← Chapters

အခန်း (၂၀၀၉-၂၀၁၀)

Vol. 144 Ch. 2009-2010

အခန်း (၂၀၀၉-၂၀၁၀)

Vol. 144 Ch. 2009-2010

အပိုင်း(၂၀၀၉)

“...”

ဝေ့ဝူယင် သူမကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိသည်။ စုမေ့ကမူ မျက်နှာလွှဲမသွားဘဲ စိတ်ရှည်လက်ရှည်ပင် စောင့်ဆိုင်းနေ၏။ သူမ၏ ရင်ထဲတွင် ကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။ မကြာမီ ကပ်ဘေးကို ရင်ဆိုင်ရတော့မည် ဖြစ်သော်လည်း၊ ဝေ့ဝူယင်က ဖြစ်လာနိုင်သည့် အန္တရာယ်များကို ထပ်ခါတလဲလဲ သတိပေးနေသည့်တိုင် သူမတွင် စိုးရိမ်စိတ် အလျဉ်းမရှိပေ။

အချိန်အတော်ကြာပြီးနောက် ဝေ့ဝူယင်က အတွေးများထဲမှ ရုန်းထွက်ကာ စုမေ့ထံသို့ လျှောက်သွားလိုက်သည်။ ထိုနေ့မှစ၍ ပထမဆုံးအကြိမ်အဖြစ် သူ၏လက်ကို သူမထံသို့ ကမ်းလင့်လိုက်၏။ စုမေ့မှာ ခဏမျှ အံ့အားသင့်သွားသော်လည်း နှလုံးခုန်သံများ မြန်ဆန်လာကာ ဝေ့ဝူယင်၏လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်သည်။

ဝေ့ဝူယင်သည် သူမ၏လက်ကို တင်းတင်းဆုပ်ကိုင်ရင်း ထိုကြည်လင်နက်မှောင်ကာ လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသော မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။

ထို့နောက် သူက ခိုင်မာသော လေသံဖြင့် ပြောလိုက်၏။

“အခုမှ မပြောဖြစ်ရင် ငါ နောင်တရလိမ့်မယ်လို့ ခံစားနေရတယ်”

“...”

စုမေ့၏ တည်ငြိမ်နေသော မျက်နှာထားမှာ အနည်းငယ် ပျက်ယွင်းသွား၏။

“မင်း အဆင့်တက်ပြီးရင်... မဟုတ်ဘူး၊ အခုပဲ... မင်းကို ငါ့ရဲ့ ဇနီးအဖြစ် လက်ထပ်ချင်တယ်... စုမေ့... မင်း ဘယ်လိုထင်လဲ... မင်း ဆန္ဒရှိရဲ့လား...”

ဝေ့ဝူယင်သည် ယခင်က ယွီစွန်းလီ သို့မဟုတ် ချောင်စွေ့ဖုန်းတို့ထံမှ မခံစားခဲ့ရဖူးသော ခံစားချက်မျိုးကို ခံစားနေရသည်။ သူတို့အားလုံးမှာ သူ့ကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ မှီခိုနေကြသူများ ဖြစ်သော်လည်း... နေသွေးနီနီဂိုဏ်းမှ ထွက်ခွာလာကတည်းက သူ့ကို ကြံ့ကြံ့ခံနိုင်အောင် အမြဲတမ်း ကျောက်ဆောင်တစ်ခုကဲ့သို့ အဖော်ပြုပေးခဲ့သူမှာ... သူမသာ ဖြစ်သည်။

သူ့ကို ကာကွယ်ပေးချင်သော သူမ၏ ဆန္ဒမှာ အလွန်စစ်မှန်ပြီး နှလုံးသားထဲမှ လာခြင်းဖြစ်သည်။

စုမေ့၏ မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်လာ၏။ ပင်လယ်သေကဲ့သို့ တည်ငြိမ်လှသော သူမ၏ အသက်ရှူသံမှာလည်း တဖြည်းဖြည်း မြန်ဆန်လာကာ သူမ၏ ပါးပြင်ထက်တွင် တစ်ခါမျှ မမြင်ဖူးသော ရှက်သွေးများ ဖြာတက်လာ၏။ သူမ၏ ခံစားချက်များမှာလည်း လွန်ခဲ့သော အချိန်များစွာကတည်းက တည်ရှိနေခဲ့ခြင်းဖြစ်သည်။ သူမသည် ဤကဲ့သို့သော နေ့ရက်မျိုးကို အိမ်မက်မက်နေတတ်သူ သို့မဟုတ် နေ့တိုင်း တောင့်တနေတတ်သူမျိုး မဟုတ်သော်လည်း ထိုစကားလုံးများကို ကြားရမည့် အတွေးမှာမူ အမြဲရှိနေခဲ့သည်။

ထို့ကြောင့် သူမ၏ အဖြေမှာ ဝေ့ဝူယင်နောက်သို့ မည်သည့်နေရာမဆို လိုက်ပါရန် ဆုံးဖြတ်ထားသကဲ့သို့ပင် ပြတ်သားလှသည်။ ကောင်းကင်ဘုံကိုပင် တိုက်ခိုက်ရစေကာမူ၊ နတ်ဘုရားများကိုပင် ဆေဘာဖြင့် ရင်ဆိုင်ရစေကာမူ သူမ အသင့်ရှိနေသည်။

“ဟုတ်ကဲ့...”

၎င်းမှာ သူမ ပေးခဲ့သော တစ်ခုတည်းသော အဖြေဖြစ်သလို၊ လိုအပ်သော အဖြေလည်း ဖြစ်သည်။ ဝေ့ဝူယင်၏ ငွေရောင်မျက်ဝန်းများမှာ မျှော်လင့်မထားသော စိတ်လှုပ်ရှားမှုများဖြင့် တောက်ပသွားသည်။ သူ၏ ရင်ထဲတွင် ဖိစီးနေသော တောင်ကြီးတစ်လုံး ပြိုကျသွားသကဲ့သို့ ပေါ့ပါးသွား၏။

သူသည် စုမေ့ကို ပထမဆုံးအကြိမ်အဖြစ် သူမကို သူ၏ ခန္ဓာကိုယ်ထဲတွင် အရည်ပျော်ဝင်သွားစေချင်သကဲ့သို့ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။

“...”

