← Chapters

ရုပ်တုနှင့်ရစ်ခွေနေသောနဂါး

Vol. 001 Ch. 37

ရုပ်တုနှင့်ရစ်ခွေနေသောနဂါး

Vol. 001 Ch. 37

ရှာဖန်နှင့် သူ၏လူများ။ ချင်းကျူ ကျောင်းတော်နှင့် မဟူရာမြင်းစစ်တပ်တို့ အားလုံး တီအန်ယွာတောင်သို့ ဦးတည်၍ သွားနေကြ၏။ ချင်းကျူ မြို့ကား သည်မျှ အဆင့်ဖြစ်လာမည်ဟု မထင်မှတ်ထားပေ။

တီအန်ယွာတောင်ကား ချင်းကျူ မြို့ဝန်းကျင် ဒေသတစ်ခုလုံးထက် အဆပေါင်းများစွာ ကျယ်ပြောလှသည်။ ထို့ကြောင့် ဤတောင်တစ်ကြောတွင် သားရဲများနှင့် မိစ္ဆာများ မည်မျှခိုအောင်း နေသည်ကို ခန့်မှန်းရန် ခက်ခဲလှသည်။ သမိုင်းတစ်လျောက် စွမ်းအားမြင့်သော သူများက တီအန်ယွာတောင်အား ရှင်းလင်းရန် ကြိုးစားခဲ့ကြသော်လည်း ထူးခြားခြင်း မရှိခဲ့ပေ။

ယခုမူကား ရှာဖန်၏ ကြိုးပမ်းမှုကြောင့် ချင်းကျူ ကျောင်းတော်နှင့် မြို့၏ မဟူရာမြင်းစစ်တပ်တို့မှာ တောင်ပေါ်သို့ အတူ ချီတက်ရတော့မည် ဖြစ်သည်။ ထို့အတူ ချင်းကျူ မြို့စောင့်တပ်နှင့် ဟိုင်ရန်ကျောင်းတော်မှ လူများက သူတို့၏နောက်မှ လိုက်ပါလာကြသည်။ ထိုများပြားလှသော လူများကား ထိုသားရဲကောင်များထက် သိသိသာသာပင် အသာစီး ရနေပြီဖြစ်သည်။

ချင်းကျူကျောင်းတော်မှ မှော်ပညာရှင်များက မှော်သိုင်းကွက်များသုံးကာ လမ်းရှင်းပေးကြပြီး မဟူရာမြင်းစစ်တပ်က ရှေ့သို့ တစ်ဟုန်ထိုး ချီတက်ကြ၏။ သူတို့၏ထိုးစစ်က မိစ္ဆာကောင်များနှင့် သားရဲကောင်များအား တောင်ကြော၏ အနက်ပိုင်းသို့အထိ ဆုတ်ခွာစေသည်။ သို့သော် ချင်ရွှီကား ပျော်ရွှင်ပုံမရပေ။ စစ်သားများက အားကုန်သုံး၍ တိုက်ခိုက်ကြသော်လည်း မိစ္ဆာများနှင့် သားရဲ အတော်များများမှာ သူတို့အား ကျော်ဖြတ်လျက် ချင်းကျူမြို့ဆီသို့ ထိုးဖောက် ဝင်ရောက် သွားကြသည်။ သူတို့လုပ်နိုင်သည်ကား ထိုသားရဲကောင်များအား တတ်နိုင်သမျှ သုတ်သင်ရန်ဖြစ်သည်။

"လမ်းပြပေး...” ရှာဖန်က သူ၏ရှေ့မှ လူကြီးအား အမိန့်ပေးလိုက်သည်။ သူတို့နောက်ဆုံးအကြိမ် ဧကရာဇ်ရီချင်၏ သဲလွန်စများအား လာရောက် ရှာဖွေရာတွင် သူ၏လူများက အမှတ်အသားတချို့ လုပ်ခဲ့ကြ၏။

ရီဖူရှင်းနှင့် ဟိုင်ရန်ကျောင်းတော်မှ လူများကား ထိုအုပ်စုကြီး၏ နောက်ဆုံးတွင် လမ်းလျှောက်နေကြသည်။ သူကား အချက်အလက် အတော်များများအား သိရှိပြီးဖြစ်သည်။ သူ၏ဘေးမှ မိန်းကလေး၏နာမည်မှာ တန်ယွီဖြစ်ပြီး အသက်နှစ်ဆယ်ရှိပြီ ဖြစ်သည်။ သူမကား ဆွဲဆောင်မှုရှိကာ လှပသော သူဖြစ်သည်။ ရီဖူရှင်းနှင့် တန်ယွီမှာ အချိန်တိုအတွင်းတွင် ရင်းနှီးခင်မင်သွားကြ၏။

