အခန်း (၁၈၆၁-၁၈၆၅)
Vol. 114 Ch. 1861-1865
အခန်း (၁၈၆၁) ကုန်းမြေငါးမန်းကြီး၊ ဘာရှား
ဤတစ်ခဏတာတွင် တိုက်ရိုက်သက်ရောက်မှုခံရသော သောင်းနှင့်ချီသော အာရပ် စစ်သူရဲများနှင့် မြင်းစီးစစ်သည်များမှာ မပြောနှင့် ဆင်ရုပ်သဏ္ဌာန် ဧရာမသတ္တဝါကြီး ကျောပေါ်မှ မဟာသူတော်စင်နှင့် မဟာဘုန်းတော်ကြီး၊ အာရပ် အင်ပါယာ၏ အမြင့်ဆုံး ပုဂ္ဂိုလ်များ နှစ်ဦးပင် ချက်ချင်း စိတ်လှုပ်ရှား သွားခဲ့သည်။
“ဟွန်း”
ကုထိုက်ပိုင်သည် အေးစက်စွာ ရှုံ့ချလိုက်ပြီး အလင်းကွင်း၏ စွမ်းအားကို မြှင့်တင်ရန်အတွက် စွမ်းအင်ထုတ်လွှတ်မှုကို တိုးမြှင့်ရန် ကြိုးစားခဲ့သည်။ သို့သော် ဝမ်ချောင်ထုတ်လွှတ်လိုက်သော ကြယ်တံခွန်ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော အမှတ်အသားများ အနည်းငယ်ပါဝင်သည့် ထိုစစ်အလင်းကွင်းကို လုံးဝမသက်ရောက်ခဲ့ပေ။
ကုထိုက်ပိုင် ၏ စိတ်နှလုံးသည် ခုန်တက်သွားပြီး သူ၏ အမူအရာသည် အလွန်လေးနက် သွားခဲ့သည်။
“မယုံနိုင်စရာ အရှေ့တိုင်းစွမ်းအားပဲ။ ဒါက... ဖျက်ဆီးခြင်း၏ သားတော်ရဲ့ စွမ်းအားလား”
ဘေးမှ မဟာဘုန်းတော်ကြီ၏ အနက်ရောင်ဝတ်စုံဝတ် စစ်သည်တော်များသည် တုန်လှုပ်နေသည်။ သူသည် မြင့်မားသော နေရာမှ အဝေးရှိ ဝမ်ချောင်ကို ကြည့်နေရင်း သူ၏ မျက်လုံးများတွင် ထူးဆန်းသောအရိပ်အယောင်များ ဖြတ်ပြေး သွားခဲ့သည်။
အရှေ့နှင့်အနောက်လောကတွင် မရေမတွက်နိုင်သော ကွဲပြားခြားနားသည့် စစ်အလင်းကွင်းများ ရှိသော်လည်း ဝမ်ချောင်၏ စွမ်းအားသည် ဤနယ်ပယ်ကို ကျော်လွန် နေသည်မှာ ထင်ရှားသည်။
ဤအချက်သည် ရှေ့မှလူငယ်လေးသည် ဤလူသားအဆင့်ကို ကျော်လွန်ပြီး အထူးခြားဆုံး တည်ရှိမှုတစ်ခု ဖြစ်သည်ကို ဖော်ပြနေသည်။
...
အဝေးတွင် ဝမ်ချောင်သည် ကုထိုက်ပိုင်၏ အလင်းကွင်း စွမ်းအားကို တစ်ချက်တည်းဖြင့် ချေဖျက်လိုက်ပြီး သူ၏ မျက်လုံးများတွင် ငြိမ်သက်နေကာ လှိုင်းလေတစ်ခုမျှ မရှိခဲ့ပေ။ ၎င်းသည် အရေးမပါသော ကိစ္စငယ်တစ်ခုကို လုပ်ဆောင်လိုက်သကဲ့သို့ ဖြစ်နေခဲ့သည်။
စစ်သည်အားလုံး၏ ရန်သူမှ ဗိုလ်ချုပ်အားလုံး၏ ရန်သူအထိ၊ ဝမ်ချောင်သည် လူ တစ်သန်းကို သတ်ဖြတ်ပြီး အဏုစကြဝဠာ နယ်ပယ်အဆင့်သို့ တိုးမြှင့်ခဲ့သောအခါ ကံကြမ္မာကျောက်တုံးအတွင်းမှ ပိုမိုနက်ရှိုင်းသောစွမ်းအားကို နောက်ဆုံးတွင် သော့ဖွင့်ခဲ့ပြီး အဆင့်တစ်ခုကို ထပ်မံဖွင့်လှစ်နိုင်ခဲ့သည်။
လူမျိုးပေါင်းစုံ၏ ရန်သူ…
ဤအဆင့်သို့ ရောက်ရှိသောအခါ အလင်းကွင်း စွမ်းအားသည် စစ်သား တစ်ဦး သို့မဟုတ် ဗိုလ်ချုပ်တစ်ဦးကိုသာ ပစ်မှတ်ထားခြင်း မရှိတော့ပေ။ ၎င်းသည် ဤအဆင့်ကို ကျော်လွန်၍ လူမျိုးအဆင့်သို့ ကြီးမားစွာ တိုးမြှင့် သွားခဲ့သည်။
ဝမ်ချောင်၏ လူမျိုးပေါင်းစုံ၏ရန်သူ အလင်းကွင်းသည် ပထမအဆင့်သာ ရှိသေးသော်လည်း စစ်သည်အားလုံး၏ရန်သူနှင့်ဗိုလ်ချုပ်အားလုံး၏ ရန်သူတို့ထက် များစွာကျော်လွန်နေသည်။ ဧကရာဇ်ဗိုလ်ချုပ်ကြီးများဖြစ်စေ၊ ကုထိုက်ပိုင်ကဲ့သို့ အစွမ်းထက်သော တည်ရှိမှုဖြစ်စေ၊ ဤအလင်းကွင်း၏ စွမ်းအားကို လုံးဝပျက်ပြယ်စေရန် မတတ်နိုင်တော့ချေ။
၎င်းကို အတိုင်းအတာ တစ်ခု အထိသာ လျှော့ချ နိင်မည် ဖြစ်သည်။
သို့သော် ဤအရာအားလုံးသည် လုံးဝမပြီးဆုံးသေးပေ။
“အပြန်အလှန် မရှိခြင်းဟာ ရိုင်းရာကျတယ်၊ မင်းတို့ကို နောက်ထပ် အလင်းကွင်း တစ်ခု ထပ်ပေးမယ်”
ဝမ်ချောင်သည် ရှေ့သို့ ကြည့်နေရင်း သူ၏မျက်လုံးများတွင် အလင်းရောင်တစ်ချက် လက်သွားသည်။ နောက်တစ်ခဏတွင် စတုတ္ထမြောက် အလင်းကွင် သည် လေဟာနယ် ကို ဖြတ်ကျော်ကာ ထွက်ပေါ်လာခဲ့သည်။
ကျယ်လောင်သောအသံများကြားတွင် သံမဏိကဲ့သို့ အလင်းကွင်းများသည် တစ်ခုပြီးတစ်ခု ဝမ်ချောင်၏ခန္ဓာကိုယ်အတွင်းမှ ပေါက်ထွက်လာခဲ့ပြီး လှိုင်းလုံးကြီးကဲ့သို့ ပတ်ဝန်းကျင်သို့ လှည့်ပတ်သွားခဲ့သည်။ ခုနစ်ထပ်ရှိသော ဝူကျွေ့အလင်းကွင်း၏ စွမ်းအားသည် အံ့အားသင့်ဖွယ် အမြန်နှုန်း ဖြင့် စစ်တပ်တစ်ခုလုံးသို့ လျင်မြန်စွာ ဖြာထွက် သွားခဲ့သည်။(စာစစ်_ဝူကျွေ့အလင်းကွင်းဆိုတာက ဝမ်ချောင်ရဲ့မြင်းပိုင်ထီဝူးနဲ့ ဆက်စပ်နေတဲ့ အစွမ်းထက် စွမ်းအင်တစ်ခု ဖြစ်ပါတယ်။)
ယခင် အလင်းကွင်း အနည်းငယ်နှင့် မတူဘဲ ဤ အလင်းကွင်းသည် မဟာထန်န်စစ်သည် အားလုံး၏ ခန္ဓာကိုယ်ပေါ်တွင် တိုက်ရိုက်မြှင့်တင်ပေးခဲ့သည်။ စစ်တပ် ခြောက်သိန်း၏ အရှိန်အဝါသည် ဒီရေလှိုင်းကဲ့သို့ မြင့်တက်လာခဲ့ပြီး အခြေအနေသည် ချက်ချင်း မဟာထန်န်ဘက်သို့ ယိမ်းယိုင် စတင်လာခဲ့သည်။
စစ်မြင်းများ ဟီသံပေးကြသည်။ အလင်းကွင်းများစွာ၏ သက်ရောက်မှုအောက်တွင် မဟာထန်န်၏ရှေ့တန်းမှ စစ်တပ်များသည် အခြေအနေကို လျင်မြန်စွာ ထိန်းချုပ် နိုင်ခဲ့သည်။
“ပစ်”
အခြားသော ဦးတည်ရာများ၏ လှုပ်ရှားမှုများကို မဖော်ပြမီ စုဟန်ရှင်းသည် အမူအရာဖြင့် လက်ကို အဆက်မပြတ် မြှောက်လိုက်ပြီး ညွှန်ကြားလိုက်သည်။ ကျိုင်းကောင်များကဲ့သို့ ကျစ်လစ်သော မြှားများသည် လေတိုးသံများကြားတွင် ဆန့်ကျင်ဘက်မှ အာရပ်လူမျိုးများကို လျင်မြန်စွာ သတ်ဖြတ်နေခဲ့ပြီး ရှေ့တန်း၏ ဖိအားကို လျှော့ချရာတွင် အကူအညီ ပေးခဲ့သည်။
ဝမ်ချောင်နှင့် ကုထိုက်ပိုင်တို့ ရင်ဆိုင်နေသည့် ဤကာလအတွင်း စုဟန်ရှင်းသည် မရပ်မနား တိုက်ခိုက်ခဲ့သည်။ သံမဏိ ကာကွယ်ရေးလိုင်းများရှေ့တွင် အာရပ် မြင်းစီးစစ်သည် ခုနစ်သောင်းမှ ရှစ်သောင်းခန့်သည် သွေးအိုင်ထဲသို့ လဲကျသွားခဲ့ပြီး လုံးဝပြန်ထနိုင်တော့ခြင်း မရှိပေ။
“ဆာလက်ရဲ့ စွမ်းအားက အရမ်းအစွမ်းထက်တယ်။ ကျန်းချိုးကျန့်ချုံး မခံနိုင်တော့ဘူး။ အန်းစီရှန်း သွားကူလိုက်”
အားကောင်းသော အသံလှိုင်းတစ်ခုသည် လေဟာနယ်ကို ဖြတ်သန်းသွားခဲ့သည်။ ဝမ်ချောင်သည် ရှေ့သို့ ကြည့်နေရင်း ရုတ်တရက် ပြောလိုက်သည်။
ဝမ်ချောင်၏ လူမျိုးပေါင်းစုံ၏ ရန်သူအလင်းကွင်းသည် ဆာလက်ကဲ့သို့သော ဧကရာဇ် ဗိုလ်ချုပ်ကြီးအဆင့်ကို လုံးဝလျှော့ချနိုင်ခြင်းမရှိပေ။ စစ်မြေပြင်ရှေ့တန်းတွင် ကျန်းချိုးကျန့်ချုံးနှင့် ဆာလက်တို့သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်ဟု ထင်ရသော်လည်း ဆာလက်ကသာ အသာစီး ရနေခဲ့သည်။
ယင်းမတိုင်မီက စစ်ရေးဌာန၏ ဝန်ကြီး ဖြစ်ပြီး ဆယ်နှစ်နီးပါး စစ်ပွဲ အတွေ့အကြုံ ရှိသော ဧကရာဇ်ရဲ့ကျားသည် အာရပ်လူမျိုးတစ်ဦးကို ရှုံးနိမ့်လိမ့်မည်ဟု လူအနည်းငယ်သာ ယုံကြည်လိမ့်မည်။
ကျန်းချိုးကျန့်ချုံး မခံနိုင်ပါက နဂါးကိုးကောင် တပ်မတော် သည်လည်း ပြိုကွဲသွားမည်ဖြစ်သည်။
ချန်း…
ကြည်လင်သော ဓားသံတစ်ခုသည် လေဟာနယ် ကို ဖြတ်သန်းသွားခဲ့သည်။ ဝမ်ချောင်၏ စကားကို ကြားသောအခါ အန်းစီရှန်းသည် ခိုင်မာသော အမူအရာဖြင့် ခန္ဓာကိုယ်ပေါ်မှ ဓားရှည်ကို ထုတ်ကာ စစ်မြင်းပေါ်သို့ မဆိုင်းမတွ ခုန်တက်လိုက်သည်။
စစ်မြင်းသည် ရှည်လျားစွာ ဟီသံပေးပြီး မျက်စိတစ်မှိတ်အတွင်း အန်းစီရှန်းသည် ဖုန်မှုန့်များကို ချန်ထားခဲ့ပြီး အဝေးမှ အာရပ် သွေးခြင်္သေ့ဆာလက်ဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။
လေဟာနယ်ကို ဖြတ်၍ လျှပ်စီးကြောင်းတစ်ခု ဖြတ်သွားသကဲ့သို့ မယှဉ်နိုင်သော စွမ်းအင်သည် အရပ်လေးမျက်နှာသို့ လှည့်ပတ်သွားခဲ့သည်။ အန်းစီရှန်းနှင့် ကျန်းချိုးကျန့်ချုံးတို့သည် အားကောင်းသော မုန်တိုင်းနှစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဆာလက်ကို ခက်ခက်ခဲခဲဖြင့်သာ ဖိနှိပ်နိုင်ခဲ့သည်။
“ဝေါင်းးးးး”
ရုတ်တရက် ဧရာမသတ္တဝါကြီး၏ ဟိန်းဟောက်သံတစ်ခုသည် နားထဲသို့ ဝင်လာသည်။ ဝမ်ချောင်သည် စိတ်ထဲ၌ အနည်းငယ် တုန်ခါသွားပြီး ကောင်းရှန်းကျစ် အပါအဝင် အခြားသူများနှင့်အတူ ခေါင်းလှည့် ကြည့်လိုက်သည်။ ချက်ချင်းပင် ဧရာမသတ္တဝါကြီး တစ်ကောင်သည် ဟိန်းဟောက်လျက် ခန္ဓာကိုယ်ကို လိမ်ချိုးနေသည်ကို မြင်လိုက်ရသည်။ ဧရာမ ဒူးလေးမြှားများ၏ အရေးပါသော တိုက်ခိုက်မှုများကို ရှောင်ရှားပြီးနောက် ရုတ်တရက် ခေါင်းခါလိုက်သည်။ ကြီးမားသော အဖြူရောင် အလင်းရောင်တစ်ခုသည် မှုန်ဝါးစွာ ပေါ်ထွက်လာပြီး ရာမသတ္တဝါကြီး သတ်ဖြတ်သူတစ်ဦးကို လျင်မြန်စွာ လွင့်စင်သွားစေခဲ့သည်။
ဆက်တိုက် ဒဏ်ရာရရှိခြင်းနှင့် ပြင်းထန်သော နာကျင်မှုတို့က ဤဧရာမသတ္တဝါကြီး၏ ကြောက်မက်ဖွယ်ကောင်းသော သဘာဝကို နှိုးဆွပေးခဲ့သည်။ အော်ဟစ်သံများကြားတွင် ဤကြီးမားသော သတ္တဝါသည် ရုတ်တရက် အရှိန်မြှင့် လိုက်ပြီး ဆောင်းဦးလေသည် သစ်ရွက်ကြွေများကို တိုက်ခတ်သကဲ့သို့ ရှေ့မှ သံမဏိ မြို့ရိုးကြီးများနှင့် မဟာထန်န်စစ်သည်များကို ဝေးလံစွာ လွင့်စင်သွားစေခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး ပြင်းထန်သော တုန်ခါမှုလှိုင်းသည် ထူထဲသောဖုန်မှုန့်များကို လွင့်ထွက်စေခဲ့ကာ ပေရာချီသော အကွာအဝေးကို လွှမ်းခြုံသွားစေခဲ့သည်။
ဤဖုန်မှုန့်၏ သက်ရောက်မှုကြောင့် ဧရာမမြားပစ်စက်များ၏ ပစ်ခတ်မှုပင် အနည်းငယ် သက်ရောက်မှု ခံခဲ့ရသည်။
“ဧရာမသတ္တဝါကြီးတွေ အရေအတွက်က အရမ်းများ နေတယ်။ ကျွန်တော်တို့ စိတ်ပူပန်ရမဲ့ နေရာတွေလည်း အရမ်းများနေတယ်။ ဒီလိုဆိုရင် ကြာကြာ မခံနိုင်ဘူး”
ကောင်းရှန်းကျစ်သည် စိုးရိမ်ပူပန်မှုများ ပြည့်နေသော မျက်လုံးများဖြင့် ပြောလိုက်သည်။ ဝမ်ချောင်သည် ဤဧရာမမြားပစ်စက်များကို တီထွင်ခဲ့သော်လည်း ၎င်းတို့၏ တည်ဆောက်မှုမှာ အလွန်ခက်ခဲခဲ့သည်။ မြားပစ်စက် သုံးဆယ်ကျော်ဖြင့် ဤ ဧရာမသတ္တဝါကြီးများ အားလုံးကို လုံးဝတားဆီးနိုင်ခြင်းမရှိဘဲ ဧရာမသတ္တဝါကြီးများသည် အခြေအနေကို ချေဖျက်ရန် အချိန်မရွေး ဖြစ်နိုင်သည်မှာ သေချာသည်။
ထို့အပြင် အာရပ်လူမျိုးများသည် အလွန်များပြားလွန်းနေသည်။
“အချိန် မရောက်သေးဘူး”
ဝမ်ချောင်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ကောင်းရှန်းကျစ်၏ ရည်ရွယ်ချက်ကို သူ နားလည်သော်လည်း မဆိုင်းမတွ ငြင်းဆိုခဲ့သည်-
“ခင်ဗျား ထွက်ဖို့ အချိန် မရောက် သေးဘူး”
ဤစကားကို ပြောနေချိန်တွင် ဝမ်ချောင်၏ အမူအရာတွင် လှိုင်းလေတစ်ခုမျှ မရှိခဲ့ပေ။ ဤစစ်ပွဲသည် ပြင်းထန်နေသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် အခုမှစတင်ခြင်းသာ ဖြစ်သည်။ ယခုပင် မခံနိုင်ပါက နောင်တွင် ပို၍မခံနိုင်မည် ဖြစ်သည်။
“ချန်ပင်းနဲ့ စုဟန်ရှင်းကို ပေးလိုက်ပါ။ ခဏနေရင် ခင်ဗျား လှုပ်ရှားဖို့ ပိုပြီးအရေးကြီးတဲ့ ကိစ္စရှိလာလိမ့်မယ်။”
ဝမ်ချောင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
...