သူမကမူ သူ၏ အဖြူရောင် ဝတ်ရုံကို တင်းတင်းဆုပ်ကိုင်ရင်း သူ့ ရင်ခွင်ထဲတွင် ခေါင်းကို ဝှက်ထားလိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် မျက်ရည်များ ဝိုင်းလာ၏။

ဝေ့ဝူယင်က ပျော်ရွှင်နေသော်လည်း သူမကမူ ပထမဆုံးအကြိမ်အဖြစ် အမှန်တကယ် စိုးရိမ်စိတ် ဝင်လာမိသည်။ အဘယ်ကြောင့်ဆိုသော် ဝေ့ဝူယင်သည် သူမကို ဆုံးရှုံးရမှာကို တကယ်ပင် ကြောက်ရွံ့နေကြောင်း သူမ မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

“ငါ မင်းကို ဘယ်တော့မှ အဆုံးရှုံးမခံဘူး စုမေ့... ငါ ကတိပေးတယ်”

ဝေ့ဝူယင်၏ စကားလုံးများမှာ မိန်းကလေး၏ စိုးရိမ်နေသော စိတ်ကို နှစ်သိမ့်ရန် သူ၏ ဝိညာဉ်ထဲမှနေ၍ စီးဆင်းလာခဲ့သည်။

“...”

စုမေ့မှာ သူ၏ ရင်ခွင်ထဲတွင် ခေါင်းကို မြှုပ်ထားရင်း နားလည်ကြောင်း အသံတိုးတိုးလေး ပြုလုပ်လိုက်သည်။

နာရီပေါင်းများစွာ ကြာပြီးနောက်...။

သူတို့နှစ်ဦးသည် ကောင်းကင်နှလုံးသား ဂလက်ဆီအတွင်းရှိ ဥက္ကာခဲတစ်ခုပေါ်တွင် ရှိနေကြသည်။ ထိုနေရာသည် ကောင်းကင်ဘုံ၏ တားမြစ်ချက်များ အားအကောင်းဆုံး နေရာဖြစ်သည်။ ၎င်းမှာ အလွန်အားကောင်းလွန်းသဖြင့် ဉာဏ်အလင်းရ သူတော်စင်တစ်ဦးပင်လျှင် ထိုတားမြစ်ချက်ကို ချိုးဖောက်ပါက ချက်ချင်း သေဆုံးသွားနိုင်လောက်သည်အထိ ဖြစ်သည်။

“အသင့်ဖြစ်ပြီလား”

ဝေ့ဝူယင်က မေးလိုက်သည်။

စုမေ့က ခေါင်းညိတ်လိုက်၏။

“အသင့်ဖြစ်ပါပြီ...”

မိနစ်အနည်းငယ်ကြာပြီးနောက် စုမေ့၏ ခန္ဓာကိုယ်မှ လျှို့ဝှက်တာအို၏ ပြင်းထန်သော ခေါ်သံများ ထွက်ပေါ်လာသည်။ နယ်ပယ်ကို ကျူးကျော်ဝင်ရောက်လာသော အော်ရာတစ်ခုကြောင့် လျှို့ဝှက်တာအိုက သူမကို အသိအမှတ်ပြုလာသည်။ လျှို့ဝှက်တာအိုက အခြားသူများကို တုံ့ပြန်သကဲ့သို့ပင် သူမကိုလည်း တုံ့ပြန်လိုက်သည်။

၎င်းကား...

‘မင်းရဲ့ တန်ဖိုးကို သက်သေပြလော့... ’

ဟူ၍...။

လျှို့ဝှက်တာအိုအပေါ် နားလည်မှုနှင့် ကျွမ်းကျင်မှုကို စမ်းသပ်မည့် ‘ခြေချခြင်း စမ်းသပ်ချက်’ စတင်တော့မည် ဖြစ်သည်။ သူမ၏ ရှေ့ရှိ ဟင်းလင်းပြင် ထဲတွင် ဝေဝါးသော တံခါးကြီးတစ်ခု ပေါ်ပေါက်လာ၏။

အချိန်ရောက်လေပြီ။

စုမေ့ ထိုတံခါးဆီသို့ ပထမဆုံး ခြေလှမ်းလှမ်းလိုက်ချိန်တွင် ဝေ့ဝူယင်၏ အာရုံထဲ၌ တစ်လောကလုံးကို တုန်ဟည်းသွားစေမည့် မြည်ဟီးသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ မိုးကြိုးပမာ ပြင်းထန်သော်လည်း နတ်ဘုရားတို့၏ တေးသံကဲ့သို့ သာယာလှပြီး တစ်ကမ္ဘာလုံး ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ရောက်လာခဲ့လေပြီ။

...

ကောင်းကင်တာအို၏ အချိန်ရပ်တန့်မှုနှင့် ခြားနားစွာပင် ဤဖြစ်ရပ်၏ စီးဆင်းမှုမှာ ဆက်လက်တည်ရှိနေဆဲ ဖြစ်သော်လည်း လုံးဝဥဿုံ ကွဲပြားခြားနားနေသည်။ တစ်လောကလုံးသည် ပကတိတိတ်ဆိတ်ခြင်းထဲသို့ ကျဆင်းသွားကာ ငြိမ်သက်သွားသကဲ့သို့ပင်။

လူတစ်ဦး၏ နှလုံးခုန်သံ၊ ဟင်းလင်းပြင်ထဲရှိ အသေးငယ်ဆုံးသော အမှုန်အမွှားလေးများ၏ ရွေ့လျားမှု၊ ပတ်ဝန်းကျင်၌ အဆမတန် တည်ရှိနေသော မန်နာများ၊ မိမိ၏ ကြယ်တာရာဝိညာဉ်များ သို့မဟုတ် အတွေးစများပင် ဖြစ်စေ... အားလုံးမှာ လှုပ်ရှားမှုမရှိဘဲ အသက်မဲ့နေသော ပန်းချီကားတစ်ချပ်ကဲ့သို့ ငြိမ်သက်သွားကာ ခံစားသိရှိ၍ မရနိုင်တော့ပေ။ ၎င်းမှာ အလွန်ပင် ထူးဆန်းခြောက်ခြားဖွယ် ကောင်းလှ၏။