"စီနီယာအစ်မ... စီနီယာလိုလှတဲ့သူက ချဉ်းကပ်တဲ့လူတွေ အတော်များများရှိမှာပဲ... ဟုတ်တယ်မလား...” ရီဖူရှင်းက မေးလိုက်သည်။

"နင်က ဘာလို့မေးတာလဲ...” တန်ယွီက ရယ်လျက် ပြန်မေးလိုက်သည်။

"ကျုပ်မှာ အခွင့်အရေး ရှိသေးလား...” ရီဖူရှင်းကာ သူမအား မေးလိုက်သည်။ သူမက ရီဖူရှင်းအား ကြည့်ပြီး ခစ်ခနဲ ရယ်မောလိုက်သည်... “နင်က တကယ် ချောမော ခန့်ညားပေမဲ့... ငါက နင့်ကို ကြိုက်ဖို့ အရမ်းငယ်နေတာ ခက်တယ်...”

"စီနီယာအစ်မ... ကျုပ်က အရွယ်ရောက်ပြီးနေပါပြီ... ဆယ့်ခြောက်နှစ်က မငယ်ပါဘူး...” ရီဖူရှင်းက ပြောလိုက်သည်။ တန်ယွီက ရီဖူရှင်း၏ စကားများအား ကြားကာ ဟန်မဆောင်နိုင်တော့ဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ တန်ယွီ၏ရယ်မောသံအား ကြားသောကြောင့် ဟိုင်ရန်ကျောင်းတော်မှ လူငယ်အတော်များများက ရီဖူရှင်းအား ကြည့်လိုက်ကြသည်။

"စီနီယာအစ်မ... ကျုပ်တို့ ဒီကို ဘာလို့လာတာလဲ... သိလား...” ရီဖူရှင်းက မေးလိုက်သည်။

"ကျောင်းတော် အကြီးအကဲတွေ ပြောတာကတော့ တီအန်ယွာတောင်မှာ သမိုင်းဝင် ပစ္စည်းတချို့ ရှိတယ်တဲ့...” တန်ယွီက ရှင်းပြလိုက်သည်။

ရီဖူရှင်းက ခေါင်းခါလိုက်သည်... “စီနီယာအစ်မ... လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်...”

ထို့နောက် သူက သူမ၏အနီးသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်... “တီအန်ယွာတောင်မှာ... ဧကရာဇ်ရီချင်ရဲ့ လျှို့ဝှက်ချက်တွေ ချန်ထားခဲ့တယ်တဲ့...”

တန်ယွီ၏အမူအရာ ချက်ချင်း ပြောင်းသွားကာ သူမက ရီဖူရှင်းအား ကြည့်ကာ မေးလိုက်သည်... “နင်ပြောတာ တကယ်လား...”

သူမ၏ပုံစံ ကြည့်လိုက်သည်နှင် ရှာဖန်က အမှန်တကယ် ဤအကြောင်းအရာများအား မည်သူကိုမျှ ပြောပြခဲ့ဟန် မတူသည်ကို သိလိုက်ရ၏။ သို့သော်လည်း သူ၏နေရာတွင် ဆိုလျှင်လည်း မည်သူမဆို ထိုသို့လုပ်ကြမည်သာ ဖြစ်သည်။ သည်ကိစ္စမှာ ဧကရာဇ်ရီချင်နှင့် ပတ်သက်နေပေသည်။

"မှန်တာပေါ့... ကျုပ်ဆရာက ဟွာဖန်းလူလေ... ပြီးတော့ ကျုပ်က ဗိုလ်ချုပ်ချင်နဲ့လည်း ရင်းနှီးတယ်... ကျုပ်က ဒီလျှို့ဝှက်ချက်ကို သိတာ သိပ်မှ မထူးဆန်းတာ... သူတို့က ဒီလိုကိစ္စကို ဘာလို့ အဓိပ္ပာယ်မရှိ လျှောက်ပြောနေရမှာလဲ...” ရီဖူရှင်းက ပြောလိုက်သည်။