တစ်ချိန်တည်းမှာပင် အဝေးရှိ ဧရာမဆင်ကျောပေါ်တွင် ကုထိုက်ပိုင်သည်လည်း စစ်မြေပြင်ကို လေ့လာနေခဲ့သည်။
ဗဟိုတပ်မတော်၏နေရာတွင် ဆာလက် ဦးဆောင်သော ထျန့်မင်တပ်ဖွဲ့သည် အဆက်မပြတ် ထိုးဖောက်နေပြီး မဟာထန်န်၏ အဓိကတပ်ဖွဲ့ကို ဆွဲဆောင်ကာ ၎င်းတို့အပေါ် ကြီးမားသောဖိအား ပေးနေသည်။ မျက်နှာပြင်ပေါ်တွင် နှစ်ဖက်စလုံးသည် တန်းတူအင်အား ရှိနေပုံရသော်လည်း မဟာထန်န်ထက် များစွာသာလွန်သော အာရပ်၏ကြီးမားသည့် စစ်တပ်သည် စစ်ပွဲသည် အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားသောအခါ ရန်သူ လုံးဝ ပြိုကွဲသည့်အချိန်ဖြစ်လာမည်ကို ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ညာတောင်ပံဘက်တွင်လည်း ဧရာမသတ္တဝါကြီး တပ်မတော်သည် တဖြည်းဖြည်း အကျိုးသက်ရောက်မှုကို ပြသလာပြီး အားသာချက်ကို ပြသလာခဲ့သည်။ သို့သော် ဤအရာသည် ကုထိုက်ပိုင် အလိုရှိသော အရာ မဟုတ်သေးပေ။
ကုထိုက်ပိုင် ၏ မျက်လုံးများ ပြောင်းလဲ သွားပြီး ရုတ်တရက် အမိန့် ပေးလိုက်သည်-
“တော်လောက်ပြီ၊ ဘာရှားကို အမိန့် ပေးလိုက်ပါ။ မမ်လူခ် မြင်းစီးစစ်သည် နှစ်သောင်းကို ဦးဆောင်ပြီး ဧရာမသတ္တဝါကြီး တပ်မတော်မှာ ပါဝင်လိုက်ရင် မဟာထန်န်ရဲ့ ညာတောင်ပံကို လုံးဝ ချိုးဖျက်၊ နောက်ပြီး အဲဒ ဧရာမသတ္တဝါကြီး သတ်ဖြတ်သူတွေကို ရှင်းပစ် လိုက်”
“ဟုတ်ကဲ့”
သတင်းပို့သူတစ်ဦးသည် အမိန့်ကို ရယူပြီး အဝေးသို့ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
“ဟွန်း နောက်ဆုံးတော့ ငါ့အလှည့် ရောက်ပြီလား”
အာရပ်စစ်တပ်၏ နောက်ဘက်တွင် အမိန့်ကို လက်ခံရရှိသော အာရပ် ဗိုလ်ချုပ်ကြီးတစ်ဦးသည် အေးစက်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
ဤအာရပ်ဗိုလ်ချုပ်ကြီး၏ မျက်လုံးများသည် ပုံမှန်မဟုတ်ဘဲ ဘယ်ဘက်မျက်လုံးက အနက်ရောင် ဖြစ်ပြီး ညာဘက်မျက်လုံးက အပြာရောင် ဖြစ်သည်။ မျက်နှာတစ်ခြမ်းသည် မီးလောင်ထားသကဲ့သို့ ချိုင့်ခွက်များ ဖြစ်နေပြီး အလွန်ရုပ်ဆိုးနေကာ အလွန်ကြမ်းတမ်းသော စစ်ပွဲကို ဖြတ်သန်းခဲ့ဖူးပုံ ရသည်။
ဘာရှား….
ကုထိုက်ပိုင် လက်အောက်ခံ ဗိုလ်ချုပ်ကြီးများထဲမှ တစ်ဦးဖြစ်ပြီး “ကုန်းမြေငါးမန်းကြီး”ဟူသော နာမည်ပြောင်ရှိသည်။ သူ၏ တိုက်ခိုက်ရေး စွမ်းရည်သည် အလွန်အစွမ်းထက်သည်။ တာ့လာစ်စစ်ပွဲတွင် မမ်လူခ်စစ်တပ်၏ အဓိကခေါင်းဆောင် အိုင်းဘက်နှင့် ဒုတိယခေါင်းဆောင် ဖိုင်ဆယ်တို့ ကျဆုံးပြီးနောက် မမ်လူခ် စစ်တပ်သည် ခေါင်းဆောင်မဲ့ ရှုပ်ထွေးသော အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီး တိုက်ခိုက်ရေး စွမ်းရည်လည်း များစွာလျော့ကျ သွားခဲ့သည်။
ဘာရှားပေါ်လာပြီးနောက် မမ်လူခ် တပ်မတော်တစ်ခုလုံးကို တိုက်ရိုက် ထိန်းချုပ်ခဲ့ပြီး လက်ရှိ အာရပ်အင်ပါယာ တစ်ခုလုံးတွင် လုံးဝပျောက်ကွယ်လုနီးပါးဖြစ်နေသော ရှေးဟောင်း လေ့ကျင့်ရေး နည်းလမ်းကို အသုံးပြု၍ ဤမမ်လူခ် မြင်းစီးစစ်သည်များ၏ တိုက်ခိုက်ရေး စွမ်းရည်ကို အဆင့်တစ်ခုအထိ တိုက်ရိုက်မြှင့်တင် ပေးခဲ့သည်။
“ထွက်ဖို့ ပြင်ဆင်… အခုက သတ်ဖြတ်မှုကို အစစ်အမှန် ခံစား ရမဲ့ အချိန်ပဲ”
ဘာရှားသည် အရိုင်းဆန်စွာ ရယ်မောလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထက်မှ ကြီးမားသော အာရပ်ဓားကောက်ကြီးကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။ ဓား၏ မျက်နှာပြင်တွင် အေးစက်သော အလင်းရောင်များ ဖြာထွက်နေပြီး လျှို့ဝှက်ဆန်းကြယ်ကာ သွေးဆာနေသည့် ဓားကွက်အဆင်များ ရှိနေသည်။ ထို့နောက် ဘာရှားသည် မြင်းကို ရုတ်တရက် လှည့်လိုက်ပြီး တစ်ကိုယ်လုံး လျှပ်စီးကြောင်းတစ်ခုအလား ပြေးထွက်သွားတော့သည်။ သူ၏နောက်ဘက်ရှိ လေထုမှာ ပေါက်ကွဲထွက်သွားပြီး၊ ဖုန်လုံးကြီးများ တလိမ့်လိမ့် တက်လာကာ ရှည်လျားသော ကြယ်တံခွန် အမြီးတန်းသဖွယ် လမ်းကြောင်းတစ်ခု ထင်ကျန်ရစ်ခဲ့သည်။
ဘာရှားထွက်ခွာ သွားသည်ကို မြင်သောအခါ မမ်လူခ် မြင်းစီးစစ်သည်တစ်ဦးသည်လည်း စိတ်လှုပ်ရှားမှုဖြင့် သူ၏ နှုတ်ခမ်းများကို လျက် လိုက်သည်။ ဓားရှည်ကို ထုတ်ကာ လျှပ်စီးကြောင်းတစ်ခုကဲ့သို့ နောက်မှ လိုက်ပါ သွားခဲ့သည်။
သူ၏နောက်ဘက်တွင် ဟိန်းသံများပေးကာ မမ်လူခ် မြင်းစီးစစ်သည် ထောင်ပေါင်းများစွာသည် မြစ်ချောင်းများ စီးဆင်းလာသကဲ့သို့ ချက်ချင်းပင် ရေစီးကြောင်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။ တဝုန်းဝုန်း ထနေသော ဖုန်လုံးကြီးများကြားတွင် ၎င်းတို့သည် ကောင်းကင်ကို ဖုံးအုပ်လျက် ခြောက်သွေ့သောအရာကို ခြေမွနိုင်သကဲ့သို့၊ မည်သူမျှ မတားဆီးနိုင်သော အရှိန်အဝါဖြင့် မဟာထန်န်၏ညာတောင်ပံဆီသို့ တိုးဝင်သွားခဲ့သည်။
လူတိုင်း ထွက်ခွာသွားချိန်တွင် ရှေ့တန်း၌ အနီရင့်ရောင် ဧရာမ အလင်းကွင်းတစ်ခုသည် ဘာရှား၏ခန္ဓာကိုယ်အတွင်းမှ ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် စစ်တပ်တစ်ခုလုံးသို့ လျင်မြန်စွာ ဖြာထွက်ကာ မမ်လူခ် မြင်းစီးစစ်သည် တစ်ဦးစီ၏ ခြေရင်းတွင် မြှင့်တင်ပေးခဲ့သည်။
ဤစွမ်းအား၏ မြှင့်တင်မှုကို ရရှိသောအခါ မမ်လူခ် မြင်းစီးစစ်သည် တစ်စုလုံး၏ အရှိန်အဝါသည် အဆင့်တစ်ခုအထိ ချက်ချင်း မြင့်တက်သွားခဲ့သည်။
“သတ်”
မမ်လူခ် မြင်းစီးစစ်သည် သောင်းနှင့်ချီသော စစ်သည်များသည် ရုတ်တရက် ပြင်းထန်သော ဟစ်အော်သံ တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ပြင်းထန်သော သတ်ဖြတ်လိုစိတ်သည် ဒီရေလှိုင်းကဲ့သို့ လှိမ့်ဆင်း လာခဲ့ပြီး ထိုစစ်သည် နှစ်သောင်းကျော် ထုတ်လွှတ်လိုက်သော အရှိန်အဝါသည် စစ်သည် သိန်းချီထက်ပင် သာလွန်ခဲ့သည်။
“မင်းတို့ အရှေ့တိုင်း ဘာသာခြားတွေအားလုံးကို ငါ သတ်ပစ် မယ်”
ဘာရှား၏မျက်လုံးများသည် ရက်စက်နေသည်။ သူ၏ ခန္ဓာကိုယ်သည် မြင်းကျောပေါ်တွင် အနည်းငယ် ကုန်းထားပြီး သူ၏ မျက်လုံးများတွင် အနီရောင်သွေးကြောမျှင်များပင် မှုန်ဝါးစွာ ပေါ်လာခဲ့သည်။
၎င်းသည် သူ အလွန်စိတ်လှုပ်ရှားနေကြောင်းကို ဖော်ပြနေခြင်း ဖြစ်သည်။
“ဟွန်း”
စစ်တပ်အတွင်းမှ ဝမ်ချောင်သည် ဤမြင်ကွင်းကို မြင်သောအခါ အေးစက်သော အမူအရာဖြင့် သူ၏မျက်နှာတွင် လှိုင်းလေတစ်ခုမျှ မရှိခဲ့ပေ။ ဤမမ်လူခ် မြင်းစီးစစ်သည်များသည် တိုက်ကြီးတစ်ခုလုံးတွင် ကျော်ကြားနေပြီး လူတိုင်းကို ကြောက်ရွံ့ စနိုင်သော်လည်း ဝမ်ချောင်နှင့်သူ၏ စစ်တပ်အတွက်မူ ၎င်းတို့သည် ရှုံးနိမ့်ပြီးသား ရန်သူများသာ ဖြစ်သည်။
“လီစီယီကို အမိန့် ပေးလိုက်ပါ၊ တိုက်ပွဲကို ထွက်ခွာ ဝူရှန်း မြင်းစီးစစ်သည်ကို ဦးဆောင်ပြီး ထွက်တိုက်ဖို့ ပြင်ဆင်၊ သူ တကယ် တိုက်ပွဲဝင် ရမဲ့ အချိန် ရောက်ပြီ”
“ချင်းယန် သခင်လေးကို အမိန့် ပေးလိုက်ပါ၊ ဧရာမဘီလူးတွေကို သူ ကိုင်တွယ်ပါစေ။ မိုဓား တပ်ဖွဲ့ ရဲ့ တစ်ဝက် ကိုလည်း သူ ဦးဆောင် ပါစေ ဒူးလေးယာဉ် တပ်ဖွဲ့ကို သေချာ ကာကွယ်ပါ၊ဧရာမဘီလူးတွေကို အမြန်ဆုံး ဖျက်ဆီးပစ်ပါ”
“စုဟန်ရှင်းကို အမိန့် ပေးလိုက်ပါ၊ တိတိကျကျ ပစ်ခတ်ဖို့ ပြင်ဆင်ပါ”
...
ဝမ်ချောင်သည် တည်ငြိမ်သော အမူအရာ ဖြင့် ရှေ့သို့ ကြည့်နေပြီး လှိုင်းလေ တစ်ခုမျှ မရှိခဲ့ပေ။
ဝမ်ချောင်၏အမိန့်များအတိုင်း လီစီယီသည် အဓိက ခေါင်းဆောင်အဖြစ် ကော်ကျစ်ယီနှင့် ရွှယ်ချန်ကျွင်းတို့သည် အကူအညီအဖြစ် ပါဝင်ကာ လူသောင်းချီသော ဝူရှန်း မြင်းစီးစစ်သည်ကို ဦးဆောင်လျက် ဆန့်ကျင်ဘက်မှ မမ်လူခ် မြင်းစီးစစ်သည်ဆီသို့ လျှပ်စီးကြောင်းကဲ့သို့ ထွက်တိုက် ခဲ့ကြသည်။
ဟုန်း….
