အခန်း (၂၀၀၂-၂၀၀၅)
Vol. 106 Ch. 2002-2005
အခန်း (၂၀၀၂) - ယောကျာ်းတစ်ယောက် ဒေါသထွက်ရင် သွေးတွေ နေရာအနှံ့ ဖြာထွက်တတ်တယ်
~စိတ်အားထက်သန်သော လူအချို့ အလွန် ဒေါသထွက်နေကြသည်။
ဘေးနားရှိ လမ်းသွားလမ်းလာ အများအပြားလည်း ဒီမြင်ကွင်းကို မြင်သောအခါ မခံချင်စိတ်များ ဖြစ်ပေါ်လာကြသည်။
"မင်းက ကောင့်စီဘီ မိသားစုက မျိုးဆက်သစ် ဖြစ်တော့ ဘာဖြစ်လဲ"
"နဂါးနိုင်ငံမှာ စကားပုံ တစ်ခု ရှိတယ်... ယောကျာ်း တစ်ယောက် ဒေါသထွက်ရင် သူ့သွေးတွေက ငါးလှမ်းအကွာအထိ ပန်းထွက်တတ်တယ် တဲ့... အသက် တစ်ချောင်းပဲ ရှိတာ မဟုတ်ဘူးလား"
"မင်း လူတိုင်းကို တကယ် ဒေါသထွက်အောင် လုပ်မိရင်... သေမှာ မကြောက်တဲ့ လူတစ်ယောက် နှစ်ယောက်လောက် ထွက်လာပြီး မင်းနဲ့ အသေအကြေ တိုက်ခိုက်လိမ့်မယ် ဆိုတာ သတိထားပါ"
"..."
တချိန်တည်းမှာပင် ဆိုင်ကယ်စီးလာသော ယာဉ်ထိန်းရဲ တစ်ယောက် အပြေးအလွှား ရောက်ရှိလာသည်။
...
ဆိုင်ကယ် ရပ်လိုက်ပြီးနောက်၊ သူ အခင်းဖြစ်ပွားရာ နေရာကို အမြန် အကဲခတ်လိုက်၏။ သူ လျှောက်လာပြီး ဆံပင်ဖြူ ကောင်မလေးနှင့် ပုံမှန်မဟုတ်သော လူငယ်ကို မေးလိုက်၏။
"မင်းတို့ နှစ်ယောက်... ခုနက ဘယ်သူ မောင်းတာလဲ"
ဆံပင်ဖြူ ကောင်မလေး ဘာမှ မပြောနိုင်ခင်မှာပင်၊ ပုံမှန်မဟုတ်သော လူငယ်က မကျေနပ်သော မျက်လုံးများဖြင့် ပြောလိုက်သည်။
"မင်းကပါ ငါ့ကိစ္စကို ဝင်ပါချင်တာလား"
"မင်းတို့က အမြန်နှုန်း ကန့်သတ်ထားတဲ့ လမ်းပေါ်မှာ အရှိန်ပြင်းပြင်း မောင်းပြီး ယာဉ်စည်းကမ်း ဖောက်ဖျက်ခဲ့တယ်... ယာဉ်စည်းကမ်းတွေကို လျစ်လျူရှုပြီး မီးနီ ဖြတ်မောင်းတယ်... ယာဉ်ကြော အသွားအလာကို နှောင့်ယှက်တယ်... အပြစ်မဲ့တဲ့ လူတစ်ယောက်ကို သေစေခဲ့ပြီး နောက်တစ်ယောက်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့တယ်... ပြီးတော့ တိုက်ပြီး ထွက်ပြေးတယ်... မူးယစ်ဆေး သုံးစွဲပြီး မောင်းနှင်တယ် လို့လည်း သံသယ ရှိတယ်... ဒါတွေက အရမ်း လေးနက်တဲ့ ပြစ်မှုတွေပဲ"
ယာဉ်ထိန်းရဲ၏ မျက်နှာ မည်းမှောင်သွားသည်။
"ယာဉ်မောင်းလိုင်စင်... မှတ်ပုံတင်... ငါနဲ့ အခုချက်ချင်း လိုက်ခဲ့ဖို့ ပြင်ဆင်ထားပါ"
ပုံမှန်မဟုတ်သော လူငယ်က ဟာသတစ်ခု ကြားလိုက်ရသလို ရယ်မောလိုက်၏။ ထို့နောက် သူ ယုတ်မာသော မျက်နှာထားဖြင့် လက်ကို ဆန့်ထုတ်လိုက်ပြီး ယာဉ်ထိန်းရဲ၏ ပါးကို ဖွဖွလေး ပုတ်လိုက်၏။
"မင်းက လူသစ်လား... ငါ့ကို မသိဘူးလား"
"မင်းနဲ့ လိုက်ခဲ့ရမယ် ဟုတ်လား... မင်း အထက်လူကြီးကို အရင် ဖုန်းဆက်ပြီး သူ ဒီလို စကားမျိုး ပြောရဲလား လို့ မေးကြည့်လိုက်ပါဦးလား"
ယာဉ်ထိန်းရဲ သူ၏ လက်ကို အလိုအလျောက် ပုတ်ထုတ်လိုက်၏။
"မင်းရဲ့ အပြုအမူကို တရားဥပဒေ စိုးမိုးရေး ဝန်ထမ်းကို ခုခံပြီး တိုက်ခိုက်တယ်လို့ ငါ သတ်မှတ်လို့ ရတယ်နော်"
"ငါ မင်းကို သတိပေးလိုက်မယ်... မင်း ဒီအတိုင်း ဆက်လုပ်နေမယ် ဆိုရင်... ငါ အတင်းအကျပ် အရေးယူရလိမ့်မယ်"
ပုံမှန်မဟုတ်သော လူငယ် သူ့ကို ချက်ချင်း ပါးရိုက်လိုက်၏။
"ဖြောင်း..."