"ငါ့ကို ဒီမှာစောင့်နေ...” တန်ယွီက ထိုသို့ပြောပြီး ထွက်သွားသည်။ ရီဖူရှင်းက သူမက ဟွာဖန်းလူအား စိန်ခေါ်ခဲ့သည့် အဘိုးအိုအား သွားရောက် စကားပြောနေသည်ကို တွေ့ရပြီး အတန်ကြာလျှင် ရီဖူရှင်းထံ ပြန်လျှောက်လာသည်... “ငါနဲ့လိုက်ခဲ့...” ရီဖူရှင်းအား ပြောလိုက်သည်။

သူကလည်း သူမ၏နောက်မှလိုက်သွားပြီး ထိုအဘိုးအို၏ရှေ့တွင် ရပ်လိုက်သည်။ အဘိုးအိုက မျက်လုံးမှိတ်ထားရာမှ ဖွင့်လိုက်ပြီး ရီဖူရှင်းအား မေးလိုက်၏... “ဒီအကြောင်းအရာတွေ မင်းဘယ်က သိတာလဲ...”

"ဆရာကြီးက ဟိုင်ရန်ကျောင်းတော်မှာ ဘယ်ရာထူးရှိလဲ သိပါရစေ...” ရီဖူရှင်းက မေးလိုက်သည်။

အဘိုးအို၏မျက်လုံးများက အရောင်တစ်ချက် လက်သွားကာ ပြန်မေးလိုက်သည်... “မင်းက ဘာလို့မေးတာလဲ...”

"ကျုပ်က ဟိုင်ရန်ကျောင်းတော်မှာ ပညာသင်ရတော့မယ် ဆိုတော့ အကောင်းဆုံး ဆရာဆီမှာ ပညာသင်ချင်တာက သဘာဝပဲမလား...” ရီဖူရှင်းက ရှင်းပြလိုက်သည်။

"ငါ့နာမည်... တန်မို... ဟိုင်ရန်ကျောင်းတော်ရဲ့ ကျောင်းအုပ်... တကယ်လို့ မင်းက ကောင်းကောင်း စွမ်းဆောင်နိုင်ရင် မင်းကို ငါကိုယ်တိုင် သင်ပေးဖို့ စဉ်းစားပေးလို့ရတယ်...” အဘိုးအိုက ပြန်ပြောလိုက်သည်။ ရီဖူရှင်း၏ဘေးမှ တန်ယွီက ပြုံးလျက် ပြောလိုက်သည်... “သူက ငါ့ရဲ့ အဘိုးလေ...”

ရီဖူရှင်းက ဦးညွှတ်လိုက်ပြီး အခြေအမြစ်မရှိသော အကြောင်းအရာများအား စပြောတော့သည်... “ခင်ဗျားက ဟိုင်ရန်ကျောင်းတော်ရဲ့ ကျောင်းအုပ်ဖြစ်ပြီးတော့ စီနီယာတန်ယွီရဲ့ အဘိုးဆိုမှတော့ ကျုပ်က ခင်ဗျားကို ဖုံးကွယ်ထားဖို့ စိတ်မကူးတော့ဘူး... ဧကရာဇ်ရီချင်က ကျုပ်တို့ ချင်းကျူ မြို့ဇာတိဖြစ်တယ်ဆိုပြီး ကောလာဟလတွေက အမြဲရှိနေပြီးတော့ သူ့ရဲ့ အမွေအနှစ်တွေ ဒီမှာ ချန်ထားခဲ့တယ်တဲ့... သူ့ရဲ့အမွေအနှစ်တွေကို ဆက်ခံဖို့ဆိုတာ သူ့ရဲ့ နေရာကို ဆက်ခံပိုင်ခွင့်နဲ့ သူ့ရဲ့ လျှို့ဝှက်ပညာတွေပဲ ... မျိုးရိုးအမွေက တီအန်ယွာတောင်ပေါ်မှာ ရှိတယ်... ဗိုလ်ချုပ်ချင်က အရင်တုန်းက သူကိုယ်တိုင် မြင်ခဲ့ရတယ် ပြောတယ်...”