ထိုတစ်ခဏတွင် အရာအားလုံး ငြိမ်သက်သွားပြီး အသံအားလုံး ပျောက်ကွယ်သွားခဲ့သည်။ ဝူရှန်း မြင်းစီးစစ်သည်သောင်းနှင့်ချီသော စစ်သည်များသည် သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် တုန်ဟီးသော စစ်စိတ်ဓာတ်ကို ထုတ်လွှတ်လိုက်ပြီး ချက်ချင်းပင် မူရင်းနေရာမှ ထွက်ခွာကာ လျှင်မြန်သောအမြန်နှုန်းဖြင့် ဆန့်ကျင်ဘက်ဆီသို့ ထိုးဖောက် တိုက်ခိုက် သွားခဲ့ကြသည်။
******
အခန်း (၁၈၆၂) ဝူရှန်း၏ ရဲစွမ်းသတ္တိ (အပိုင်း-၁)
“ဟေး နောက်ဆုံးတော့ ရောက်လာပြီလား”
တစ်ဖက်လူအုပ်ကြားမှ ဘာရှားသည် မြင့်တက်နေသော ထိုအရှိန်အဝါကို ခံစားမိပြီး အပေါ်သို့ မော့ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် အေးစက်၍ ရက်စက်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။
“ဒီလို ပြောနေတဲ့ ဝူရှန်း မြင်းစီးတပ်က တကယ် ဘယ်လောက် အစွမ်းထက်လဲဆိုတာ ငါ ကြည့်ရသေးတာပေါ့”
ဘာရှားသည် အာရပ်၏ အစွမ်းထက်ဆုံး မြင်းစီးတပ်ဖြစ်သည့် မမ်လူခ် မြင်းစီးတပ်သည် အရှေ့တိုင်း မှ မြင်းစီးတပ်တစ်ခုကို ရှုံးနိမ့်ခဲ့ကြောင်း ကြားသိခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
ဤသို့သော အခြေအနေမျိုးသည် အာရပ် အင်ပါယာ တစ်ခုလုံးတွင် တစ်ခါမျှ မဖြစ်ပွားဖူး ပေ။
အနောက်တိုင်း၏ ထိပ်တန်းစစ်ပွဲစွမ်းရည်က အရှေ့တိုင်းကို ရှုံးနိမ့်ခြင်းသည် အနောက်လောကတစ်ခုလုံးတွင် စိတ်ကူး၍ပင် မရနိုင်သည် ဖြစ်သည်။
ဤတိုက်ပွဲသည် မမ်လူခ် မြင်းစီးတပ်နှင့်သာမက အနောက်တိုင်း လောကတစ်ခုလုံး၏ မာနနှင့် ဂုဏ်သိက္ခာပါ သက်ဆိုင်နေသည်။
တာ့လာစ် စစ်ပွဲသည် အနောက်တိုင်းနှင့် စစ်ဗိုလ်ချုပ်အားလုံးအတွက် ကြီးမားသော အရှက်ရစရာဖြစ်ခဲ့သည်။ ထိုအရှက်ကို ဆေးကြောရန် အကောင်းဆုံးနည်းလမ်းမှာ ဝူရှန်းမြင်းစီးတပ်ကို အကုန်သတ်ဖြတ်ခြင်းနှင့် အရှေ့တိုင်းလောကတစ်ခုလုံးကို အောင်နိုင် ခြင်းပင် ဖြစ်သည်။
စကားပြောနေချိန်သည် လျင်မြန်လွန်း၍ ချက်ချင်းပင် ဘာရှားသည် မမ်လူခ် မြင်းစီးတပ် အားလုံးကို ဦးဆောင်လျက် စစ်မြေပြင် ရှေ့တန်းသို့ တိုက်ခိုက်နေချိန်တွင် မမျှော်လင့်သော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ မည်သည့် နိမိတ်မှ မပြဘဲ လေထုသည် ကျယ်လောင်သောဟိန်းသံများထွက်ပေါ်လာသည်။ နောက်တစ်ခဏတွင် ရှည်လျားသော ဒူးလေးမြှားများသည် ရုတ်ချည်းရောက်ရှိလာပြီး လေဟာနယ်ကို ဖြတ်သန်းကာ ဘာရှားနှင့် သူ၏ နောက်မှ မမ်လူခ် မြင်းစီးတပ် ဆီသို့ ပစ်ခတ်သွားသည်။
စစ်မြင်းများသည် ဟီသံ ပေးကြသည်။ ဓားသွားသည် သွေးသား ကို ထိုးဖောက်သည့် အသံများသည် နားထဲသို့ ဝင်ရောက်လာသည်။ မမ်လူခ် မြင်းစီးစစ်သည် ရာပေါင်းများစွာသည် အသံတစ်ချက်ပင် မထွက်နိုင်ဘဲ မြားထိပ်များဖြင့် ချက်ချင်းထိုးဖောက်ခံရကာ မြင်းကျောပေါ်မှ ပြုတ်ကျလျက် မြေပြင်ပေါ်သို့ လဲကျသွားသည်။
တစ်ချိန်တည်းမှာပင် ရှည်လျားသော ဒူးလေးမြှား လေးငါးချောင်းခန့်သည် ဘာရှားကို ပစ်မှတ်ထားကာ သူ့ဆီသို့ ပစ်ခတ်လာသည်။
အလင်းရောင်တစ်ချက် လက်သွားသည်။ လျှပ်စီးလက်သည့်နှယ်၊ မီးကျောက်ခတ်သည့်အလား အလွန်တိုတောင်းလှသော အချိန်အတွင်း သွေးရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေသည်။ ဘာရှားသည် သူ၏ လက်မောင်းရှည်ကို ဆန့်တန်းလိုက်ရာ ပစ်လွှတ်လိုက်သော ဒူးလေးမြှား လေးငါးချောင်းစလုံးကို လေထဲတွင်တင် ဖမ်းဆုပ်နိုင်ခဲ့ပြီး လေဟာနယ်ထဲ၌ပင် ရပ်တန့်သွားစေခဲ့သည်။
မဖြတ်နိုင်စရာမရှိဟု ကျော်ကြားသော ဒူးလေးမြှားများသည် ဘာရှားကို မည်သည့် ထိခိုက်မှုမျှ မဖြစ်စေနိုင်သည်ကို တွေ့ရသည်။
“ဝူဇီ သံမဏိလား၊ ဒါကြောင့် ဒီလောက် ထက်တာကိုး၊ ဥက္ကာခဲ သံချပ်ကာကိုတောင် ထိုးဖောက်နိုင်တာ”
ဘာရှားသည် လှည့်ကြည့်လိုက်ပြီး ဒူးလေးမြှားခေါင်းမှ ထွက်ပေါ်လာသော စူးရှသည့်အလင်းရောင်နှင့် ၎င်းပေါ်ရှိ ထူးခြားသော ပုံသဏ္ဌာန်များကို မြင်သောအခါ ချက်ချင်း အေးစက်စွာလှောင်ပြောင်လိုက်သည်။ သူသည် ၎င်းကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။
ဝူဇီ သံမဏိ…
ဤ ထူးခြားသော သံမဏိအမျိုးအစားသည် အလွန်ထက်သည်။ အာရပ်တစ်ခုလုံးတွင် မသိသူ မရှိ သလောက် ဖြစ်သည်။ ဘာရှားကဲ့သို့ အချိန်အကြာကြီး တံခါးပိတ် ကျင့်ကြံနေခဲ့သော အာရပ် ဗိုလ်ချုပ်ကြီးတစ်ဦးပင် ၎င်း၏ ထက်ရှမှုကို ဝန်ခံရသည်။
စိတ်မကောင်းစရာမှာ ဤထူးခြားသော လက်နက်ကို မဟာထန်န်ကသာ သတ္တု ပုံသွင်းနည်းကို ကျွမ်းကျင် ထားသည် ဖြစ်သည်။
ဤ အရှေ့ဘက်သို့ စစ်ချီမှုတွင် ဘာရှားအတွက် အရေးအကြီးဆုံး ရည်မှန်းချက် တစ်ခုမှာ မဟာထန်န်ကို သိမ်းပိုက်ပြီးနောက် ဝူဇီ သံမဏိ၏ သတ္တု ပုံသွင်းနည်းကို လုံးဝကျွမ်းကျင်သွားရန်နှင့် အာရပ် စစ်တပ်တစ်ခုလုံး၏ တိုက်ခိုက်ရေးစွမ်းရည်ကို နောက်ထပ် အဆင့် တစ်ခုသို့ တိုးမြှင့်ရန်ပင် ဖြစ်သည်။
ဤအတွေးများသည် သူ၏စိတ်ထဲတွင် လျင်မြန်စွာဖြတ်ပြေးသွားသည်။ ဘာရှားသည် မကြာမီ အမိန့် ပေးလိုက်သည်-
“ဖြန့်ခွဲ၊ထိုးဖောက် တိုက်ခိုက်ရေး ပုံစံ”
အမိန့် ပေးလိုက်သည်နှင့် မမ်လူခ် မြင်းစီးတပ်နှစ်သောင်းသည် ရုတ်တရက် ဖြန့်ခွဲ လိုက်ပြီး ဧရာမသတ္တဝါကြီး တပ်မတော် ပတ်ပတ်လည်ရှိ မဟာထန်န်စစ်တပ်များဆီသို့ တိုက်ခိုက်ရန် ပြေးဝင်သွားကြသည်။
ဤအချိန်တွင် မမ်လူခ် မြင်းစီးတပ်၏ တိုက်ခိုက်ရေး စွမ်းရည်သည် လုံးဝ ထင်ရှား လာခဲ့သည်။ ဧရာမသတ္တဝါကြီး တပ်မတော်ကို အသားဒိုင်းအဖြစ် အသုံးပြုထားသောကြောင့် ညာတောင်ပံရှိ မဟာထန်န် စစ်တပ်သည် ချက်ချင်း စစ်ရှုံးသွားသကဲ့သို့ ဖြစ်သွားသည်။
“သတ်”
မမ်လူခ် မြင်းစီးစစ်သည် ရာပေါင်းများစွာသည် အဖွဲ့ငယ်တစ်ခု ဖွဲ့စည်းကာ မဟာထန်န် ခြေလျင်တပ်၏ ကာကွယ်ရေးလိုင်းဆီသို့ ထိုးဖောက် ဝင်ရောက်သွားရာ ဓားသွား တစ်ခုထိုးသွင်း လိုက်သကဲ့သို့ ဖြစ်သွားသည်။
“အား”
ကြေကွဲဖွယ်အော်သံ တစ်သံကိုသာ ကြားရသည်။ မမ်လူခ် မြင်းစီးတပ် တစ်ဖွဲ့ ထိုးဖောက် ဝင်ရောက်လာပြီး မဟာထန်န် ဒိုင်းကိုင် စစ်သည်တစ်ဦးသည် ချက်ချင်း အော်ဟစ်လျက် ပြင်းထန်စွာ လွင့်စင် သွာခဲ့သည်။
သူတို့သည် အာရပ် မြင်းစီးတပ်၏ လှိုင်းလုံးများကို တားဆီးနိုင်သော်လည်း မမ်လူခ် မြင်းစီးတပ်၏ အလွန်ပြင်းထန်ပြီး အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားသော တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ပေ။
မမ်လူခ် မြင်းစီးစစ်သည် သောင်းချီသည် ပတ်ဝန်းကျင်ရှိ မဟာထန်န် စစ်သည်များကို စဉ်ဆက်မပြတ် ထိုးဖောက်နေခဲ့ရာ မည်သူမျှ မတားဆီး နိုင်ခဲ့ပေ။
“ဒီကောင်တွေ”
ဤမြင်ကွင်းကို မြင်သောအခါ အဝေးမှ စုဟန်ရှင်းနှင့်လီစီယီတို့သည် မျက်မှောင်ကြုတ် သွားကြသည်။
မမ်လူခ် မြင်းစီးတပ်သည် ဝူရှန်း မြင်းစီးတပ်ကို စွန့်ပယ်ပြီး အခြား မဟာထန်န် စစ်သည်များကို ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ခဲ့ပေ။ နှစ်ဖက်စလုံး ရောနှော တိုက်ခိုက်နေချိန်တွင် စုဟန်ရှင်းသည် ဆက်လက် တိုက်ခိုက်လျှင် မိမိဘက်သားများစွာ ထိခိုက်မည်မှာ သေချာသည်။ လီစီယီ အတွက်မူ မမ်လူခ် မြင်းစီးတပ်သည် နည်းဗျူဟာပြောင်းလဲပြီး ဧရာမသတ္တဝါကြီး တပ်မတော်နောက်တွင် ပုန်းအောင်းနေသောကြောင့် သူ၏ ဝူရှန်းမြင်းစီးတပ်သည် အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည်။
ဝူရှန်း မြင်းစီးတပ် ဆက်လက်တိုက်ခိုက်လိုပါက ဧရာမသတ္တဝါကြီး တပ်မတော်၏ တိုက်ခိုက်မှုကို တိုက်ရိုက် ရင်ဆိုင် ရမည် ဖြစ်သည်။ ဝူရှန်း မြင်းစီးတပ်သည် အပြည့်အစုံ လက်နက်တပ်ဆင်ထားသော်လည်း ခန္ဓာကိုယ် ကြီးမားသော ဧရာမသတ္တဝါများရှေ့တွင် အလွန် သေးငယ် နေသေးသည်။ ဧရာမသတ္တဝါများ ၏ ကြီးမားသော စွမ်းအားသည် ဝူရှန်း မြင်းစီးတပ် ကို ကြီးမားသော ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်သည်။
အကယ်၍ ပစ်ပယ်ထားပါက မမ်လူခ်မြင်းစီးတပ် ပါဝင်လာခြင်းကြောင့် ညာတောင်ပံသည် ပို၍ ခံနိုင်ရည် ရှိတော့မည်မဟုတ်ပေ။ ဧရာမသတ္တဝါကြီး တပ်မတော်နှင့် မမ်လူခ် မြင်းစီးတပ်တို့ ပူးပေါင်း လိုက်ပါက ညာဘက်ရှိ တပ်ဖွဲ့များကြားတွင် မတားဆီးနိုင်သော အင်အားကဲ့သို့ ဖြစ်လာနိုင်ပြီး လီစီယီနှင့် ဝူရှန်း မြင်းစီးတပ်သည် မိမိတို့၏ စစ်တပ် လုံးဝ ပြိုကွဲသည်ကို လက်ပိုက်ကြည့်နေရမည်သာ ဖြစ်သည်။
အများကြီး တွေးတောခြင်း မရှိဘဲ လီစီယီသည် ရှေ့သို့ ကြည့်နေရင်း သူ၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင် တစ်ချက် လက်သွားသည်။ ထို့နောက် သူ၏ နောက်ကျောမှ ဧရာမ ဝူဇီ သံမဏိ ဓားကို မဆိုင်းမတွ ဆွဲထုတ်လိုက်ပြီး တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။
“စစ်တပ် အားလုံး တိုက်ခိုက်”
လီစီယီသည် မြင်းဇက်ကို ရုတ်ချည်းလှည့်လိုက်ပြီးနောက်၊ လူနှင့်မြင်း တစ်သားတည်းဖြစ်ကာ လေထုကို ဟိန်းထွက်စေလျက် လျှပ်စစ်စွမ်းအင်တန်းတစ်ခုအလား ပြေးထွက်သွားလေသည်။ သူသည် ရှေ့တွင် တောင်တန်းကြီးများသဖွယ် ပိတ်ဆို့ထားသည့် ဧရာမသတ္တဝါကြီးများဆီသို့ ဦးတည်ကာ ရဲရဲဝံ့ဝံ့ စတင်ထိုးဖောက် တိုက်ခိုက်လေတော့သည်။ “သတ်”
သူ၏နောက်ဘက်တွင် ဝူရှန်း မြင်းစီးတပ် သောင်းနှင့်ချီသော စစ်သည်များသည် လိုက်ပါ လာကြသည်။ ဖုန်လုံးကြီးများ တဝုန်းဝုန်း ထကာ လီစီယီ နောက်သို့ လိုက်ပါလျက် ရှေ့သို့ ထိုးဖောက် တိုက်ခိုက်သွားသည်။
ပေတစ်ထောင်၊ ပေရှစ်ရာ၊ ပေငါးရာ…နှစ်ဖက်စလုံး၏ အကွာအဝေးသည် ပို၍နီးကပ် လာခဲ့သော်လည်း လီစီယီ ဦးဆောင်သော ဝူရှန်း မြင်းစီးတပ် သည် ရပ်တန့် မည့် လက္ခဏာ လုံးဝမပြခဲ့ပေ။ ဤပြတ်သားမှုနှင့် ရဲစွမ်းသတ္တိကြောင့် အဝေးမှဘာရှားပင် အလွန် အံ့အားသင့် ခဲ့ရသည်။
သို့သော် ခဏတာသာ ဖြစ်သည်။ ဘာရှားသည် အေးစက်စွာ ရည်မောလိုက်ပြီးနောက် လှည့်လိုက်ကာ မဟာထန်န်စစ်ဗိုလ်တစ်ဦးဆီသို့ တိုက်ခိုက်ရန် ပြေးဝင်သွားသည်။
“တကယ် မိုက်မဲတာပဲ၊ မင်း ဘယ်လောက် အစွမ်းထက်လဲဆိုတာ ငါ စောင့်ကြည့်ရသေးတာပေါ့”
ဧရာမသတ္တဝါများ၏ စွမ်းအားသည် အလွန် ကြီးမားသည်။ ၎င်းတို့၏ လှုပ်ရှားမှု တိုင်းသည် ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်သည်။ မည်သည့် မြင်းစီးတပ် မှ ခံနိုင်ရည် မရှိပေ။ ဝူရှန်း မြင်းစီးတပ်သည် ထိုးဖောက်လာသော်လည်း ဆုံးရှုံးမှုများစွာ ခံရမည်မှာ သေချာသည်။ ဘာရှားအတွက်မူ ၎င်းသည် သူ မြင်တွေ့လို သော အရာပင် ဖြစ်သည်။
ပေသုံးရာ၊ ပေနှစ်ရာ၊ တစ်ရာပေ
ကြီးမားသော ဧရာမမျောက်သတ္တဝါတစ်ကောင်သည် အမွေးများအလွန်ရှည်နေပြီး မျက်လုံးနှစ်လုံးသည် သွေးရောင်ဖြစ်နေသည်။ ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိပြီး ဟိန်းသံ တစ်ချက် ပေးလိုက်ကာ ကြီးမားသော ခန္ဓာကိုယ်ကို ရုတ်တရက် လှည့် လိုက်ကာ ရှေ့မှ ဝူရှန်း မြင်းစီးတပ်ကို ဖိအားပေးလိုက်သည်။ ထိုကြီးမားသော မျောက်လက်များ နှစ်ဖက်စလုံးသည် ဟင်းလင်း ပွင့်သွားပြီး ကောင်းကင်ကို ဖုံးအုပ်လိုက်သကဲ့သို့ဖြစ်လာကာ ဝူရှန်း မြင်းစီးတပ် ရာပေါင်းများစွာဆီသို့ ဦးတည်လျက် ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ဟီးး……