"ဘာလဲ... မင်း ပြောပုံအရ ဆိုရင် မင်းက ငါ့ကို ရိုက်တော့မလို့လား"
"မင်းမှာ အရည်အချင်း ရှိရင်... ပြန်ချကြည့်လိုက်လေ"
"မင်းသာ ပြန်ချရဲရင်... (၂၄) နာရီ အတွင်း မင်း အလုပ်ပြုတ်သွားအောင် ငါ လုပ်ပေးမယ်လို့ ကတိပေးတယ်"
ယာဉ်ထိန်းရဲ ဒေါသထွက်သွားပြီး အလိုအလျောက် ပြန်ချရန် ပြင်လိုက်၏။
သို့သော် ထိုအချိန်တွင် ဆံပင်ဖြူ ကောင်မလေးကလည်း အေးစက်စွာ ဝင်ပြောလိုက်၏။
"သခင်လေး စီဘီ က ရှင်နဲ့ နောက်ပြောင်နေတာ မဟုတ်ဘူး"
"ဘာမှ မလုပ်ခင် သေချာ စဉ်းစားပါ"
‘သခင်လေး စီဘီ…’
ယာဉ်ထိန်းရဲ တစ်စုံတစ်ရာကို ရုတ်တရက် နားလည်သွားပြီး သူ့လှုပ်ရှားမှုကို ရပ်တန့်လိုက်၏။
ဒါကို မြင်လိုက်ရသောအခါ၊ ပုံမှန်မဟုတ်သော လူငယ် လက်မြှောက်လိုက်ပြီး ယာဉ်ထိန်းရဲ၏ မျက်နှာကို အကြိမ်အနည်းငယ် ပုတ်လိုက်၏။ သူ မောက်မာစွာ ပြောလိုက်၏။
"မဆိုးဘူး... မဆိုးဘူး... မင်းက သိပ်တော့ မတုံးဘူးပဲ"
"အရေးကြီးတဲ့ အချိန်မှာ ဘယ်လို ထိန်းချုပ်ရမလဲ ဆိုတာ သိသေးတာပဲ"
"မင်း အလိုက်အထိုက် သိသေးတယ် ဆိုတော့... မြန်မြန် လစ်လိုက်တော့... ဥပဒေစိုးမိုးရေး မှတ်တမ်းတင် ကိရိယာ (Body Cam) နဲ့ စောင့်ကြည့် ကင်မရာတွေ (CCTV) ထဲက မှတ်တမ်းတွေကို ဖျက်ဖို့ မမေ့နဲ့... ဒီကိစ္စတွေကို ကောင်းကောင်း လုပ်ပေးရင်... ငါ မင်းကို အပြစ်မတင်ဘဲ ဒီနေ့ ကိစ္စ ဘာမှ မဖြစ်ခဲ့သလို သဘောထားပေးမယ်"
ယာဉ်ထိန်းရဲ၏ မျက်နှာ ဖြူဖျော့သွားသည်။
စိတ်အားထက်သန်သော ကားပိုင်ရှင်များနှင့် ဘေးနားရှိ လမ်းသွားလမ်းလာ အများအပြား လုံးဝ ဒေါသပေါက်ကွဲသွားကြတော့သည်။
"ဒါက လွန်လွန်းတယ်"
"မင်းက နိုင်ငံတော်ရဲ့ ဥပဒေတွေကို ငါတို့ ရှေ့မှာတင် နင်းချေပြီး... ငါတို့လို သာမန် ပြည်သူတွေကို စော်ကားနေတာ... ဒါက ငါတို့ အားလုံးကို လူမြင်ကွင်းမှာ စော်ကားတာနဲ့ ဘာကွာခြားလို့လဲ"
"ဒီလို ကိစ္စမျိုးကို ငါ တကယ် သည်းမခံနိုင်တော့ဘူး"
ထိုအချိန်တွင် တစ်စုံတစ်ယောက်က ရုတ်တရက် ပြောလိုက်၏။
"ဥပဒေက လူအုပ်ကြီးကို အပြစ်မပေးဘူး"
လမ်းသွားလမ်းလာ အများအပြား ချက်ချင်း အသက်ပြင်းပြင်း ရှူလိုက်ကြပြီး၊ ပုံမှန်မဟုတ်သော လူငယ်နှင့် ဆံပင်ဖြူ ကောင်မလေး ဆီသို့ အတူတကွ ပြေးဝင်သွားကြသည်။ သူတို့ကို ဝိုင်းရံပြီး မညှာမတာ ဝိုင်းဝန်း ရိုက်နှက်ကြတော့သည်။
"ဟုတ်တယ်... ငါ ဒီကိစ္စကို မေ့တော့မလို့"
"ဒီမှာ လူတွေ ရာချီ ရှိတယ်... လူတိုင်းက မှန်ကန်တဲ့ ဘက်မှာ ရှိနေတာ... အတူတူ တိုက်ကြစို့... နောက်မှ စစ်ဆေးခံရရင်တောင် ဒီဘီလူးကောင် ငါတို့ကို ဘာမှ လုပ်လို့ မရဘူး"
"ဥပဒေက ငါတို့ကို ဘာမှ လုပ်လို့ မရဘူး"
"အားလုံးပဲ... ရိုက်ပြီး ပြေးကြ"
လူအုပ်ကြီးက ပျားအုံကဲ့သို့ တိုးဝင်သွားပြီး ပုံမှန်မဟုတ်သော လူငယ်နှင့် ဆံပင်ဖြူ အမျိုးသမီးကို ဝိုင်းဝန်း ထိုးကြိတ် ကန်ကျောက်ကြတော့သည်။
မကြာမီမှာပင် ထိုစုံတွဲ မြေကြီးပေါ် လဲကျသွားသည်။
"သောက်ကျိုးနည်း... မင်းတို့ သေချင်နေတာလား"
ပုံမှန်မဟုတ်သော လူငယ်နှင့် ဆံပင်ဖြူ ကောင်မလေးမှာ အစပိုင်းတွင် ခေါင်းမာနေဆဲ ဖြစ်သည်။
"မင်းတို့ စောင့်နေလိုက်... မင်းတို့ အားလုံး သေဖို့သာ ပြင်ထား... ဘယ်သူမှ လွတ်မယ် မထင်နဲ့"
သို့သော် လက်သီးချက်များနှင့် ကန်ချက်များ များပြားလာသည်နှင့်အမျှ၊ သူတို့ မကြာမီ လိမ္မာသွားကြတော့သည်။
"အား..."