ဝေ့ဝူယင်သည် သူ နှစ်ပေါင်းများစွာ ကြောက်ရွံ့ခဲ့ရသော ဤခံစားချက်မှာ သူ၏ ကြယ်တာရာ အမြုတေ အဆင့် ကပ်ဘေးထက်ပင် သိသိသာသာ ပိုမိုအားကောင်းနေကြောင်း ခံစားလိုက်ရသည်။ နှိုင်းယှဉ်၍ပင် မရနိုင်လောက်အောင်ပင်။

သို့သော်လည်း လွန်ခဲ့သော ဆယ်စုနှစ်များစွာကကဲ့သို့ပင် ခရာတိုက ဦးစွာ လှုပ်ရှားလိုက်သဖြင့် ဤအခြေအနေကို ကျော်လွှားရန် ကြိုတင်ပြင်ဆင်မှုများမှာ စတင်အလုပ်လုပ်လာသည်။ သူ၏ ဟိန်းဟောက်သံမှာ ဝေ့ဝူယင်၏ ဘေးကင်းမှုအတွက် စိုးရိမ်တုန်လှုပ်နေသော အသံမျိုးမဟုတ်ဘဲ၊ ဝေ့ဝူယင်အား သူ၏ဘဝသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် ‘အဖေ’ ဟု ခေါ်ဆိုခဲ့သည့် ထိုအချိန်ကကဲ့သို့ပင် ပြတ်သားပြီး ဟင်းလင်းပြင်ကိုပင် ဖြိုခွဲနိုင်လောက်သော အရှိန်အဟုန် ပါဝင်နေသည်။ ထိုဟိန်းဟောက်သံကြောင့် သူ၏ နှလုံးသားမှာ တုန်ခါသွားရ၏။

ဝရား...

မီးခိုးရောင် သွေးတစ်လုတ်မှာ သူ၏ လည်ချောင်းထဲမှနေ၍ ရင်ဘတ်အတွင်း ပိတ်ဆို့နေသကဲ့သို့ အလုံးအရင်းနှင့် ထွက်ပေါ်လာသည်။ ထိုထွက်လာသော သွေးပမာဏမှာ အလွန်များပြားလှသဖြင့် ဥက္ကာခဲ၏ မျက်နှာပြင်ထက်တွင် သွေးများ ဖုံးလွှမ်းသွားရသည်။ ဝေ့ဝူယင်သည် သွေးများ ထွက်လာသည် အထိ ပြင်းပြင်းထန်ထန် ချောင်းဆိုးနေသော်လည်း သူ၏ ငွေရောင်မျက်ဝန်းများမှာမူ ခြေတစ်လှမ်းလှမ်းရန် ဟန်ပြင်နေရင်း ရပ်တန့်နေသော စုမေ့၏ ပုံရိပ်ထံမှ ခွာမသွားခဲ့ပေ။

ထိုခြောက်ခြားဖွယ် တိတ်ဆိတ်မှုကြားတွင် သူမသည်သာ တစ်ခုတည်းသော ပုံမှန်မဟုတ်သည့် ဖြစ်တည်မှု ဖြစ်နေသည်။ ဤဖြစ်တည်မှုက သူယခုမြင်နေရသည်မှာ လက်တွေ့မဟုတ်ဘဲ အမှန်တရားကို ဖုံးကွယ်ထားသော နယ်မြေတစ်ခုသာ ဖြစ်ကြောင်း သက်သေပြနေသည်။ အကယ်၍ သူသာ သူ၏ ကြယ်တာရာဝိညာဉ်များ မရှိဘဲ သာမန်အတိုင်း ရှင်သန်နေခဲ့ပါက ဤအခြေအနေကို မသိဘဲ ပျော်ရွှင်နေမိပေလိမ့်မည်။ ထို့နောက် ‘ဧဒင်’ က ချက်ချင်း လှုပ်ရှားလာတော့သည်။

သူ၏ အသိစိတ်ပင်လယ်ထဲရှိ ကြယ်တာရာ အသွင်၏ အမြစ်များမှာ တဖြည်းဖြည်း တုတ်ခိုင်လာပြီး သူ၏ စိတ်နယ်နိမိတ်များထဲသို့ ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ကာ ခုနစ်သွယ် ရင်းမြစ် ဝိညာဉ်အလင်းများကို နေရာအနှံ့သို့ ပြင်းထန်စွာ ပို့လွှတ်လိုက်သည်။ ဝေ့ဝူယင်၏ စိတ်နှင့် ချိတ်ဆက်ထားသော အာရုံများတွင် သူ၏ ကောင်းကင်မျက်လုံးရှေ့ရှိ ကမ္ဘာကြီးမှာ ဖန်သားပြင်ကို သံလုံးတစ်လုံးနှင့် အရှိန်ပြင်းပြင်း ထုရိုက်လိုက်သကဲ့သို့ အက်ကွဲကြောင်းများ ပေါ်လာတော့သည်။

ထိုအက်ကွဲကြောင်းများသည် သူ၏ မြင်ကွင်းတစ်ခုလုံးနှင့် ဖြန့်ကျက်ထားသော ဝိညာဉ်အာရုံများတစ်လျှောက် ပျံ့နှံ့သွားသည်။ တစ်ကမ္ဘာလုံးမှာ မှန်ချပ်တစ်ခုကဲ့သို့ ကွဲအက်သွား၏။ သူသည် ထိုကပ်ဘေး၏ ဗဟိုချက်မ ဖြစ်နေသကဲ့သို့ပင်။ ဤအခြေအနေတွင် ဝေ့ဝူယင်သည် နောက်ထပ်လုပ်ဆောင်ရမည့် အဆင့်ကို မိမိကိုယ်ကို ပြန်လည်သတိပေးရင်း သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများကို ထုတ်ဖော်လိုက်သည်။