စစ်မြင်းများသည် ဟီသံ ပေးကြသည်။ လေပြေသည် ညင်သာစွာတိုက်ခတ်လာသည်။ ထိုဧရာမမျောက်လက်ကြီးများ မကျရောက်မီပင် ၎င်းတို့ ဖန်တီးသော ကြီးမားသော ဖိအားသည် မြေကြီးကို တုန်ခါစေပြီး လူကို အသက်ရှူကျပ်စေလုနီးပါး ဖြစ်သည်။ သို့သော် ဧရာမ မျောက်သတ္တဝါ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ကျစ်လစ်သော ဝူရှန်းမြင်းစီးတပ်သည် မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ အမြန်နှုန်းကိုပင် အနည်းငယ်မျှ မလျှော့ချခဲ့ပေ။
“ဒီကောင်တွေ တကယ် ဘာလုပ်နေတာလဲ”
ဤတစ်ခဏတာတွင် အဝေးမှ ဆာလက်ပင် ဤနေရာမှ အပြောင်းအလဲကို သတိပြုမိပြီး သူ၏မျက်လုံးများတွင် မေးခွန်းထုတ်မှု ပေါ်လာသည်။ ဝူရှန်း မြင်းစီးတပ်၏ လက်ရှိ လုပ်ရပ်သည် မိမိကိုယ်ကို သတ်သေခြင်းနှင့် လုံးဝ မကွာခြားပေ။
ပေငါးဆယ်၊ ပေသုံးဆယ်၊ ပေနှစ်ဆယ်
သို့သော် နောက်တစ်ခဏ တွင် မယုံနိုင်စရာကိစ္စ ဖြစ်ပေါ်လာသည်-
ကြီးမားသော မျောက်လက်ကြီးများ ကျရောက်သည့်ခဏတွင် ဝူရှန်းမြင်းစီးတပ် သောင်းနှင့်ချီသော စစ်သည်များသည် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ အလွန်ပြောင်းလွယ်ပြင်လွယ်ရှိသော နည်းလမ်းများဖြင့် ပတ်ပတ်လည်သို့ ဖြန့်ခွဲ ထွက်သွားပြီး နောက်ဆုံး အချိန်၌ ဧရာမမျောက်သတ္တဝါ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့သည်။
မြေကြီးက တုန်ခါသွားပြီး ဖုန်လုံးကြီးများ တဝုန်းဝုန်း ထလာသည်။ ဧရာမမျောက်သတ္တဝါ၏ ဧရာမလက်ဖဝါးကြီးနှစ်ဖက်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ရာ မာကျောသော မြေပြင်သည် ရွှံ့နွံကဲ့သို့ ပြိုကျ သွားပြီး အနက်တစ်ပေကျော်ရှိသော ဧရာမ လက်ဖဝါးရာကြီးကို ချန်ထားခဲ့သည်။
သို့သော် ဤဧရာမမျောက်သတ္တဝါ တိုက်ခိုက်ရန် အချိန်မရခင် အေးစက်သော အလင်းရောင် တစ်ချက် လက်သွားသည်။ ဓားသံများကြားတွင် ဧရာမ ဝူဇီ သံမဏိ ဓားတစ်လက်သည် ပေတစ်ဒါဇင်ကျော်မြင့်သော နေရာမှ ဖြတ်ချလာပြီး ဧရာမမျောက်သတ္တဝါ၏ ဦးခေါင်းထိပ်ပေါ်သို့ ပြင်းထန်စွာ ထိုးချလိုက်သည်။
နို့နှစ်ရောင် ဓားချီသည် ပကတိအသွင်သို့ စုစည်းလျက် ဧရာမမျောက်သတ္တဝါ၏ ဦးခေါင်းအတွင်းသို့ ဝင်ရောက်သွားသည်။ ပြင်းထန်သော နာကျင်မှုအောက်တွင် ထိုဧရာမမျောက်သတ္တဝါသည် ဦးတည်ရာကို ချက်ချင်းပြောင်းလဲလိုက်ပြီး ရူးသွပ်သွားသွားကာ ဦးခေါင်းထိပ်မှ ဧရာမသတ္တဝါ သတ်ဖြတ်သူဆီသို့ တိုက်ခိုက်ရန် ပြေးသွားသည်။
သို့သော် သူ၏ဧရာမလက်ဖဝါး မကျရောက်မီပင် လေထုသည် ဟိန်းသံပေးသည်။ ဧရာမ မြားပစ်စက်သည် နောက်တစ်ကြိမ် လှုပ်ရှားလာပြီး ဤဧရာမမျောက်သတ္တဝါကို ပြင်းပြင်းထန်ထန် ပစ်ခတ်ခဲ့သည်။
ထို့နောက် ဧရာမမျောက်သတ္တဝါသည် နောက်တစ်ကြိမ် အော်ဟစ်လာပြီး ဝူရှန်းမြင်းစီးတပ်ကို ဂရုစိုက်ရန် လုံးဝအချိန်မရတော့ချေ။
နောက်ဘက်တွင် ဧရာမခြေဖဝါးကြီးများသည် ကောင်းကင်ကို ဖုံးအုပ်လျက် စဉ်ဆက်မပြတ် ကျရောက်နေသည်။ ကြံ့ပုံသဏ္ဌာန် ဧရာမသတ္တဝါ၊ ခြင်္သေ့ပုံသဏ္ဌာန် ဧရာမသတ္တဝါ၊ ကျွဲရိုင်းပုံသဏ္ဌာန် ဧရာမသတ္တဝါ... အမျိုးမျိုးသော ဧရာမသတ္တဝါများသည် ဧရိယာတစ်ခုလုံးတွင် ပြန့်နှံ့နေသည်။ တစ်ခါတစ်ရံ ဧရာမသတ္တဝါများ သတိမမူဘဲ လှုပ်ရှားသောအခါ ခြိမ်းခြောက်မှုသည် ကြီးမားသွားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ လှုပ်ရှားမှုပုံစံကို ခန့်မှန်းရန် မဖြစ်နိုင်တော့သောကြောင့် ဖြစ်သည်။ ပေါ့ဆလိုက်ပါက ဧရာမသတ္တဝါများ၏ ခြေဖြင့် နင်းချေခြင်းကို အလွယ်တကူ ခံရနိုင်သည်။
ဤအဆင့်၏ တိုက်ပွဲတွင် မည်သည့် သံသယမျှ မရှိပေ။ ခြေဖြင့်နင်းချေ ခံရသည်နှင့် သေဆုံးခြင်းသာ ဖြစ်သည်။ ဝုစ်သံမဏိသံချပ်ကာရှိသော်လည်း၊ မိမိကိုယ်ပိုင် စွမ်းအား မည်မျှ မြင့်မားသည်ဖြစ်စေ၊ ခံနိုင်ရည် မရှိပေ။
သို့သော် ဤတစ်ခဏတာတွင် ဝူရှန်း မြင်းစီးတပ်သည် တိုက်ကြီးတစ်ခုလုံး ၏ ထိပ်တန်း မြင်းစီးတပ်ဖြစ်ကြောင်းကို စွမ်းအားအပြည့်ဖြင့် တကယ် ပြသလိုက်သည်။
ဝူရှန်း မြင်းစီးတပ် အားလုံးသည် လူနှင့်မြင်း တစ်သားတည်း ဖြစ်နေကြပြီဖြစ်သည်။ ဖြန့်ခွဲသော်လည်း ရှုပ်ထွေးမှု မရှိပေ။ တစ်ဦးချင်းစီသည် ကြောင်ရိုင်းကဲ့သို့ အလွန်ပြောင်းလွယ်ပြင်လွယ်ရှိသည်။ မည်သည့် ဦးတည်ရာမှ ဧရာမသတ္တဝါများ တိုက်ခိုက်သည်ဖြစ်စေ၊ မည်မျှပင် မမျှော်လင့်ဘဲဖြစ်စေ၊ ၎င်းတို့သည် အနည်းငယ်မျှသာ ကွာခြားသော အကွာအဝေးဖြင့် မလွဲမသွေ ရှောင်တိမ်း နိုင်ခဲ့သည်။
ဧရာမသတ္တဝါများ၏ ဟိန်းသံများကြားတွင် ဝူရှန်း မြင်းစီးတပ် အားလုံးသည် မည်သူမျှ မရှိသော နေရာသို့ ဝင်ရောက်သွားသကဲ့သို့ ဧရာမသတ္တဝါကြီး တပ်မတော်မှတစ်ဆင့် ချောမွေ့စွာ ဖြတ်သန်း သွားခဲ့ရာ မည်သူမျှ ထိခိုက်ဒဏ်ရာ မရခဲ့ပေ။ ဤသို့သော စွမ်းရည်ကို မမ်လူခ် မြင်းစီးတပ်ပင် မပြောနှင့် အဝေးမှ စောင့်ကြည့်နေသော အာရပ် ဘုရင်ခံချုပ်များနှင့် လက်ထောက် ဘုရင်ခံများပင် အံ့အားသင့်၍ မျက်လုံးများ ပြူးသွားခဲ့သည်။
ဝူဇီ သံမဏိ လက်နက်များ အပြည့်အစုံ တပ်ဆင်ထားသော ဤထူးခြားသော မြင်းစီးတပ်အကြောင်းကို ကြားသိခဲ့ရသော်လည်း တကယ်မြင်တွေ့ရသောအခါ ကြီးမားသော တုန်လှုပ်မှုကို ခံစားခဲ့ရသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ထိုဝူရှန်းမြင်းစီးတပ်ပြသသော အလျင်အမြန် ရွေ့လျားနိုင်မှုသည် ၎င်းတို့၏ သိမြင်မှုကို လုံးဝ ပြောင်းပြန် ဖြစ်စေခဲ့သည်။
မြင်းစီးတပ်သည် ရွေ့လျားနိုင်စွမ်းကို အရေးကြီးသည်ဟု ပြောသော်လည်း ၎င်းသည် ပြောင်းလွယ်ပြင်လွယ်မှုနှင့် ကွဲပြားသော ကိစ္စဖြစ်သည်။ ထို ဝူရှန်း မြင်းစီးတပ် ပြသသော စွမ်းရည်သည် မမ်လူခ် မြင်းစီးတပ်ပင် မလုပ်နိုင် လောက်ပေ။
တစ်ဖက်တွင်ရှိသော လီစီယီနှင့် ရွှယ်ချန်ကျွင်းတို့၏အမူအရာများကမူ ပုံမှန်အတိုင်းပင် ရှိနေ၏။
ဝူရှန်း မြင်းစီးတပ်သည် ဤသို့သော စွမ်းရည် ကို ပြသနိုင်ခြင်းသည် အလင်းကွင်းနှင့် မသက်ဆိုင်သလို ကျင့်ကြံသော သိုင်းပညာနှင့်လည်း မသက်ဆိုင်ပေ။ ၎င်းသည် ဝူရှန်းရွာသားများသည် တောင်မြင့်ကြီးများနှင့် ချောင်းကြီးများ၊ တောတောင် ထူထပ်သော ဒေသများတို့တွင် လေ့ကျင့် ထားသော ကိုယ်ခံပညာ ဖြစ်သည်။ ထိုသွက်လက်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိသော ကိုယ်ခံပညာကို အခြားသော မြင်းစီးတပ်နှင့် နှိုင်းယှဉ်၍ပင် မရနိုင်ခြင်း ဖြစ်သည်။
******
အခန်း (၁၈၆၃) ဝူရှန်း၏ ရဲစွမ်းသတ္တိ (အပိုင်း-၂)
“ဝုန်း”
ဝူရှန်းမြင်းစီးတပ်များသည် ဧရာမသတ္တဝါများ၏ ခြေရင်းမှ တရစပ် ဖြတ်သန်းသွားသည်ကို မြင်ရသည်။ ထိုအချိန်တွင် အဝေးမှ ဆင်ပုံသဏ္ဌာန် ဧရာမသတ္တဝါ၏ကျောပေါ်ရှိ မဟာဘုန်းတော်ကြီးသည်၏မျက်လုံးများသည် ရုတ်တရက် လှုပ်ရှားသွားသည်ကို မည်သူမျှ သတိမထားမိလိုက်ပေ။
တစ်ချိန်တည်းမှာပင် ညာတောင်ပံ စစ်မြေပြင်၊ စစ်တပ်ဖွဲ့အတွင်းမှ ကြံ့ပုံသဏ္ဌာန် ဧရာမသတ္တဝါ၏ကိုယ်ခန္ဓာသည် ရုတ်တရက် တုန်ခါသွားခဲ့သည်။ မူလက ဧရာမမြားပစ်စက်၏ပစ်ခတ်မှုကြောင့် သတိဖြင့် နောက်သို့ ဆုတ်ခွာ နေပြီး လူသူမရှိသော ကွက်လပ်တစ်ဖက်သို့ နင်းချေ နေခဲ့သော်လည်း ဤအချိန်တွင် ရုတ်တရက် ခေါင်းလှည့် လိုက်ပြီး ဝူရှန်း မြင်းစီးတပ် ရာပေါင်းများစွာ ပါဝင်သော အဖွဲ့တစ်ဖွဲ့ကို စိုက်ကြည့် လိုက်သည်။
၎င်း၏ ဧရာမ ခြေဖဝါးကြီး တစ်ဖက်သည်လည်း ရုတ်တရက် ဦးတည်ရာကို ပြောင်းလဲ လိုက်ပြီး အရင်ကထက် အဆများစွာ ပိုမြန်သော အရှိန်ဖြင့် ထိုဝူရှန်း မြင်းစီးတပ်အဖွဲ့ ထိုးဖောက်လာရာ ဦးတည်ရာသို့ နင်းချေရန် ချီတက်လာသည်။
ဤလုပ်ရှားမှုသည် မည်သည့်အချက်ပြမှုများ မပြဘဲ ဖြစ်ပေါ်လာသည်။ ဝူရှန်း မြင်းစီးတပ် အဖွဲ့ပင် အနည်းငယ် အံ့အားသင့်သော အမူအရာကို ပြသခဲ့ကြသည်။
ဧရာမသတ္တဝါများ၏လှုပ်ရှားမှုသည် ကျပန်းနှင့် ဆန္ဒအလျောက်ဖြစ်သောကြောင့် ရှောင်တိမ်းရ လွယ်ကူသည်။ ၎င်းသည် မပြောင်းလဲဘဲ၊ နက်နဲပြီး ခန့်မှန်းရခက်ခြင်းနှင့် လုံးဝကွဲပြားသည်။ နက်နဲပြီး ခန့်မှန်းရခက်သော ဧရာမသတ္တဝါတစ်ကောင်သည် သတ္တဝါဆယ်ကောင်ထက်ပင် ရင်ဆိုင်ရ ပိုခက်သည်။ သို့သော် နောက်တစ်ခဏတွင် ဧရာမသတ္တဝါ၏ ခြေဖဝါး မကျရောက်မီ ကြီးမားသော စိတ်စွမ်းအား တစ်ခုသည် ထောင့်ချိုးမှ လျှပ်စီးကြောင်းကဲ့သို့ ရောက်ရှိလာပြီး မိုးကြိုးကဲ့သို့သော အရှိန်ဖြင့် ထိုကြံ့ပုံသဏ္ဌာန် ဧရာမသတ္တဝါကို ထိမှန် ခဲ့သည်။ မူလက ပုံသဏ္ဌာန်မဲ့သော စိတ်စွမ်းအား သည် ကြံ့ပုံသဏ္ဌာန် ဧရာမသတ္တဝါကို ထိမှန်သည့် ခဏတွင် ကျယ်လောင်စွာ ပေါက်ကွဲသွားခဲ့ပြီး ဧရာမသတ္တဝါသည် ရုပ်ဝတ္ထုတစ်ခုခုနှင့် တိုက်မိသကဲ့သို့ နာကျင်စွာ အော်ဟစ်ခဲ့သည်။ ၎င်း၏ ဧရာမ ခြေဖဝါးသည် ပေအနည်းငယ်တိမ်းစောင်း သွားခဲ့ပြီး ကျယ်လောင်သောအသံဖြင့် အခြား ဦးတည်ရာသို့ နင်းချေလိုက်ရာ ထိုဝူရှန်း မြင်းစီးတပ် အဖွဲ့သည် ရှောင်တိမ်းနိုင်ခဲ့သည်။
“ဖျက်ဆီးခြင်းရဲ့ သားတော် ”
ခန့်ညားပြီး အလေးအနက်ထားဟန်မရှိသည့်သော အသံတစ်ခုသည် ဝမ်ချောင်၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ အဝေးမှ ဆင်ပုံသဏ္ဌာန် ဧရာမသတ္တဝါ ကျောပေါ်ရှိ မဟာဘုန်းတော်ကြီးသည် မူလက ကြံ့ပုံသဏ္ဌာန် ဧရာမသတ္တဝါကို ထိန်းချုပ်နေခဲ့သော်လည်း ဤအချိန်တွင် သူ၏အမူအရာသည် လေးနက်သွားပြီး ရုတ်တရက် လှည့်ကာ တစ်ဖက်ရှိ စစ်တပ်များကြားမှ ဝမ်ချောင်ကို ကြည့်ရှုလိုက်သည်။
ဝမ်ချောင်၏အာရုံခံစားနိုင်စွမ်းသည် အလွန်ထက်မြက်သည်။ လွန်ခဲ့သည့် တစ်ခဏက မဟာဘုန်းတော်ကြီးသည် ဧရာမသတ္တဝါများအချို့ကို ထိန်းချုပ်ကာ ဝမ်ချောင်၏ ဝူရှန်း မြင်းစီးတပ်ကို ပြင်းထန်စွာ ထိခိုက်စေလိုသော်လည်း ဝမ်ချောင်၏ တိုက်ခိုက်မှု တစ်ချက်ဖြင့် ဖျက်ဆီးခံလိုက်ရသည်။ စိတ်စွမ်းအား နယ်ပယ်တွင် မဟာဘုန်းတော်ကြီးကို ခြိမ်းခြောက်နိုင်ပြီး ယှဉ်ပြိုင်နိုင်သူမှာ ဝမ်ချောင်တစ်ဦးတည်းသာ ဖြစ်သည်။
မဟာဘုန်းတော်ကြီး၏ သားရဲထိန်းချုပ်ခြင်းပညာသည် မာစီရ်ထက် များစွာသာလွန်သည်။ ပုံမှန် အခြေအနေများတွင် မည်သူမျှ တားဆီး နိုင်မည်မဟုတ်ပေ။ စိတ်မကောင်းစရာမှာ အဏုစကြဝဠာ နယ်ပယ် အဆင့်သိုင်းသမားထက် ငါးဆမှ ခြောက်ဆပိုများသော စိတ်စွမ်းအားရှိသည့် ဝမ်ချောင်ကို တွေ့သောအခါ ဆန္ဒရှိသလို လုပ်ဆောင်ရန် မလွယ်ကူတော့ချေ။
“ဟွန်း… မဟာဘုန်းတော်ကြီးမင်းရဲ့ ပြိုင်ဘက်က ငါပဲ။ တကယ်လို့ တိုက် ချင်ရင်၊ ငါ မင်းကို ရင်ဆိုင် ပေးမယ်”
ဝမ်ချောင်သည် အေးစက်စွာ မြည်ဟည်းလိုက်ပြီး သူ၏စကားများသည် အလွန်လွှမ်းမိုးနိုင်စွမ်းရှိသည်။
မဟာဘုန်းတော်ကြီးသည် အနောက်တိုင်း လောကတစ်ခုလုံးတွင် နက်နဲပြီး လူတိုင်း လေးစားကြသော်လည်း ဝမ်ချောင်အတွက်မူ စိတ်ပိုင်းဆိုင်ရာနယ်ပယ်တွင် သူ့ကို ကြောက်ရွံ့ စေနိုင်သူ မည်သူမျှမရှိပေ။
လေဟာနယ်သည် ငြိမ်သက်နေသည်။ မဟာဘုန်းတော်ကြီးသည် တိတ်ဆိတ် နေခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်း အေးစက်သော အလင်းရောင်တစ်ခုသည် သူ၏ မျက်လုံးများထဲတွင် ဖြတ်သန်း သွားသည်။
နောက်တစ်ခဏတွင် ကြီးမားပြီး သဘာဝချင်း လုံးဝကွဲပြားသော စိတ်စွမ်းအား နှစ်ခုသည် လေဟာနယ်တွင် ပြင်းပြင်းထန်ထန် ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။ လက်တွေ့ စစ်မြေပြင်တွင် မည်သည့် အပြောင်းအလဲမျှ မရှိသော်လည်း စိတ်စွမ်းအား နယ်ပယ်တွင်မူ လောကမြေ လှန်ပစ်နေပြီ ဖြစ်ကြောင်း လူအနည်းငယ်သာ သိသည်။
အရှေ့နှင့် အနောက် အစွမ်းထက်ဆုံး စိတ်စွမ်းအားပညာရှင်နှစ်ဦးသည် ဤတစ်ခဏတာတွင် မသိသော လောကတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက် နေကြသည်။
...