"သေပါပြီ..."
"မရိုက်ကြပါနဲ့တော့... မရိုက်ကြပါနဲ့တော့... ထပ်ရိုက်ရင် သေပါတော့မယ်"
"လူကောင်း သူတော်ကောင်းတို့ရေ... ကျွန်တော်တို့ အမှားကို သိပါပြီ... ကျေးဇူးပြုပြီး သက်ညှာပေးကြပါ"
"ကျွန်တော်တို့ မှားပါတယ်... တကယ် မှားမှန်း သိပါပြီ"
လူအုပ်ကြီး၏ နောက်ကွယ်၊ ပုံပျက်နေသော မေဘတ် ကားဘေးတွင်၊ "ဥပဒေက လူအုပ်ကြီးကို အပြစ်မပေးဘူး" ဟု အော်ဟစ်လိုက်သော ယဲ့ဖန်သည် အန်းကျူပရင့်စ် နှင့် အတူ ကားကို မှီလျက် ပွဲကြည့်နေလေသည်။
---
အခန်း (၂၀၀၃) - ပညာရှင်တွေ ရှိနေသေးတာလား
~ခဏအကြာတွင် ဘန်တလေ (Bentley) တစ်စီးနှင့် ရဲကား အချို့ ရောက်ရှိလာသည်။
"ဘာလုပ်နေကြတာလဲ... ဘာလုပ်နေကြတာလဲ... ဒါ ဥပဒေနဲ့ မညီဘူး ဆိုတာ သိရဲ့လား"
အထက်တန်းလွှာ အမျိုးသမီး တစ်ဦးသည် ရဲအရာရှိ အချို့နှင့် ရဲမှူး တစ်ဦး ခြံရံလျက် လျှောက်လာသည်။
ရဲအဖွဲ့ ခေါင်းဆောင်မှာ အသားမည်းမည်းနှင့် လူလတ်ပိုင်း အရွယ် တစ်ဦး ဖြစ်သည်။ သူ၏ မျက်နှာတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး အလွန် ခန့်ညားထည်ဝါပုံ ပေါ်သည်။
သူတို့ ရောက်လာသည်နှင့် တပြိုင်နက်၊ လမ်ဘော်ဂီနီ စုံတွဲကို တိုက်ခိုက်နေသော စိတ်အားထက်သန်သည့် လူအုပ်ကြီးကို ဖမ်းဆီးရန် ပြင်လိုက်ကြသည်။
...
"နေ့ခင်းကြောင်တောင်ကြီး လူရိုက်ရဲတယ် ဟုတ်လား"
"ခင်ဗျားတို့ကို ဘယ်သူက ဒီအခွင့်အရေး ပေးထားလို့လဲ"
သူ့လက်အောက်ငယ်သားများကို ထိုစုံတွဲအား ဝိုင်းရိုက်နေသော လူအုပ်ကြီးနှင့် ခွဲထုတ်ခိုင်းပြီးနောက်၊ သူ စွပ်စွဲ ပြစ်တင်လိုက်၏။
အထက်တန်းလွှာ အမျိုးသမီးက ပုံမှန်မဟုတ်သော လူငယ်ဆီသို့ ချက်ချင်း ပြေးသွားပြီး အခြေအနေကို စစ်ဆေးလိုက်၏။
ပုံမှန်မဟုတ်သော လူငယ်မှာ ညိုမည်းစွဲအောင် အရိုက်ခံထားရပြီး စကားပင် မပြောနိုင်တော့သည်ကို တွေ့လိုက်ရသောအခါ၊ သူမ၏ မျက်ရည်များ ချက်ချင်း စီးကျလာတော့သည်။
ရဲများ၏ ခွဲထုတ်ခြင်း ခံလိုက်ရသော စိတ်အားထက်သန်သည့် လူအုပ်ကြီးက တရားမျှတစွာ ပြန်ပြောလိုက်၏။
"ဒီကောင်က ယာဉ်ကြော အသွားအလာကို နှောင့်ယှက်တယ်... အရှိန် ကန့်သတ်ထားတဲ့ လမ်းပေါ်မှာ အရှိန်ပြင်းပြင်း မောင်းတယ်... မီးနီ ဖြတ်မောင်းတယ်... လူသတ်ပြီး ထွက်ပြေးတယ်... ပြီးတော့ မူးယစ်ဆေး သုံးထားပုံလည်း ရတယ်... ယာဉ်ထိန်းရဲ လာတားပြီး စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ဖို့ ပြောတာကိုတောင်၊ သူက ရဲကို ပြန်တိုက်ခိုက်တယ်... လူတိုင်းက သည်းမခံနိုင်တော့လို့ ရဲရင့်စွာ ဝင်ပါခဲ့ကြတာပါ"
"ဟုတ်တယ်...ကျုပ်တို့က ကောင်းမှု ကုသိုလ် လုပ်နေတာ... ဥပဒေ အရ ဆိုရင် အရေးပေါ် ရှောင်တိမ်းမှု လို့ ခေါ်တယ်"
" ယုတ်မာတဲ့ ဒီ (၂) ယောက်ကို စုံစမ်းစစ်ဆေးသင့်တာ... သူတို့က အရမ်း ယုတ်မာပြီး မောက်မာလွန်းတယ်"
ထိုအခါ၊ အသားမည်းမည်းနှင့် ရဲဝန်ထမ်းက အသံသြသြဖြင့် ပြောလိုက်၏။
"အခြေအနေကို ကျုပ်တို့ စုံစမ်းစစ်ဆေးသွားမယ်...ခင်ဗျားတို့က ကောင်းမှု လုပ်ပါတယ် လို့ ပြောရုံနဲ့ မရဘူး"
"ပြီးတော့ ခင်ဗျားတို့ လူရိုက်တာ မှားတယ်"
"ခုနက ဘယ်သူ ဦးဆောင်တာလဲ... ရှေ့ထွက်ခဲ့ပြီး ကျုပ်တို့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ပါ"
လူအုပ်ကြီး ထဲမှ ဘယ်သူမှ အသံမထွက်ကြပေ။