"ဒါဆို သူက ဘာလို့မယူခဲ့တာလဲ...” တန်မိုက ပြန်မေးလိုက်သည်။

"ဆရာကြီး... ဧကရာဇ် ရီချင်ရဲ့ အမွေအနှစ်က ဒီလို အလွယ်တကူ ရနိုင်မှာလား... ဒါဆို ရှာဖန်က ဒီလိုတွေ လုပ်နေစရာ အကြောင်းမှ မရှိတာ...” ရီဖူရှင်းက ပြန်ပြောလိုက်သည်။

တန်မိုက သံသယမျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်... “ငါ့ကို လိမ်ရင် ဘာဖြစ်သွားမယ် မင်းသိလား...”

"ဆရာကြီးက တိတ်တဆိတ် စောင့်ကြည့်နေလား ကျုပ်မသိဘူး... ကျုပ်က စီနီယာ အစ်မနဲ့ ရိုးရိုးသားသား ပြောနေတာပဲရှိတာ... ကျုပ်က သူ့ကို ဘာလို့ လိမ်ရမှာလဲ... ပြီးတော့ ရှာဖန်က အရှေ့ပင်လယ်ရဲ့  ပညာရှင်တွေကို စုထားပြီးပြီ... ဒါပေမဲ့... သူက ကျောင်းတော် နှစ်ကျောင်းက လူတွေကိုပဲ မိစ္ဆာတွေနဲ့ သားရဲတွေကို တိုက်ခိုက်ခိုင်းတယ်... သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေတယ်လို့ ထင်နေတယ်...”

"မင်းက ငါတို့ကို ရန်တိုက်ဖို့ ကြိုးစားနေတာလား...” တန်မို၏မျက်လုံးများက အလွန်စူးရှသည်။ သူက ရီဖူရှင်းအား ထွင်းဖောက်မတတ် ကြည့်ကာ မေးလိုက်၏။

"ခင်ဗျားတို့က အမွေအနှစ်တွေ ရှိတဲ့နေရာကို ရောက်တဲ့အခါ ရှာဖန်က ခင်ဗျားတို့ကို လိမ်နေလား မလိမ်ဘူးလား သိမှာပဲ... အကယ်၍ ကျုပ်ပြောတာ မှားနေခဲ့ရင် ကျုပ်ရဲ့အသက်က ခင်ဗျားတို့ရဲ့ လက်ထဲမှာပဲ... ကျုပ်ပြောတာ မှန်နေခဲ့ရင်ရော... ခင်ဗျားတို့က သတိထားသင့်တယ်...” ရီဖူရှင်းက ပြောလိုက်သည်။

"ဘာလို့လဲ...” တန်မိုက မေးလိုက်သည်။

“ရှာဖန်က ခင်ဗျားတို့ကို ဘာတွေ အပေးအယူ လုပ်ထားလဲ ကျုပ်မသိဘူး... ဒါပေမဲ့... ဧကရာဇ်ရီချင်ရဲ့ လျှို့ဝှက်ချက်က ဘာကိုဆိုလိုတယ် ဆိုတာ ခင်ဗျားတို့ သိသင့်တယ်... သားရဲတွေကို ရှင်းလင်းပြီးသွားတဲ့အခါ ရှာဖန်က ဧကရာဇ်ရီချင်ရဲ့ အမွေအနှစ်တွေကို ရသွားမှာပဲ... ဒါကြောင့် ဒီလျှို့ဝှက်ချက်ကို သိသွားတဲ့ ခင်ဗျားတို့ကို အသက်ရှင်လျက် ပြန်လွှတ်မယ်လို့ ကျုပ်မယုံဘူး... ဆရာကြီး... ခင်ဗျားတို့ သတိထားသင့်တယ်...” ရီဖူရှင်းက ဖြည်းဖြည်းချင်း ပြောပြသည်။ ရှေ့တွင်ကား စစ်သည်များက ကျယ်လောင်စွာ အော်ဟစ်လျက် ချီတက်နေကြပြီး သူတို့မှာ ဟိုင်ရန်ကျောင်းတော်မှ လူများ အများအပြား ဝန်းရံထားသော အခြေအနေ ဖြစ်သဖြင့် သူပြောသော အကြောင်းအရာမှာ ပြင်ပမှလူများ သိခွင့်ရရန် မလွယ်ကူပေ။

"မင်း ... စီရင်စု ဒုတိယ ခေါင်းဆောင်ကို မုန်းလား...” တန်မိုက ရုတ်တရက် မေးလိုက်သည်။

