အခန်း (၁၉၉၉-၂၀၀၁)
Vol. 106 Ch. 1999-2001
အခန်း (၁၉၉၉) - ဒီ မြေခွေးမလေး
~အန်းကျူပရင့်စ် သူမ၏ လက်များကို ယဲ့ဖန်၏ လည်ပင်းတွင် ချိတ်လိုက်၏။ သူမ၏ မျက်နှာ နီရဲနေပြီး မျက်ဝန်းများ ရီဝေနေကာ ယဲ့ဖန်ကို ကြည့်လိုက်၏။
"ဒုတိယ သတင်းကောင်းက ရှင့်အကြောင်းပါ..မောင်"
"ကိုယ် ဟုတ်လား"
ယဲ့ဖန် အနည်းငယ် အံ့သြသွားသည်။
အန်းကျူပရင့်စ် ခေါင်းညိတ်လိုက်၏။ သူမ၏ အိပ်ဝတ်ရုံနှင့် ဆွဲဆောင်မှု ရှိသော ခန္ဓာကိုယ် ကောက်ကြောင်းများသည် သူမ၏ လှုပ်ရှားမှုနှင့် အတူ လှုပ်ခါသွားပြီး၊ ယဲ့ဖန်ကို ပိုမို စိတ်လှုပ်ရှားစေသည်။
"ရှင်က စတန့်စ်လေဆိပ် အဖြစ်အပျက် အတွက် အဓိက သက်သေ အထောက်အထား ရှာဖွေ စုဆောင်းမှုကို ပထမဆုံး တွေ့ရှိပြီး ပြီးမြောက်အောင် လုပ်ပေးခဲ့သူလေ... ကြီးမားတဲ့ အကျိုးပြုမှု အပြင် အံ့သြစရာ ကောင်းတဲ့ သတ္တိနဲ့ ဉာဏ်ပညာကိုပါ ပြသခဲ့တယ်... ဒါကြောင့် ဘုရင်မကြီးက ရှင့်ကို အထူး ဆုချဖို့ ဆုံးဖြတ်လိုက်တယ်"
"ဘုရင်မကြီးက ရှင့်ကို နိုင်ငံခြားသား တစ်ယောက်အတွက် ပေးအပ်တဲ့ ပထမဆုံး ဂုဏ်ထူးဆောင် သူရဲကောင်း တံဆိပ်ကို ချီးမြှင့်တော့မယ်... နောက်ဆိုရင် ဒီတံဆိပ်နဲ့ ရှင်က အင်ပါယာ အတွင်းမှာရော၊ ကမ္ဘာ့ ဘယ်နေရာမှာမဆို သူရဲကောင်း တစ်ယောက်ရဲ့ ဆက်ဆံမှုကို ခံစားရတော့မယ်"
"ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းကပဲ ရှင့်ကို ကိုင်တွယ်ချင်ပါစေ... နေမဝင်အင်ပါယာရဲ့ ဂုဏ်ထူးဆောင် သူရဲကောင်း ဆိုတဲ့ ရှင့်ရဲ့ အဆင့်အတန်းကို ထည့်သွင်း စဉ်းစားရတော့မယ်"
...
"အိုး..ဒါက တကယ်ကို သတင်းကောင်းပဲ"
ယဲ့ဖန်၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွားသည်။
နေမဝင်အင်ပါယာသည် ယခင်နှစ်များကလောက် အစွမ်းမထက်တော့ဘဲ ကျဆင်းနေပြီ ဖြစ်သော်လည်း၊ ကမ္ဘာတစ်ဝှမ်းတွင် ဩဇာအာဏာနှင့် ဂုဏ်သတင်း ကြီးမားနေဆဲ ဖြစ်သော ဖွံ့ဖြိုးပြီး နိုင်ငံအဟောင်းကြီး တစ်ခု ဖြစ်နေဆဲပင်။
နေမဝင်အင်ပါယာ၏ ဂုဏ်ထူးဆောင် သူရဲကောင်း ဖြစ်လာပြီးနောက်၊ နောင်အနာဂတ်တွင် သူ နေရာအနှံ့ ခရီးသွားသောအခါ၊ အထူးသဖြင့် ကမ္ဘာပတ် ခရီးသွားသောအခါ၊ ဒုက္ခ အများကြီး သက်သာသွားစေမည် ဖြစ်သည်။ အရေးကြီးသော အချိန်များတွင် သေဒဏ် ကင်းလွတ်ခွင့် တံဆိပ် အဖြစ်ပင် အသုံးပြုနိုင်သေးသည်။
"ဒီသတင်းနဲ့ ဒီဗွန်ရှိုင်းယား မိသားစုကို ကိုင်တွယ်လိုက်တဲ့ ရလဒ်တွေက လူသိရှင်ကြား မဖြစ်သေးဘူးနော်... မောင်... လောလောဆယ် ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့ဦး"
အန်းကျူပရင့်စ် မျက်တောင်ခတ်ရင်း ပြောလိုက်ပြီး၊ နှမြောတသ ဖြစ်နေသော လေသံဖြင့် ဆက်ပြောလိုက်၏။
"ဒါ့အပြင် ဘုရင်မကြီး ပြောတာ ကြားလိုက်တယ်... ရှင်သာ နေမဝင်အင်ပါယာ နိုင်ငံသား အဖြစ် ခံယူဖို့ ဆန္ဒရှိရင်၊ ပိုမြင့်တဲ့ ရာထူး အဆင့်အတန်းကို တိုးပေးနိုင်တယ်တဲ့"
"ဒါပေမဲ့ ရှင် လက်ခံမှာ မဟုတ်ဘူးလို့ ကျွန်မ ထင်လို့ ဆက်မပြောလိုက်တော့ဘူး"
ယဲ့ဖန် ဤအလိုက်သိသော အလှလေး၏ ခါးကို ဖွဖွလေး ဖက်လိုက်၏။
"ပရင့်စ် က ကိုယ့်အကြောင်း ကောင်းကောင်း သိတာပဲ..."