ဘယ်သူမှ မတုံးကြပေ။ ဒီမှာ စောင့်ကြည့်ကင်မရာ (CCTV) လည်း မရှိ။ ဝန်မခံလျှင် ပြီးတာပဲ မဟုတ်ပါလော။
ဒီ အသားမည်းမည်းနှင့် လူက လူကောင်း မဟုတ်တာ သိသာနေ၏။ သူ တတ်နိုင်ရင် ဆက်ပြီး စုံစမ်းပါစေလေ။
"ခင်ဗျားတို့ ဝန်မခံချင်ကြဘူး ပေါ့လေ"
အသားမည်းမည်းနှင့် လူက ဒီမြင်ကွင်းကို မြင်သောအခါ အနည်းငယ် ဒေါသထွက်သွားသည်။ သူ ယာဉ်ထိန်းရဲကို ချက်ချင်း လှည့်ကြည့်လိုက်၏။
"မင်း ခုနက ဒီမှာ ရှိနေတာပဲ... ဘယ်သူ အရင် စတိုက်တာလဲ"
ယာဉ်ထိန်းရဲ မတုံးပေ။ သူ လူအုပ်ကြီးကို လိုက်ကြည့်သယောင် ဟန်ဆောင်လိုက်ပြီး ခေါင်းခါလိုက်၏။
"ခုနက အရမ်း ရှုပ်ထွေးနေတာပါ... လူတွေကလည်း အရမ်း များလွန်းတော့... ကျွန်တော် သတိမထားမိလိုက်ပါဘူး"
"ဒါ့အပြင်... လူတိုင်း ပြောတာ မှန်ပါတယ်... မြေကြီးပေါ်က ယောကျာ်းနဲ့ မိန်းမရဲ့ အပြုအမူက အရမ်း ယုတ်မာလွန်း..."
"တော်ပြီ... တော်ပြီ..."
အသားမည်းမည်းနှင့် လူက သူ့စကားကို ဖြတ်ပြောလိုက်၏။
"အခြေအနေကို မသိရင် ပါးစပ်ပိတ်ထား"
"အသေးစိတ် အချက်အလက်တွေကို ငါတို့ တစ်ခုချင်းစီ စုံစမ်းစစ်ဆေးသွားမယ်"
"ပြစ်မှု ကျူးလွန်တဲ့သူ ဘယ်သူမဆို လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
"ဟင့်အင်း..."
ထိုအချိန်တွင် သူနှင့် အတူ ပါလာသော အထက်တန်းလွှာ အမျိုးသမီးက ဝင်ပြောလိုက်၏။
"ရဲမှူး ဟာရစ် ... ဒီ လူသတ်သမားတွေကို မဖြစ်မနေ ဖမ်းရမယ်"
"ဒီလူတွေ ကျွန်မ သားကို ဘာလုပ်ထားလဲ ကြည့်ပါဦး"
"သူ့အသက်တောင် ပျောက်လုနီးပါး ဖြစ်သွားပြီ"
"ဒီလူတွေကို မဖမ်းရင်... ကျွန်မ လုံးဝ ကျေနပ်မှာ မဟုတ်ဘူး"
ရဲမှူး ဟာရစ် ဟု ခေါ်သော အသားမည်းမည်းနှင့် လူသည် အနည်းငယ် အခက်တွေ့နေပုံ ရသော်လည်း၊ ချောင်းဟန့်လိုက်ပြီး သူမကို လိမ္မာပါးနပ်စွာ သတိပေးလိုက်၏။
"မဒမ်... ခင်ဗျား ဘယ်လို ခံစားနေရလဲ ဆိုတာ ကျွန်တော် နားလည်ပါတယ်... ဒါပေမဲ့ ကျွန်တော်တို့က ဥပဒေ စိုးမိုးတဲ့ နိုင်ငံလေ... တချို့ ကိစ္စတွေက သက်သေ အထောက်အထားနဲ့ ဥပဒေ အပေါ်မှာ အခြေခံရဦးမယ်"
"ဘယ်သူက တရားခံ အစစ်လဲ၊ ဘယ်သူက စပြီး လှုပ်ရှားတာလဲ ဆိုတာ ကျွန်တော်တို့ မသိသေးဘူး... သူတို့ကို ဖမ်းဖို့ ဆိုရင် အရာအားလုံးကို စုံစမ်းစစ်ဆေးရပါဦးမယ်"
"ဒါဆို ဒီလူတွေ အကုန်လုံးကို ဖမ်းပြီး ရဲစခန်း ခေါ်သွားကာ စစ်ဆေးမေးမြန်းလိုက်လေ"
အထက်တန်းလွှာ အမျိုးသမီးက အလျှော့မပေးပေ။
"ကျွန်မ ထင်တာတော့ ဒီလူတွေမှာ အရမ်း အန္တရာယ် များတဲ့ အတွေးအခေါ်တွေ ရှိနေတယ်... ဘယ်သူမှ လူကောင်း မဟုတ်ဘူး"
"အကုန် ဖမ်းလိုက်... သေချာပေါက် အမှား မရှိစေရဘူး"
"ပြီးတော့ ဖမ်းပြီးရင် သူတို့ကို သင်ခန်းစာ ပေးတာ အကောင်းဆုံးပဲ... ဒါမှ နောက်နောင် အပြင်ထွက်ရင် ဘာက အကောင်း အဆိုးလဲ ဆိုတာ သူတို့ သိကြမှာ"
ရဲမှူး ဟာရစ် ခေါင်းကိုက်သွားသည်။
"မဒမ်... ခင်ဗျား ကျွန်တော့်ကို အခက်တွေ့အောင် လုပ်နေတာပဲ"
ယခု တစ်ကြိမ်၊ သူတို့ဆီမှာ ရဲအရာရှိ နည်းနည်းသာ ပါသည်လေ။
သည်လောက် လူအများကြီးကို သူတို့ ဘယ်လို ဖမ်းမလဲ။
ပြီးတော့ တကယ်သာ ဒီလို လုပ်လိုက်လျှင်၊ သက်ရောက်မှုက မည်မျှ ဆိုးရွားသွားမည်လဲ။
သူ အလုပ် ဆက်လုပ်ချင်သေးတာလား။
"ဒါက ပြဿနာလား"
အထက်တန်းလွှာ အမျိုးသမီးက ခပ်စွာစွာ အသံဖြင့် မေးလိုက်၏။
"ရှင်… ကျွန်မတို့ မိသားစုဆီက အခွင့်ကောင်း ယူတုန်းကတော့ ကျွန်မတို့ကို အခက်တွေ့အောင် မလုပ်ခဲ့ဘူး မဟုတ်လား"