ရီဖူရှင်းက တန်မိုအား ပြန်ကြည့်လိုက်သည်။ အတန်ကြာလျှင်သူက ခေါင်းညိတ်လျက် ပြန်ပြောလိုက်သည်... “သေချာတာပေါ့... ရှာဖန်က သူ့အတွက်ဆို ဘာမဆို လုပ်မှာပဲ... ကျုပ်တို့ကို တောင်ပေါ်သို့ခေါ်ဖို့ သားရဲအုပ်တွေကိုတောင် မြို့ထဲကို မောင်းခဲ့တာပဲ... ချင်းကျူမြို့က ကျုပ်ရဲ့မြို့ပဲ... ကျုပ်တို့မြို့ကို ထိခိုက်အောင်လုပ်တဲ့ ဘယ်သူမဆို လက်ခံမှာ မဟုတ်ဘူး... အကယ်၍ သူ့အစီအစဉ်တွေ အောင်မြင်ခဲ့ရင် ကျုပ်ကိုယ်တိုင်တောင်မှ အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိတာ မဟုတ်ဘူး... ခင်ဗျားတို့က ကျုပ်ကို မယုံဘူးဆိုလည်း ထားလိုက်တော့... ခင်ဗျားတို့က ယုံတယ်ဆိုရင် ကျုပ်တို့နဲ့လက်တွဲပါ... ကျုပ်ဆရာက ဟွာဖန်းလူပဲ... ပြီးတော့ ကျုပ်က ဗိုလ်ချုပ်ချင်နဲ့ ခင်မင် ရင်းနှီးတယ်... ကျုပ်တို့ ကျောင်းနှစ်ကျောင်းက ပြိုင်ဘက်တွေဆိုပေမဲ့ ဒီတစ်ခါတော့ ပူးပေါင်းလို့ မရနိုင်ဘူးလား... ပြီးတော့ ကျုပ်တို့က ဧကရာဇ်ရီချင်ရဲ့ အမွေအနှစ်တွေကို ရရှိခဲ့မယ်ဆိုရင် ဒါတွေက မတန်ဘူးလား... အဲဒီအချိန်ကျရင် ဒေသ ခေါင်းဆောင်ရဲ့ ခြိမ်းခြောက်မှုကို ကြောက်စရာ မလိုတော့ဘဲ ခင်ဗျား ကြိုက်တာလုပ်လို့ ရပြီ...”

"တန်းယွီ... သူ့ကို ခေါ်သွားလိုက်တော့...” တန်မိုက မျက်မှောင်ကုတ်လျက် ပြောလိုက်သည်။ တန်ယွီက ရီဖူရှင်းထံ လျှောက်သွားလိုက်သည်။

ရီဖူရှင်းက တန်မိုအား တစ်ဖန် ဦးညွှတ်လိုက်ပြီး မည်သည့်စကားမှ မပြောတော့ပဲ တန်ယွီနှင့် ထွက်သွားကြသည်။

"မင်း ဘယ်လိုထင်လဲ...” တန်မိုက သူ၏ဘေးမှ သိမ်းငှက်မျက်လုံးနှင့်လူအား မေးလိုက်သည်။

“ဒီကောင်လေးက စကားပြောတာတော့ တော်တော် ကောင်းတယ်... ကျုပ်တို့ သူ့ကို လုံးဝယုံလို့မရဘူး...  အခုအဓိက လုပ်ရမှာက အခြေအနေကို စောင့်ကြည့်ပြီးတော့ ကျုပ်တို့ ရှာနေတာက ဧကရာဇ်ရီချင်ရဲ့ လျှို့ဝှက်ချက်လားဆိုတာ သိအောင်လုပ်ရမှာပဲ...” သိမ်းငှက်မျက်လုံးနှင့်လူက ပြောလိုက်သည်။

"တကယ်လို့ ဧကရာဇ်ရီချင်နဲ့ ပတ်သက်နေတယ် ဆိုရင်ရော...” တန်မိုက ဆက်မေးလိုက်၏။

"အဖေ... တကယ်လို့ ဒါက ဧကရာဇ်ရီချင်ရဲ့ အမွေအနှစ်ဆိုရင် ချင်းကျူ မြို့လောက်က ဘာဖြစ်မှာမို့လို့လဲ... အရှေ့ပင်လယ် ဒေသ တစ်ခုလုံးကတောင် ကျုပ်တို့ကို ရပ်တန့်လို့ရမှာ မဟုတ်ဘူး...” သိမ်းငှက်မျက်လုံးနှင့်လူက ပြောလိုက်သည်။ တန်မိုက စူးနစ်စွာ တွေးလိုက်သည်။ ရီဖူရှင်း၏စကားများက သူတို့အုပ်စုနှစ်ခုအား သံသယပွားစေသော်လည်း ထိုလျှို့ဝှက်ချက်များအား သူတို့ရရှိခဲ့လျှင် သူတို့ကား မည်သည့်အရာကိုမှ ကြောက်စရာ မလိုပေ။