အန်းကျူပရင့်စ် အခွင့်ကောင်းယူပြီး သူ့ရင်ခွင်ထဲသို့ တိုးဝင်လိုက်၏။
"နောက်ထပ် သတင်းနှစ်ခု ရှိသေးတယ်... တစ်ခုက အထူးအေးဂျင့် အစ္စဘယ်လ်လာ လည်း ဒီတစ်ခါ ထူးချွန်တဲ့ စွမ်းဆောင်ရည်ကြောင့် သူရဲကောင်း ဘွဲ့ ရသွားတယ်... တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်းကို သန့်ရှင်းရေး လုပ်ပြီးရင်၊ သူ ထိပ်တန်း နေရာကို အမြန်ဆုံး ရောက်သွားနိုင်ပြီး ရှေ့လျှောက် အဆင်ပြေသွားလောက်တယ်"
"နောက်တစ်ခုက ကျွန်မ အဖေရဲ့ ခန့်မှန်းချက် အရ၊ ရှင် ပေးလိုက်တဲ့ သတင်းအချက်အလက်တွေကြောင့် ကျွန်မတို့ မိသားစု ကြိုတင် ပြင်ဆင်နိုင်ခဲ့တယ်... ဒီဗွန်ရှိုင်းယား မိသားစု ပြိုလဲသွားပြီးနောက်၊ ကျွန်မတို့ မိသားစု အနေနဲ့ အနည်းဆုံး ဒေါ်လာ (၁၀) ဘီလီယံလောက် အကျိုးအမြတ် ရနိုင်မယ်လို့ ခန့်မှန်းရတယ်"
"ကျွန်မ အဖေက ပြောတယ်... အန်းကျူ မိသားစုက ရှင့်ကို ကျေးဇူးအကြီးကြီး တင်နေပါပြီတဲ့... ရှင် လိုချင်တာ ရှိရင် သူ့ကိုရော ကျွန်မ အဘိုးကိုရော တောင်းဆိုလို့ ရပါတယ်တဲ့... ကျွန်မကို အန်းကျူ မိသားစုထဲကနေ ပြန်ပေးဆွဲ မသွားသရွေ့ပေါ့"
"ဒါဆိုရင် ဦးကို ပြောလိုက်ပါ... ကိုယ်က မင်းကို အန်းကျူ မိသားစုထဲကနေ ပြန်ပေးဆွဲသွားချင်တာပါ လို့"
ယဲ့ဖန် အနည်းငယ် နောက်ပြောင်လိုက်၏။
အန်းကျူပရင့်စ် ခဏတာ ကြောင်အသွားသည်။
"ဟင်..."
