမ်ချောင်မျက်လုံးတွေမှာ အလင်းရောင်တစ်ခု ဖြတ်ပြေးသွားပြီး ချက်ချင်းပဲ လီကျွင်းရှန်းဆီကို လျှောက်သွားခဲ့တယ်။

လေနဲ့ မိုးကြိုးသံတွေ ထွက်ပေါ်လာတယ်။ ဝမ်ချောင်ရဲ့အမိန့်နဲ့ အရပ်လေးမျက်နှာက စစ်တပ် အမြောက်အများဟာ နေ့ညမနား ချီတက်ပြီး ချီရှီကို ရောက်လာခဲ့တယ်။ လီကျွင်းရှန်းနဲ့ ကွန်ဖြူးရှပ်ဂိုဏ်းသားတွေဟာလည်း ဒီစစ်ပွဲမှာ ပါဝင်လာခဲ့ကြတယ်။ ဒါဟာ သူတို့အတွက် မဟာထန်နဲ့ ကမ္ဘာလောကကို သူတို့ရဲ့ အပြစ်တွေကို ပြန်ဆပ်ဖို့ တစ်ခုတည်းသော အခွင့်အရေး ဖြစ်တယ်။

******

အခန်း (၁၈၂၃) အနောက်မြောက်သို့ ပြန်လည် ရောက်ရှိခြင်း

ကွန်ဖြူးရှပ်ဂိုဏ်းအကြောင်းကို ခဏထားပြီး ယခုအချိန်တွင် ဝမ်ချောင်ဟာ အရင်က မိသားစုကြီးများနဲ့ ပူးပေါင်းပြီး ဖောက်လုပ်ထားတဲ့ ဘိလပ်မြေလမ်းများက အဓိက အခန်းကဏ္ဍမှ နေရာယူလာခဲ့ပြီ။

လမ်းမများဟာ မဟာထန်အင်ပါယာရဲ့ စီးဆင်းနေတဲ့ သွေးကြောတွေလိုပါပဲ။ မြို့တော် ၊ ပြည်တွင်းနဲ့ ဒေသအသီးသီးက စစ်တပ်၊ စစ်လက်နက်နဲ့ ရိက္ခာတွေကို ကျယ်ပြန့်တဲ့ ဘိလပ်မြေလမ်းအတိုင်း အနောက်မြောက်ဘက်ဆီကို အချိန်တိုင်း အဆက်မပြတ် ပို့ဆောင်ပေးနေခဲ့တယ်။

မြင်းရထားဘီးတွေ လည်သံက မစဲတော့ဘူး။ အချိန်ကုန်သက်သာစေပြီး ခြေလျင်တပ်သားအများအပြားကို အနောက်မြောက်သို့ အလျင်အမြန် သယ်ယူနိုင်ဖို့ ဝမ်ချောင်ရဲ့ အစက စိတ်ကူးဟာ အမှန်တကယ် အကောင်အထည် ပေါ်လာခဲ့တယ်။

မြို့တော်ကနေ ချီရှီအထိ တိုက်မြင်း အများအပြားနဲ့ ခေါင်းမိုးမပါတဲ့လှည်း တွေဟာ စစ်သည်တွေကို သယ်ယူပို့ဆောင်နေပြီး လှည်းတွေနဲ့ စစ်သည်တွေဟာ အဆက်မပြတ် သွားလာနေကြတယ်။ စစ်ပွဲရဲ့ အငွေ့အသက်များ လွှမ်းခြုံနေခဲ့တယ်။

ယခုအချိန်တွင် အနောက်မြောက်ဘက်မှာ လေပြင်းတွေ တိုက်ခတ်နေသည်။ ယွီရှန်း ကုန်းပြင်မြင့်ရဲ့ တြိဂံ ချိုင့်ဝှမ်းမှာ စစ်မြင်းထောင်ပေါင်းများစွာ ရပ်တန့်နေပြီး မြောက်ဘက် မြေပြင်တစ်ခုလုံးကို စူးစိုက် ကြည့်နေခဲ့ကြသည်။

အရှေ့မြောက်ဘက်မှာ မီးခိုးလုံးတွေ တလိပ်လိပ် ထွက်လာပြီး မီးတောက်တွေ တဟုန်းဟုန်း တောက်နေတာကို တွေ့ရသည်။ လက်သမား ထောင်ပေါင်းများစွာဟာ နေ့ညမနား အလုပ်လုပ်နေကြပြီး သူတို့ရှေ့မှာ သံမဏိ တံတိုင်းတွေဟာ အတန်းလိုက်၊ အတန်းလိုက်၊ ရှည်လျားတဲ့ ကာကွယ်ရေး လိုင်းကို ဖွဲ့စည်းပြီး နောက်က မဟာထန်အင်ပါယာကို ကာကွယ်ပေးနေသည်။

ဤသည်မှာ ခိုင်ခံ့သော ကာကွယ်ရေး လိုင်းဖြစ်သည်။ မိုင်ပေါင်း ရာချီ ရှည်လျားသော ကန့်သတ်နံရံသည် အလွန်ခမ်းနားထည်ဝါပြီး တင့်တယ်လှပနေသည်။

ထိုငွေရောင် သံမဏိတံတိုင်းများတစ်လျှောက် အနောက်မြောက်သို့ ဆက်သွားပါက အလွန်ဝေးကွာသော အခြားနေရာတစ်ခုတွင် စစ်မြင်းများ ဟီသံသည် ကျယ်လောင်သော ဆူညံသံနှင့်အတူ အဝေးမှ ထွက်ပေါ်လာသည်။

အစွန်အဖျားကို ကြည့်လိုက်သောအခါ အာရပ်ပုံစံရှိသော ဧရာမခုံးခံတပ်တစ်ခု မြေပြင်ပေါ်မှ ထိုးထွက်နေသည်ကို တွေ့ရသည်။

ခံတပ်၏ ထိပ်မှာ ကြီးမားသော လခြမ်းပုံ အနက်ရောင် အလံတစ်ခု လေတွင် လွှင့်ထူနေပြီး ကြီးမားသော ဖိအားကို ပေးနေသည်။

အနီးကပ် ကြည့်လိုက်သောအခါ ထိုခံတပ်ရှေ့တွင် အာရပ် သံမြင်းတပ် ထောင်ပေါင်းများစွာဟာ အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားပြီး ရှည်လျားသောစစ်ကြောင်းကို ဖွဲ့စည်းကာ အချိန်မရွေး တိုက်ခိုက်ရန် အသင့် ရှိနေသည်။

အာရပ်တွေ အနောက်ဘက်ဒေသကို ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ပြီး အန်းရှီကာကွယ်ရေးတပ်ကို ချေမှုန်းခဲ့တာ အချိန် အတော်ကြာခဲ့ပြီ။ နောက်က လိုက်လာတဲ့ အာရပ် စစ်တပ်တွေလည်း ပိုများလာပြီး အချိန်တိုင်း တိုက်မြင်း ဟီသံ ပြင်းပြင်းကို ကြားနေခဲ့ရသည်။

စစ်ပွဲ မစသေးသော်လည်း ဒေသတစ်ခုလုံး တင်းမာမှု အပြည့်အဝရှိနေပြီး အာရပ်တွေ ဘယ်အချိန် စတိုက်မယ်၊ နောက်ထပ် စစ်ပွဲ ဘယ်အချိန် စဖြစ်မယ် ဆိုတာ ဘယ်သူမှ မသိနိုင်ကြဘူး။

“အရှင်ရဲ့ အမိန့်ကို ရပြီလား”

တြိဂံ ချိုင့်ဝှမ်းမှာ စုဟန်ရှင်းဟာ စစ်မြင်းထောင်ပေါင်းများစွာရဲ့ ရှေ့ဆုံးမှာ မြင်းကြိုးကို ဆုပ်ကိုင်ထားပြီး ရုတ်တရက် ပြောလိုက်သည်။

“အရှင် အမိန့်ပို့လိုက်ပြီ။ ကျွန်တော်တို့ကို ယာယီ မလှုပ်ရှားသေးဘဲ သူ လာစီစဉ်ပေးတဲ့အထိ စောင့်နေဖို့ ပြောလိုက်တယ်။”

လေစီးကြောင်း စီးဆင်းသွားပြီး လူငယ် တစ်ယောက်က နောက်ဘက်ကနေ လျင်မြန်စွာ လျှောက်လာခဲ့သည်။

“ဒါပေမဲ့ အရှင်က ပြောတယ်။ မျက်နှာချင်းဆိုင် တိုက်ခိုက်တာကလွဲပြီး ကျန်တာတွေဆိုရင် သခင့်သဘောပါတဲ့။ နောက်ပြီးတော့ ရှီကူ မင်းသားနဲ့ အာရပ်ဆီ လက်နက်ချသွားတဲ့ တခြားအနောက်ဘက်ဒေသ နိုင်ငံတွေကိုတော့ အကန့်အသတ်မရှိဘူး”

နောက်ဆုံး စကားကို ကြားလိုက်တဲ့အခါ စုဟန်ရှင်းဟာ တစ်ခုခုကို နားလည်သွားသလို နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“ကုန်းကျစ်အန်အရှင်ရဲ့ အမိန့်ကို မင်း ကြားလိုက်တယ်မလား?”

“ကျွန်တော်မျိုး နားလည်ပါတယ်”

သူ့နောက်က ကုန်းကျစ်အန်ဟာ မြင်းကို နှစ်လှမ်း သုံးလှမ်း ခုန်ဆွဲလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။

မျက်နှာချင်းဆိုင် တိုက်ခိုက်လို့ မရပေမဲ့ နှောင့်ယှက် တိုက်ခိုက်ခြင်းကတော့ တားမြစ်ထားခြင်း မရှိဘူး။ အာရပ်တွေက တိုက်ခိုက်နိုင်စွမ်း ရှိသော်လည်း ရှီကူက လူတွေကတော့ ဒီလို မဟုတ်နိုင်ဘူး။

ဒီအခွင့်အရေးကိုယူပြီး နေ့ဘက် ပုန်းအောင်းကာ ညဘက် ထွက်တိုက်ခြင်းဖြင့် အာရပ်တွေကို တားဆီးနိုင်ပြီး အနောက်ဘက်ဒေသက တခြား နိုင်ငံတွေကိုလည်း ခြိမ်းခြောက် နိုင်တယ်။ ဒီလို လုပ်ခြင်းဖြင့် မဟာထန်အတွက် အခြေအနေ ကောင်းအောင် ဖန်တီးနိုင်တယ်။ ဖြစ်နိုင်မယ်ဆိုရင် အာရပ်တွေကို တြိဂံ ချိုင့်ဝှမ်းဆီ ဆွဲဆောင်နိုင်မယ်ဆို ပိုကောင်းတာပေါ့။

တြိဂံ ချိုင့်ဝှမ်းကို သူတို့က အစိပ်ဆုံးဖြစ်အောင် စီမံထားပြီးပြီ။ အာရပ်တွေ ဘယ်လောက်ပဲ အင်အား များများ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။

စုဟန်ရှင်းဟာ အစွန်အဖျားက ကြီးမားတဲ့ ခုံးပုံသဏ္ဌာန်ခံတပ်ကို နောက်ဆုံး တစ်ကြိမ် စိုက်ကြည့်ပြီး မြင်းခေါင်းကို လှည့်ကာ လူအားလုံးကို ခေါ်ယူပြီး အဲဒီကနေ ထွက်ခွာခဲ့တယ်။ သူ့မှာ ပိုပြီး အရေးကြီးတဲ့ အလုပ်တွေ ရှိနေသေးသည်။

ခဏကြာပြီးနောက် ကောင်းကင် မြေပြင် တုန်ဟီးသွားတဲ့ အသံကြီးနဲ့အတူ ချီရှီ စစ်လက်နက်တိုက်၊ အနောက်မြောက်ဒေသရဲ့ တစ်ခုတည်းသော၊ အကြီးဆုံးသော စစ်လက်နက်တိုက်ရဲ့ တံခါးကြီးဟာ ကျယ်လောင်စွာ ပွင့်သွားခဲ့သည်။