"ဟာရစ်... ရှင် ဒါကို ကောင်းကောင်း မလုပ်နိုင်ရင်... ကျွန်မကို အပြစ်မတင်နဲ့နော်... ပြန်ရောက်ရင် အဖေ့ကို အမှန်အတိုင်း ပြောပြလိုက်မယ်"
ဟာရစ် ဒါကို ကြားသောအခါ ဆုံးဖြတ်ချက် ချလိုက်၏။ သူ၏ လက်အောက်ငယ်သားများကို မျက်ရိပ်ပြလိုက်ပြီး၊ လာရောက်ကာ လူတိုင်းကို ဖမ်းဆီးရန် အချက်ပြလိုက်လေသည်။
အခန်း (၂၀၀၄) - မင်း တော်တော် စွမ်းတာပဲ (၁)
ရိုးသားသော ယာဉ်ထိန်းရဲသည် ဤမြင်ကွင်းကို တွေ့လိုက်ရသောအခါ၊ ချက်ချင်း ရှေ့တိုးလာပြီး သတိပေးလိုက်၏။
"ရဲမှူး... ဒါက လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးနော်"
"ရဲတပ်ဖွဲ့ တစ်ခုလုံးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်... ပြဿနာ အကြီးကြီး ဖြစ်သွားနိုင်တယ်"
"ဒီနေ့ ကိစ္စက မြေကြီးပေါ်က မောက်မာနေတဲ့ စုံတွဲကြောင့် စဖြစ်တာပါ... လူဆိုးကို မဖမ်းဘဲ စိတ်ဓာတ် ကောင်းမွန်တဲ့ ပြည်သူတွေကို ဖမ်းမယ် ဆိုရင်... လူထု ဒေါသ ပေါက်ကွဲသွားမှာကို ကျွန်တော် စိုးရိမ်တယ်"
ဟာရစ်၏ မျက်နှာ မည်းမှောင်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။
"မင်း အထက်လူကြီးက ဘယ်သူလဲ... ငါ သူ့ကို သေချာပေါက် ရှာပြီး ဆူမယ်... ရိုင်းစိုင်းလိုက်တာ"
"ရဲမှူး..."
ယာဉ်ထိန်းရဲ တောင်းပန်ရန် ကြိုးစားသော်လည်း၊ ဟာရစ်က တင်းမာစွာ ဖြတ်ပြောလိုက်၏။
"ဒါ့အပြင်... မင်းရဲ့ ကျွမ်းကျင်မှု အဆင့်အတန်းကို ငါ တကယ်မယုံကြည်ဘူး"
...
"ရဲတပ်ဖွဲ့ဝင် တစ်ယောက် အနေနဲ့ ပြဿနာ တစ်ခု ကြုံလာတဲ့အခါ၊ ကိုယ့်ရဲ့ ပုဂ္ဂလ ဓိဌာန်အမြင်နဲ့ပဲ ဆုံးဖြတ်တယ်... အရာရာကို ဘက်စုံ ထောင့်စုံကနေ ဓမ္မဒိဋ္ဌိကျကျ မကြည့်တတ်ဘူး... ဒါက အကြီးစား ကျရှုံးမှုပဲ"
"ပြန်ရောက်ရင် မင်း..ယူနီဖောင်း ချွတ်ဖို့သာ ပြင်ထားပေတော့"
ယာဉ်ထိန်းရဲသည် အလွန် စိတ်မာသူ တစ်ဦး ဖြစ်သည်။ အဆူပူခံရပြီး မျက်နှာ ပျက်နေသော်လည်း၊ ဒေါသကို ထိန်းချုပ်ပြီး ပြန်ပြောလိုက်၏။
"ကျွန်တော် ယူနီဖောင်း ချွတ်ရရင်တောင် ပြောစရာ ရှိတာ ပြောရမယ်... တရားမျှတမှု ဆိုတာ လူထုရဲ့ ရင်ထဲမှာ ရှိတယ်"
"ဒီနေ့ ခင်ဗျားက ရာဇဝတ်ကောင်ကို ကာကွယ်ပေးမယ် ဆိုရင်... သေချင်သေပါစေ... ဒီမှာ ဖြစ်ပျက်သမျှ အကုန်လုံးကို ကျွန်တော် ဖွင့်ချပစ်မယ်"
"ပြီးတော့ ကျွန်တော့်ရဲ့ ဥပဒေစိုးမိုးရေး မှတ်တမ်းတင် ကိရိယာ (Body Cam) နဲ့ ကားကင်မရာ အများကြီးက ဒီစုံတွဲရဲ့ ပြစ်မှု ကျူးလွန်ပုံ အဆင့်ဆင့် အပြင်၊ ခင်ဗျား သူတို့ကို ဖုံးကွယ်ပေးထားတဲ့ လုပ်ရပ်တွေကိုပါ အကုန် မှတ်တမ်းတင်ထားပြီးသား... ဒါကို ပြောပြဖို့ ကျွန်တော် မကြောက်ဘူး"
"ကောင်းတယ်... အရမ်း ကောင်းတယ်... မင်း လေသံကို နားထောင်ရတာ ခုနက ရိုက်ပွဲမှာ မင်းလည်း ပါဝင်ပတ်သက်နေပုံ ရတယ်... မင်းက ခေါင်းဆောင် ဖြစ်ချင် ဖြစ်နေမှာ"
ဟာရစ် ဒေါသထွက်လွန်း၍ ရယ်မောလိုက်၏။ သူ ယာဉ်ထိန်းရဲကို အေးစက်စွာ ကြည့်လိုက်ပြီး ရုတ်တရက် လက်မြှောက်လိုက်၏။
"ဒီ သံသယ တရားခံကို ဖမ်းလိုက်စမ်း"
သူ့လက်အောက်ငယ်သားများက အသင့် ပြင်ထားပြီးသား ဖြစ်သည်။ သူ လက်မြှောက်လိုက်သည်နှင့် တပြိုင်နက်၊ သူတို့သည် ယာဉ်ထိန်းရဲ ဆီသို့ အရပ်မျက်နှာ အသီးသီးမှ ပြေးဝင်သွားကြပြီး၊ လက်များကို ချုပ်နှောင်ကာ လက်ထိပ်ခတ်လိုက်ကြတော့သည်။