"မောင်... တကယ် ပြောတာလား"
"နောင်ကျရင် ကျွန်မကို နဂါးနိုင်ငံဘက် ပြောင်းလာစေချင်တာလား"
"စတာပါကွာ"
ယဲ့ဖန် သူမ၏ ချစ်စရာ ကောင်းပုံကြောင့် စိတ်လှုပ်ရှားသွားသည်။ သူမ၏ နွေးထွေးပြီး နူးညံ့သော ခန္ဓာကိုယ်ကို ခံစားလိုက်ရပြီး၊ သူ့စိတ်ဆန္ဒများ ပိုမို ပြင်းထန်လာကာ၊ သူမ ခါးကို ဖက်ထားသော လက်များ စတင် လှုပ်ရှားလာတော့သည်။
"တခြား ဘာရှိသေးလဲ... ရှိရင် ဆက်ပြော... မရှိရင် အိပ်ကြရအောင်"
အန်းကျူပရင့်စ် ယဲ့ဖန်၏ ဆိုလိုရင်းကို အကြမ်းဖျင်း နားလည်လိုက်၏။ သူမ မျက်နှာ ပိုမို နီရဲလာပြီး၊ အသက်ရှူသံများလည်း အလိုအလျောက် မြန်ဆန်လာသည်။
သူမ တံတွေး မြိုချလိုက်ပြီး အမြန် ပြောလိုက်၏။
"မနက်ဖြန်ညကျရင် ဘုရင်မကြီးက ရှင်နဲ့ အစ္စဘယ်လ်လာကို တော်ဝင် နန်းတော်က ညစာစားပွဲကို ဖိတ်ကြားထားတယ်... ကျွန်မ မိသားစု၊ အဘိုး ဘတ်ကင်ဟမ်၊ အဘိုး အာဂျိုင်း တို့လည်း ဖိတ်ကြားခံရတယ်"
"ဘုရင်မကြီးက ရှင်တို့ရဲ့ ဆုတံဆိပ်တွေနဲ့ ဒီဗွန်ရှိုင်းယား မိသားစုရဲ့ ပြစ်ဒဏ်တွေကို ကြေညာလိမ့်မယ်... မနက်ဖြန် မနက်ကျရင် ဝတ်စုံပြည့် (Gowns) သွားဝယ်ရမယ်နော်"
"သိပါပြီ"
ယဲ့ဖန် သည်းမခံနိုင်တော့ပေ။ အန်းကျူပရင့်စ် စကားမဆုံးခင်မှာပင်၊ သူမ၏ အိပ်ဝတ်ရုံ ခါးပတ်ကြိုးကို ဆွဲဖြုတ်လိုက်ပြီး၊ သူမကို ချည်နှောင်မှုများမှ လွတ်မြောက်စေလိုက်၏။
အန်းကျူပရင့်စ်၏ မျက်နှာ သွေးရောင်လွှမ်းသွားသည်။
"စကား မဆုံးသေးပါဘူးဆို..."
"မဆုံးသေးရင် ကိုယ်တို့ ကိစ္စ ပြီးမှ ဆက်ပြော..."
ယဲ့ဖန် ဆက်လုပ်ရန် ပြင်လိုက်၏။
"ဒီတစ်ခုကိုတော့ ရှင် သေချာပေါက် ကြိုက်မှာပါ မောင်ရဲ့"
အန်းကျူပရင့်စ် ယဲ့ဖန်၏ ပွေ့ဖက်ထားမှုမှ ရုန်းထွက်လိုက်၏။
"ကျွန်မ ရှင့်အတွက် အံ့အားသင့်စရာလေး တစ်ခု ပြင်ဆင်ထားတယ်"
"ခဏလေး စောင့်... ဒါက ရှင့်ကို ပိုပြီး ပျော်ရွှင်စေလိမ့်မယ်လို့ ကျွန်မ အာမခံတယ်"
“ဟင်…”
အခန်း (၂၀၀၀) - ဒီမိန်းကလေးက သိတာ များလွန်းတယ်
~အန်းကျူပရင့်စ်သည် ယဲ့ဖန်အား မခွဲချင်မခွာရက်ဖြင့် အနမ်း တစ်ခု ပေးပို့လိုက်ပြီးနောက်၊ ဝင်ပေါက်ဆီသို့ လျင်မြန်စွာ လျှောက်လှမ်းသွားကာ လူတစ်ရပ်စာ မှန်ချပ်ကြီး တစ်ချပ်ကို သယ်ဆောင်လာခဲ့လေ၏။
သူမသည် ထိုမှန်ကြီးကို ဆိုဖာရှေ့တွင် နေရာချလိုက်ပြီး၊ အကောင်းဆုံး ထောင့်ကို ရှာဖွေပြီးနောက် ယဲ့ဖန်အား ညှို့ဓာတ်ပြင်းသော မျက်နှာထားဖြင့် ကြည့်လိုက်၏။
ထို့နောက် သူမသည် မှန်ကြီးကို မျက်နှာမူလျက် ကော်ဖီစားပွဲပေါ်သို့ မှောက်ရက်သား လှဲချလိုက်လေတော့သည်။
ယဲ့ဖန်၏ မျက်လုံးများ ပြူးကျယ်သွားရ၏။
"ဒါက မင်းပြောတဲ့ အံ့သြစရာ လက်ဆောင်လား... ဘယ်ကနေများ သွားသင်လာတာလဲ"
"ဖော့ခ်စီးတီးက သူဌေးသမီးတွေရဲ့ 'Group Chat' ထဲမှာလေ... သူတို့ ရည်းစားတွေက ဒီလိုပုံစံကို အရမ်းကြိုက်ကြတယ်လို့ ပြောနေကြတာ တွေ့လိုက်လို့ပါ... ဒီနည်းလမ်းက ယောကျာ်းလေးတွေရဲ့ စွမ်းအားကို တိုးစေပြီး ပိုပျော်ရွှင်စေတယ်လို့ ကြားတယ်..."