စစ်သည် အများအပြားရဲ့ ကာကွယ်မှုအောက်မှာ မြင်းဆွဲ လေး၊ ဓား၊ လှံ၊ သံချပ်ကာ စတဲ့ စစ်လက်နက် အမြောက်အများကို စစ်လက်နက်တိုက်ထဲကနေ သယ်ထုတ်လာခဲ့သည်။

ဒီ တော်ဝင် စစ်လက်နက်တိုက်ကို သူတော်စင်ဧကရာဇ်မင်းသာ ဖွင့်နိုင်ခဲ့သည်။

အရင် တာလာ့စ် စစ်ပွဲတုန်းက ဝမ်ချောင်ဟာ စစ်လက်နက် တစ်စိတ်တစ်ပိုင်းကိုသာ သယ်ထုတ်ဖို့ ရဲရဲတင်းတင်း လုပ်နိုင်ခဲ့ပေမဲ့ ဒီတစ်ကြိမ်တော့ မတူတော့ဘူး။ အတွင်းထဲမှာ သိုလှောင်ထားတဲ့ မြင်းဆွဲ လေးများအားလုံးကိုပါ သယ်ထုတ်ပြီး တြိဂံ ချိုင့်ဝှမ်းနဲ့ နောက်က သံမဏိမြို့ဆီကို ပို့ဆောင်ခဲ့သည်။

ဝမ်ချောင်ဟာ စာရင်းစစ်ဆေးခဲ့ရာ ဒီ စစ်လက်နက်တိုက်ထဲမှာ မြင်းဆွဲလေးအနည်းဆုံး တစ်သိန်းရှိတယ်လို့ တွေ့ရှိရသည်။ ဒါတွေဟာ သူတော်စင်ဧကရာဇ်မင်းရဲ့ အနှစ် သုံးဆယ်ကျော်စုဆောင်းထားတဲ့ ရလဒ်ဖြစ်ပြီး ဒီတစ်ကြိမ် စစ်ပွဲမှာ အားလုံးကို အသုံးပြုခဲ့သည်။

အချိန်ကြာသွားတဲ့အတွက် မြင်းဆွဲ လေး အချို့ ပျက်စီးနေပြီး အချို့က ပြန်လည် ပြင်ဆင်ဖို့ ပို့ထားတဲ့ လေးတွေ ဖြစ်ပေမဲ့ အဲဒါတွေ မပါဝင်ဘဲ ပုံမှန် အသုံးပြုနိုင်တဲ့ မြင်းဆွဲ လေးက ခုနစ်သောင်း ကျော် ရှိနေခဲ့တယ်။

ဒါဟာ အလွန် အရေးပါတဲ့၊ အင်မတန် ကြီးမားတဲ့ အင်အား ဖြစ်သည်။

အချိန်တွေ လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဆယ်ရက်ကျော် ကြာသွားခဲ့သည်။ အနောက်မြောက်ဒေသ တစ်ခုလုံးမှာ အာရပ် စစ်တပ် တစ်သန်းကျော် စုစည်းနေပြီ ဖြစ်ပြီး နောက်ဆက်တွဲ စစ်တပ်တွေဟာလည်း အဆက်မပြတ် ရောက်ရှိနေဆဲ ဖြစ်သည်။

အာရပ် အုပ်ချုပ်သူများ၊ ဒုအုပ်ချုပ်သူများဟာ မြို့တွေထဲကို ဝင်ရောက်လာကြပြီး စစ်အင်အား ပြင်းထန်တဲ့ အငွေ့အသက်တွေဟာ တောင်တန်းနဲ့ ပင်လယ်လိုပဲ ကောင်းကင်ကို ထိုးတက်နေခဲ့သည်။

သို့သော်လည်း ဒီအချိန်ထိ အာရပ်ဘက်က တိုက်ခိုက်မယ့် အရိပ်အယောင် မပြသေးချေ။

ယခုကဲ့သို့ ဖြစ်နေပေမဲ့ အနောက်မြောက်ဒေသ တစ်ခုလုံးမှာ စစ်ပွဲရဲ့ အငွေ့အသက်က ပိုပြီး ပြင်းထန်လာခဲ့သည်။

ယွီရှန်း အင်ပါယာ ၊ တာ့ခ် ခါနိတ်၊ အနောက် တာ့ခ် ခါနိတ်၊ ဝေးလံတဲ့ ဂိုဂူလျောနဲ့ မာန်ရှဲ့ကျောက်စတဲ့ အင်ပါယာ အားလုံးဟာ အနောက်မြောက်မှာ မကြာခင် စတင်တော့မယ့် မဟာထန်နဲ့ အာရပ်ရဲ့ စစ်ပွဲကြီးကို အာရုံစိုက် စောင့်ကြည့်နေခဲ့ကြသည်။

ယာယီစစ်ပွဲ မဖြစ်ပွားသေးသော်လည်း အနောက်မြောက် ကောင်းကင်မှာ စာပို့ငှက်ဘယ်နှစ်ကောင် ပျံသန်းနေလဲ၊ ဘယ်သူမှ မသိနိုင်ပေ။ အဲဒီ ငှက်တွေက သတင်းအချက်အလက် အမျိုးမျိုးကို အရပ်လေးမျက်နှာဆီ သယ်ဆောင်သွားခဲ့ကြသည်။

တစ်ချိန်တည်းမှာပဲ အရှေ့တောင်ဘက်၊ အာရပ်တွေနဲ့ မဝေးတဲ့ နေရာမှာ တိုက်မြင်း ဟီသံတွေ ထွက်ပေါ်နေပြီး မီးခိုးလုံးတွေ တလိပ်လိပ် ထွက်နေတယ်။ နေ့တိုင်း စစ်တပ် အများအပြားဟာ အရပ်လေးမျက်နှာကနေ ရောက်ရှိလာနေခဲ့သည်။

ချီရှီ ကာကွယ်ရေးတပ်ရဲ့ စစ်အင်အား အားလုံးဟာ သံမဏိမြို့ကို ရွှေ့ပြောင်းသွားခဲ့ပြီး မဟာထန်မြို့တော်နဲ့ ပြည်တွင်းက စစ်အင်အားတွေဟာလည်း ဒီနေရာကို အဆက်မပြတ် ရောက်ရှိနေခဲ့သည်။

တစ်ဖက်မှာ အာရပ် အင်ပါယာက ထိပ်တန်း မြင်းစီးတပ်သားတစ်သန်းကျော်ကို အနောက်ဘက်ဒေသမှာ တပ်စွဲထားချိန်မှာ သံမဏိမြို့မှာလည်း စစ်အင်အား နှစ်သိန်းကျော် စုစည်းနေပြီ ဖြစ်သည်။ ဒါ့အပြင် တြိဂံ ချိုင့်ဝှမ်းမှာရှိတဲ့ စစ်သည်ခုနစ်သောင်းကျော်ကိုပါ ပေါင်းလိုက်ရင် စုစုပေါင်း သုံးသိန်းနီးပါး ရှိနေပြီ ဖြစ်ပြီး နောက်က စစ်တပ်တွေဟာလည်း အဆက်မပြတ် ရောက်လာနေဆဲ ဖြစ်သည်။

စစ်ရေးဝါဒီနဲ့ကွန်ဖြူးရှပ်ဂိုဏ်းတို့ ငြင်းခုန်မှုမှာ ဖျက်သိမ်းခဲ့တဲ့ စစ်တပ်တွေ အားလုံးကို ပြန်လည် စုစည်းပြီး သူတော်စင်ဧကရာဇ်မင်းရဲ့ အမိန့်အရ ဒီနေရာကို ပို့ဆောင်ခဲ့သည်။ ဒါ့အပြင် မဟာထန်ရဲ့ ဘွဲ့ရ စစ်သူကြီးရာချီဟာလည်း ဒီနေရာကို စုဝေးရောက်ရှိနေခဲ့ကြပြီး ဝမ်ချောင်ရဲ့ ဖခင် ဝမ်ယန်လည်း ပါဝင်သည်။

ဒီ စစ်အင်အားဟာ မဟာထန်ရဲ့ သမိုင်းမှာ မကြုံဖူးတဲ့ အင်အား ဖြစ်သည်။

ဟူး…

လေစီးကြောင်း စီးဆင်းသွားပြီး လေတွေ တဝှီးဝှီး တိုက်ခတ်နေသည်။ ဆယ်ရက်ကြာပြီးနောက် ဝမ်ချောင်ဟာ မြင်းဖြူကို စီးပြီး စစ်တပ်ကို ဦးဆောင်ကာ သံမဏိမြို့ကို ရောက်ရှိလာတဲ့အခါ အနောက်မြောက်ဒေသ တစ်ခုလုံး ကြီးမားစွာ ဂယက်ရိုက်ခတ်ခဲ့သည်။

“မျိုးနွယ်ခြားဘုရင် ”

“မျိုးနွယ်ခြားဘုရင် ”

“မျိုးနွယ်ခြားဘုရင် ”

ရင်းနှီးတဲ့ ပုံရိပ်ကို မြင်လိုက်တဲ့အခါ သံမဏိမြို့တစ်ခုလုံး ပျော်ရွှင်စွာ အော်ဟစ် လိုက်ကြပြီး အသံတွေက ကောင်းကင်ကို ဖုံးလွှမ်းသွားခဲ့တယ်။ ဒီရက်တွေအတွင်းက စိတ်ဖိစီးမှု တွေဟာ ချက်ချင်း ပျောက်ကွယ်သွားပြီး စစ်တပ် အားလုံး စိတ်အား တက်ကြွ သွားခဲ့ကြသည်။

ဝမ်ချောင်ဟာ မြင်းပေါ်မှာ ရပ်နေပြီး ရှေ့က အင်အားကြီးမားတဲ့ စစ်သည်များနဲ့ ခမ်းနားတဲ့ သံမဏိ ကာကွယ်ရေး လိုင်းတွေကို ကြည့်ပြီး စိတ်ခံစားမှု အမျိုးမျိုး ဖြစ်ပေါ်နေခဲ့သည်။

ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ အမိန့်နဲ့ စစ်အာဏာကို စွန့်လွှတ်ပြီး မြို့တော်ကို ပြန်လာခဲ့တာ ခြောက်လကျော်ကြာခဲ့ပြီ။ ဒါဟာ ဝမ်ချောင်ပထမဆုံးအကြိမ် အနောက်မြောက်ကို ပြန်လာခြင်း ဖြစ်သည်။

လေထဲက ရင်းနှီးတဲ့ အငွေ့အသက်ကို ခံစားရတဲ့အခါ ဝမ်ချောင်ရဲ့ ရင်ထဲမှာ လှိုင်းဂယက်များ ဖြစ်ပေါ်လာခဲ့သည်။

“အရှင်ကို ဂါရဝပြုပါတယ်”

ဝမ်ချောင်ကို မြင်တဲ့အခါ စုဟန်ရှင်း၊ ကုန်းကျစ်အန် ၊ သာမန် အဝတ်အစား ဝတ်ထားတဲ့ ကျန်းရှိုကျင်းနဲ့ အမိန့်နဲ့ ရောက်လာကြတဲ့ သံချပ်ကာ ဝတ်ဆင်ထားတဲ့ဘွဲ့ရ စစ်သူကြီးအများအပြားဟာ ရှေ့ကို တိုးလာပြီး ဂါရဝပြုခဲ့ကြသည်။

မင်းသား သုံးပါး ပုန်ကန်မှုနဲ့ အခြားအဖြစ်အပျက်တွေ ဖြစ်ပြီးနောက် ဝမ်ချောင်ရဲ့ အင်ပါယာ တစ်ခုလုံးမှာရှိတဲ့ ဂုဏ်သတင်းဟာ နေလိုပဲ တောက်လောင်နေခဲ့တယ်။ အရင်က ဝမ်ချောင်ကို တစ်ခါမှ မမြင်ဖူးတဲ့ စစ်သူကြီး တွေတောင် ဒီ လူငယ် ခေါင်းဆောင်ကို စိတ်ထဲမှာ လေးစားမှု အပြည့် ရှိနေခဲ့ကြတယ်။

“ပင်ပန်းကြပြီ”

ဝမ်ချောင်ဟာ စကား အများကြီး မပြောဘဲ မြင်းဖြူကို ချက်ချင်း မောင်းနှင်ပြီး လီစီယီ ၊ ကော်ကျစ်ရီ၊ ချင်းယန် သခင်လေးစတဲ့ သူရဲ့ လက်အောက်ခံ စစ်သူကြီး အများအပြားကို ခေါ်ဆောင်ကာ လူအုပ်ကြားကနေ ဖြတ်သန်းသွားခဲ့သည်။

“အနောက်မြောက်က အခြေအနေ ဘယ်လိုရှိလဲ?”