ဝမ်ချောင်နှင့်မဟာဘုန်းတော်ကြီးတို့ အစွမ်းထက်ဆုံး စိတ်စွမ်းအားပညာရှင်နှစ်ဦး အကြား တိုက်ပွဲကို ဖော်ပြရန် မလိုပါ။ စစ်မြေပြင် ညာတောင်ပံတွင် ဝမ်ချောင်၏ ဝင်ရောက် စွက်ဖက်မှုနှင့် ကာကွယ်မှုကြောင့် ဝူရှန်း မြင်းစီးတပ်အားလုံးသည် မည်သည့် အတားအဆီးမျှ မရှိတော့ချေ။ ကျယ်လောင်သော ဟိန်းသံများကြားတွင် ဝူရှန်း မြင်းစီးတပ် သောင်းနှင့်ချီသော စစ်သည်များသည် စဉ်ဆက်မပြတ် ရှေ့သို့ ထိုးဖောက်နေသည်။ ခဏတာ အတွင်းတွင် ဝူရှန်း မြင်းစီးတပ် အားလုံးသည် ဧရာမသတ္တဝါကြီး တပ်မတော်မှတစ်ဆင့် ဖြတ်သန်း သွားခဲ့သည်။
သေမင်းကဲ့သို့ သတ်ဖြတ်လိုစိတ်ဖြင့် ထိုးဖောက်လာသော ဝူရှန်း မြင်းစီးတပ်ကို ရင်ဆိုင်ရသောအခါ နောက်မှ သတ်ဖြတ်လိုစိတ် ပြင်းပြနေသော အာရပ် မြင်းစီးတပ်သည် ချက်ချင်း ထိတ်လန့်သွားပြီး မျက်နှာများတွင် ကြောက်ရွံ့မှုပေါ်လာသည်။ ဘာရှား၏ မျက်လုံးများတွင်ပင် ပြင်းထန်သော စိုးရိမ်ပူပန်မှုပေါ်လာပြီး သူ၏ မူလ စစ်ဆင်ရေး နည်းဗျူဟာကို ပြောင်းလဲ လိုက်သည်။
“အားလုံး၊ ရန်သူကို ရင်ဆိုင် ဖို့ ပြင်ဆင်”
စစ်မြေပြင်တွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ မမ်လူခ် မြင်းစီးတပ်အားလုံးသည် နောက်တစ်ကြိမ် စုစည်းလာခဲ့ကြသည်။ သို့သော် ဤတစ်ကြိမ်တွင် အရှိန်အဝါသည် အရင်ကနှင့် အနည်းငယ် ကွဲပြား နေသည်။ ဝူရှန်း မြင်းစီးတပ် သည် ဧရာမသတ္တဝါများ ၏ တိုက်ခိုက်မှုကို စွန့်စား၍ မဆိုင်းမတွ ထိုးဖောက် လာခြင်းသည် လူတိုင်းကို မထင်မှတ်ထား ဖြစ်စေခဲ့သည်မှာ ထင်ရှား သည်။
စစ်မြင်းများသည် ဟီသံ ပေးကြသည်။ မမ်လူခ် မြင်းစီးတပ် နှစ်သောင်းကျော်သည် မူလက အရပ်ရပ်သို့ ပြန့်ကျဲနေသော်လည်း အမိန့်ရသည်နှင့် မြစ်များ ပင်လယ်ထဲသို့ စီးဝင်သကဲ့သို့ ချက်ချင်း စုစည်း နိုင်ခဲ့ကြပြီး ၎င်းတို့၏ အလွန်ကောင်းမွန်သော လေ့ကျင့်မှုနှင့် အရည်အသွေးကို ပြသခဲ့သည်။ သို့သော် ၎င်းတို့ စုစည်း ပြီးသည့် ခဏတွင် တစ်ဖက်မှ ဝူရှန်း မြင်းစီးတပ် နှစ်သောင်းခန့်သည် လျှပ်စီးလိုအရှိန်ဖြင့် ထိုးဖောက် ရောက်ရှိလာခဲ့သည်။
သံမဏိ ထောင်ပေါင်းများစွာသည် တပြိုင်နက် တုန်ခါသကဲ့သို့ ကျယ်လောင်သောဟိန်းသံ တစ်ချက်ကိုသာ ကြားလိုက်ရသည်။ ဝူရှန်း မြင်းစီးတပ် နှစ်သောင်းသည် အလွန်အစွမ်းထက် နေပြီ ဖြစ်သော်လည်း ထိုတစ်ခဏတွင် လီစီယီ၏ ကိုယ်ပေါ်မှ အလင်းရောင် တစ်ချက်လက်သွားသည်။ ကြီးမားပြီး တောက်ပသော အလင်းကွင်းတစ်ခုသည် သူ၏ ကိုယ်ပေါ်မှ ရုတ်တရက် ပေါက်ကွဲ ထွက်လာပြီး ဝူရှန်း မြင်းစီးတပ် အားလုံး၏ ခြေရင်းတွင် မြှင့်တင်ပေးလိုက်ရာ ဝူရှန်း မြင်းစီးတပ် အားလုံး၏ အရှိန်အဝါသည် နောက်တစ်ကြိမ် အဆင့်မြှင့်သွားသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့် မြေကြီးသည် ပုံမှန်မဟုတ်ဖြစ်ပေါ်လာသည်။ မရေမတွက်နိုင်သော မည်းမှောင်သော တိမ်တိုက်များ စုစည်းလာပြီး ဝူရှန်း မြင်းစီးတပ် ၏အထက် ကောင်းကင်တွင် ပေါ်ထွက်လာသည်။ မိုးကြိုးသည် မည်းမှောင်သော တိမ်တိုက်များ အတွင်းတွင် တိုက်ခတ် နေပြီး အောက်ရှိ ဝူရှန်းမြင်းစီးတပ် ၏ အရှိန်အဝါနှင့် ပေါင်းစပ်သွားသည်။
စစ်ပွဲ ခင်းကျင်း ပုံသဏ္ဌာန်…
လီစီယီသည် နောက်ဆုံးအချိန်အထိ ဤစွမ်းရည်ကို အသက်မသွင်းခဲ့ပေ။
“ဘာလဲ”
ဤမြင်ကွင်းကို မြင်သောအခါ ဘာရှားသည် အလွန်အံ့အားသင့်သွားပြီး သူ၏ မူလစိတ်ငြိမ်သက်မှုကို လုံးဝဆုံးရှုံးသွားခဲ့သည်။ အဗူမူစလင်ထံမှ မရပ်မနား ပြောဆိုသံကို ကြားခဲ့ရသော်လည်း နောက်ဆုံး ခဏအထိ စစ်ပွဲ ခင်းကျင်း ပုံသဏ္ဌာန်သည် မည်သည့်အရာ ဖြစ်သည်ကို ဘာရှား နားမလည်ခဲ့ပေ။ သို့သော် အရာအားလုံးသည် နောက်ကျ သွားခဲ့ပြီ ဖြစ်သည်။
သံမဏိများ အချင်းချင်းတိုက်မိသော ပြင်းထန်သောအသံများကြားတွင် လီစီယီသည် ရုတ်တရက် ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ ရွှယ်ချန်ကျွင်းနှင့် ဂိုဏ်းမှ သခင်အနည်းငယ် ပူးပေါင်းကြကာ ဘာရှားဆီသို့ တည့်တည့် ထိုးဖောက် သွားသည်။ သူ၏ ဧရာမ ဝူဇီ သံမဏိ ဓားသည် မိုးကြိုးကဲ့သို့ ခုတ်ချလာသညိ။ သူ၏ နောက်ဘက်တွင် ဝူရှန်း မြင်းစီးတပ် သောင်းနှင့်ချီသော စစ်သည်များသည် သိပ်သည်းပြီး ပင်လယ်ကဲ့သို့ ကျယ်ပြန့်နေသည်။ ၎င်းတို့သည် တည့်တည့် ထိုးဖောက် သွားရာ ဓားသွားတစ်ခုကဲ့သို့ မမ်လူခ် မြင်းစီးတပ်၏စစ်ခင်းပုံစံပုံစံထဲသို့ ပြင်းပြင်းထန်ထန် ထိုးသွင်း လိုက်သည်။
ထိုအချိန်အတွင်း ဝူရှန်း မြင်းစီးတပ် အားလုံး၏ အမူအရာများသည် အေးစက်ပြီး သံမဏိကဲ့သို့ မာကျောနေသည်။ သူတို့ရှေ့မှ ရန်သူများသည် သူတို့၏ စိတ်ထဲတွင် မည်သည့် လှုပ်ရှားမှုကိုမျှ မဖြစ်စေ နိုင်သကဲ့သို့ ဖြစ်သည်။ ၎င်းတို့သည် ရှုပ်ထွေးသော စစ်ခင်းပုံစံများကိုပင် မသုံးခဲ့ဘဲ ရိုးရှင်းသော ဓားသွား ပုံသဏ္ဌာန်စစ်ခင်းပုံစံကို ယူဆောင်၍ တည့်တည့် ထိုးဖောက်ခဲ့ကြသည်။
ထိုအမှန်တရားသည် သူတို့၏ မာနကြီးသော စိတ်ကို အတည်ပြုခဲ့သည်။ ၎င်းသည် တိုက်ကြီး တစ်ခုလုံး ၏ အစွမ်းထက်ဆုံး မြင်းစီးတပ်အဖြစ် သူတို့၏ စွမ်းရည်ကိုလည်း သက်သေပြ ခဲ့သည်။
“အား….”
မမ်လူခ် မြင်းစီးစစ်သည် တစ်ဦးသည် ရုတ်တရက် ကြေကွဲဖွယ်စရာ မျှော်လင့်ချက်မဲ့ပြီး အကူအညီမဲ့သော အော်ဟစ်သံကို ထုတ်လွှတ်လိုက်သည်။ သူသည် ဝူရှန်း မြင်းစီးတပ် အဖွဲ့တစ်ဖွဲ့နှင့် တိုက်မိခဲ့ပြီး သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးသည် လေထဲသို့ ပစ်တင် ခံလိုက်ရသည်။ ထိမိသည့် ခဏတွင်ပင် သူ၏ ခန္ဓာကိုယ်အတွင်းမှ အတွင်းပိုင်း ကိုယ်တွင်းအင်္ဂါများသည် ပြင်းထန်စွာ ထိခိုက်ကာ ကွဲကြေသွားခဲ့သည်။
သူ၏ နောက်ဘက်တွင် သိပ်သည်းသော မမ်လူခ် မြင်းစီးစစ်သည် မရေမတွက်နိုင်သော အရေအတွက်သည် ဆက်တိုက် လေထဲသို့ ပစ်တင် ခံလိုက်ရသည်။
ဤတည့်တည့် ထိပ်တိုက်ရင်ဆိုင်မှုတွင် နာမည်ကျော် မမ်လူခ် မြင်းစီးတပ်သည် လုံးဝ ပြိုင်ဘက် မဟုတ်ပေ။ ဘာရှားသည် သူတို့၏ စွမ်းရည်ကို များစွာမြှင့်တင် ပေးခဲ့သော်လည်း ဝူရှန်း မြင်းစီးတပ်၏ ဓားသွားရှေ့တွင် ၎င်းတို့သည် တောင်ပြိုကမ်းပြို စစ်ရှုံးခဲ့ပြီး နောက်တစ်ကြိမ် အရှက်ရဖွယ်ရာ ရှုံးနိမ့်မှုကို ရင်ဆိုင်ခဲ့ရသည်။
အေးစက်သော အလင်းရောင်တစ်ချက် လက်သွားသည်။ မမ်လူခ်မြင်းစီးစစ်သည်တစ်ဦးမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ၊ ဝူရှန်းစစ်သည်တစ်ဦး၏ဓားချက်သည် သူ၏ လည်ပင်းသံချပ်ကာအောက်ရှိ သေးငယ်သော အက်ကြောင်းအတွင်းသို့ တိုးဝင်ဖြတ်သန်းသွားလေသည်။ ထို့နောက် သွေးများ ပန်းထွက်လာကာ ကြီးမားသော ဦးခေါင်းပြတ်ကြီးသည် လေထဲသို့ မြင့်မားစွာ လွင့်စင်ပျံသန်းသွားတော့သည်။
“ဒါ... မဖြစ်နိုင်ဘူး”
ဘာရှားသည် သွားများကို ကြိတ်လိုက်သည်။ သူ၏မျက်လုံးများက ပြူးကျယ်နေကာ လုံးဝမယုံကြည်နိုင်သကဲ့သို့ ဖြစ်သည်။
အာရပ်လူမျိုးတိုင်းသည် မာနကြီးကြသည်။ အထူးသဖြင့် ၎င်းတို့၏ မဟာသူတော်စင် မျိုးဆက်အောက်မှ လူများ ဖြစ်ကြသည်။ ထို့ကြောင့်သာ ကြီးမားသော အာရပ် အင်ပါယာသည် ပင်လယ်နှင့် နီးစပ်သော နိုင်ငံငယ်တစ်ခုမှ ယခုကဲ့သို့သော ကြီးမားသော အင်ပါယာ အဖြစ်သို့ ပြောင်းလဲလာနိုင်ခြင်း ဖြစ်ပြီး လောကကြီးကို သိမ်းပိုက်ရန်နှင့် အောင်နိုင်ရန် ရည်မှန်းချက်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဝူရှန်း မြင်းစီးတပ်သည် ကြာမြင့်စွာ ရပ်ပြီးမှ နောက်ဆုံးတွင် အနိုင်ရ လျှင် ပြဿနာ မရှိ ပေ။ သို့သော် ဘာရှားသည် သူ အစွမ်းကုန် လေ့ကျင့် ထားသော မမ်လူခ်သည် ဤမျှလောက် အားနည်းနေလိမ့်မည်ဟု မည်သို့မျှ မထင်မှတ်ခဲ့ပေ။ မျက်နှာချင်းဆိုင် တွေ့ဆုံရုံမျှဖြင့် လုံးဝပြိုကွဲသွားခဲ့ပြီး ဤ ဝူရှန်း မြင်းစီးတပ်၏ ပြိုင်ဘက် လုံးဝ မဟုတ် တော့ချေ။
“အားးးး”
ဘာရှားသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ ခြေရင်းမှ အလင်းကွင်းသည် တုန်ခါသွားပြီး ကြီးမားသော အရှိန်အဝါတစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်ထဲရှိ ဧရာမ အာရပ် ဓားကောက်သည် တဝီဝီ မြည်ဟည်းကာ လေဟာနယ်တွင် ထူးဆန်းပြီး နက်နဲသော ဓားချက်များကို ဆွဲသွားသည်။ မိုးကြိုးကဲ့သို့သော အရှိန်ဖြင့် လီစီယီနှင့်ရွှယ်ချန်ကျွင်းတို့ဆီသို့ ပြင်းပြင်းထန်ထန် ခုတ်ချခဲ့သည်။ သူသည် ထိုသူများကို အစိတ်စိတ်အမြွှာမြွှာ ခုတ်ပိုင်း၍ စစ်တပ်ဖွဲ့အတွင်းသို့ ထိုးဖောက် ဝင်ရောက်ကာ ဤ တိုက်ပွဲ အခြေအနေကို ပြောင်းလဲ ရန် ကြိုးစားခဲ့သည်။
တောင်နှင့်မြစ် အဆက်မပြတ် ဖြတ်တောက်ခြင်း
လေနှင့် မိုးကြိုး ပုံသဏ္ဌာန်မဲ့
နှင်းတောင် နတ်ဆိုး လှံ ...
သို့သော် ဘာရှားကို တုံ့ပြန်သည်မှာ မုန်တိုင်းကဲ့သို့သော တိုက်ခိုက်မှုများ ဖြစ်သည်။ လီစီယီ၊ ရွှယ်ချန်ကျွင်းနှင့် ကော်ကျစ်ယီတို့သည် ချောမွေ့စွာ ပူးပေါင်းလိုက်ကြသည်။ ပြင်းထန်သော တိုက်ကွက်များသည် ဆက်တိုက် ရောက်ရှိလာပြီး ဘာရှားကို အလယ်တွင် တင်းတင်းကျပ်ကျပ် ပိတ်မိစေခဲ့ရာ လုံးဝ တစ်လှမ်းမျှပင် ရှေ့သို့ မတိုး နိုင်တော့ချေ။
ဘာရှားသည် ဒေါသထွက်နေသော ခြင်္သေ့ကဲ့သို့ ဖြစ်နေသော်လည်း လူအနည်းငယ်၏ ပိတ်ဆို့ရေးလိုင်းကို မချိုးဖျက် နိုင်ခဲ့ပေ။
စွမ်းအားအရ ကြည့်လျှင် လီစီယီ သို့မဟုတ် ကော်ကျစ်ယိတို့သည် ဘာရှား၏ပြိုင်ဘက် လုံးဝမဟုတ်သော်လည်း ခံနိုင်ရည်နှင့် ပူးပေါင်းဆောင်ရွက်မှုတို့တွင် ဝမ်ချောင်၏ လက်အောက်ခံများ ဖြစ်သောကြောင့် အလွန်အတွေ့အကြုံရှိကြသည်။
ထို့အပြင် ဘာရှား မသိသောအချက်မှာ စစ်ပွဲမစတင်ခင်ကတည်းက ဝမ်ချောင်သည် မမ်လူခ် မြင်းစီးတပ်သည် မဟာထန်န်အတွက် ပြင်းထန်သော ခြိမ်းခြောက်မှုဖြစ်လာမည် ဖြစ်ပြီး ခေါင်းဆောင် အသစ် ရှိလိမ့်မည်ဟု ဆုံးဖြတ်ထားခဲ့သည်။ ထို့ကြောင့် သူသည် လီစီယီ၊ ရွှယ်ချန်ကျွင်းနှင့် ကော်ကျစ်ယိတို့ကို သံမဏိမြို့တော်သို့ အထူး ခေါ်ယူ၍ ပူးပေါင်း လေ့ကျင့်မှုများကို ပြုလုပ်စေခဲ့သည်။
ကြိုတင်ပြင်ဆင်မှုရှိမှ အောင်မြင်နိုင်မည်၊ ပြင်ဆင်မှုမရှိဘဲ တိုက်ခိုက်ခြင်းသည် ပျက်စီးခြင်း၏ လမ်းစပင်။
ဘာရှား မသိခဲ့သည်မှာ နှစ်ဖက်စလုံး မတွေ့ဆုံ မီကတည်းက သူသည် အပြင်းအထန် ထိန်းချုပ်ခံထားရပြီ ဖြစ်သည်။
“သတ်”
ဘာရှား ပိတ်မိနေချိန်တွင် အခြားဝူရှန်း မြင်းစီးတပ်များသည် ဤအခွင့်အရေးကို ချက်ချင်း အရယူလိုက်ကြသည်။ စစ်တပ် သောင်းချီသည် ထိုးဖောက်သွားပြီး သိပ်သည်းသော မမ်လူခ် မြင်းစီးစစ်သည်သည် ပြင်းထန်သော တိုက်ခိုက်မှုများအတွင်းတွင် အဝတ်စုတ်အိတ်များကဲ့သို့ အဆက်မပြတ် လဲကျ သွာခဲ့ကြသည်။
သွေးအမြောက်အမြားသည် သူတို့၏ သံချပ်ကာအက်ကြောင်းများမှ ပန်းထွက်လာခဲ့သည်။
တာ့လာစ်စစ်ပွဲ၏ အတွေ့အကြုံကြောင့် ဝူရှန်းမြင်းစီးတပ်သည် သံမဏိသံချပ်ကာဝတ်ဆင်ထားသော ဤမမ်လူခ် မြင်းစီးတပ်ကို ကိုင်တွယ်ရန် အလွန်အတွေ့အကြုံရှိနေပြီ ဖြစ်သည်။
...
*****
အခန်း (၁၈၆၄) တားမြစ်ထားသည့် ပြင်းပြသော နေမင်း နယ်ပယ်
သို့သော် ဤအချိန်တွင် အခြားသော နယ်ပယ်၌ အသံမဲ့ စစ်ပွဲတစ်ခုသည်လည်း ပြင်းထန်မှုနှင့် အန္တရာယ်တို့တွင် တကယ့် စစ်မြေပြင်ထက် မသာရင်တောင် မလျော့အောင် ဖြစ်ပွားနေသည်။
လက်ရှိလောက၏ ထိပ်တန်းစိတ်စွမ်းအားရှင် ဝမ်ချောင်နှင့် မဟာဘုန်းတော်ကြီးတို့ နှစ်ဦးတို့သည် ခပ်ဝေးဝေး လေဟာနယ်တွင် မရပ်မနား တိုက်ခိုက်ခြင်းနှင့်ထိပ်တိုက်ရင်ဆိုင်ခြင်းများ ပြုလုပ်နေခဲ့ကြသည်။ သူတို့ ခွဲထုတ်ထားသော စိတ်စွမ်းအားများသည် စစ်သည်ထောင်ပေါင်းများစွာကဲ့သို့ တစ်ဦးကိုတစ်ဦး ရင်ဆိုင်တိုက်ခိုက်၊ သတ်ဖြတ်ပြီးနောက် ပျက်သုဉ်းသွားကြသည်။
သူတို့နှစ်ဦး၏ စိတ်စွမ်းအားသည် လောကကို ကျော်လွန်နေပြီဖြစ်သည်။ အင်ပါယာ ဗိုလ်ချုပ်ကြီးအဆင့်ရှိ စွမ်းအားရှင်များပင် သူတို့နှစ်ဦးရှေ့တွင် ပုရွက်ဆိတ် များကဲ့သို့ သေးငယ်နေသည်။
တစ်နည်းအားဖြင့် ၎င်းသည် နတ်ဘုရား စစ်ပွဲ ဖြစ်သည်။
ဝမ်ချောင်နှင့် မဟာဘုန်းတော်ကြီးတို့သည် နတ်ဘုရားများ ဖြစ်ကြပြီး အဏုစကြဝဠာ နယ်ပယ် အဆင့်အောက်ရှိ လူများသည် ပုရွက်ဆိတ်များသာ ဖြစ်ကြသည်။ သူတို့နှစ်ဦး၏ စိတ်စွမ်းအားသည် ကောင်းကင်တွင် လင်းလက်နေသော နေ သို့မဟုတ် လကဲ့သို့ ဖြစ်ပြီး အခြားသူများမှာ ကြယ်များ၊ ပိုးစုန်းကြူး မီးပွားများသာ ဖြစ်ကြသည်။ ဤစစ်ပွဲ၏ တစ်စိတ်တစ်ပိုင်းကိုပင် ချောင်းကြည့်ရုံမျှဖြင့် လူအများအပြားကို ကြောက်ရွံ့စေပြီး တုန်လှုပ်စေလောက်သည်။
“အရမ်းအစွမ်းထက်တဲ့ စိတ်စွမ်းအား ပါ၊ တကယ်တော့ အံ့သြစရာ ပါပဲ...”