အန်းကျူပရင့်စ်၏ နို့နှစ်ရောင် ခန္ဓာကိုယ်သည် ပန်းရောင်သန်းနေ၏။
ထို့အပြင် သူမ ခါးကို ကိုင်းလိုက်သောအခါ ပေါ်လွင်လာသော ဆွဲဆောင်မှုရှိသည့် ကောက်ကြောင်းများမှာ မည်သည့် ယောကျာ်းသားမဆို ခုခံနိုင်စွမ်း ကင်းမဲ့သွားစေနိုင်လေသည်။
...
ယဲ့ဖန်သည် ချက်ချင်းပင် လျှောက်သွားလိုက်၏။
"ကိုယ်လည်း လေ့လာရတာ ကြိုက်ပါတယ်... အဲ့ဒီ Group Chat ထဲ ကိုယ့်ကိုပါ ထည့်ပေးဖို့ မမေ့နဲ့ဦး"
"..."
နောက်တစ်နေ့ နံနက်ခင်းတွင် ယဲ့ဖန်မှာ လန်းဆန်းတက်ကြွနေသော်လည်း၊ အန်းကျူပရင့်စ်၏ မျက်လုံးများမှာမူ အာရုံစိုက်နိုင်စွမ်း မရှိတော့ချေ။ အိပ်မက်တွေ ပျောက်ဆုံးနေသော ငါး တစ်ကောင်ကဲ့သို့ သူမသည် လက်များကို ဖြန့်ကားလျက် ကုတင်ပေါ်တွင် ပြိုလဲနေလေ၏။
"ဒါလင်... ရှင်က နျူကလီးယား အင်ဂျင် တပ်ထားတာလား... ကျွန်မမှာ တကယ်ကို ဘာအားအင်မှ မကျန်တော့ဘူးရှင်... အဝတ်အစား သွားဝယ်မယ့် ကိစ္စ နေ့လည်မှ သွားကြရအောင်... ခဏလောက် ပေးအိပ်ပါဦး"
"ရပါတယ်"
ယဲ့ဖန်သည် သဘောထားကြီးစွာဖြင့် အလှလေးကို ပွေ့ဖက်လိုက်ပြီး၊ သူ၏ အတွင်းအားကို လှည့်ပတ်ကာ သူမ၏ သွေးကြောများနှင့် အကြောဆုံမှတ် အချို့ကို နှိပ်နယ်ပေးလိုက်၏။ ဤသို့ဖြင့် သူမအား ပြန်လည် အားပြည့်လာစေရန် ကူညီပေးလိုက်လေသည်။
နေ့လည်ခင်း ရောက်သောအခါ အန်းကျူပရင့်စ်သည် နဂိုအတိုင်း ပြန်လည် သက်သာလာပြီ ဖြစ်သဖြင့်၊ သူတို့ နှစ်ဦး နေ့လည်စာ အတူစားလိုက်ကြသည်။ ထို့နောက် သိုသိပ်သော မေဘတ် (Maybach S680) ကားတစ်စီးကို မောင်းနှင်ကာ မြူခိုးမြို့တော်၏ အကျော်ကြားဆုံး ဇိမ်ခံ ကုန်တိုက်ကြီး ဖြစ်သည့် ဟာရိုး (Harold) ဈေးဝယ်စင်တာဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြ၏။
ယခုအချိန်တွင် အန်းကျူပရင့်စ်မှာ ယဲ့ဖန်၏ ပြုစုယုယမှုနှင့် နှိပ်နယ်ပေးမှုတို့ကြောင့် မျက်နှာတွင် သွေးရောင်လွှမ်းကာ ကြည်လင်တောက်ပနေလေသည်။ ကားမောင်းနေရင်း သူမသည် ပျော်ရွှင်စွာ သီချင်းတစ်ပုဒ်ကို ညည်းဆိုနေ၏။
သူမသည် သီချင်းညည်းရင်း ယဲ့ဖန်နှင့် စကားစမြည် ပြောလိုက်၏။
"ဒါလင်... ညပွဲတက် ဝတ်စုံနဲ့ ပတ်သက်ပြီး ကြိုက်တဲ့ စတိုင်လ် ရှိလား... မရှိရင် ကျွန်မ အကြံပေးပါရစေ"
"ရှင့်ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံနဲ့ စိတ်နေသဘောထား အရ ဆိုရင်... လူကြီးလူကောင်း ဆန်ဆန် စတိုင်လ်ရော၊ သူရဲကောင်း ဆန်ဆန် စတိုင်လ်ရော နှစ်မျိုးလုံးနဲ့ လိုက်ဖက်ပါတယ်... ဒါပေမဲ့ အဲ့ဒါတွေက နည်းနည်း ရိုးလွန်းတယ်... ကျွန်မကတော့ ရှင့်ကို 'Yuppie' စတိုင်လ်မျိုး ဝတ်စေချင်တယ်"
"ဝတ်စုံပြည့် ဝတ်ထားတဲ့ လူမိုက် တစ်ယောက်ရဲ့ ခံစားချက်မျိုးပေါ့... ပုံမှန် အချိန်မှာ အရမ်း ယဉ်ကျေးပြီး သိမ်မွေ့နေပေမဲ့... ဒေါသထွက်လာရင်တော့ လှောင်အိမ်ထဲက လွတ်လာတဲ့ သားရဲတစ်ကောင်လို ကြမ်းတမ်းတဲ့ ပုံစံမျိုး..."