“အရှင်၊ အာရပ်တွေရဲ့ ခေါင်းဆောင်ချုပ် ကုထိုက်ပိုင်ဟာ နောက်ထပ် ဆယ်ရက်လောက်ဆို အနောက်ဘက်ဒေသကို ရောက်တော့မယ်။ ဒါ့အပြင် မမ်လုခ်တပ်ဖွဲ့တွေကတော့ အနောက်ဘက်ဒေသကို အရင် ရောက်နှင့်နေပြီ။ ကျွန်တော်တို့ ရတဲ့ သတင်းအရ ဒါတွေက မမ်လုခ်ရဲ့ အရန်တပ်ဖွဲ့ဝင်တွေ ဖြစ်ပုံရတယ်။ တိုက်ခိုက်နိုင်စွမ်း နည်းပေမဲ့ အရေအတွက်ကတော့ အများကြီးပဲ။ သုံးသောင်းလောက် ရှိပြီး တရားဝင် မမ်လုခ် မြင်းစီးတပ်သား ငါးထောင်လည်း ပါဝင်တယ်”

စကားပြောတာက တခြားသူ မဟုတ်ဘဲ တာလာ့စ်မြို့ရဲ့ အရင်မြို့စား ယန်ဟုန်ချန်ဖြစ်သည်။

အာရပ်တွေဟာ အရမ်း ကောက်ကျစ်တယ်။ အတွင်းလူတွေနဲ့ ပူးပေါင်းပြီး တာလာ့စ်ကို ရုတ်တရက် တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တယ်။ ယန်ဟုန်ချန်ဟာ လျှို့ဝှက် လမ်းကြောင်းကနေမှ လွတ်မြောက်ခဲ့ရတယ်။

သို့သော်လည်း ဒီလို ဖြစ်နေပေမဲ့ ယန်ဟုန်ချန်ဟာ တာလာ့စ်မှာ နှစ်ပေါင်းများစွာ စီမံခန့်ခွဲခဲ့တာကြောင့် အကျိုး သက်ရောက်မှု ကြီးမားခဲ့တယ်။ သူက သံမဏိမြို့ကို ပြန်ရောက်နေပြီ ဖြစ်ပေမဲ့ ယန်ဟုန်ချန်အရင်က ထားခဲ့တဲ့ သူလျှိုတွေဟာ ပုံမှန်အတိုင်း အလုပ်လုပ်နေပြီး သတင်းအချက်အလက်တွေကို စုဆောင်းနေခဲ့ကြတယ်။

ဒီစကားကို ကြားတဲ့အခါ ဝမ်ချောင်ဟာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

မမ်လုခ် မြင်းစီးတပ်၊ အရင်က ကမ္ဘာဟောင်းရဲ့ ပထမဆုံး မြင်းစီးတပ် ဖြစ်တယ်။ အရင် စစ်ပွဲတုန်းက ဝူရှန်းသံမဏိမြင်းတပ်က အနိုင်ယူခဲ့ပေမဲ့ သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းကို မေးခွန်းထုတ်စရာ မရှိဘူး။

အရင် စစ်ပွဲမှာ မမ်လုခ်ဟာ ကြီးကြီးမားမား ထိခိုက်နစ်နာခဲ့ရတယ်။ ဒါပေမဲ့ ဝူရှန်းသံမဏိမြင်းတပ်လိုပဲ မမ်လုခ် မြင်းစီးတပ်မှာလည်း စစ်သည်အင်အား အသစ်ဖြည့်တင်းစွမ်း ရှိနေတယ်။

“ဒီတစ်ကြိမ်မှာ မမ်လုခ် မြင်းစီးတပ်ကို အမြစ်ပါ မကျန်အောင် တူးဆွပစ်သင့်တယ်။ စစ်အင်အား အားလုံးကို ထုတ်သုံးခဲ့တာ ဖြစ်နိုင်တယ်။ သူတို့ကို အနိုင်ယူနိုင်ရင် မမ်လုခ်ဟာ နောက်တစ်ကြိမ် ပြန်လည် ထူထောင်နိုင်မှာ မဟုတ်တော့ဘူး”

ဝမ်ချောင်ရဲ့ စိတ်ထဲမှာ အတွေးတစ်ခု ဖြတ်ပြေးသွားပြီး စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

“အာရပ်တွေရဲ့ စခန်းထဲမှာ အခု ဘယ်သူက ခေါင်းဆောင်လဲ?”

ဝမ်ချောင်က မေးလိုက်သည်။

“သူကတော့ အဗူမူစလင်ပဲ။ သူက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရောက်လာခဲ့တာ။ ဒါ့အပြင် တခြား အာရပ် အုပ်ချုပ်သူတွေ၊ ဒုအုပ်ချုပ်သူတွေလည်း ပါဝင်တယ်။ ကျွန်တော်တို့က တိုက်ခိုက်ဖို့ အသင့် ပြင်ထားခဲ့ပေမဲ့ မမျှော်လင့်ဘဲ အာရပ်တွေက စစ်အင်အား အသာစီး ရနေပေမဲ့ အဗူမူစလင် ရောက်လာပြီး ပထမဆုံး လုပ်တာက တပ်တွေကို ဆုတ်ခွာပြီး ကာကွယ်ရေးတွေကို သိသိသာသာ တိုးမြှင့်ကာ ခံတပ်တွေကို ဆောက်ပြီး အဲဒီနေရာကို ရေမဝင်နိုင်အောင် စီမံခဲ့တာပဲ”

ယန်ဟုန်ချန်က ပြောလိုက်သည်။

ဒီစကားကို ကြားတဲ့အခါ ဝမ်ချောင်ဟာ မျက်မှောင်ကြုတ်သွားပြီး အတော်လေး အံ့အားသင့်သွားခဲ့သည်။

******

အခန်း (၁၈၂၄) စစ်သူကြီးများ စုဝေးခြင်း (အပိုင်း ၁)

ဒီတစ်ကြိမ် သံမဏိမြို့ကို ရောက်တဲ့အခါ သူဟာ ရန်သူ့စစ်အင်အား အကုန်လုံး မရောက်သေးခင်မှာပဲ တိုတောင်းပြီး ပြင်းထန်တဲ့ စစ်ပွဲတစ်ခုကို ဦးဆောင် တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့တယ်။ ဒါပေမဲ့ အဗူမူစလင်က ဒီလို သတိကြီးနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။

တာလာ့စ်မှာ ရှုံးနိမ့်ပြီးတဲ့နောက် အဗူမူစလင်ဟာ ရှက်ရွံ့မှုကို ဖျက်ဖို့အတွက် စိန်ခေါ် တိုက်ခိုက်ဖို့ ဆန္ဒ ပြင်းပြနေလိမ့်မယ်လို့ ယူဆရပေမဲ့ ရလဒ်ကတော့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့တယ်။

“ငါ့ကို လိုက်ပြ”

ဝမ်ချောင်က ပြောလိုက်ပြီး မြင်းကို ချက်ချင်း မောင်းကာ သံမဏိမြို့ရဲ့ မြောက်ဘက် မြင့်မားတဲ့ တံတိုင်းပေါ်ကို တက်လိုက်တယ်။ အဝေးကို ကြည့်လိုက်တဲ့အခါ အစွန်အဖျားမှာ အနက်ရောင် လခြမ်းအလံ လွှင့်ထူနေပြီး အာရပ်တွေရဲ့ ကြီးမားတဲ့ မြို့ကြီးဟာ ကောင်းကင်အထိ မြင့်မားစွာ ပေါ်ထွက်နေခဲ့တယ်။

အခြား တစ်ဖက်မှာတော့ ဝမ်ချောင်ဟာ သံမဏိမြို့ရဲ့ မြောက်ဘက် တံတိုင်းပေါ် ရောက်ရှိပြီး မြောက်ဘက်ကို စူးစိုက် ကြည့်နေချိန်မှာ ဆွေယဲ့ မြို့ရဲ့ အရှေ့ဘက် မိုင် ၆၀၀လောက် အကွာမှာ ကြီးမားတဲ့ မြို့သစ်တစ်ခု ရပ်တည်နေသည်။

အလယ်မှာ မီတာ ၃,၀၀၀ ကျော်အချင်းရှိပြီး မီတာ ရာချီ မြင့်တဲ့ အာရပ် ခုံးပုံသဏ္ဌာန် မြို့ တစ်ခု ရှိသည်။ အပြင်ဘက်မှာတော့ မြို့တံတိုင်းတွေဟာ အလွှာလိုက် အလွှာလိုက် ဝိုင်းရံနေပြီး တံတိုင်းတွေကြားမှာ သတိဝီရိယရှိတဲ့ မျက်လုံးတွေ၊ စစ်အင်အား အရှိန်အဝါတွေ အပြည့်နဲ့ အာရပ် မြင်းစီးတပ်တွေဟာ အချိန်မရွေး တိုက်ခိုက်ဖို့ အသင့် ရှိနေသည်။

တံတိုင်းတွေ ပတ်ပတ်လည်မှာ အာရပ် လက်သမား ထောင်ပေါင်းများစွာဟာ ရှုပ်ထွေးစွာ အလုပ်များနေကြပြီး ရှိပြီးသား တံတိုင်းတွေကို ခိုင်ခံ့အောင် လုပ်နေသလို အပြင်ဘက်ကိုပါ ဆက်လက် ချဲ့ထွင် တည်ဆောက်နေကြသည်။ အနက်ရောင် အာရပ်အလံ များဟာ မြို့တံတိုင်း အသီးသီးမှာ ပိတ်စ ဖတ်များလို စိုက်ထူထားပြီး တင်းကျပ်သော ကာကွယ်ရေး အသွင်ကို ဖော်ပြနေခဲ့သည်။

ယခုအချိန်တွင် ခုံးပုံသဏ္ဌာန် မြို့ရဲ့ထိပ်မှာ ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခု ရပ်တည်နေပြီး သူ့ရဲ့ စစ်အင်အားက တောင်တန်းနဲ့ပင်လယ်လိုပဲ ဖြစ်နေသည်။ သူဟာ တစ်ကိုယ်လုံး သံချပ်ကာ ဝတ်ဆင်ထားပြီး ထက်မြက်တဲ့ စစ်တိုက် ဝိညာဉ်တွေနဲ့ စစ်နတ်ဆိုး တစ်ပါးလို ထင်ရသည်။

“သူ လာပြီ...”