"သူက ငါတို့အတွက် အသုံးဝင်မယ်လို့ မင်းထင်လား...” တန်မိုက မေးလိုက်သည်။

သိမ်းငှက် မျက်လုံးနှင့်လူက စဉ်းစားလိုက်ပြီး ခေါင်းယမ်းလိုက်သည်...” သူရဲ့ ပါရမီနဲ့ ကိုယ်ကျင့်စရိုက်က ထိန်းချုပ်ရ ခက်လိမ့်မယ်...”

"ဒါမှန်တယ်... ယွန်ရှင်းဟွာက မာနကြီးပြီး... တန်ခိုးကျင့်ဖို့ပဲ အာရုံစိုက်ပေမဲ့ ဒီကောင်လေးက မတူဘူး...” တန်မိုက သူ၏သားအား ထောက်ခံသလို ခေါင်းညိတ်လျက် ပြောလိုက်၏။

"ယွန်ရှင်းဟွာက ဒီကောင်လေးကို ရှုံးပေမဲ့ သူက မှော်ထိန်းချုပ်သူ တစ်ယောက်ပဲ... ယွန်ရှင်းဟွာက ပိုပြီး စွမ်းအားမြင့်လာဖို့ပဲ ရှိတယ်... သူက ဒွန်ဟိုင်မြို့တော်ကို သွားပြီး ဒီထက်တိုးတက်အောင် အခွင့်အလမ်း သွားရှာတယ်... သူက အောင်အောင်မြင်မြင်နဲ့ ပြန်လာဖို့ သေချာတယ်... တခြားတစ်ဖက်မှာ ရီဖူရှင်းက ကျုပ်တို့လက်ထဲမှာ ထိန်းချုပ်လို့ မရခဲ့ရင်လား... ဟင်း...” သိမ်းငှက်မျက်လုံးနှင့်လူက တန်မိုအား ကြည့်လိုက်သည်။ သူတို့ နှစ်ယောက်လုံးက စကားမပြောဘဲ မည်သို့လုပ်ရမည်ကို သိထားကြပြီး ဖြစ်သည်။

ကြီးမားသော လူအုပ်ကြီးက ရှေ့သို့ လျင်မြန်စွာ ချီတက်နေကြ၏။ လမ်းတစ်လျှောက်တွင် များစွာသော သားရဲကောင်များနှင့် မိစ္ဆာကောင်များအား တွေ့ရပြီး တိုက်ပွဲပေါင်းများစွာ ဖြစ်ကြသည်။ ချင်းကျူ ကျောင်းတော်နှင့် မဟူရာမြင်းစစ်တပ်မှာလည်း များစွာသော စတေးမှုများ ရှိခဲ့ကာ တချို့မှာ သေကျေကြသလို အချို့မှာ ဒဏ်ရာရကြ၏။

တီအန်ယွာတောင်၏ မြူခိုးများမှာလည်း ပို၍ ထူထပ်လာနေသည်။ တောင်ပေါ်မှ အရာများအား ရှင်းရှင်းလင်းလင်း အတည်ပြုရန် မလွယ်ကူပေ။ ထို့ကြောင့် ရှာဖန်က ခြေကျင်ဖြင့်သာ ချီတက်ရန် ဆုံးဖြတ်ထားသည်။

သူတို့၏ ရှည်ကြာလှသော ခရီးကာလအတွင်း ကျောင်းအုပ်ကြီးဂူမူနှင့် ဗိုလ်ချုပ်ချင်ရွှီတို့က ရှာဖန်အား သွားရောက် တွေ့ဆုံခဲ့ကြသည်။ သူတို့က ရှဖန်နှင့်တွေ့သောအခါ သူတို့၏သဘောထားအား ရှင်းလင်းအောင် ပြောလိုက်ကြသည်... “ကျုပ်တို့လူတွေက လမ်းကြောင်း ရှင်းနေတဲ့အချိန် လူတိုင်းက နောက်မှာပဲနေမယ်ဆိုရင် ကျုပ်တို့ လာလမ်းကို ပြန်ရမှာပဲ...”