[T/N: Yuppie (ယပ်ပီ) ဆိုတာ Young Urban Professional ကို ဆိုလိုတာ ဖြစ်ပြီး ဝင်ငွေကောင်း၊ ရုပ်ရည်သန့်ပြီးတော့ ဖက်ရှင်ကျတဲ့ လူငယ်တွေကို ခေါ်ဆိုပါတယ်။ ဒီဝတ္ထုရဲ့ သဘောသဘာဝအရ အပြင်ပန်းမှာ လူကြီးလူကောင်းလို သပ်ရပ်နေပေမယ့် အတွင်းစိတ်မှာ သားရဲ တစ်ကောင်လို ရိုင်းစိုင်းကြမ်းတမ်းတဲ့ ဆွဲဆောင်မှုမျိုး ကို တင်စားတာ ဖြစ်ပါတယ်။]
ယဲ့ဖန် ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင်၊ ကားအင်ဂျင်သံ ပြင်းပြင်းထန်ထန် ဟိန်းထွက်သံများနှင့် ဖရိုဖရဲ ဟွန်းတီးသံများ နောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာ၏။ ထို့နောက် အဝေးမှ ရဲကား ဥဩဆွဲသံများပါ ကပ်ပါလာလေသည်။
အသံလာရာ ဘက်သို့ ကြည့်လိုက်ရာ လမ်ဘော်ဂနီ (Lamborghini Reventon) ကားတစ်စီးကို တွေ့လိုက်ရ၏။ ထိုကားသည် မြို့တွင်း လမ်းမပေါ်တွင် တစ်နာရီ မိုင် (၂၀၀) ကျော် နှုန်းဖြင့် မောင်းနှင်နေခြင်း ဖြစ်၏။ ၎င်း၏ နောက်တွင် ဆိုင်ကယ်စီး ယာဉ်ထိန်းရဲ တစ်ဦးက အသည်းအသန် လိုက်ဖမ်းနေလေသည်။
လမ်ဘော်ဂနီ ကားသမားသည် အလွန် မောက်မာလှ၏။ မီးနီကို ဖြတ်မောင်းရုံ သာမက လူကူးမျဉ်းကြားကိုပါ အရှိန်မလျော့ဘဲ ဖြတ်မောင်းသွားသည်။ သားအမိ နှစ်ယောက်ကို ဝင်တိုက်မိသွားသော်လည်း အရှိန် လုံးဝ လျှော့ချခြင်း မရှိပေ။ ကားသည် လျှပ်စီးကဲ့သို့ ဆက်လက် မောင်းနှင်သွားသဖြင့် ဘေးပတ်ဝန်းကျင်ရှိ လူများမှာ ကျိန်ဆဲ ကဲ့ရဲ့နေကြလေတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော စိတ်ထားကောင်းသည့် ကားပိုင်ရှင် အချို့ကလည်း အရှိန်မြှင့်ကာ ထိုကားကို တားဆီးရန် ကြိုးစားကြ၏။
"အိုးဂေါ့ဒ်"
အန်းကျူပရင့်စ်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လီဗာကို နင်းလိုက်ပြီး သူမ၏ မေဘတ် ကားကြီးကို ထိုကားရှိရာ ဘက်သို့ အမြန် ရွှေ့လိုက်လေသည်။
သို့သော် မေဘတ် ကားသည် စီးပွားရေးသုံး ကားတစ်စီးသာ ဖြစ်ပြီး၊ ၎င်း၏ စွမ်းအင်နှင့် ပျော့ပျောင်းမှုတို့မှာ လမ်ဘော်ဂနီ ကဲ့သို့သော စွမ်းဆောင်ရည်မြင့် ဘီလူးကြီးကို ယှဉ်နိုင်ရန် အလှမ်းဝေးလွန်းလှသည်။ ထို့အပြင် လမ်းပေါ်တွင် အခြား ကားများလည်း များပြားနေပြီး၊ အန်းကျူပရင့်စ်၏ ကားမောင်းကျွမ်းကျင်မှုမှာ ထိုအရာများကို လျစ်လျူရှုထားနိုင်လောက်အောင် မကောင်းမွန်လှပေ။ နှစ်ဖက်ကြား အကွာအဝေးမှာ ပို၍ ဟာလာလေ၏။