အဗူမူစလင်ဟာ အရှေ့တောင်ဘက်ကို အဝေးကနေ ကြည့်နေပြီး သူ့ရဲ့ မျက်ခုံးကြားမှာ အရိပ်မည်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။

သူ့ရဲ့ ရှုထောင့်ကနေ ကြည့်လိုက်တဲ့အခါ အရှေ့တောင်ဘက်၊ သံမဏိမြို့ရဲ့ နေရာမှာ ခုနက ပြင်းထန်တဲ့၊ ဖြူစင်တဲ့ စွမ်းအားတစ်ခုဟာ မုန်တိုင်းလို ရုတ်တရက် ပေါ်လာခဲ့သည်။ ကြီးမားတဲ့ စစ်အင်အားက ကောင်းကင်ကို ထိုးတက်နေပြီး အဗူမူစလင်လို အင်အားကြီးမားတဲ့ သူတွေရဲ့ မျက်လုံးထဲမှာ နေနဲ့လလိုပဲ တောက်ပနေပြီး မကြည့်ဝံ့စရာ ဖြစ်နေခဲ့သည်။

အဲဒီ လူငယ် ထန်လူမျိုးကို သတိရတဲ့အခါ အဗူမူစလင်ရဲ့ စိတ်ထဲမှာ သတ်လိုစိတ်နဲ့ မုန်းတီးမှုတွေ ပြင်းပြင်းထန်ထန် ပေါ်လာခဲ့သည်။

အဗူမူစလင်ဟာ ရှေ့ကို တိုးပြီး တိုက်ခိုက်ဖို့ ဆန္ဒရှိပေမဲ့ မရဲတင်းခဲ့ဘူး။ သူ့လက်ထဲမှာ ထိပ်တန်း စစ်သည် တစ်သန်းရှိနေပြီး စစ်အင်အား အသာစီးကို ရနေသော်လည်း၊ မဟာ သူတော်စင် ကုထိုက်ပိုင်က စစ်တပ် အားလုံးရဲ့ ခေါင်းဆောင်မှု အာဏာကို သူ့ကို ပေးထားပြီး အမိန့် တစ်ချက်နဲ့ သံမဏိမြို့ကို ဖျက်ဆီးနိုင်လောက်သော်လည်း အဗူမူစလင်ကတော့ မရဲဝံ့ခဲ့ဘူး။

သတ်လိုစိတ်နဲ့ မုန်းတီးမှုက ပြင်းထန်ပေမဲ့ ပိုပြီး ပြင်းထန်တာကတော့ နက်ရှိုင်းတဲ့ စိုးရိမ်ထိတ်လန့်မှုတစ်မျိုးပဲ ဖြစ်သည်။

သူဟာ နတ်ဆိုးလို လူငယ်တစ်ယောက်က မဟာထန် စစ်တပ်ကို ဦးဆောင်ပြီး ရှေ့ကို တိုးတဲ့အခါ သေမင်းလို အာရပ် စစ်တပ်တွေကို ရိတ်သိမ်းနေတဲ့ မြင်ကွင်းကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ စစ်တပ် အမြောက်အများ၊ ထိပ်တန်း စစ်သူကြီး အများအပြားဟာ ဘယ်လောက်ပဲ အင်အားကြီးပါစေ အဲဒီ လူငယ်ရဲ့ ရှေ့မှာ ပေါင်းပင်လို အားပျော့နေပြီး လဲကျသွားခဲ့ရသည်။

အဗူမူစလင်ဟာ သူ့ကို အနိုင်ယူနိုင်မယ်လို့ လုံးဝ ယုံကြည်မှု မရှိခဲ့ဘူး

“မဟာ သူတော်စင် ဘယ်တော့လောက် ရောက်မလဲ?”

လေသံ တဝှီးဝှီး တိုက်ခတ်နေချိန်မှာ အဗူမူစလင်က ရုတ်တရက် မေးလိုက်သည်။

“အရှင်၊ ဆယ်ရက်လောက် လိုသေးတယ်။”

သူ့နောက်က အာရပ် စစ်သူကြီးတစ်ဦးက ခါးကိုင်းပြီး ပြောလိုက်သည်။

ကုထိုက်ပိုင်ရဲ့ စစ်ချီတက်နှုန်းက သိပ် မမြန်ဘူး။ သူဟာ သတ်မှတ်ထားတဲ့ အရှိန်အတိုင်း နေ့တိုင်း ရှေ့ဆက်နေခဲ့တာ၊ မမြန်လွန်းဘူး၊ မနှေးလွန်းဘူး။ သို့သော်လည်း ဒီလို ဖြစ်နေပေမဲ့ အာရပ် အင်ပါယာရဲ့ အရှေ့ဘက်ကို ချီတက်နေတဲ့ အရှိန်အဝါကတော့ ကြောက်စရာ ကောင်းနေခဲ့တယ်။ တခြား ဘာမှ မဟုတ်ရင်တောင် ရှေ့က တစ်သန်းကျော် စစ်တပ်နဲ့ မဆင်မခြင် မတိုက်ခိုက်ဘဲ ကာကွယ်မယ်ဆိုရင်တော့ လုံခြုံမှု အပြည့်အဝရှိနေတယ်။

“အင်း”

အဗူမူစလင်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

“ငါ့ အမိန့်ကို ပေးလိုက်။ မဟာ သူတော်စင်မရောက်ခင်မှာ မြို့ရဲ့ ကာကွယ်ရေးတွေကို ထပ်ပြီး ခိုင်ခံ့အောင် လုပ်လိုက်။ ဆယ်ရက်အတွင်းမှာ ကာကွယ်ရေး စနစ် အားလုံးကို အခုထက် နှစ်ဆ တိုးဖို့ လိုတယ်။ ကာကွယ်ရေး စနစ် အားလုံးမှာ သံမဏိကို သုံးရမယ်။ မပြီးရင် စစ်တပ်နဲ့ လိုက်ပါလာတဲ့ လက်သမား အားလုံးကို သူတို့ရဲ့မိသားစုနဲ့ သားသမီးတွေ အပါအဝင် ချက်ချင်း ခေါင်းဖြတ် သတ်ပစ်မယ်”

အဗူမူစလင်ပြောတဲ့အခါ သူ့ရဲ့ စကားလုံးတွေမှာ ကြမ်းတမ်းတဲ့ သဘောထား ပေါ်လွင်နေခဲ့သည်။ ဒီ အရှေ့ဘက်ကို စစ်ချီမှုဟာ သမိုင်းမှာ မကြုံဖူးတဲ့ ကိစ္စ ဖြစ်ပြီး အာရပ် တစ်ခုလုံးရဲ့ နိုင်ငံကံကြမ္မာကို ဒီစစ်ပွဲပေါ်မှာ လောင်းကြေး ထပ်ထားတာ ဖြစ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရှုံးလို့ မဖြစ်ဘူး၊ အနိုင်ပဲ ရရမယ်။ ဒီ အကြောင်းကြောင့်ပဲ စစ်တပ်နဲ့ လိုက်ပါလာတဲ့ လက်သမားတွေ အားလုံးက သူတို့ရဲ့ မိသားစုနဲ့ သားသမီးတွေပါ ခေါ်လာပြီး စစ်ချီခဲ့ရတာ ဖြစ်သည်။

တာဝန် မပြီးရင် အားလုံး ခေါင်းဖြတ် သတ်ပစ်တာဟာ အာရပ်ရဲ့ အမြဲတမ်း ထုံးတမ်းစဉ်လာ ဖြစ်သည်။ ဒါဟာ သွေးအေးပြီး ရက်စက်သော်လည်း အလွန် ထိရောက်သည်။

“ဟုတ်ကဲ့”

သူ့နောက်က အာရပ် စစ်သူကြီးအချို့က လေးလေးနက်နက် အမိန့်နာခံပြီး ချက်ချင်း ထွက်ခွာသွားခဲ့သည်။

အဗူမူစလင်ရဲ့အမိန့်နဲ့ အာရပ်စစ်စခန်း တစ်ခုလုံး ပိုပြီးအလုပ်များလာခဲ့သည်။ လက်သမား အားလုံးဟာ နေ့ညမနား၊ အရူးအမူး ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်နေကြပြီး အာရပ် စစ်တပ် အများအပြားကိုပါ ခံတပ် ဆောက်လုပ်ရေးမှာ ပါဝင်ဖို့ ခေါ်ယူခဲ့သည်။

သံထည် ထုသံတွေနဲ့ ဆောက်လုပ်ရေး အသံတွေဟာ မစဲတော့ဘူး။ မီးခိုးလုံးတွေ တလိပ်လိပ် ကောင်းကင်ကို ထိုးတက်နေပြီး အာရပ် အင်ပါယာရဲ့ ကြီးမားတဲ့ သံရည်ကျိုနိုင်စွမ်းကိုပါ ဒီစစ်ပွဲမှာ ပြသနေခဲ့သည်။ မဟာထန်လောက် အတိုင်းအတာ မကြီးမားသော်လည်း အများကြီး မကွာခြားနိုင်ပေ။

ဒါဟာ အဗူမူစလင်အရင် စစ်ပွဲမှာ ရှုံးနိမ့်ပြီးနောက် ဝမ်ချောင်ကို အတုယူပြီး ခါလီဖ်နဲ့ မဟာ သူတော်စင်ကို အပြင်းအထန် တင်သွင်းခဲ့တဲ့ ရလဒ်လည်း ဖြစ်သည်။

အချိန်က ဖြည်းဖြည်းချင်း ကုန်လွန်သွားခဲ့တယ်။ အနောက်ဘက်ဒေသမှာရှိတဲ့ စစ်အင်အားဟာ နေ့တိုင်း တိုးပွားလာခဲ့တယ်။ ငါးရက်ကြာပြီးတဲ့နောက် အာရပ်တွေရဲ့ စစ်အင်အားဟာ တစ်သန်းခွဲအထိ တိုးလာခဲ့ပြီး နောက်ထပ် ရိက္ခာ စစ်သည် သိန်းချီမပါသေးဘူး။

မုန်တိုင်း မကျခင် လေပြင်း ကျနေသလို တစ်သန်းကျော် စစ်တပ်စုစည်းမှုက ပတ်ဝန်းကျင်က နိုင်ငံ အားလုံးကို သမိုင်းတွင် မကြုံဖူးတဲ့ ရိုက်ခတ်မှုနဲ့ ဖိအားကို ပေးနေခဲ့သည်။

တစ်ချိန်တည်းမှာပဲ အရှေ့တောင်ဘက်၊ သံမဏိမြို့မှာ။

“ချန်း”

ပေါင် ၇၀၊ ၈၀ လောက်ရှိတဲ့ ကြီးမားတဲ့ သံတူတစ်ချောင်းက သံမဏိ အပိုင်းရဲ့ အောက်ခြေက သံမဏိခြေထောက်ပေါ်ကို အားပါးတရ ရိုက်ချလိုက်ပြီး သံမဏိ အပိုင်း တစ်ခုလုံးကို မြေကြီးထဲက ကျောက်တုံးထဲကို ခိုင်ခံ့စွာ ရိုက်သွင်းလိုက်သည်။

“သံရည် လောင်းတဲ့ အဖွဲ့”

အပေါ်ပိုင်း ခန္ဓာကိုယ် လုံးဝဗလာ၊ ကြွက်သား အဖုအထစ် ရှိတဲ့ သန်မာသူ တစ်ယောက်က သံမဏိ အပိုင်းကို ရိုက်သွင်းပြီးတဲ့နောက် ချွေးတွေ တစိုစိုနဲ့ ဘေးဖက်ကို နှစ်လှမ်း သုံးလှမ်း ဆုတ်လိုက်ပြီး နောက်က လက်သမားခုနစ်ယောက်၊ ရှစ်ယောက်ကို လက်ယပ် ခေါ်လိုက်သည်။

ပူလောင်တဲ့ အသံနဲ့အတူ မီးခိုးရောင် သံရည်ဟာ သံလမ်းကြောင်း အတိုင်း လျှောကျလာပြီး အဲဒီ ပုံစံခွက်တွေရဲ့ အပေါက်တွေနဲ့ မြေအောက်က ကျင်းတွေထဲကို လောင်းထည့်လိုက်သည်။

မီးခိုးလုံးတွေ တလိပ်လိပ် ကောင်းကင်ကို ထိုးတက်နေတယ်။ မြေအောက်ကို ထိုးသွင်းလိုက်တဲ့ ဒီ သံရည်တွေဟာ မကြာခင် မာကျောသွားပြီး လေးလံတဲ့ သံမဏိ တံတိုင်းတစ်ခုလုံးကို မြေပြင်နဲ့ တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းလိုက်တယ်။ ဒီလို ခိုင်ခံ့အောင် လုပ်လိုက်တဲ့နောက် အာရပ် မြင်းစီးတပ်တွေ အရှိန်အပြည့်နဲ့ ထိုးဝင် လာရင်တောင် ဒီလို သံမဏိ တံတိုင်းမျိုးကို ထိုးဖောက်ဖို့ မလွယ်တော့ဘူး။

“မြန်မြန်၊ အရှိန်မြှင့်”

“သတ္တု အရည်ကျိုတဲ့ အဖွဲ့ ဘယ်မှာလဲ။ သံတုံးတွေ အကုန် အရည်ကျိုပြီးပြီလား?”