"ခင်ဗျားက ကျုပ်ကို ခြိမ်းခြောက်နေတာလား...” ရှာဖန်က ချင်ရွှီအား စိုက်ကြည့်လျက် မေးလိုက်သည်။

"မင်းထင်ချင်သလို ထင်လို့ရတယ်...” ချင်ရွှီက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ သူတို့အား ချင်းကျူမြို့တွင် မဟုတ်တော့ပေ။ သူတို့က ရှာဖန်၏ တောင်းဆိုမှုအား သားရဲအုပ်များကြောင့် လက်ခံလိုက်ရပြီး ယခု အခြေအနေကား မတူတော့ပေ။

ရှာဖန်ကလည်း အရဲမစွန့်ရဲပေ။

"ကောင်းပြီ...” ရှာဖန်က ခေါင်းညိတ်လိုက်ပြီး အော်ခေါ်လိုက်သည်... “ကျောင်းအုပ်ကြီး တန်မို...”

"ကျုပ် နားလည်တယ်...” တန်မိုက ခေါင်းညိတ်လျက် သူ၏လူများအား ချင်းကျူကျောင်းမှ လူများနှင့် မဟူရာမြင်းစစ်သည်တို့၏ နေရာတွင် အစားထိုး ဝင်လိုက်ကြသည်။ ရီဖူရှင်းကလည်း သူတို့နှင့်အတူ ပါသွားသည်။ သည်ပတ်ဝန်းကျင်တွင်ကား မြူများ ပိုမို ထူထပ်ပြီး ပို၍ အားကောင်းသော သားရဲကောင်များ ရှိ၏။ တစ်ခါတစ်ရံ ဓမ္မအဆင့် သားရဲများနှင့် မိစ္ဆာများ ပေါ်လာတတ်ကာ အကြီးအကဲအချို့က ရှေ့တက်ကာ ရင်ဆိုင်ကြရသည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး တစ်ရက်ပြီး တစ်ရက် ကြာမြင့်လာသည်။ လူပေါင်း မြောက်မြားစွာ ဒဏ်ရာရကြပြီး ထိုဒဏ်ရာရသော သူများမှာလည်း အလွန်စွမ်းအားမြင့်သော သူများ ဖြစ်ကြသည်။ ထိုစွမ်းအားနည်းသော သူများမှာ သူတို့၏နောက်တွင် ထားလျက် ကာကွယ်ထားကြရ၏။ မည်သူကမှ စွမ်အားနည်းသော သူများအား အသေခံရန် လွှတ်မည်မဟုတ်ပေ ထို့ကြောင့် သူတို့မှာ အန္တရာယ်အကင်းဆုံး ဖြစ်သည်။

ရီဖူရှင်းကလည်း အန္တရာယ်နှင့် တွေ့သည်နှင့် ဟိုင်ရန်ကျောင်းတော်မှ လူများ၏ကြားသို့ ပြေးဝင်ခြင်းဖြင့် သူလည်း အန္တရာယ် ကင်းလေ့ရှိသည်။ လူအများအပြားက သူထိုသို့လုပ်လျှင် နှာခေါင်းရှုံ့ကြသော်လည်း ရီဖူရှင်းက ဂရုမစိုက်ပေ။

နောက်ဆုံးတွင် သူတို့က တောင်ကြော၏ တစ်နေရာသို့ ရောက်လာကြသည်။ ဤနေရာကား မြူများ ပြယ်လွင့်ကာ ကြည်လင်နေပြီ ဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး တောက်ပ လန်းဆန်းကာ တောင်အောက်ထက်ပင် ပို၍ ကြည်လင်နေသည်ကို တွေ့ရ၏။ သဘာဝစွမ်းအင်များကား သည်နေရာတွင် စုစည်းနေကြသည်။

“ဒီနေရာက သဘာဝစွမ်းအင်တွေ အများအပြား စုနေကြတယ်... ဒါပေမဲ့ ဝန်းရံထားတဲ့ နေရာတွေက မြူတွေဝိုင်းနေတယ်... ဒါဆို...” သူတို့အုပ်စုထဲက တစ်ယောက်က ပြောလိုက်သည်။