အခြား စိတ်ထားကောင်းသည့် ကားပိုင်ရှင် အချို့လည်း လမ်ဘော်ဂနီ၏ နောက်ကောက်ချခြင်းကို ခံလိုက်ရတော့မည့် အခြေအနေ ဖြစ်နေ၏။
"ကိုယ်…မောင်းမယ်"
ယဲ့ဖန်သည် ထိုင်ခုံခါးပတ်ကို ချက်ချင်း ဖြုတ်လိုက်ပြီး၊ နေရာ ရွှေ့ကာ အန်းကျူပရင့်စ်၏ ပေါင်ပေါ်သို့ တက်ထိုင်လိုက်၏။ စတီယာရင်၊ လီဗာနှင့် ဘရိတ်တို့ကို လွှဲပြောင်း ယူလိုက်လေ၏။
သူသည် ကားကို ထိန်းချုပ်လိုက်သည်နှင့် တပြိုင်နက် ဘေးပတ်ဝန်းကျင် မြေပုံကို အမြန် ကြည့်လိုက်၏။ ထို့နောက် ရုတ်တရက် ကွေ့လိုက်ပြီး လီဗာကို နင်းကာ လမ်းကြားလေး တစ်ခုထဲသို့ ဖြတ်မောင်းသွားလိုက်လေသည်။
လမ်းကြားလေးကို ဖြတ်ကျော်လိုက်သည့် အခိုက်အတန့်တွင် လမ်ဘော်ဂနီ ကားအင်ဂျင်၏ ဟိန်းသံကို သူ အာရုံခံမိလိုက်၏။
ယဲ့ဖန်သည် အချိန်ကို တွက်ချက်လိုက်ပြီး လီဗာကို ထပ်မံ နင်းလိုက်ပြန်၏။
နောက်ဆုံးတွင် မေဘတ် ကားကြီးသည် လမ်းကြားထဲမှ ပျံသန်း ထွက်လာပြီး လမ်ဘော်ဂနီ ကားကို ဝင်တိုက်မိလေတော့သည်။
"ဘုန်း..."
ပြင်းထန်သော တိုက်မိမှုကြောင့် လမ်ဘော်ဂနီ ကားသည် လဲပြိုသွား၏။
အကြိမ် အနည်းငယ် လှိမ့်သွားပြီးနောက်၊ မဲမှောင်နေသော မီးခိုးလုံးကြီးများနှင့် အတူ လမ်းဘေးတွင် ရပ်တန့်သွားလေတော့သည်။
အခန်း (၂၀၀၁) - မင်း သေချင်နေတာပဲ
~အားကစား ကား၏ ကိုယ်ထည်မှာ အနည်းငယ် ပုံပျက်သွားသော်လည်း၊ ပြတင်းပေါက်များနှင့် နောက်ကြည့်မှန်များ အားလုံး ကွဲအက်နေ၏။
အတွင်းရှိ လေအိတ်များလည်း ပွင့်ထွက်နေ၏။
"အား... သောက်ကျိုးနည်း..."
ညည်းညူသံများနှင့် အတူ ကျိန်ဆဲသံများ ဆူညံစွာ ထွက်ပေါ်လာသည်။
ထို့နောက် လမ်ဘော်ဂီနီ ရီဗန်တန် (Lamborghini Reventon) ၏ ယာဉ်မောင်းဘက် တံခါး ပွင့်သွားသည်။ ပုံကြီးချဲ့ထားသော ဆံပင်ဖြူများနှင့် အလွန် ထူးဆန်းသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ဦးသည် လေကာမှန် အပိုင်းအစများ ရှပ်ထိထားသဖြင့် သွေးများ စီးကျနေသော ခေါင်းကို ကိုင်လျက်၊ ကားထဲမှ ဖြည်းညှင်းစွာ တွားထွက်လာလေသည်။
"ကျစ်..."
ကားထဲမှ ထွက်လာပြီးနောက်၊ သူမသည် လေအိတ်များ ပွင့်ထွက်ပြီး လမ်းပေါ်တွင် ရပ်တန့်နေသော ပုံပျက်နေသည့် မေဘတ် (Maybach S680) ကို လှမ်းကြည့်လိုက်၏။ သူမ၏ မျက်လုံးများတွင် အမုန်းတရား အရိပ်အယောင်များ တောက်ပသွားသည်။
...