အဂ္ဂိရတ်တာအို၏ အော်ရာမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားကာ မျက်ဝန်းများထဲတွင် တုန်ခါသွားပြီး သူ့ မြင်ကွင်းရှေ့မှ အမှန်တရားကို အတင်းအဓမ္မ ခွာထုတ်လိုက်သည်။ ကမ္ဘာကြီးမှာ ပုံရိပ်ယောင်များ ပျောက်ကွယ်သွားပြီး လက်တွေ့အနေအထားသို့ ပြန်လည်ရောက်ရှိလာသည်။ စုမေ့သည် လက်ရှိတွင် ခုနစ်ရောင်ခြည် တောက်ပနေသော အလင်းလုံးကြီးတစ်ခုအတွင်း ဖုံးလွှမ်းခြင်း ခံထားရသည်။

၎င်းမှာ ‘ထာဝရသရဖူ’ ပင် ဖြစ်သည်။

***

အပိုင်း(၂၀၁၀)

ဟူး... ဟူး...

ထာဝရ သူရဖူသည် အဂ္ဂိရတ်တာအို၏ အင်အားကို ဆွဲယူနေခြင်းဖြစ်သည်။ စုမေ့၏ ခန္ဓာကိုယ်မှာ ရပ်တန့်မနေတော့ဘဲ သူမ၏ မျက်ဝန်းများထဲတွင် အဂ္ဂိရတ်ကြယ်တာရာ၏ စွမ်းအားကို တုပထားသော ခုနစ်ရောင်ခြည် အလင်းတန်းများ တောက်ပနေသည်။ သူမ၏ ရှေ့တွင်ရှိသော ‘မျိုးစေ့ကပ်ဘေးတံခါး’ ဟု ခေါ်ဆိုသည့် ပထမဆုံး ခြေချခြင်းတံခါးမှာ ဝေဝါးပြီး ပုံပျက်နေသည်။ ၎င်းမှာ မတွေးဆနိုင်သော အင်အားတစ်ခုခုက သူမကို ထိုတံခါးသို့ မရောက်အောင် တားဆီးထားသကဲ့သို့ပင်။

ထိုနေရာတွင် ‘ထာဝရသရဖူ’ မှ ထွက်ပေါ်လာသော ခုနစ်ရောင်ခြည်အလင်းနှင့် တုံ့ပြန်နေသည့် မမြင်ရသော အတားအဆီးတစ်ခုက အနားသို့ ချဉ်းကပ်လာသမျှ အရာအားလုံးကို ပိတ်ဆို့ထားသည်။

‘မင်းကို ငါ မကြာခင် လွတ်မြောက်စေရမယ်’

ဝေ့ဝူယင်သည် သူ၏ အစီအစဉ်ကို စတင်ရင်း စိတ်ထဲမှ ကြွေးကြော်လိုက်သည်။ သူသည် သူကိုယ်တိုင် သန့်စင်ထားသော ‘ထာဝရသရဖူ’ နှင့် ချိတ်ဆက်ကာ စုမေ့နှင့် သူ၏ အာရုံများကို အပြန်အလှန် ပေါင်းစည်းရန် ကြိုးစားလိုက်သည်။ သူမ၏ ငြိမ်သက်နေသော နှလုံးသားအတွင်း၌ အလွန်အမင်း သန့်စင်ထားသော ‘အစစ်အမှန် ဟင်းလင်းပြင်နဂါး သွေးစက်’ တစ်စက်မှာ တုန်ခါတောက်ပလာပြီး နှလုံးခုန်နှုန်းကို ပြန်လည်စတင်ရန် ကြိုးစားနေသည်။

သူမ၏ နှုတ်ခမ်းဖျားမှ မီးခိုးရောင် သွေးစက်များ ဖြည်းညင်းစွာ ထွက်လာပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများနှင့် နှလုံးမှာ တဖြည်းဖြည်း ပြန်လည်လှုပ်ရှားလာသည်။ ‘ထာဝရသရဖူ’ နှင့် ဤသွေးစက်ကြောင့် သူမသည် ဝေ့ဝူယင်ကဲ့သို့ပင် ဤလောက၏ တားမြစ်ချက်များကို ရိုက်ချိုးနိုင်စွမ်း ရှိလာပေလိမ့်မည်။

၎င်းမှာ သူ၏ အစီအစဉ်၏ ပထမအဆင့် ဖြစ်သည် - စုမေ့ကို လွတ်မြောက်စေရန်ပင်။

သို့သော်လည်း အကျိုးသက်ရောက်မှုများမှာ တဖြည်းဖြည်းချင်းသာ ဖြစ်ပေါ်နေကြောင်း သူ မြင်နေရသည်။ သူမ၏ မျက်ခုံးနှစ်ခုကြားတွင် ဧဒင်၏ မူလပုံစံဖြစ်သော ရှေးဟောင်းသစ်ပင်ကြီး၏ အမှတ်အသားတစ်ခု ရှိနေပြီး သူမ၏ ခန္ဓာကိုယ်အတွင်းသို့ အသက်အင်အားများကို အဆက်မပြတ် ထည့်သွင်းပေးနေသည်။ သူမကို အမှုန့်ဖြစ်အောင် ချေမှုန်းရန် ကြိုးစားနေသော အင်အားကို ‘ဧဒင်၏ အမှတ်အသား’ က ခုခံပေးထားခြင်း ဖြစ်သည်။