“ပစ္စည်း တပ်ဆင်တဲ့ အဖွဲ့ အရှိန်မြှင့်ကြ။ ဒီလူအင်အားက နည်းနေသေးတယ်။ စစ်တပ်ထဲက လူတွေကို ခေါ်ထုတ်၊ ကျွမ်းကျင်တဲ့ လက်သမားတွေရဲ့ ညွှန်ကြားချက်နဲ့ နောက်ထပ် အဖွဲ့ တစ်ထောင်လောက် ထပ်ဖွဲ့”

“တိုင်းတာတဲ့ အဖွဲ့ အရှိန်မြှင့်ကြ။ ပုံစံအတိုင်း နောက်ဘက်က သံမဏိ တံတိုင်းရဲ့ နေရာကို အမြန် မှတ်သားကြ။ အချိန်က တန်ဖိုးရှိတယ်ဆိုတာ မှတ်ထားကြ။ ငါတို့က အခု တံတိုင်း ဆောက်နေတာ မဟုတ်ဘူး၊ စစ်လက်နက် လုပ်နေတာ မဟုတ်ဘူး။ ငါတို့က မဟာထန်တစ်ခုလုံးရဲ့ ကာကွယ်ရေး လိုင်းကို ဆောက်နေကြတာ”

“မြန်မြန်၊ ပိုပြီး မြန်မြန်...”

အနောက်တောင်ဘက်က သံမဏိမြို့မှာ မီးခိုးလုံးတွေ တလိပ်လိပ် ထွက်နေပြီး မီးတွေ တောက်လောင်နေတယ်။ လူတိုင်း ချွေးတွေ ရွှဲနစ် နေပြီး ထုရိုက်သံတွေဟာ မစဲတော့ဘဲ အလုပ်အများဆုံး အခြေအနေကို ဖော်ပြနေခဲ့သည်။

မဟာထန်နဲ့ အာရပ် ၊ ဒီ အင်ပါယာ နှစ်ခုရဲ့ အထူးချွန်ဆုံး လက်သမားတွေဟာ ဒီ ကျဉ်းမြောင်းတဲ့ နယ်ပယ်မှာ သူတို့ရဲ့ အရည်အချင်းကို တစ်ပြိုင်နက်တည်း ပြသနေကြသည်။ ဒါဟာ လက်သမားသမိုင်းမှာ ရှားပါးတဲ့ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်တယ်။ နိုင်သူ၊ ရှုံးသူ မရှိ၊ ဒိုင်လူကြီး မရှိဘူး။ တစ်ကယ်လို့ ရှုံးနိမ့်ရင် ဒါမှမဟုတ် အားနည်းချက် ရှိခဲ့ရင် လူပေါင်း သိန်းချီ၊ သန်းချီ သေကြေ ပျက်စီးဖို့သာ ရှိသည်။

ဘယ်ဘက်က လက်မှုပညာ ပိုကောင်းတယ်လို့ ပြောဖို့ ခက်ပေမဲ့ အာရပ်နဲ့ ယှဉ်ရင် မဟာထန်ဘက်မှာ လက်သမား အဖွဲ့တွေ အများကြီး ခွဲထားတယ်။ လူတစ်ယောက်ရဲ့ လက်နဲ့ ခြေထောက်လိုပဲ လူတိုင်းဟာ မတူညီတဲ့ တာဝန်တွေ ရှိပေမဲ့ ပူးပေါင်း လုပ်ဆောင်နေကြတယ်။

တူညီတဲ့ အလုပ် ဖြစ်သော်လည်း မဟာထန်ဘက်က တူညီတဲ့ အချိန်အတွင်းမှာ ပစ္စည်း ပိုများအောင် တည်ဆောက်နိုင်ခဲ့သည်။

ဒါဟာ ဝမ်ချောင်ဟာ သူ၏ အခြားကမ္ဘာမှ သိပ္ပံနည်းကျ အလုပ်ခွဲဝေမှုပုံစံကို ကာကွယ်ရေး လိုင်း တည်ဆောက်ရေးမှာ မိတ်ဆက်ခဲ့တဲ့ ရလဒ်ပဲ ဖြစ်သည်။

ဝမ်ချောင်ဟာ ရှေ့တန်းမှာ စစ်တပ်ကို ဦးဆောင်ပြီး ကာကွယ်ရေး လိုင်းတွေ တည်ဆောက်နေချိန်မှာ နောက်ဘက်က အင်ပါယာ ပြည်တွင်းတစ်ခုလုံးကလည်း အလုပ်များနေခဲ့သည်။ စစ်လက်နက် ရိက္ခာ အမြောက်အများကို ဘိလပ်မြေလမ်းတွေအတိုင်း နေ့ညမနား ပို့ဆောင်နေခဲ့သည်။

တစ်ချိန်တည်းမှာပဲ စစ်တပ်ရဲ့ နောက်ဘက်မှာ စစ်သည် ထောင်ပေါင်းများစွာ ပါဝင်တဲ့ စစ်တပ်တစ်ခုဟာ ရှည်လျားတဲ့ စစ်ကြောင်းဖွဲ့ပြီး ဒီနေရာကို ချီတက်လာခဲ့သည်။

“နောက်ဆုံးတော့ ရောက်တော့မယ်”

စစ်တပ်ရဲ့ ရှေ့ဆုံးမှာ ကောင်းရှန်းကျစ်ဟာ ကိုယ်တစ်ခုလုံး သံချပ်ကာဝတ်ဆင်ထားပြီး ရှေ့က မီးရောင် ထိန်ထိန်လင်းနေတဲ့ သံမဏိမြို့ကို ကြည့်ရင်း သူ့စိတ်ထဲမှာ တီးတိုး ပြောလိုက်သည်။

ကော်ရှုဟန်သေဆုံးပြီး၊ ဖူမုန်လင်ချာက စစ်ပွဲ အောင်မြင်မှုအတုတွေ တင်ပြခဲ့ပြီး မင်းသား သုံးပါး ပုန်ကန်မှုမှာ ပါဝင်ခဲ့တာကြောင့် အခုချိန်ထိ ထောင်ထဲမှာ ရှိနေသေးတယ်။ အန်းရှီကာကွယ်ရေးတပ်ဟာလည်း ကွန်ဖြူးရှပ်ဂိုဏ်းကြောင့် အာရပ်တွေရဲ့ ရုတ်တရက် တိုက်ခိုက်ခြင်းကို ခံရပြီး လုံးဝပျက်စီး သွားခဲ့တယ်။ ဒါ့ကြောင့် သူတော်စင်ဧကရာဇ်မင်းက လုံရှီ စစ်တပ် ထောင်ပေါင်းများစွာကို ကောင်းရှန်းကျစ်လက်ထဲကို ပေးအပ်ခဲ့သည်။

“ဝမ်ချောင်ငါတို့ ထပ်ပြီး ပခုံးချင်းယှဉ် တိုက်ခိုက်ကြရတော့မယ် ထင်တယ်”

လေတွေ တိုက်ခတ်နေပြီး ဒေသတစ်ခုလုံး စစ်ပွဲရဲ့တိမ်တိုက်တွေနဲ့ ပြည့်နေပြီး အသက်ရှူ မဝအောင် ဖိစီးမှုတွေရှိနေခဲ့သည်။ ကောင်းရှန်းကျစ်မျက်လုံးထဲမှာ အေးစက်တဲ့ အလင်းရောင် ဖြတ်ပြေးသွားပြီး ဖုန်းချန်ချင်း ၊ ချန်ချန်လီ၊ ရှီယွမ်ချင်းစတဲ့ တိုက်ပွဲပေါင်း ရာချီဝင်ထားတဲ့ လက်အောက်ခံ စစ်သူကြီးအဖွဲ့ကို ဦးဆောင်ကာ သံမဏိမြို့ထဲကို လျင်မြန်စွာ ဝင်ရောက်ခဲ့သည်။

အဲဒီနေ့က ကောင်းရှန်းကျစ်ဟာ ရာထူး အတက်ပြသော်လည်း အာဏာ အကျဖြစ်ပြီး ပထမ မင်းသား က သူ့ကို ပြည်တွင်းကို ပြောင်းရွှေ့စေခဲ့တယ်။ ချန်ချန်လီ၊ ရှီယွမ်ချင်း တို့လည်း အတူတူ ပြောင်းရွှေ့ခဲ့ရတာကြောင့် အာရပ်တွေရဲ့ ရုတ်တရက် တိုက်ခိုက်ခြင်းကနေ ကံကောင်းထောက်မစွာ လွတ်မြောက်သွားခဲ့သည်။ ဒါဟာ ကံဆိုးခြင်းထဲက ကံကောင်းခြင်းပဲ ဖြစ်သည်။

အချိန်တွေ လျင်မြန်စွာ ကုန်ဆုံးသွားပြီး အနောက်မြောက် သံမဏိမြို့မှာ စစ်တပ်တွေ ပိုပြီး များလာခဲ့တယ်။ ကောင်းရှန်းကျစ်နောက်မှာ ဒုတိယ စစ်သူကြီး ဖြစ်တဲ့ ထုံလော့ စစ်သူကြီး အာပုစစ်ရောက်လာခဲ့သည်။

တိုက်မြင်း ဟီသံ ရှည်ရှည်တွေ ထွက်လာပြီး သံမဏိ သံချပ်ကာ ဝတ်ထားတဲ့ ထုံလော့ မြင်းစီးတပ် တစ်သောင်းဟာ လျင်မြန်စွာရောက်ရှိလာခဲ့သည်။ စစ်အင်အား တစ်သောင်းပဲ ရှိသော်လည်း ကြီးမားတဲ့ အရှိန်အဝါက စစ်အင်အား တစ်သိန်းထက် ပိုပြီးအံ့မခန်း ဖြစ်နေခဲ့သည်။

သုံးရက်ကြာပြီးနောက် တတိယ စစ်သူကြီးလည်း သံမဏိမြို့ကို ရောက်လာခဲ့သည်။ ကျန်းချိုးကျန့်ချုံးဟာ နယ်စပ်က ရာထူးကို စွန့်လွှတ်ခဲ့တာ ကြာပြီ ဖြစ်သော်လည်း ဒီတစ်ကြိမ်မှာတော့ မြင်းကို ပြန်လည် စီးနင်းခဲ့သည်။ သူဟာ အနောက်တောင်ဒေသက လက်အောက်ခံဟောင်း ဒါဇင်ပေါင်းများစွာနဲ့ ရှန်းယွီ ကျုံးထုန်း၊ အနောက်တောင် ကာကွယ်ရေးတပ် ထောင်ပေါင်းများစွာကို ဦးဆောင်ပြီး သံမဏိမြို့ကို လျင်မြန်စွာ ဝင်ရောက်ခဲ့သည်။

စစ်တပ်ကို ထိန်းချုပ်ပြီး စစ်ပွဲ တိုက်ခိုက်တာ နှစ်နှစ်နီးပါးရှိပြီ ဖြစ်သော်လည်း အင်ပါယာရဲ့ကျားအတွက် ဒီနှစ်နှစ်ဟာ သူ့ရဲ့တစ်သက်တာ စစ်ပွဲတွေထဲက အရေးမပါတဲ့ အချိန်လေးပဲ ဖြစ်သည်။ စစ်ပွဲ တိုက်ခိုက်ခြင်းဟာ ဒီအင်ပါယာရဲ့ကျားရဲ့ သွေးထဲမှာ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေခဲ့ပြီ ဖြစ်သည်။

ကျန်းချိုးကျန့်ချုံးနောက်မှာ ပေထင် တပ်မှူးချုပ် အန်းစီရှန်းလည်း သံမဏိမြို့ကို ရောက်လာခဲ့သည်။

မင်းသား သုံးပါး ပုန်ကန်မှုတုန်းက ပထမ မင်းသား ဟာ သူ့ကို ထိန်းချုပ်ဖို့နဲ့ စစ်အာဏာကို လုယူဖို့ နေဝင်နေရပ်အဖြစ်အပျက်ကို ဖန်တီးခဲ့တယ်။ ဒါပေမဲ့ ပေထင်ကာကွယ်ရေးတပ်အချို့ဟာ ပုန်ကန်မှုမှာ ပါဝင်ခဲ့တာလည်း အမှန်တရား ဖြစ်တဲ့အတွက် အန်းစီရှန်းရဲ့အခြေအနေက အရှုပ်ထွေးဆုံး ဖြစ်ခဲ့တယ်။

အန်းစီရှန်းဟာ စစ်တပ်ထဲက အဆိုးဆုံးပုန်ကန်သူတွေကို အရင်ဆုံး ဖယ်ရှားပြီးမှ ခရီးစတင်နိုင်ခဲ့တယ်။