စိတ်အားထက်သန်သော လူအများအပြား ဤမြင်ကွင်းကို မြင်သောအခါ ယာဉ်ထိန်းရဲကို ဝင်ရောက် ကူညီရန် ပြင်လိုက်ကြသည်။
"ဘာလုပ်ကြမလို့လဲ... ဘာလုပ်ကြမလို့လဲ... တရားဥပဒေ စိုးမိုးရေးကို နှောင့်ယှက်ပြီး ရဲကို တိုက်ခိုက်ချင်သေးတာလား"
ဟာရစ်.. ပစ္စတိုကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး မိုးပေါ်ထောင်ကာ နှစ်ချက် ပစ်ဖောက်လိုက်၏။
"နေမဝင်အင်ပါယာရဲ့ ဥပဒေတွေ အရ... တရားဥပဒေ စိုးမိုးရေးကို နှောင့်ယှက်ပြီး ရဲကို တိုက်ခိုက်တဲ့သူ ဘယ်သူမဆို နေရာတင် ပစ်သတ်ခွင့် ရှိတယ်... မင်းတို့ လှုပ်ရဲရင် လှုပ်ကြည့်လိုက်"
ဟာရစ် ပြောရင်းနှင့် ရှေ့ဆုံးမှ ပြေးထွက်လာသူ တစ်ယောက်ကို သေနတ်ဖြင့် ချိန်ရွယ်လိုက်၏။
သူ့လက်အောက်ငယ်သား အချို့လည်း ပစ္စတိုများကို ဆွဲထုတ်လိုက်ကြသည်။
တခဏချင်းတွင် စိတ်အားထက်သန်သော လူအုပ်ကြီး မလှုပ်ရှားရဲ ဖြစ်သွားကြ၏။
ယာဉ်ထိန်းရဲ တစ်ယောက်သာ ရုန်းကန်ရင်း အော်ဟစ်နေ၏။
"အားလုံးပဲ... စိတ်မြန်လက်မြန် မလုပ်ကြပါနဲ့... သူတို့နဲ့ မတိုက်ခိုက်ကြပါနဲ့... သတင်းတွေနဲ့ ဗီဒီယိုတွေကို ခင်ဗျားတို့ရဲ့ ဆွေမျိုးတွေ သူငယ်ချင်းတွေဆီ ပို့လိုက်ကြပါ"
"ဒီကိစ္စကို လူတွေ များနိုင်သမျှ များများ သိအောင် လုပ်တာ အကောင်းဆုံးပဲ"
"ဆိုရှယ်မီဒီယာတွေက မှူးမတ်တွေနဲ့ ပတ်သက်တဲ့ မကောင်းသတင်း အများစုကို အလိုအလျောက် ပိတ်ပင်ထားလိမ့်မယ်... ခင်ဗျားတို့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေမှာ တင်လို့ မရနိုင်တာ ဖြစ်နိုင်ပေမဲ့... ဆွေမျိုးတွေ သူငယ်ချင်းတွေဆီ ပို့တာကတော့ ပြဿနာ မရှိပါဘူး"
"လူတွေ ပိုသိလေလေ... သူတို့ သေချာပေါက် သွားလေလေ ဖြစ်မှာ"
"လခွမ်း..."
ဟာရစ် ဒေါသထွက်သွားပြီး လူအများရှေ့တွင် ယာဉ်ထိန်းရဲ၏ ဗိုက်ကို ကန်ထည့်လိုက်၏။
"သူက ရာဇဝတ်ကောင်တွေကို ဖုံးကွယ်ပေးရုံတင် မကဘူး... ဥပဒေကို ချိုးဖောက်ပြီး ဖြောင့်မတ်တဲ့ ယာဉ်ထိန်းရဲကိုပါ ရိုက်နှက်နေတယ်... ငါတို့ အကုန် မှတ်တမ်းတင်ထားတယ်"
စိတ်အားထက်သန်သော လူအုပ်ကြီးမှာ ဒေါသ မီးတောက်များ လောင်ကျွမ်းနေသော်လည်း၊ ယာဉ်ထိန်းရဲ၏ စကားကြောင့် အသိဝင်လာကြ၏။ သူတို့ ဖုန်းများကို ထုတ်လိုက်ပြီး ဟာရစ်နှင့် အခြားသူများကို ကင်မရာဖြင့် ချိန်ရွယ်လိုက်ကြသည်။
အချို့က ကားကင်မရာမှ ဒေတာများကို ဒေါင်းလုဒ်လုပ်ပြီး ဆွေမျိုးများ၊ သူငယ်ချင်းများနှင့် အုပ်စုချတ် (Group Chat) များသို့ ပေးပို့လိုက်ကြသည်။
"သူတို့ ဖုန်းတွေကို သိမ်းလိုက်... ဒီလူတွေ အကုန်လုံးရဲ့ ဖုန်းတွေကို အခုချက်ချင်း သိမ်းလိုက်စမ်း"
ဟာရစ် အနည်းငယ် ပျာယာခတ်သွားပြီး အဓိပ္ပာယ် မရှိသော အမိန့်ကို ပေးလိုက်၏။
သူက ရဲအရာရှိ အနည်းငယ်ကို လူရာချီ၏ ဖုန်းများကို လိုက်သိမ်းခိုင်းနေခြင်း ဖြစ်သည်။
ရဲအရာရှိ အချို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ ဉာဏ်ကောင်းပြီး စိတ်အားထက်သန်သော နိုင်ငံသား အချို့က အခွင့်ကောင်းယူပြီး ထွက်ပြေးသွားကြသည်။ ဖုန်းအလုခံရပြီး သက်သေ အထောက်အထား အဖျက်ဆီး ခံရမှာကို ရှောင်ရှားရန် ဖြစ်၏။
ဒါကို မြင်သောအခါ၊ ဟာရစ် သေနတ်ကို ချက်ချင်း မြှောက်လိုက်ပြီး သတိပေး ပစ်ခတ်ရန် ပြင်လိုက်၏။
"တော်လိုက်တော့..."