ဝေ့ဝူယင်သည် သူမ၏ ခန္ဓာကိုယ်ထဲသို့ သာမန် အသက်အင်အားကို ထည့်သွင်းပေးရုံသာမကဘဲ ‘ဧဒင်၏ အမှတ်အသား’ ကိုပါ တိုက်ရိုက်ပေးအပ်ထားခြင်း ဖြစ်သည်။ ၎င်းမှာ ‘ထာဝရသရဖူ’ နှင့် ချိတ်ဆက်ထားသဖြင့် ၎င်းအသက်ဝင်လာချိန်တွင် အမှတ်အသားမှာလည်း အလိုအလျောက် အလုပ်လုပ်ကာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အမြင့်ဆုံးအရည်အသွေးရှိသော အသက်အင်အားများဖြင့် လွှမ်းခြုံပေးမည် ဖြစ်သည်။ သူမ၏ အရေပြားထက်တွင် အက်ကွဲကြောင်းများ ပေါ်လာနိုင်သော်လည်း လျင်မြန်စွာပင် ပြန်လည်ကျန်းမာလာပေလိမ့်မည်။

ဝေ့ဝူယင်သည် ဤမလွဲမသွေ ရောက်ရှိလာမည့် နေ့ရက်အတွက် ဧဒင်အမှတ်အသားအတွင်းရှိ အသက်အင်အားများကို မန်နာအသုံးပြုကာ အမြဲတမ်း ဖြည့်တင်းပေးခဲ့ခြင်း ဖြစ်သည်။

ဒုတိယအဆင့် - စုမေ့ကို အသက်ရှင်စေရန်ပင်။

ဝေ့ဝူယင် အနေဖြင့် သူ၏ စွမ်းအားတစ်ခုတည်းအပေါ်တွင် မမှီခိုနိုင်သလို၊ ဤမရှင်းလင်းသော ကပ်ဘေးအင်အား၏ ပမာဏကိုလည်း မခန့်မှန်းနိုင်ပေ။ အကယ်၍ သူ မိမိကိုယ်ကို လွတ်မြောက်အောင် ကြိုးစားနေချိန်တွင် စုမေ့သာ ချက်ချင်း သေဆုံးသွားခဲ့ပါက သူ၏ ဝိညာဉ်မှာ နောင်တများဖြင့် ကြေကွဲသွားရပေလိမ့်မည်။ ၎င်းကို သူ ဘယ်တော့မှ လက်မခံနိုင်ပေ။ ထို့ကြောင့် သူ၏ အစီအစဉ် အလုပ်ဖြစ်နေသည်ကို မြင်ရသောအခါ သူ၏ မျက်ဝန်းများတွင် ဝမ်းသာရိပ်များ ယှက်ပြေးသွားသော်လည်း သတိဝီရိယဖြင့် ချက်ချင်း ပြန်လည်ထိန်းချုပ်လိုက်သည်။

ဝေ့ဝူယင် မဆိုင်းမတွပင် မဟူာ ကျောက်စိမ်းကဲ့သို့ လှပသော ဆေးလုံးတစ်လုံး ပါဝင်သည့် ကျောက်စိမ်းသေတ္တာကို ထုတ်ယူလိုက်သည်။ သူ ကျွမ်းကျင်စွာပင် ဆေးလုံးကို ထုတ်လိုက်ရာ လောကအော်ရာတစ်ခု ထွက်ပေါ်လာပြီး ငြိမ်သက်နေသော လေထုမှာပင် လှုပ်ခတ်သွားသည်။ ဤဆေးလုံးမှာ အခြားမဟုတ်၊ ‘ထာဝရ သေမျိုး ခြေချခြင်း ဆေးလုံး’ ပင် ဖြစ်သည်။

‘ဒါကရော အလုပ်ဖြစ်ပါ့မလား...’

ဝေ့ဝူယင်သည် ထိုဆေးလုံးကို စုမေ့ထံသို့ သူ၏ အဂ္ဂိရတ်ဧဒင် ကြယ်တာရာစွမ်းအား နှင့်အတူ ပို့လွှတ်လိုက်သည်။ ‘ထာဝရသရဖူ’ ၏ မြှင့်တင်ပေးမှုနှင့်အတူ ဆေးလုံးကို လျင်မြန်စွာ သန့်စင်ရန် ပြင်ဆင်နေသော်လည်း အဂ္ဂိရတ်ပညာရှင် တစ်ဦးအနေဖြင့် သူ၏ အသိဉာဏ်က ဤအခြေအနေမှာ... ထူးခြားနေကြောင်း သိမြင်နေသည်။

ယခင်က ကပ်ဘေးအင်အားမှာ စုမေ့က သူမ၏ ‘ကြယ်တာရာ ကပ်ဘေး’ ကို ကျော်လွှားနိုင်ခဲ့ချိန်တွင် ပြီးဆုံးသွားခဲ့သော်လည်း၊ ‘ထာဝရ သေမျိုး ခြေချခြင်း ဆေးလုံး’ မှာမူ ပထမ ခြေချခြင်း အတွက် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။ သို့သော် စုမေ့မှာမူ သူမ၏ လျှို့ဝှက်တာအိုကို သက်သေပြရန်အတွက် ‘မျိုးစေ့ကပ်ဘေးတံခါး’ အတွင်းသို့ ခြေလှမ်းမလှမ်းရသေးပေ။

ထိုခဏ၌ သူ သဘောပေါက်လိုက်သည်မှာ... ကပ်ဘေးအင်အားသည် ကပ်ဘေး စမ်းသပ်မှုအတွင်း၌သာ အသက်ဝင်နိုင်သောကြောင့် ဖြစ်ပေလိမ့်မည်။ သေမျိုးတာအိုနှင့် ခြားနားစွာပင် လျှို့ဝှက်တာအိုမှာမူ မြင့်မြတ်သော လမ်းစဉ်သို့ မိမိကိုယ်တိုင် တက်လှမ်းရခြင်း ဖြစ်သည်။ သေမျိုးတာအိုက လမ်းပြပေးသော်လည်း လျှို့ဝှက်တာအိုကမူ စိန်ခေါ်ခြင်းသာ ဖြစ်သည်။

ဤအတွေးများကြောင့် ဧဒင်ပင်လျှင် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာသော်လည်း ဝေ့ဝူယင်သည် ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ဆေးလုံးကို ရှေ့သို့ ဆက်လက်ပို့လွှတ်လိုက်သည်။