ဒီအကြောင်းကြောင့် အန်းစီရှန်းအချိန် အများကြီး နှောင့်နှေးခဲ့ရတယ်။ ဒါ့အပြင် ကျန်းကျန့် ပုန်ကန်တုန်းကလည်း ပေထင်ကာကွယ်ရေးတပ်တစ်စိတ်တစ်ပိုင်းကိုသာ အသုံးပြုခဲ့ပြီး ကျန်တဲ့ အများစုက ယင်ရှန်းနယ်စပ်မှာ ကျန်နေခဲ့တယ်။ ဒါ့ကြောင့် အန်းစီရှန်းဟာ မြို့တော်မှာ ရှိနေသော်လည်း ကောင်းရှန်းကျစ်နဲ့ အာပုစစ်တို့ထက် သံမဏိမြို့ကို နောက်ကျပြီးမှ ရောက်လာခဲ့ခြင်း ဖြစ်သည်။

လူတွေထဲမှာ အန်းစီရှန်းနဲ့ ဝမ်ချောင်ရဲ့ဆက်ဆံရေးက အရှုပ်ထွေးဆုံး ဖြစ်သည်။ သူတို့ဟာ ရန်သူလည်း ဖြစ်ဖူးသလို ပူးပေါင်းလည်း ဆောင်ရွက်ဖူးပါတယ်။ အန်းစီရှန်းရဲ့ ညီအန်ဝမ်ကျန်းတောင် ဝမ်ချောင်လက်ထဲမှာ သေဆုံးခဲ့ရတယ်။ အန်ဝမ်ကျန်းဟာ အသုံးမကျတဲ့သူ ဖြစ်ပြီး အန်းစီရှန်းကိုယ်တိုင်တောင် သူ့ညီကို စိတ်ပျက်ခဲ့ပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ညီပဲ ဖြစ်တယ်။ ဒါ့ကြောင့် ဒီ အချက်တစ်ခုတည်းနဲ့တင် အန်းစီရှန်းနဲ့ ဝမ်ချောင်ကြားမှာ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ရှိနေခဲ့တယ်။

သို့သော်လည်း ဒါတွေက ပုဂ္ဂိုလ်ရေး မုန်းတီးမှု ဖြစ်တယ်။ အင်ပါယာရဲ့ စစ်သူကြီးအဆင့်ရဲ့ အကျင့်စရိုက်ကတော့ မတူပြန်ဘူး။ ဝမ်ချောင်ဟာ ချီရှီ ကာကွယ်ရေးတပ်ကို ပြင်ဆင်ပြီး မနာခံတဲ့ ဟူလူမျိုးခြား အများအပြားကို ဖယ်ထုတ်တဲ့အခါ ဝမ်ချောင်က သူတို့ကို အန်းစီရှန်းဆီ ပို့လိုက်တယ်။ အန်းစီရှန်းကလည်း ဝမ်ချောင်နဲ့ ပုဂ္ဂိုလ်ရေး မုန်းတီးမှု ရှိနေတာကို ဂရုမစိုက်ဘဲ ချက်ချင်း လက်ခံခဲ့တယ်။

အကြောင်းပြချက်က ရိုးရှင်းပါတယ်။ ဒီလို လုပ်တာ သူ့အတွက် အကျိုးရှိလို့ပဲ ဖြစ်တယ်။

အင်ပါယာတစ်ခုလုံးမှာ အမြင့်ဆုံး အာဏာကို ပိုင်ဆိုင်တဲ့သူက တစ်ယောက်တည်းပဲ ရှိတယ်။ အဲဒါက မဟာထန်မြို့တော် ထိုက်ကျိ နန်းတော်မှာ ထိုင်နေတဲ့ သူတော်စင်ဧကရာဇ်မင်းဖြစ်တယ်။ အင်ပါယာရဲ့ စစ်သူကြီး ဖြစ်စေ၊ တပ်မှူးချုပ် ဖြစ်စေ၊ ဝမ်ချောင်ပဲ ဖြစ်စေ၊ အန်းစီရှန်းပဲ ဖြစ်စေ၊ မင်းသားတွေပဲ ဖြစ်စေ ပုဂ္ဂိုလ်ရေး ခံစားချက်ကြောင့် နိုင်ငံ အရေးကို ပစ်ပယ်လို့ မရဘူး။ ဒီလို မဟုတ်ရင် ဝမ်ချောင်ကို တိုက်ခိုက်ဖို့ မပြောနဲ့ အန်းစီရှန်းကိုယ်တိုင်တောင် အခက်အခဲ တွေ့နိုင်တယ်။

ဒါ့ကြောင့် နယ်စပ် အဖြစ်အပျက်တွေဟာ ပေထင်ကာကွယ်ရေးတပ်ရဲ့ နယ်မြေမှာ ဖြစ်ပွားခဲ့ရင် အန်းစီရှန်းဟာ ဝင်ရောက် စွက်ဖက် ရမှာပဲ ဖြစ်တယ်။

ဒီတစ်ကြိမ် အာရပ်ကို တိုက်ခိုက်ရာမှာလည်း ဒီအတိုင်းပဲ ဖြစ်သည်။

*****

အခန်း (၁၈၂၅) စစ်သူကြီးများ စုဝေးခြင်း (အပိုင်း ၂)

ဒီ နှစ်တွေ အကြာကြီးမှာ ပေါင်းဖက်မှုတွေ၊ ကွဲကွာမှုတွေ အများကြီး ရှိခဲ့တော့ ဝမ်ချောင်နဲ့ အန်းစီရှန်းတို့ဟာ မိတ်ဆွေလား၊ ရန်သူလား ဆိုတာ ပြောဖို့ ခက်နေခဲ့တယ်။ ဝမ်ချောင်ဟာ ဖူမုန်လင်ချာလို အပေါ်တက်ဖို့ပဲ စိတ်ဝင်စားပြီး အာဏာကို လုယူဖို့ ကြိုးစားကာ ကိုယ်ကျိုးရှာတဲ့ လူမျိုးဆိုရင်တော့ ပြီးတာပဲ။ ဒီလိုလူမျိုးကို အန်းစီရှန်းက လက်မညှာဘူး။ ဒါပေမဲ့ ဝမ်ချောင်ကတော့ လုံးဝ မဟုတ်ဘူး။

ဝမ်ချောင်ရဲ့ဘဝကို ပြန်ကြည့်ရင် အနောက်တောင် စစ်ပွဲဖြစ်စေ၊ တာလာ့စ် စစ်ပွဲဖြစ်စေ၊ သာမန်လူ တစ်ယောက်ဆိုရင် ရန်သူက အင်အားများပြီး ကိုယ်က အင်အားနည်းနေရင် သေချာပေါက် သေရမယ့် အခြေအနေမှာ လူအများစုက ကြောက်ရွံ့၊ ဆုတ်ခွာကြမယ်၊ ဒါမှမဟုတ် အချိန် ဆွဲကြမယ်၊ ပြီးမှ နန်းတော်ကို လျှောက်တင်ပြီး အခက်အခဲ အမျိုးမျိုးကို ပြန်လည် တင်ပြ ကြမှာ ဖြစ်သည်။

သို့သော် ဝမ်ချောင်က မတူပေ။ ရှေ့မှာ လမ်းပိတ်နေတာ၊ ရန်သူ အင်အားက ကြီးမားနေတာ သိရင်တောင် သူဟာ မဆုတ်မနစ်ရှေ့ဆက်ခဲ့သည်။ ဒါဟာ ကိုယ်ကျိုးရှာတဲ့၊ သေးနုပ်တဲ့ သူမျိုး လုပ်နိုင်တဲ့ အရာ မဟုတ်ဘူး။ အထူးသဖြင့် သေချာပေါက် ရှုံးမယ့် အခြေအနေမှာ ဝမ်ချောင်ဟာ အင်အား နည်းနည်းနဲ့ အင်အား များများကို အနိုင်ယူခဲ့တာ ဖြစ်သည်။

သူဟာ သူ့ထက် အင်အား အဆပေါင်းများစွာ ကြီးမားတဲ့ ရန်သူတွေကို တစ်ချက်တည်းနဲ့ ချေမှုန်းခဲ့သည်။ ရန်သူတွေရဲ့ အရိုးနဲ့ သွေးတွေနဲ့ သူ့ရဲ့နာမည်ကောင်းကို တည်ဆောက်ခဲ့ပြီး ဒီနေ့ ဘုရင် ဖြစ်လာတဲ့ လမ်းကို ဖန်တီးခဲ့တာ ဖြစ်သည်။

ဒီအချက်ကို အန်းစီရှန်းကိုယ်တိုင်တောင် မလုပ်နိုင်ဘူးလို့ ဝန်ခံခဲ့ရသည်။

ဟူလူမျိုးနဲ့ ဟန်လူမျိုး ခွဲခြားမှုကို ဖယ်လိုက်ရင် ဝမ်ချောင်ရဲ့ စစ်ရေးအရည်အချင်းက အန်းစီရှန်းကိုယ်တိုင် အားကျရတဲ့ အနေအထား ဖြစ်သည်။ သံသယ ဖြစ်စရာ မလိုပါချေ။ ဝမ်ချောင်မှာ အားနည်းချက်တွေ ရှိနေပေမဲ့ သူဟာ မဟာထန်ရဲ့အလွန် ထူးချွန်တဲ့ ခေါင်းဆောင်၊ စစ်ရေး ပါရမီရှင်တစ်ယောက် ဖြစ်ပြီး စစ်သူကြီးအားလုံးရဲ့ လေးစားမှုကို ခံယူနိုင်သူ ဖြစ်သည်။

ဒီအချက်များအားလုံးကြောင့် အန်းစီရှန်းကိုယ်တိုင်တောင် သူနဲ့ ဝမ်ချောင်ကြားက ဆက်ဆံရေးဟာ ဘာလဲ ဆိုတာ ရှင်းရှင်းလင်းလင်း ပြောဖို့ ခက်နေခဲ့သည်။

“ဝမ်ချောင်နောက်ဆုံးတော့ ငါတို့ တွေ့ရပြီ”

လေ တဝှီးဝှီး တိုက်ခတ်နေ၏။ ဝူရှန်း သံမဏိမြို့အပြင်ဘက်မှာ ကျန်းချိုးကျန့်ချုံး ၊ ကောင်းရှန်းကျစ်နဲ့ တခြားလူတွေ အားလုံး ရှေ့မှာ အလံတွေ လွှင့်ထူနေခဲ့တယ်။ အန်းစီရှန်းဟာ သူ့ရဲ့မြင်းကြီးကို စီးနင်းပြီး ပေထင်ကာကွယ်ရေးတပ်ထောင်ပေါင်းများစွာကို ဦးဆောင်ကာ ဝတ်ရုံ လေထဲ လွင့်နေရင်း ပထမဆုံး စကား စပြောလိုက်သည်။

ဒီတိုတောင်းတဲ့ စကားထဲမှာ ရှုပ်ထွေးတဲ့ ခံစားချက်တွေ အများကြီး ပါဝင်နေခဲ့သည်။

သူတို့နှစ်ဦးဟာ ပူးပေါင်း ဆောင်ရွက်မှု အကြိမ်ပေါင်းများစွာ ရှိခဲ့ပေမဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံမှုကတော့ အလွန်နည်းပါးခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ ပခုံးချင်းယှဉ် တိုက်ခိုက်ရတော့မှာဖြစ်ပြီး ရှင်ခြင်းနဲ့ သေခြင်းကို အတူ ရင်ဆိုင်ရတော့မှာ ဖြစ်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး အပ်ကျသံတောင် ကြားနိုင်၏။

ဝမ်ချောင်နဲ့ အန်းစီရှန်းရဲ့ ဆက်ဆံရေးကို လူတိုင်း သိကြသည်။ အန်းစီရှန်းသည် ဖူမုန်လင်ချာနဲ့အတူ ဝမ်ချောင်ကို ရာထူးကနေ ဖယ်ရှားဖို့တောင် တောင်းဆိုခဲ့ဖူး၏။ ထို့ကြောင့် ဒီ အင်ပါယာ စစ်သူကြီးနှစ်ဦး စကားမတည့်ဘဲ ချက်ချင်း ရန်ဖြစ်မှာကို လူတိုင်း တကယ် စိုးရိမ်နေကြသည်။ ဒီလို ဖြစ်ရင် အာရပ်တွေ မလာခင်မှာပဲ ပြဿနာကြီး စဖြစ်တော့မှာ ဖြစ်သည်။