ကောင်းကင်က မည်းမှောင်ပြီး ဟင်းလင်းသော စိတ်စွမ်းအားလောကတွင် မဟာဘုန်းတော်ကြီး၏အသံသည် ပေါ့ပါးပြီး ခန့်ညားလျက် စိတ်စွမ်းအားလောက၏ ထောင့်တိုင်း၌ ပဲ့တင် ထွက်လာသည်။
“စိတ်မကောင်းစရာက မင်း ငါ့ကို အနိုင်ယူ နိုင်မှာ မဟုတ်သေးဘူး”
“မင်းကို လေးစားရမယ်ဆိုတာ ဝန်ခံရပါမယ်။ အရှေ့တိုင်းဟာ ကိုယ်ခံပညာရဲ့ နိုင်ငံ ဖြစ်ပြီး စိတ်စွမ်းအားလေ့ကျင့်ရေး နည်းလမ်းတွေနဲ့အမွေအနှစ်တွေက ဒီမှာ ပြတ်တောက် နေတာ ကြာပြီ။ ဒါပေမဲ့ မင်းလို အစွမ်းထက်တဲ့ စိတ်စွမ်းအား ပညာရှင်တစ်ဦး ပေါ်ထွက်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး”
မဟာဘုန်းတော်ကြီးက ပြောလိုက်သည်။
“ဟွန်း မင်း မထင်ထားတဲ့ ကိစ္စတွေ အများကြီး ကျန်သေးတယ်။ အရှေ့တိုင်းမှာ အစွမ်းထက်တဲ့ စိတ်စွမ်းအားပညာရှင်များ သာမက မင်းကို အနိုင်ယူ နိုင်တဲ့သူတွေလည်း ရှိသေးတယ်။”
ဝမ်ချောင်၏အသံသည် ခေါင်းလောင်းသံကဲ့သို့ စိတ်စွမ်းအားလောက၏ နေရာလက်မတိုင်း၌ ပဲ့တင်ထွက်လာသည်။ စကားသံမဆုံးခင် ပိုင်ထီဝူးပေါ်ရှိ ဝမ်ချောင်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ချက် လက်သွားပြီး လျင်မြန်စွာ တိုက်ခိုက်လိုက်သည်။
တားမြစ်ထားသည့် ပြင်းပြသော နေမင်း နယ်ပယ်…
နောက်တစ်ခဏတွင် လောကသည် ကွဲကြေသွားသည်။ ဝမ်ချောင်၏ ကြောက်မက်ဖွယ် စိတ်စွမ်းအားသည် ရေလှိုင်းကဲ့သို့ ကျယ်ပြန့်စွာ ပျံ့နှံ့သွားပြီး မဟာဘုန်းတော်ကြီးကို လျင်မြန်စွာတိုက်ခိုက်သည်။
ဝမ်ချောင်နှင့် မဟာဘုန်းတော်ကြီးတို့သည် အမြဲတမ်းရင်ဆိုင်နေခဲ့ကြသော်လည်း ဤတစ်ကြိမ်တွင်မူ လုံးဝကွဲပြားခြားနားသည်။ တိုက်ခိုက်မှု၏ ပြင်းထန်မှုသည် တိုးပွား လာပြီး အဆင့်များစွာကို လျင်မြန်စွာ မြှင့်တင်လိုက်သည်။ ကောင်းကင်က ပြိုကျသည်။ မြေကြီး ကွဲအက်သည်။ အလင်းရောင်နှင့်အရိပ်များသည် မှားယွင်းသွားသည်။ ကြီးမားသော စွမ်းအားသည် မဟာဘုန်းတော်ကြီးကို ချက်ချင်း စိမ်းသက်သော နယ်ပယ်တစ်ခုထဲသို့ ဆွဲသွင်းလိုက်သည်။
အလင်းရောင် တစ်ချက် လက်သွားသည်။ ဤစိမ်းသက်သော နယ်ပယ်အတွင်းတွင် ပေါ်လာသော မဟာဘုန်းတော်ကြီးသည် မော့ကြည့်လိုက်ရာ မြို့တစ်မြို့ခန့် ကြီးမားသော ဧရာမနေမင်းကြီးကို မြင်လိုက်ရပြီး သူ၏မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားသည်။
အာရပ်တစ်ခုလုံးတွင် မဟာဘုန်းတော်ကြီးသည် နတ်ဘုရားကဲ့သို့သော တည်ရှိမှု ဖြစ်သည်။ မာစီရ်ပင် သူ့ကို အလွန်လေးစားခဲ့ပြီး ပုန်ကန်ရန် စိတ်ကူး အနည်းငယ်မျှပင် မရှိဝံ့ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မာစီရ်သည် ဤလောကတွင် မဟာဘုန်းတော်ကြီးကို ရင်ဆိုင်နိုင်သူ မည်သူမျှ မရှိသည်ကို နက်နက်ရှိုင်းရှိုင်း သိသောကြောင့် ဖြစ်သည်။
သို့သော် မာစီရ်သည် ဤလောကတွင် မဟာဘုန်းတော်ကြီးကို ရင်ဆိုင် နိုင်သူများ ရှိရုံမျှ မဟုတ်ဘဲ မဟာဘုန်းတော်ကြီး၏အသိစိတ်ကို ကိုယ်ခန္ဓာမှ ဆွဲထုတ်နိုင်ခဲ့ပြီး ပထမဆုံးအကြိမ်အတွက် နယ်ပယ်အတွင်းသို့ ဆွဲသွင်းနိုင်သူရှိမည်ဟု သူ မထင်မှတ်ခဲ့မိလောက်ပေ။
ဤအမှန်တရားသည် မဟာဘုန်းတော်ကြီ၏တည်ရှိမှုကို သိသူတိုင်းကို နက်နဲစွာ ထိတ်လန့်စေနိုင်သည်။
“မာစီရ်ရဲ့ မှတ်ဉာဏ်တွေက မှန်တယ်။ မင်းကို သူ မှန်းဆတာဟာ မများဘဲ လျော့တွက် ထားတာပဲ။ မင်း ပြင်းပြသော နေမင်းစိတ်ပိုင်းဆိုင်ရာ တားမြစ်ပညာကို ဖန်တီး ရုံသာမက မာစီရ်ဆီကနေ လေ့လာပြီး ပြင်းပြသော နေမင်း စိတ်စွမ်းအား နယ်ပယ်ကိုပါ ဖန်တီး ထားတာ မထင်ခဲ့ဘူး”
ခဏတာအတွင်းတွင် မဟာဘုန်းတော်ကြီးသည် သတိပြန်လည်လာခဲ့သည်။ ကောင်းကင်တွင် လင်းလက်နေကာ အဆုံးမရှိသည့် မြင့်မားသော အပူနှင့် အပူဓာတ်ကို ထုတ်လွှတ်နေရင်း အရာအားလုံးကို အငွေ့ပျံစေတော့မလို နေမင်းကြီးကို ကြည့်လျက် သူသည် စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည်။
“မင်း မာစီရ်ရဲ့ ရုပ်အလောင်းကို ရခဲ့လား”
ဝမ်ချောင်သည် မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။
တာ့လာစ် စစ်ပွဲတွင် မာစီရ်ကို သူမြေအောက်၌ သတ်ဖြတ်ခဲ့သည်။ ထိုနောက်ပိုင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ဝမ်ချောင်သည် ဂရုမစိုက်ခဲ့ပေ။ သို့သော် ယခု ကြည့်ရသည်မှာ မဟာဘုန်းတော်ကြီးသည် မာစီရ်၏ ရုပ်အလောင်းကို ရရှိခဲ့ပြီး အထူးနည်းလမ်း တစ်ခုခုကို အသုံးပြု၍ သူ၏ ဦးနှောက် မှ မိမိနှင့် ပတ်သက်သော မှတ်ဉာဏ်များကို ရယူခဲ့သည်မှာ ထင်ရှားသည်။
ဝမ်ချောင်နှင့် မာစီရ်အကြား တိုက်ခိုက်ခဲ့သည့် မြင်ကွင်းများ၊ အသုံးပြုခဲ့သော နည်းစနစ်များနှင့် စွမ်းအားများသည် မဟာဘုန်းတော်ကြီးအတွက် လျှို့ဝှက်ချက်မဖြစ်တော့သည်မှာ ထင်ရှားသည်။
ဝမ်ချောင်အတွက်မူ ၎င်းသည် ကောင်းသော အရာ လုံးဝ မဟုတ်ပေ။
တစ်ဖက်တွင် မဟာဘုန်းတော်ကြီးသည် တိတ်ဆိတ်နေခဲ့သည်။
“ဖျက်ဆီးခြင်းရဲ့သားတော်လို့ ခေါ်ဆိုထိုက်သည်ပဲ။ ဒါပေမဲ့ မင်း ငါ့ဆီကနေ လေ့လာ ထားတဲ့ နယ်ပယ် စွမ်းအားဟာ ငါ့ကို ပြန်လည် တိုက်ခိုက် နိုင်လိမ့်မယ်လို့ မထင်လိုက်နဲ့”
မဟာဘုန်းတော်ကြီးသည် ပေါ့ပါးစွာ ပြုံးလိုက်သည်။ နောက်တစ်ခဏတွင် သူ၏ လက်ဖဝါးသည် လှန်လိုက်ပြီး အပေါ်သို့ အနည်းငယ် မြှောက်လိုက်သည်။ ပတ်ဝန်းကျင် ပေရာပေါင်းများစွာအတွင်းရှိ လေဟာနယ်သည် ကွေ့လိမ်ပြီး ပြင်းထန်စွာလှုပ်ရှား လာခဲ့သည်။ တစ်ချိန်တည်းမှာပင် မဟာဘုန်းတော်ကြီး၏ လက်ဖဝါး အထက်တွင် တောက်ပသော အလင်းရောင် တစ်စက်သည် ရုတ်တရက် ပေါ်ထွက်လာပြီး လျင်မြန်စွာ အလင်းရောင် ထုတ်လွှတ်ကာ အပူဓာတ် ထုတ်လွှတ်ပြီး ပတ်ဝန်းကျင်သို့ ကျယ်ပြန့် လာခဲ့သည်။
နေအလင်းတန်း၊ နေကြတ်ခြင်း၊ နေအစက်အပြောက်များ…အမျိုးမျိုးသော အရာများသည် မဟာဘုန်းတော်ကြီး၏ လက်ထဲမှ ဆက်တိုက်ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ် အတွင်းတွင် ဝမ်ချောင်၏ထိတ်လန့်သော အကြည့်များကြားတွင် နောက်ထပ် နေမင်းတစ်လုံးသည် မဟာဘုန်းတော်ကြီး၏လက်ဖဝါးအထက်တွင် ထင်ရှားစွာ ပေါ်ထွက် လာပြီး အဆုံးမရှိ သော အလင်းရောင် နှင့် အပူဓာတ် ကို ဆက်လက် ထုတ်လွှတ် ခဲ့သည်။
“မဖြစ်နိုင်ဘူး”
ဤတစ်ခဏတာတွင် ဝမ်ချောင်၏ နှလုံးသားသည် ပြင်းထန်စွာ တုန်ခါ သွားသည်။ အာရပ် အင်ပါယာ၏ ဤနက်နဲသော မဟာဘုန်းတော်ကြီးသည် ဤမျှလောက် ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု သူ မထင်မှတ် ခဲ့ပေ။ သူ ဖန်တီး ထားသော နေမင်း ကို တစ်ချက်ကြည့် ရုံမျှဖြင့် နိယာမကို နားလည်သွားပြီး သူနှင့် လုံးဝတူညီသော နေမင်းတစ်လုံးကို ဖန်တီးနိုင်ခဲ့သည်။
“မာစီရ်ဟာ ဉာဏ်ရည် နည်းတယ်။ သူက စိတ်စွမ်းအားဟာ ယင်သဘာဝ ရှိတယ်လို့ ထင်ခဲ့တဲ့အတွက် မှောင်မိုက်တဲ့ မြေအောက် လောကကိုသာ ဖန်တီး နိုင်ခဲ့တာ”
မဟာဘုန်းတော်ကြီးသည် သူ၏လက်ထဲရှိ ဧရာမ နေမင်းကြီးကို ဖြည်းညှင်းစွာ လှည့်နေပြီး သူ၏ မျက်လုံးများတွင် ချီးကျူးမှု နှင့် လေးစားမှကို မဖုံးကွယ် ချေ-။
“ဒါပေမဲ့ မာစီရ်က စိတ်စွမ်းအားဟာ အရာအားလုံးကို ဖန်တီးနိုင်တယ်ဆိုတာ မသိခဲ့ဘူး။ ယန်သဘာဝရှိတဲ့ အရာတွေကိုလည်း ဖန်တီး နိုင်တယ်။ စိတ်စွမ်းအားရှင်တွေ နေမင်းကို မဖန်တီးနိုင်တာ စိတ်စွမ်းအားရဲ့ သဘာဝ ကြောင့် မဟုတ်ဘဲ နေမင်းဟာ အလွန်ဝေးကွာပြီး ဘယ်သူမှ နေမင်းရဲ့ တိကျတဲ့ ဖွဲ့စည်းပုံ နဲ့ နိယာမကို မသိတဲ့အတွက် ဖြစ်တယ်။ နိယာမကို နားမလည်ဘဲ မျက်စိစုံမှိတ် ဖန်တီး ရင် အလင်းရောင် ထုတ်လွှတ်တဲ့ ဘောလုံး တစ်လုံးကိုပဲ ဖန်တီးနိုင်မှာပဲ”
“မာစီရ်ရဲ့ အရည်အချင်းဟာ မလုံလောက် ဘူး။ ဒီအရာတွေကို သူ့ကို ပြောပြလည်း အသုံးမဝင်ဘူး။ ဒါပေမဲ့ သူ တာလာ့စ် မှာ မင်းနဲ့ တွေ့လိမ့်မယ်လို့ မထင်ခဲ့ဘူး”
မဟာဘုန်းတော်ကြီးက ပြောရင်း ကောင်းကင်တွင် ဝမ်ချောင်၏ စိတ်စွမ်းအားဖြင့် ဖန်တီး ထားသော နေမင်းကို ကြည့်ရှု လိုက်သည်။
“ဖျက်ဆီးခြင်းရဲ့ သားတော်လို့ ခေါ်ထိုက်တယ်။ ကိုယ်ပေါ်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိတယ်။ နေမင်းရဲ့ ဖွဲ့စည်းပုံကိုတောင် သိနိုင်တယ်။ ကောင်းကင် နတ်ဘုရား အဖွဲ့အစည်းက မင်းတို့ရဲ့ လျှို့ဝှက်ချက်တွေကို လုံးဝမသိနိုင်တာလည်း အံ့သြစရာမရှိ ဘူး။စိတ်မကောင်းစရာက မင်းက ဖျက်ဆီးခြင်းရဲ့ သားတော်ဖြစ်နေရင်တောင် စိတ်စွမ်းအား နယ်ပယ်မှာ ငါ့ကို ရင်ဆိုင်ချင်ရင် ကျွမ်းကျင်သူရှေ့မှာ တံခါးဝမှာ ပုဆိန်ထမ်းနေတာနဲ့ပဲ တူ တယ်”
မဟာဘုန်းတော်ကြီး၏စကားများသည် ပေါ့ပါးပြီး ရိုးရှင်းသော အမှန်တရား ကိ ဖော်ပြနေရုံမျှသာ ဖြစ်သည်။ စိတ်စွမ်းအားဤမျှလောက် ကြောက်မက်ဖွယ် အစွမ်းထက်သော ဝမ်ချောင်ရှေ့တွင် မဟာဘုန်းတော်ကြီးသာလျှင် ဤမျှ ယုံကြည်မှုရှိစွာ ပြောနိုင်ပေလိမ့်မည်။
“တကယ်လား”
ဝမ်ချောင်သည် သူ၏ မျက်လုံးများ ကျဉ်းမြောင်း သွားပြီးနောက် တစ်စုံတစ်ခုကို တွေ့ရှိ သကဲ့သို့ အေးစက်စွာ ရယ်မော လိုက်သည်-
“ဒါဆိုရင် မင်း ဘယ်လောက် အစွမ်းထက် လဲဆိုတာ ငါ့ကို ပြ ပါဦး”
ဝမ်ချောင်သည် အတွေးတစ်ချက်သာ ပြုလုပ်လိုက်သည်။ နောက်တစ်ခဏတွင် ကောင်းကင်မှ တဝုန်းဝုန်း တောက်ပနေသည့် မြို့တစ်မြို့ခန့် ကြီးမားပြီး အဆုံးမဲ့ အပူဓာတ်နှင့် မြင့်မားသော အပူချိန်ကို ထုတ်လွှတ်နေသော ဧရာမ နေမင်းကြီးသည် အောက်ဘက်ရှိ မဟာဘုန်းတော်ကြီးဆီသို့ ပြင်းပြင်းထန်ထန် ရိုက်ချ လာခဲ့သည်။
တဝုန်းဝုန်း မြည်ဟည်းသံများသည် မရပ်မနားဖြစ်သည်။ ထိုတစ်ခဏတွင် လောကတစ်ခုလုံးသည် ဤ ကြောက်မက်ဖွယ် စွမ်းအားကို မခံနိုင်သကဲ့သို့ တုန်ခါ လာသည်။
အောက်ဘက်တွင် မဟာဘုန်းတော်ကြီး၏ မျက်နှာသည် တည်ငြိမ်နေသည်။ ဝမ်ချောင်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ သူသည် လက်ညှိုးကို ပုတ်လိုက်ရုံသာ ဖြစ်သည်။ နောက်တစ်ခဏတွင် သူ၏ လက်ဖဝါး အထက်ရှိ နေမင်းသည်လည်း မြည်ဟည်းလျက် လေထုကို ဖြတ်သန်းကာ ကောင်းကင်မှ နေမင်း ဆီသို့ တိုက်ခိုက်ရန် ပြေးထွက်သွားသည်။
မျက်စိတစ်မှိတ်အတွင်းတွင် ကျယ်လောင်စွာ တုန်ဟီးသော အသံကိုသာ ကြားရသည်။ နေမင်း နှစ်လုံးသည် ကောင်းကင်တွင် ပြင်းထန်စွာ ထိပ်တိုက်တွေ့ခဲ့ကြသည်။
ထိုတစ်ခဏတွင် ကောင်းကင်နှင့် မြေကြီးသည် ငြိမ်သက်သွားသည်။ အရာအားလုံး အသံမဲ့သွားပြီး အချိန်ပင် ရပ်တန့်သွားသကဲ့သို့ ဖြစ်သည်။ နောက်တစ်ခဏတွင် ကောင်းကကင် တုန်ဟီးသည်။ အဆုံးမဲ့ အပူဓာတ်သည် မျက်စိကျိန်းသော အလင်းရောင် နှင့်အတူ အရပ်မျက်နှာ အားလုံးဆီသို့ ဖြာထွက်လာခဲ့သည်။