ဧဒင်၏ အတွေးများမှာလည်း စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။ အားလုံးက စိုးရိမ်နေကြသည်။

အိုရီ ၊ ဘုရင် ၊ ခရာတို၊ ဖီဆန်လေးနှင့် ဒြပ်စင်တို့ အားလုံးပင်...။

သူတို့အားလုံးသည် စုမေ့ကို အသက်ရှူရပ်မတတ် စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။ ဤအရာက အလုပ်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ သူတို့ စုမေ့ကို အသေမခံနိုင်ပေ။ ဘာပဲဖြစ်ဖြစ် အသေမခံနိုင်ပေ။

ဝေ့ဝူယင်၏ အဂ္ဂိရတ်ဧဒင် ကြယ်တာရာစွမ်းအားဖြင့် လွှမ်းခြုံထားသော ဆေးလုံး ခုနစ်ရောင်ခြည် အလင်းတံတိုင်းကို ထိတွေ့လိုက်ချိန်တွင် မည်သည့် ခုခံမှုမျှ မရှိခဲ့ပေ။ အမှန်စင်စစ် ဆေးလုံးမှာ ထိုအလင်းတန်း၏ လမ်းပြမှုဖြင့် စုမေ့၏ ‘ထျန်းတျန်’ ၊ စွမ်းအင်သွေးကြောများ၊ အသိစိတ်ပင်လယ်၊ ခန္ဓာကိုယ်ဆဲလ်များနှင့် သူမ၏ ကြယ်တာရာဝိညာဉ်ထဲသို့ တိုက်ရိုက် စီးဝင်သွားတော့သည်။

မဟုတ်သေး... ကြယ်တာရာဝိညာဉ်များ ထဲသို့ ဖြစ်သည်။

‘ဒါက ဘာလဲ...’

ဝေ့ဝူယင်က မေးလိုက်၏။ ဧဒင်၊ ဘုရင်၊ အိုရီ နှင့် ခရာတို တို့၏ အံအားသင့်သော အသံများမှာလည်း ထပ်တူထွက်ပေါ်လာသည်။

ဝေ့ဝူယင်သည် ဤအချိန်အထိ ၎င်းကို သတိမပြုမိခဲ့ပေ။ သူမ၏ ကြယ်တာရာဝိညာဉ်မှ ထွက်ပေါ်လာသော အမှောင် အလင်းတန်းများအောက်တွင် အခြားသော ကြယ်တာရာဝိညာဉ်တစ်ခု ရှိနေသည်ကို မြင်လိုက်ရသဖြင့် သူ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ ထိုကြယ်တာရာဝိညာဉ်မှာ ကြည်လင်နေပြီး မမြင်ရသလောက်ပင် ဖြစ်သည်။ သို့သော်လည်း ၎င်းတွင် ‘ကြယ်တာရာ အမြုတေ’ မရှိပေ။ ဧဒင် သို့မဟုတ် ခရာတို တို့ကဲ့သို့ပင် ၎င်း၏ ‘ထျန်းတျန်’ မှာ ဝေ့ဝူယင် ခန့်မှန်း၍ မရနိုင်သော အခြားအရာတစ်ခုနှင့်သာ ချိတ်ဆက်ထားခြင်း ဖြစ်တော့သည်။

အကယ်၍ ‘ထာဝရ သေမျိုး ခြေချခြင်း ဆေးလုံး’ သာ စုမေ့၏ ကျင့်ကြံခြင်း အခြေခံတစ်ခုလုံးကို လွှမ်းခြုံကာ လျှို့ဝှက်တာအို၏ မတွေးဆနိုင်သော အော်ရာနှင့် တစ်သားတည်းဖြစ်အောင် ညှိနှိုင်းပေးမထားပါက ဝေ့ဝူယင်အနေဖြင့် ၎င်းကို လုံးဝသတိထားမိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဝေ့ဝူယင် မြင်တွေ့လိုက်ရချိန်တွင်မူ ထိုအရာသည် ကြည်လင်သောအလင်းတန်း ဖြစ်သော်လည်း မြင်နိုင်စွမ်းရှိသူအဖို့မှာမူ စူးရှတောက်ပလွန်းလှသည်။ စုမေ့ကိုယ်တိုင်သည်ပင် ခပ်သိမ်းသောအရာတို့၏ အလင်းရောင်ဖြစ်နေသလားဟု ထင်မှတ်ရလောက်အောင် တောက်ပနေ၏။ ဤတွေ့ရှိမှုကြောင့် သူ၏နှလုံးသား... ခရာတိုမှာ ပြင်းထန်စွာ ခုန်လှုပ်လာတော့သည်။ နှလုံးခုန်နှုန်းမှာ မြန်ဆန်ရုံတင်မကဘဲ အလွန်ပင် စည်းချက်မမှန်ဘဲ မိုးကြိုးပမာ တုန်ဟည်းနေသည်။ ထိုပြင်းထန်လှသော နှလုံးခုန်သံများကြောင့် ဝေ့ဝူယင်မှာ နားပင်အူသွားရ၏။

“တည်ငြိမ်စမ်း...”

ဧဒင်မှာ အသိအရှိဆုံးနှင့် ကာကွယ်မှုအပေးနိုင်ဆုံး အခန်းကဏ္ဍမှ ပါဝင်လာပြီး အသိစိတ်ပင်လယ်ကို ဖြတ်ကျော်ကာ အမြစ်တစ်ခုကို ဆန့်ထုတ်လိုက်သည်။ ထိုအမြစ်သည် စစ်မှန်သော အဂ္ဂိရတ်ဧဒင် စွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး ဝေ့ဝူယင်၏ နှလုံးသားဆီသို့ သွေးကြောသစ်တစ်ခုအလား တိုက်ရိုက်စီးဝင်သွားသည်။ ထိုအခါမှသာ ဝေ့ဝူယင်နှင့် ခရာတိုတို့မှာ ပြင်းထန်သော မိန်းမောတွေဝေမှုထဲမှ ရုန်းထွက်နိုင်ခဲ့ကြသည်။

“ဆက်လုပ်မယ်...”