“ဟားဟား၊ အန်းစစ်သူကြီး နယ်စပ်အဖြစ်အပျက်တုန်းက ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်နော်”

မထင်မှတ်ဘဲ ဝမ်ချောင်ဟာ နူးညံ့တဲ့ အမူအရာ၊ ပြုံးရွှင်တဲ့ မျက်နှာနဲ့ မြင်းစီး လာတဲ့ အန်းစီရှန်းကို မြင်တော့ ပထမဆုံး အရိုအသေ ပေးလိုက်သည်။

အန်းစီရှန်းဟာ ဝမ်ချောင်အကြောင်း သိပ်မသိပါဘူး။ သူ သိတဲ့ အချက်အလက်တွေဟာ ဝမ်ချောင်ရဲ့ လူသိရှင်ကြား စစ်ပွဲ မှတ်တမ်းတွေပဲ ဖြစ်တယ်။ ဒါပေမဲ့ ဝမ်ချောင်ကတော့ အန်းစီရှန်းအကြောင်း အများကြီး သိထားတယ်။ ဒီ ပေထင် တပ်မှူးချုပ်မှာလည်း ကိုယ်ပိုင် ပြဿနာတွေ ရှိခဲ့တယ်။ ဥပမာ- စစ်တပ်ထဲမှာ ကိုယ်ကျိုးစီးပွားတွေ ရှိတာ၊ ဟန်လူမျိုးထက် လူမျိုးခြား စစ်သူကြီးတွေကို ပိုပြီး မြှောက်တင်ပေးတာမျိုးတွေ ဖြစ်တယ်။ ဒါပေမဲ့ သူဟာ တိုက်ပွဲကနေ ထွက်ပြေးတဲ့သူမျိုး၊ ဒါမှမဟုတ် ပြင်းထန်တဲ့ တိုက်ပွဲမှာ ပုဂ္ဂိုလ်ရေး မုန်းတီးမှုကြောင့် နိုင်ငံအရေးကို ဖျက်ဆီးတဲ့ လူယုတ်မာမျိုးတော့ လုံးဝ မဟုတ်ဘူး။

ကွယ်လွန်သူ ကြယ်စင်စစ်သူကြီး ကော်ရှုဟန်လိုပဲ အန်းစီရှန်းဟာ ထန်ဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်တယ်။ သူတို့ နှစ်ယောက်စလုံး ဟူလူမျိုး ဖြစ်သော်လည်း ဟန်-ထန်ယဉ်ကျေးမှုရဲ့ ပညာရေးကို ရရှိခဲ့ကြတယ်။ သူတို့ရဲ့လုပ်ရပ်တွေဟာ ရိုးသား ဖြောင့်မတ်ပြီး သူတို့ရဲ့ စစ်သူကြီး ရာထူးအတွက် ရှက်စရာ မလိုကြဘူး။

“တပ်မှူးချုပ် စကား ကြီးကျယ်လွန်းပါတယ်။ အဲဒီတုန်းက ကျွန်တော်မျိုး လုပ်သင့်တဲ့ ကိစ္စပဲဟာကိုး။ ကျေးဇူးတင်စရာ မလိုပါဘူး။”

ဝမ်ချောင်ရဲ့စကားကို ကြားတဲ့အခါ အန်းစီရှန်းမျက်လုံးထဲမှာ ထူးဆန်းတဲ့ အမူအရာတစ်ခု ဖြတ်ပြေးသွားပြီး ပြောလိုက်သည်။

ပတ်ဝန်းကျင်မှာ ကျန်းချိုးကျန့်ချုံး ၊ ကောင်းရှန်းကျစ် ၊ အာပုစစ်တို့ဟာ သက်ပြင်းချ လိုက်ကြတယ်။ ဝမ်ချောင်က တပ်မှူးချုပ်လို့ ခေါ်တာကို အန်းစီရှန်းက လက်ခံတာဟာ ဝမ်ချောင်ရဲ ခေါင်းဆောင်မှုကို လက်ခံပြီး ဒီအချိန်မှာ ပြဿနာဟောင်းတွေကို ပြန်မဖော်လိုဘူးဆိုတာကို သွယ်ဝိုက် ပြသနေတာ ဖြစ်သည်။ ဒါဟာ လူတိုင်းအတွက် အကောင်းဆုံး သတင်းပဲ ဖြစ်သည်။

“စစ်သူကြီး၊ အတွင်းကို ကြွပါ”

ဝမ်ချောင်ဟာ လက်ကို ဆန့်တန်း ဖိတ်ခေါ်ပြီး စကား အများကြီး မပြောတော့ဘဲ အန်းစီရှန်းတို့ လူပေါင်း ထောင်ပေါင်းများစွာကို သံမဏိမြို့ထဲကို ကြိုဆို ခေါ်ဆောင်လိုက်သည်။

“မြို့ပေါ်မှာ မည်းမှောင်သော တိမ်တိုက်များ ဖိစီးနေသကဲ့သို့”ခြေလှမ်း တစ်ချက်နဲ့ အရပ်ရှစ်မျက်နှာကို တုန်လှုပ်စေနိုင်တဲ့ ခေါင်းဆောင်ကြီး ငါးဦးဟာ သံမဏိမြို့မှာ စုဝေးခဲ့ကြတယ်။ ဒီလို ဖြစ်တာကြောင့် အနောက်မြောက်ဒေသ ရဲ့ အခြေအနေဟာ မကြုံစဖူး တင်းမာလာခဲ့ပြီး ပတ်ဝန်းကျင်က နိုင်ငံ အားလုံးကို ဖိအားပေးနေခဲ့တယ်။ မျိုးနွယ်ခြားဘုရင်ဝမ်ချောင်တစ်ဦးတည်းကတောင် အနောက်မြောက်ကို ပြောင်းလဲစေနိုင်တယ်။ အခု ခေါင်းဆောင်ကြီး လေးဦး ထပ်ပေါင်းလိုက်တဲ့အခါ မဟာထန်ရဲ့ အင်အားဟာ မကြုံစဖူး အံ့သြဖွယ် အခြေအနေကို ရောက်ရှိလာခဲ့သည်။

စစ်ပွဲဟာ အချိန်မရွေး စတင်နိုင်တယ်။

အင်ပါယာရဲ့ ခေါင်းဆောင်ကြီးများထဲမှာ နောက်ဆုံး ရောက်ရှိလာသူကတော့ အိမ်ရှေ့စံ၏ အကြံပေးဆရာ ဝမ်ကျုံးစစ်ပဲ ဖြစ်သည်။

မင်းသား သုံးပါး ပုန်ကန်မှုတုန်းက ဝမ်ကျုံးစစ်ဟာ ပထမ မင်းသား ကို ထိခိုက်အောင်လုပ်ခဲ့လို့ အင်ပါယာနဲ့ ဝေးလံတဲ့ နယ်စပ်ဒေသကို အပြစ်ပေး ပြောင်းရွှေ့ခံခဲ့ရတယ်။ မြို့တော်ကို ပြန်ဖို့အတွက်တင် အိမ်ရှေ့စံရဲ့ အကြံပေးဟာ အချိန် အများကြီး ယူခဲ့ရတယ်။ စစ်တပ်ကို ပြန်လည် ပြင်ဆင်ဖို့ဆိုရင် ပိုလို့တောင် အချိန် ယူခဲ့ရသည်။

“အိမ်ရှေ့စံရဲ့ အကြံပေးကို ဂါရဝပြုပါတယ်”

သံမဏိမြို့အပြင်ဘက်မှာ ဝမ်ချောင်ဟာ ရှေ့ဆုံးမှာ ရှိနေခဲ့ပြီး ကျန်းချိုးကျန့်ချုံး ၊ အာပုစစ်၊ ကောင်းရှန်းကျစ်တို့ဟာ ဝမ်ချောင်နောက်မှာ တစ်တန်းစီ ရပ်နေခဲ့ကြပြီး အင်ပါယာရဲ့ စစ်သူကြီး လေးဦးဟာ မြို့အပြင်မှာ တစ်ပြိုင်နက်တည်း ကြိုဆိုခဲ့ကြသည်။

ဒီအင်ပါယာ စစ်သူကြီးကို ဝမ်ချောင်ဟာ အလွန် အရိုအသေပေးခဲ့သည်။ ဒီနေ့ ဝမ်ချောင်ရဲ့ ရာထူးနဲ့ဆိုရင် အင်ပါယာတစ်ခုလုံးမှာ သူ့နဲ့ တန်းတူနိုင်တဲ့သူ အလွန် နည်းပါသည်။ သို့သော် ဝမ်ကျုံးစစ်ကတော့ ဝမ်ချောင်ရဲ့ အလေးစားရဆုံး စစ်သူကြီးထဲက တစ်ဦးပဲ ဖြစ်သည်။

မဟာထန်ရဲ့ အရင်စစ်နတ်ဘုရားဟာ တစ်သက်လုံး စစ်ပွဲတွေ တိုက်ခဲ့ပြီး အင်ပါယာ အတွက် ကြီးမားတဲ့ ဂုဏ်ကျေးဇူးတွေ တည်ဆောက်ခဲ့တယ်။ သူ့ရဲ့အားနည်းချက် တစ်ခုတည်းကတော့ သဘောထား ဖြောင့်မတ်လွန်းတာ ဖြစ်ပြီး ပထမ မင်းသား လီယင်း ရဲ့ အသုံးချမှုကို ခံခဲ့ရတယ်။ ဘဝရဲ့ အထွတ်အထိပ်မှာ စစ်တပ်ကနေ စောစော ထွက်ပြီး စစ်ပွဲ တိုက်ခိုက်ခြင်းကို အဆုံးသတ်ခဲ့ရသည်။

ဝမ်ကျုံးစစ်သာ အခုချိန်ထိ စစ်တပ်ထဲမှာ ရှိနေသေးရင် ဒီနေ့ မဟာထန်ရဲ့ အခြေအနေဟာ မတူနိုင်ဘူး။

“မျိုးနွယ်ခြားဘုရင်၊ ရိုသေလွန်းမနေပါနဲ့။ သူတော်စင်ဧကရာဇ်မင်းက မင်းကို ပြည်နယ်ကိုးခု၏ တပ်မှူးချုပ်အဖြစ် ခန့်အပ်ထားတာဆိုတော့ ဒီတစ်ကြိမ် စစ်ဆင်ရေးမှာ မင်းကိုပဲ အဓိက ထားရမှာပါ။”

“ငါ ဒီတစ်ကြိမ် စစ်တပ် ခေါ်လာတာက ပထမတစ်ခုက မင်းကို နန်းတော်ရဲ့ တပ်ရင်းတွေ လွှဲပြောင်းပေးဖို့ရယ်၊ နောက်တစ်ခုက မင်းရဲ့ လက်အောက်မှာ အမိန့်နာခံဖို့ပဲ။ ဒီနေရာမှာ အိမ်ရှေ့စံရဲ့အကြံပေးဆိုတာ မရှိဘူး။ ဝမ်ကျုံးစစ်ပဲ ရှိတယ်။ မင်း ရိုသေမနေပါနဲ့။”

ဝမ်ကျုံးစစ်က တည်ကြည်တဲ့ မျက်နှာနဲ့ ပြောလိုက်သည်။

ဒီစကားကို ကြားတဲ့အခါ သူ့နောက်က ကျန်းချိုးကျန့်ချုံး၊ အာပုစစ်၊ ကောင်းရှန်းကျစ်တို့ဟာလည်း လေးစားမှု အပြည့်နဲ့ ကြည့်နေခဲ့ကြသည်။ စစ်ပွဲ အောင်မြင်မှုဖြစ်စေ၊ လူ့ကျင့်ဝတ်ဖြစ်စေ ဝမ်ကျုံးစစ်ဟာ သူတို့ထက် အများကြီး သာလွန်ပြီး လေးစားစရာ ဖြစ်သည်။