"ငါ့ကားကို တိုက်ရဲတယ် ဟုတ်လား... နင် သေချင်နေတာပဲ"
သူမ ကျိန်ဆဲလိုက်ပြီး၊ မေဘတ် ကားထဲရှိ လူများကို ပြဿနာ ရှာရန် ပြင်လိုက်၏။
သို့သော် ထိုအချိန်တွင် စိတ်အားထက်သန်သော ကားပိုင်ရှင် အချို့၏ ကားများ အမီလိုက်လာကြသည်။
ကားပိုင်ရှင် အချို့သည် ကားပေါ်မှ အမြန် ဆင်းလာကြပြီး သူမကို အလယ်တွင် ပိတ်ဆို့ထားလိုက်ကြသည်။
"မြို့တွင်း လမ်းမပေါ်မှာ အရှိန်ပြင်းပြင်း မောင်းတယ်... မီးနီ ဖြတ်မောင်းတယ်... ပြီးတော့ လူတစ်ယောက်ကိုတောင် သတ်ခဲ့ပြီးပြီ... ဒါကို ထွက်ပြေးချင်သေးတာလား... မင်းမှာ လူ့စိတ် ရှိသေးရဲ့လား... အင်ပါယာရဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေတွေကို လေးစားမှု ရှိသေးရဲ့လား"
"ငါတို့နဲ့ လိုက်ခဲ့... ဟို သားအမိကို ကျေနပ်လောက်တဲ့ ဖြေရှင်းချက် ပေးရမယ်"
"ဟွန်း...အဆင့်နိမ့်တွေ... နင်တို့က ငါ့ကိစ္စကို ဝင်ပါချင်တာလား"
ဆံပင်ဖြူ အမျိုးသမီး မထီမဲ့မြင် ပြုံးလိုက်ပြီး သူတို့ကို လျစ်လျူရှုလိုက်၏။ သူမသည် လူတစ်ယောက်ကို တွန်းထုတ်လိုက်ပြီး မေဘတ် ကားဆီသို့ လျှောက်သွားလိုက်၏။
တွန်းထုတ်ခံလိုက်ရသူ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။
"ဒီမိန်းမက အရှိန်ပြင်းပြင်း မောင်းတယ်... မီးနီ ဖြတ်မောင်းတယ်... လူသတ်ပြီး ထွက်ပြေးတယ်... ဒါတင် မကဘူး... သူ မူးယစ်ဆေး သုံးထားပုံ ရတယ်"
ထိုအမျိုးသမီး၏ မျက်နှာထားနှင့် လေသံတွင် ပုံမှန် မဟုတ်သော အရာတစ်ခုကို ထိုသူ သတိထားမိလိုက်၏။
သူ့စကား မှန်ကန်ကြောင်း အတည်ပြုသကဲ့သို့ပင်၊ ထူးဆန်းသော အဝတ်အစားများ ဝတ်ဆင်ထားသည့် လူငယ် တစ်ယောက် လမ်ဘော်ဂီနီ ကားထဲမှ တွားထွက်လာလေသည်။
ထိုလူ၏ လက်တွင် ဆေးထိုးအပ် တစ်ချောင်း စိုက်ဝင်နေဆဲ ဖြစ်ပြီး၊ မျက်လုံးများတွင် နာကျင်မှုနှင့် ဇဝေဇဝါ ဖြစ်မှုများ ပြည့်နှက်နေ၏။ လမ်ဘော်ဂီနီ ကားထဲမှ ထွက်လာသောအခါ၊ သူ ခေါင်းငုံ့ပြီး နာကျင်နေသော ခေါင်းကို ပွတ်သပ်ရင်း ပေါ့ပေါ့ပါးပါး မေးလိုက်၏။
"အီဗလင်း (Evelyn)... ဘာဖြစ်တာလဲ"
"ဘယ်ကောင်က မျက်လုံးကန်းပြီး ငါတို့ ကားကို ဝင်တိုက်တာလဲ"
"အကုန်လုံး ဒီမှာပဲ"
ဆံပင်ဖြူ အမျိုးသမီး လှောင်ပြောင်လိုက်၏။
"ဒီ အောက်တန်းစားတွေနဲ့ မေဘတ် ကားထဲက ကောင်လေ"
ဒေါသထွက်နေသော ကားပိုင်ရှင်များ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။
"သိပ်ပြီး မမောက်မာနဲ့"
"ဒီနေ့ ရာဇဝတ်မှု စကျူးလွန်တာ မင်းတို့ပဲ... လမ်းပေါ်က စောင့်ကြည့်ကင်မရာတွေနဲ့ ငါတို့ရဲ့ ကားကင်မရာတွေ အကုန်လုံး မှတ်တမ်းတင်ထားပြီးသား"