"ဟုတ်တယ်... ငါတို့ရောက်ပြီ...” ရှာဖန်၏ဘေးမှ တစ်ယောက်က ပြောလိုက်သည်။ သူကား စိတ်လှုပ်ရှားနေပုံ ရသည်။ သူတို့အားလုံး ရှေ့သို့ တိုးသွားကြသည်။ သည်နေရာတွင် သားရဲများနှင့် မိစ္ဆာများ တစ်ကောင်မှ မရှိသည်ကို သူတို့ သတိထားမိကြ၏။

"ဟိုဟာ ဘာလဲ...” တစ်စုံတစ်ယောက်က ရှေ့သို့ လက်ညှိုးထိုးလျက် အော်ဟစ်လိုက်သည်။ သူတို့ ပို၍ နီးကပ်လာလျှင် မြင်ကွင်းကား ပို၍ ကြည်လင်လာပြီး လူတိုင်း၏ နှလုံးခုန်သံများ ပိုမြန်လာနေသည်။ သူတို့မြင်သည်ကား အလွန်ကြီးမားသော ရုပ်တုကြီး တစ်ခုဖြစ်၏။ ထိုအရာကား တောင်များအကြားမှ ချို့ဝှမ်းတွင် ထီးထီးတည်း တည်ရှိနေသည်။

လူတိုင်းကား တုန်ယင်နေကြသည် သို့သော် သူတို့က ထိုချိုင့်ဝှမ်း၏ အောက်ခြေအထိ မြင်ရသော အငူစွန်းအနားသို့ အထိ တိုးသွားကြကာ အောက်ခြေမှ ရုပ်တုကြီးအား ငုံ့ကြည့်လိုက်ကြ၏။ အောက်ခြေတွင်ကား မျက်စိနှင့် အထင်းသား မြင်ရအောင်ပင် ထိုနေရာတစ်ဝိုက်တွင် သဘာဝစွမ်းအင်များ အားကောင်းစွာ ပျံ့နှံ့နေကြသည်။

"အောက်ကိုကြည့်လိုက်...” တစ်ယောက်က ရုပ်တုကြီး၏ အောက်ခြေအား လက်ညှိုးထိုးပြလိုက်သည်။ ထိုနေရာတွင် သူတို့ မြင်သည်ကား ရုပ်တုကြီးအား နဂါးတစ်ကောင်က ခွေနေ၏။ သူကား မျက်လုံးများအား မှိတ်ထားကာ အိပ်စက်နေပုံရသည်။

"ဒါက ဟို နဂါးပဲ...” ချင်းကျူ ကျောင်းတော်မှ တစ်ယောက်က ပြောလိုက်သည်။ ရီဖူရှင်း အပါအဝင် လူတိုင်းက အံ့အားသင့် သွားကြသည်။ သည်နဂါးကား နောက်ဆုံးအကြိမ် တောင်ပေါ်တွင် တွေ့ခဲ့သော နဂါးနှင့် အတူတူဖြစ်သည်။

ထိုရုပ်တုကြီးနှင့် နဂါးကြီး ပတ်ဝန်းကျင်တွင် ချိုင့်ဝှမ်းတစ်ခုလုံးမှာ စွမ်းအား အလွန်မြင့်သော သားရဲများ။ မိစ္ဆာကောင်များ လှုပ်ရှားနေကြသည်။ သူတို့အားလုံး ထိုသဘာဝ စွမ်းအင်များအား စုပ်ယူနေပုံရသည်။

သည်နေရာကား သန်းပေါင်းများစွာသော သားရဲများ ခိုအောင်းရာ ချိုင့်ဝှမ်းပင်။

"ဧကရာဇ် ရီချင်...” ထိုရုပ်တုကြီးအား စိုက်ကြည့်လျက် တစ်စုံတစ်ယောက်က ပြောလိုက်သည်။

ဆယ့်ခြောက်နှစ်ခန့် အကြာက ဧကရာဇ်ရီချင်၏ သေဆုံးမှုမှာ လူအများကြား တားမြစ်ထားသော အရာဖြစ်လာပြီး သူ၏ရုပ်တုများမှာလည်း တည်ရှိရန် တားမြစ်ခြင်း ခံထားရသည်။ သို့သော် ယခု သူတို့၏ရှေ့တွင်ကား ခမ်းနား ကြီးကျယ်လှသော ဧကရာဇ်ရီချင်၏ ရုပ်တုကြီးပင်။

***

All Chapters