တိုက်ကြီး တစ်ခုလုံးတွင် ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ တူညီသော သဘာဝ ရှိသော စွမ်းအား နှစ်ခုသည် မည်သည့်ဟန်ဆောင်မှုမျှ မရှိဘဲ ပြင်းပြင်းထန်ထန် ထိပ်တိုက်တွေ့ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် နေမင်းကဲ့သို့သော စိတ်စွမ်းအား နယ်ပယ်တွင် တစ်ခါမျှ မပေါ်ပေါက်ဖူး သော စွမ်းအားမျိုး ဖြစ်သည်။
စွမ်းအား နှစ်ခု ထိပ်တိုက်တွေ့ သောအခါ ခဏတာ အတွင်းတွင် မဟာဘုန်းတော်ကြီး၏ စိတ်စွမ်းအားဖြင့် စုစည်းထားသော နေမင်းသည် လုံးဝကွဲကြေကာ ပျက်သုဉ်း သွားခဲ့သည်။ ဝမ်ချောင်၏ နေမင်းသည် အနည်းငယ် သေးငယ်သွားပြီး အလင်းရောင်တစ်ဝက် မှိန်သွားခဲ့သော်လည်း အရင်ကနှင့် မလျော့သော အရှိန်ဖြင့် အောက်ဘက်ရှိ မဟာဘုန်းတော်ကြီးဆီသို့ လျှပ်စီးကြောင်း ကဲ့သို့ ထိုးဖောက် သွားခဲ့သည်။
“မင်း အရမ်း ရိုးရှင်းတယ်လို့ ထင် နေတာပဲ။ မင်း ငါ့ရဲ့နေမင်းကို လေ့လာ နိုင်ရင်တောင် ဘာဖြစ်လဲ၊ ပုံသဏ္ဌာန် တူပေမဲ့ အနှစ်သာရ မတူဘူး။ ပုံသဏ္ဌာန်သာတူပြီး အနှစ်သာရ မတူရင် မင်း ဘယ်လိုလုပ် ငါ့ကို ရင်ဆိုင် နိုင်မှာလဲ”
ဝမ်ချောင်၏ အေးစက်စက်ရယ်မောသံသည် လောကတစ်ခုလုံးတွင် ပဲ့တင် ထွက်လာသည်။
မဟာဘုန်းတော်ကြီး၏ စွမ်းရည်သည် ဝမ်ချောင်၏ဘဝတွင် တစ်ခါမျှ မမြင်ဖူး သောအရာ ဖြစ်သည်မှာ သေချ သည်။ ပြင်းပြသော နေမင်းကဲ့သို့သော ထူးခြားသော စိတ်ပိုင်းဆိုင်ရာ တားမြစ်ပညာသည် တိုက်ကြီးတစ်ခုလုံး၏ သမိုင်းတွင် တစ်ခါမျှ မပေါ်ပေါက်ဖူးသေးပေ။ မဟာဘုန်းတော်ကြီးအပါအဝင် စိတ်စွမ်းအားပညာရှင်များအတွက်မူ ၎င်းသည် ဝင်ရောက်ရန် ခက်ခဲသော နယ်ပယ ဖြစ်သည်။ သို့သော် မဟာဘုန်းတော်ကြီးသည် တစ်ကြိမ်သာ ကြည့်ခဲ့ရသော်လည်း နေမင်း၏ နိယာမကို နားလည်သွားခဲ့ပြီး ဝမ်ချောင်၏ စိတ်စွမ်းအားလောကတွင် လုံးဝတူညီသော နေမင်တစ်လုံးကို ပုံသွင်းနိုင်ခဲ့ခြင်းမှာ အံ့သြစရာ ဖြစ်သည်။
သို့သော် မည်သည့် နားလည်မှုမဆို ကန့်သတ်ချက်နှင့် ဖြစ်စဉ်တစ်ခု ရှိသည်။ မဟာဘုန်းတော်ကြီး၏ အရည်အချင်းသည် မည်မျှပင် မြင့်မားစေကာမူ ဝမ်ချောင်၏ ပြင်းပြသော နေမင်း တားမြစ်ပညာကို ချက်ချင်း ကျွမ်းကျင်ရန် လုံးဝမဖြစ်နိုင် ပေ။
နေမင်း နှစ်လုံးသည် တူညီသကဲ့သို့ ထင်ရသော်လည်း အသေးစိတ်တွင် ကြီးမားသော ကွာခြားချက်များ ရှိသည်။ အနည်းဆုံးတော့ မဟာဘုန်းတော်ကြီးသည် နေမင်း၏ လည်ပတ်မှု နိယာမကို လုံးဝနားမလည် နိုင်ခဲ့ပေ။ သူ စုစည်း ထားသော နေမင်းသည် ဝမ်ချောင်၏စွမ်းအား၏ လေးပုံတစ်ပုံအထိသာ အများဆုံး ရောက်ရှိခဲ့သည်။
ဒါကြောင့်မို့ ဝမ်ချောင်သည် သူ၏ တားမြစ်ပညာ နေမင်းကို မဆိုင်းမတွ ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။
ဝမ်ချောင်၏နေမင်းသည် ဒုတိယနေမင်းကို ကွဲကြေအောင် ပြုလုပ်ပြီးနောက် အရှိန် မလျော့ဘဲ အဆုံးမဲ့ အပူဓာတ်နှင့် မြင့်မားသော အပူချိန်တို့ဖြင့် အောက်ဘက်ရှိ မဟာဘုန်းတော်ကြီးဆီသို့ ပြင်းပြင်းထန်ထန် ရိုက်ချလာခဲ့သည်။
ဤတစ်ကြိမ်တွင် မဟာဘုန်းတော်ကြီးသည် သိသာစွာ အံ့အားသင့်သွားသည်။ သူသည် ထိုနေရာတွင် ငေးမောရပ်နေခဲ့ပြီး တုံ့ပြန် ရန် အချိန်မရမီပင် ထိုဧရာမ နေမင်းကြီးသည် သူ့ကို ပြင်းပြင်းထန်ထန် ထိမှန်ခဲ့သည်။ မျက်စိကျိန်းသော အလင်းရောင်နှင့် အဆုံးမဲ့ အပူဓာတ်တို့သည် ချက်ချင်းပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး စိတ်စွမ်းအားလောကတစ်ခုလုံးကို ဖြာထွက်စေသည်။
အလင်းရောင်နှင့် အပူဓာတ်အားလုံး ပျောက်ကွယ်သွားသောအခါ ဝမ်ချောင်၏ စိတ်စွမ်းအားလောကသည် ချက်ချင်း ငြိမ်သက် သွားပြီး အဆုံးမရှိသော မှောင်မိုက်မှု သာ ကျန်ရစ်ခဲ့သည်။
******
အခန်း (၁၈၆၅) အဗူမူစလင်စတင် တိုက်ခိုက်ခြင်း
အလွန်အမင်း တိတ်ဆိတ်သွားသည်။
ဤတစ်ခဏတွင် အချိန်ပင် ရပ်တန့်သွားသကဲ့သို့ ဖြစ်သည်။ ဝမ်ချောင်သည် မျက်လုံးများကို မှေးစင်းကာ သူ၏ စိတ်စွမ်းအား ဖြင့် လောကတစ်ခုလုံးကို စူးစမ်းလိုက်သည်။ သို့သော် နောက်တစ်ခဏတွင်…
“မဖြစ်နိုင်ဘူး”
ပေါက်ကွဲရာ နေရာမှ ရင်းနှီးသော ပုံရိပ်တစ်ခုကို ခံစားမိသောအခါ ဝမ်ချောင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မျက်နှာသည် ရုတ်တရက် ပြောင်းလဲ သွားသည်။
မဟာဘုန်းတော်ကြီး…
ဝမ်ချောင်၏နေမင်းတားမြစ်ပညာ ပေါက်ကွဲမှု တိုက်ခိုက်ခြင်းကို ခံယူပြီးနောက် မဟာဘုန်းတော်ကြီးသည် အနက်ရောင် ဝတ်ရုံဖြင့်ပင် ဆံပင် တစ်မျှင်မျှ မထိခိုက်ဘဲ ထိုနေရာတွင် ရပ်တည် နေဆဲဖြစ်သည်။ ထိုကြီးမားသော တိုက်ခိုက်မှုသည် သူ့အပေါ် မည်သည့် သက်ရောက်မှုမျှ မရှိ သကဲ့သို့ ထင်ရသည်။
“တကယ်တော့ အထင်ကြီးစရာပဲ”
ဤအချိန်တွင် မဟာဘုန်းတော်ကြီးသည် မော့ကြည့်လိုက်သည်။ သူ၏ ပေါ့ပါးသော အသံသည် အလွန်ခန့်ညားလျက် လောကတစ်ခုလုံးတွင် ပဲ့တင်ထွက်လာသည်။
“တာ့လာစ် စစ်ပွဲကနေ အခုအချိန်ထိ တစ်နှစ်လောက်ပဲ ရှိသေးတယ်။ မင်း ဒီအဆင့်ထိ ကြီးထွား လာနိုင်တာပဲ။ ဒီ နေမင်း တစ်လုံးတည်းနဲ့ပဲ မင်းဟာ သမိုင်းတစ်လျှောက် ကမ္ဘာ့ အစွမ်းအထက်ဆုံး စိတ်စွမ်းအားပညာရှင်များထဲက တစ်ဦးဖြစ်လာနိုင်ပြီ။ ဒါပေမဲ့ မင်းက အရမ်းငယ်သေးတယ်။ ငါ ပြောခဲ့သလိုပဲ၊ လက်ရှိ မင်းဟာ ငါ့ကို ခြိမ်းခြောက် နိုင်တဲ့ စွမ်းရည် မရှိ သေးဘူး။ တပည့်ဆီက သင်ယူ ထားတဲ့ စွမ်းရည်နဲ့ ဆရာကို ပြန်တိုက်ခိုက်ဖို့ သုံးလို့ရမယ်လို့ မင်း တကယ် ထင် နေတာလား”
မဟာဘုန်းတော်ကြီးက ပြောရင်း သူ၏ မျက်လုံးများတွင် အလွန် အန္တရာယ်ရှိသော အမူအရာတစ်ခု ရုတ်တရက် လက်ခနဲ ပေါ်လာသည်။
နောက်တစ်ခဏတွင် ဝမ်ချောင်၏အကြည့်များထဲ၌ မဟာဘုန်းတော်ကြီးသည် ရုတ်တရက် လက်ညှိုး တစ်ချောင်း ကို ဆန့်ထုတ် လိုက်သည်။ သေးငယ်နေရာမှ ကြီးမားလာကာ လေဟာနယ်ကို လျင်မြန်စွာ ညွှန်ပြလိုက်သည်။ မြေကြီးက တုန်ခါသည်။ ကောင်းကင်က တုန်လှုပ်သည်။ ထိုပေါ့ပေါ့ပါးပါး၊ ဂရုမစိုက်သော ညွှန်ပြမှုသည် ကောင်းကင် ပြိုကျခြင်းနှင့် မြေကြီး ပျက်စီးခြင်းကဲ့သို့သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ဝမ်ချောင်၏ ကြီးမားသော စိတ်စွမ်းအားဖြင့် စုစည်းထားသော လောကသည် အလွန် ခိင်မာ နေသော်လည်း ဤတစ်ခဏတွင် မမြင်နိုင်သော ဧရာမလက်ဖဝါးတစ်စုံ၏ ထိုးနှက်ချက်ကို ခံရသကဲ့သို့ ပြင်းထန်စွာ တုန်ခါလာခဲ့သည်။
တဝီဝီ မြည်ဟည်းသံများသည် မရပ်မနား ဖြစ်သည်။
“မကောင်းတော့ဘူး”
ဝမ်ချောင်သည် စိတ်ထဲတွင် တုန်လှုပ်သွားပြီး ပြင်းထန်သော အန္တရာယ် ခံစားချက် တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။ သို့သော် အချိန်မီ သွားခဲ့ပြီ။
မဟာဘုန်းတော်ကြီး၏ ဤရိုးရှင်းသော လက်ညှိုးထိုးမှုသည် ဝမ်ချောင်၏ ခမ်းနားထည်ဝါသော နေမင်းထက် ပို၍ကြောက်ဖို့ကောင်းပြီး အန္တရာယ်များသည်။
ကလပ် ကလပ်၊ ကြီးမားသော အက်ကွဲသံများသည် ပတ်ဝန်းကျင် အရပ်မျက်နှာ အားလုံးမှ ထွက်ပေါ်လာသည်။ အသက်တစ်ချက်ရှူစာအကြာတွင် စိတ်စွမ်းအားလောကတစ်ခုလုံးသည် မဟာဘုန်းတော်ကြီး၏ စွမ်းအားကို မခံနိုင်တော့ဘဲ ချက်ချင်း အက်ကွဲကြောင်းများ မရေမတွက်နိုင်အောင် ကွဲအက်သွားပြီးနောက် မှန်တစ်ချပ်ကဲ့သို့ လုံးဝ ပျက်စီး သွားသည်။
ကျယ်လောင်သောအသံ တစ်ခုနှင့်အတူ ဝမ်ချောင်၏ ပြင်းပြသော နေမင်းနယ်ပယ်သည် ချက်ချင်း ပျက်စီး သွားသည်။
...
အခြားတစ်ဖက်တွင် ဝမ်ချောင်နှင့် မဟာဘုန်းတော်ကြီးတို့သည် ပြင်းထန်ပြီး အန္တရာယ်ရှိသော စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲတွင် နှစ်မြှုပ်နေစဉ် မြေပြင်ပေါ်၌ မဟာထန်နှင့် အာရပ်အကြား တိုက်ပွဲသည်လည်း ပိုမို ပြင်းထန် လာခဲ့သည်။
“သတ်”
တိုက်ခိုက်သံများသည် လောကကို တုန်လှုပ်စေသည်။ အာရပ် စစ်သည်တော်များသည် ဒီရေလှိုင်း များကဲ့သို့ မရပ်မနား တရွေ့ရွေ့ လာနေသည်။ အာရပ် အင်ပါယာ၏ အရေအတွက် အားသာချက်သည် စတင်သက်ရောက်မှု ရှိလာသည်။ ရှေ့တန်းတွင် စစ်သည်တော် မည်မျှပင် လဲကျစေကာမူ အာရပ် စစ်သည်တော် အမြောက်အမြား သည် နောက်မှ ဆက်လက် လိုက်ပါလာပြီး လုံးဝမကုန်နိုင်သကဲ့သို့ထင်ရသည်။
မဟာထန်သည် အရပ်မျက်နှာ အားလုံးမှ အလွန်ကြီးမားသော ဖိအားကို ရင်ဆိုင်နေရသည်။
“ခုခံ ထား”
“လေးသမား တပ်စု ပစ်”
“ဓားနဲ့ဒိုင်းကာစစ်သည် မြင်းခြေထောက် ကို”
“ပုန်းအောင်းဖို့ ဂရုစိုက်”
...
အော်ဟစ်သံများသည် ကောင်းကင်နှင့် မြေကြီး ကို ပဲ့တင် ထွက်လာသည်။ လူတိုင်းသည် သန်းပေါင်းများစွာသော အာရပ် စစ်သည်တော်များ ဖြင့် ဖွဲ့စည်းထားသော ရေစီးကြောင်းကို တားဆီးရန်အတွက် အစွမ်းကုန် ကြိုးပမ်းနေကြသည်။ ဤပြန့်ကျဲနေသော အရပ်မျက်နှာ အားလုံးမှ စုဝေးလာသော အာရပ် စစ်သည်တော်များသည် မြို့ရိုး၏ အက်ကွဲကြောင်းများကို ဖြတ်ကျော်ကာ ရူးသွပ်စွာ တိုက်ခိုက်နေကြသည်။
မဟာထန်၏ ကာကွယ်ရေးလိုင်းသည် ဤ တိုက်ခိုက်မှုအောက်တွင် ဆက်လက် ကျုံ့ဝင်ပြီး နောက်ဆုတ်နေရသည်။
“ဟောင်းးးး”
ကျယ်လောင်သော ဟောက်သံ တစ်ခု ကြားရသည်။ မဟာထန် စစ်တပ်၏ အလယ်ဗဟို တွင် ဧရာမ ဘီလူးတစ်ကောင်သည် ဒေါသတကြီး ဟိန်းဟောက်လျက် ရုတ်တရက် နောက်သို့ လှည့်လာသည်။ ကြီးမားပြီး မာကျောသော လက်တစ်ဖက်သည် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ရာ မဟာထန် ဧရာမ မြားပစ်စက်တစ်စီးကို ကွဲအက် သွားစေသည်။
ဤ ဧရာမ မြားပစ်စက်များကို သံမဏိဖြင့် လုံးဝတည်ဆောက်ထားပြီး ခိုင်မာစေရန်အတွက် အားဖြည့် ထားသော်လည်းဧရာမ ဘီလူးသတ္တဝါ၏ လက်သီးချက်ကို မခံနိုင်ခဲ့ပေ။ မရေမတွက်နိုင်သော အစိတ်အပိုင်းများ နှင့် အစအနများသည် ပတ်ဝန်းကျင် အရပ်မျက်နှာ အားလုံးဆီသို့ ပြန့်ကျဲသွားသည်။
ဆက်လက်၍ အခြားသော အရပ်မျက်နှာ များတွင်လည်းဧရာမ ဘီလူးသတ္တဝါများ တစ်ကောင်ပြီး တစ်ကောင် ထွက်ပေါ်လာပြီး ဧရာမ မြားပစ်စက်များကို ဆက်တိုက် ဖျက်ဆီးနေကြသည်။ လေးမြှားပစ် အဖွဲ့ မှ စစ်သည်တော်များသည် ကြောက်မက်ဖွယ် တုန်ခါမှု လှိုင်းများဖြင့် အော်ဟစ်သံများကြားတွင် ဝေးရာသို့ လွင့်စင် သွားကြသည်။
ဝမ်ချောင်သည် ပြင်ဆင်မှုများစွာ ပြုလုပ်ထားပြီး ကွန်ဖြူးရှပ်ဂိုဏ်းဝင်များနှင့် မိုဓားတပ်ဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှု၊ ကျန်းရှို့ကျီ၏ လက်သမား အဖွဲ့မှ ပစ်လွှတ်သော “ဧရာမ ဘီလူး ထောင်ချောက်များ”ရှိသော်လည်းဧရာမ ဘီလူးသတ္တဝါများ အားလုံးကို ချည်နှောင်နိုင်ခြင်းမရှိခဲ့ပေ။ဧရာမ ဘီလူးများအတွက်မူ မဟာထန်သည် အနည်းငယ် ပေါ့ဆလိုက်သည်နှင့် လက်သီးချက် တစ်ချက်တည်းဖြင့် ဧရာမ မြားပစ်စက် တစ်စီးကို ဖျက်ဆီး နိုင်စွမ်း ရှိသည်။
“သတိထား”
“ဧရာမ မြားပစ်စက်တွေကို သတိထား”
“အဖွဲ့ တစ်၊ အဖွဲ့ ခုနစ် ဆုတ်ခွာ ဖို့ ပြင်ဆင်”
...