"မူးယစ်ဆေး သုံးပြီး ကားမောင်းတယ်... အရှိန်ပြင်းပြင်း မောင်းတယ်... မီးနီ ဖြတ်တယ်... လူသတ်တယ်... ပြီးတော့ တိုက်ပြီး ထွက်ပြေးတယ်... ဒီပြစ်မှုတွေ ပေါင်းလိုက်ရင် မင်းတို့ နှစ်ယောက်လုံး သေဒဏ် ကျဖို့ လုံလောက်တယ်"
လူငယ်က အေးစက်စွာ ပြုံးလိုက်ပြီး ပြန်မဖြေပေ။
ဆံပင်ဖြူ အမျိုးသမီးက စိတ်အားထက်သန်သော ကားပိုင်ရှင်များကို တစ်ချက် ကြည့်လိုက်ပြီး မထီမဲ့မြင် ပြောလိုက်၏။
"အရူးတွေ... ဥပဒေ ဆိုတာ နင်တို့လို အောက်တန်းစားတွေကို ထိန်းချုပ်ဖို့နဲ့ သခင်လေး စီဘီ လို မှူးမတ်မျိုးနွယ်တွေကို ကာကွယ်ဖို့ ပြဋ္ဌာန်းထားတာ ဆိုတာ မသိဘူးလား"
"နင်တို့မှာ ကားကင်မရာ မှတ်တမ်းတွေ ရှိရင်တောင်၊ သခင်လေး စီဘီ က ဘာမှ ဖြစ်မှာ မဟုတ်ဘူး... တဖက်မှာတော့ နင်တို့က အရှိန်ပြင်းပြင်း မောင်းတယ်... မီးနီ ဖြတ်တယ်... ယာဉ်ကြော ပိတ်ဆို့အောင် လုပ်တာပဲ... ဒဏ်ငွေဆောင်ဖို့သာ ပြင်ထားကြ"
"အထူးသဖြင့် ဟို မေဘတ် ကား... သူက ယာဉ်စည်းကမ်း ဖောက်ဖျက်ပြီး သခင်လေး စီဘီနဲ့ ငါ့ကို စိတ်ပိုင်းဆိုင်ရာနဲ့ ငွေကြေးဆိုင်ရာ ထိခိုက်နစ်နာမှု ကြီးကြီးမားမား ဖြစ်စေခဲ့တယ်... ဒီနေ့ သူတို့ သေပြီသာ မှတ်"
စိတ်ဆတ်သော ကားပိုင်ရှင် အချို့မှာ သည်းမခံနိုင်တော့ပေ။ သူတို့ လက်သီးများကို မြှောက်လိုက်ပြီး ဆံပင်ဖြူ အမျိုးသမီးကို ဝင်ရောက် ထိုးကြိတ်ရန် ပြင်လိုက်ကြသည်။
"ဘယ်သူ လက်ပါရဲလဲ ကြည့်ရသေးတာပေါ့"
သို့သော် ထိုအချိန်တွင် ကားထဲမှ ပုံမှန်မဟုတ်သော လူငယ်က အော်ဟစ်လိုက်ပြီး သူတို့၏ လှုပ်ရှားမှုကို တားဆီးလိုက်၏။
"ငါက ကောင့်စီဘီ မိသားစုက ကွ... ဒါ ငါ့ကောင်မလေး... မင်းတို့ သူ့ကို ထိရဲရင် ထိကြည့်လိုက်"
"ဘယ်သူပဲ ဖြစ်ဖြစ် သူ့ကို ထိရဲတဲ့ကောင်... ဒီည မင်းတို့ တစ်ဆွေလုံး တစ်မျိုးလုံး သေစေရမယ်လို့ ငါ အာမခံတယ်"
ကားပိုင်ရှင်များ ဒါကို ကြားလိုက်ရသောအခါ မျက်နှာထားများ ပြောင်းလဲသွားပြန်သည်။
သူသာ ကောင့်စီဘီ မိသားစုဝင် တစ်ယောက် ဖြစ်သည် ဆိုလျှင်၊ ဒီလို စကားမျိုး ပြောဖို့ အရည်အချင်း ပြည့်မီနေ၏။
သူတို့လို သာမန် ပြည်သူတွေ အနေနှင့် ထိုပုဂ္ဂိုလ်မျိုးတွေကို မယှဉ်နိုင်ပေ။
[Count (ကောင့် - မြို့စား)]
"သောက်ကျိုးနည်း... မင်းတို့က ငါ့ကိစ္စကို ဝင်ပါရဲတယ် ဟုတ်လား... မင်းတို့ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်"
သူတို့ မလှုပ်ရှားရဲသည်ကို တွေ့လိုက်ရသောအခါ၊ ပုံမှန်မဟုတ်သော လူငယ် လမ်ဘော်ဂီနီ ပေါ်မှ ခုန်ဆင်းလိုက်ပြီး သူတို့ကို တွန်းထုတ်လိုက်၏။ သူတို့ကို ကြည့်ပင် မကြည့်ဘဲ အော်ဟစ်လိုက်၏။
"လစ်လိုက်တော့"
"ငါ့မျက်စိကို နောက်ထပ် လာရှုပ်ရင်... မင်းတို့ ခြေထောက်တွေ အကုန် ရိုက်ချိုးပစ်မယ်"