ထိုအချိန်တွင် ငွေရောင် အလင်းတန်း တစ်ခု ပျံသန်း ရောက်ရှိလာသည်။ လေကို ခွင်းသွားသံနှင့် အတူ သူ့လက်ထဲမှ ပစ္စတိုကို ရိုက်ချလိုက်ရာ၊ သူ့လက်များ ထုံကျင်သွားပြီး နာကျင်သွားရ၏။
ယောကျာ်း တစ်ယောက်နှင့် မိန်းမ တစ်ယောက် လူအုပ်ကြီး၏ နောက်ဘက်မှ လျှောက်လှမ်းလာကြသည်။
---
အခန်း (၂၀၀၅) - မင်း တော်တော် စွမ်းတာပဲ (၂)
~"ကျွတ်..."
"ခွေးသား... ရဲအရာရှိ တစ်ယောက်ကို တိုက်ခိုက်ရဲတယ် ဟုတ်လား... လူမြင်ကွင်းမှာ ရဲကို တိုက်ခိုက်တာ ဘယ်လောက် ကြီးလေးတဲ့ ပြစ်မှုလဲ ဆိုတာ မင်း သိရဲ့လား"
ဟာရစ် လက်ကောက်ဝတ်ကို ကိုင်လျက်၊ ယဲ့ဖန်နှင့် အန်းကျူပရင့်စ် တို့ကို စူးစူးဝါးဝါး ကြည့်လိုက်၏။
ယဲ့ဖန် လုံးဝ ဂရုမစိုက်ပေ။ လှောင်ပြောင်သော မျက်နှာထားဖြင့် လက်သီးဆုပ်ပြလိုက်၏။
"ရဲမှူး ဟာရစ်... ခင်ဗျားက တော်တော် စွမ်းတာပဲ... ခင်ဗျား လေသံကို နားထောင်ရတာ ကျွန်တော်တို့ကို ဖမ်းချင်နေတဲ့ ပုံပဲ"
ဟာရစ် သူတို့ နှစ်ယောက် လာရာ လမ်းကြောင်းကို တစ်ချက် ကြည့်လိုက်၏။ အထူးသဖြင့် အန်းကျူပရင့်စ် လက်ထဲမှ ကားသော့ကို မြင်သောအခါ၊ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားသည်။
"ဒီ လမ်ဘော်ဂီနီ ကို ဝင်တိုက်တာ မင်းတို့လား"
ယဲ့ဖန် ပြန်မဖြေပေ။
...
"ကြည့်ရတာ မင်းတို့ နှစ်ယောက် ဖြစ်ပုံရတယ်... လူကို ဝင်တိုက်ရုံတင် မကဘူး... ရဲမှူးကိုတောင် လူမြင်ကွင်းမှာ ပြန်တိုက်ခိုက်ရဲတယ် ပေါ့လေ... ဖမ်းလိုက်စမ်း"
ဟာရစ် သူ့လက်အောက်ငယ်သားများကို မျက်ရိပ်ပြလိုက်၏။ ထွက်ပြေးနေသော လူများ၏ ဖုန်းကို မည်သို့ လုယူရမည်နည်း ဟု စဉ်းစားနေသော ရဲအရာရှိ နှစ်ဦးသည် ယဲ့ဖန်နှင့် အန်းကျူပရင့်စ် ဆီသို့ အမြန် လျှောက်လာကြသည်။
သူတို့အတွက်တော့ ဒီအလုပ်က ကောက်ကျစ်သော နိုင်ငံသားများ၏ ဖုန်းကို လိုက်လုရတာထက် အများကြီး ပိုလွယ်ကူသည်။
သို့သော် သူတို့ လက်ထိပ်ထုတ်ပြီး ယဲ့ဖန်နှင့် အန်းကျူပရင့်စ် အနားသို့ ရောက်သောအခါ၊ သူမ သူတို့ကို အေးစက်စွာ ကြည့်လိုက်ပြီး၊ သူတို့ကို နေရာမှာတင် ဒူးထောက်သွားစေလောက်သည့် စကားတစ်ခွန်း ပြောလိုက်၏။
"ငါက အန်းကျူပရင့်စ် ပါ... ငါ့ဘေးက လူက ငါ့ချစ်သူ ယဲ့ဖန် ပါ... ဒီည ငါတို့ ဘုရင်မကြီးရဲ့ ညစာစားပွဲကို တက်ရောက်ဖို့ တော်ဝင် နန်းတော်ကို သွားမလို့... ငါတို့ကို ဥပဒေ အရ အရေးယူချင်တယ် ဆိုတာ သေချာရဲ့လား"
ရဲအရာရှိ နှစ်ဦး ကြောက်လန့်လွန်းသဖြင့် လက်များ တုန်ရီသွားကြသည်။ အလိုအလျောက်ပင် လက်ထိပ်များကို နောက်ကျောဘက်သို့ ဝှက်လိုက်မိကြသည်။
"မစ္စ... မစ္စစ် အန်းကျူ..."