ဧရာမ ဘီလူးသတ္တဝါများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ စစ်တပ်သည် အနည်းငယ် ပျံ့လွင့်သွားသည်။ ဧရာမ မြားပစ်စက်များသည် နောက်သို့ ဆုတ်ခွာလာကြသည်။ သို့သော် ဤအချိန်တွင် အေးဆေးသော အသံတစ်ခု ရုတ်တရက် နားထဲသို့ ရောက်ရှိ လာကာ လူတိုင်းကို ပြန်လည် ငြိမ်သက် စေသည်။
“အဖွဲ့ တစ်၊ အဖွဲ့ ခုနစ် တိုက်ပွဲမှ ခွာထွက်ပြီးဧရာမ ဘီလူးကို တိုက်ခိုက်တဲ့ တပ်ဖွဲ့မှာယာယီ ပါဝင်ပါ”
“ဧရာမ မြားပစ်စက် အဖွဲ့ ရှစ်၊ တစ်ဆယ်၊ တစ်ဆယ့်နှစ်၊ တစ်ဆယ့်ခုနစ်တို့ အမိန့်ကို နားထောင်ပါ။ ပစ်မှတ်ကိုဧရာမ ဘီလူးသို့ ချိန်ရွယ် ပြီး အစွမ်းကုန် ပစ်ခတ်ပါ၊ ပစ်”
စုဟန်ရှင်း ၏အသံသည် အေးစက် ပြီး တည်ငြိမ်နေဆဲဖြစ်သည်။ ဤလောကတွင် သူ့ကို လှုပ်ရှားစေနိုင်သည့် မည်သည့်အရာမျှ မရှိသကဲ့သို့ဖြစ်သည်။ စုဟန်ရှင်း၏ အမိန့်ကို ကြားသောအခါ လေထုသည် မြည်ဟည်းလာသည်။ တောင်ပြိုလဲ ခြင်းနှင့် မြေကြီး ကွဲအက်ခြင်းကဲ့သို့သော ကြီးမားသော အသံများ ကြားတွင် လေးမြှား ထောင်ပေါင်းများစွာ သည် ဦးတည်ရာ ကို ပြောင်းလဲ လိုက်ပြီး ကြီးမားသော ကိုယ်ထည် နှင့် ကြီးမားသော စွမ်းအား ရှိသောဧရာမ ဘီလူးသတ္တဝါများ ကို အပြင်းအထန် ပစ်ခတ် လိုက်သည်။
“အော”
ပေဆယ်ဂဏန်း အကွာတွင် အနီးဆုံး ဖြစ်သောဧရာမ ဘီလူးသတ္တဝါသည် အော်ဟစ် လိုက်သည်။ လေးမြှား ဆယ်ဂဏန်း ဖြင့် ဖောက်ထွင်း ခံရပြီးနောက် ခိုင်မာသော သံမဏိ ချပ်ဝတ်တန်ဆာ ပင် မခံနိုင် တော့ဘဲ ပေါက်ကွဲ သွားသည်။ ၎င်း၏ ကိုယ်ထည်သည် မာကျောသွားပြီး မျက်လုံးများ ပြူးကျယ်လျက် သစ်သားတိုင် တစ်ခုကဲ့သို့ ဘေးရှိ အလောင်းပုံထဲသို့ မတ်မတ်လဲကျသွားသည်။ သွေးများသည် သူ၏ သံမဏိ ချပ်ဝတ်တန်ဆာ အက်ကွဲကြောင်းများ မှတဆင့် လျင်မြန်စွာ စီးဆင်း ခဲ့သည်။
တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်...
စုဟန်ရှင်း၏ နည်းဗျူဟာသည် လျင်မြန်စွာ သက်ရောက်မှု ရှိခဲ့သည်။ လွတ်မြောက် လာသောဧရာမ ဘီလူးသတ္တဝါများ ထပ်မံပျက်စီးစေပြီး ဒိုမီနို အကျိုးသက်ရောက်မှု မဖြစ်ပွားမီ အန္တရာယ် လှိုင်း တစ်ခုကို အချိန်မီ တားဆီး နိုင်ခဲ့သည်။
လေးမြှားပစ် အဖွဲ့ပစ်ခတ် နေစဉ်တွင် အခြားတစ်ဖက်၌
“ချွန်း”
ကြီးမားသော အနက်ရောင်သံမဏိ စက်ယန္တရားများသည် လေထုကို ဖြတ်ကျော်ကာ ရုတ်တရက် ထွက်ပေါ်လာပြီး သံမဏိ ဧရာမ ဘီလူးများ၏ ခြေထောက်များ ကို လျင်မြန်စွာ ညှပ် လိုက်သည်။ ဤ ဧရာမ ဘီလူး ထောင်ချောက်များနောက်တွင် အော်ဟစ်သံများနှင့်အတူ မိုဓားတပ်ဖွဲ့သည် နှစ်ဖက်စလုံး တွင် ဓားများ ကို ကိုင်ဆောင်ကာ ပြန်လည် ခုန်တက် လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကြီးမားသော စိတ်စွမ်းအားလှိုင်းတစ်ခု လျှပ်စီးကဲ့သို့ ထွက်ပေါ်လာသည်။ ပြင်းထန်သော နာကျင်မှုသည် အပ်များဖြင့် ထိုးသကဲ့သို့ သတ္တု ဧရာမ ဘီလူးများကို အော်ဟစ် စေခဲ့သည်။
ကွန်ဖြူးရှပ် ဂိုဏ်းသားများသည်လည်း တိုက်ပွဲသို့ ပြန်လည်ပါဝင်လာသည်။ သူတို့၏ စိတ်စွမ်းအားသည် အလွန်အမင်း ကုန်ခန်းနေပြီဖြစ်ပြီး နဖူးတွင် ချွေးအေးများ စီးကျနေသော်လည်း ဤတိုက်ပွဲတွင် ကွန်ဖြူးရှပ် ဂိုဏ်းသားများ အားလုံးသည် အသက်ကို ပဓာနမထား ဘဲ တစ်ယောက်ပြီးတစ်ယောက် ပြင်းပြင်းထန်ထန် တိုက်ခိုက် နေကြသည်။
ဤသည်မှာ အရှေ့နှင့် အနောက် အကြား နိုင်ငံ၏ကံကြမ္မာ စစ်ပွဲသာမက ဤကွန်ဖြူးရှပ် ဂိုဏ်းဝင်များအတွက် အပြစ်ဆေးကြောခြင်းစစ်ပွဲလည်း ဖြစ်သည်။
တိုက်ပွဲသည် ဆက်လက် ဖြစ်ပွားနေဆဲပင်။
နှစ်ဖက်စလုံးသည် သူတို့၏ စစ်သည် အင်အားတစ်ဝက်ကျော်ကို ထည့်သွင်း အသုံးပြုထားပြီး ဖြစ်သည်။ အာရပ် အင်ပါယာ၏ ရှေ့တန် သည် အချိန်တိုင်းတွင် ဖြည်းညှင်းစွာ ရှေ့သို့ တိုးနေသော်လည်း အရှေ့တိုင်း လောကတွင် သမိုင်းတွင် မရှိဖူး သော ဤအစွမ်းထက်သော ရန်သူကို ရင်ဆိုင်ရသောအခါ အာရပ် အင်ပါယာသည်လည်း ကြီးမားသော အဖိုးအခကို ပေးဆပ်နေရသည်။
မြေပြင် ပေါ်၌ အလောင်းများ နှင့် သွေးများ သည် တောင် နှင့် ပင်လယ် ကဲ့သို့ ဖြစ်နေသည်။ ကျိုးပဲ့နေသော လက်နက်များ၊ အာရပ် စစ်အလံများ ၊ မျက်လုံးများ ပြူးကျယ်လျက် မြေပြင်ပေါ်တွင် လဲကျနေသော မြင်းများ၊ သေဆုံးပုံ အမျိုးမျိုးဖြင့် သေဆုံးနေသော အာရပ် စစ်သည်တော် ထောင်ပေါင်းများစွာသည် စစ်မြေပြင် တစ်ခုလုံးကို လွှမ်းမိုးနေသည်။ လေထုထဲတွင်ပင် မျက်စိဖြင့် မြင်နိုင် သော သွေးမြူများ ပြန့်ကျဲ နေသည်။
ဤသို့သော်လည်း လောကတစ်ခုလုံးကို အောင်နိုင်ရန် စိတ်ပိုင်းဖြတ်ထားသော အာရပ်များကို မတားဆီး နိုင်ခဲ့ပေ
စစ်တပ်အတွင်း၌ အာရပ် ဘုရင်ခံများ၊ လက်ထောက် ဘုရင်ခံများနှင့် စစ်ဗိုလ်ချုပ်များသည် အနောက်မှနေ၍ ပင်လယ်ကဲ့သို့ ကြီးမားသော စစ်တပ်ကို ဆက်လက်တိုက်ခိုက်ရန် နှိုးဆော်လျက် ကြီးမားသော လှိုင်းလုံးများကဲ့သို့ မျက်နှာချင်းဆိုင်ရှိ ထန်လူမျိုးများ ဆီသို့ မရပ်မနား တိုက်ခိုက်စေသည်။
အနိုင်ရ ရန်အတွက် အဖိုးအခ ပေးဆပ်ရမည်မှာ သေချာသည်။ အောင်နိုင် နိုင်သရွေ့၊ ရန်သူကို အောင်နိုင် နိုင်သရွေ့ ပေးဆပ်ခဲ့သမျှ အားလုံးသည် နောက်ဆုံးတွင် အကျိုးကျေးဇူး ရရှိမည်ဖြစ်သည်။
ဤသည်မှာ အာရပ်များအတွက် အမြစ်တွယ်နေပြီးသော အယူအဆ ဖြစ်သည်။ ရက်စက်သော သေဆုံးမှု သည် သူတို့ကို ရပ်တန့် စေရန် မလုံလောက်ပေ။
ယခုအချိန်တွင် စစ်မြေပြင် တစ်ခုလုံးသည် ပိုမိုပြင်းထန လာနေသော်လည်း မှောင်မိုက်သော ကောင်းကင်အောက်ရှိ လူအနည်းငယ်ကသာ အဝေးမှစစ်တပ်၏နောက်ဘက်တွင် အသက်ရှူသံတည်ငြိမ်နေပြီး မျက်နှာ တည်ကြည်ကာ သံမဏိကဲ့သို့သော ပုံရိပ်တစ်ခုသည် ရှေ့တန်းကို စောင့်ကြည့်နေပြီး သူ၏ မျက်လုံးများတွင် ရုတ်တရက် လှိုင်းထသွားသည်ကို သတိပြုမိခဲ့ကြသည်။
ယခင် သွေးသံမဏိဘုရင်ခံချုပ် အရှေ့တိုင်း၏ အမြင့်ဆုံး စစ်ခေါင်းဆောင်အဖြစ် အဗူမူစလင်သည် ဤစစ်ပွဲကို မည်မျှကြာအောင် စောင့်မျှော်ခဲ့သည်ကို မသိ ပေ။ ဤသည်မှာ သူ အရှက်ရမှုကို ဆေးကြောရန် အိပ်မက်မက်ခဲ့သော အခွင့်အရေးဖြစ်ပြီး၊ ထို့ကြောင့် မဟာသူတော်စင် ကုထိုက်ပိုင်ကို အလွန်လျင်မြန်စွာ ရင်ဖွင့်ပြီး စစ်ပွဲတွင် ပါဝင်ခွင့်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဤကြီးမားသောတိုက်ပွဲမတိုင်မီ အဗူမူစလင်သည် ကုထိုက်ပိုင်၏ သဘောတူညီချက်ကို ရရှိခဲ့ပြီး ရှေ့တန်း ခေါင်းဆောင် ဖြစ်လာခဲ့သည်။ သို့သော် စစ်ပွဲ စတင်သည်မှစ၍ အဗူမူစလင်သည် ပုံမှန်မဟုတ်သော အပြုအမူကို ပြသခဲ့သည်။ သူသည် ပထမဆုံး လှိုင်းတွင် လျင်မြန်စွာ ဝင်ရောက် တိုက်ခိုက်ခြင်း မရှိဘဲ စစ်တပ်၏ နောက်ဘက် တွင်သာ ထိုင်၍ စောင့်ဆိုင်းနေခဲ့သည်။
ဤ ယခင် သွေးသံမဏိဘုရင်ခံချုပ်သည် မည်သည့်အရာကို စဉ်းစားနေသည်ကို မည်သူမျှ မသိ ခဲ့ပေ။
“လုံလောက်ပြီ”
အဗူမူစလင်သည် ရှေ့သို့ ကြည့် လျက် ရုတ်တရက် စကား စပြောလာခဲ့သည်။
“နောက်ဆုံးတော့ ငါ့ အလှည့် ရောက် လာပြီ၊ ဒီတစ်ခါ ငါ့ရဲ့ အရှက်ရမှုကို လုံးဝ ဆေးကြော ပစ်ရမယ်”
နောက်ဆုံး စကားကို အဗူမူစလင်ကိုယ်တိုင် သာ ကြားနိုင်သလောက် နီးပါး ဖြစ်သည်။
စစ်သည်တော် လေးသိန်းသေဆုံး ခဲ့ပြီး ကုတိုင်ဗဟ်၊ အော့စ်မန်၊ အိုင်ဘာ့ခ်၊ ရာမန် အပါအဝင် လူများစွာလည်း အတူတူ သေဆုံး ခဲ့ရသည်။ လူများစွာထဲမှ သူ တစ်ဦးတည်းသာ အသက်ရှင် ခဲ့သည်။ ဤကိစ္စကို စဉ်းစားမိတိုင်း အဗူမူစလင်၏ နှလုံးသားသည် သွေးစိမ်းရှင်ရှင် စီးကျ နေခဲ့သည်။
အရင်ကတည်းက အဗူမူစလင်သည် သူ့ကိုယ်သူ ပန်းတိုင်တစ်ခုသာ ရှိသည်ဟု ပြောခဲ့သည်။
ထန်လူမျိုးများနှင့် သူတို့၏ နောက်ကွယ်ရှိ အရှေ့တိုင်း အင်ပါယာကို လုံးဝ ဖျက်ဆီး ရန်ပင်။
ထိုနည်းဖြင့်သာ သူ၏ အရှက်ရမှု ကို ဆေးကြော နိုင်မည်။
နောက်တစ်ခဏတွင် လေဟာနယ်ကို ဖြတ်သန်း၍ ကြည်လင်သော တုန်ခါသံ တစ်ခု ပဲ့တင်ထွက်လာသည်။ မည်သည့် လက္ခဏာမှမပြဘဲ အဗူမူစလင်၏ ပုံသဏ္ဌာန်သည် လှုပ်ရှားလိုက်ပြီး သူ၏ခါးမှ ဓားရှည်ကို ရုတ်တရက် ထုတ်လိုက်ပြီး ဤစစ်ပွဲအတွင်း ပထမဆုံး အမိန့်ကို ထုတ်ပြန် လိုက်သည်။
“စစ်တပ် စုဝေး၊ တိုက်ခိုက် ဖို့ ပြင်ဆင်”
ထိုအသံသည် အလွန်ကျယ်လောင်သည်။ နောက်တစ်ခဏတွင် မြေကြီးများ တုန်ခါ လာသည်။ မရေမတွက်နိုင်သော အာရပ် စစ်သည်တော်များသည် မိုးရေကဲ့သို့ ထူထပ်လျက် အံ့မခန်း အရှိန်အဟုန်ဖြင့် အဗူမူစလင်၏ နောက်ဘက်သို့ လျင်မြန်စွာ စုဝေး လာသည်။
လေပြင်း တိုက်ခတ်ရာ မျက်စိတစ်မှိတ်အတွင်းတွင် အဗူမူစလင်၏ နောက်ဘက်၌ ပင်လယ် ကဲ့သို့ ကြီးမားသော၊ တင်းကျပ်သော တပ်ခွဲများ နှင့် သတ်ဖြတ်လိုသော စိတ်ဓာတ် များဖြင့် ပြည့်နေသော စစ်သည်တော် တပ်ဖွဲ့တစ်ခု လျင်မြန်စွာ စုစည်း လာသည်။
သံမဏိကဲ့သို့ အနက်ရောင်နှင့် တောင်ကဲ့သို့ လေးလံသော အလင်းရောင် ကွင်းတစ်ခုသည် မုန်တိုင်း ကဲ့သို့ အဗူမူစလင်၏ ခြေထောက် အောက်မှ လျင်မြန်စွာ ပျံ့နှံ့ ထွက်ကာ သူ၏ နောက်ဘက်ရှိ ထူထပ်သော စစ်တပ်ထဲသို့ ဝင်ရောက် သွားသည်။ မှုန်မှိုင်းသော အလင်းရောင်များ လက်ခနဲ ဖြစ်ပေါ်လာပြီး စစ်သည်အားလုံး၏ အရှိန်၊ သွက်လက်မှု၊ စွမ်းအား များသည် အံ့မခန်း အရှိန်အဟုန် ဖြင့် တိုးပွား လာခဲ့သည်။