ရှေ့ဘက်မှာ ဝမ်ချောင်ကလည်း ဝမ်ကျုံးစစ်ရဲ့ သဘောထားက ဒီလိုမျိုး ဖြစ်တယ်ဆိုတာ သိနေခဲ့သည်။ သူ့မျက်လုံးတွေက ဝမ်ကျုံးစစ်ပေါ် ခဏတာ ရပ်လိုက်ပြီး ချက်ချင်း ဖယ်လိုက်သည်။ ဝမ်ကျုံးစစ်နောက်မှာ စစ်တပ်တွေဟာ သိပ်သည်းနေပြီး စည်းကမ်း သေဝပ်နေခဲ့တယ်။ ဝမ်ချောင်ဟာ စစ်တပ်ကို ဖြတ်ပြီး ကြည့်လိုက်တဲ့အခါ ရင်းနှီးတဲ့ ပုံရိပ်အချို့ကို တွေ့လိုက်ရသည်။

“စုန့်ဘုရင်”

“အိမ်တော်ထိန်းကြီး”

ဝမ်ချောင်ဟာ အံ့အားသင့်တဲ့ အရိပ်အယောင်နဲ့ အသံ နိမ့်နိမ့်နဲ့ ခေါ်လိုက်သည်။

“ဟားဟား၊ ငါ့ ဒဏ်ရာတွေ လုံးဝ ပျောက်သွားပြီ။ အနောက်မြောက် စစ်ပွဲ လာတဲ့ အခါမျိုးမှာ ငါ ပါဝင်နိုင်တဲ့ နေရာရှိနေရင် ဒီလို ကောင်းမွန်တဲ့ အခွင့်အရေးကို ဘယ်လိုများ လွှတ်ပေးနိုင်ပါ့မလဲ။”

စုန့်ဘုရင်ဟာ ပြုံးလိုက်ပြီး သူ့ဘေးနားက မီးခိုးရောင် ဝတ်ရုံဝတ်ထားတဲ့ အိမ်တော်ထိန်းကြီးနဲ့အတူ မြင်းကို မောင်းပြီး ရှေ့ကို ထွက်လာခဲ့သည်။

“လီ စစ်သူကြီး မင်းလည်း လာခဲ့ဦး”

စုန့်ဘုရင်ဟာ သူ့နောက်ကို လက်ယပ်ခေါ်လိုက်တော့ လူအုပ်စုထဲကနေ လီ စစ်သူကြီးဟာ သံချပ်ကာဝတ်ဆင်ပြီး အလံလိပ် ထားတဲ့ နဂါးကိုးကောင် သွေးစစ်ပွဲ အလံကို ကိုင်ဆောင်ကာ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။

ဝမ်ချောင်ဟာ လူအုပ်စုကို ခေါ်ဆောင်ပြီး သံမဏိမြို့ထဲကို လျင်မြန်စွာ ဝင်ရောက်ခဲ့သည်။ ခုနစ်ရက်ကြာပြီးနောက် ရွှယ်ချန်ကျွင်းဟာ ဝူရှန်းသံမဏိမြင်းတပ်နဲ့ စစ်တပ် နှစ်သိန်းကို ဦးဆောင်ပြီး သံမဏိမြို့ကို ရောက်လာတဲ့အခါ မဟာထန်ရဲ့ စစ်အင်အား အားလုံး စုစည်းခဲ့ပြီ ဖြစ်သည်။

ဒီ အချိန်မှာ သံမဏိမြို့မှာ ဝမ်ချောင်၊ ဝမ်ကျုံးစစ် ၊ အာပုစစ်၊ ကောင်းရှန်းကျစ် ၊ အန်းစီရှန်း၊ ကျန်းချိုးကျန့်ချုံးတို့လို ထိပ်တန်း အင်ပါယာ စစ်သူကြီး ငါးဦး၊ စုန့်ဘုရင်၊ အိမ်တော်ထိန်းကြီး၊ လီ စစ်သူကြီးတို့လို ထိပ်တန်း ကျွမ်းကျင်သူများ စုစည်းနေခဲ့သည်။ ဒါ့အပြင် ကြယ်စုစစ်တပ်၊ နဂါးတပ်၊ ဝူရှန်းသံမဏိမြင်းတပ်၊ မိုဓားတပ်၊ မြင်းဆွဲ လေးတပ်၊ စိန့်ဝူ တပ်ဖွဲ့၊ ကန်းဝူတပ်ဖွဲ့၊ ရွှမ်ဝူတပ်ဖွဲ့စတဲ့ သွေးနဲ့မီးရဲ့ စမ်းသပ်မှု အောင်မြင်ထားတဲ့ တိုက်ခိုက်နိုင်စွမ်း အလွန်ကောင်းတဲ့စစ်သည် ခြောက်သိန်းကျော်လည်း ရှိနေခဲ့သည်။

နေ့ညမနား တည်ဆောက်ခဲ့ပြီးတဲ့နောက် စစ်သည် ခြောက်သိန်းရဲ့ရှေ့ဘက်မှာ အတန်းပေါင်း သုံးရာကျော်၊ တိုင်ပေါင်း နှစ်သောင်းကျော်နဲ့ မိုင်ပေါင်း ရာချီရှည်လျားတဲ့ ကြီးမားတဲ့ ကာကွယ်ရေး လိုင်းတစ်ခုကို ဘေး သုံးဖက်ကနေ ကာကွယ်ဖို့ တည်ဆောက်ခဲ့ပြီ ဖြစ်သည်။

ရှေ့က အာရပ်တွေအပြင် အရှေ့အနောက် တာ့ခ်၊ ယွီရှန်းတို့ ဘေးဘက်ကနေ ဝင်လာရင်တောင် ကာကွယ်နိုင်မှာ ဖြစ်သည်။

ဒါ့အပြင် ရှေ့တန်းက သံမဏိ တံတိုင်းတွေရဲ့ နောက်ဘက်မှာ အသိုက်တွေ ထားရှိပြီး ဘယ်ထောင့်ကနေမဆို ခြွင်းချက်မရှိ ကာကွယ်နိုင်အောင် စီစဉ်ထားလို့ တကယ့် သံမဏိ တံတိုင်းပဲ ဖြစ်သည်။

သံမဏိမြို့နဲ့ ပတ်ဝန်းကျင် မိုင် ရာချီနယ်ပယ်မှာ လင်းယုန်တွေ ကောင်းကင်ကို ဖုံးလွှမ်းနေပြီး နေ့ညမနား ပတ်ဝန်းကျင်က အခြေအနေအားလုံးကို စောင့်ကြည့်နေခဲ့သည်။ ဘယ်လို အသေးအဖွဲ လှုပ်ရှားမှုကိုမှ ဒီလင်းယုန်တွေရဲ့ အမြင်နဲ့ အကြား ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။

လင်းယုန်၊ ရွှေလင်းယုန်၊ သိမ်းငှက် တွေအပြင် ဝမ်ချောင်ရဲ့အဖွဲ့မှာ ဂိုဂူလျော အင်ပါယာ ရဲ့ ပင်လယ် လင်းယုန်တွေလည်း အများကြီး ပါလာခဲ့တယ်။

မင်းသား သုံးပါး ပုန်ကန်မှုတုန်းက သိန်းငှက်အိုဟာ ဂိုဂူလျောဘုရင် ကျင်ယို့ရှီးကို သတ်ခဲ့ပြီး သူ့ဆီကနေ လင်းယုန်တွေကို လေ့ကျင့်ဖို့နဲ့ အမိန့်ပေးဖို့အတွက် ပလွေအသေးစားလေး တစ်ခုကို ရခဲ့တယ်။ ဒီ ပလွေအတိုလေးနဲ့ ကျင်းယို့ရှီး လေ့ကျင့်ထားတဲ့ ပင်လယ် မြေလင်းယုန်၊ ရွှေလင်းယုန်၊ သိမ်းငှက်တွေနဲ့ တခြား လင်းယုန်တွေကို အမိန့်ပေးနိုင်ခဲ့တယ်။ ဒီ ကျင်းယို့ရှီးနှစ်ပေါင်းများစွာ အပင်ပန်းခံ စုဆောင်းထားတဲ့ တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှု တွေဟာ သိန်းငှက်အိုရဲ့ လက်ထဲကို ရောက်သွားခဲ့ပြီ ဖြစ်သည်။

ကျင်းယို့ရှီးဟာ တစ်နေ့ကျရင် တစ်စုံတစ်ယောက်က သူ့ရဲ့ ပလွေအတိုလေးကို လုယူပြီး လင်းယုန်တွေကို ခိုးယူသွားမှာကို ကာကွယ်ဖို့ အထူး လေ့ကျင့်မှုတွေ လုပ်ထားခဲ့တယ်။

သို့သော်လည်း သူ လုပ်ထားတဲ့ ကာကွယ်မှုတွေဟာ သိန်းငှက်အိုကြီးအတွက် လုံးဝ အသုံးမဝင်ခဲ့ဘူး။ သိန်းငှက်အိုကြီးဟာ အဲဒီ တားမြစ်ချက်တွေကို အလွယ်တကူ ဖျက်ဆီးပြီး လင်းယုန် အားလုံးကို သိမ်းသွင်းခဲ့တယ်။ ဒါ့ကြောင့် သူဟာ ဝမ်ချောင်အတွက် ကြီးမားတဲ့ အထောက်အကူတစ်ခု ဖြစ်လာခဲ့သည်။

“အာရပ်တွေ အနောက်ဘက်ဒေသမှာ စစ်သည်နှစ်သန်း စုစည်းထားပြီးပြီ။ သုံးသန်းရှစ်သိန်းဆိုတာ အင်မတန် များပြားတဲ့ အရေအတွက် ဖြစ်ပေမဲ့ တကယ် တိုက်ခိုက်နိုင်တဲ့ စစ်သည်က နှစ်သန်းကျော် ရှိတယ်။ ငါတို့ထက် အများကြီး သာလွန်တယ်။ ရှေ့ဆက်ပြီးဆိုရင် တကယ့် စစ်ပွဲဆိုး ဖြစ်တော့မယ် ထင်တယ်”

သံမဏိမြို့ရဲ့ ခန်းမထဲမှာ အင်ပါယာရဲ့ ခေါင်းဆောင်ကြီး ခြောက်ဦး ဖြစ်တဲ့ ဝမ်ချောင်၊ ဝမ်ကျုံးစစ်၊ အာပုစစ်၊ ကောင်းရှန်းကျစ်၊ အန်းစီရှန်း၊ ကျန်းချိုးကျန့်ချုံးတို့ဟာ သံချပ်ကာ ဝတ်စုံအပြည့်အစုံနဲ့ အတူတူ စုဝေးနေခဲ့ကြသည်။ ပတ်ပတ်လည်မှာ အင်ပါယာရဲ့ အဖွဲ့အစည်း အသီးသီးက စစ်သူကြီးတွေနဲ့ ဘွဲ့ရ စစ်သူကြီးတွေ အပြည့် ရှိနေခဲ့သည်။

လူအုပ်စုဟာ တင်းကျပ်စွာ ဆွေးနွေးနေကြပြီး သူတို့ရှေ့မှာ အလျားဆယ်ပေ၊ အနံခြောက်ပေ ရှည်တဲ့ ကြီးမားတဲ့ သဲမြေပုံကို အလယ်မှာ ထားရှိထားသညါ။ တောင်ကုန်း၊ ချိုင့်ဝှမ်း၊ ဆွေယဲ့ မြို့၊ ချီရှီ၊ အနောက် တာ့ခ် မြက်ခင်းပြင်၊ ယွီရှန်း ကုန်းပြင်မြင့်၊ တြိဂံ ချိုင့်ဝှမ်း.. စတဲ့ မြေမျက်နှာသွင်ပြင်အားလုံးကို အသေးစိတ် ဖော်ပြထား၏။ အာရပ်တွေ အနောက်ဘက်ဒေသမှာ အသစ်တည်ဆောက်ထားတဲ့ ခုံးပုံသဏ္ဌာန် ခံတပ်နဲ့ ပတ်ဝန်းကျင် ကာကွယ်ရေး စနစ်တွေပါ အသေးစိတ် ပါဝင်နေခဲ့သည်။

All Chapters