ရဲအရာရှိ နှစ်ဦး၏ အသံများ တုန်ရီနေပြီး၊ ရဲမှူး ဟာရစ်ကို ပျာယာခတ်စွာ လှမ်းကြည့်လိုက်ကြသည်။
ဟာရစ်က ဒေသခံ ရဲစခန်းလေး တစ်ခုက ရဲမှူး အသေးစားလေး တစ်ယောက်သာ ဖြစ်သည်။
အဆင့်အတန်း အလွန် နိမ့်ကျသည်။
ကောင့်စီဘီ မိသားစုနှင့် အဆက်အသွယ် ရခဲ့ခြင်းမှာလည်း၊ မြေကြီးပေါ်က သခင်လေး စီဘီ က ပြဿနာ ရှာရတာ ကြိုက်ပြီး၊ သူ့ဘေးနားက မယ်တော်ကြီး (Noblewoman) က လိုက်လံ ဖြေရှင်းပေးရင်း၊ သူ ကံကောင်းထောက်မစွာ ချိတ်ဆက်မိခဲ့ခြင်း ဖြစ်၏။
တကယ်တမ်းတော့ ကောင့်စီဘီ မိသားစု၏ အမာခံ အဖွဲ့ဝင် မဟုတ်သော သခင်လေး စီဘီ၏ အမေ လောက်နှင့်တင် သူ့ကို သေလောက်အောင် ခြိမ်းခြောက်နိုင်နေ၏။
အန်းကျူ မိသားစု၏ အမာခံ အဖွဲ့ဝင် စစ်စစ် ဖြစ်သော အန်းကျူပရင့်စ် ဆိုရင်တော့ ပြောနေစရာပင် မလိုတော့ချေ။
ရဲမှူး ဟာရစ် ဒီနာမည်ကို ကြားလိုက်ရုံနှင့် ဦးနှောက် ဗလာကျင်းသွားရ၏။
အန်းကျူပရင့်စ် စကား၏ ဒုတိယ အပိုင်း ဖြစသည့် သူမ ဘေးနားက လူက သူမ ချစ်သူ ဖြစ်ပြီး၊ သူတို့ နှစ်ယောက်က ဒီည ဘုရင်မကြီး၏ ညစာစားပွဲကို တက်ရောက်ကြမည် ဆိုတာကို ကြားလိုက်ရသော အခါ၊ သူ ကြောက်လွန်း၍ ဇောချွေးများ ပျံလာရတော့သည်။
"မစ္စစ် အန်းကျူနဲ့ ချစ်သူ ဖြစ်နေတာကိုး... ဒါကြောင့် ဒီလောက် ထူးချွန်နေတာ မဆန်းပါဘူး..."
လူတိုင်း၏ အကြည့်အောက်တွင် ရဲမှူး ဟာရစ် ငိုတာထက် ရုပ်ဆိုးသော အပြုံးတစ်ခုကို အတင်းကာရော ပြုံးပြလိုက်၏။
"ခုနက ကိစ္စအတွက် တကယ် တောင်းပန်ပါတယ် ခင်ဗျာ... ကျွန်တော်က စိတ်လောနေလို့ မစ္စအန်းကျူနဲ့ ချစ်သူကို မမှတ်မိလိုက်ပါဘူး... ခင်ဗျားတို့ကို စော်ကားမိမလို ဖြစ်သွားတယ်..."
ဟာရစ် ခါးကို ကိုင်းညွှတ်လိုက်ပြီး ယဲ့ဖန်နှင့် အန်းကျူပရင့်စ် ဆီသို့ လျှောက်သွားကာ၊ သူ့မျက်နှာထားကို တတ်နိုင်သမျှ နှိမ့်ချပြီး ပြသလိုက်၏။
သို့သော် အန်းကျူပရင့်စ် လက်ကာပြလိုက်ပြီး၊ သူမ၏ ရွံရှာမှုနှင့် မထီမဲ့မြင် ပြုမှုတို့ကို ဖုံးကွယ်မထားပေ။
"နေပါစေ... ရဲမှူး ဟာရစ်"
"ရှင့်ရဲ့ စွမ်းဆောင်ရည်ကို ကျွန်မရော ကျွန်မ ချစ်သူရော ခုနက မြင်လိုက်ရပါတယ်"
"မြေကြီးပေါ်က သခင်လေး စီဘီ ပြောတာတွေ လုပ်တာတွေ အကုန်လုံးကိုလည်း ကျွန်မ မြင်ခဲ့ပါတယ်"
"ကျွန်မ မှတ်မိသလောက် ဆိုရင် ကောင့်စီဘီ က အရမ်း သဘောထားကြီးပြီး အလိုက်အထိုက် သိတတ်တဲ့ ပညာရှင်ကြီး တစ်ယောက်ပါ... သူ့ရဲ့ မျိုးဆက်တွေထဲမှာ ဒီလို ကြွက်ချေး တစ်တုံး ပါလာလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး"
"ရှင် ပြောစရာ ရှိရင်... ကောင့်စီဘီ နဲ့ ဖော့ခ်စီးတီး ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်တို့ကို ပြောလိုက်ပါ"
ပြောရင်းနှင့် သူမ ဖုန်းကို အမြန် ထုတ်လိုက်ပြီး ကောင့်စီဘီ နှင့် ဖော့ခ်စီးတီး ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် တို့ကို ဖုန်းခေါ်ကာ အခြေအနေကို အကြောင်းကြားလိုက်၏။ အခင်းဖြစ်ပွားရာ နေရာမှ ဗီဒီယို အချို့ကိုလည်း သူတို့ဆီ ပေးပို့လိုက်၏။
သူမ၏ လုပ်ဆောင်မှု အပြီးတွင်၊ ယာဉ်တန်း နှစ်ခု အခင်းဖြစ်ပွားရာ နေရာသို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။
တစ်ဖက်တွင် သိုသိပ်သော ဗော်လ်ဗို (Volvo) ကား တစ်စီး ဦးဆောင်ပြီး၊ ကောင့်စီဘီ၏ လုံခြုံရေး ကား အချို့ ပါဝင်သည်။
အခြား တစ်ဖက်တွင် မီးတန်းများ ဖွင့်ထားသော ရဲကား (၁၀) စီးကျော် ပါဝင်သည်။ အထူးသဖြင့် ထင်ရှား ပေါ်လွင်နေ၏။ ဖော့ခ်စီးတီး ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင် ဦးဆောင် လာခြင်း ဖြစ်သတည်း။