ဝေ့ဝူယင်သည် ပေါက်ဖွားလာသော ခံစားချက်အားလုံးကို ဘေးဖယ်ထားရန် ဆုံးဖြတ်ကာ အံကို တင်းတင်းကြိတ်လိုက်သည်။ သို့သော်လည်း အဓိက ပြဿနာက ရှိနေဆဲပင်...။

ကံမကောင်းစွာဖြင့်... ...ထိုဆေးလုံးက... ...အလုပ်မဖြစ်ခဲ့ပေ။

စုမေ့၏ ခန္ဓာကိုယ်ကို လျှို့ဝှက်တာအိုနှင့် ညှိနှိုင်းပေးနေသော ဆေးလုံး၏ စွမ်းအင်များမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ကပ်ဘေးအင်အားမှာ ဆက်လက်တည်ရှိနေဆဲပင်။ သူမ၏ ကြယ်တာရာဝိညာဉ်များမှာ လျှို့ဝှက် ခြေချခြင်းအတွက် အပြည့်အဝ အဆင်သင့်ဖြစ်နေပြီ ဖြစ်သော်လည်း၊ လောကကြီးမှာမူ ပုံမှန်အခြေအနေသို့ ပြန်မရောက်လာခဲ့ချေ။

အမှန်စင်စစ်... ကပ်ဘေးအင်အားမှာ သိသိသာသာ ပိုမိုအားကောင်းလာနေပြီး စုမေ့၏ အသက်အင်အား ထုတ်လွှတ်မှုမှာ ထိုမမြင်ရသော အင်အား၏ ချေမှုန်းမှုကို မယှဉ်နိုင်တော့ပေ။ စုမေ့၏ အရေပြား၊ လက်သည်း၊ သွား၊ နားနှင့် မျက်ဝန်းများတွင် အက်ကွဲကြောင်းများ ပျံ့နှံ့လာတော့သည်။ ဆေးစွမ်းကြောင့် ပြန်လည်ကျန်းမာလာသော်လည်း အက်ကွဲကြောင်းများ ပျံ့နှံ့နှုန်းက ပြန်လည်ကောင်းမွန်နှုန်းထက် ပိုမိုမြန်ဆန်နေ၏။

၎င်းမှာ အလွန်စိုးရိမ်စရာ ကောင်းလှသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် နိုးထလာခြင်း မရှိသေးသောကြောင့်ပင်။ သူမသည် နိုးထလာပြီး တံခါးအတွင်းသို့ ဝင်ရောက်ရမည် မဟုတ်ပါလား။

ဝေ့ဝူယင်က ဤရလဒ်ကို ကြိုတွေးပြီး အစီအစဉ်များ ဆွဲခဲ့ခြင်း ဖြစ်သည်။ စုမေ့သည် ဝေ့ဝူယင်ထက် စော၍ နိုးလာခဲ့ပါက အသုံးပြုရန် သူမ၌ ကိုယ်ပိုင် ‘ထာဝရ သေမျိုး ခြေချခြင်း ဆေးလုံး’ ပင် ရှိသည်။ သူမ နိုးထရန် အရေးကြီးရခြင်းမှာ ဝေ့ဝူယင်အနေဖြင့် သူမကို ထိုတံခါးအတွင်းသို့ အတင်းအဓမ္မ တွန်းပို့၍ မရနိုင်သောကြောင့် ဖြစ်သည်။

သူမကိုယ်တိုင် ဝင်ရောက်ရမည်ဖြစ်ပြီး ဝေ့ဝူယင်အနေဖြင့် ထိုတံခါးအနားသို့ပင် ချဉ်းကပ်၍ မရပေ။ ထိုတံခါးသည် သူမ၏ ရှေ့တွင်သာ ရှိနေသော်လည်း ၎င်းမှာ လျှို့ဝှက်တာအို၏ မချိုးဖောက်နိုင်သော အတားအဆီးတစ်ခုကဲ့သို့ ရှိနေသည်။ ‘ဝိညာဉ် ပဲ့တင်ထပ်ခြင်း အဆင့်’ ရှိသူများပင်လျှင် များစွာသော အရင်းအနှီးကို ပေးဆပ်ရမှသာ ချဉ်းကပ်နိုင်မည့် နေရာမျိုး ဖြစ်သည်။ ဝေ့ဝူယင်သည် သူ၏ အာဏာရှင်များနှင့်အတူ စမ်းသပ်မှုများစွာ ပြုလုပ်ခဲ့ပြီးနောက် ဤအချက်ကို ကောင်းစွာ သိထားခြင်းဖြစ်သည်။

ဝေ့ဝူယင်၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရ၏။ သူ၏ အစီအစဉ်များက မည်သို့ပင် ရှိစေကာမူ သူကျင့်ကြံထားသော စွမ်းအားအားလုံးကို စုမေ့ထံ ပေးအပ်၍ မရနိုင်သဖြင့် သူမ၏ နိုးထနှုန်းမှာ အလွန်အမင်း နှေးကွေးနေခြင်း ဖြစ်သည်။

ဤအရှိန်အတိုင်းသာ ဆိုလျှင် အက်ကွဲကြောင်းများမှာ သူမ၏ ဖြစ်တည်မှုတစ်ခုလုံးကို ပျံ့နှံ့သွားတော့မည်...။ ထိုအခါ သူဘယ်တော့မှ ပြန်မဖြစ်စေရဟု ဆုံးဖြတ်ထားသော အခြားဘဝတစ်ခုမှ မြင်ကွင်းက... တစ်ဖန်ပြန်၍...

မဖြစ်စေရဘူး... မဖြစ်စေရဘူး... လုံးဝ မဖြစ်စေရဘူး...

“ပြင်ပ ခွဲထုတ်ခြင်း...”

ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် ဝေ့ဝူယင်သည် သူ၏ ထူးခြားသော ‘ခန္ဓာပြင်ပ ခွဲထုတ်ခြင်း’ နည်းလမ်းကို အသုံးပြုလိုက်သည်။ ဘုရင်နှင့် အိုရီတို့က အဆင်သင့်ဖြစ်နေသော အသံများဖြင့် တုံ့ပြန်ကြသည်။ ဆေဘာ တစ်လက်၏ ဟိန်းဟောက်သံနှင့် ဖန်တီးခြင်း၏ ပဲ့တင်သံတို့ ဟိန်းထွက်လာပြီးနောက် ထိုနှစ်ဦးမှာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားကြသည်။

သို့သော်လည်း သူတို့သည် ခန္ဓာပြင်ပသို့ ထွက်လာရုံတင်မကဘဲ သူတို့၏ ပုံသဏ္ဌာန်များမှာလည်း လျင်မြန်စွာ ပြောင်းလဲသွားသည်။ ဝေ့ဝူယင်၏ ကြယ်တာရာဝိညာဉ်များတွင် လူသိနည်းပြီး မဖွံ့ဖြိုးသေးသော စွမ်းရည်တစ်ခုမှာ တစ်ဦးနှင့်တစ်ဦး၏ စွမ်းအင်များကို မိမိတို့၏ အခြေခံစွမ်းအားကို မထိခိုက်စေဘဲ လက်ခံနိုင်စွမ်း ရှိခြင်းဖြစ်သည်။ ထိုစွမ်းရည်ကြောင့်ပင် ဝေ့ဝူယင်သည် အဂ္ဂိရတ်ဝိညာဉ် လမ်းစဉ်ကို လျှောက်လှမ်းနေသော်လည်း တိုက်ခိုက်ရေးစွမ်းရည်များကို ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်သည်။

ထို့အပြင် ၎င်းစွမ်းရည်က ဧဒင်အား တိုက်ခိုက်ရေးစွမ်းအားများ ရှိစေခဲ့သည်။ အခြားသူများထက် အားနည်းသော်လည်း လျစ်လျူရှု၍ မရနိုင်သော စွမ်းအားမျိုး ဖြစ်သည်။ ထို့အပြင် သူတို့အားလုံးသည် လုပ်ဆောင်ချက်တစ်ခု ပြီးမြောက်ရန်အတွက် သူတို့၏ ကြယ်တာရာအမြုတေအတွင်း၌ သီးခြားစွမ်းအင် အမျိုးအစားတစ်ခုအဖြစ် တစ်ခါက ပြောင်းလဲခဲ့ဖူးသည်။ ဤသည်မှာ အတုယူဖန်တီးခြင်း ဖြစ်ပြီး သူတို့အားလုံးမှာ ဝိညာဉ်တစ်ခုတည်းမှ မြစ်ဖျားခံလာခြင်းနှင့် အဂ္ဂိရတ်တာအို၏ ပြောင်းလဲခြင်းဂုဏ်သတ္တိများကြောင့်သာ ဖြစ်နိုင်သည်။

ရုတ်တရက်ဆိုသလို ဘုရင်သည် မူလစွမ်းအင် လှိုင်းလုံးများပါဝင်သော မီးခိုးရောင် နှလုံးသားတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ အိုရီမှာမူ ထက်မြက်သော အမြစ်များပါရှိသည့် သစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားသည်။ သူတို့သည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ စုမေ့၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားကြတော့သည်။

ဝေ့ဝူယင်သည် ‘ထာဝရသရဖူ’ ကို အသုံးပြုကာ အဂ္ဂိရတ်တာအို၏ ဂုဏ်သတ္တိများဖြင့် သူ၏ ကြယ်တာရာဝိညာဉ်များကို အစားထိုး ထည့်သွင်းပေးလိုက်သည်။ ၎င်းမှာ သူ၏ အဓိက အစီအစဉ် မဟုတ်သော်လည်း ဆေးလုံး အလုပ်မဖြစ်ခဲ့ပါက အသုံးပြုရန် ပြင်ဆင်ထားသော အရန်အစီအစဉ်များထဲမှ တစ်ခုဖြစ်သည်။

သူသည် စုမေ့ကို ‘မျိုးစေ့ကပ်ဘေးတံခါး’ ထဲသို့ တွန်းပို့တော့မည်။ ဤအရာက အလုပ်မဖြစ်နိုင်သော်လည်း သူ ကြိုးစားကြည့်ရမည်။

“သွားစမ်း...”

ဘုရင်နှင့် အိုရီတို့၏ ထိန်းချုပ်မှုအောက်တွင် စုမေ့၏ ညာဘက်ခြေထောက်မှာ မြောက်တက်လာပြီး တံခါးဆီသို့ ဖြည်းညင်းစွာ လှမ်းလိုက်သည်။

ဝုန်း...

မည်သည့် သတိပေးချက်မျှ မရှိဘဲ လောကကြီးတစ်ခုလုံး တုန်ခါသွားစေမည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ဝေ့ဝူယင်သည် ဥက္ကာခဲပေါ်တွင် ခြေကုပ်ယူကာ မမြင်ရသော အင်အားလှိုင်းများက သူ၏ ခန္ဓာကိုယ်ကို လာရောက်ရိုက်ခတ်ချိန်တွင် မျက်နှာကို ကာကွယ်လိုက်ရသည်။

လှိုင်းလုံးများမှာ အဆက်မပြတ် ကျရောက်နေသော်လည်း သူသည် ပြင်းထန်သော လေမုန်တိုင်းကြားမှ မျက်လုံးများကို အတင်းဖွင့်ကာ စုမေ့ကို ကြည့်လိုက်သည်။ မျက်စိတစ်မှိတ်စာမျှပင် မျက်လုံးမှိတ်ထားရခြင်းကို သူ မုန်းတီးမိပြီး စိုးရိမ်စိတ်များကြားမှ ဒေါသတကြီး အံကြိတ်နေမိသည်။ သို့သော် သူ မြင်လိုက်ရသည်မှာ...

နိုးထလာခြင်း မရှိသေးသော စုမေ့၏ ရှေ့တွင် ဝေဝါးနေသော လူသားပုံသဏ္ဌာန်တစ်ခု ရပ်နေသည်ကိုပင်။

***

All Chapters